← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅) အကျပ်ရိုက်သွားစေခြင်း၊ အဆိုးကို အကောင်းဖြင့် ပြန်လည်ပေးဆပ်ခြင်း

လေထဲမှ ဟွင်ယွဲ့၏ စကားများကို ကြားလိုက်ရသဖြင့် အိမ်ထဲတွင် ထိုင်နေသော

နင်တင့်ဖန်သည် လုံးဝ စိုးရိမ်ပူပန်သွားခဲ့လေသည်။

"ဒီ မိန်းမပျက်... ဘာဖြစ်နေတာလဲ... ငါက ဘယ်တုန်းက ဝိညာဉ်ခန်းမကို ရန်သူအဖြစ် သတ်မှတ်ခဲ့လို့လဲ"

ဘာလုပ်နေမှန်းကို နင်တင့်ဖန် မသိခဲ့ချေ။

သူက မိမိကိုယ်ကိုယ် အားတင်းကာ ခုန်တက်သွားပြီး လေထဲတွင် ရပ်တန့်လိုက်၏။

"ဝိညာဉ်ခန်းမက ရိုင်းစိုင်းလွန်းတယ်... ငါ့ရဲ့ မဟာချင်အင်ပါယာ ပိုင်နက်ထဲကို ဘယ်လိုလုပ် ကျူးကျော်ရဲတာလဲ... ငါ့ရဲ့ မဟာချင်အင်ပါယာမှာ လူမရှိတော့ဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား"

စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေရင်း နင်တင့်ဖန်၏ မျက်နှာပေါ်ရှိ လေးနက်သော စိတ်ခံစားမှုများကို ကြည့်ကာ ချင်လော့က ပြုံးရင်း ပြောဆိုလိုက်သည်။

"ငါက နင်တင့်ဖန်အပေါ် အရမ်း ကောင်းလွန်းနေတယ်လို့ မင်းတို့ မထင်ဘူးလား"

"သူ့ကို ငါ့ရဲ့ မဟာချင်အင်ပါယာအတွက် အသက်စွန့်သူ တစ်ယောက် ဖြစ်လာအောင် လုပ်ပေးလိုက်တယ်လေ"

"တကယ်လို့ နင်တင့်ဖန်သာ ဒီအရာအားလုံးကို ငါကိုယ်တိုင် စီစဉ်ထားတယ်ဆိုတာ သိသွားရင် သူ လာပြီး ငါ့ကို လာဦးညွှတ်မယ်လို့ မင်းတို့ ထင်လား"

အခြားသူများ၏ အမူအရာများမှာ ထူးဆန်းသွားကြ၏။ ' ဦးညွှတ်မယ် ဟုတ်လား... မင်းမိသားစု တစ်ခုလုံးရဲ့ ခေါင်းတွေကို ဖြတ်ပြီး ဒီနေရာမှာ ဒူးထောက်ခိုင်းဖို့ စီစဉ်နေတာပဲ ဖြစ်လိမ့်မယ်…:

နင်တင့်ဖန် ပေါ်လာချိန်တွင် ဟွင်ယွဲ့က ချက်ချင်း ရှေ့သို့ ပြေးဝင်သွားပြီး သူတို့၏ တိုက်ပွဲက ချက်ချင်းပင် အရှိန်အဟုန် ပြင်းထန်သွားခဲ့လေသည်။

တိုက်ခိုက်မှု၏ အားကောင်းသော နောက်ဆက်တွဲ ရိုက်ခတ်မှုများက ချန်ဖျင်မင်းသားစံအိမ်ကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏ လူများစွာကို သေကျေဒဏ်ရာရစေခဲ့ပေ၏။

နင်တင့်ဖန်၏ အမူအရာက ဒေါသကြောင့် ရှုံ့မဲ့သွားပြီး သူက ဟွင်ယွဲ့ကို တိုးတိတ်စွာ ပြောဆိုလိုက်သည်။

"ဟွင်ယွဲ့... မင်း ရူးနေတာလား... မင်းရဲ့ ဝိညာဉ်ခန်းမကို ချက်ချင်း ကတိမပေးခဲ့ရုံလေးပဲလေ"

သူ ရရှိခဲ့သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ ဟွင်ယွဲ့၏ စကားများသာ ဖြစ်လေသည်။

"ငါ့ရဲ့ ဝိညာဉ်ခန်းမကို ဆန့်ကျင်ရဲတဲ့သူက သေသင့်တယ်"

'ဘုန်း!' 'ဘုန်း!' 'ဘုန်း!'

