← Chapters

အခန်း ၂၀၁၂

Vol. 137 Ch. 2012

အခန်း ၂၀၁၂

Vol. 137 Ch. 2012

အပိုင်း ( 2012 ) သိုင်းဧကရာဇ်တစ်ပါးကို တစ်ချက်တည်းဖြင့် သတ်ခြင်း။

လုမင်က သူ၏ အသန်မာဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့သည်။ ရွန်းများဖြင့် ဖုံးအုပ်ထားသော ဧရာမလက်ချောင်းကြီးတစ်ချောင်း ပေါ်လာ၏။

၎င်းက ဖျက်ဆီးခြင်းစာလိပ်နှင့် ကစဉ့်ကလျားလက်ချောင်းတို့၏ အစောပိုင်းပေါင်းစပ်မှု ဖြစ်သည်။

"ဝုန်း... ဝုန်း..."

ကစဉ့်ကလျား ဖျက်ဆီးခြင်းလက်ချောင်းက ဟဲချမ်၏ ဓားအလင်းကို ဖျက်ဆီးပစ်လိုက်သည်။

ဟဲချမ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကမ္ဘာတစ်ခု ပေါ်လာပုံရ၏။ သူက ဓားချက်ထုတ်ဖော်လိုက်သောအခါ ကမ္ဘာတစ်ခုလုံး ပါဝင်သွားပုံရ၏။

နောက်ဆုံးတွင်၊ ကစဉ့်ကလျား ဖျက်ဆီးခြင်းလက်ချောင်းကို ဟဲချမ်က ဖျက်ဆီးလိုက်သော်လည်း သူကိုယ်တိုင် ဆယ်မိုင်ခန့် ဆုတ်သွားရတော့သည်။

သိုင်းဧကရာဇ်တစ်ပါးမှာ လုမင်၏ အတင်းအကြပ် တွန်းထုတ်ခြင်းခံခဲ့ရသည်။

လူတိုင်းက အံ့အားသင့်လွန်းသဖြင့် စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။

သူသည် အန္တိမသူတော်စင်တစ်ပါးသာဖြစ်သော်လည်း သိုင်းဧကရာဇ်တစ်ပါးကို အနိုင်ယူနိုင်ခဲ့သည်။ ဤရလဒ်ကို မည်သူမျှ မယုံကြည်နိုင်ပေ။

ဤတိုက်ပွဲရလဒ်က လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

"အား၊ ချီးပဲ"

ဟဲချမ်က အော်ဟစ်လိုက်သည်။ ယနေ့တွင် သူ့ဂုဏ်သိက္ခာအားလုံးက မြောင်းထဲကျဆင်းသွားခဲ့ပြီ။ လုမင်ကို သတ်နိုင်ခဲ့လျှင်ပင် သူ့ဘဝအတွက် အမည်းစက်ကြီးတစ်ခု ဖြစ်လာပြီး အတွင်းစိတ်နတ်ဆိုးပင် ဖြစ်သွားနိုင်သည်။

"ဒါက ဟဲမိသားစုရဲ့ သိုင်းဧကရာဇ်လား။ မင်းတတ်နိုင်တာ ဒါအကုန်ပဲလား။ တကယ်ကို ဝက်တစ်ကောင်ထက်တောင် ပိုညံ့တယ်။ သူ့ရဲ့စရိုက်က ဆိုးတဲ့အပြင် တိုက်ခိုက်နိုင်စွမ်းကလည်း ညံ့ဖျင်းနေသေးတယ်"

လုမင်က လှောင်ပြောင်လိုက်သည်။

"မင်း..."

