အခန်း (၂၃၆၅-၂၃၆၆)
Vol. 237 Ch. 2365-2366
အခန်း (၂၃၆၅) - ကိုးကြယ် သွေးစက်မျက်လုံးသီး
ဖန့်ချန် တစ်လခန့် စောင့်ဆိုင်းပြီးနောက် ကျောက်ဟွမ် ထံမှ သတင်းကောင်း ရောက်ရှိလာသည်။ ချင်းယီခန်းမမှ မငြိမ်မသက် ဖြစ်နေသော နယ်မြေ ဆီသို့ သွားမည့် အကြီးအကဲ တစ်ဦးသည် မန်ရှန်း လမ်းကြောင်း အနီးတစ်ဝိုက်မှ ဖြတ်သန်းသွားမည် ဖြစ်သည်။
“တိုက်ဆိုင်မှု ဟုတ်မဟုတ်တော့ မသိဘူး၊ အဲဒီ အကြီးအကဲ က သူ့မျိုးနွယ်စုဝင်တွေကို ခေါ်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ဆီ သွားမှာ။ သူတို့ကို သွေးရွာခန်းမ ထဲ ပို့ပြီး ဒီတစ်ခေါက် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် အတွက် ဆုလာဘ် ကို ယှဉ်ပြိုင်ခိုင်းမလို့တဲ့။”
ကျောက်ဟွမ် ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။
“ဒီတစ်ခေါက် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် အတွက် ဆုက ‘ကိုးကြယ် သွေးစက်မျက်လုံးသီး’ တစ်လုံး ပေးမှာတဲ့။ မျက်လုံး နည်းလမ်း ရှိတဲ့ သူတော်စင် တွေအတွက်ဆိုရင် ဒီအရာက စစ်ကြယ်သော ဗောဓိသီး တစ်လုံးက သာမန် သူတော်စင် တွေအတွက် အရေးပါသလောက်ပဲ၊ ဒါမှမဟုတ် ပိုတောင် အရေးပါသေးတယ်။”
“ကိုးကြယ် သွေးစက်မျက်လုံးသီး ဟုတ်လား ”
ဖန့်ချန် စိတ်လှုပ်ရှားသွားသည်။ သူ ကရုဏာတောင် ရှိ စာကြည့်တိုက် တွင် ရှိနေစဉ်က အဖိုးတန်ပစ္စည်း အမျိုးအစား (၂၀၀) ကို မှတ်တမ်းတင်ထားသော ရှေးဟောင်း စာအုပ် တစ်အုပ်ကို ဖတ်ဖူးသည်။ ၎င်းထဲတွင် ကိုးကြယ် သွေးစက်မျက်လုံးသီး အကြောင်း ပါဝင်သည်။
ဤပစ္စည်းမှာ စစ်ကြယ်သော ဗောဓိသီး ထက်ပင် ရှားပါးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အသက်ရှင်စဉ်က မျက်လုံး နည်းလမ်း ကို ကျင့်ကြံခဲ့ပြီး၊ သေဆုံးပြီးနောက်တွင် အနည်းဆုံး အထွတ်ထိပ်တာအို အဆင့် အတွင်းကမ္ဘာ တားမြစ်နယ်မြေ ဖြစ်နေသည့် နေရာများမှသာ ထွက်ပေါ်လာတတ်သောကြောင့် ဖြစ်သည်။
၎င်း၏ ဖြစ်ပေါ်လာမှု အခြေအနေမှာ စင်ကြယ်သော ဗောဓိသီး ထက် ပိုမို ခက်ခဲသည်။ သို့သော် အာနိသင် အနေဖြင့် စင်ကြယ်သော ဗောဓိသီး က အတွင်းကမ္ဘာ ၏ အခြေခံ အုတ်မြစ် ကို ပိုမို ခိုင်မာစေသဖြင့် ပို၍ ကောင်းမွန်သည်။
ကိုးကြယ် သွေးစက်မျက်လုံးသီး ကမူ သူတော်စင် ကျင့်ကြံထားသော မျက်လုံး နည်းလမ်း ၏ စွမ်းအားကိုသာ တိုးမြှင့်ပေးနိုင်သည်။ ဖန့်ချန် ၏ အတွင်းကမ္ဘာ တွင်မူ တောက်ပသော နတ်ဘုရားမျက်လုံး နှင့် ရှေးဦး နတ်ဘုရားမျက်လုံး ဟုခေါ်သော မျက်လုံး နည်းလမ်း နှစ်ခု ကို ရေးထွင်းထားပြီး ဖြစ်ရာ ထိုအသီးမှ များစွာ အကျိုးအမြတ် ရရှိနိုင်မည် ဖြစ်သည်။
“ရှကျိ၊ မင်း ကိုးကြယ် သွေးစက်မျက်လုံးသီး အကြောင်း ကြားဖူးသလား ”
ဖန့်ချန် ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျောက်ဟွမ် အံ့ဩသွားသည်။
“အင်း၊ ရှေးဟောင်း စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးလို့ပါ။ ဒီအရာက တကယ်ပဲ ရှားပါးတယ်၊ ဒါဆိုရင် မျက်လုံး နည်းလမ်း ကို ကျင့်ကြံထားပြီး ထိပ်တန်း အဆင့်ရှိတဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင် တွေကို ဒီနေရာကို ဆွဲဆောင်မိမှာပေါ့၊ ဟုတ်လား ”
ဖန့်ချန် က မေးသည်။
“ဒါပေါ့။”
