အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ကစားပွဲ ပြီးပြီ... လူသားဧကရာဇ်အလံထဲ ဝင်လိုက်စမ်း...
အရင်က ကံကြမ္မာတန်ဖိုးတွေကို သူ၏ ကွယ်ရာတွင် တိတ်တဆိတ် ပေါင်းထည့်နေခဲ့တာမို့ ချင်လော့က ပြောမနေတော့ပေ။
သို့သော် သူ၏ မျက်စိရှေ့မှာတင် ကံကြမ္မာတန်ဖိုးတွေကို တိတ်တဆိတ် ပေါင်းထည့်နေတာကိုတော့ ချင်လော့က သည်းမခံနိုင်ပေ။ လုံးဝကို သည်းမခံနိုင်တော့ပေ။
"အတူတူ တိုက်ကြစို့!" ချူဖုန်း၏ စီနီယာအစ်မတွေကို ချင်လော့က ပြောဆိုလိုက်၏။
"ဂျူနီယာညီလေး... ပါးစပ်ပိတ်ထားလိုက်စမ်း... အမှန်တရားက ဘာလဲဆိုတာကို မင်း လုံးဝ မသိဘူး"
အခြား စီနီယာအစ်မတစ်ယောက်ရဲ့ စကားတွေက ချူဖုန်းရဲ့ အမူအရာကို ပိုပြီးတော့ ကြမ်းကြုတ်သွားစေခဲ့လေသည်။
"အမှန်တရားလား... ဟက်... အမှန်တရားကတော့ မင်းနဲ့ ယဲ့လန်လို မိန်းမပျက်တွေက ချင်လော့ရဲ့ ရှေ့မှာ ဒူးထောက် အမြီးနှံ့ပြီး သနားညှာတာဖို့ တောင်းပန်နေရတာပဲ"
"အမှန်တရားက မကြာခင် ပေါ်လာတော့မှာပါ... မြေပြင်ပေါ်မှာ ဒူးထောက်လိုက်! ငါ ချူဖုန်းရဲ့ အစေခံမလေးတွေ ဖြစ်လာပြီး ငါ့ရဲ့ မျက်နှာသာပေးမှုကို တောင်းပန်လိုက်စမ်း"
ချူဖုန်းက ဤစကားကို ပြောလိုက်ပြီး ကြည်လင်မှုနှင့် ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရ၏။ ‘လုံးဝကို အံ့သြစရာပါပဲ’
သူ ဘယ်တုန်းက ဤလို အတွေးမျိုး တွေးခဲ့တယ် ဆိုတာကို သူ မသိခဲ့ပေ။ ‘ဤအရာတွေကို သူ့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ဖုံးကွယ်ထားခဲ့ပြီး အဲဒီ မြင်ကွင်းကို ရံဖန်ရံခါ စိတ်ကူးယဉ်နေခဲ့တာ... အခုတော့ သူက စိတ်ကူးမယဉ်တော့သလို မိမိကိုယ်ကိုယ် ထိန်းသိမ်းထားဖို့လည်း မရည်ရွယ်တော့ပါဘူး... သူက တစ်ထိုင်တည်းနဲ့ ထုတ်ပြောလိုက်တာပါ’
‘သူက စီနီယာအစ်မ အနည်းငယ်ကိုပဲ စိတ်ကူးယဉ်ခဲ့တာ မဟုတ်ဘူး... သူ့ရဲ့ ဆရာကိုပါ စိတ်ကူးယဉ်ခဲ့ပြီး သူ တစ်ယောက်တည်းကသာ သူတို့နဲ့ ထိုက်တန်တယ်လို့ ယုံကြည်နေခဲ့တာပါ’
ထိုအချိန်တုန်းက စီနီယာအစ်မနဲ့ ဆရာသာ တခြားတစ်ယောက်နောက်ကို လိုက်သွားရင် ချူဖုန်းက သေချင်စိတ်တောင် ပေါက်လာလိမ့်မယ်လို့ သူ ခံစားခဲ့ရလေသည်။
‘အခုကျတော့ ဘာလို့ သူ့ရဲ့ စီနီယာအစ်မနဲ့ ဆရာက ချင်လော့နောက်ကို ဒီလောက် သစ္စာရှိရှိ လိုက်နေရတာလဲ’
'ချင်လော့ဆိုတာ အတွင်းစိတ်ကနေ ပျက်စီးနေတဲ့ လူတစ်ယောက်ပဲ မဟုတ်လား?
