← Chapters

အခန်း ၂၀၀၇

Vol. 136 Ch. 2007

အခန်း ၂၀၀၇

Vol. 136 Ch. 2007

အပိုင်း ( 2007 ) ဟဲမိသားစု ရောက်လာပြီ။

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် နေရာအများစုကို ပြန်လည်ပြုပြင်ပြီးလုနီး ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံမှုနယ်မြေ အချို့ကိုတော့ ပြုပြင်နိုင်ခြင်း မရှိသေးပေ။

ထို့ပြင်၊ ယခုအခါ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် ပါရမီရှင် အနည်းငယ်သာ ရှိတော့သည်။ အများစုမှာ သူတို့၏ သက်ဆိုင်ရာ အင်အားစုများသို့ ပြန်သွားကြပြီ ဖြစ်သည်။

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် ပါရမီရှင် တပည့်အနည်းငယ်နှင့် ဆရာများသာ ရှိလေသည်။

ဟုတ်သည်၊ ယခင်က ကောင်းကင်ဧကရာဇ်မြို့တော်တွင် မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ အကြွင်းအကျန်များကို ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းစဉ်များကြောင့် အစွမ်းထက်သော အကျော်အမော်အများစုက ကောင်းကင်ဧကရာဇ်မြို့တော်တွင် ယာယီ နေထိုင်ခဲ့ကြသည်။

ဥပမာအားဖြင့် ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းမှ ကျွမ်းကျင်သူအချို့က ယွမ်တောင်မြင့်မြတ်သောကျောင်းတော် ယာယီတည်းခိုခဲ့ကြပေသည်။

လုမင်နှင့် အခြားသူများက ဝေ့ရှန်း၏ ဒဏ်ရာများကို ကုသရန် ၎င်းတို့နေထိုင်ရာ တောင်သို့ ပြန်သွားခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ဝေ့ရှန်း၏ ဒဏ်ရာများက မပြင်းထန်ဘဲ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပေသည်။

သို့သော်လည်း သူ့မျက်လုံးများက ဝမ်းနည်းပူဆွေးမှုတို့ ပြည့်နှက်နေခဲ့သည်။

တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော ပျောက်ကွယ်လုနီးဖြစ်ပြီး သူတစ်ဦးတည်းသာ ကျန်ရှိတော့သည်။

"ဟဲမိသားစု"

ဝေ့ရှန်းက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်မှာလည်း အနှိုင်းမဲ့ ပြင်းထန်လွန်း၏။

ဤအချိန်တွင်၊ ယွမ်တောင်မြင့်မြတ်သောကျောင်းတော် အပြင်ဘက်သို့ အစွမ်းထက်သော အကျော်အမော်တစ်စု ရောက်ရှိလာကြသည်။

ဤသူများက ဟဲမိသားစု၏ အကျော်အမော်များပင်။ သူတို့ကို အစစ်အမှန်ဧကရာဇ်များက ဦးဆောင်လာပြီး ဟဲကောင်းလည်း အပါအဝင် ဖြစ်သည်။

"လူတိုင်းပဲ၊ ဒါက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ပါ။ ကျေးဇူးပြုပြီး ခဏစောင့်ကြပါ"

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှ ဆရာနှစ်ဦး ပေါ်လာပြီး ဟဲမိသားစု၏ ကျွမ်းကျင်သူများကို တားဆီးလိုက်သည်။

"လုမင်က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်မှာ ရှိတယ်မဟုတ်လား။ သူ့ကို ထွက်လာပြီး သေခိုင်းလိုက်စမ်း"

ဟဲကောင်းက အေးစက်စွာ ပြောလိုက်သည်။ သူက လုမင်ကို သတ်ချင်နေခဲ့တာ ကြာပြီ။

"လူတိုင်းပဲ၊ ဒါက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ပါ။ လုမင်နဲ့ ဘယ်လိုမကျေနပ်ချက်တွေပဲရှိရှိ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ရဲ့ အပြင်မှာပဲ ဖြေရှင်းကြ"