ကျောက်ဟွမ် က
“ဒီတစ်ခေါက် ဆုလာဘ်က သာမန်ထက် ပိုထူးခြားနေတော့ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ထဲက အကြီးအကဲ တွေလည်း လျှို့ဝှက်ပြီး တိုက်ပွဲဝင်ကြလိမ့်မယ်။ ကောင်းကင်ငါးပါး ထဲက ထိပ်တန်း ပါရမီရှင် အများစုလည်း ရောက်လာလိမ့်မယ်၊ သူတို့ထဲမှာ နေမင်း ခုနှစ်ပါး ခန်းမ က တပည့် တွေလည်း ပါနိုင်တယ်။
ဒီလိုဆိုရင် မင်းရဲ့ တာဝန်က ပိုခက်ခဲသွားပြီ။ ဟိုရောက်ရင်တော့ ဘေးကပဲ ကြည့်နေဖို့ ကြိုးစား။ ဒီတိုက်ပွဲ ပြီးဆုံးသွားတဲ့ အချိန်ကျမှ အခွင့်အရေး ရမရ ကြည့်ပြီးမှ လက်ဦးမှု ရယူဖို့ စဉ်းစား။”
ပြောရင်း ကျောက်ဟွမ် က ဖန့်ချန် ကို အကဲခတ်လိုက်သည်။
“မင်းက စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ပဲ ရှိသေးတာ၊ ချီကွမ်းယိ နဲ့ ယှဉ်ရင် အရမ်း ကွာခြားနေတယ်။ တကယ်ပဲ သူ့ကို သတ်နိုင်မယ်လို့ ယုံကြည်မှု ရှိရဲ့လား ”
“ယုံကြည်မှု မရှိပါဘူး၊ ဒါပေမဲ့ လောကကြီး ကို လေ့လာဖို့ သွားကြည့်တာပေါ့။”
ဖန့်ချန် က ရယ်မောလျက် ပြောသည်။
“ဟုတ်ပါပြီ၊ ဒါဆိုရင် လေ့လာဖို့ သွားလိုက်ပါ။ မန်ရှန်း လမ်းကြောင်း မှာပဲ ဒီအတိုင်း နေနေတာထက်စာရင် ပိုကောင်းပါတယ်။”
ကျောက်ဟွမ် က ချောင်းဟန့်လိုက်သည်။
“သွေးရွာခန်းမ ကို လေ့လာဖို့ သွားမယ် ဟုတ်လားကိုယ့်ရဲ့ စွမ်းအား မလုံလောက်ရင်တော့ အကြီးအကျယ် ဒုက္ခရောက်မှာပဲ။”
ခန့်ညားသော အသံ တစ်ခု ပေါ်ထွက်လာသည်။ ကျောက်ဟွမ် နှင့် ဖန့်ချန် တို့ နှစ်ယောက်လုံး မော့ကြည့်လိုက်ရာ အတွင်းကမ္ဘာ တံခါးပေါက် တစ်ခု ပွင့်သွားပြီး ထိုနေရာတွင် အရိပ် တစ်ခု မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
“အထွတ်ထိပ်တာအို သူတော်စင် လား”
ဖန့်ချန် ၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ထိုသူ၏ အရှိန်အဝါ မှာ ယခင်က ကော်ယန်ရှောင် နှင့် ဆင်တူသည်။
“ဝမ် အကြီးအကဲ၊ ကြွလာပါပြီလား၊ အထဲဝင်ပြီး လက်ဖက်ရည် သောက်ပါဦးလား ”
ကျောက်ဟွမ် က အမြန်ပင် လက်အုပ်ချီ အရိုအသေပေးကာ လိုလိုလားလားဖြင့် ပြောလိုက်သည်။
“လက်ဖက်ရည် သောက်ဖို့ မလိုတော့ပါဘူး။ ဒီကောင်လေး က သွေးရွာခန်းမ ကို သွားမှာလား ချန်းယောင်း ပညာသင်ကျောင်းတော် က စီကုချွမ်း ကို သတ်ခဲ့တဲ့သူ မဟုတ်လား နည်းလမ်း ရှိတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ သွေးရွာခန်းမ ရဲ့ အန္တရာယ် ကို သိရဲ့လား အဲဒီကို သွားရင် အသက်နဲ့ ပြန်လာနိုင်ဖို့ မသေချာဘူးနော်။”
“ရှကျိ၊ ဝမ် အကြီးအကဲ က မင်းရဲ့ စကားကို စောင့်နေတာ။ မင်း မသွားချင်ရင် အခုချက်ချင်း ပြောလိုက်၊ ဝမ် အကြီးအကဲ ရဲ့ အတွင်းကမ္ဘာ ထဲ ရောက်သွားပြီးရင် ပြန်လို့ မရတော့ဘူးနော်။”
ကျောက်ဟွမ် က ဖန့်ချန် ကို မျက်စိဖြင့် အရိပ်အမြွက် ပြောသည်။ ဖန့်ချန် လည်း ချက်ချင်းပင် လက်အုပ်ချီလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်ဆောင်သွားပေးပါ။”
“ကောင်းပြီ၊ လက်ဖက်ရည် မသောက်တော့ဘူး၊ မင်း အထဲဝင်ခဲ့တော့။”
“ဝမ် အကြီးအကဲ ခရီးမှာ သက်သာပါစေ။”
ကျောက်ဟွမ် က အမြန်ပင် ဂါရဝပြုသည်။ ဖန့်ချန် လည်း ထိုသူ၏ အတွင်းကမ္ဘာ ထဲသို့ တန်းမတ်စွာ လျှောက်ဝင်သွားလိုက်သည်။