ဟွင်ယွဲ့သည် သူမ၏ လုပ်ရပ်များတွင် လုံးဝ သတိလက်လွတ် ဖြစ်နေခဲ့ပြီး နင်တင့်ဖန်သည် သူ၏ မျိုးဆက်များ၊ ကိုယ်လုပ်တော်များနှင့် အချစ်တော်များ သူ၏ မျက်စိရှေ့တွင် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်ကို ကြည့်ကာ ထိတ်လန့်နေခဲ့ရပေသည်။

"ဟွင်ယွဲ့... မင်းမှာ သတ္တိရှိရင် အပြင်ထွက်ပြီး ငါနဲ့ လာတိုက်စမ်း!"

နင်တင့်ဖန်က ခုန်ထွက်သွားပြီး ချန်ဖျင်မင်းသားစံအိမ်၏ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့၏။

ဟွင်ယွဲ့က အဆက်မပြတ် နောက်ကလိုက်လာပြီး ကြမ်းတမ်းပြီး အေးစက်သော အသံများကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့လေသည်။

"ဟားဟား... ချန်ဖျင်မင်းသားစံအိမ်လေးက ငါ့ရဲ့ ဝိညာဉ်ခန်းမကို ဆန့်ကျင်ရဲတယ်ပေါ့... မိသားစုတစ်ခုလုံး သေသင့်တယ်"

စားသောက်ဆိုင်အတွင်း၌ ချင်လော့က ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ညွှန်ကြားလိုက်၏။

"သွား... ချန်ဖျင်မင်းသားစံအိမ်ရဲ့ မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်လိုက်... မှတ်ထား... ဒီနေရာကနေ ကြွက်တစ်ကောင်တောင် ခိုးထွက်သွားလို့ မရဘူးနော်"

ချင်လော့က ယုံကြည်ချက် တစ်ခုကို စွဲကိုင်ထားသည်။ တကယ်လို့ မင်းက မြက်ပင်ကို ခုတ်ပြီး အမြစ်ကို မနုတ်ဘူးဆိုရင် နွေဦးလေပြေက မြက်ပင်ကို ပြန်လည်ရှင်သန်လာစေလိမ့်မည် ဟူ၍ပင်။

"အမိန့်အတိုင်းပါ"

ထိုပါယန်က ကြမ်းကြုတ်သော အမူအရာဖြင့် ပြောဆိုလိုက်ပြီး ချင်လော့၏ လုပ်ရပ်များက ချင်လော့သည် သူတို့ထဲမှ တစ်ဦးဖြစ်ကြောင်း သူ့ကို ပို၍ပင် သေချာသွားစေခဲ့ပေသည်။

သူက ခုန်ထွက်သွားပြီး ချန်ဖျင်မင်းသားစံအိမ်၏ အထက်သို့ လျှောက်သွားခဲ့၏။

ဟွင်ယွဲ့ ထွက်သွားပြီးနောက်မှ စိတ်အေးသွားသော ချန်ဖျင်မင်းသားစံအိမ်မှ အဖွဲ့ဝင်များသည် ဟွင်ယွဲ့ထက်ပင် ပို၍ ကြမ်းတမ်းသော အသံတစ်ခုကို ကြားလိုက်ရလေသည်။

"ဟားဟားဟား"

"ချန်ဖျင်မင်းသားစံအိမ်က ငါ့ရဲ့ ဝိညာဉ်ခန်းမကို အမှန်တကယ် စော်ကားရဲတယ်ပေါ့... ဒီနေ့ ချန်ဖျင်မင်းသားစံအိမ်ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်"

"မှတ်ထား... မင်းတို့ကို နောက်ဆုံးခရီး ပို့ပေးလိုက်တဲ့သူက ဝိညာဉ်ခန်းမက အရှင်သခင် ဝိညာဉ်မီးတောက်ပဲ"

ထိုပါယန်သည်လည်း မိမိကိုယ်ကိုယ် ထူးခြားသော ဝိညာဉ်ခန်းမ၏ အမည်တစ်ခု ပေးလိုက်လေသည်။

သူ စကားပြောပြီးသည်နှင့် အနက်ရောင် မီးတောက်များ ထွက်ပေါ်လာပြီး ချန်ဖျင်မင်းသားစံအိမ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။

တစ်ခဏအတွင်းမှာပင် အော်ဟစ်သံများက လေထုထဲတွင် ပြည့်နှက်သွားပြီး ထွက်ပြေးရန် ကြိုးစားသူတိုင်းမှာ အနက်ရောင် မီးတောက်များကြောင့် ပြာအဖြစ် လောင်ကျွမ်းသွားခဲ့ကြပေသည်။

