← Chapters

အခန်း ၂၀၂၃

Vol. 138 Ch. 2023

အခန်း ၂၀၂၃

Vol. 138 Ch. 2023

အပိုင်း ( 2023 ) ယိုးလော့နတ်ဆိုးတိုင်းပြည်။

မိန်းကလေးကို ရန်သူများက လိုက်လံဖမ်းဆီးနေကြသည်။ လုမင်က ငယ်ရွယ်ပုံရပြီး အလွန်စွမ်းအားကြီးမည်ဟု မထင်ရသော်လည်း သူတို့ကို ခဏမျှ တားဆီးနိုင်သရွေ့ သူမ လွတ်မြောက်ရန် အခွင့်အလမ်းများလိမ့်မည်။

"စိတ်မရှိပါနဲ့၊ ကျုပ်မှာ မင်းကိုကူညီဖို့ ခွန်အားမရှိဘူး"

လုမင်က ခေါင်းယမ်းပြပြီး ပို၍ပင် မြန်ဆန်စွာ နောက်ဆုတ်သွားသည်။

လုမင်က ကူညီရန်ဆန္ဒမရှိကြောင်း မြင်ရသောအခါ မိန်းကလေးက အံကြိတ်ပြီး ဦးတည်ရာပြောင်းလိုက်ရသည်။ သူက မထွက်သွားခင်မှာ လုမင်ကို စိုက်ကြည့်ပြီး သူမကို မကူညီသည့်အတွက် လုမင်အား အပြစ်တင်သွား‌သေးသည်။

လုမင်က ပခုံးတွန့်လိုက်သည်။ သူ့ရည်မှန်းချက်က ထာဝရနတ်ဆိုးတိုင်းပြည်သို့ သွားရန်ဖြစ်ပြီး မလိုအပ်ဘဲ ပြဿနာများ မဖြစ်လိုပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မိန်းကလေးက သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ သူမနောက်မှ လိုက်လာသူများလည်း ဆက်လက်လိုက်ပါရင်း ပျောက်သွားကြ၏။

လုမင်အတွက်တော့ ဒါဟာ ကြားဖြတ်ကာလလေးတစ်ခုသာ ဖြစ်သည်။ သူက အနီးဆုံးရှိ အလယ်လတ်အဆင့် နတ်ဆိုးတိုင်းပြည်တစ်ခုသို့ ပျံသန်းသွားလေသည်။

ရက်အနည်းငယ်ကြာပြီးနောက် လုမင်က အလယ်အလတ်အဆင့် နတ်ဆိုးတိုင်းပြည်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

ဒီအလယ်အလတ်အဆင့် နတ်ဆိုးတိုင်းပြည်တွင် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တစ်ခု ရှိသည်။

"ဘယ်ကိုသွားချင်လဲ"

တည်နေရာရွှေ့ပြောင်းခြင်းအစီရင်ကို တာဝန်ယူထားသော လူကြီးတစ်ယောက်က လုမင်ကို မေးလိုက်ခြင်း ဖြစ်သည်။

"ထာဝရနတ်ဆိုးတိုင်းပြည်ရဲ့ မြို့တော်ကို သွားချင်ပါတယ်"

လုမင် ပြောလိုက်၏။

"ထာဝရနတ်ဆိုးတိုင်းပြည်ရဲ့ မြို့တော်လား။ ကောင်လေး၊ မင်းက အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးက မဟုတ်ဘူးလား။ ငါတို့လို အလယ်လတ်အဆင့် နတ်ဆိုးတိုင်းပြည်က ထာဝရနတ်ဆိုးတိုင်းပြည်ရဲ့ မြို့တော်ကို တိုက်ရိုက်ပို့ပေးနိုင်စွမ်း မရှိပါဘူး။ မြို့တော်ကိုသွားချင်ရင် အဆင့်မြင့် နတ်ဆိုးတိုင်းပြည်ကို အရင်သွားပြီး အဲဒီကနေ တစ်ဆင့်သွားရမယ်"

လူကြီးက ပြောသည်။

ဒီလိုစည်းမျဉ်းမျိုး ရှိသေးတာလား။

လုမင် ဆွံ့အသွားမိသည်။ သူက အဆင့်မြင့်နတ်ဆိုးတိုင်းပြည်သို့ ဦးစွာ သွားရောက်ပြီး ထိုမှသာ ထာဝရနတ်ဆိုးတိုင်းပြည်သို့ သွားရောက်နိုင်ပုံပင်။