ပတ်ဝန်းကျင် အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် အလွန် လှပသော ခြံဝင်း တစ်ခုထဲတွင် ရောက်ရှိသွားပြီး ခြံပြင်ဘက်မှ လူသံများကြောင့် စည်ကားနေပုံရသည်။
“သွေးရွာခန်းမ ကို မရောက်ခင် ဒီနေရာမှာပဲ နေပါ။ ဘာကိစ္စမှ မရှိရင် လျှောက်မသွားပါနဲ့။ ဒီမှာရှိတဲ့ ကျွန်စစ်သည် တွေကိုလည်း မထိခိုက်မိစေနဲ့။”
ဝမ် အကြီးအကဲ ၏ အသံမှာ ဖန့်ချန် နားထဲတွင် ပေါ်လာသည်။ ထိုသူမှာ ဖန့်ချန် ကို မျက်နှာချင်းဆိုင် ပြောဆိုရန် စိတ်ကူးရှိပုံ မရပေ။ ချင်းယီခန်းမ ရှိ လုပ်ကြံရေးသမား များက ကိုယ့်ကိုယ်ကိုယ် ဖျောက်ထားတတ်ကြသည်မှာ အလေ့အထ တစ်ခု ဖြစ်နေပုံရသည်။
ဖန့်ချန် လည်း လေထဲကို လက်အုပ်ချီလျက်
“ဝမ် အကြီးအကဲ၊ နားလည်ပါပြီ။”
ဟု ပြန်ပြောလိုက်သည်။
“အင်း”
အသံ ပျောက်ကွယ်သွားပြီးနောက် ခြံဝင်း ပြင်ဘက်မှ လူတစ်ဦး လျှောက်လာသည်။ ဖန့်ချန် ကို မြင်သောအခါ အနည်းငယ် တွေဝေသွားပြီး အမြန်ပင် ပြေးလာကာ -
“စေတမန်တော်ကြီး၊ ကျွန်တော်က ဒီနေရာရဲ့ အိမ်ထန်းတော် ဖုန်းစ ပါ။ စေတမန်တော်ကြီး ကို ဂါရဝပြုပါတယ် ”
စေတမန်တော်ကြီး ရဲ့ နန်းဆောင် ဟုတ်လား ဖန့်ချန် နားလည်သွားသည်။ ဤနေရာမှာ ဝမ် အကြီးအကဲ က ဧည့်သည်များကို ဧည့်ခံရန် သို့မဟုတ် လူများကို ထားရှိရန် နေရာဖြစ်မည်။ ဖုန်းစ မှာလည်း ဒီအတွင်းကမ္ဘာ ထဲမှ ကျွန်စစ်သည် တစ်ဦးသာ ဖြစ်ပြီး သူ၏ ကျင့်စဉ်အဆင့် မှာ နိုးထခြင်း အဆင့် သာ ရှိသည်။ သူသည် တစ်သက်လုံး ဤအတွင်းကမ္ဘာ မှ ထွက်ခွာဖူးမည် မဟုတ်ဘဲ ဝမ် အကြီးအကဲ အကြောင်း ကိုပင် သေချာ သိမည် မဟုတ်ပေ။
“ဖုန်း အိမ်ထိိန်းတော် ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့၊ ကျွန်တော် ဒီမှာ ခဏလောက်ပဲ ထိုင်နေချင်တာပါ။”
ဖန့်ချန် က ပြုံး၍ ပြောသည်။
“ဟုတ်ကဲ့ပါ စေတမန်တော်ကြီး မှာ ဘာအမိန့် ရှိသည်ဖြစ်စေ ပြောပြပေးပါ၊ ကျွန်တော် ဒီခြံဝင်း အပြင်မှာပဲ စောင့်နေပါ့မယ်။”
ဖုန်းစ လည်း ခေါင်းညိတ်ကာ လေးစားစွာဖြင့် အပြင်သို့ ထွက်သွားသည်။ ဖန့်ချန် သည် ထိုနေရာမှ ထွက်ခွာရန် စိတ်ကူး မရှိပေ။ အထွတ်ထိပ်တာအို ကျင့်ကြံသူ တစ်ဦး၏ အတွင်းကမ္ဘာ မှာ မည်သို့ ရှိသည်ကို သိလိုသော်လည်း သူသည် ခရီးသည်မျှသာ ဖြစ်သဖြင့် ပတ်ဝန်းကျင် ကို လျှောက်ကြည့်၍ ဝမ် အကြီးအကဲ ကို စိတ်အနှောင့်အယှက် ဖြစ်စေရန် မလုပ်လိုပေ။
ဟင်းလင်းပြင် ထဲတွင် နန်းဆောင် ကြီး တစ်ခု ရှိသည်။ လူငယ် လေးဦး (ယောက်ျား နှစ်ဦး၊ မိန်းမ နှစ်ဦး) သည် ကြီးမားသော မှန်ပြင် မှတစ်ဆင့် ဖန့်ချန် ကို ကြည့်ရှုနေကြပြီးနောက် သူတို့၏ အကြည့်များမှာ အမြင့်ဆုံး နေရာတွင် ထိုင်နေသော သူရဲကောင်းဆန်ဆန် ပုဂ္ဂိုလ် တစ်ဦးထံသို့ ရောက်ရှိသွားသည်။
“ဘိုးဘေး၊ ဒီ လုပ်ကြံရေးသမား က ဒီတစ်ခေါက် ကိုးကြယ် သွေးစက်မျက်လုံးသီး ကို လုယူဖို့ ကြိုးစားမှာလား ”
ပြောသူမှာ မျက်ခုံးထူပြီး တောက်ပသော မျက်လုံးများ ရှိကာ သူ၏ အရှိန်အဝါ မှာ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ သိပ်ပြီး ဂရုစိုက်စရာ မလိုပါဘူး၊ သူ့ရဲ့ နည်းလမ်းတွေက ဒီကိုးကြယ် သွေးစက်မျက်လုံးသီး ကို ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ချင်းယီခန်းမ က သူတော်စင် တွေ ပိုများလာတာကလည်း အကျိုးရှိပါတယ်။ ကိုးကြယ် သွေးစက်မျက်လုံးသီး က လုပ်ကြံရေးသမား တစ်ယောက်ယောက် လက်ထဲ ရောက်သွားရင် ဝယ်ယူတာပဲ ဖြစ်ဖြစ်၊ လဲလှယ်တာပဲ ဖြစ်ဖြစ် ပိုပြီး လွယ်ကူတာပေါ့။”
