← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) တွမ့်မုလင်က နောက်ထပ် ထောက်လှမ်းရေးသတင်း ပေးပို့လာခြင်း၊ ရန်သူတစ်ဦးကို အရင်ဆုံး ဖိနှိပ်ခြင်း

ဓားလမ်းစဥ်ကို ကျင့်ကြံပြီး မြို့တစ်မြို့လုံးကို သတ်ဖြတ်ခဲ့သော ဓားရူးတစ်ယောက် ရှိခဲ့ဖူးသည်ဟု ဆိုကြလေသည်။ သူ ဖန်တီးခဲ့သော ဓားသည် ကြမ်းကြုတ်သော ဓားတစ်လက် ဖြစ်လာပြီး နတ်ဆိုးပိတ်လှောင်တောင်တန်း အတွင်းတွင် ကျွမ်းကျင်သူ အများအပြား၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပေ၏။

နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး ဤသည်မှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်လာခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ဓားရူး၏ ကြမ်းကြုတ်သော ဓားဟုခေါ်ဆိုသည့်အရာကို မတွေ့ရှိခဲ့ရသောကြောင့် ဖြစ်ပေသည်။

ချူဖုန်းသည် တံဆိပ်ကို ဖွင့်ရန် သော့ကို ကိုင်ဆောင်ထားသောကြောင့် ဖန်ရှောက်ပင်ပင် ချူဖုန်း၏ ကံကောင်းမှုကို အံ့သြမဆုံး ဖြစ်နေခဲ့လေသည်။

"ကံကြမ္မာသားတော်... တကယ့်ကို ထူးခြားတယ်... ငါ ဒီလောက် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာတောင် အတားအဆီးကို မကျော်နိုင်ခဲ့ဘူး… တခြားသူရဲ့ ခန္ဓာကိုယ်ကို လုယူပြီး အစကနေ ပြန်စရုံပဲ တတ်နိုင်တော့တယ်"

"ဒါပေမဲ့ အဲဒီ ချူဖုန်းက ပါရမီပါပေမဲ့ ပိုပြီး ကောင်းကင်ကိုဆန့်ကျင်တဲ့ ချင်လော့နဲ့ ကြုံတွေ့ခဲ့ရတယ်... ကံကြမ္မာတန်ဖိုးတွေကို ချင်လော့က စုပ်ယူသွားလောက်ပြီ"

"ချင်လော့ဆီမှာ မင်းရဲ့ကံကြမ္မာတန်ဖိုး ဘယ်လောက်တောင် များနေလဲ ဆိုတာကို ငါ ကြည့်ချင်သေးတယ်"

ဖန်ရှောက်ပင် စကားပြောနေစဉ် အလင်းတန်းတစ်ခုက သူ၏ မျက်လုံးများတွင် လင်းလက်သွားပြီး နက်ရှိုင်းသော နေရာတွင် လောဘ အရိပ်အယောင် တစ်ခု ရှိနေခဲ့လေသည်။

သူက နှုတ်ခမ်းကို သပ်လိုက်၏။

"ကံကြမ္မာရဲ့ စွမ်းအားက ကြီးမားတဲ့ အားဖြည့်ဆေး တစ်ခွက်ပဲ... အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်ကျရင် ငါက ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံး ကံကြမ္မာသားတော် ဖြစ်လာမှာပဲ"

'ဘုန်း!'

သူ၏ ဦးခေါင်းအထက်တွင် ကံကြမ္မာစွမ်းအားများ ပေါ်လာခဲ့လေသည်။ ပြင်းထန်မှု မရှိသော်လည်း လက်ရှိ ချူဖုန်းထက် အများကြီး သာလွန်နေပေ၏။

သူက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ကျင့်ကြံမှသာ ကံကြမ္မာစွမ်းအား၏ သိပ်သည်းဆကို ခံစားသိရှိနိုင်လေသည်။

‘ခန္ဓာကိုယ်လုယူထားတဲ့ ကံကြမ္မာသားတော်... သူက တကယ့်ကို ခက်ခဲခဲ့တယ်... ဒါပေမဲ့ အခုတော့ သူက ကံကြမ္မာသားတော် ဖန်ရှောက်ပင် ဖြစ်နေပြီလေ’