ဟဲချမ်က ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်တစ်ခုလုံး ဖောင်းလိုက်ပိန်လိုက်ဖြစ်ကာ သွေးအန်တော့မည်။

'စိတ်အေးအေးထားစမ်း၊ သူက မင်းကို တမင်တကာ ဆွပေးနေတာ။ မင်းအစွမ်းကုန်သုံးပြီး သူ့ကိုသတ်ပြီး မင်းရဲ့အရှက်တရားကို ဆေးကြောပစ်လိုက်'

အသံတစ်သံက ဟဲချမ်၏နားထဲတွင် ပေါ်လာသည်။

၎င်းက ဟဲမိသားစုဝင် မဟာဧကရာဇ်ကြီး၏ အသံပင်။

ဟဲမိသားစုဝင် မဟာဧကရာဇ်၏ အသံက ဟဲချမ်၏ စိတ်ကို တည်ငြိမ်အေးချမ်းစေသော မှော်အစွမ်းတစ်ခု ရှိပုံရသည်။

အမှန်လည်း သူသည် အလွန်စိုးရိမ်နေခဲ့သောကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းကို အပြည့်အဝ မထုတ်မိခဲ့ပေ။

"ရွှစ်"

သူ့လက်ထဲတွင် ဓားတစ်ချောင်းပေါ်လာသည်။ ဓားအလင်းက အလွန်ထက်မြက်ပြီး လေထုကို ထိုးဖောက်သွား၏။

ဟဲချမ်၏ ကမ္ဘာ့စွမ်းအင်များ စီးဆင်းလာသောအခါ ဓားအငွေ့အသက်များက ပိုမိုအားကောင်းလာတော့သည်။ ကြောက်စရာကောင်းသော ဓားစွမ်းအားက လုမင်ကို အဆက်မပြတ် ဖိနှိပ်လာခဲ့သည်။ ဒါက ဧကရာဇ်လက်နက်ပင်။

သိုင်းဧကရာဇ်တစ်ပါး ထိန်းချုပ်ထားသော ဧကရာဇ်လက်နက်တစ်ခု၏ စွမ်းအားက သိုင်းဧကရာဇ်နယ်ပယ်အောက်မှ ကျင့်ကြံသူများ ထိန်းချုပ်ထားသည့်အချိန်နှင့် လုံးဝ မတူပေ။

သိုင်းဧကရာဇ်တစ်ပါးသာ ဧကရာဇ်လက်နက်၏ ဝ စွမ်းအားကို အပြည့်အ ထုတ်ဖော်နိုင်သည်။

"ဝမ်..."

ဟဲချမ်၏ ခန္ဓာကိုယ်ပေါ်တွင် ကမ္ဘာတစ်ခု လွင့်မျောထွက်ပေါ်လာသည်။ ဒါက အပြည့်အဝ မဖွံ့ဖြိုးသေးဘဲ ကစဉ့်ကလျားအရိပ်အယောင်များ ရှိနေသေးသော်လည်း ကြောက်စရာကောင်းသော ဖိအားများကို ပေးစွမ်းနိုင်သေးသည်။

"သတ်"

ဟဲချမ်က အော်ဟစ်ပြီး သူ့ဓားဖြင့် ခုတ်ချလိုက်သည်။

ဤဓားအလင်း၏ စွမ်းအားက ယခင်ကထက် အများကြီး ပိုအားကောင်းလာသည်။

လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ သူက သူတော်စင်စွမ်းအင်ကို အဆုံးစွန်ထိ လှည့်ပတ်ပြီး လက်ညှိုးညွှန်ပြလိုက်၏။

ဒါက ကစဉ့်ကလျား ဖျက်ဆီးခြင်းလက်ချောင်းပင်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ဓားအလင်းဖြာထွက်လာသောအခါ ကစဉ့်ကလျား ဖျက်ဆီးခြင်းလက်ချောင်းက အက်ကွဲသွားရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက လုမင်ထံသို့ ဆက်လက်တိုးဝင်လာသောကြောင့် နောက်ကို ဆုတ်သွားရတော့သည်။

"ဒါက သိုင်းဧကရာဇ်တစ်ပါးရဲ့ တကယ့်စွမ်းအားပေါ့"

လုမင်က သူ့ခန္ဓာကိုယ်တွင်းရှိ ဆူပွက်လာသော ချီနှင့် သွေးများကို ဖိနှိပ်ရင်း တီးတိုးရေရွတ်လိုက်သည်။

