← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆) စစ်ပွဲစတင်ခြင်း၊ သူက ဘာလဲ

ချန်ထုန်မှာ ချက်ချင်းပင် ဒူးထောက်သွားခဲ့လေသည်။ ‘သူ လုံးဝ မနိုင်နိုင်ဘူးလေ! လုံးဝ မနိုင်နိုင်ဘူး!’

သူ၏ဝိညာဉ်ကို ထုတ်ယူပြီးနောက် ချင်လော့က သူ၏ခန္ဓာကိုယ်ကို ရုပ်သေးရုပ်အဖြစ် အမြန်ဆုံး သန့်စင်လိုက်၏။

ဤတစ်ကြိမ်တွင် ချန်ထုန်ကို အချိန်တိုအတွင်း သန့်စင်ရန်အတွက် ချင်လော့က အရင်းအမြစ် တော်တော်များများ သုံးစွဲခဲ့ရပေသည်။

"ကောင်းပြီ... မင်း တောင့်ခံနိုင်သေးရင် မင်း မပြီးသေးတဲ့ အလုပ်တွေကို ဆက်လုပ်လိုက်ပါ"

လူသားဧကရာဇ်အလံ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်သော ချန်ထုန်၏ ဝိညာဉ်ကို ချင်လော့က ပြောဆိုလိုက်လေသည်။

ချန်ထုန်မှာ အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပေ၏။ သူ၏ ဝိညာဉ်ကို လူသားဧကရာဇ်အလံက ထိန်းချုပ်လိုက်ချိန်တွင် အများစုမှာ ပျောက်ဆုံးသွားပြီဖြစ်သော်လည်း သူက အခြေခံ စဉ်းစားနိုင်စွမ်းကိုတော့ ထိန်းသိမ်းထားနိုင်သေးလေသည်။

‘သူ၏ ခန္ဓာကိုယ်က ရုပ်သေးရုပ် ဖြစ်သွားပြီလေ... သူ တောင့်ခံထားနိုင်တာ ကောင်းပါတယ်’

‘ဒါပေမဲ့ ရုပ်သေးရုပ်လေ... သူက လူသား မဟုတ်တော့ဘူး... အဲဒီအရာက သူ့ရဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးသွားစေခဲ့တယ်’

ဘဝကြီးက အမှောင်အတိ ကျနေပြီး အလှပဆုံးအရာတွေကို မခံစားနိုင်တော့ဘူးလို့ သူ ခံစားလိုက်ရကာ သေချင်စိတ်တောင် ဖြစ်လာခဲ့ပေသည်။

ရှို့ယန်မြို့မှ အခြား သူတော်စင်အနည်းငယ်ကိုလည်း ချင်လော့က သေခြင်းရှင်ခြင်းတံဆိပ် ခတ်နှိပ်ပေးသည့် ဂုဏ်ကျေးဇူးကို ပေးအပ်ခဲ့လေသည်။ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူတို့က ဒူးထောက်ကာ ချင်လော့၏ လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုရန်သာ တတ်နိုင်တော့၏။

ရှို့ယန်မြို့မှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ ချန်ထုန်က မြို့ထဲသို့ ပြန်သွားပြီး ဝိုင်သောက်ကာ မိန်းကလေးများနှင့် ဆက်လက် ကစားနေခဲ့လေသည်။

ဤလှုပ်ရှားမှုက ချင်လော့ကို အနိုင်ရရန် အခွင့်အရေး ပိုမို ရရှိစေခဲ့ပေ၏။

တစ်ဖက်က တစ်ခု လျှော့ပြီး သူ့ဘက်က တစ်ခု ပေါင်းထည့်လိုက်သည့် ရိုးရှင်းသော သင်္ချာပုစ္ဆာတစ်ခု မဟုတ်ချေ။

အရေးကြီးတဲ့ အချိန်တွေမှာ ချန်ထုန်က လက်နက်တစ်ခုကဲ့သို့

ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်သည်။ သာမန်နောက်ကွယ်က လှည့်စားသူတစ်ယောက်အဖြစ်သာ မဟုတ်ပေ။

"ချင်လော့က တစ်ရက်လောက်ရှိပြီကို ပေါ်မလာဘူး... သူ ထွက်ပြေးသွားပြီလား"

