← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) ထာဝရရှင်သန်သူမိသားစု၊ လီရှောင် အမှန်တရားကို ရှင်းလင်းခြင်း

"အို... ထန်မိသားစုက ဘယ်လို အင်အားစုမျိုးလဲ... သူတို့က မဟာချင်အင်ပါယာထက်တောင် ပိုပြီး အစွမ်းထက်တာလား"

ချင်လော့က မေးမြန်းလိုက်၏။

"ထန်မိသားစုက မဟာချင်အင်ပါယာ တစ်ခုလုံးထက်တော့ သဘာဝကျကျ အင်အားနည်းပါတယ်... ဘာလို့လဲဆိုတော့ မဟာချင်အင်ပါယာက ချင်မိသားစု တစ်ခုတည်း အကြောင်း မဟုတ်လို့ပဲ"

"ဒါဆို ထန်မိသားစုက ချင်မိသားစုထက် ပိုသန်မာနိုင်တယ်လို့ ဆိုလိုတာလား"

ချင်မိသားစု၏ အင်အား မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ချင်လော့ မသိသော်လည်း သူ အနည်းငယ် ခန့်မှန်းနိုင်ပေသည်။

သူ၏ လက်ရှိ အင်အားမှာ ချင်မိသားစု၏ ရှေ့တွင် ရပ်တည်ရန် လုံးဝ မလုံလောက်သေးချေ။ ချင်ဧကရာဇ် တစ်ဦးတည်းကပင် သူ၏ ဘဝကို ဖျက်ဆီးပစ်နိုင်လေသည်။

သဘာဝကျကျ ချင်မိသားစုမှာ သူ့နောက်ကွယ်ရှိ အင်အားစုလည်း ဖြစ်ပေ၏။

"ဖြစ်နိုင်တာက ငါတို့ ချင်မိသားစုနဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်လိမ့်မယ်"

"ထာဝရရှင်သန်သူမိသားစု အကြောင်း မင်း ကြားဖူးလား"

"ထာဝရရှင်သန်သူမိသားစုလား... အဲဒါက တကယ်ပဲ ဒီလောက် နာမည်ကြီးတာလား"

ချင်လော့၏ အမူအရာလည်း လေးနက်သွားခဲ့လေသည်။

သူက တုံ့ဆိုင်းမနေဘဲ လူသားဧကရာဇ်အလံကို ချက်ချင်း အသက်သွင်းကာ အတွင်းသို့ ဝင်ရောက်သွားခဲ့၏။

ရှီးဟွမ်က ချင်လော့၏ ရှေ့တွင် ပေါ်လာပြီး မဝေးလှသော နေရာရှိ အမျိုးသမီး၏ ကြွင်းကျန်ရစ်သော ဝိညာဉ်ကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။

"အဓိက လျှို့ဝှက်ချက်ကို မရသေးဘူး... ဝိညာဉ်ထဲမှာ ကန့်သတ်ချက် တစ်ခု ရှိနေတယ်"

"သူမ ပြောခဲ့တဲ့ စကားတွေအရ ထန်မိသားစုရဲ့ အသေးစိတ် အချက်အလက် တချို့ကို သိဖို့ လုံလောက်ပါတယ်"

"ထန်မိသားစုက ဒီကမ္ဘာက မဟုတ်ဘူး"

"အစွန်းရောက်နတ်ဆိုးများလား"

ချင်လော့က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

"မဟုတ်ဘူး... လုံးဝတော့ မဟုတ်ဘူး... ပိုပြီး တိတိကျကျ ပြောရရင် ထန်မိသားစုက အထက်ဘုံသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ မိသားစုပဲ"

"သူတို့က သူတို့ကိုယ်သူတို့ ဒီကမ္ဘာရဲ့ အစောင့်အရှောက်တွေလို့ ကြေညာထားကြတယ်"

ဤစကားကို ရှီးဟွမ် ပြောလိုက်ချိန်တွင် သူမ၏ လေသံ၌ သရော်လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့လေသည်။