ကံကြမ္မာသားတော်ကသာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို လုပ်ဆောင်နိုင်ပြီး ကံကြမ္မာစွမ်းအားကို ခိုးယူခံရပေ၏။ သူက လျှို့ဝှက်ပညာရပ် တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး ဤဘဝတွင် နောက်ဆုံးတော့ အသုံးချရန် နေရာတစ်ခု ရရှိခဲ့လေပြီ။

ချူဖုန်းက နတ်ဆိုးဓားကို ကျွမ်းကျင်စွာ တတ်မြောက်မှုက ဖန်ရှောက်ပင် မျှော်လင့်ထားသည်ထက် ပိုမြန်ဆန်ခဲ့၏။ ချူဖုန်းက သူတော်စင်အဆင့်သို့ ခုန်တက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သလို အမှောင်ထဲတွင် သူ ပုန်းအောင်းထားသော သူတော်စင်ကိုလည်း တွေ့ရှိသွားခဲ့လေသည်။ တစ်ဖက်လူကို သတ်လုနီးပါးပင် ဖြစ်သွားခဲ့ပေသည်။

ထို့နောက် ချူဖုန်းက ပျောက်ကွယ်သွားပြီး တစ်ရက်လုံး ပျောက်ကွယ်သွားခဲ့၏။

ထိုနေ့တွင် တွမ့်မုလင်က ချူဖုန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး အတင်းအကျပ် လုယူရန် ကြိုးစားခဲ့လေသည်။

သို့သော် အဆုံးတွင် အရာအားလုံးက မအောင်မြင်ခဲ့ချေ။ ကံကောင်းထောက်မစွာဖြင့် သတင်းကောင်းကတော့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပေ၏။

ချင်လော့က သတင်းကို လက်ခံရရှိပြီးနောက် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်လေသည်။

"ထိုပါယန်၊ လီမို၊ ယဲ့လန်... ငါနဲ့ လိုက်ခဲ့"

"အဘိုး... အဘိုးက ထိုက်ရွှီးခံတပ်ကို စောင့်ကြပ်ထားပေးပါ... တကယ်လို့ တစ်ယောက်ယောက်က တိုက်ခိုက်ရဲရင် သူတို့ကို ငါ့အတွက် သတ်ပစ်လိုက်ပါ"

ကောင်းကင်တာအိုမဟာမိတ်အဖွဲ့သည် ထိုက်ရွှီးခံတပ်နှင့် မဝေးလှသော နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး အချိန်မရွေး တိုက်ခိုက်မှု စတင်ရန် အသင့်ဖြစ်နေခဲ့လေပြီ။

ဤအရေးကြီးသော အချိန်တွင် တွမ့်မုလင်က သတင်းတချို့ကို လက်ခံရရှိခဲ့၏။

ဖန်ရှောက်ပင်၏ ဘက်တွင် မဟာသူတော်စင်အဆင့် တန်ခိုးရှင် နှစ်ယောက် မဟုတ်ဘဲ သုံးယောက် ရှိနေခြင်းပင်။

မဟာသူတော်စင်အဆင့် တန်ခိုးရှင် တစ်ယောက်လည်း ရှိပြီး ပထမမင်းသား၏ လူ ဖြစ်လေသည်။

ချန်ထုန်သည် အရင်က မဟာချင်အင်ပါယာရဲ့ တောင်ပိုင်းနယ်စပ်က ဒုစစ်သူကြီးတွေထဲက တစ်ယောက် ဖြစ်ပြီး ဒုတိယမင်းသား လုပ်ကြံခံရသည့် ကိစ္စတွင် ပါဝင်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြသည်။

ထို့ကြောင့် သူ ရာထူးကနေ ထုတ်ပယ်ခံရပြီးတဲ့နောက်မှာ အိမ်ထဲ၌သာ အလုပ်မရှိ အကိုင်မရှိ နေခဲ့ရသည်။

ယခုမှသာ လူတိုင်း သိလိုက်ကြသည်။

သူသည် ပထမမင်းသား၏ လူဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒုတိယမင်းသားကို လုပ်ကြံရန် တောင်ပိုင်းနယ်မြေနှင့် ပူးပေါင်းခဲ့သည်ဆိုသော စွပ်စွဲချက်မှာ အမှန်ဖြစ်နေခဲ့သည်။