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ ဆရာတစ်ဦးက ပြောလိုက်သည်။

"လုမင်ကို ထွက်လာခိုင်းလိုက်ပါ၊ မဟုတ်ရင် ငါတို့ကိုယ်တိုင်ဝင်ပြီး သူ့ကိုရှာရလိမ့်မယ်"

ဟဲမိသားစု၏ အခြား အစစ်အမှန်ဧကရာဇ်တစ်ပါးက ပြောဆိုပြီး ရှေ့သို့ တိုးလာသည်။

"လူတိုင်းပဲ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး"

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ဆရာကလည်း သူ့လက်ကိုဖြန့်ပြီး တားဆီးထားဆဲပင်။

"ထွက်သွားစမ်း"

ဟဲမိသားစု၏ အစစ်အမှန်ဧကရာဇ်က လက်ဝါးဖြင့် တစ်ချက်ရိုက်ထုတ်လိုက်သည်။ ကြောက်စရာကောင်းသော လက်ဝါးအင်အားကြောင့် ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ ဆရာမှာ သွေးများ အန်ထွက်လာပြီး လွင့်စဉ်သွားတော့သည်။

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ ဆရာမှာ ဗလာနယ်ဧကရာဇ်တစ်ဦးသာဖြစ်ပြီး တစ်ဖက်လူကို လုံးဝခုခံနိုင်စွမ်း မရှိပေ။

"သွားကြမယ်"

ဟဲမိသားစု၏ ကျွမ်းကျင်သူအများအပြားက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ ဆရာများကို လုံးဝလျစ်လျူရှုလိုက်သည်။ သူတို့က ကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားပြီး ဝိညာဉ်အသိကို ဖြန့်ကျက်ကာ လုမင်ကို ရှာဖွေလိုကြသည်။

"သတင်းဖြန့်လိုက်"

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာနှစ်ဦးလည်း မျက်နှာပျက်သွားပြီး ချက်ချင်း သတင်းဖြန့်ဝေလိုက်တော့သည်။

မူလက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် မဟာဧကရာဇ်ကြီးသုံးပါး ရှိခဲ့သည်။ ထို့ကြောင့် အခြား အင်အားစုများက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် ခေါင်းမမော်ဝံ့ခဲ့ပေ။

သို့သော်လည်း မိစ္ဆာနတ်ဘုရားမျိုးနွယ်နှင့် တိုက်ပွဲအပြီးတွင် ကျောင်းတော်၏ မဟာဧကရာဇ်နှစ်ဦးက ကျဆုံးသွားခဲ့သည်။ ဤကိစ္စက ယွမ်တောင်တစ်ခွင်လုံးတွင် ပျံ့နှံ့သွားခဲ့ပြီ။

ထို့ကြောင့် ဟဲမိသားစုက အနည်းငယ်မျှ ကြောက်ရွံ့မှု မရှိတော့ဘဲ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းသို့ ဝင်ရောက်ဝံ့ကြခြင်း ဖြစ်သည်။

လုမင်နှင့် အခြားသူများ၏ နေအိမ်တွင်...

ရုတ်တရက်၊ လုမင်နှင့် အခြားသူများသည် အစွမ်းထက်သော ဝိညာဉ်အသိတစ်ခုက သူတို့ကို လွှမ်းခြုံသွားပြီး သူတို့အပေါ်တွင် ရပ်တန့်သွားသည်ကို ခံစားလိုက်ရသည်။

"ဟဲမိသားစုက ရောက်လာပြီ"

လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ဟဲမိသားစုကို ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းသို့ ဝင်ရောက်ရှာဖွေဝံ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဝုန်း..."