"ငါတို့ ထပ်စောင့်လို့ မရတော့ဘူး... သတင်း အရင် သွားပို့ကြစို့"

သတင်းရရှိပြီးနောက် လီတောက်ယွမ်၏ အမူအရာက အထူးပင် မှုန်ကုပ်သွားခဲ့လေသည်။ သူက ထပ်မံ အတည်ပြုလိုက်၏။

"စုချန်ချန်က အဲ့နေရာမှာ ရှိနေသေးလား"

"မှန်ပါတယ်... စုချန်ချန်က မြို့ရိုးပေါ်မှာ ရှိနေပါသေးတယ်"

"ကြည့်ရတာ ချင်လော့က ထွက်ပြေးသွားပြီ ထင်တယ်... ပြင်ဆင်ထားကြ... ချင်လော့ရဲ့ သွေးသားရင်းချာ ဆွေမျိုးကို အရင်သတ်မယ်... မဟာသူတော်စင် တစ်ယောက် မရှိတော့ရင် ချင်လော့လည်း သိပ်ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"

သူတို့က မဟာချင်အင်ပါယာရဲ့ အတွင်းလူတွေနဲ့ အတူတူ လှုပ်ရှားဖို့ စောင့်ဆိုင်းဖို့ အစက စီစဉ်ထားခဲ့ပေမဲ့ အခုတော့ အဲဒါက မလိုအပ်တော့ဘူးလို့ ထင်ရလေသည်။

လီတောက်ယွမ်နှင့် အခြားသူများ လှုပ်ရှားတော့မည့်ဆဲဆဲတွင် ချင်လော့ ပေါ်လာခဲ့၏။

"ရပ်!... ရပ်!... ရပ်!"

"ချင်လော့က မပြေးဘူး"

"စောင့်... မဟာချင်အင်ပါယာ အတွင်းက လူတွေ အရင် လှုပ်ရှားတာကို စောင့်ပြီးမှ ချင်လော့ကို သတ်ကြစို့"

ချင်လော့က မြို့ရိုးပေါ်တွင် ပေါ်လာပြီး သူ့ဘေးရှိ စုချန်ချန်က ပြောဆိုလိုက်လေသည်။

"ငါ အခုလေးတင် သူလျှိုလုပ်နေတဲ့ ချီစွမ်းအင်ကို ခံစားမိလိုက်တယ်... မင်းသာ မြန်မြန် မပေါ်လာရင် သူတို့ လှုပ်ရှားတော့မလို့ပဲ"

"သူတို့က သီသီလေး လွတ်သွားတာပဲ... သူတို့ နှစ်ရက်လောက် ပိုပြီး အသက်ရှင်ခွင့် ရသွားတာပေါ့"

စုချန်ချန် တစ်ယောက်တည်း မဟုတ်ချေ။ သူ့ဘက်တွင် နင်တင့်ဖန်၊ ထန်ကျင်း၊ ဟွင်ယွဲ့တို့ ရှိသည်။

ကောင်းကင်တာအိုမဟာမိတ်အဖွဲ့တို့က သူတို့နှင့် ယှဉ်နိုင်သော အဆင့်တွင် မရှိခဲ့ပေ။

"မင်းဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ" စုချန်ချန်က မေးမြန်းလိုက်၏။

"ပြီးသွားပြီ... ငါးလာဟပ်တာကို စောင့်နေရုံပဲ"

"သူတို့ ရောက်လာတာနဲ့ တစ်ပြိုင်နက် အားလုံးကို တစ်ခါတည်း သတ်ပစ်ပစ်မယ်"

ဤအခိုက်အတန့်တွင် စစ်တပ်အတွင်း၌ အမျိုးသားတစ်ဦးက ချင်လော့ကို မော့ကြည့်လိုက်လေသည်။

"ပစ်မှတ်က သေချာသွားပြီ... ဒီလူက ချင်လော့လား... သူက တော်တော် ငယ်ပုံရတယ်... အင်း... အဲဒီ ချင်ဖန်နဲ့ နည်းနည်း တူတယ်"

အမျိုးသားက သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။

တစ်ချိန်တည်းမှာပင် အသံတစ်သံက ချင်လော့၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

[ကံကြမ္မာသားတော်ကို တွေ့ရှိပါသည်]

[အမည် - စုမု]

[အသက် - ၉၈]