ဒီလိုလူမျိုးက သူ့စီနီယာအစ်မနဲ့ ဆရာကို ထိခိုက်အန္တရာယ်မပေးနိုင်ဘူးလို့ ဘယ်လိုယုံနိုင်မလဲ'
ချူဖုန်းအတွက်တော့ ဒီကိစ္စကို သေချာပေါက် ယုံနိုင်စရာ မရှိပေ။
ဖန်ရှောက်ပင်က အဝေးမှနေ၍ ချူဖုန်း၏ ကျောပြင်ကို မျက်လုံးပြူးကာ စိုက်ကြည့်နေပြီး ချူဖုန်း၏ ကံကြမ္မာစွမ်းအားများ ပို၍ပင် အားကောင်းလာသည်ကို မြင်တွေ့လိုက်ရ၏။
[အတွေးတွေက ရှင်းလင်းသွားတယ်... စွဲလမ်းမှုတွေကို ဖော်ပြလိုက်ပြီ... ချူဖုန်းက သူရဲ့ စိတ်နေသဘောထားကို မြှင့်တင်လိုက်ပြီ... ကံကြမ္မာတန်ဖိုး အမှတ် ၁၀၀,၀၀၀ ပေါင်းထည့်ခြင်း]
"လက်တွေ့ကျတယ်... ကောင်းကင်ကို ဆန့်ကျင်နိုင်တယ်... ဒါပေမဲ့ ဒီကောင်လေးရဲ့ တွေးခေါ်မှုက သေချာပေါက် အဓိက ဇာတ်ကောင်ရဲ့ တွေးခေါ်မှုပဲ"
ချင်လော့က သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်ပြီး ချူဖုန်းကို စိုက်ကြည့်ရင်း သူ၏ မျက်လုံးများ တောက်လောင်နေခဲ့လေသည်။ ဤကံကြမ္မာတန်ဖိုးက တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှပါတယ်။
"လုပ်ပါ... ဆက်လုပ်ပါ"
ချင်လော့က စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်လိုက်၏။
'ဘုန်း!' နက်နက်ရှိုင်းရှိုင်း တင်းကျပ်နေသော ဓားဆန္ဒတစ်ခုက ချူဖုန်း၏ ခန္ဓာကိုယ်မှ မြင့်တက်လာပြီး လူအများအပြား၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့လေသည်။
"ဒါ ဘာကြီးလဲ ဓားဆန္ဒ ပြီးပြည့်စုံမှုလား…”
"ဘုရားရေ... ဒီလို ဓားတာအိုပါရမီရှင် တစ်ယောက် တကယ်ပဲ ရှိနေတာလား"
"အဲဒီ ကောင်လေးက ဘယ်သူလဲ... သူ ငါ့ရဲ့ ရွှမ်ထျန်းတာအိုဂိုဏ်းကို ဝင်ရမယ်"
"အဲဒီ ကောင်လေးက ငါ လင်းချင်းရှန်းရဲ့ တပည့် ဖြစ်သင့်တယ်"
ချူဖုန်းကို ကြည့်နေသော ဖန်ရှောက်ပင်၏ အကြည့်မှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက် အရိပ်အယောင်တစ်ခုလည်း ပါဝင်နေခဲ့ပေ၏။
"ကောင်လေး... မင်းက မူလက ငါ့ကို အလုပ်အကျွေးပြုပြီး ငါ့ရဲ့ အစေခံ ဖြစ်ဖို့ပဲ လိုလားခဲ့တာ... ဒါပေမဲ့ အခုကြည့်ရတာ မဖြစ်နိုင်တော့ဘူး ထင်တယ်"
"မင်းမှာ သေရမယ့်ကံ ရှိနေပြီပဲ"
