← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) လီမိုကို ပုံစံသစ်ပြန်သွင်းခြင်း၊ ချင်လော့ သေရမယ်

ချင်လော့သည် အစက အနောက်ဘက် သဲကန္တာရတွင် ချင်မင်နှင့် သူ၏ ရန်ငြိုးကို ဖြေရှင်းလိုခဲ့သော်လည်း မမျှော်လင့်ဘဲ ချင်မင်က အင်ပါယာမြို့တော်သို့ အမှန်တကယ် ပြန်သွားခဲ့လေသည်။

"နှမြောစရာပဲ... ဒါဆို ငါတို့ အရင်ဆုံး ထိုက်ရွှီးခံတပ်ကို ပြန်သွားကြတာပေါ့"

အပြန်လမ်းတွင် ချင်လော့က ထန်မိသားစုမှ အမျိုးသမီးကို သန့်စင်လိုက်ပြီး လီမို၏ ဝိညာဉ်ကို အပြည့်အဝ ပုံဖော်ပေးရန် ဝိညာဉ်မွေးကင်းစသစ်သီးကို အသုံးပြုလိုက်၏။

အတွင်းထဲတွင် သူ၏ ဝိညာဉ် ပိုမိုခိုင်မာလာသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်တွင် အလွန် ဝမ်းသာပျော်ရွှင်နေသော အမူအရာတစ်ခု ပေါ်လာခဲ့လေသည်။

ဝိညာဉ်သည် လူသားဧကရာဇ်အလံ အတွင်း၌ မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်ပြီး ချင်လော့ကို အကြိမ်ရေ မရေမတွက်နိုင်အောင် ဦးညွှတ်လိုက်ပေသည်။

"ကျွန်တော်တို့ကို ဘဝသစ်တစ်ခု ပေးခဲ့တဲ့ အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်က ဒီလောက် မထိုက်တန်ပါဘူး"

ဝိညာဉ်မွေးကင်းစသစ်သီး၏ တန်ဖိုးသည် သူတော်စင်တစ်ယောက်ထက် အများကြီး ပိုကြီးမားသော်လည်း ချင်လော့အတွက်မူ သူတော်စင်တစ်ယောက်က ပိုတန်ဖိုးရှိသည်။

"ငါ့အတွက် အလုပ်လုပ်ပေးရင်းနဲ့ မင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာပဲ... ဒါကြောင့် မင်းကို ပြန်ကောင်းလာအောင် ကူညီပေးတာက ငါ့အတွက် သင့်လျော်ပါတယ်"

" ဝိညာဉ်မွေးကင်းစသစ်သီး တစ်လုံးတည်းပါ... ငါ့အမြင်မှာတော့ လူ့အသက်လောက် တန်ဖိုးမရှိပါဘူး"

လီမိုမှာ အလွန် ကျေးဇူးတင်နေခဲ့၏။ ချင်လော့က သူ့ကို ဒုတိယဘဝတစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။ သေခြင်းရှင်ခြင်းတံဆိပ် မရှိလျှင်တောင်မှ သူက ချင်လော့ကို ဘယ်တော့မှ သစ္စာဖောက်နိုင်မည် မဟုတ်ချေ။

"မင်းရဲ့ ခန္ဓာကိုယ် ပျောက်သွားတာလေး တစ်ခုပါပဲ"

လီမိုက တိတ်ဆိတ်သွားခဲ့သည်။ မှန်ပေသည်။ ခန္ဓာကိုယ် ပျောက်သွားပြီ။ သူ၏ ဝိညာဉ် အခြေအနေကို ပြန်လည်ကောင်းမွန်လာစေခြင်းက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

သို့သော် ချင်လော့၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ရုပ်သေးရုပ် တစ်စုက သူ့ဆီသို့ လျှောက်လာခဲ့လေသည်။

"ဒီအထဲက တစ်ယောက်ကို ရွေးလိုက်"

ရုပ်သေးရုပ်များထဲတွင် နင်တင့်ဖန်၊ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှ မဟာသူတော်စင်၊ ဟွင်ယွဲ့နှင့် ထန်မိသားစုမှ အမျိုးသမီးတို့ ပါဝင်ပေသည်။