အဆိုပါ ပုဂ္ဂိုလ်ကြီး က အေးဆေးစွာ ပြောသည်။ ခဏ ရပ်လိုက်ပြီး သူ၏ လေသံမှာ ပိုမို တင်းမာလာသည်။
“မင်းတို့ တကယ် သတိထားရမှာက လင်ချုံး အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ က သန့်ရှင်းသော ဝိညာဉ် မျိုးနွယ်စု ပဲ။ သူတို့ရဲ့ မျက်လုံး မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်း ရှိတယ်။ ဒီတစ်ခေါက် ကိုးကြယ် သွေးစက်မျက်လုံးသီး က သူတို့အတွက် စင်ကြယ်သော ဗောဓိသီး ထက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိနေတယ်။ ကောင်းကင်အရှင် အရိုက်အရာ ဆက်ခံသူ တွေလည်း လာရောက် ယှဉ်ပြိုင်ကြလိမ့်မယ်။”
ကောင်းကင်အရှင် အရိုက်အရာ ဆက်ခံသူ
လူငယ် လေးဦး ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုသူ သုံးဦး မှာ မျက်ခုံးထူသူ ကို တစ်ချက် ကြည့်လိုက်သည်။
“ပြီးတော့ သွေးရွာခန်းမ ထဲမှာ တိုက်ပွဲပေါင်း များစွာ တိုက်ခိုက်ခဲ့ဖူးတဲ့ သူတော်စင် တွေကိုလည်း အထင်မသေးနဲ့။ သူတို့က နေမင်း ခုနှစ်ပါးခန်းမ က တပည့် တွေထက် ဘာမှ မညံ့ဘူး၊ ကောင်းကင်ငါးပါး ထဲမှာ သိတဲ့သူ နည်းလို့သာ ဖြစ်တယ်။”
ပြောပြီးနောက် သူသည် မျက်ခုံးထူသူ ကို ကြည့်လိုက်သည်။
“ဝမ်ကျန်း၊ မင်းက နေမင်း ခုနှစ်ပါးခန်းမ ရဲ့ ထိပ်တန်း (၁၀) ယောက်စာရင်းဝင် ဖြစ်လို့ ဒီတစ်ခေါက် ကိုးကြယ် သွေးစက်မျက်လုံးသီး ကို ရဖို့ အခွင့်အရေး အများဆုံးပဲ။ ရန်သူ ကို လျှော့မတွက်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် လည်း အထင်မကြီးနဲ့။ မင်းရဲ့ မျက်လုံး နည်းလမ်း က ဒီအသီးရဲ့ အကူအညီနဲ့ တိုးတက်လာမယ် ဆိုရင် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ရဲ့ အတော်ဆုံး သူတော်စင် ဂုဏ်ပုဒ် ကို မင်း ရဖို့ မခက်ခဲတော့ဘး။”
ဝမ်ကျန်း လည်း အလေးအနက် လက်အုပ်ချီလိုက်သည်။
“မြေး တပည့် အမိန့် ကို လိုက်နာပါ့မယ် ”
အခန်း (၂၃၆၆) - ပူးပေါင်းဆောင်ရွက်ရန် လှုံ့ဆော်ခြင်း
“ဝမ်ကျန်း အစ်ကိုကြီး၊ ကျွန်တော်တို့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် အဲဒီကောင်ကို သွားတွေ့ဖို့ ဘာလို့ လိုအပ်နေတာလဲ။ သူက ဘိုးဘေးရဲ့ လက်အောက်ငယ်သား သာမန် လုပ်ကြံရေးသမား တစ်ယောက်ပဲ မဟုတ်လား။”
ဝမ်ကျန်း ကို ခေါင်းဆောင်အဖြစ်ဖြင့် လူငယ် လေးဦး (ယောက်ျား နှစ်ဦး၊ မိန်းမ နှစ်ဦး) သည် ဖန့်ချန် နေထိုင်ရာ စေတမန်တော်ကြီး ရဲ့ နန်းဆောင် အရှေ့သို့ အတူတူ ရောက်ရှိလာကြသည်။ သို့သော် တံခါးစောင့် များနှင့် လမ်းလျှောက်နေသူ များမှာ သူတို့လေးဦး ကို မမြင်နိုင်ကြပေ။ သူတို့ လေးဦးလုံးသည် အရာရာကို ဖုံးကွယ်ထားသော အတွင်းကမ္ဘာ စွမ်းအား အလွှာ တစ်ခုဖြင့် ကိုယ့်ကိုယ်ကိုယ် ဖုံးအုပ်ထားကြသည်။
“ဒီကောင်လေးက ချန်းယောင်း ပညာသင်ကျောင်းတော် က စီကုချွမ်း ကို သတ်ခဲ့တာကို မင်းတို့ သိကြလား။”
ဝမ်ကျန်း က အေးဆေးစွာ ပြောသည်။ ကျန်သုံးဦး မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။
“စီကုချွမ်း ကို သူ သတ်ခဲ့တာလား ဒါဆိုရင်တော့ နည်းနည်းတော့ လက်ရည်ရှိတာပဲ...”