"ဒါပေမဲ့ သူတို့ ကာကွယ်တာက သူတို့ကိုယ်သူတို့ပဲ... သူတို့ ကာကွယ်တာက သူတို့ရဲ့ အဆုံးမရှိတဲ့ အမွေအနှစ်တွေ၊ အဆုံးမရှိတဲ့ သွေးမျိုးဆက်တွေပဲ"

"အစွန်းရောက်နတ်ဆိုးတွေ ကျူးကျော်လာခဲ့တဲ့ အကြိမ်တိုင်း သူတို့ အကုန်လုံး ပေါ်လာခဲ့ကြတယ်... သူတို့ရဲ့ ဘိုးဘေးတွေက သူတို့ဟာ ဒီနယ်မြေကို စောင့်ရှောက်ပြီး အစွန်းရောက်နတ်ဆိုးတွေကို တိုက်ခိုက်နေတယ်လို့ ရိုးရိုးအအ ထင်မှတ်ထားခဲ့ကြတာလေ... ဟားဟားဟား"

ရှီးဟွမ်က လှောင်ပြောင်လိုက်၏။

"သူတို့က အစွန်းရောက်နတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်နေကြတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး... သူတို့ရဲ့ ထာဝရရှင်သန်သူမိသားစု ဆိုတာက တကယ်တော့ အစွန်းရောက်နတ်ဆိုးတွေပဲ ဖြစ်နိုင်တယ်လို့ အရင်က ငါ သံသယရှိခဲ့ဖူးတယ်...အစွန်းရောက်နတ်ဆိုး‌တွေရဲ့လမ်းပြပေးတဲ့ သူတွေလေ"

"သူတို့ရဲ့ ထာဝရရှင်သန်သူမိသားစုဆိုတဲ့ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်မယ့် အလွန်အင်အားကြီးပုဂ္ဂိုလ်မျိုး ဒီနယ်မြေကနေ ပေါ်ထွက်လာတာကို သူတို့ ခွင့်ပြုမှာ မဟုတ်ဘူး... တကယ်လို့ ပေါ်လာခဲ့ရင်လည်း သူတို့က ဖယ်ရှားပစ်ဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ကြလိမ့်မယ်"

ဤအခိုက်အတန့်တွင် အမုန်းတရား အရိပ်အယောင်တစ်ခုက ရှီးဟွမ်၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားခဲ့လေသည်။

"ထာဝရရှင်သန်သူမိသားစုလို့ သူတို့ကိုယ်သူတို့ အခိုင်အမာ ပြောဆိုထားတဲ့ ဝမ်မိသားစုက လူတစ်ယောက်ကြောင့် ငါ ထိခိုက်ခဲ့ရတာပဲ"

ဤနေရာတွင် ရှီးဟွမ်၏ ဝိညာဉ်က ပြင်းထန်စွာ လှုပ်ရှားလာပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ကောင်းကင်သို့ မြင့်တက်လာကာ လူသားဧကရာဇ်အလံ တစ်ခုလုံးက လေမတိုက်ဘဲ စတင် လှုပ်ရှားလာခဲ့ပေသည်။

'ဘုန်း!' 'ဘုန်း!' 'ဘုန်း!'

အားကောင်းသော အငွေ့အသက်က အပြင်ဘက်ရှိ လူများကို လွှမ်းခြုံသွားစေသဖြင့် သူတို့၏ အမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ကြ၏။ အချို့မှာ အငွေ့အသက်၏ ဖိအားကြောင့် မြေပြင်ပေါ်သို့ပင် ဒူးထောက်ကျသွားခဲ့ရလေသည်။

ရှီးဟွမ်က ယခုကဲ့သို့ ဒေါသထွက်နေသည်ကို ချင်လော့ မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။ သူမ၏ တပည့်ဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရချိန်၌ပင် သူမ ဤမျှ ဒေါသ မထွက်ခဲ့ဖူးချေ။

ရှီးဟွမ်၏ ဒေါသထွက်ခြင်းကို ဆယ့်ငါးမိနစ်တိတိ စောင့်ဆိုင်းပြီးနောက် သူမ၏ ချီအငွေ့အသက်က တဖြည်းဖြည်း ငြိမ်သက်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