ယောကျ်ားနှင့် မိန်းမ နှစ်မျိုးလုံး ရှိနေသည်။ အမျိုးသမီးများက အလွန် ငယ်ရွယ်ပြီး အမျိုးသားများက အလွန် အိုမင်းနေကြလေသည်။

"ဒီလူတွေကို ငါက ရုပ်သေးရုပ်တွေအဖြစ် သန့်စင်ထားပြီးပြီ... မင်း သူတို့ကို ထိန်းချုပ်နိုင်အောင် ရှီးဟွမ်က ကူညီပေးနိုင်တယ်... ပြီးတော့ အနာဂတ်မှာ သင့်လျော်တဲ့ အခွင့်အရေး ပေါ်လာရင် မင်းလည်း ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးနိုင်မှာပါ"

ရုပ်သေးရုပ်မျှသာ ဖြစ်ပြီး ဝိညာဉ်နှင့် စစ်မှန်သော လိုက်ဖက်ညီမှု မရှိချေ။ အကယ်၍ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ချင်တယ်ဆိုရင် ရုပ်သေးရုပ် တစ်ရုပ်အတွက် လမ်းတစ်လမ်းပဲ ရှိသည်။ ထိုလမ်းမှာ သန့်စင်ခြင်းပင် ဖြစ်သည်။

သူက ဟွင်ယွဲ့ကို ရွေးချယ်ချင်စိတ်အား ထိန်းချုပ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ်ထဲတွင် သူမအား အနှစ်သက်ဆုံး ဖြစ်နေသောကြောင့်ပင်။ သို့သော် ကံမကောင်းသည်မှာ သူမတွင် ယောကျ်ားလိင်အင်္ဂါမရှိသဖြင့်၊ အကျင့်သားမရသလို ခံစားရမည်ဟု သူထင်မိသည်။

လီမိုက ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှ အကြီးအကဲကိုသာ ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူက တိုက်ခိုက်ရေးစွမ်းအား အနိမ့်ဆုံးဖြစ်ပြီး လှုပ်ရှားရ အလွယ်ကူဆုံး ဖြစ်သောကြောင့်ပင်။

ရွေးချယ်ပြီးနောက် မျက်နှာကို လီမိုနဲ့ တူအောင် စိတ်ကြိုက် ပြင်ဆင်လို့လည်း ရသေးသည်။ အနည်းငယ်တော့ အိုမင်းလွန်းနေပေ၏။

လီမို ထပ်မံပေါ်လာချိန်၌ လီရှောင်နှင့် အခြားသူများ အားလုံး အံ့အားသင့်သွားကြလေသည်။

"သူ အသက်ရှင်နေတာလား"

လီရှောင်က အံ့အားသင့်စွာ မေးမြန်းလိုက်၏။

ချင်လော့က ခေါင်းညိတ်လိုက်သည်။

"သူ့ကို အသက်ပြန်ရှင်လာအောင် လုပ်ဖို့ တန်ဖိုးတချို့ ပေးလိုက်ရတာပေါ့"

ဤစကားတစ်ခွန်းက လီရှောင်နှင့် အခြားသူများ၏ မျက်လုံးများကို တောက်ပသွားစေခဲ့၏။ သူတို့၏ မှောင်မိုက်နေသော ဘဝများတွင် တောက်ပသော အလင်းရောင်တစ်ခု ထွန်းညှိခံလိုက်ရပြီး ပို၍ တောက်ပလာသကဲ့သို့ပင်။

ကြည့်ရတာ ချင်လော့နောက်ကို လိုက်ရတာ ဤလောက်တောင် မဆိုးပါဘူးလို့ ထင်ရလေသည်။

ကြီးမားလှသော နန်းတော်တစ်ခုအတွင်း၌ အလွန် ဆွဲဆောင်မှုရှိသည့် အမျိုးသားတစ်ဦးက သူ၏ ခန္ဓာကိုယ်ကို ကုတင်ကြီးတစ်ခုပေါ်တွင် လဲလျောင်းနေရာမှ ထကာ ဆင်းလာခဲ့၏။