ဤကဲ့သို့သော အားကောင်းတဲ့ ကံကြမ္မာ ခံစားချက်က သူ့ထက်တောင် ပိုပြီး အားကောင်းနေသေးသည်။ ချူဖုန်းကို ထိန်းချုပ်ဖို့ ဘယ်နည်းလမ်းမဆို လုံခြုံမှု မရှိဘူးလို့ သူ ခံစားရလေသည်။
တစ်နေ့နေ့တွင် ချူဖုန်းက သူ့ကို ပြန်ပြီး ဝါးမြိုသွားမှာကို သူ ကြောက်နေခဲ့သည်။
ချူဖုန်းပေါ်က ဓားဆန္ဒက ချင်လော့ကိုတောင် ကြက်သီးထသွားစေခဲ့၏။
"ထွက်သွားစမ်း!"
ချူဖုန်းက သူ့ရှေ့ရှိ လင်းယွဲ့နှင့် အခြားသူများကို အော်ဟစ်လိုက်ပြီး အားကောင်းသော ဓားဆန္ဒတစ်ခုဖြင့် အမျိုးသမီးများကို လွင့်စင်သွားစေခဲ့လေသည်။
ဓားဆန္ဒ ပြီးပြည့်စုံမှုက အံ့သြစရာကောင်းလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
တစ်ချိန်တည်းမှာပင် အသိစိတ်ပင်လယ် အတွင်းရှိ တွမ့်မုလင်မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့၏။ ဤအရေးကြီးသော အချိန်တွင် ချူဖုန်းက အဆင့်တက်လှမ်းသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဓားဆန္ဒ ပြီးပြည့်စုံမှုနှင့် ဓားဆန္ဒ ကြီးမားသော အောင်မြင်မှု...
ဤသည်မှာ ကျင့်ကြံမှုအဆင့် ကွာခြားချက် မဟုတ်ဘဲ ချောက်ကမ်းပါးကဲ့သို့ ကြီးမားသော ကွာဟချက် ဖြစ်လေသည်။
အဆင့်ကို ကျော်လွန်၍ တိုက်ခိုက်ခြင်းက ဓားဆန္ဒ ပြီးပြည့်စုံမှုကို ပိုင်ဆိုင်ထားသော ဓားကျင့်ကြံသူများအတွက် စားသောက်ခြင်းထက် ပို၍ လွယ်ကူပေ၏။ လိုဏ်ဂူကောင်းကင်အဆင့်က သူတော်စင်အဆင့်ကို သတ်တာက အရမ်းကို ရိုးရှင်းပါသည်။
"ကျွတ်ကျွတ်... မျှော်လင့်ထားတဲ့အတိုင်းပဲ... ကံကြမ္မာသားတော်က ကံကြမ္မာသားတော်ပဲ"
ချင်လော့၏ အမူအရာက အနည်းငယ် ပို၍ လေးနက်သွားခဲ့လေသည်။
လင်းယွဲ့နှင့် အခြားသူများ ဆုတ်ခွာသွားပြီးနောက် သူတို့က ချင်လော့အတွက် ဖယ်ပေးလိုက်ကြ၏။
လူတိုင်းက အချက်တစ်ချက်ကို ယခုအခါ သဘောပေါက်သွားကြသည်။ သူတို့က ချင်လော့ကို ဖြုတ်ချနိုင်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲက အခြေခံအားဖြင့် ပြီးဆုံးသွားပြီ ဖြစ်ကြောင်းပင်။
"အခု ငါ လှုပ်ရှားရမယ့် အလှည့်ပဲ"
စုမုက ချင်လော့ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားရင်း ချင်လော့တွင် လျှို့ဝှက်ဖဲချပ်တချို့ ရှိနေသေးသည်ဟု ခံစားနေခဲ့ရလေသည်။
ရွှမ်ထျန်းဓားကို အိမ်မှ ထုတ်လိုက်ပြီ
‘ဝှစ်!’