"ကောင်းပြီ... အခု ရန်သူက ဘယ်သူလဲဆိုတာကို သိပြီဆိုတော့ လုံလောက်ပါပြီ"

"ဒါက ထာဝရရှင်သန်သူမိသားစု ဆိုတာ မဟုတ်ဘူးလား... ဟားဟား... သွေးမျိုးဆက်က အထက်ဘုံက ဖြစ်နေရင်ကော ဘာဖြစ်လဲ... ဖြစ်နိုင်တာက သူတို့က လူယုတ်မာ အုပ်စုတစ်စုပဲ ဖြစ်နေနိုင်တာပဲ"

"တခြားလူတွေရဲ့ ကျင့်ကြံမှု တက်လှမ်းတာကို ကြောက်ပြီး သူတို့ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်လာမှာ စိုးရိမ်နေတယ် ဟုတ်လား... ဟက်... ဒီလို အင်အားစုမျိုးက ကြီးကြီးမားမား အောင်မြင်နိုင်မှာ မဟုတ်ပါဘူး... ဒါ သူတို့ လုပ်နိုင်တဲ့ အရာပဲ"

မဟာဗျူဟာအရဆိုလျှင် ချင်လော့က သူ၏ ပြိုင်ဘက်ကို လုံးဝ အထင်သေးထားလေသည်။

"ငါက အကြီးကျယ်ဆုံးနဲ့ ခန်းနားဆုံး ဗီလိန်ပဲ... ဒါဆို ထန်မိသားစု၊ ဝမ်မိသားစုနဲ့ တခြားသူတွေက ငါနဲ့ လာနှိုင်းယှဉ်ဖို့ ဘာအရည်အချင်းရှိလို့လဲ။”

ရှီးဟွမ်က မျက်လုံးလှန်လိုက်ရာ အတော်လေး ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေပုံရပေသည်။ သို့သော် ပြန်တွေးကြည့်လျှင် ချင်လော့ ပြောသည်မှာ မှန်ကန်လေသည်။

နှစ်အနည်းငယ် အတောအတွင်းမှာပင် ချင်လော့၏ အင်အားသည် ထောင်ပေါင်းများစွာသော နှစ်များအတွင်း ထွက်ပေါ်ခဲ့သည့် အကြမ်းဖက် အင်အားစု တချို့ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပေ၏။

အချိန်ပေးမည်ဆိုပါက ချင်လော့သည် ဤကမ္ဘာတွင် အကြီးကျယ်ဆုံးဗီလိန် ဖြစ်လာရန် သတ်မှတ်ခံထားရလေသည်။

"ဒါနဲ့... ချင်ဧကရာဇ်က အဲဒီအဆင့်ကို မကြာခင် ရောက်တော့မယ်လို့ ထင်တယ်... ဖြစ်နိုင်တာက ထန်မိသားစုက ချင်ဧကရာဇ်ကို တိုက်ခိုက်လာနိုင်တယ်"

ရှီးဟွမ်က ဖော်ရွေစွာ သတိပေးလိုက်၏။

ချင်လော့က ခေါင်းညိတ်လိုက်ပြီး ချင်ဧကရာဇ်ကို သတိပေးရန် ရည်ရွယ်လိုက်သော်လည်း ချက်ချင်းပင် စဉ်းစားမိလိုက်သည်။

"တကယ်လို့ ငါ သိတယ်ဆိုရင် သူလည်း သိလောက်မယ်လို့ ငါ ထင်တယ်"

ရှီးဟွမ်က တွေးတောကြည့်လိုက်ပြီးနောက် မဟာချင်အင်ပါယာ၏ အခြေခံအုတ်မြစ်မှာ သူမပါဝင်သော အင်အားစုများထက်ပင် ပို၍ အားကောင်းနေကြောင်း သဘောပေါက်သွားခဲ့လေသည်။

မဟာချင်အင်ပါယာက စစ်မှန်သော မဟာဧကရာဇ်တစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး ခေတ်တစ်ခေတ်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ဖိနှိပ်ထားနိုင်ခဲ့ပေသည်။