သူတို့အနောက်ရှိ အမျိုးသမီးများအားလုံးက ကျေနပ်မှုနှင့် ဝမ်းသာပျော်ရွှင်မှု အမူအရာများကို ဆင်မြန်းထားကြသော်လည်း ထူးဆန်းစွာပင် သူတို့၏ အသားအရည်များက အထူးပင် ဖြူလျော့နေပြီး မည်သည့် အရောင်အသွေးမျှ မရှိကာ အသက်ရှင်နေသည့် လက္ခဏာ တစ်ခုမျှ မရှိကြချေ။

"ထန်ကျင်း သေသွားပြီလား"

"သခင်လေးကို သတင်းပို့ပါတယ်... ထန်ကျင်းနဲ့ သူရဲ့ အဖွဲ့က သူတွေအကုန်လုံး သေသွားလောက်ပါပြီ"

မြေပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသားက အနည်းငယ် တုန်ယင်နေသော အသံဖြင့် ပြောဆိုလိုက်လေသည်။

"ဟက်... သူတို့ အကုန်လုံး သေသွားကြပြီ... မဟာသူတော်စင် တစ်ယောက် ဒါမှမဟုတ် သူတော်စင်ဘုရင် အနည်းငယ်ကို သတ်ဖို့ဆိုရင် ပြိုင်ဘက်က မဟာသူတော်စင်အဆင့် တန်ခိုးရှင် အနည်းဆုံး နှစ်ယောက် သုံးယောက်လောက် စေလွှတ်ဖို့ လိုလိမ့်မယ်"

"အဲဒီလို လုပ်နိုင်တဲ့ ခွန်အားရှိတယ်လို့ မင်း ထင်တဲ့သူက ဘယ်သူလဲ... ဘယ်သူက လှုပ်ရှားမှာလဲ"

သူ၏ လက်အောက်ငယ်သားက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားလိုက်၏။

"တကယ်လို့ သူတို့က ထန်ကျင်းနဲ့ တခြားသူတွေကို သတ်ချင်တယ်ဆိုရင် ထန်ကျင်းရဲ့ ခွန်အားကို သူတို့ သိထားရမယ်... ပြီးတော့ ကြိုတင်ကြံစည်ပြီး လှုပ်ရှားခဲ့ရမယ်... သူတို့ရဲ့ ပစ်မှတ်က ထန်ကျင်းနဲ့ သူရဲ့ အဖွဲ့ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်"

"ထန်ကျင်းနဲ့ တခြားသူတွေ မဟုတ်ဘူးဆိုရင် ပစ်မှတ်က ယဲ့လင်းရွှမ် ဖြစ်မှာ မဟုတ်လား"

သူ၏ လက်အောက်ငယ်သားများက ပေါ်ပေါ်တင်တင် မပြောခဲ့သော်လည်း သူတို့တွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခု ရှိနေခဲ့လေသည်။

"ယဲ့လင်းရွှမ် လက်ထဲက သော့ရဲ့ တန်ဖိုးကို သိပြီးမှသာ ထန်ကျင်းနဲ့ တခြားသူတွေကို သူက တိုက်ခိုက်ခဲ့တာလား... ဝိညာဉ်ခန်းမက လူတစ်ယောက်များ ဖြစ်နေမလား"

"ကျွန်တော် မသိပါဘူး"

အမျိုးသားက ခေါင်းငုံ့လိုက်၏။

"ဒါပေမဲ့ ဒီကိစ္စကို ဝိညာဉ်ခန်းမက စီစဉ်ထားတာဖြစ်လိမ့်မယ်... သူတို့နဲ့ ဆက်နွယ်နေမယ်ဆိုတာကတော့ သေချာတယ်။ ဘာလို့လဲဆိုတော့ ဝိညာဉ်ခန်းမက မှလွဲပြီး သော့တွေရဲ့တန်ဖိုးကို ဘယ်အဖွဲ့အစည်းမှ မသိနိုင်ဘူး။”