ချင်လော့က နိမိတ်လေးပါးဓားသိုင်းကို ထုတ်ဖော်လိုက်ပြီး နိမိတ်လေးပါး ပေါင်းစည်းခြင်းကို အသုံးပြုလိုက်၏။
ချင်လော့ကို တည့်တည့် ရင်ဆိုင်ရင်း ချူဖုန်းက လှောင်ပြောင်လိုက်သည်။
"ချင်လော့... ငါ့ရှေ့မှာရှိတဲ့ မင်းက နောက်ခံအာဏာရှိတာကလွဲပြီး ဘာမှ မဟုတ်ဘူး"
"ဒီနေ့ ငါက မင်းကို စိတ်ပျက်အားငယ်မှု ဆိုတာ ဘာလဲဆိုတာ ပြပေးမယ်"
ချူဖုန်း၏ လက်ထဲရှိ နတ်ဆိုးဓားက မျက်စိကျိန်းမတတ် အနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး တစ်ချက်တည်းဖြင့် ခုတ်ချလိုက်လေသည်။
‘ဘန်း!’
တိုက်ခိုက်ပြီးနောက် ချူဖုန်း၏ လက်ထဲရှိ နတ်ဆိုးဓား၏ အဆင့်က သူ၏ လက်ထဲရှိ ရွှမ်ထျန်းဓားထက် အနည်းငယ် ပိုမြင့်နေကြောင်း ချင်လော့ တွေ့ရှိလိုက်ရ၏။
သို့သော် ဓားဝိညာဉ် ဖန်ချင်းနှင့်အတူ ရွှမ်ထျန်းဓားသည် ချူဖုန်းကို ခဲယဉ်းစွာ ယှဉ်ပြိုင်နိုင်ခဲ့ပေသည်။
သူတို့နှစ်ဦးက မျက်တောင်တစ်ခတ်အတွင်း လှုပ်ရှားမှု တစ်ဒါဇင်ကျော် ဖလှယ်ခဲ့ကြလေသည်။ ချင်လော့၏ ဓားသိုင်းက သဘာဝလွန် ဖြစ်ပြီး သူ၏ ဓားဆန္ဒက ကြီးမားသော အောင်မြင်မှု အဆင့်တွင် ရှိကာ သူ၏ ရုပ်ခန္ဓာကိုယ်ကလည်း အစွမ်းထက်ပေ၏။
သို့သော် ချူဖုန်း၏ ဓားဆန္ဒ ပြီးပြည့်စုံမှု၊ ထက်မြက်သော နတ်ဆိုးဓားများနှင့် သူ၏ သေမျိုးကင်းစင်ဓားခန္ဓာတို့က သူ့ကို မသိမသာ အသာစီး ရသွားစေခဲ့သည်။
‘ဘန်း!’
နောက်ထပ် လှုပ်ရှားမှု တစ်ခုမှာ ချင်လော့ လွင့်စင်သွားခဲ့၏။
ချူဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဟားဟားဟား! ချင်လော့! မင်းက မလုပ်နိုင်ဘူးပဲ"
"မင်းနဲ့ ငါ့ကြားက ကွာဟချက်က ချောက်ကမ်းပါး တစ်ခုလိုပဲ... ဒီနေ့ မင်း သေချာပေါက် သေရမယ်!"