ဝမ်ကျန်း နှင့် ရုပ်ရည် အနည်းငယ် ဆင်တူသော လူငယ် တစ်ဦးမှာ သူ၏ မျက်လုံးထဲတွင် ပေါ်လာသော အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ပေ။ သူသည်လည်း စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ဖြစ်ပြီး စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကနေ နောက်ဆုံးအဆင့် ကို ပြောင်းပြန် တိုက်ခိုက် အနိုင်ယူရန် မည်မျှ ခက်ခဲကြောင်း ကောင်းကောင်း သိသည်။ စီကုချွမ်း ဆိုသည်မှာ ချန်းယောင်း ပညာသင်ကျောင်းတော် ၏ တပည့် တစ်ဦး ဖြစ်ပြီး သူ၏ ပါရမီ မှာလည်း သူတို့ထက် မညံ့ချေ။
သို့သော် ထိုသို့သော သူကိုပင် အနိုင်ယူနိုင်ခဲ့ခြင်းမှာ လုပ်ဆောင်သူ ၏ စွမ်းအားကို လျှော့တွက်၍ မရကြောင်း သက်သေပြနေသည်။
“စီကုချွမ်း က ပုံမှန်ပါပဲ၊ တကယ့် ထိပ်တန်း အဆင့် တော့ မဟုတ်ဘူး၊ သူ့အစ်ကိုကြီး စီကုပေ့ လောက်တော့ ဘယ်လိုမှ မမီနိုင်ဘူး။ ဒါပေမဲ့ ငါချန်းယောင်း ပညာသင်ကျောင်းတော် မှာ ရှိတုန်းက သူ့နဲ့ အကြိမ်အနည်းငယ် တွေ့ဖူးတယ်။ သူ့ကို သတ်ချင်ရင် ငါ့နည်းလမ်း နဲ့ဆိုရင်တောင် အနည်းဆုံး တိုက်ကွက် (၁၀၀) လောက် တိုက်ခိုက်ရမှာ။”
ဝမ်ကျန်း က အေးဆေးစွာ ပြောသည်။ ထိုစကားထွက်လာသည်နှင့် ကျန်လူငယ် သုံးဦး ၏ မျက်လုံးထဲတွင် အံ့ဩမှုများ ရုတ်ခြည်း ပေါ်လာသည်။ စီကုချွမ်း မှာ ဝမ်ကျန်း လက်ထဲတွင် တိုက်ကွက် (၁၀၀) ကျော် ခံနိုင်ရည် ရှိသည် ဟု ဆိုလိုခြင်းလား ဝမ်ကျန်း သည် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင် တစ်ဦး ကိုပင် (၃) ပွဲ တိုက်ခိုက်ပြီးနောက် သူ၏ အတွင်းကမ္ဘာ ကို အစအန မကျန်အောင် ဖြိုခွင်းနိုင်သည်ကို သူတို့ ကိုယ်တိုင် မြင်ဖူးထားသူများ ဖြစ်သည်။
ဤသည်မှာ နေမင်းခုနှစ်ပါးခန်းမ ၏ ထိပ်တန်း (၁၀) ယောက်စာရင်းဝင် နှင့် ကွန်း မျိုးနွယ်စု ၏ ကောင်းကင်အရှင် အရိုက်အရာ ဆက်ခံသူ တစ်ဦး ပိုင်ဆိုင်သင့်သည့် အခြေခံ အုတ်မြစ် ဖြစ်သည်။
“အစ်ကိုကြီး၊ ဘိုးဘေး ပြောတာကို ကြားရသလောက်တော့ သူက စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ပဲ ရှိသေးတာ မဟုတ်လား ဒါဆိုရင်... သူ့စွမ်းအားက...”