"သွေးနတ်ဆိုးဂိုဏ်းနဲ့ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းရဲ့ သော့တွေက ငါတို့လက်ထဲမှာ ရှိနေပြီလေ... မဟာနတ်ဆိုးဂိုဏ်း သော့က အရေးအကြီးဆုံးပဲ… ‌မဟာနတ်ဆိုးဂိုဏ်းရဲ့ သော့ကို ထန် မိသားစုလက်ထဲ ထားပေးတာတောင် ဝိညာဉ်ခန်းမက ဘာကြောင့် လုပ်သလဲဆိုတာကတော့ နားမလည်စရာပဲ”

"ဘာပဲဖြစ်ဖြစ်... ဝိညာဉ်ခန်းမကလုပ်တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်... အဲဒီကောင်တွေက ငါတိုထက် အရင်သာချင်နေတဲ့သူတွေပဲလေ"

"ငါတို့ ထန်မိသားစုနဲ့ တန်းတူ အဆင့်ရချင်တယ် ဟုတ်လား... ဟက်... အဲဒါက စိတ်ကူးယဉ်နေတာပဲ... ငါတို့ ထန်မိသားစုက ခွေးတွေကိုပဲ လိုအပ်တာ... ဘယ်လို မိတ်ဖက်မျိုးကိုမှ မလိုဘူး"

"ပြင်ဆင်လိုက်... ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က ပုန်းကွယ်နဂါးအဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ဖို့ လုပ်နေတာ မဟုတ်ဘူးလား... ဒီပုန်းကွယ်နဂါးအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ် နေရာကို ငါ ထန်ဟောက် လိုချင်တယ်"

"ဒီကမ္ဘာရဲ့ ကောင်းကင်တာအို ကံကြမ္မာက ငါ ထန်ဟောက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ သတ်မှတ်ထားပြီးသားပဲ"

"အမိန့်အတိုင်းပါ... ချက်ချင်း စီစဉ်လိုက်ပါ့မယ်"

အမျိုးသား ထွက်သွားပြီးနောက် သူ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေသည်။ ဤသခင်လေးသည် ခန့်မှန်းရ အလွန် ခက်ခဲလွန်းလှပေ၏။ အကယ်၍ ထန်ဟောက်ကို ဒေါသထွက်စေရန်နှင့် ကြိုတင် သတ်ဖြတ်ရန် အလှမယ် တစ်ဒါဇင်ခန့်သာ မရှိခဲ့ပါက ယနေ့တွင် သူ သေဆုံးသွားခြင်း မရှိလျှင်ပင် အရှင်လတ်လတ် အရေခွံခွာခံရမည် ဖြစ်လေသည်။

လမ်းလျှောက်နေသော ချင်လော့သည် စစ်သူကြီး ကျန်းတိုထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့၏။

"အရှင်မင်းသား... အိမ်ရှေ့စံမင်းသားက သူ့ရဲ့ အတွင်းလူဆီ သတင်းစကား ပို့ပြီး အရှင်မင်းသားရဲ့ ရှိရာအရပ်ကို အတည်ပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်"

"စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ငါတို့ စစ်တပ်ထဲမှာ တခြား သတင်းပေး အနည်းငယ်ကို တွေ့ရှိခဲ့ပါတယ်... မကြာသေးခင်က ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ အပြင်ဘက်မှာ သူစိမ်းတွေ ပုန်းကွယ်နေတာကို တွေ့ရပါတယ်... သူတို့က သတင်းအချက်အလက် တချို့ကို စုဆောင်းနေတာ ဖြစ်ရမယ်"

"အစ်ကိုကြီးက ငါ့ကိုလည်း တိုက်ခိုက်ချင်နေတာလား"

ချင်လော့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်း တော်ဝင်မိသားစုမှာ မိသားစု သံယောဇဉ် ဆိုတာ မရှိဘူးပဲ... အဲဒီ ရာထူးအတွက် မောင်နှမတွေက ရန်သူတွေ ဖြစ်သွားကြတာပဲ"

"သူ့ကို ထောက်လှမ်းရေးသတင်းတွေ ဖြန့်ခိုင်းလိုက်... ပြီးတော့ ထိုက်ရွှီမြင့်မြတ်နယ်မြေ အနီးတစ်ဝိုက်မှာ ငါ ကင်းလှည့်နေတယ်လို့ အစ်ကိုကြီးကို ပြောလိုက်"