[ကံကြမ္မာအဆင့် - တတိယအဆင့် (အဝါရောင်)]

[ကံကြမ္မာတန်ဖိုး - ၈၉,၈၀၀ မှတ်]

[ကျင့်ကြံမှုအဆင့် - သူတော်စင်ဘုရင် နောက်ဆုံးအဆင့်]

[မိတ်ဆက် - သူက ကံကြမ္မာသားတော် ဖြစ်လာဖို့ အလားအလာ မရှိပေမဲ့ အနာဂတ် ကံကြမ္မာသားတော်ရဲ့ ဘေးမှာ စွမ်းရည်ရှိတဲ့ မဟာမိတ် တစ်ယောက် ဖြစ်လာနိုင်ပါတယ်... သူက အသက် သုံးနှစ်အရွယ်ကတည်းက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်လာခဲ့ပြီး ဤနယ်ပယ်မှာ နှစ်တစ်ရာနီးပါး ရှိနေပါပြီ... လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အနေနဲ့ သူက ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး အမှားအယွင်း တစ်ကြိမ်မှ မရှိခဲ့တဲ့ ပြောင်မြောက်တဲ့ မှတ်တမ်းတစ်ခု ရှိပါတယ်... မဟာသူတော်စင် နှစ်ယောက်က သူ့လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်...]

ရိုးရိုးသားသား ပြောရလျှင် ချင်လော့က ဤကဲ့သို့ အသက်ကြီးသော ကံကြမ္မာသားတော်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင် ဖြစ်လေသည်။

“အသက်လည်း ဒီလောက်ကြီးနေပြီ၊ သူများရဲ့ သားလို အခန်းကဏ္ဍကိုတောင် ဆက်ကစားနေရတယ်ဆိုတာ မပင်ပန်းဘူးလား”

ဤသို့ပြောဆိုပြီးနောက် ချင်လော့က သူ၏ အကြည့်ကို စုမုဆီသို့ ရွှေ့လိုက်၏။

စုမုက ချင်လော့၏ အကြည့်နှင့် တိုက်ဆိုင်စွာ ဆုံမိသွားပြီးနောက် အံ့အားသင့်သွားခဲ့လေသည်။

"ငါ့ကို တွေ့သွားတာလား"

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... ငါ့ရဲ့ ချီအငွေ့အသက် ဖုံးကွယ်တဲ့ ကျင့်စဉ်က ထိပ်တန်းအဆင့်ပဲ... ပြီးတော့ ချင်လော့က သာမန် လိုဏ်ဂူကောင်းကင်အဆင့်လေးပဲလေ"

သူက ချင်လော့ကို ယုံကြည်မှုရှိစွာ ပြန်ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့် အနေရခက်မှု အရိပ်အယောင်မျှ မရှိခဲ့ချေ။

ချင်လော့လည်း အံ့အားသင့်သွားခဲ့၏။ သူက စိတ်ထဲမှ တွေးလိုက်သည်။

"အစ်ကိုကြီး... မင်းကို တွေ့သွားပြီနော် သိလား... မင်းလို လူမျိုးက ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေတုန်းပဲလား"

"ထားလိုက်ပါတော့"

ချင်လော့က စုမုကို သတ်ပစ်ချင်သည့် ဆန္ဒကို ထိန်းချုပ်လိုက်ပြီး လောလောဆယ်တွင် မည်သူ့ကိုမျှ သတိမပေးရန် ရွေးချယ်လိုက်လေသည်။

သူက အကြည့်ကို လွှဲလိုက်ပြီး ထိုက်ရွှီးခံတပ် အပြင်ဘက်သို့ အာရုံစိုက်လိုက်၏။

စုမု၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... ချင်လော့လို လိုဏ်ဂူကောင်းကင်အဆင့်လေးက ငါ့ကို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ"

သူက စစ်တပ်ထဲတွင် ဆက်လက် ပုန်းအောင်းနေပြီး သင့်လျော်သော အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့လေသည်။ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အနေဖြင့် သူက ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ ပြီးပြည့်စုံသော တိုက်ခိုက်မှု တစ်ခုသည် သူ၏ မူဝါဒများနှင့် ကိုက်ညီပေ၏။

ရှို့ယန်မြို့ အပြင်ဘက်တွင် ချန်ထုန်နှင့် ဖန်ရှောက်ပင်၏ လူများက ပူးပေါင်းလိုက်ကြပြီ ဖြစ်လေသည်။

