← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) နင်တင့်ဖန်၏ သေဆုံးမှု၊ လျှို့ဝှက်နဂါးတပ်အဖွဲ့ လှုပ်ရှားလာခြင်း

ချင်လော့က 'အမျိုးသမီးတွေ ကြိုက်တဲ့ ဝတ္ထု' ဆိုသည်မှာ ဘာကိုဆိုလိုမှန်း နင်တင့်ဖန် မသိသော်လည်း ချင်လော့က သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိကြောင်း နင်တင့်ဖန် သိရှိထားလေသည်။

"ချင်လော့... ငါက မဟာချင်အင်ပါယာရဲ့ ဘုရင်ဘွဲ့ကို ရရှိထားတဲ့ အမွေဆက်ခံသူပဲ... ငါ့အဖေက မဟာချင်အင်ပါယာရဲ့ တိုင်းပြည်တည်ထောင်သူ သူရဲကောင်း တစ်ယောက်ပဲ"

"ငါ မင်းကို ဒုက္ခမပေးခဲ့ဘူးလို့ မပြောနဲ့... ငါ မင်းကို တိုက်ခိုက်ခဲ့ရင်တောင်မှ အဲဒါက သေဒဏ်ပေးရလောက်တဲ့ ပြစ်မှု မဟုတ်ဘူး... တကယ်လို့ မင်းက တစ်ယောက်ယောက်ကို ငါ့ကို သတ်ခိုင်းမယ်ဆိုရင် ချင်ဧကရာဇ်က မင်းကို အပြစ်တင်မှာကို မင်း မကြောက်ဘူးလား... မဟာချင်အင်ပါယာက သန်းရာနဲ့ချီတဲ့ လူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံရမှာကို မင်း မကြောက်ဘူးလား"

"မကြောက်ပါဘူး"

ချင်လော့က ဟွင်ယွဲ့ကို လက်ညှိုးထိုးပြလိုက်၏။

"မင်းဆိုတဲ့ နင်တင့်ဖန်ကို ဝိညာဉ်ခန်းမက သတ်လိုက်တယ်ဆိုတာ လူတိုင်း သိကြတယ်လေ"

"စိတ်မပူပါနဲ့... ငါ မင်းအတွက် အထိမ်းအမှတ် ကျောက်တိုင် တစ်ခု စိုက်ထူပေးမယ်... ဒါမှ မင်း ချန်ဖျင်မင်းသားက ပြည်ပ ကျူးကျော်မှုတွေကို ဆန့်ကျင်တိုက်ခိုက်ပြီး မင်းရဲ့ မိသားစုတစ်ခုလုံး ပေးဆပ်လိုက်ရတာကို ကမ္ဘာကြီးက သိနိုင်မှာပေါ့"

ဤအခိုက်အတန့်တွင် နင်တင့်ဖန်က နောက်ကျမှ သဘောပေါက်သွားခဲ့သည်။

"ချင်လော့... မင်း လုပ်ရဲလို့လား... ဒီကိစ္စကို ငါ တစ်ယောက်တည်း တာဝန်ယူမယ်... ငါ့မိသားစုကို မထိခိုက်စေရဘူး"

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ငါက အမြစ်ပြတ် သုတ်သင်တာကိုပဲ ယုံကြည်တာ"

ချင်လော့၏ စကားများက နင်တင့်ဖန်၏ မျက်လုံးများကို ဒေါသကြောင့် ပြူးကျယ်သွားစေပြီး သူ၏ ဒေါသများ မြင့်တက်လာခဲ့လေသည်။

"ချင်လော့... မဟာသူတော်စင် တစ်ယောက်ကို အကျပ်ရိုက်သွားအောင် ထောင့်လှောင်မိရင် ဘာဖြစ်သွားလဲဆိုတာ မင်း သိလား"

'ဘုန်း!' အားကောင်းသော အငွေ့အသက်က နင်တင့်ဖန်၏ ခန္ဓာကိုယ်မှ မြင့်တက်လာခဲ့၏။

သေရမည်ဆိုလျှင်ပင် သူက ချင်လော့ထံမှ အသားတစ်ဖဲ့ကို ကိုက်ဖြတ်သွားမည် ဖြစ်ပေသည်။

"ချင်လော့... ငါ သေရရင်တောင် မင်းကို ငါနဲ့အတူ သေအောင် ခေါ်သွားမယ်"