"ကောင်းပါပြီ၊ ကျုပ် အဆင့်မြင့်နတ်ဆိုးတိုင်းပြည်ကို အရင်သွားလိုက်မယ်"

လုမင်က ပြောလိုက်သည်။

"ဒီနဲ့ အနီးဆုံး အဆင့်မြင့်နတ်ဆိုးတိုင်းပြည်ကတော့ ယိုးလော့နတ်ဆိုးတိုင်းပြည်ပဲ။ ဒါကြောင့် ယိုးလော့နတ်ဆိုးတိုင်းပြည်ကို အရင်သွားဖို့ အကြံပြုချင်တယ်"

လူကြီးက ပြောလိုက်သည်။

"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"

လုမင်က လက်ယှက်ပြပြီး တည်နေရာရွှေ့ပြောင်းခ ပေးလိုက်သည်။ ထို့နောက် သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီရင်ပေါ်သို့ တက်သွား၏။

နောက်တစ်ခဏတွင်၊ လုမင်က နေရာမှ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာသို့ ရောက်ရှိလာတော့သည်။

လုမင်က အစီရင်အတွင်းမှ ထွက်လာပြီး စူးစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ထိုအခါ၊ သူက ယိုးလော့နတ်ဆိုးတိုင်းပြည်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

‌ဒါက ယိုးလော့နတ်ဆိုးတိုင်းပြည်၏ မြို့တော်အပြင်ဘက်မှ အရံမြို့ ဖြစ်သည်။

'ယိုးလော့နတ်ဆိုးတိုင်းပြည်က အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးရဲ့ အဆင့်မြင့် နတ်ဆိုးတိုင်းပြည် ဆယ်ခုထဲက တစ်ခုပဲ။ သူတို့က အလွန်အစွမ်းထက်တယ်။ ငါ အရင်ဆုံး ယိုးလော့နတ်ဆိုးတိုင်းပြည်ရဲ့ မြို့တော်ကိုသွားပြီး ထာဝရနတ်ဆိုးတိုင်းပြည်အကြောင်း စုံစမ်းကြည့်ရရင် ကောင်းလိမ့်မယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ယိုးလော့နတ်ဆိုးတိုင်းပြည်သည် အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးရှိ အဆင့်မြင့် နတ်ဆိုးတိုင်းပြည် ဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။ ၎င်း၏ အင်အားက သံသယဖြစ်စရာမလိုပါ။

လုမင်က အဆင့်မြင့် နတ်ဆိုးတိုင်းပြည်များ မည်မျှအားကောင်းသည်ကို ကြည့်လိုခဲ့သည်။ ထိုနည်းအားဖြင့် သူက အဆုံးမဲ့နတ်ဆိုးနယ်မြေကြီး၏ အလုံးစုံအင်အားကို အကြမ်းဖျဥ်း သိရှိနိုင်လိမ့်မည်။

ထို့ပြင်၊ သူက ယခုချက်ချင်း ထာဝရနတ်ဆိုးတိုင်းပြည်သို့ သွားရောက်လျှင်ပင် ဘယ်ကစရမှန်း မသိပေ။

သူက ထာဝရနတ်ဆိုးတိုင်းပြည်၏ မြို့တော်ရတနာကို ငှားချင်သည်ဟု အော်ပြောပြီး တိုက်ရိုက်ပြေးဝင်သွားရန် မဖြစ်နိုင်ဘူး မဟုတ်လား။ သူသာ ထိုသို့လုပ်ဝံ့လျှင် တိုက်ရိုက် မသတ်ခဲ့ခြင်းက ကံကောင်းပြီဟု ဆိုရမည် ဖြစ်သည်။

ထို့ကြောင့် ရေရှည်အတွက် စီစဉ်ရန် လိုအပ်ပေသည်။

ဤအကြောင်းကို တွေးမိသောအခါ လုမင်က ထာဝရနတ်ဆိုးတိုင်းပြည်၏ မြို့တော်သို့ မသွားတော့ပေ။ ယင်းအစား သူသည် ယိုးလော့နတ်ဆိုးတိုင်းပြည်၏ မြို့တော်သို့ ဦးစွာပျံသန်းသွားခဲ့သည်။