နှစ်ရက်အကြာတွင် ချင်လော့သည် ထိုက်ရွှီးခံတပ် တည်ဆောက်ရေး လုပ်ငန်းခွင်၌ ပေါ်ပေါ်တင်တင် ပေါ်လာခဲ့၏။ လူအများအပြားက သူ့ကို မြင်တွေ့ခဲ့ကြပြီး သတင်းကို တိတ်တဆိတ် ဖြန့်ဝေခဲ့ကြလေသည်။

ခဏအကြာတွင် အင်အားစု အများအပြားက ထိုက်ရွှီးခံတပ်ရှိ ချင်လော့အကြောင်း ထောက်လှမ်းရေးသတင်းများကို သိရှိသွားကြပေသည်။

ခရမ်းရောင်မိုးကောင်းကင်

မြင့်မြတ်နယ်မြေတွင် လီတောက်ယွမ်က အစည်းအဝေးတစ်ခုကို အထူး ခေါ်ယူခဲ့ပြီး တက်ရောက်လာသော အဖွဲ့အစည်းများထဲတွင် ယခင်က ချင်ရှောင် ဖိနှိပ်ခဲ့သော အဖွဲ့အစည်း အချို့လည်း ပါဝင်ခဲ့လေသည်။

"အားလုံးပဲ... ချင်လော့က ငါ့တို့ရဲ့ တောင်တန်းတစ်သောင်းနယ်မြေမှာ ထပ်ပြီး ပေါ်လာပြန်ပြီ"

လီတောက်ယွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

"အဲဒီ ကောင်စုတ်လေးက ထပ်ပြီး ပြန်လာပြန်ပြီ... သူ့ကို သတ်ပစ်ရမယ်" ဒီတစ်ကြိမ်တော့ သူ့ကို သေချာပေါက် သတ်ရမယ်"

"ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက အဲဒီ ကောင်စုတ်လေးကြောင့် ပျက်စီးသွားတယ်လို့ ငါ ကြားတယ်... ဆရာလီ... ဒီအကြောင်းက အမှန်ပဲလား"

လီတောက်ယွမ်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။

"ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ တင်မကဘူး... ထျန်းဖုန်းမြင့်မြတ်နယ်မြေ၊ ယွင်လန်မြင့်မြတ်နယ်မြေနဲ့ တခြား အဖွဲ့အစည်းတွေ အားလုံးက ဒီကောင်စုတ်လေးရဲ့ လက်ချက်နဲ့ ပျက်စီးသွားတာပဲ"

"အဲဒီချင်လော့က ငါ့တို့ရဲ့ တောင်တန်းတစ်သောင်းနယ်မြေမှာ မရေမတွက်နိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်... ငါတို့ရဲ့ ကလေးတွေနဲ့ မျိုးဆက်တချို့က သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်... တကယ်လို့ ငါတို့က ချင်လော့ကို မသတ်ဘူးဆိုရင် ငါတို့ရဲ့ မျက်နှာကို ဘယ်နားသွားထားရမှာလဲ... တကယ်လို့ ငါတို့က ချင်လော့ကို မသတ်ဘူးဆိုရင် ငါတို့ နှလုံးသားထဲက အမုန်းတရားတွေက ဘယ်တော့မှ ပြေပျောက်သွားမှာလဲ"

"ငါ လီတောက်ယွမ်က ထိုက်ရွှီမြင့်မြတ်နယ်မြေကို အစွမ်းကုန် တိုက်ခိုက်ဖို့နဲ့ ချင်လော့ကို သတ်ဖို့အတွက် ငါ့ရဲ့ ခရမ်းရောင်မိုးကောင်းကင်မြင့်မြတ်နယ်မြေ တစ်ခုလုံးကို မြှုပ်နှံထားမှာပါ"