ဖန်ရှောက်ပင်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေဖြင့် ချူဖုန်းက စုရုံးလာသော မဟာသူတော်စင် သုံးယောက်ကို ပြောဆိုလိုက်၏။

"အားလုံးပဲ... ငါတို့ရဲ့ ဒီတစ်ကြိမ် ပစ်မှတ်က ဘာလဲဆိုတာကို မင်းတို့ ကောင်းကောင်း သိထားမယ်လို့ ငါ ယုံကြည်ပါတယ်"

"အဲဒါက ချင်လော့ ဘေးနားမှာရှိတဲ့ သူအားလုံးကို သတ်ဖို့ပဲ"

"ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက် တစ်ခု ရှိတယ်... ယဲ့လန်နဲ့ သူ့တပည့်တွေကိုတော့ ငါ့အတွက် ချန်ထားခဲ့ပါ"

ချူဖုန်းက သူ၏ အခွင့်အာဏာကို အသုံးပြုကာ အင်အားကို ငှားရမ်းနေခြင်း ဖြစ်ပေသည်။ အခြားသူများက မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ မပြောခဲ့ကြချေ။

"ချင်လော့ကိုတော့ ငါသတ်မယ်"

ချူဖုန်းက ထပ်ဖြည့်ပြောဆိုလိုက်၏။

"ကောင်းပြီလေ"

ထိုသုံးဦးက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်ကာ ပြောဆိုလိုက်ကြလေသည်။

သူတို့၏ လက်များက ချင်လော့၏ သွေးများဖြင့် စွန်းထင်းသွားပါက ချင်ဧကရာဇ်၏ အာရုံစိုက်မှုကို ခံရနိုင်ပေသည်။ အကယ်၍ သူတို့က ချင်လော့ကို မသတ်ဘဲ ရှောင်လွှဲနိုင်ပါက မသတ်ခြင်းက ပိုကောင်းလေသည်။

"သွားကြစို့!"

ချူဖုန်းနှင့် အခြားသူများ ထွက်သွားပြီး အချိန်အတန်ကြာမှ ဖန်ရှောက်ပင်က ဖြည်းညင်းစွာ ရောက်လာခဲ့၏။

‘သူ ကိုယ်တိုင် ဝင်ပါဖို့လား... အဲဒါက မဖြစ်နိုင်ဘူးလေ... ချင်လော့ကို ဖိနှိပ်ထားနိုင်ပြီဆိုတာ သေချာမှသာ သူက လှုပ်ရှားမှာ... သူရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ချင်လော့ရဲ့ ကံကြမ္မာစွမ်းအားတွေကို စုပ်ယူဖို့ပဲ’

လီတောက်ယွမ်နှင့် အခြားသူများက ဖန်ရှောက်ပင်ဘက်မှ ထောက်လှမ်းရေးသတင်းကိုလည်း လက်ခံရရှိခဲ့လေသည်။

"ရန်သူက ထိုက်ရွှီးခံတပ် အနီးကို ရောက်နေပြီ... မဟာသူတော်စင်အဆင့် တန်ခိုးရှင် သုံးယောက်"

ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဘေးရှိ မဟာသူတော်စင် သုံးယောက်၏ မျက်လုံးများတွင် ထက်မြက်သော အလင်းတစ်ချက် လင်းလက်သွားခဲ့၏။

"ကြည့်ရတာ မဟာချင်အင်ပါယာက အူတိုင်အထိ ပုပ်ပွနေပြီ ထင်တယ်...ဒါက အကောင်းဆုံးပဲ... ငါတို့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က ထိုက်ရွှီးခံတပ်ကို သိမ်းပြီးတာနဲ့ ငါတို့ တည့်တည့် ဝင်သွားလို့ ရပြီ"

လီတောက်ယွမ်က လှောင်ပြောင်ကာ ပြောဆိုလိုက်လေသည်။

"မဟုတ်ဘူး... တကယ်လို့ ငါတို့က မဟာချင်အင်ပါယာကို တိုက်ခိုက်ရဲရင် ငါတို့ရဲ့ မဟာမိတ်တွေက ချက်ချင်း ရန်သူတွေ ဖြစ်သွားလိမ့်မယ်"