သူက ကြိုတင်ရောက်ရှိနေပြီး မဟာချင်အင်ပါယာနဲ့ တောင်တန်းတစ်သောင်းနယ်မြေ နယ်စပ်က မြို့တစ်မြို့ထဲမှာ ရှိနေလေသည်။

ထိုက်ရွှီးခံတပ်သာ မရှိလျှင် ဤမြို့ကို ကောင်းကင်တာအိုမဟာမိတ်အဖွဲ့အား ကာကွယ်ရန် ခံတပ်အဖြစ် တည်ဆောက်ခဲ့မည် ဖြစ်ပေ၏။

ရှို့ယန်မြို့တွင် ချန်ထုန်သည် ဝိုင်အနည်းငယ် သောက်ကာ ကောင်မလေး တစ်ယောက်နှင့် ကစားရင်း ပျော်ရွှင်စွာ အချိန်ဖြုန်းနေခဲ့လေသည်။

“အိမ်ရှေ့မင်းသားက အတော်ကို သတိထားလွန်ပါလား။”

“ ချင်လော့ကို ဒီလောက်တောင် ကြောက်ဖို့ လိုလို့လား”

သူ့အမြင်တွင် ပထမမင်းသားက ချင်‌လော့ကို အလွန်အကျွံ အရေးထားနေခြင်းသာ ဖြစ်သည်။

ချင်လော့ကို သတ်ရန် အိမ်ရှေ့စံမင်းသားက သူ့ကို ထိုက်ရွှီးခံတပ်သို့ စေလွှတ်လိမ့်မည်ဟု ချန်ထုန် မမျှော်လင့်ထားခဲ့ချေ။

ထို့အပြင် မဟာသူတော်စင်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။

ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က သူနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် တခြား အဖွဲ့အစည်း တစ်ခုက မဟာသူတော်စင်အဆင့် တန်ခိုးရှင် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် စေလွှတ်မယ်လို့ ပြောလေသည်။

အိမ်ရှေ့မင်းသားက ချင်လော့ကို အထင်ကြီးလွန်းနေသည်ဟု သူ ခံစားရပေသည်။

အရင်က ဒုတိယမင်းသားကို သတ်စဉ်က သူနဲ့ တောင်ပိုင်းနယ်စပ်က မဟာသူတော်စင်အပါအဝင် သုံးယောက် ရှိခဲ့သည်။ သူတို့က ဒုတိယမင်းသားကို သတိထား၍ တိုက်ခိုက်ခဲ့ရာ အောင်မြင်ဖို့ သီသီလေးပဲ လိုတော့သော်လည်း

မမျှော်လင့်ဘဲ မဟာသူတော်စင် တစ်ယောက်က ဒုတိယမင်းသားကို တိတ်တဆိတ် ကာကွယ်ပေးနေပြီး သူ့ကို ကယ်တင်ဖို့ အသက်စွန့်ခဲ့လေသည်။

နောက်ဆုံးမှာတော့ သူတို့ဟာ အောင်ပွဲနဲ့ လက်တစ်ကမ်းအကွာ ရောက်မှ ရှုံးနိမ့်သွားခဲ့ရသည်။

‘ချင်လော့နဲ့ ပတ်သက်ပြီးတော့ သူ့ဘေးတွင် မဟာသူတော်စင် နှစ်ယောက် ဒါမှမဟုတ် သုံးယောက်လောက်ပဲ ရှိတာ မဟုတ်ဘူးလား... ချထားတဲ့ တပ်ဖွဲ့က တကယ့်ကို ကြီးကျယ်ခမ်းနားလှတယ်…’’

ချန်ထုန်က သူတို့ မဟာသူတော်စင်အဆင့်ကို ကျော်လွန်နေရင်တောင် တိုက်ခိုက်သူ ဤမျှလောက် များပြားနေရင် သူတို့ ဒူးထောက်ရမှာပဲလို့ ခံစားရပေ၏။

ချင်လော့က မြို့ရိုးပေါ်မှာ မပေါ်လာခဲ့သော်လည်း စုချန်ချန်မှာ ဤနေရာမှာ ရှိနေဆဲဖြစ်သည်။ တိတ်တဆိတ် စောင့်ကြည့်နေတဲ့ အင်အားစုတွေက ဘာမှ ထူးခြားတာကို သတိမထားမိခဲ့ကြပေ။

ရှို့ယန်မြို့ဆိုတာက အရမ်း နီးနေတာပဲလေ...