အဝေးတွင်၊ ကျွမ်းကျင်သူတစ်စုက လေထဲမှ လျှောက်လှမ်းလာနေပြီး လေဟာနယ်က တုန်ခါသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကြောင့် လုမင်နှင့် အခြားသူများက အသက်ရှူရန်ပင် ခက်ခဲသလို ခံစားရ၏။

လုမင်နှင့် ကျန်သူများလည်း အခန်းထဲမှ အပြေးအလွှား ထွက်လာပြီး လေထဲတွင် ရပ်လိုက်ကြသည်။

'ဟဲကောင်း'

လုမင်က ဟဲကောင်းကို တစ်ချက်ကြည့်လိုက်သည်။

ဟဲကောင်းကလည်း လုမင်နှင့် အခြားသူများကို မျက်‌လုံးဝေ့ကြည့်၏။ သူ့အကြည့်က လုမင်ကို ဖြတ်သွားချိန်တွင် သတ်ဖြတ်လိုစိတ် အပြည့်ရှိသော်လည်း လုရှန်းရှန်းအပေါ်မှာတော့ လောဘဆန္ဒတို့ ပြည့်နေတော့သည်။

လုရှန်းရှန်းကို သူ ရရမယ်။

"လုမင်၊ မင်းက ငါ့ရဲ့ ဟဲမိသားစုရဲ့ ကျွမ်းကျင်သူတွေ အများကြီးကို အကြောင်းမဲ့ သတ်ပစ်လိုက်တာ... ဒီအတွက် မင်းရဲ့အသက်နဲ့ ပေးဆပ်ရမယ်"

ဟဲကောင်းက အေးစက်သော သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပထမဆုံး ပြောခဲ့သည်။

"အကြောင်းပြချက်မရှိဘူးတဲ့လား၊ ဟာသပဲ။ မင်းပြောသလို အသက်အတွက် အသက်နဲ့ ပေးဆပ်ရမယ်ဆိုရင် ဝေ့မျိုးနွယ်က မတရားသေခဲ့ရသူတွေအတွက် သူတို့ရဲ့အသက်နဲ့ ပြန်ပေးဆပ်ခဲ့ရတာ ဘာမှားလို့လဲ"

လုမင်က လှောင်ပြောင်လိုက်သည်။

"ဝေ့မျိုးနွယ်စုကလူတွေကို ငါ့ ဟဲမိသားစုနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်မှာလဲ"

ဟဲကောင်းက ပြန်ပြောသည်။

"ဟားဟားဟား....."

ဤတစ်ကြိမ်တွင် လုမင်က ဟားတိုက် ရယ်မောလိုက်သည်။ သူ့ရယ်သံတွင် မထီမဲ့မြင်ပြုခြင်း၊ အထင်မြင်သေးခြင်းများ ပြည့်နှက်နေ၏။ ယင်းက ဟဲမိသားစုဝင်များ၏ မျက်နှာများကို မည်းမှောင်သွားစေသည်။

"မင်းတို့ကသာ ဟဲမိသားစုကို မိုးလောက်မြင့်ပါတယ်ဆိုပြီး ဇွတ်အမွှမ်းတင်နေတာ။ ငါ့အမြင်မှာတော့ မင်းတို့ဟဲမိသားစုက ခွေးတစ်ကောင်ရဲ့ အသက်နဲ့တောင် နှိုင်းယှဉ်လို့မရဘူး"

လုမင်က လှောင်ပြောင်လိုက်သည်။

"ဘာကွ၊ မင်းသေချင်နေတာပဲ"

"ကျောင်းမှန်း ကန်မှန်းမသိတဲ့ ခွေး"

ဟဲမိသားစုဝင်များမှာ ချက်ချင်း ဒေါသပေါက်ကွဲသွားကြသည်။

"ဘာလဲ၊ ရှက်ကြတာလား... မင်းတို့က ရှက်ရော ရှက်တတ်ကြလို့လား။ ဒါဆိုရင် ငါမေးမယ်၊ မိစ္ဆာနတ်ဘုရားမျိုးနွယ်က ကျူးကျော်လာချိန်မှာ မင်းတို့ ဟဲမိသားစုက ဘယ်ကိုရောက်နေကြတာလဲ"