ယိုးလေယ့နတ်ဆိုးတိုင်းပြည်၏ မြို့တော်က အလွန်ကြီးကျယ်ခမ်းနားပြီး ကြီးမားသော ဧရိယာကို လွှမ်းခြုံထားသည်။

မြို့ရိုးများဖြစ်စေ၊ အတွင်းရှိ အဆောက်အအုံများဖြစ်စေ... အများစုကို အနက်ရောင်ကျောက်တစ်မျိုးဖြင့် ဆောက်လုပ်ထားပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်မျိုးဖြင့် ပြည့်နှက်နေသည်။

လုမင်က ယိုးလော့နတ်ဆိုးတိုင်းပြည်၏ လမ်းမအတိုင်း လျှောက်သွားရင်း ဤနေရာတွင် ကျွမ်းကျင်သူများစွာ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

သူတို့တစ်ဦးစီက နတ်ဆိုးအရှိန်အဝါနှင့် အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။ လုမင်က တိတ်တဆိတ် စူးစမ်းကြည့်သောအခါ သူတော်စင်အဆင့် ကျွမ်းကျင်သူများနှင့် ဧကရာဇ်တစ်ပိုင်း အများအပြား ရှိနေသည်ကို တွေ့ရှိခဲ့သည်။

ဧကရာဇ်အငွေ့အသက်များကို ထုတ်လွှတ်ထားသည့် သိုင်းဧကရာဇ်များကိုပင် မြင်နိုင်သေးသည်။

လုမင်သည် အဆုံးမဲ့နတ်ဆိုး နယ်မြေကြီးရှိ ကျွမ်းကျင်သူများ၏ အရည်အချင်းက ယွမ်တောင်ထက် မြင့်မားကြောင်း တွေ့ရှိခဲ့ရသည်။

"ကောင်လေး၊ နင်ပဲ"

ရုတ်တရက်၊ အေးစက်ပြီး မောက်မာသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ လုမင်၏ ခန္ဓာကိုယ်ကို အေးစက်သော အငွေ့အသက်တစ်ခုက ဖုံးလွှမ်းသွား၏။

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအသံက သူ့ကို ရည်ရွယ်ထားကြောင်း ထင်ရှား၏။ သို့သော်လည်း သူဟာ ယိုးလော့နတ်ဆိုးတိုင်းပြည်ကို ရောက်လာခါစဖြစ်ပြီး ဘယ်သူ့ကိုမှ မသိသေးပေ။

လုမင်က အသံလာရာဘက်ကို ကြည့်လိုက်သည်။

"သူပဲ"

လုမင် အံ့အားသင့်သွားသည်။

မဝေးလှသောနေရာတွင် ခရမ်းရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမလှလေးတစ်ဦးက လုမင်အား အေးစက်စက်ဖြင့် ကြည့်နေသည်။

ဤမိန်းကလေးမှာ လွန်ခဲ့သော ရက်အနည်းငယ်က ရန်သူများ၏ လိုက်လံဖမ်းဆီးခံရပြီး လုမင်ကို အကူအညီတောင်းခဲ့သော မိန်းကလေးမှတပါး အခြားမဟုတ်ပေ။ သူ့ကို ဤနေရာတွင် ပြန်တွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပါ။

ဒါက တိုက်ဆိုင်လွန်းသဖြင့် လုမင် ဆွံ့အသွားမိသည်။

ယခုအချိန်တွင်၊ မိန်းကလေးက အေးစက်စက် အငွေ့အသက်တို့ဖြင့် လုမင်ကို လွှမ်းခြုံထားသည်။

"ဒါက မင်းသမီးကြီးပဲ"

"အဲဒီကောင်လေးက ဘယ်သူလဲ။ သူက မင်းသမီးကြီးကို မပျော်မရွှင်ဖြစ်စေခဲ့ပုံရတယ်။ သူတော့ ပြီးပြီပဲ"

သူတို့ပတ်လည်တွင် လူအများအပြားက ရပ်ကြည့်ကာ ဆွေးနွေးလိုက်ကြသည်။

'မင်းသမီးကြီးလား'

လုမင်မှာ ပို၍ ဆွံ့အသွား၏။ ဤမိန်းကလေးက ယိုးလော့တိုင်းပြည်၏ မင်းသမီးကြီး ဖြစ်နိုင်မလား။