နောက်ဆုံးမှာတော့ သူ၏ကျင့်ကြံမှုက အနည်းငယ် နိမ့်ကျနေသေးသည်။

သူသာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပါက ဟဲချမ်ကို တိုက်ခိုက်နိုင်မည်ဟု ယုံကြည်မှုရှိသည်။

"လုမင်က သူနဲ့ မယှဉ်နိုင်သေးတဲ့ပုံပဲ"

"သိုင်းဧကရာဇ်ကတော့ သိုင်းဧကရာဇ်ပါပဲ။ လုမင်က အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်ပဲ ရှိသေးတာ... သူတို့ကြား ကွာခြားမှုက ကြီးမားလွန်းတယ်"

"ဒါပေမဲ့ လုမင်ဟာ သိုင်းဧကရာဇ်တစ်ပါးကို ဒီအတိုင်းအတာအထိ တိုက်ခိုက်နိုင်တယ်ဆိုတဲ့အချက်နဲ့တင် လုံလောက်အောင် ကြောက်စရာကောင်းနေခဲ့ပြီ"

လူအချို့က ဆွေးနွေးခဲ့ကြသည်။

"လုမင်၊ ငါမင်းကို ဒီလောက်လွယ်လွယ်နဲ့ သေခွင့်မပေးဘူး။ မင်းကို မသေခင် ကောင်းကောင်းနှိပ်စက်ပြမယ်"

ဟဲချမ်က လုမင်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။ သူ၏ အေးစက်သောအသံက လုမင်၏နားတွင် ပေါ်လာခဲ့၏။

"ငါကလည်း စောစောက မင်းနဲ့ ကစားနေခဲ့ရုံပါ။ အခုတော့ ငါ မင်းကို လွှတ်လိုက်တော့မယ်"

ဤအခိုက်တွင်၊ လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူ့မျက်လုံးများမှာတော့ သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သွား၏။

အစောပိုင်းတွင်၊ လုမင်က သူ၏ တိုက်ခိုက်နိုင်စွမ်း အကန့်အသတ်ကို စမ်းသပ်ရန်အတွက်သာ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

လူအတော်များများ အံ့အားသင့်သွားကြသည်။

လုမင်၏ စကားအဓိပ္ပာယ်က အဘယ်နည်း။ သူက ဟဲချမ်ကို သတ်ချင်နေသလော။

"ငါ့ကိုလွှတ်လိုက်တော့မယ်... ဟုတ်လား။ ဟားဟားဟား...၊ မင်းက တကယ်ကို မျက်နှာပြောင်တိုက်ပြီး ကြွားလုံးထုတ်တတ်တာပဲ။ ဒီနည်းနဲ့ ငါ့ကို စိတ်ဆွပေးချင်နေတာ မဟုတ်လား။ စိတ်မကောင်းစရာက မင်းမျှော်လင့်ထားသလို ဖြစ်လာတော့မှာ မဟုတ်ဘူး။ သတ်"

ဟဲချမ်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က တောက်ပသော အလင်းတန်းများ ဖြာထွက်လာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လက်ထဲတွင်ရှိသော ဓားနှင့် ပေါင်းစည်းသွားသကဲ့သို့ ထင်ရသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လုမင်ကို တိုက်ခိုက်လိုက်တော့သည်။

ဓားအလင်းက လေဟာနယ်ကို ထိုးခွဲသွားခဲ့သည်။ ဤဓားအလင်းသည် အလွန်ကြောက်စရာကောင်း၏။

လူအများ၏ နှလုံးသားက လေးလံလာကြသည်။

လုမင်က ဤဓားချက်အောက်တွင် သေဖို့များချေပြီ။

ခဏအတွင်းမှာ ဓားအလင်းက လုမင်အနီးသို့ နီးကပ်လာခဲ့သည်။

"မဟုတ်ဘူး"