"ဒီလောက် ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို သူ တစ်ယောက်တည်း ဖန်တီးခဲ့တာပဲ... ဖြစ်နိုင်တာက သူက ဒီအတွက် စီစဉ်ထားပြီးသား ဖြစ်မှာပါ"

ချင်လော့က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ ပြန်တွေးကြည့်လျှင် ချင်ဧကရာဇ်၏ ရှေ့တွင် ဖုံးကွယ်ထားစရာ လျှို့ဝှက်ချက်ဟူ၍ သူ့တွင် လုံးဝ မရှိသလောက်ပင်။ ထိုကဲ့သို့သော လူမျိုးက တကယ့်ကို ကြောက်စရာကောင်းလှပေသည်။

"ငါ ပြန်သွားရင်း ဒါကို သန့်စင်လိုက်မယ်။ ငါ့ကို ပစ်မှတ်ထားမယ့်သူက ရောက်လာဖို့ သိပ်မလိုတော့ဘူး။”

"သူတို့ကို ငါ အခွင့်အရေး သေးသေးလေး တစ်ခု ပေးဖို့ လိုတယ်... ဒါပေမဲ့ ငါတို့ လူမလုံလောက်သေးဘူး"

ချင်လော့က အရေးပေါ် အခြေအနေကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်၏။ လက်ရှိ အင်အားက ခံစစ်အတွက် လုံလောက်သော်လည်း တိုက်ခိုက်ရေးအတွက် မလုံလောက်သေးချေ။

သဘာဝကျကျပင် သူပြောသော အားနည်းချက်များမှာ သူ့ကို ချေမှုန်းရန်တော့ လုံလောက်မည် မဟုတ်ပေ။

ချင်လော့က လီရှောင်ကိုလည်း သေခြင်းရှင်ခြင်းတံဆိပ်ဖြင့် ခတ်နှိပ်လိုက်လေသည်။ လီရှောင်က ခြားနားချက်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး အနည်းငယ် မကျေမနပ်ဖြင့် ပြောဆိုလိုက်၏။

"ဘာလို့ ဂျူနီယာညီမလေးယဲ့က ဝိညာဉ်နဲ့ ခတ်နှိပ်စရာ မလိုတာလဲ... သူမကျတော့ အဲဒီဆေးလုံးကို စားလိုက်ရုံနဲ့ ပြီးသွားတာကို”

သေခြင်းရှင်ခြင်းတံဆိပ် ခတ်နှိပ်ခံရခြင်းက ယဲ့လင်းရွှမ် စားခဲ့သည့် အရာထက် ပို၍ ဘေးထွက်ဆိုးကျိုးများ သေချာပေါက် ရှိလာမည်ကို သူ သိရှိထားပေသည်။ အကြောင်းအရင်မှာ မဟာနတ်ဆိုးဂိုဏ်းမှ အကြီးအကဲ အနည်းငယ် ပါဝင်နေပြီး နတ်ဆိုးဂိုဏ်းမှ အကြီးအကဲများ အားလုံးကလည်း သေခြင်းရှင်ခြင်းတံဆိပ် အခတ်နှိပ်ခံထားရသောကြောင့် ဖြစ်လေသည်။

လီရှောင်က ဘယ်လို အဆင့်မျိုးလဲ။ သူက ယဲ့လင်းရွှမ်နှင့် တန်းတူအဆင့်တွင် ရှိပြီး မဟာနတ်ဆိုးဂိုဏ်း၏ အနာဂတ် မျှော်လင့်ချက်၊ မဟာနတ်ဆိုးဂိုဏ်း၏ နတ်ဆိုးသားတော် ဖြစ်ပေ၏။

ယဲ့လင်းရွှမ်မှာ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့ရသည်။ လီရှောင်က ယခုကဲ့သို့ ကိစ္စမျိုးတွင် ယှဉ်ပြိုင်လာမည်ဟု သူမ မထင်ထားခဲ့ပေ။

"အို... မင်းက စားချင်လို့လား"

ချင်လော့က လီရှောင်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် လီရှောင်၏ အောက်ပိုင်းသို့ အကြည့်ရောက်သွားရာ သူ့ကို တုန်ယင်သွားစေခဲ့လေသည်။