ချူဖုန်း သတိပြန်လည်လာချိန်၌ သူ ပျောက်ဆုံးသွားခဲ့သော နေ့ရက်မှ အရာတစ်ခုကိုမျှ ပြန်လည် မမှတ်မိနိုင်တော့ချေ။

သို့သော် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး သူ၏ ကျင့်ကြံမှုကို အလွန် တိုးတက်လာစေခဲ့သဖြင့် သူ အလွန် ယုံကြည်မှု ရှိနေခဲ့လေသည်။

"တွမ့်မုလင်... ငါ ချင်လော့ကို သတ်ပြီးရင် မင်းရဲ့ ပြဿနာကို လုံးဝ ဖြေရှင်းပစ်မယ်"

"ခန္ဓာကိုယ် တစ်ခုတည်းက ဝိညာဉ် နှစ်ခုကို လက်မခံနိုင်ဘူး"

'ဘုန်း!' သူ၏ အသိစိတ်ပင်လယ်အတွင်း၌ အားကောင်းသော ဝိညာဉ်စွမ်းအားက တွမ့်မုလင်အပေါ်သို့ ဖိနှိပ်လာခဲ့ပြီး သူ၏ အမူအရာကို အထူးပင် မှုန်ကုပ်သွားစေခဲ့၏။

"အခွင့်အရေး တစ်ခုတည်းပဲ ရှိတယ်... ဝိညာဉ်တစ်သောင်းအလံနဲ့ဆိုရင် အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ငါ ထင်တယ်"

"ဒါက ငါ အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ"

ဝိညာဉ်တစ်သောင်းအလံ အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းမှု အကြောင်းကို သူ ချူဖုန်းအား ဘယ်တုန်းကမှ မပြောပြခဲ့ဖူးချေ။ အနည်းဆုံးတော့ မဟာသူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိသော ကြွင်းကျန်ရစ်သည့် ဝိညာဉ် တစ်ယောက် ရှိနေလေသည်။

ချင်လော့၏ အင်အားမှာ လုံးဝ မအားနည်းချေ။ အကယ်၍ သူက အခြေအနေကို မပြောင်းလဲနိုင်လျှင်တောင် ချင်လော့ကို ဖိနှိပ်ရန်မှာ ဤမျှလောက် မလွယ်ကူလှပေ။

ဤအခိုက်အတန့်တွင် ချင်လော့နှင့် လီမိုတို့သည် ရှို့ယန်မြို့ အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

“လူသားဧကရာဇ်အလံ၊ သူ့ကို ဖိနှိပ်လိုက်စမ်း!”

ချင်လော့က ချန်ထုန်ကို ရှာဖွေရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ သူက လူသားဧကရာဇ်အလံကို ဆင့်ခေါ်လိုက်ပြီး ရှို့ယန်မြို့ တစ်မြို့လုံးကို လွှမ်းခြုံထားလိုက်၏။

"ရန်သူ လာတိုက်နေပြီ"

သူတော်စင်အဆင့်ရှိ တန်ခိုးရှင် အနည်းငယ်က ချက်ချင်း သတိပြုမိသွားပြီး လူသားဧကရာဇ်အလံ၏ လွှမ်းခြုံမှုမှ လွတ်မြောက်ရန် လေထဲသို့ ခုန်တက်သွားကြလေသည်။

အထူးသဖြင့် အမြန်ဆုံး တုံ့ပြန်ခဲ့သော ချန်ထုန်ပင် ဖြစ်ပေ၏။ သူက တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားမိလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ရွှေ့ကာ လူသားဧကရာဇ်အလံ၏ လွှမ်းခြုံမှုမှ ရှောင်တိမ်းသွားခဲ့လေသည်။

"သူ ထွက်လာပြီ!"