"ယွမ်တောင်ကို ကာကွယ်ဖို့အတွက် တခြားသူတွေက သူတို့ရဲ့အသက်ကိုစွန့်... မိစ္ဆာနတ်ဘုရားမျိုးနွယ်နဲ့ အသေအရှင် တိုက်ခိုက်ခဲ့ကြချိန် မင်းတို့ ဘယ်ပျောက်နေကြသလဲ။ မင်းတို့ ဟဲမိသားစုက သေမှာကြောက်ပြီး အမြီးတောင်မမြင်ရအောင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ အခု အားလုံး ပြီးဆုံးသွားချိန်မှ ပြန်ရောက်လာပြီး အခွင့်အရေးတွေယူချင်တယ်။ မင်းတို့က လူရောဟုတ်ရဲ့လား။ မင်းတို့ကို ခွေးတစ်ကောင်ထက် ပိုဆိုးတယ်လို့ပြောတာက ဘာမှားလဲ"

လုမင်၏ လှောင်ပြောင်ပြောဆိုသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။

မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို အသက်သေသည်အထိ ရင်ဆိုင်တိုက်ခိုက်ခဲ့သော မဟာဧကရာဇ်များအကြောင်း သူ ပြန်တွေးမိ၏။ အဆုံးတွင်၊ ဟွင်းထျန်းမဟာဧကရာဇ်နှင့် ထျန်းဟော်မဟာဧကရာဇ်တို့က သေသည်၊ရှင်သည်ကိုပင် မသိရတော့ပေ။

မိစ္ဆာနတ်ဘုရားမျိုးနွယ်နှင့် တိုက်ပွဲတွင် အကြီးအကျယ်ဆုံးရှုံးမှုများခဲ့သော အခြားအင်အားစုအချို့ရှိခဲ့ပြီး ကျွမ်းကျင်သူများစွာတို့လည်း သေဆုံးခဲ့ရသည်။ သို့သော်လည်း အခြေအနေများ ရှင်းသွားသောအခါ ဟဲမိသားစုနှင့် ဟန်မိသားစုက ဤအင်အားစုများ၏ နယ်မြေများကို သိမ်းပိုက်ရန် ထွက်ပေါ်လာကြသည်။ ထိုအင်အားစုများမှ လူများကိုပင် သတ်ဖြတ်ခဲ့ကြသေးသည်။

ဤအကြောင်းများကို တွေးမိသောအခါ လုမင်၏ ဒေါသက ပြင်းထန်စွာ‌ လောင်ကျွမ်းလာရသည်။

"မင်း အဓိပ္ပာယ်မရှိတဲ့စကားတွေ လာမပြောနဲ့။ ငါ့ရဲ့ ဟဲမိသားစုကို ဘယ်လိုတောင် စော်ကားဝံ့တာလဲ။ မင်း သေပြီ"

"မင်းက ဘယ်လောက်ပဲ စကား‌တတ်နေပါစေ၊ ဒီနေ့တော့ မင်းသေရပြီပဲ"

ဟဲမိသားစုဝင်များက တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြသည်။

"ဝုန်း... ဝုန်း..."

ဟဲမိသားစုဝင်များထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာကြ၏။

'လုမင်... ဒီနေ့တော့ မင်းကို ဘယ်သူမှ မကယ်တင်နိုင်တော့ဘူး။ မဟာဧကရာဇ် ဝူရှန်းတောင်မှ မင်းကို မကယ်တင်နိုင်ဘူး။ ပြီးတော့ ဒီအဘိုးကြီးက မင်းရဲ့တပည့် ရှန်းရှန်းကိုလည်း ကောင်းကောင်း ဂရုစိုက်ပေးမှာပါ။ ဟဲဟဲဟဲ'

ဟဲကောင်းက လုမင်ထံ အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'ခွေးအိုကြီး'