ဤအခိုက်တွင် ဟွမ်လင်၊ လုံချန်နှင့် အခြားသူများလည်း တုန်လှုပ်သွားကြသည်။

ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းအပြင် ပင်းမုနှင့် အခြားသူများကလည်း ကူညီလိုကြ၏။

သို့သော်လည်း ဟဲမိသားစု၊ ဟန်မိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ ကျွမ်းကျင်သူများက လျှပ်တပြက်အတွင်း ပေါ်လာကာ သူတို့၏လမ်းကို ပိတ်ဆို့ခဲ့ကြသည်။

"ဆရာ"

လုရှန်းရှန်းက အော်လိုက်သည်။ သူက ပြေးသွားချင်သော်လည်း တစ်ဖက်ရန်သူများထဲရှိ ကျွမ်းကျင်သူတစ်ဦးက အရှိန်အဝါများကို ပေါက်ကွဲထုတ်လိုက်၏။ လုရှန်းရှန်း၏ပုံရိပ်က နောက်သို့ ပြန်လွင့်သွားတော့သည်။

လုမင်က ဤဓားချက်ဖြင့် သေရတော့မည်ဟု လူတိုင်းက ထင်နေချိန်တွင် ဓားအလင်းရောင်တစ်ခုကို မြင်လိုက်ရသည်။

ဓားအလင်းက လုမင်၏လက်ထဲမှ တောက်ပလာပြီး ဟဲချမ်မှ အသွင်ပြောင်းထားသော ဓားအလင်းကို ခုတ်လိုက်သည်။

ထို့နောက် မယုံနိုင်စရာ မြင်ကွင်းတစ်ခု ပေါ်လာ၏။

ဓားအလင်းက ဖြတ်သွားပြီး ဟဲချမ် အသွင်ပြောင်းထားသော ဓားအလင်းမှာ အလယ်မှ နှစ်ခြမ်းကွဲသွားတော့သည်။

"ရွှမ်"

ဓားအလင်းက ကွဲအက်သွားသည်။ ထို့နောက်တွင်၊ လူတိုင်းက မိုင်တစ်ရာအကွာသို့ ကသောကမျော ဆုတ်သွားသော ဟဲချမ်ကို မြင်လိုက်ရ၏။ လုမင်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများက ပြူးကျယ်နေတော့သည်။

"လု...မင်..."

ဟဲချမ်က စကားနှစ်လုံးကို ခက်ခက်ခဲခဲ ဆိုလိုက်သည်။ ထို့နောက် သူ့မျက်ခုံးနှစ်ခုကြားတွင် သွေးစီးကြောင်းတစ်ခုပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။

ဟဲချမ်၏ ခန္ဓာကိုယ်က အမှန်တကယ် နှစ်ခြမ်းကွဲပြီး မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။

သူ သေသွားပြီ။

ဟဲချမ် သေပြီ။

မြင်ကွင်းက အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

ယခုလေးတင် ဟဲချမ်က အရေးသာနေသေးသည်။ သူက လုမင်ကို တစ်ချက်တည်းဖြင့် ပွဲသိမ်းရန်ပင် ကြိုးစားခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် လူတိုင်းက လုမင် သေပြီဟု ထင်ခဲ့ကြပေသည်။ သို့သော်လည်း ယခုတော့ သေဆုံးသူက အဘယ်ကြောင့် ဟဲချမ် ဖြစ်သနည်း။

"ကောင်းကင်ဧကရာဇ်ရဲ့ဓား၊ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို တကယ်ထိန်းချုပ်နိုင်တယ်"

ဟန်မိသားစုမှ အစစ်အမှန်ဧကရာဇ်တစ်ပါးက အော်ဟစ်လိုက်သည်။

လူတိုင်း၏အကြည့်များက လုမင်၏လက်ကို ကျရောက်သွား၏။

အမှန်တကယ်ပင်၊ လုမင်၏လက်ထဲမှာ ကျောက်ဓားတစ်ချောင်းကို ကိုင်ထားသည်။

ကောင်းကင်ဧကရာဇ်ရဲ့ဓား။

လူအများ၏ နှလုံးသားများ တုန်ခါသွားသည်။

လုမင်က ကောင်းကင်ဧကရာဇ်၏ဓားကို ထိန်းချုပ်နိုင်ပြီး ဟဲချမ်ကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။