ဝမ်ကျန်း နှင့် ရုပ်ရည် ဆင်တူသော လူငယ် မှာ အလေးအနက် ဖြစ်သွားသည်။
“ဟုတ်တယ်၊ သူကလည်း နေမင်းခုနှစ်ပါးခန်းမ ထဲကို ဝင်ရောက်နိုင်တဲ့ စွမ်းအား ရှိမှာပဲ၊ ဒါမှမဟုတ်... သူကိုယ်တိုင်က နေမင်းခုနှစ်ပါးခန်းမ က လူဟောင်း တစ်ယောက် ဖြစ်နေနိုင်တယ်။”
ဝမ်ကျန်း က ပြုံးလျက်
“ဘိုးဘေး က သူ့ကို အရေးမစိုက်တာကတော့ ကိုးကြယ် သွေးစက်မျက်လုံးသီး ကို သူရသွားရင်တောင် ချင်းယီခန်းမ က အဲဒီအသီးကို အရင်ဆုံး ပြန်လည် လဲလှယ်ခွင့် ရမှာမလို့ပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ ပြိုင်ဘက်တိုင်း ကို အလေးထားရမယ်။”
ထိုအခါမှသာ ကျန်သုံးဦး လည်း သူတို့ ဘာကြောင့် ထိုနေရာတွင် ရှိနေရသည်ကို နားလည်သွားကြသည်။ ဝမ်ကျန်း သည် အပြုံးကို ဖယ်ရှားလိုက်ပြီး လူငယ် သုံးဦး ကို ခေါ်ဆောင်ကာ စေတမန်တော်ကြီး ရဲ့ နန်းဆောင် ထဲသို့ ဖြည်းညှင်းစွာ ဝင်သွားသည်။ နန်းဆောင် ထဲရှိ မည်သူမျှ သူတို့ ဝင်လာသည်ကို မသိလိုက်ကြပေ။ အထဲတွင် အိမ်ထိန်းတော် ဖုန်းစ မှာလည်း ဝင်လာသူများကို မမြင်နိုင်ဘဲ သူ့နေရာ သူသာ စောင့်နေသည်။
ဝမ်ကျန်း ရှေ့ဆုံးမှ လျှောက်သွားရာ ခြံဝင်းအတွင်းရှိ ကျောင်းကန်ဆောင် ထဲတွင် လုပ်ကြံရေးသမား မျက်နှာဖုံး ကို တပ်ဆင်ကာ တိတ်ဆိတ်စွာ ထိုင်နေသည့် ဖန့်ချန် ကို တွေ့လိုက်ရသည်။ လူလေးဦး ဝင်လာသည်နှင့် ဖန့်ချန် သည် မော့ကြည့်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
“လူကြီးမင်းတို့က ဝမ် အကြီးအကဲ ရဲ့ လူတွေလား”
ဖန့်ချန် က သူတို့၏ ဖုံးကွယ်ထားသော နည်းလမ်း ကို တစ်ချက်တည်းနှင့် ဖောက်ထွင်း မြင်သွားသည်ကို မြင်သောအခါ ဝမ်ကျန်း တို့ အံ့ဩမသွားကြပေ။ ဝမ်ကျန်း က ပြုံးလျက် လက်အုပ်ချီလိုက်သည်။
“ကျွန်တော်က ကွန်း မျိုးနွယ်စု က ဝမ်ကျန်း ပါ။”
ကွန်း မျိုးနွယ်စု ဟုတ်လား လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ ထဲက နောက်ထပ် အင်အားကြီး မျိုးနွယ်စု တစ်ခုပေါ့ ဖန့်ချန် ၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ချီထျန်း မျိုးနွယ်စု နှင့် ယှဉ်လျှင် ကွန်း မျိုးနွယ်စု ၏ တည်ရှိမှု မှာ သိသာထင်ရှားမှု မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် ကွန်း မျိုးနွယ်စု ၏ အခြေခံ အုတ်မြစ် မှာ ချီထျန်း တို့ထက် အဆပေါင်းများစွာ အားနည်းသောကြောင့် ဖြစ်သည်။ သို့သော် နှစ်ဖက်စလုံးမှာ အင်အားကြီး မျိုးနွယ်စု များ ဖြစ်ကြပြီး ကွန်း တို့မှာ နောက်မှ တဖြည်းဖြည်း အင်အား တိုးချဲ့လာကြခြင်း ဖြစ်သည်။ ယနေ့တိုင်အောင်ပင် ကွန်း မျိုးနွယ်စု ၏ အခြေခံ အုတ်မြစ် မှာ ချီထျန်း တို့ကို မမီသေးပေ။