မဟာသူတော်စင်အဆင့် တန်ခိုးရှင်၏ နောက်ဆုံး အသက်လုရုန်းကန်မှုများက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။

အထူးသဖြင့် ကျင့်ကြံမှုမှာ နောက်ဆုံးမဟာသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော နင်တင့်ဖန်ကဲ့သို့ လူမျိုးပင်။

တကယ့်ကို နှမြောစရာပဲ... လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်ဘူးလေ။

စုချန်ချန် တစ်ဦးတည်းကပင် နင်တင့်ဖန်ကို တန်ပြန်တိုက်ခိုက်နိုင်ပြီး ယဲ့လန်နှင့် အခြားသူများနှင့်အတူ နင်တင့်ဖန်သည် ချင်လော့ထံသို့ ရောက်ရှိရန် အခွင့်အရေးပင် မရလိုက်ဘဲ သူ၏ ရှေ့တွင် ဒူးထောက်သွားခဲ့ရလေသည်။

"မင်း ငါ့ကို တကယ် သတ်နိုင်မယ်လို့ မင်း ထင်နေတာလား"

"ခေါင်းတလားကို မမြင်ရမချင်း မျက်ရည်မကျဘူးပဲ"

ချင်လော့က လက်ဝှေ့ယမ်းလိုက်ရာ လူသားဧကရာဇ်အလံက သူ့ကို လွှမ်းခြုံသွားပြီးနောက် နင်တင့်ဖန်၏ ထိတ်လန့်နေသော အသံ ထွက်ပေါ်လာခဲ့၏။

"ဒါက ဘယ်လို နေရာမျိုးလဲ"

"မင်း ငါ့ကို ဘာလုပ်မလို့လဲ"

"အား!... ချင်လော့!... မင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး!... ငါ သေသွားရင်တောင် မင်းကို ငါ ကျိန်စာတိုက်သွားမယ်!... ချင်လော့!"

ကံမကောင်းစွာဖြင့် လူသားဧကရာဇ်အလံထဲတွင် တိုက်ခိုက်ရေးစွမ်းအားက မဟာသူတော်စင်အဆင့်ထက် မကျော်လွန်ပါက အခြေခံအားဖြင့် ဖိနှိပ်ခံရမည်သာ ဖြစ်လေသည်။ အခြား ဖြစ်နိုင်ခြေ တစ်ခုမျှ မရှိချေ။

"နောက်ထပ် နောက်ဆုံးမဟာသူတော်စင်အဆင့် တစ်ယောက်ပဲ... ကျွတ်ကျွတ်... မကြာခင်မှာ ငါ့ရဲ့ ခွန်အားက တောင်တန်းတစ်သောင်းနယ်မြေ တစ်ခုလုံးကို ကြီးစိုးဖို့ လုံလောက်တော့မယ်"

"မဟာသူတော်စင်တွေ ပိုပြီး ပြင်းပြင်းထန်ထန် ရောက်လာကြစမ်းပါ"

"သွားကြစို့... အနောက်ဘက် သဲကန္တာရဆီကို ဦးတည်ကြမယ်"

နင်တင့်ဖန်ကို ဖြေရှင်းပြီးနောက် ချင်လော့က လူအုပ်စုကို ခေါ်ဆောင်ကာ တောင်တန်းတစ်သောင်းနယ်မြေနှင့် တောင်ပိုင်းလူရိုင်းများ ဆုံတွေ့ရာ အနောက်ဘက် သဲကန္တာရဆီသို့ ဦးတည်သွားခဲ့လေသည်။

ယခင်က တတိယမင်းသား ချင်မင်က ထိုနေရာကို စောင့်ကြပ်ပြီး အထူး ကောင်းမွန်စွာ စီမံအုပ်ချုပ်ခဲ့ပေ၏။

ထိုနေရာသို့ အသွားတွင် လီမိုထံမှ အကူအညီတောင်းခံသည့် သတင်းစကား ရရှိလိမ့်မည်ဟု ချင်လော့ မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။

"မြန်မြန်လာခဲ့ပါ…မဟုတ်ရင် ကျွန်တော်သေလိမ့်မယ်"