သာမန် သူတော်စင်တစ်ပါးက အဘယ်ကြောင့် ကောင်းကင်ဧကရာဇ်၏ဓားကို ထိန်းချုပ်ပြီး ၎င်း၏စွမ်းအားကို အများအပြား ထုတ်လွှတ်နိုင်သနည်း။

ဟုတ်သည်၊ လုမင်မှာ ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်နိုင်သော နည်းလမ်းရှိကြောင်း သူတို့ သဘာဝအတိုင်း မသိခဲ့ပါ။ ကောင်းကင်ဧကရာဇ်၏ဓားက ကောင်းကင်ဧကရာဇ်၏ခန္ဓာနှင့် ပေါင်းစည်းသွားခဲ့ပြီး ဖြစ်သည်။ ယခုဆိုလျှင်၊ ကောင်းကင်ဧကရာဇ်၏ခန္ဓာတွင် သိုလှောင်ထားသော စွမ်းအင်ကလည်း ဆယ့်နှစ် ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လုမင်က ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထိန်းချုပ်နိုင်သောကြောင့် ကောင်းကင်ဧကရာဇ်၏ဓားကိုလည်း သဘာဝအတိုင်း ထိန်းချုပ်နိုင်ပေသည်။

ယခုလေးတင်၊ လုမင်က ကောင်းကင်ဧကရာဇ်၏ဓားကို ထိန်းချုပ်ပြီး ဟဲချမ်ကို အလွယ်တကူ သတ်ပစ်ခဲ့သည်။

"ဘယ်သူက ငါ့ကိုသတ်ချင်သေးလဲ"

လုမင်က ကျောက်ဓားကို ကိုင်စွဲပြီး ဟဲမိသားစု၊ ဟန်မိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းတို့ကို လှမ်းကြည့်လိုက်သည်။

"ဟမ့်၊ သူတော်စင်တစ်ပါးကများ ထောင်လွှားနေလိုက်တာ။ ကောင်းကင်ဧကရာဇ်ရဲ့ဓားက ဓားစွမ်းအားနည်းနည်းကို ထုတ်လွှတ်နိုင်ရုံနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား။ ကောင်းကင်ဧကရာဇ်ရဲ့ ဓားကို ဟန်မိသားစုကပဲ ပိုင်သင့်တယ်။ အခု လွှဲပေးပါ"

ဟန်မိသားစုမှ ကျွမ်းကျင်သူတစ်ဦး ရှေ့သို့တိုးလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက လုမင်ထံသို့ ပြင်းထန်စွာ ဖိသိပ်လာ၏။

သိုင်းဧကရာဇ်... ဤလူကလည်း ဗလာနယ်ဧကရာဇ်အဆင့် ဧကရာဇ်ငယ်တစ်ပါး ဖြစ်သည်။

သို့သော်လည်း သူ့အရှိန်အဝါက ဟဲချမ်ထက် အဆများစွာ ပိုအားကောင်း၏။ သူက ဗလာနယ်ဧကရာဇ်များထဲမှာပင် အားကောင်းသူတစ်ဦး ဖြစ်နိုင်သည်။

"ကောင်းကင်ဧကရာဇ်ရဲ့ဓားကို လိုချင်ရင် ကိုယ်တိုင်လာယူလှည့်"

လုမင်က ဓားကိုဆုပ်ကိုင်ထားပြီး ဟန်မိသားစုမှ ကျွမ်းကျင်သူကို ရင်ဆိုင်လိုက်၏။

"ဝုန်း"

ဟန်မိသားစု၏ ကျွမ်းကျင်သူက အဝေးမှာနေပြီး စွမ်းအင်လက်ဝါးကြီးတစ်ဖက်ကို ဖွဲ့စည်းကာ လုမင်ကို ဖမ်းဆုပ်လိုက်တော့သည်။

All Chapters