အခန်း ၂၀၂၂
Vol. 138 Ch. 2022
အပိုင်း ( 2022 ) အားလုံးကို သတ်ခြင်း။
"မရိုးရှင်းဘူးလား၊ သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် ခွန်အားတောင်မှ ရှိနိုင်ဦးမှာ ဟုတ်လို့လား။ အတူတူတိုက်ခိုက်ပြီး သူ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်လိုက်ပါ။ သူ့ကို ကျုပ်ရှေ့မှာ ဒူးထောက်ပြီး ခွေးတစ်ကောင်လို သက်ညှာပေးဖို့ တောင်းပန်စေချင်တယ်"
လူငယ်က အော်ဟစ်လိုက်သည်။
"သတ်"
လူငယ်၏ စကားသံအဆုံးတွင်၊ သူ့လက်အောက်ငယ်သားများက တစ်ယောက်ပြီး တစ်ယောက် ရှေ့တိုးလာကြသည်။ သူတို့ထံမှ အစွမ်းထက်သော အရှိန်အဝါများက လုမင်ထံသို့ ဖိနှိပ်လာ၏။
"မင်းတို့က တကယ်ကို သေချင်နေတာပဲ"
လုမင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
မူလက သူသည် နတ်ဆိုးချီများကို စုပ်ယူရန်အတွက် ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်ကို ဆက်လက်ထိန်းချုပ်လိုခဲ့သော်လည်း ယခုအခါ သူရပ်တန့်ရတော့မည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာကို သိမ်းဆည်းလိုက်သည်။ လုမင်က ထရပ်လိုက်ပြီး အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။
"မင်းက အန္တိမသူတော်စင်တစ်ပါးပဲ။ သေလိုက်တော့"
ဧကရာဇ်တစ်ပိုင်းအဆင့် လူတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ သူက လျှပ်စီးလက်သကဲ့သို့ လုမင်ထံ ပြေးလွှားသွား၏။
သူက လျင်မြန်စွာ တိုက်ခိုက်လိုသော်လည်း လုမင်က ပိုမြန်သည်။ သူက လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
ဟင်းလင်းပြင်ကို ဖောက်ထွက်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံတစ်ခုကို ကြားလိုက်ရ၏။
ထိုဧကရာဇ်တစ်ပိုင်း၏ တိုက်ခိုက်မှုနှင့် ခုခံမှုအားလုံးက ဤလက်ချောင်းအောက်မှာ ပျက်စီးလွယ်သော စက္ကူတစ်ရွက်နှင့် မခြားပေ။
"မဟုတ်ဘူး..."
ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူမှာ လွန်စွာ ကြောက်လန့်သွားခဲ့သည်။ သူက အလောတကြီးဖြင့် ရှောင်တိမ်းလိုသော်လည်း များစွာ နောက်ကျသွားခဲ့ပြီ။
လုမင်၏ လက်ချောင်းက ထိုလူ၏ မျက်ခုံးနှစ်ခုကြားသို့ တို့ထိလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ထိုလူ၏ ဦးခေါင်းကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွား၏။
ဤတိုက်ခိုက်မှုအောက်တွင် သူ၏ဝိညာဉ်သည်ပင် ပြာမှုန်အဖြစ် ပြောင်းလဲသွားတော့သည်။
ထိုမျှသာမကဘဲ လက်ချောင်း၏ အင်အားကြောင့် သွေးစက်တချို့ လွင့်စဉ်သွားကာ နောက်ဘက်မှ လူတချို့ကို ဖောက်ထွက်သွားသည်။
ကျန်သော ဧကရာဇ်တစ်ပိုင်းအားလုံး အံ့အားသင့်သွားကြသည်။ သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွား၏။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ခဲ့သည်။ ဤတိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းလွန်းပေသည်။
"အတူတူတိုက်ခိုက်ကြ... အားလုံးအတူတူတိုက်ခိုက်ကြ"
လူငယ်လေးက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
လူတိုင်းက အရှိန်အဝါများကို ကိုယ်စီပေါက်ကွဲလိုက်၏။ ဧကရာဇ်တစ်ပိုင်းနှင့် အန္တိမသူတော်စင်များက တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုအမျိုးမျိုးက လုမင်ဆီသို့ ခဏချင်း တိုးဝင်လာကြတော့သည်။
"ဝမ်"
ထိုအချိန်တွင်၊ လုမင်၏ခန္ဓာကိုယ်ပေါ်မှာ အလင်းရောင်စဉ်တန်းတစ်ခု ပေါ်လာခဲ့သည်။ ၎င်းက ကစဉ့်ကလျား၏အလင်းရောင်ပင်။
"ဒါ...ဒါက ကစဉ့်ကလျားရဲ့အလင်းရောင်ပဲ"
"ကစဉ့်ကလျားရဲ့ အလင်း...၊ ဒီလူက ကစဉ့်ကလျားရဲ့သားတော်ပဲ"
လူအများက မယုံနိုင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် အော်ဟစ်လိုက်ကြသည်။
ဤနေရာတွင် အမှတ်မထင် တွေ့ဆုံခဲ့သော လူငယ်က ကစဉ့်ကလျား၏သားတော်ဖြစ်ပြီး ကစဉ့်ကလျား၏အလင်းကိုပင် နားလည်ထားမည်ဟု မမျှော်လင့်ခဲ့ပေ။
လုမင်၏ ခန္ဓာကိုယ်ကို ကစဉ့်ကလျား၏အလင်းက လှည့်ပတ်နေသည်။ ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုများက သူ့အပေါ် မည်သို့မျှ မသက်ရောက်စေဘဲ အားလုံး ပိတ်ဆို့ခံလိုက်ရ၏။
လုမင်၏ပုံရိပ်က ဧကရာဇ်တစ်ပိုင်းနှစ်ဦး၏ရှေ့တွင် ပေါ်လာသည်။ သူက လက်ညှိုးနှစ်ချောင်းဖြင့် ထိုးစိုက်လိုက်၏။
"ဖောက်... ဖောက်..."