လီမိုသည် အရေးမပါသော်လည်း သူ အသက်ရှင်နိုင်ပါက ပိုကောင်းပေသည်။ မည်သို့ပင်ဖြစ်စေ လီမိုက ချင်လော့၏ လူတစ်ယောက် ဖြစ်လေသည်။

ချန်ဖျင်မင်းသားစံအိမ် သုတ်သင်ခံလိုက်ရသည့် သတင်းက မဟာချင်အင်ပါယာ တစ်ခုလုံးနှင့် တောင်တန်းတစ်သောင်းနယ်မြေ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့၏။

ဝိညာဉ်ခန်းမက လူများက ချန်ဖျင်မင်းသားစံအိမ်ကို သုတ်သင်ပစ်လိုက်ကြောင်း ကြားသိရချိန်တွင် လူတိုင်း အံ့အားသင့်သွားကြလေသည်။ ဝိညာဉ်ခန်းမသခင်မှာ ချက်ချင်း ဒေါသထွက်သွားခဲ့ပေသည်။

"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ"

"တခြားလူတွေကို အမြဲတမ်း ငါတို့ ဝိညာဉ်ခန်းမကပဲ ချောက်ချခဲ့တာ... ငါတို့ ဝိညာဉ်ခန်းမကို ချောက်ချဖို့ သူတို့ အလှည့် ဘယ်တုန်းကမှ မရောက်ခဲ့ဘူး"

"သူ ဘယ်သူပဲဖြစ်ဖြစ် သေဖို့ သတ်မှတ်ခံထားရပြီပဲ... စုံစမ်းစစ်ဆေးစမ်း... အကြောင်းရင်းမှန်ကို ရှာဖွေစမ်း... ဒီကိစ္စရဲ့ အကြောင်းရင်းမှန်ကို ငါ့အတွက် မင်းတို့ ရှာဖွေရမယ်"

အပြင်ဘက်ရှိ အကြီးအကဲက ရိုသေစွာ ဦးညွှတ်ပြီး ပြောဆိုလိုက်၏။

"ခန်းမသခင်... သူက ချင်လော့ ဖြစ်နိုင်တယ်လို့ ထင်လား... ဘာပဲဖြစ်ဖြစ် ဟွင်ယွဲ့ ပေါ်လာတာကိုး"

"လူတိုင်းက သံသယရှိသူတွေချည်းပဲ... သူလည်း ချွင်းချက် မဟုတ်ဘူး... ချင်လော့က သေဖို့အတွက် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးပြီ... လျှို့ဝှက်နဂါးတပ်အဖွဲ့ဆီ သတင်းပို့ပြီး ပြောလိုက်... ချင်လော့က ကျိန်းသေပေါက် သေရမယ်လို့"

"ငါ့အတွက် နောက်ကနေ သူတို့ကို တွန်းအားပေးခိုင်းလိုက်... ဒီကြွက်ကလေး အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ငါ မကြာခင် ကြားရဖို့ မျှော်လင့်ပါတယ်"

"အမိန့်အတိုင်းပါ"

သတင်းရရှိပြီးနောက် လျှို့ဝှက်နဂါးတပ်အဖွဲ့သည် ချင်လော့ကို သတ်ဖြတ်ရန် သူတို့၏ လုပ်ပိုင်ခွင့်များကို ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။

သတင်းကို ကြားပြီးနောက် လုံကျိရော့က ချင်လော့က လျှို့ဝှက်နဂါးတပ်အဖွဲ့တွင် စိုက်ပျိုးထားသော လင်းယွဲ့ယောင်ကို ချက်ချင်း သွားရှာလိုက်၏။

"သွား... ချင်လော့ဆီ သတင်းပို့လိုက်"

လုံကျိရော့က သူမကို ညွှန်ကြားလိုက်သည်။

လင်းယွဲ့ယောင် လန့်သွားပြီး အလျင်အမြန် ပြန်လည်ဖြေကြားလိုက်၏။

"သခင်မလေး... ကျွန်မ ချင်လော့ကို တစ်ခါပဲ တွေ့ဖူးတာပါ... သူ့ကို ကျွန်မ ဘယ်လိုလုပ် ဆက်သွယ်နိုင်မှာလဲ"