“ဒီလိုဆိုရင် ချင်းယီခန်းမ ရဲ့ နောက်ကွယ်မှာ အမှန်တကယ်ပဲ အင်အားကြီးတဲ့ ပုဂ္ဂိုလ် တစ်ဦး ရှိနေတာပဲ၊ ကွန်း မျိုးနွယ်စု က ကောင်းကင်အရှင် ပဲ ဖြစ်မလား ”
ဤသို့ တွေးမိပြီးနောက် ဖန့်ချန် လည်း လက်အုပ်ချီလိုက်သည်။
“ချင်းယီခန်းမ က ရှကျိ ပါ။”
ဖန့်ချန် က သူ၏ နောက်ခံကို အတိအကျ မပြောပြသည်ကို မြင်သောအခါ ကျန်သူများမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားကြသော်လည်း ဝမ်ကျန်း ကမူ ဂရုမစိုက်ပေ။
“ရှကျိ ညီ၊ ဒီတစ်ခေါက် မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ထဲက သွေးရွာခန်းမ ကို သွားတာက ကိုးကြယ် သွေးစက်မျက်လုံးသီး ကို လိုချင်လို့လား ”
“ဝမ် အစ်ကိုကြီး၊ ကျွန်တော့်မှာ အဲလောက်ထိ ကြီးမားတဲ့ ရည်မှန်းချက် မရှိပါဘူး။ ဒီတစ်ခေါက် သွားတာက လောကကြီး ကို လေ့လာဖို့သက်သက်ပါပဲ။”
ဖန့်ချန် က ရယ်မောလျက် ပြောသည်။ ဝမ်ကျန်း သည် စိတ်ထဲက မယုံကြည်သော်လည်း တိုက်ရိုက် မပြောဘဲ ကျန်သူများနှင့်အတူ ကျောင်းကန်ဆောင် ထဲတွင် ထိုင်ကာ စကားစမြည် ပြောဆိုနေသည်။ ထိုအချိန်အတွင်း ဝမ်ကျန်း သည် ချန်းယောင်း ပညာသင်ကျောင်းတော် နှင့် စီကုချွမ်း အကြောင်း တို့ကို မေးမြန်းရင်း ဖန့်ချန် ၏ စိတ်ခံစားမှု ကို အကဲခတ်သော်လည်း မည်သည့် အဖြေမျှ မရရှိခဲ့ပေ။
နောက်ဆုံးတွင် ဝမ်ကျန်း က စီကုပေ့ ၏ ကိစ္စကို စတင် ပြောဆိုလာသည်။
“ရှကျိ ညီ၊ လွန်ခဲ့တဲ့ ကာလက ချန်းယောင်း ပညာသင်ကျောင်းတော် က စီကုပေ့ ကို ချီထျန်း မျိုးနွယ်စု က အကြီးအကဲ တစ်ဦးက အပြစ်ပေးခဲ့တဲ့ ကိစ္စကို ကြားဖူးလား ”
ချီထျန်း မျိုးနွယ်စု က အပြစ်ပေးခဲ့တာ ဟုတ်လား သူတို့ တစ်ခုခုကို မှားယွင်း နားလည်နေပုံရသည်။ ဖန့်ချန် စိတ်ထဲတွင် ရယ်ချင်စိတ် ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။
“အဲဒီ ကိစ္စကိုတော့ နည်းနည်းပါးပါး ကြားဖူးပါတယ်။”
“ဒီတစ်ခေါက် ဖြစ်ရပ်က အတော်လေး ဆူညံသွားတာလေ။ လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ ရဲ့ နေရာအနှံ့ မှာ သူတော်စင် တွေက စီကုပေ့ ကို ဖမ်းဆီးခေါ်ဆောင်သွားတာကို မြင်လိုက်ကြတယ်။ ချီထျန်း မျိုးနွယ်စု က အကြီးအကဲ တွေ တကယ် ဒေါသထွက်သွားတာ ထင်တယ်၊ ဘာကြောင့်လဲတော့ မသိဘူး။”
ဝမ်ကျန်း ပြောပြီးသည်နှင့် ဖန့်ချန် ကို တစ်ချက် ကြည့်လိုက်သည်။
ဖန့်ချန် လည်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါ့၊ ဘာကြောင့်လဲတော့ မသိဘူးဗျ။”
“...”
ဝမ်ကျန်း က ဆက်ပြောသည်။
“သူ့ညီ စီကုချွမ်း သေဆုံးမှုနဲ့ ဆိုင်နေမလားလို့ပါ။”
“အဓိပ္ပာယ် မရှိတာ။”
ဖန့်ချန် စိတ်ထဲတွင် ရယ်မောလိုက်သည်။ စီကုချွမ်း သေတာနဲ့ ဘာဆိုင်လို့လဲ၊ တကယ်လို့ သူက ဒီလောက်တောင် အရေးပါရင် သူက ကောင်းကင်အရှင် အရိုက်အရာ ဆက်ခံသူ ဖြစ်နေမှာပေါ့။
“စီကုချွမ်း လား...”