ဤဧကရာဇ်တစ်ပိုင်းနှစ်ဦးလည်း ယခင်ဧကရာဇ်တစ်ပိုင်း၏ ခြေရာကို လိုက်ခဲ့ကြရသည်။ သူတို့က လက်ချောင်းအင်အားဖြင့် ထိုးဖောက်ခံရပြီး ချက်ချင်း သေဆုံးသွားကြတော့သည်။
"ဒီကနေ ထွက်သွားကြစို့"
"သခင်လေး၊ မြန်မြန်ထွက်သွားပါ"
ကျန်လူများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့က လုမင်ကို မတိုက်ခိုက်ဝံ့တော့ပေ။
နိယာမအလင်းကို လေ့ကျင့်ထားသော ကစဉ့်ကလျား၏ သားတော်က ကြောက်စရာကောင်းလွန်းသည်။ သူတို့က သူ့ကို လုံးဝ ယှဉ်နိုင်စရာမရှိပါ။ ရှေ့ဆက်တိုးနေခြင်းက သေခြင်းကိုသာ ဦးတည်စေလိမ့်မည်။
ထို့ပြင် သခင်လေးဆိုသူ လူငယ်မှာလည်း အလွန်ကြောက်နေပြီ။ သူ့ကို ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဆွဲခေါ်ပြီး ထွက်ပြေးသွားခဲ့သည်။
"ဒီမှာပဲနေစမ်း"
လုမင်က အေးစက်စွာ ပြောလိုက်သည်။ သူ့ပုံရိပ်က လှုပ်ရှားလာပြီး နောက်ထပ် လက်ချောင်းတစ်ချောင်းဖြင့် အခြား ဧကရာဇ်တစ်ပိုင်း တစ်ဦးကို သတ်ပစ်လိုက်၏။
လုမင်က လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည်။ သူ လက်ညှိုးတစ်ချက်ညွှန်လိုက်တိုင်း ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး သေရလိမ့်မည်။
သာမန်ဧကရာဇ်တစ်ပိုင်းများက လုမင်၏ရှေ့တွင် တစ်ကွက်မျှ မခံနိုင်ပေ။
ဤတစ်ခေါက်တွင်၊ သခင်လေးက ဧကရာဇ်တစ်ပိုင်း ရှစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း၊ လူမင်က ခုနစ်ယောက်ကို သတ်ပစ်လိုက်၏။ နောက်ဆုံးတွင် သခင်လေးနှင့်အတူ ထွက်ပြေးသွားသော ဧကရာဇ်တစ်ပိုင်း တစ်ဦးတည်းသာ ကျန်တော့သည်။
"ဝှစ်... ဝှစ်..."