လုံကျိရော့က လှောင်ပြောင်လိုက်ပြီး လင်းယွဲ့ယောင်ကို အကဲခတ်လိုက်သည်။

"မင်းက ငါတို့ရဲ့ လျှို့ဝှက်နဂါးတပ်အဖွဲ့ရဲ့ အကြီးအကဲကို သတင်းအချက်အလက်ရဖို့ မြူဆွယ်နေတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား"

"သတင်းတွေက ဒီလောက် မြန်မြန် ပေါက်ကြားသွားလိမ့်မယ်လို့ မင်း ထင်နေတာလား"

"တကယ်လို့ ငါသာ နောက်ကွယ်ကနေ မင်းအတွက် မဖုံးကွယ်ပေးထားဘူးဆိုရင် မင်းက ထောင်နဲ့ချီတဲ့ လူတွေရဲ့ စီးနင်းတာကို ခံရတဲ့ အောက်တန်းကျတဲ့ ပြည့်တန်ဆာ တစ်ယောက် ဖြစ်နေတာ ကြာလှပြီ"

"လျှို့ဝှက်နဂါးတပ်အဖွဲ့က ချင်လော့ကို ပစ်မှတ်ထားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းကို အမြန်ဆုံး ပို့လိုက်... သူ့ကို အထူး သတိထားဖို့နဲ့ လိုအပ်ရင် ပုန်းအောင်းဖို့ နေရာတစ်ခု ရှာပြီး ခဏလောက် ငြိမ်နေဖို့ ပြောလိုက်"

ထိုသို့ပြောဆိုပြီးနောက် လုံကျိရော့က ထွက်သွားခဲ့လေသည်။ လင်းယွဲ့ယောင်က လုံကျိရော့၏ ကျောပြင်ကို တစ်ခဏမျှ ကြက်သေသေ စိုက်ကြည့်နေခဲ့၏။

ထို့နောက် လုံကျိရော့သည်လည်း ချင်လော့၏ လူများထဲမှ တစ်ဦးဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

"အရှင်မင်းသားက ‌ခန်းမသခင်ရဲ့ သမီးကိုတောင် သိမ်းသွင်းနိုင်တဲ့အထိ ကြီးမားတဲ့ အင်အား ရှိနေတာပဲ... ဘုရားရေ... ကြောက်စရာကောင်းတယ်"

"အရှင်မင်းသားက သူမကို ယူခဲ့ပြီးပြီ ဖြစ်ရမယ်... မဟုတ်ရင် သူမက ဒီလောက် သစ္စာရှိမှာ မဟုတ်ဘူး"

လင်းယွဲ့ယောင်က သူမဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်ပြီး သူမ၏ စကားများတွင် မနာလိုမှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့လေသည်။

သူမတွင် အခွင့်အရေး မရှိတော့ချေ။

ချင်လော့ ပေးအပ်သော တာဝန်များကို ပြီးမြောက်ရန်အတွက် သူမ တော်တော်များများ စွန့်လွှတ်ခဲ့ရပြီး ဖြစ်ပေ၏။

လုံကျိရော့ထံမှ သတင်းရောက်လာပြီးနောက် ချင်လော့က ချက်ချင်း နားလည်သွားခဲ့သည်။

သူက မျက်မှောင်ကြုတ်သွားပြီး တစ်ခဏမျှ တွေးတောကာ ပြောဆိုလိုက်၏။

"ငါ အခုလေးတင် ချန်ဖျင်မင်းသားကို သတ်ခဲ့တယ်... ပုံမှန်ဆိုရင် ငါ့ကို အမုန်းဆုံး လူတွေက ချန်ဖျင်မင်းသားရဲ့ ဆွေမျိုးတွေ ဖြစ်သင့်ပေမဲ့ သူ့ရဲ့ ဆွေမျိုးတွေက သူနဲ့အတူ လိုက်သွားကြပြီလေ"

"ဒါဆို ချက်ချင်း ငါ့ကို ဘယ်သူက တိုက်ခိုက်မှာလဲ"

"ဝိညာဉ်ခန်းမ"