ဖန့်ချန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“သူက စွမ်းအား ရှိတဲ့သူပါ။ အစတုန်းက ကျွန်တော် သူ့ကို ဖမ်းတုန်းက တော်တော်လေး အချိန်ပေးလိုက်ရတယ်၊ ရုတ်တရက် အလစ်ဝင်တိုက်မှပဲ အနိုင်ရလိုက်တာ။”
ရှေ့တွင် ထိုင်နေသော ကွန်း မျိုးနွယ်စု သူတော်စင် များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အံ့ဩသည့် အရိပ်အယောင် များ ပေါ်လာသည်။ သူတို့လည်း ဒီလူက စီကုချွမ်း ကို အလစ်ဝင်တိုက်ပြီးမှ အနိုင်ရခဲ့တာ ဆိုတာကို သူကိုယ်တိုင် ဝန်ခံလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုသို့ ပြောလိုက်ခြင်းကြောင့် ဝမ်ကျန်း မှလွဲ၍ ကျန်သုံးဦး ၏ မျက်လုံးထဲတွင် အနည်းငယ် မထီမဲ့မြင် ဖြစ်သည့် အကြည့်များ ပေါ်လာသည်။
“ကျွန်တော့် အထင်သာ မှန်ရင် ရှကျိ ညီ က စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ပဲ ရှိမှာပါ။ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ကနေ စီကုချွမ်း လို စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင် တစ်ဦး ကို အလစ်ဝင်တိုက်တာပဲ ဖြစ်ဖြစ်၊ ပွင့်ပွင့်လင်းလင်း တိုက်တာပဲ ဖြစ်ဖြစ် လုပ်နိုင်တာက သူ့မှာ ထူးခြားတဲ့ နည်းလမ်း ရှိလို့ပဲ။ မဟုတ်ရင် စီကုချွမ်း ရဲ့ အတွင်းကမ္ဘာ တံခါး ကို တောင် ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး။”
ဝမ်ကျန်း က သက်ပြင်းချလျက်
“ဒီတစ်ခေါက် သွေးရွာခန်းမ ကို သွားတဲ့ခရီး မှာ ကျွန်တော်တို့ ဘိုးဘေး က ကျွန်တော်တို့ လေးယောက်ကိုပဲ ခေါ်လာတာ။ ကျွန်တော် သိသလောက်တော့ လူတိုင်းက ကိုးကြယ် သွေးစက်မျက်လုံးသီး ကို မျက်စိကျနေကြတာ။ ရှကျိ ညီ အဆင်ပြေမယ် ဆိုရင် ကျွန်တော်တို့ ငါးယောက် အတူတူ ပူးပေါင်းပြီး ဒီဆုလာဘ် ကို ရအောင် လုပ်ကြမလား။”
ခဏ ရပ်လိုက်ပြီး ဝမ်ကျန်း က ပြုံးလျက်
“ကျွန်တော်တို့နဲ့ ပူးပေါင်းရင် အလကားတော့ မဟုတ်ပါဘူး။ ကျွန်တော်သာ ကိုးကြယ် သွေးစက်မျက်လုံးသီး ကို ရခဲ့ရင် အတွင်းကမ္ဘာ ကျောက်တုံး (၅၀၀၀) ကို ဆုလာဘ် အဖြစ် ပေးပါ့မယ်။ ရှကျိ ညီ ဘယ်လို သဘောရလဲ”
ကျန်သုံးဦး လည်း စကားပြောချင်သော်လည်း မပြောဘဲ နေလိုက်သည်။ သူတို့ အမြင်တွင် စီကုချွမ်း ကို သတ်နိုင်သူ တစ်ယောက်ကို (၅၀၀၀) ပေးပြီး ခိုင်းတာက အရှုံးမရှိဟု ယူဆကြသည်။
“ဝမ် အစ်ကိုကြီး၊ ကျွန်တော့် စွမ်းအား က နည်းလွန်းပါတယ်။ သွေးရွာခန်းမ ထဲမှာ တကယ်ပဲ အန္တရာယ် များလို့ပါ။ အသက်ရှင်ခြင်း သေခြင်းက ကံကြမ္မာ အပေါ်မှာပဲ မူတည်တော့ ကျွန်တော် ဒီဆုလာဘ် ကို မယှဉ်ပြိုင်တော့ပါဘူး၊ ပွဲကြည့်ပရိသတ် အဖြစ်ပဲ နေပါ့မယ်။”
ဖန့်ချန် က ပြုံးလျက် ငြင်းပယ်လိုက်သည်။
ဝမ်ကျန်း ခဏမျှ တွေဝေသွားပြီးနောက် ပြုံး၍ ခေါင်းညိတ်သည်။
“ရှကျိ ညီ ဒီယှဉ်ပြိုင်မှု မှာ ပါဝင်ဖို့ စိတ်မဝင်စားဘူး ဆိုရင်လည်း ကျွန်တော် တို့ မတားတော့ပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ အရင် သွားလိုက်ပါဦးမယ်။”
“ကျွန်တော် လိုက်ပို့ပါ့မယ်။”
“မလိုပါဘူး။”
ဝမ်ကျန်း တို့ လေးဦး ထွက်သွားပြီးနောက် ကျန်သုံးဦး က ဝမ်ကျန်း ၏ မျက်နှာကို ကြည့်လိုက်သည်။
“အစ်ကိုကြီး၊ ဘာဖြစ်တာလဲ”
“အဲဒီကောင်က အတွင်းကမ္ဘာ ကျောက်တုံး (၅၀၀၀) ကို စိတ်မဝင်စားဘူး၊ ဒီတစ်ခေါက် ပြိုင်ပွဲ မှာ သူလည်း ပါဝင်ဖို့ စိတ်ကူး ရှိနေတာပဲ။ စီကုချွမ်း ကို သတ်ခဲ့တာ ဆိုတာကလည်း သူ့ စကား ပဲ ရှိသေးတာ။ သူက တကယ်တော နေမင်းခုနှစ်ပါးခန်းမ ထဲက ဘယ်သူလဲ ဆိုတာ ငါ အရမ်း သိချင်နေပြီ။”
ဝမ်ကျန်း ၏ မျက်လုံးများမှာ မှောင်မိုက်နေသည်။