သူ၏ စိတ်အခြေအနေက အထူးပင် ကောင်းနေခဲ့၏။ တစ်ချိန်တုန်းကတော့ ချင်လော့က သူ့ခေါင်းပေါ် ဖိထားတဲ့ တောင်ကြီးတစ်တောင် ဖြစ်ခဲ့သည်။ ဤဘဝမှာ ကလဲ့စားချေဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ သူ ထင်ခဲ့သည်။ သို့သော် မထင်မှတ်ဘဲ အခြေအနေက လုံးဝ ပြောင်းလဲလာခဲ့သည်။
"ငါက ဒီကမ္ဘာရဲ့ အဓိက ဇာတ်ကောင်ပဲ... အစွမ်းထက်တယ်လို့ ထင်ရတဲ့ ရန်သူတွေ အားလုံးက နောက်ဆုံးမှာ ငါ ချူဖုန်းအတွက် နင်းစရာ ခုံတွေ ဖြစ်လာကြမှာပဲ"
‘ဒေါက်... ဒေါက်... ဒေါက်…!’
ချူဖုန်းက ချင်လော့ဆီသို့ တစ်လှမ်းချင်း တက်လှမ်းလာပြီး သူ့ကို တားဆီးရန် ကြိုးစားသူတိုင်းမှာ သူ၏ ဓားဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
ထိုအထဲတွင် ချင်လော့၏ လက်အောက်ရှိ သူတော်စင်ရုပ်သေးရုပ် တစ်ရုပ်လည်း ပါဝင်ပေ၏။
"ကျွတ်ကျွတ်"
ချင်လော့က စိတ်ထဲမှ တွေးလိုက်သည်။
"ဒီကောင်က သေချာပေါက် ထက်မြက်တဲ့ ဓားတစ်လက်ပဲ... အရမ်း အသုံးဝင်တယ်"
"သွမ့်မုလင် သေသွားပြီလား ဆိုတာကိုပဲ ငါ မသိတာ... တကယ်လို့ တွမ့်မုလင် သေသွားပြီဆိုရင် သူက တကယ့်ကို အကောင်းဆုံး ခြယ်လှယ်သူပဲ"
ချင်လော့က ချူဖုန်းကို ရုပ်သေးရုပ်အဖြစ် မသန့်စင်ချင်ခဲ့ချေ။ အဲဒါက အလဟဿ ဖြစ်တယ်လို့ သူ ထင်ခဲ့လေသည်။
ချင်လော့ ဘာတွေးနေမှန်း ချူဖုန်းက လုံးဝ မသိခဲ့ပေ။ သူသိထားသည်မှာ တစ်ခုတည်းသာ ဖြစ်လေသည်။ ချင်လော့က သူ့ဓားဖြင့် သေရတော့မည် ဆိုသည်ကိုပင်။
သူက ချင်လော့ကို ဤမျှလွယ်လွယ်နှင့် သေခွင့်ပြုမည် မဟုတ်ချေ။ ချင်လော့၏ ဝိညာဉ်ကို ဓားအကျဉ်းထောင်ထဲတွင် ဖိနှိပ်ထားပြီး ချင်လော့ကို သေချင်စိတ်ပေါက်အောင် လုပ်ချင်နေခဲ့လေသည်။
ချူဖုန်း မသတ်မီ ချင်လော့ကို သတ်ရန် ရည်ရွယ်ထားသည့် စုမုက အနီးသို့ ရောက်ရှိနေပြီ ဖြစ်ပေ၏။
လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အနေဖြင့် သူ၏ တာဝန်ကို တစ်ခါလေးတောင် ကျရှုံးခွင့်ပြုမည် မဟုတ်ချေ။
ဖန်ရှောက်ပင်က ဤမြင်ကွင်းကို ကြည့်ရင်း တုံ့ဆိုင်းနေခဲ့လေသည်။ သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်သော်လည်း သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော အကျပ်အတည်းတစ်ခု မြင့်တက်လာခဲ့၏။
ထို့နောက် သူက နောက်သို့ ခြေသုံးလှမ်း အတင်းအကျပ် ဆုတ်လိုက်ပြီး နောက်ထပ် တစ်လှမ်း တိုးကာ နောက်ထပ် ခြေသုံးလှမ်း ဆုတ်လိုက်ပြန်လေသည်။
တတိယအကြိမ်တွင် သူက ရှေ့သို့ တစ်လှမ်း တိုးပြီးနောက် နောက်သို့ သုံးလှမ်း ဆုတ်လိုက်ပြန်၏။
“အကြိမ်သုံးကြိမ်ထက် ပိုမဖြစ်သင့်ဘူး… ဒါက မကောင်းဘူး!”