မြူခိုးမြင့်မြတ်နယ်မြေ၏ နတ်ဘုရားမက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"မှန်တယ်... ချင်လော့ကို အရင်သတ်... ဒီလူက ပြောင်းလဲနိုင်တဲ့သူပဲ"

ရွှမ်ထျန်းတာအိုဂိုဏ်း၏ မဟာသူတော်စင်က ပြောဆိုလိုက်သည်။

"ကောင်းပြီလေ... တိုက်ကြစို့"

'ဘုန်း!' 'ဘုန်း!' ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က စတင် လှုပ်ရှားလာပြီး ကျိုင်းကောင်အုပ်များကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားကာ ထိုက်ရွှီမြင့်မြတ်နယ်မြေဆီသို့ ဟိန်းဟောက်ရင်း ပြေးဝင်သွားကြလေသည်။

"ရန်သူ လာတိုက်နေပြီ... ရန်သူ လာတိုက်နေပြီ"

ထိုက်ရွှီးခံတပ် တစ်ခုလုံးက ချက်ချင်း လှုပ်ရှားလာပြီး လူတိုင်းက သူတို့၏ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ကြ၏။

လီရှောင်၊ ယဲ့လင်းရွှမ်နှင့် အခြားသူများကလည်း ထင်ထင်ရှားရှား ပါဝင်နေကြသည်။ မဟာသူတော်စင်အဆင့်၏ အင်အားအရဆိုလျှင် ချင်လော့ဘက်က အသာစီးရနေသော်လည်း သူတော်စင်အဆင့် အောက်ရှိသူများအတွက်ကတော့ သွေးထွက်သံယိုများပြီး အပြင်းအထန် တိုက်ခိုက်ရမည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။

ချန်ထုန်နှင့် အခြားနှစ်ဦးက ထိုက်ရွှီးခံတပ် အပြင်ဘက်တွင် ပေါ်လာခဲ့ကြ၏။ ချန်ထုန်က မဟာသူတော်စင် နှစ်ယောက်၏ နောက်တွင် ဖြည်းညင်းစွာ ကျန်ရစ်နေခဲ့ပြီး ချင်လော့ထံသို့ သတင်းကို တိတ်တဆိတ် ပေးပို့နေခဲ့လေသည်။

ချူဖုန်းက ချင်လော့၏ ပုံရိပ်ကို မြင်တွေ့လိုက်ရပြီး သူ၏ ကြီးမားလှသော ဒေါသများကို ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။

"ချင်လော့!... ငါ မင်းကို သတ်မယ်!"

ချူဖုန်းက အံကြိတ်ပြီး ချင်လော့ကို ပြောဆိုလိုက်၏။

သူတို့၏ အနောက်ရှိ အမှောင်ထဲတွင် ပုန်းအောင်းနေသော ဖန်ရှောက်ပင်ကလည်း ချင်လော့၏ ပုံရိပ်ကို အာရုံစိုက်ထားလိုက်လေသည်။

"ကျွတ်ကျွတ်... ချင်လော့က သေချာပေါက် ငါးကြီးတစ်ကောင်ပဲလို့ ငါ ခံစားနေရတယ်"

"ဒါဆို မင်းရဲ့ ကံကြမ္မာစွမ်းအားတွေက ဘယ်လောက်တောင် ပြင်းထန်လဲ ဆိုတာကို ငါ ကြည့်ရအောင်"

ဖန်ရှောက်ပင်၏ မျက်လုံးများတွင် တစ္ဆေဆန်ဆန် အလင်းတစ်ချက် လင်းလက်သွားပြီး သူ၏ အကြည့်က ချင်လော့အပေါ်သို့ ကျရောက်သွားကာ နက်ရှိုင်းသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ပေ၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အာမေဍိတ်သံ ပြုလိုက်လေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"အမည်းရောင်လား... သူ့ရဲ့ ကံကြမ္မာစွမ်းအားက တကယ်ပဲ အမည်းရောင်လား... နေပါဦး... ခရမ်းရောင်လား... ခရမ်းရောင်ကနေ အမည်းရောင် ပြောင်းသွားတာလား"

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... အဲဒါက အမည်းရောင်ပဲ"

"သူက ကံကြမ္မာသားတော် မဟုတ်ဘူး... သူက ဘယ်လို အရာမျိုးလဲ"

All Chapters