အခြားသူ အနည်းငယ်ကသာ တုံ့ပြန်ခဲ့ကြ၏။ ချင်လော့က သေချာပေါက် မုန်းတီးစရာ ကောင်းသော်လည်း ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေတွင် မဟာသူတော်စင်အဆင့်ရှိ တန်ခိုးရှင်များ ရှိပြီး သူတို့ အားလုံးမှာ ချင်လော့၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရလေသည်။ ထိုအချက်ကပင် ချင်လော့၏ ဘေးတွင် မဟာသူတော်စင် တစ်ယောက် ရှိနေကြောင်း သက်သေပြနေပေ၏။

လီတောက်ယွမ်သည် သူ ဤလူများကို အနည်းငယ် အထင်သေးမိကြောင်း ကောင်းစွာ သိရှိထားသော်လည်း သူတို့၏ အကူအညီကို လိုအပ်နေသေးသဖြင့် သဘာဝကျကျ ထုတ်ဖော်ပြသမည် မဟုတ်ချေ။

"မကြာသေးခင်က ငါရဲ့သိုင်းဦးလေး မဟာသူတော်စင်အဆင့်ကို တက်လှမ်းခဲ့တယ်... ဒီတိုက်ပွဲမှာ သူ လှုပ်ရှားလိမ့်မယ်"

"ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရဲ့ မြူခိုးမြင့်မြတ်နယ်မြေက ထိုက်ရွှီမြင့်မြတ်နယ်မြေကို တိုက်ခိုက်ဖို့ မဟာသူတော်စင် တစ်ယောက်ကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ"

"ရွှမ်ထျန်းတာအိုဂိုဏ်းကလည်း ထိုက်ရွှီမြင့်မြတ်နယ်မြေကို တိုက်ခိုက်ဖို့ မဟာသူတော်စင် တစ်ယောက်ကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ"

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခြားသူများက စတင် လှုပ်ရှားလာကြလေသည်။

"ဒါ့အပြင် မဟာချင်အင်ပါယာ အတွင်းမှာ ချင်လော့ကို သေစေချင်တဲ့သူတွေ အများကြီး ရှိတယ်"

"အနည်းဆုံး မဟာသူတော်စင်နှစ်ယောက်က လျှို့ဝှက်ကူညီလိမ့်မယ်လို့ သတင်းပို့ခဲ့တယ်"

"အားလုံးပဲ... ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းရေး သတင်းတွေအရ ချင်လော့ရဲ့ ဘေးမှာ မဟာသူတော်စင် နှစ်ယောက်ပဲ ရှိတယ်... တစ်ယောက်က စုချန်ချန် ဖြစ်ပြီး နောက်တစ်ယောက်က နောင်တဓားချောက်ကမ်းပါးက ယဲ့လန် ဖြစ်နိုင်တယ်"

"ငါတို့ဘက်မှာ အနည်းဆုံး မဟာသူတော်စင်အဆင့် တန်ခိုးရှင် သုံးယောက် ရှိတယ်... မဟာချင်အင်ပါယာ အတွင်းမှာ သူတို့ကို နောက်ကျောကနေ ဓားနဲ့ထိုးမယ့် မဟာသူတော်စင် နှစ်ယောက် ရှိတယ်"

"ငါတို့ရဲ့ ပေါင်းစပ်ထားတဲ့ တိုက်ခိုက်ရေးစွမ်းအားက အနည်းဆုံး မဟာသူတော်စင်အဆင့် တန်ခိုးရှင် နှစ်ယောက် သုံးယောက်နဲ့ ညီမျှတယ်"

လူတိုင်း၏ မျက်လုံးများ ပို၍ပင် တောက်ပလာခဲ့၏။ မည်သို့ပင် ကြည့်ကြည့် ဤတိုက်ပွဲက အနိုင်ရမည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်သာ ဖြစ်လေသည်။ အကယ်၍ ကလဲ့စားချေနိုင်ပြီး အကျိုးအမြတ် ရနိုင်မယ်ဆိုရင် အရူးတစ်ယောက်ကသာ မသွားဘဲ နေလိမ့်မည်။

"ဒီတိုက်ပွဲမှာ အသာစီးရတာက ငါတို့ပဲ... ချင်လော့ကတော့ သေရလိမ့်မယ်"

လီတောက်ယွမ်က ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်လေသည်။

All Chapters