ရှီးဟွမ်က တုံ့ဆိုင်းမှုမရှိဘဲ ပြောဆိုလိုက်သည်။

"မှန်တယ်... ဟွင်ယွဲ့ သေသွားပြီ... ငါက အခြေခံအားဖြင့် ဝိညာဉ်ခန်းမကို ချောက်ချနေတာလေ... ရှင်းရှင်းလင်းလင်း ပြောရရင် သူတို့က အပြစ်ကို မခံယူချင်ကြဘူး... ဒါပေမဲ့ အခြေအနေက ရှင်းရှင်းလင်းလင်း မရှိသေးလို့ သူတို့က ငါ့ကို အလျင်စလို မတိုက်ခိုက်ချင်တာကြောင့် လျှို့ဝှက်နဂါးတပ်အဖွဲ့ဆီ လှည့်သွားတာပဲ"

"ဒါဆိုရင် လျှို့ဝှက်နဂါးတပ်အဖွဲ့နဲ့ ဝိညာဉ်ခန်းမက ပူးပေါင်းနေကြတာပေါ့"

"ငါ သိချင်တာက လျှို့ဝှက်နဂါးတပ်အဖွဲ့က ငါ့ကို ဘယ်လို တိုက်ခိုက်ဖို့ စီစဉ်ထားလဲ ဆိုတာပဲ"

ချင်လော့က အတွေးများနေချိန်တွင် တောင်တန်းတစ်သောင်းနယ်မြေရှိ စခန်းတစ်ခုတွင် ချင်ဖန်က သူ၏ လက်အောက်ငယ်သား၏ အစီရင်ခံစာကို နားထောင်နေပြီး သူ၏ အမူအရာက အထူးပင် မှုန်ကုပ်သွားခဲ့လေသည်။

"အရှင်မင်းသား...ကျွန်တော်တို့ စစ်မာမိသားစုက ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာချက်တွေအရ နဝမမင်းသား ချင်လော့က အခု တခြားမင်းသားတွေကို ကျော်လွန်သွားပြီး အရှင်မင်းသားရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာပါပြီ"

"ထောက်လှမ်းရေးတွေအရ ချင်လော့က တောင်တန်းတစ်သောင်းနယ်မြေကို ဝင်ရောက်လာပြီးကတည်းက ထျန်းဖုန်းမြင့်မြတ်နယ်မြေ၊ ယွင်လန်မြင့်မြတ်နယ်မြေနဲ့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေနဲ့ တခြား အဖွဲ့အစည်းတွေကို ဆက်တိုက် ဖျက်ဆီးခဲ့ပါတယ်... အဲဒီအထဲမှာ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှာ မဟာသူတော်စင်အဆင့်ရှိ တန်ခိုးရှင် အနည်းဆုံး တစ်ယောက်လောက် ရှိပါတယ်"

"ဒါဆို စုချန်ချန်က မဟာသူတော်စင်အဆင့်ရှိတဲ့ တန်ခိုးရှင် တစ်ယောက်ကို သတ်ဖြတ်နိုင်တဲ့ ခွန်အား ရှိတယ်ပေါ့" ချင်ဖန်က မေးမြန်းလိုက်၏။

"အရှင်မင်းသား... စုချန်ချန် တစ်ယောက်တည်း မဟုတ်ပါဘူး...ကျွန်တော်တို့ရဲ့ နောက်ဆုံးရ ထောက်လှမ်းရေးအရ နောင်တဓားချောက်ကမ်းပါးနဲ့ ချင်လော့က ပူးပေါင်းနေကြပြီး ငရဲနန်းတော်နဲ့ နောင်တဓားချောက်ကမ်းပါးက အဖွဲ့အစည်း တစ်ခုတည်း ဖြစ်နိုင်ပါတယ်"

"နောင်တဓားချောက်ကမ်းပါးမှာ မဟာသူတော်စင် တစ်ယောက် ရှိပါတယ်... ပြီးတော့ သူက ဓားသူတော်စင်ပါပဲ"

"သူတို့ ပူးပေါင်းပြီး ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေရဲ့ မဟာသူတော်စင်ကို သတ်ဖြတ်ခဲ့ရင်တောင် သူတို့တချို့ ထိခိုက်ပျက်စီးမှုတော့ ခံရမှာပဲ"

"ဒါကြောင့် အခုက အကောင်းဆုံး အချိန်ပါပဲ... တကယ်လို့ ချင်လော့က ပိုသန်မာလာရင် သူ့ကို သတ်ဖို့ အခွင့်အရေး သိပ်ရတော့မှာ မဟုတ်ဘူး"