ဤတစ်ကြိမ်တွင်၊ လုမင်က အကြိမ်ပေါင်းများစွာ ထိုးနှက်လိုက်သည်။
ကောင်းကင်တစ်ခုလုံးက လက်ချောင်းအရိပ်များနှင့် ပြည့်နှက်သွား၏။
လက်ချောင်းအင်အားများ ပျံ့နှံ့သွားသည်နှင့်အမျှ ကျန်ရှိနေသော ဧကရာဇ်တစ်ပိုင်းများအားလုံး လဲကျသေဆုံးသွားတော့သည်။
ဤလူများက သူ့ကို သတ်ချင်နေသောကြောင့် သက်ညှာပေးရန် မလိုပါ။
ထို့ပြင်၊ ဤလူများက အလွန်ထူးခြားသော နောက်ခံများ ရှိကြပုံရသည်။ လုမင်ကိုယ်တိုင်ကတော့ အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးသို့ မကြာသေးမီကမှ ရောက်ရှိလာသူပင်။ သူသာ ဤလူများကို ထွက်သွားခွင့်ပြုပါက သူ့အား လက်စားချေရန် သေချာပေါက် ရှာဖွေကြလိမ့်မည်။ ၎င်းက လုမင်၏ အနာဂတ်အစီအစဉ်များအတွက် မကောင်းသော သက်ရောက်မှုများ ဖြစ်စေနိုင်သည်။
ထို့ကြောင့် သူက သတ်ပစ်ရုံသာ ရှိတော့သည်။
ဧကရာဇ်တစ်ပိုင်းများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။ မကြာမီ၊ သခင်လေးနှင့် ထိုဧကရာဇ်တစ်ပိုင်းတို့သာ ကျန်ရှိတော့သည်။
ဤအချိန်တွင် သခင်လေး၏ မျက်နှာက သွေးတစ်စက်မှ မရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူက သူ့ကို ဂူထဲမှ ခေါ်ထုတ်နိုင်ခဲ့သော်လည်း တောင်ကြားအပြင်ကိုတော့ မရောက်ပေ။ လုမင်၏ ဟန့်တားမှုကို ခံခဲ့ရဆဲပင်။
"ငါ့ကို မသတ်ပါနဲ့။ ငါက ထာဝရနတ်ဆိုးတိုင်းပြည်ကပဲ။ ငါ့ကိုသတ်တာက မင်းအတွက် ဘာမှအကျိုးရှိမှာမဟုတ်ဘူး"
လူငယ်က အော်ဟစ်လိုက်သည်။
"ငါ မင်းကို မသတ်ရင်လည်း ငါ့အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး"
လုမင်က အေးစက်စွာ ပြောလိုက်၏။ ထို့နောက် သူက လက်ညှိုးတစ်ချက်ညွှန်ပြလိုက်သည်။
ကြီးမားသော ကစဉ့်ကလျားလက်ချောင်းကြီး တစ်ချောင်း ဖြစ်ပေါ်လာပြီး သခင်လေးနှင့် နောက်ဆုံး ဧကရာဇ်တစ်ပိုင်းကို ဖိချလိုက်၏။
သခင်လေးက မသေဆုံးခင် ဟိန်းဟောက်ကာ သူ့ခွန်အားကို အပြည့်အဝ ထုတ်ဖော်ခဲ့သည်။ သူက အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့် ကျင့်ကြံမှု ရှိ၏။ ထို့ပြင် သူ၏ဝိညာဉ်ခန္ဓာကလည်း မြေကမ္ဘာဝိညာဉ်ထက် သာလွန်သည်။ သူ့ကို ရှားပါးသော ပါရမီရှင်တစ်ဦးဟု ဆိုနိုင်ပေသည်။
ထို့ပြင်၊ သူက ဧကရာဇ်လက်နက်တစ်ခုကိုပင် ထုတ်ယူပြီး ခုခံရန် ကြိုးစားခဲ့သည်။
ဤလူငယ်၏ အထောက်အထားက သာမန်မဟုတ်ကြောင်း ထင်ရှားပေသည်။
ဒါကပင် သူ့ကို အသက်ရှင်လျက် မထားခဲ့သင့်သည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။
ကစဉ့်ကလျားကပ်ဘေးလက်ချောင်းက ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် သူ၏ အကာကွယ်များကို ချေမှုန်းပစ်ခဲ့သည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏အောက်တွင် သူတို့က ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
ထို့နောက်တွင်၊ လုမင်က လူတိုင်း၏ သိုလှောင်လက်စွပ်များကို စုဆောင်းလိုက်သည်။
ဟုတ်သည်၊ လုမင်က သခင်လေး၏ ဧကရာဇ်လက်နက်ကိုလည်း သိမ်းယူလိုက်၏။
ထို့နောက် လုမင်က ထိုနေရာတွင် နာရီဝက်ခန့် စောင့်ဆိုင်းခဲ့လေသည်။