အဝေးတစ်နေရာ၌ လူအနည်းငယ်က လေထဲတွင် ပုန်းအောင်းနေပြီး ဤမြင်ကွင်းကို ကြည့်ကာ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

"ငါတို့ ဘာလုပ်သင့်လဲ... ငါတို့ ဝင်ပါသင့်လား"

"ဝင်ပါမယ် ဟုတ်လား"

အမျိုးသားတစ်ဦး၏ အသံက ရုတ်တရက် ကျယ်လောင်သွားခဲ့၏။

"ဒါက မဟာသူတော်စင်လေ... မဟာသူတော်စင် နှစ်ပါးတောင်"

"ငါတို့ ဝင်ပါပြီး ချန်ဖျင်မင်းသားကို ကယ်ရမလား... ဒါမှမဟုတ် သူတို့ကို သွားတိုက်ရမလား"

"မိသားစုက ငါတို့ကို ဒီလောက် နှစ်ပေါင်းများစွာ လေ့ကျင့်ပေးဖို့က လွယ်ခဲ့လို့လား"

"ငါတို့ ဘာကို စောင့်နေတာလဲဆိုတာကို ချန်ဖျင်မင်းသားက သေချာပေါက် နားလည်လိမ့်မယ်လို့ ငါ ထင်တယ်... ငါတို့ကို အလဟဿ အသေခံတာကို သူ လုံးဝ အလိုရှိမှာ မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် အမျိုးသားက လှည့်ကာ ထွက်သွားခဲ့ပြီး မိမိကိုယ်ကိုယ် သွေးစွန်းမည်ကို ကြောက်ရွံ့သဖြင့် အလှမ်းဝေးဝေးတွင် နေခဲ့လေသည်။

အခြားသူများမှာလည်း အရူးများ မဟုတ်ကြချေ။ သူတို့က ဝင်ရောက်စွက်ဖက်လျှင်တောင်မှ ရလဒ်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း သဘာဝကျကျ သိရှိထားကြပေ၏။ ပို၍ ဉာဏ်ကောင်းခြင်းက ပို၍ အသက်ရှည်ရှည် နေရခြင်းပင်။

ချန်ဖျင်မင်းသားနှင့် ဟွင်ယွဲ့တို့က မြို့အပြင်ဘက်သို့ ရောက်ရှိလာပြီး ကွင်းပြင်တိုက်ပွဲပုံစံသို့ ပြောင်းလဲသွားခဲ့ကြသည်။ မြေပြင်ကို တုန်ခါသွားစေပြီး ချန်ဖျင်မင်းသားက ဟွင်ယွဲ့ကို သူ၏ အောက်တွင် အကြိမ်ကြိမ် ဖိနှိပ်ထားနိုင်ခဲ့လေသည်။

သို့သော် မမျှော်လင့်ဘဲ ဟွင်ယွဲ့သည် အမှန်တကယ်ပင် ဂုဏ်သိက္ခာ ဆိုသည်ကို နားမလည်ခဲ့ချေ။

'ဝှစ်!' လေကို ဆုတ်ဖြဲသွားသော အသံတစ်ခုက နင်တင့်ဖန်၏ အနောက်တွင် ပဲ့တင်ထပ်သွားခဲ့၏။ ယဲ့လန်က လှုပ်ရှားလိုက်ပြီး သူ၏ လှုပ်ရှားမှုတိုင်းက သတ်ဖြတ်ရန် ရည်ရွယ်ထားသော လှုပ်ရှားမှုများ ဖြစ်ပေသည်။

"နှစ်ယောက် တစ်ယောက်လား"

နင်တင့်ဖန်က ဟိန်းဟောက်လိုက်သည်။

"ဝိညာဉ်ခန်းမ!... မင်းတို့က အရမ်း လွန်လွန်းနေပြီ!"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မဟာသူတော်စင်အဆင့်မှ အခြား ရုပ်သေးရုပ်တစ်ရုပ်က သုံးယောက် တစ်ယောက် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။

နင်တင့်ဖန် လုံးဝ ကြောက်ရွံ့သွားခဲ့၏။ ယဲ့လန်၏ တိုက်ခိုက်မှုကို ခဲယဉ်းစွာ ကာကွယ်ပြီးနောက် သူက အခြား ဦးတည်ရာတစ်ခုသို့ အမြန်ပြေးသွားခဲ့သည်။

သုံးယောက်က ဝိုင်းထားပြီး တစ်ဖက်က လွတ်နေသော အခြေအနေမျိုး ဖြစ်ကြောင်း သူတို့ မသိရှိခဲ့ကြချေ။

ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားနေသော နင်တင့်ဖန်သည် ယဲ့လန်၊ ဟွင်ယွဲ့နှင့် အခြားသူများကို ဟန့်တားရန် သူ၏ လျှို့ဝှက်ဖဲချပ်များ အားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်လေသည်။ သူက အခုမှ ပြေးထွက်လာရုံသာ ရှိသေးပြီး အောင်ပွဲခံရန် အချိန်ပင် မရလိုက်ချေ။

အချိန်အကြာကြီး ပြင်ဆင်ထားခဲ့သော မိုးကြိုးပစ်ခတ်မှုတစ်ခုက ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပေသည်။

'ဘုန်း!'