ဤသည်မှာ ဖန်ရှောက်ပင်၏ ပင်ကိုယ်အသိစိတ် ဖြစ်လေသည်။ အကယ်၍ သုံးကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့လျှင် အန္တရာယ် ရှိနေကြောင်း သက်သေပြနေပေ၏။
ဤပင်ကိုယ်အသိစိတ်က သူ့ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသဖြင့် ပွဲကြည့်ပရိသတ် တစ်ယောက် ဖြစ်လာရန် သူ ဆုံးဖြတ်လိုက်လေသည်။
"ချင်လော့! သေလိုက်စမ်း!" ချူဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ချင်လော့ဆီသို့ ဓားဖြင့် ထိုးသွင်းလိုက်၏။
"ကောင်လေး! ချင်လော့က ငါ့ရဲ့ သားကောင်ပဲ!"
စုမုက ရုတ်တရက် ပေါ်လာပြီး ချင်လော့ဆီသို့ ပြေးဝင်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် လီတောက်ယွမ်က လူအုပ်ထဲမှ ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်၏။
"ချင်လော့! ဒီနေ့ မင်းရဲ့ အသက်နဲ့ ပေးဆပ်စေရမယ်"
သူတို့သုံးဦးက ဦးတည်ရာ သုံးခုမှနေ၍ ချင်လော့ဆီသို့ ပြေးဝင်လာခဲ့ကြသော်လည်း ဖန်ရှောက်ပင်က မလှုပ်ရှားခဲ့ခြင်းမှာ တစ်ခုတည်းသော နှမြောစရာပင် ဖြစ်လေသည်။
ချင်လော့က အနည်းငယ် နှမြောသွားသလို ခံစားလိုက်ရ၏။
"ဒါပေမဲ့ ဘယ်အရာမှ မပြည့်စုံပါဘူး"
သူက ချူဖုန်းကို တည့်တည့် ရင်ဆိုင်လိုက်ပြီး သူ့ကို ခပ်ဖွဖွ ပြုံးပြကာ ပြောဆိုလိုက်သည်။
"အရူးကောင်... ကစားပွဲ ပြီးပြီ... မင်းနဲ့ ထပ်ပြီး ကစားနေမှာ မဟုတ်တော့ဘူး"
'ဘုန်း!'
လူသားဧကရာဇ်အလံကို လွှတ်တင်လိုက်ပြီ။
"မင်းတို့ အကုန်လုံး... ဒီထဲကို ဝင်ကြစမ်း!"
ချင်လော့က ဟိန်းဟောက်လိုက်ရာ လူသားဧကရာဇ်အလံက မြို့ရိုးကို ချက်ချင်း လွှမ်းခြုံသွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ဟွင်ယွဲ့ ရောက်လာမှုနှင့်အတူ မဟာသူတော်စင် တစ်ယောက် ထပ်မံ ကျဆုံးသွားခဲ့ပြီး အောင်ပွဲ၏ ချိန်ခွင်လျှာက နောက်တစ်ကြိမ် ယိမ်းယိုင်သွားခဲ့ပြန်၏။
"ကစားပွဲက အဆုံးသတ်သင့်ပြီလေ!"