"ယဲ့လင်းရွှမ်နဲ့ ညီအစ်မ ဖြစ်ဖို့ မင်း ရွေးချယ်နိုင်တယ်လေ... အဲဒီအချိန်ကျရင် မင်းကို သူမနဲ့ တူညီစွာဆက်ဆံပေးမှာပါ"

လီရှောင်က မိမိကိုယ်ကိုယ် အလိုအလျောက် ဖုံးကွယ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ရောယှက်နေခဲ့၏။

ရိုးရိုးသားသားပြောရလျှင် လီရှောင်သည် ဤအသက်အရွှယ်ထိ အသက်ရှင်လာခဲ့ပြီး ထိုအရာကို တစ်ခါမျှပင် အသုံးမပြုဖူးသေးပေ။ ထိုအရာကို ဖြတ်ပစ်ပြီး

ယဲ့လင်းရွှမ်နှင့် ညီအစ်မ ဖြစ်လာဖို့လား... လုံးဝ မဖြစ်နိုင်ပါဘူး။

"ဒီလောက် အဓိပ္ပာယ်မရှိတာတွေ အများကြီး ပြောနေစရာ မလိုပါဘူး... တစ်နေ့နေ့မှာ မင်းရဲ့ ကျင့်ကြံမှုက အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ အမှတ်အသားက သူ့ဘာသာ ပျောက်ကွယ်သွားနိုင်တယ်"

ချင်လော့က လီရှောင်အား မျှော်လင့်ချက် အနည်းငယ် ပေးလိုက်သည်။

လီရှောင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

"တကယ်လား"

"သေချာတာပေါ့"

ချင်လော့က ပြုံးလိုက်ပြီး သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။

"မင်းရဲ့ ကျင့်ကြံမှုနဲ့ ဝိညာဉ်အဆင့်က ငါ့ထက် မကျော်လွန်နိုင်ဘူးဆိုရင်တော့ မင်းက ငါ့ရဲ့ ညီငယ်လေးအဖြစ် လိမ္မာပါးကျပ်စွာ နေတာ ပိုကောင်းပါလိမ့်မယ်"

ယခုအခါ သူက ချင်လော့၏ လူ ဖြစ်လာပြီဖြစ်ရာ လီရှောင်က သူမ၏ နှလုံးသားကို ဖိစီးနေသော မေးခွန်းတစ်ခုကို နောက်ဆုံးတွင် ဖွင့်ဟမေးမြန်းလိုက်လေသည်။

"မင်းလည်း ဝိညာဉ်နယ်မြေကို သွားခဲ့တယ်မလား... ချန်ယီနဲ့ မင်း ပဋိပက္ခ ဖြစ်ခဲ့သေးတယ်... ချန်ယီကို သတ်တာ မင်းမလား"

ချင်လော့က ခေါင်းညိတ်လိုက်၏။

"မှန်တယ်... ချန်ယီကို ငါ သတ်ခဲ့တာ"

လီရှောင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာတစ်ခု ပေါ်လာပြီး သူက အကြီးအကဲများကို အော်ဟစ်လိုက်သည်။

"ကျွန်တော် ပြောသားပဲ... ကျွန်တော် ပြောသားပဲ... ချန်ယီကို ကျွန်တော် မသတ်ခဲ့ပါဘူးလို့... ခင်ဗျားတို့က မယုံခဲ့ကြဘူး... အခုတော့ ယုံပြီမလား"

ထိုအကြီးအကဲများမှာ စကားမပြောနိုင်အောင် ဖြစ်သွားကြ၏။

'ဒါက အရေးကြီးသေးလို့လား... သူတို့ အားလုံးက တခြားလူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ အစေခံတွေ ဖြစ်နေကြပြီလေ... ဒါတောင် သူက ဒီအရာတွေကို ဂရုစိုက်နေကြတုန်းပဲလား…’

သို့သော် လီရှောင်အတွက်တော့ အရေးကြီးပေသည်။

"လုယွင်ဖေးကိုလည်း ငါ သတ်ခဲ့တာပဲ"