နင်တင့်ဖန်က ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

"မဟာသူတော်စင် လေးပါး"

ထို့ပြင် စုချန်ချန်၏ ကျင့်ကြံမှုက ပို၍ပင် မြင့်မားနေသေးလေသည်။

အမြင့်ဆုံးအဆင့် သူတော်စင်လက်နက်ကို ကိုင်ဆောင်ထားပြီး သူ၏ ကျင့်ကြံမှုက နင်တင့်ဖန်ထက်ပင် ပို၍ သန်မာနေခဲ့၏။ စုချန်ချန်က အချိန်အကြာကြီး ပြင်ဆင်ထားခဲ့သော တိုက်ခိုက်မှုတစ်ခု ဖြစ်သောကြောင့်ပင်။

'ဘုန်း!' သူတို့နှစ်ဦး ဝင်တိုက်မိသွားပြီး နင်တင့်ဖန်က ဟိန်းဟောက်လိုက်သည်။

"ဖယ်စမ်း!"

သို့သော် နောက်တစ်စက္ကန့်တွင် ကြီးမားသော စွမ်းအားတစ်ခုက သူ၏ သူတော်စင်လက်နက်ကို ထိုးဖောက်သွားပြီး သူ၏ အတွင်းသံချပ်ကာကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေကာ သူ့ကို သွေးတစ်လုတ် အန်ထုတ်သွားစေပြီး လွင့်စင်သွားစေခဲ့လေသည်။

'ဘန်း!' နင်တင့်ဖန်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် ပန်းထွက်နေခဲ့၏။

'ဝှစ်!' 'ဝှစ်!' 'ဝှစ်!' လေခွင်းသံများ ထွက်ပေါ်လာပြီး ယဲ့လန်နှင့် အခြားသူများ ပြန်လည်ပေါ်လာကာ သူ့ကို ဝိုင်းရံထားလိုက်ကြလေပြီ။

နင်တင့်ဖန်သည် ယနေ့တွင် ကျိန်းသေပေါက် သေရမည်ကို သိရှိလိုက်၏။

"ဝိညာဉ်ခန်းမ... မင်းတို့က အရမ်း လွန်လွန်းနေပြီ... ကောင်းပြီလေ... ဒီနေ့ ငါ နင်တင့်ဖန်က ရှုံးနိမ့်ကြောင်း ဝန်ခံတယ်"

"မင်းတို့ရဲ့ ဝိညာဉ်ခန်းမရဲ့ တောင်းဆိုချက်ကို ငါ သဘောတူနိုင်တယ်... ငါ နင်တင့်ဖန်က ဝိညာဉ်ခန်းမကို ဝင်ဖို့ လိုလားပါတယ်"

လူလေးယောက်ထဲတွင် သူက ဟွင်ယွဲ့ကိုသာ သိရှိသဖြင့် အခြားသူများမှာ ဝိညာဉ်ခန်းမမှ မဟုတ်ကြောင်းကို သဘာဝကျကျ မသိနိုင်ခဲ့ချေ။

"ခေါက်... ခေါက်... ခေါက်"

ချင်လော့က လက်ခုပ်တီးရင်း ထွက်လာခဲ့သည်။

"ကျွတ်ကျွတ်... မင်းက ခဏလောက် တောင့်ခံနိုင်မယ်လို့ ငါ ထင်ထားခဲ့တာ... ဒါပေမဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်တဲ့ မင်းက ဒီလိုပဲ ဒူးထောက်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

"ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါ မင်းကို အသက်စွန့်သူ တစ်ယောက်အဖြစ် သတ်မှတ်ပေးပါ့မယ်... ချန်ဖျင်မင်းသားဖြစ်တဲ့ မင်းက ဝိညာဉ်ခန်းမကို ဆန့်ကျင်ဖို့အတွက် လက်နက်ချတာထက် သေဖို့ကို ရွေးချယ်ခဲ့တယ်... မင်းရဲ့ မိသားစုတစ်ခုလုံးရဲ့ အသက်တွေကို စတေးခဲ့တယ်... ငါ့ရဲ့ ရှေ့တန်းစစ်သားတွေက အရမ်းကို စိတ်ထိခိုက်သွားပြီး ဝမ်းနည်းမှုနဲ့ ဒေါသတွေကို ခွန်အားအဖြစ် ပြောင်းလဲကာ ချန်ဖျင်မင်းသားရဲ့ အတိတ်က ရန်ကြွေးကို ကလဲ့စားချေဖို့ ဝိညာဉ်ခန်းမကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ကြတယ်ပေါ့"