နာရီဝက်အကြာတွင် နတ်ဆိုးရင်းမြစ်သစ်သီးက ရင့်မှည့်လာသည်။ လုမင်လည်း နတ်ဆိုးရင်းမြစ်သစ်သီးကို ဆွတ်ခူးပြီး ကောင်းကင်သို့ ပျံတက်ကာ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။
ဤနေရာတွင် ကြာကြာနေခြင်းက ပညာရှိရာမရောက်ပေ။ တစ်ဖက်လူ၏ နောက်ကွယ်မှ အင်အားစုများက သူ့ကိုလာမရှာပါဘူးဟု အတပ်မဆိုနိုင်ပါ။ နောက်ဆုံးတွင်၊ နတ်ဆိုးရေကန်ထဲမှ နတ်ဆိုးချီများက အကုန်အစင်နီးပါး စုပ်ယူခံလိုက်ရပြီးပြီ ဖြစ်သည်။
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော စွမ်းအင်ကလည်း လေး ရာခိုင်နှုန်းနီးပါး ရှိနေပြီ။ ဒါဟာ အလွန်ကောင်းမွန်သော ရိတ်သိမ်းမှုတစ်ခု ဖြစ်သည်။
ထို့နောက် လုမင်က အနီးဆုံးရှိ အလယ်လတ်အဆင့် နတ်ဆိုးတိုင်းပြည်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေသည်။
အလယ်လတ်အဆင့် နတ်ဆိုးတိုင်းပြည်မှာတော့ တည်နေရာရွှေ့ပြောင်းခြင်းအစီရင် ရှိသင့်သည်။
အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးက ကျယ်ပြောပြီး အကန့်အသတ်မဲ့ကာ ယွမ်တောင်ထက် မသေးငယ်ပါ။ ထာဝရနတ်ဆိုးတိုင်းပြည်ကို ကိုယ်တိုင်ပျံသန်းသွားလိုပါက မည်မျှကြာမြင့်မည်မှန်း မသိနိုင်ပေ။
ရက်အနည်းငယ်ကြာပြီးနောက်၊ လုမင်က ပျံသန်းနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းမှာ၊ သူ့ရှေ့တွင် ခရမ်းနက်ရောင်သန်းနေသော အနီရောင်အလင်းတန်းတစ်ခု သူ့ဆီသို့ လျင်မြန်စွာ ပျံသန်းလာနေသောကြောင့်ပင်။
သူတို့က ဝေးကွာနေသေးသော်လည်း အလင်းတန်းမှာ လှပသော မိန်းကလေးတစ်ဦးဖြစ်ကြောင်း သူမြင်နိုင်သည်။ သူက ခရမ်းရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် အချိုးအစားကျလွန်းသော ခန္ဓာကိုယ်ကို အထင်းသား မြင်ရသည်။
သူက ဆွဲဆောင်မှုအပြည့်ရှိသော မိန်းကလေးတစ်ဦးပင်။
သို့သော်လည်း ယခုအချိန်တွင် မိန်းကလေးက အနည်းငယ် ကြောက်ရွံ့နေဟန်ဖြင့် အမြန်ဆုံး ပျံသန်းနေသည်။
"ဝှစ်... ဝှစ်"
မိန်းကလေး၏နောက်မှာလည်း အလင်းတန်းများက သူမဆီသို့ ပျံသန်းလာနေကြ၏။
သူတို့က မိန်းကလေးကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ထိုအချိန်တွင်၊ မိန်းကလေးကလည်း လုမင်ကို မြင်လိုက်ရသည်။ သူက လုမင်ဆီကို ပျံသန်းလာရင်း အော်ပြောလိုက်၏။
"ငါ့နောက်ကလူတွေကို ဟန့်တားဖို့ ငါ့ကိုကူညီပေးပါ။ ငါ နင့်ကို အကျိုးမယုတ်စေရဘူး"
သူမ၏ မျက်နှာအမူအရာက အနည်းငယ် ထိတ်လန့်နေပုံရသော်လည်း သူ့လေသံထဲမှာ အေးစက်၍ မောက်မာသော အရိပ်အယောင်များ ရှိနေသေးသည်။ သူက လုမင်ကို အမိန့်ပေးနေသလို ဖြစ်သည်။
လုမင်က မျက်ခုံးပင့်လိုက်သည်။ သူက ချက်ချင်း လမ်းကြောင်းပြောင်းလိုက်ပြီး လှပသော မိန်းကလေးထံမှ ဝေးရာသို့ ပျံသန်းသွား၏။
သူက အနှီမိန်းကလေးနှင့် ပတ်သက်မှုမရှိသောကြောင့် သူမ၏ကိစ္စမှာ ဝင်ရောက်စွက်ဖက်လိုခြင်း မရှိပေ။
"ငါ့ကို မြန်မြန်ကူညီပါ။ ဆုလာဘ်ကောင်းကောင်း ပေးမယ်။ နင်လိုချင်တာကိုပြောလိုက်"
လုမင် ဆုတ်ခွာသွားကြောင်း မြင်ရသောအခါ မိန်းကလေးက စိုးရိမ်ပူပန်စွာ အော်ပြောလိုက်သည်။