ယဲ့လန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမက ချန်ထုန်ဆီသို့ မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ပြေးဝင်သွားခဲ့၏။

ထိုပါယန်နှင့် လီမိုတို့က တုံ့ဆိုင်းမနေဘဲ နောက်မှ ကပ်လျက် လိုက်ပါသွားကြလေသည်။

‘ဝှစ်... ဝှစ်... ဝှစ်…’

မဟာသူတော်စင် သုံးယောက်က လှုပ်ရှားလိုက်သဖြင့် ချန်ထုန် လုံးဝ ကြက်သေသေသွားခဲ့ပေသည်။

"အားလုံးပဲ... နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေလား"

ဤလူများက သူ့ဆီသို့ လာနေကြောင်း မြင်တွေ့လိုက်ရသဖြင့် ချန်ထုန်က အလျင်အမြန် ပြောဆိုလိုက်၏။

"နားလည်မှုလွဲတာ မရှိပါဘူး ချန်ထုန်... မင်းက မဟာချင်အင်ပါယာရဲ့ မင်းသားတွေကို အန္တရာယ်ပေးဖို့ ရည်ရွယ်နေတာပဲ... မင်းရဲ့ ပြစ်မှုက သေသင့်တယ်"

ချင်လော့၏ အသံက ချန်ထုန်၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့ကို ချက်ချင်း နားလည်သွားစေခဲ့လေသည်။

သူ၏ တည်နေရာကို ပေါက်ကြားသွားခဲ့ပြီဖြစ်ပြီး ချင်လော့က သူ့ကို ဝိုင်းရံသတ်ဖြတ်ရန် လူများ စေလွှတ်လိုက်ခြင်း ဖြစ်ပေ၏။

"ကျစ်... ငါသာ သိခဲ့ရင် စောစော မလာခဲ့ဘူး"

ချန်ထုန်က စကားဆက်မပြောတော့ဘဲ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ယဲ့လန်နှင့် အခြားနှစ်ဦးက သူ့အတွက် လမ်းတစ်လမ်းတည်းကိုသာ ချန်ထားပေးခဲ့လေသည်။ ချင်လော့၏ ဦးတည်ရာပင် ဖြစ်ပေ၏။

"အဲဒါ ချင်လော့လား"

"လှည့်ကွက်တစ်ခု ရှိနေသလား... ဒါပေမဲ့ ချင်လော့က ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ထားရင်တောင် သာမန် လိုဏ်ဂူကောင်းကင်အဆင့်က ငါ့ရှေ့မှာ ဒူးထောက်ရဦးမှာပဲ"

‘ဝှစ်!’ ချန်ထုန်က ချင်လော့ဆီသို့ ပြေးဝင်သွားခဲ့၏။

"ချင်လော့... မဟာသူတော်စင် တစ်ယောက်က တကယ်ပဲ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ဆိုတာကို မင်း သိရဲ့လား"

ချင်လော့က ချန်ထုန်ကို သူ၏ ထောင်ချောက်ထဲသို့ တည့်မတ်စွာ ဝင်လာစေရန် စောင့်ဆိုင်းရင်း လူသားဧကရာဇ်အလံကို ပြင်ဆင်ထားပြီး ဖြစ်လေသည်။

သူက ရယ်မောလိုက်၏။

"သေချာတာပေါ့... အဲဒါက ငါ သိပါတယ်"

"ဒါပေမဲ့ မဟာသူတော်စင် တစ်ယောက်က ကြောက်စရာကောင်းတယ်လို့ မင်း ထင်နေတာလား... ဒါမှမဟုတ် မဟာသူတော်စင် အုပ်စုတစ်စုက ကြောက်ဖို့ကောင်းလား"

ချန်ထုန်က လူသားဧကရာဇ်အလံအတွင်းသို့ တက်လှမ်းလိုက်ပြီး နောက်တစ်စက္ကန့်တွင် ချင်လော့ ဆိုလိုသည်ကို သူ အတိအကျ နားလည်သွားခဲ့ပေသည်။

သူ့ရှေ့တွင် မဟာသူတော်စင် ကြွင်းကျန်ရစ်သော ဝိညာဉ် အုပ်စုတစ်စု ရှိနေလေသည်။

All Chapters