နင်တင့်ဖန်မှာ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ချက်ချင်း သဘောပေါက်သွားခဲ့၏။

"မင်းက ဝိညာဉ်ခန်းမက မဟုတ်ဘူးလား"

"မင်းက ဉာဏ်ကောင်းတယ်လို့ ငါ ဝန်ခံရမယ်"

"ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ... ငါက မဟာချင်အင်ပါယာရဲ့ နဝမမင်းသား... အခု တောင်တန်းကာကွယ်ရေးတပ်မတော်မှာ တပ်မှုးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့သူပဲ"

"ချင်လော့!"

နင်တင့်ဖန်က သွားများကို တင်းကျပ်စွာ ကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

သို့သော် ချင်လော့၏ ဘေးတွင် မဟာသူတော်စင်အဆင့်ရှိ တန်ခိုးရှင် ဤမျှလောက် အများကြီး ဘယ်လိုလုပ် ရှိနေနိုင်သနည်း ဆိုတာကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

ထို့အပြင် ထိုဟွင်ယွဲ့က ဝိညာဉ်ခန်းမကပဲ ဖြစ်လေသည်။

သူ၏ ဇဝေဇဝါ ဖြစ်နေမှုကို ချင်လော့က သတိပြုမိသော်လည်း ရှင်းပြရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

"မင်းရဲ့ မြေး နင်ယွမ်က ဝူယွမ်စစ်သူကြီးရဲ့ မိသားစုကို သတ်ဖြတ်ဖို့ နောက်ကွယ်က ကြိုးကိုင်သူပဲ... ပြီးတော့ မင်းရဲ့သားကလည်း လက်ရှိ မင်းသားကို ပေါ်ပေါ်တင်တင် စော်ကားရဲတယ်... မင်းက ပိုပြီးတောင် ရဲတင်းသေးတယ်... ငါ့ကိုတောင် ဒုက္ခပေးဖို့ ကြိုးစားသေးတာပဲ"

"နင်မိသားစုက အဘိုး၊ အဖေနဲ့ မြေး သုံးယောက်စလုံးက တကယ့်ကို သတ္တိရှိကြတာပဲလို့ ငါ ပြောရမယ်"

"ငါက အဆိုးကို အကောင်းနဲ့ ပြန်လည်ပေးဆပ်တယ်... မင်းကို ဝိညာဉ်ခန်းမက လူတွေရဲ့ လက်ချက်နဲ့ သေခိုင်းပြီး နိုင်ငံအတွက် အသက်စွန့်သွားတယ်လို့ ကမ္ဘာကြီးကို သိစေခဲ့တယ်... နင်တင့်ဖန်... တကယ်လို့ မင်းက ငါ့ကို ဒီအတွက် ဦးမညွှတ်ဘူးဆိုရင် အဲဒါက တကယ့်ကို တရားမျှတမှု မရှိဘူးနော်"

‘နိုင်ငံအတွက် အသက်စွန့်တယ် ဟုတ်လား…’ နင်တင့်ဖန်က သွားများကို တင်းကျပ်စွာ ကြိတ်ပြီး ချင်လော့ကို ဒေါသတကြီး စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။

"ငါ သေကို သေရမှာလား"

"မင်း သေကို သေရမယ်"

ချင်လော့က တုံ့ဆိုင်းမှု မရှိဘဲ ပြန်လည်ဖြေကြားလိုက်သည်။

"ဒါပေမဲ့ ငါ မင်းကို ဒုက္ခမပေးရသေးဘူးလေ"

နင်တင့်ဖန်က ရှင်းပြချင်ပြီး အကူအညီတချို့ ရယူရန် ကြိုးစားနေခဲ့၏။

"မင်း လှုပ်ရှားတာကို ငါ စောင့်ရဦးမှာလား... ပြီးမှ ကလဲ့စားချေဖို့ ပြန်လာရမှာလား"

"နောက်မနေပါနဲ့...အမျိုးသမီးတွေ ကြိုက်တဲ့ ဝတ္ထုတစ်ပုဒ်လို့ မင်း ထင်နေတာလား"

All Chapters