"ကျေးဇူးပြုပြီး မြန်မြန် ဆုံးဖြတ်ချက်ချပါ အရှင်မင်းသား"

စစ်မာကျိုးက မြေပြင်ပေါ်၌ ဒူးထောက်ကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်လေသည်။

"ဟွန့်" ချင်ဖန်က အေးစက်စွာ နှာမှုတ်လိုက်၏။

"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ"

"ချင်လော့က ဘယ်သူလဲ... သူက ငါ့ရဲ့ ညီတော်အရင်းပဲ... ငါ့ရဲ့ ဖအေတူ ညီလေးလေ... ငါ သူ့ကို ဘယ်လိုလုပ် အန္တရာယ် ပေးနိုင်မှာလဲ"

စစ်မာကျိုးက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

"စကားလှအောင်တော့ ပြောတက်တာပဲ... စတုတ္ထမင်းသားကို သတ်ခဲ့တာ မင်း မဟုတ်ဘူးလား"

ချင်ဖန်က အနည်းငယ် တွန့်ဆုတ်နေခဲ့၏။ သူက ချင်လော့၏ ခြိမ်းခြောက်မှုကို မမြင်တွေ့နိုင်၍ မဟုတ်ဘဲ သူ လုပ်ရမည့် အရေးကြီးသော ကိစ္စ တစ်ခု ရှိနေသေးသောကြောင့် ဖြစ်လေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သတင်းရောက်လာခဲ့သည်။

ချန်ဖိန်မင်းသားသည် ချင်လော့၏ အဖွဲ့အစည်းကြောင့် သူ၏ မိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရကြောင်းပင်။

ချင်ဖန်မှာ ဆက်၍ ငြိမ်မနေနိုင်တော့ချေ။ သူက စစ်မာကျိုးကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်၏။

"ထွက်သွားစမ်း!... ငါ့ရဲ့ ကိုယ်ပိုင် ညီအစ်ကိုတွေကို အန္တရာယ်ပေးသင့်တယ်လို့ မင်း ထပ်ပြောတာကို ငါ ကြားရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

စစ်မာကျိုးက ဦးညွှတ်ပြီး နောက်ဆုတ်သွားခဲ့သည်။ ချင်ဖန်က ဆုံးဖြတ်ချက် ချပြီးလောက်ပြီဖြစ်ကြောင်း သူ သိရှိထားလေသည်။

သူ ထွက်သွားပြီးနောက် ချင်ဖန်က အမှတ်အသားတစ်ခုကို ထုတ်ယူကာ အသက်သွင်းလိုက်ရာ သူ၏ ရှေ့တွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာခဲ့၏။

"ငါ့ကို လူတစ်ယောက် ဖမ်းဖို့ ကူညီပေးပါ... တကယ်လို့ အဲ့ဒီလူတစ်ယောက်ကို အရှင်ဖမ်းနိုင်မယ်ဆိုရင် သူ့ကို အရှင်ထားရမယ်... မရဘူးဆိုရင်လည်း သတ်ပစ်ရမယ်... ဒါပေမဲ့ မင်း သူ့ရဲ့ အလောင်းကို ငါ့ဆီ ယူလာပေးရမယ်"

ချင်ဖန်က တစ်ဖက်လူကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။

"ဘယ်သူလဲ" တစ်ဖက်လူက တိုတိုတုတ်တုတ် မေးမြန်းလိုက်၏။

"ချင်လော့!"

"ချင်လော့လား"

တစ်ဖက်လူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

"တကယ်လို့ ငါ မှတ်မိတာ မမှားဘူးဆိုရင် သူက မဟာချင်အင်ပါယာရဲ့ နဝမမင်းသား... မင်းရဲ့ ညီတော်အရင်းလေ... မင်းက သူ့ကို သတ်မလို့လား"

"ဘာမှားလို့လဲ... မင်း ဒီတာဝန်ကို မယူဘူးလား"

"ဟုတ်တယ်... သေချာပေါက် ငါ ယူမှာပေါ့... ဒါပေမဲ့"

"မင်း ပိုပေးရမယ်"

All Chapters