လုမင်၏ မျက်လုံးထဲတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်တို့ ပြည့်သွားသည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ထိုစဉ်၊ အနီးအနားရှိ တောင်ထိပ်များပေါ်မှ ပုံရိပ်များစွာ ပျံသန်းလာပြီး လုမင်နှင့် အခြားသူများရှေ့တွင် ဆင်းသက်လာကြသည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများလည်း ထွက်ပေါ်လျက်ရှိ၏။

ဗလာနယ်ဧကရာဇ်နှင့် အစစ်အမှန်ဧကရာဇ်များပင်။

ဤကျွမ်းကျင်သူများမှာ ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်း၊ ရှန်းယွမ်အင်ပါယာနှင့် အခြားအင်အားစုများမှ ဖြစ်ကြသည်။

သူတို့က မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို သုတ်သင်ရှင်းလင်းပြီးနောက် ဤနေရာတွင် ယာယီတည်းခိုနေကာ ပြန်မသွားကြသေးပေ။

"မင်းတို့ရဲ့ အင်အားလေးနဲ့ ငါ့ဟဲမိသားစုကို တားဆီးချင်တာလား။ မင်းတို့ကိုယ်ကို အထင်ကြီးလွန်းမနေဘူးလား"

ဟဲကောင်းက လှောင်ပြောင်လိုက်သည်။

ထိုအချိန်တွင် အဝေးမှ ပုံရိပ်များစွာတို့ ထပ်မံပေါ်လာခဲ့ကြသည်။ သူတို့အားလုံးက ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူများ ဖြစ်၏။

ဟဲမိသားစုမှ ကျွမ်းကျင်သူများဖြစ်ပြီး အများစုက သိုင်းဧကရာဇ်နယ်ပယ်တွင် ရှိသည်။ အစစ်အမှန်ဧကရာဇ်အချို့ပင် ရှိကြသေးသည်။

ဟဲမိသားစု၏ ကျွမ်းကျင်သူအရေအတွက်က ပိုတိုးလာသည်။ ယင်းက နတ်ဆင်ဂိုဏ်း၊ ဖီးနစ်နန်းတော်နှင့် အခြား အင်အားစုများမှ ကျွမ်းကျင်သူများကို အမူအရာပြောင်းစေခဲ့ပေသည်။

ဟဲမိသားစုက မဟာဧကရာဇ်အဆင့် အင်အားစုတစ်ခု ဖြစ်သည်။ သူတို့က အလွန်အင်အားကြီးကာ အစစ်အမှန်ဧကရာဇ်များလည်း အများကြီးရှိသည်။

၎င်းက ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းကဲ့သို့ အင်အားစုများ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။

"ဒီနေ့ ငါကိုယ်တိုင် လုမင်ရဲ့ခေါင်းကို ယူမယ်"

ဟဲကောင်းက ပြောဆိုပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါဖိအားများက လုမင်အပေါ် ကျရောက်သွား၏။

ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်းနှင့် ရှန်းယွမ်အင်ပါယာမှ အစစ်အမှန်ဧကရာဇ်များက ကူညီလိုကြသော်လည်း ဟဲမိသားစု၏ အစစ်အမှန်ဧကရာဇ်များဖြင့် တားဆီးခံကြရသည်။ သူတို့ဘက်မှ လှုပ်ရှားသည်နှင့် ဟဲမိသားစုက ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလိမ့်မည်။

လုမင်၏ မျက်နှာက လေးနက်သွားသည်။ ဟဲကောင်း၏ အရှိန်အဝါဖိအားကြောင့် သူ လုံးဝ မလှုပ်နိုင်တော့ပေ။

အစစ်အမှန်ဧကရာဇ်တစ်ပါးက အစွမ်းထက်လွန်းပြီး သူတိုက်ခိုက်နိုင်သောသူ မဟုတ်ပါ။

လုမင်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားသည်။ သူက ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်ရန် စဉ်းစားလိုက်၏။

"မင်းသူ့ကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ရအောင်"

ထိုအချိန်တွင် စကားသံတစ်ခုနှင့်အတူ ပုံရိပ်တစ်ခု ပေါ်လာတော့သည်။

All Chapters