ချင်လော့၏ နောက်စကားတစ်ခွန်းက လီရှောင်၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေခဲ့၏။

"ဒါဆို ရှန်ချင်းယန် ကိစ္စကော မင်း လက်ချက်ပဲလား"

သူ၏ အမူအရာက အနည်းငယ် ထူးဆန်းနေခဲ့သည်။

"မင်းက အဲ့ဒီလို ကိစ္စမျိုးကို တကယ် လုပ်ခဲ့တာလား"

ဤကိစ္စများကို လုပ်ဆောင်နေစဉ်အတွင်း ချင်လော့သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ထားခြင်း ဖြစ်ရမည်ဟု သူ တွေးလိုက်မိလေသည်။

ချင်လော့က ခေါင်းခါယမ်းလိုက်၏။

"မဟုတ်ဘူး... ငါ သူမကို သတ်ရုံပဲ သတ်ခဲ့တာ... အဲ့ဒီကိစ္စကို လင်းဟောက် လုပ်ခဲ့တာလေ"

လီရှောင်၏ သူငယ်အိမ်များ ပြူးကျယ်သွားခဲ့သည်။ ‘သူ နောက်ဆုံးတော့ နားလည်သွားပြီ... သူ နားလည်သွားပြီ…’

‘သူခိုးက လူပြန်ဟစ်တာပဲ…’

"လင်းဟောက်က ငါ့လူပဲလေ"

ဤအရာအားလုံး၏ နောက်ကွယ်က တရားခံမှာ ချင်လော့ပင် ဖြစ်လေသည်။ သို့သော် လီရှောင်က ချင်လော့အပေါ် ဒေါသ မထွက်ရဲသဖြင့် အရာအားလုံးအတွက် လင်းဟောက်ကိုသာ အပြစ်တင်နိုင်တော့၏။

"လင်းဟောက်... မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့... ငါ မင်းကို သတ်ရမယ်... မင်းကို ငါ အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်လောက် နှိပ်စက်ပစ်မယ်... မဟုတ်ဘူး... အကြိမ်တစ်သောင်းလောက်ကို"

လီရှောင်က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်လေသည်။

အနီးတွင် ရပ်နေသော ယဲ့လင်းရွှမ်က လီရှောင်ကို ထူးဆန်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။

သူမထင်မြင်ချက်အရ လီရှောင်သည် အမှန်တကယ် မဖြတ်ခံရသေးသော်လည်း စိတ်ထဲ၌တော့ မိမိကိုယ်ကို ဖြတ်ခံထားရပြီးသားဟု မှတ်ယူနေသလို ဖြစ်နေသည်။ သို့မဟုတ်ပါက သူ၏ အမူအရာနှင့် အပြုအမူများက ဤမျှ မိန်းမဆန်နေမည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် လင်းဟောက် သည် ယောက်ျားတစ်ယောက်ဖြစ်ကြောင်းကို သတိရလိုက်မိသည့်အခါ ယဲ့လင်းရွှမ် ၏ ကိုယ်လုံးတစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားပြီး ကြက်သီးများပင် ထသွားတော့သည်။

သူ၏ မတရားခံရမှုက ရှင်းလင်းသွားပြီဖြစ်ပြီး လီရှောင်က မိမိကိုယ်ကိုယ် နောက်ဆုံးတွင် သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပေ၏။

အဝေးရှိ ချန်းလန်မြင့်မြတ်နယ်မြေတွင် လင်းဟောက်က သူ၏ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီး ပြင်းထန်စွာ နှာချေလိုက်လေသည်။

"ဟတ်ချိုး!"

"ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရဲ့ ကြီးကျယ်တဲ့ ပွဲကို အရှင်မင်းသား သေချာပေါက် ရောက်လာလိမ့်မယ်လို့ ငါ ခံစားနေရတယ်"

"ဖြစ်နိုင်တာက အဲဒီအချိန်က ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ ပြိုလဲသွားတဲ့ အချိန် ဖြစ်လာလိမ့်မယ်"

All Chapters