"မင်းသမီးကြီး၊ မင်းကို အန္တရာယ်ထဲမှာ မကူညီဘဲ ပစ်ထားခဲ့သူက ဒီကောင်လား"

မိန်းကလေး၏ ဘေးမှာ လူအနည်းငယ် ရှိနေသည်။ သူတို့ထဲက တစ်ယောက်က လူငယ်တစ်ယောက်ပင်။

"ဟုတ်တယ်၊ သူပဲ"

မင်းသမီးကြီးက အေးစက်စက် ပြန်ဖြေလိုက်၏။

ထိုစဉ်က၊ ရန်သူများ လိုက်လံဖမ်းဆီးနေချိန်မှာ လုမင်နှင့် တွေ့ခဲ့သည်။ သူက လုမင်ကို အကူအညီတောင်းခဲ့သော်လည်း လုမင်က မကူညီခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်းမှာ အကူအညီများ တွေ့ဆုံခဲ့ပြီး အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။

သူက ယိုးလော့နတ်ဆိုးတိုင်းပြည်တွင်၊ လုမင်နှင့် ပြန်ဆုံရမည်ဟု မမျှော်လင့်ထားပေ။

ထိုအချိန်က လုမင်၏ သဘောထားကို စဉ်းစားမိသောအခါ မင်းသမီးကြီး၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားသည်။

"မင်းသမီးကြီးကို ပစ်ထားခဲ့သူလား။ ဟမ့်၊ ကျုပ်ကိုယ်တိုင် သူ့ကို ဖျက်ဆီးပစ်မယ်"

မင်းသမီးကြီး၏နောက်မှ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ သူ့ပုံရိပ်က လှုပ်ရှားလာပြီး လုမင်ထံသို့ ပြေးသွား၏။ နတ်ဆိုးလက်ဝါး ပုံရိပ်တစ်ခုက လုမင်ထံသို့ ရိုက်နှက်လာပြီး လေပြင်းများလည်း တိုက်ခတ်လာတော့သည်။

မင်းသမီးကြီးကလည်း မတားဆီးဘဲ လျစ်လျူရှုစွာ ကြည့်နေခဲ့သည်။

"ထွက်သွားစမ်း"

လုမင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူကလည်း လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး အဘိုးအိုနှင့် လက်ဝါးချင်း တိုက်မိသွား၏။

"ဝုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဘိုးအို၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်က ဝင်လာစဉ်ကထက် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် နောက်သို့ လွင့်စင်သွားပြီး သွေးများ အန်ထွက်လာတော့သည်။

ဒါတောင် လုမင်က သက်ညှာပေးခဲ့ခြင်း ဖြစ်သည်။ သူက ရောက်လာတာမကြာသေးသဖြင့် ပြဿနာမဖြစ်ချင်သေးပါ။ မဟုတ်ပါက၊ အဘိုးကြီးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

'ဟင်...'

လူအတော်များများ အံ့အားသင့်သွားကြသည်။ ထိုပိန်ပိန်ပါးပါး အဘိုးအိုက အန္တိမသူတော်စင်တစ်ပါးဖြစ်သော်လည်း လုမင်၏ရှေ့တွင် တစ်ချက်တည်းဖြင့် ဒဏ်ရာရသွားခဲ့သေးသည်။

'လူငယ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အားမနည်းဘူး'

လူအတော်များများက တွေးလိုက်ကြသည်။

"မင်း ဘယ်လိုတောင် ပြန်ပြီးတိုက်ခိုက်ဝံ့တာလဲ။ သေချင်နေတာပဲ"

မင်းသမီးကြီး၏ဘေးမှ လူငယ်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူ့အကြည့်က ဓားတစ်ချောင်းကဲ့သို့ အေးစက်၏။

"ဝှစ်"

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လုမင်ထံ တစ္ဆေတစ်ကောင်ပမာ ပြေးလာတော့သည်။

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရင်ထဲမှာလည်း ဒေါသထွက်လာမိ၏။

ယခင်က သူဟာ မင်းသမီးကြီးကို အမှန်တကယ် တွေ့ခဲ့သည်။ သို့ရာတွင်၊ သူက မင်းသမီးကြီးနှင့် ပထမဆုံးတွေ့ဆုံမှုဖြစ်သောကြောင့် အဘယ်ကြောင့် သူ့ကို ကယ်တင်ရမည်နည်း။ သူ့ကို ကယ်တင်ခြင်း၊ မကယ်တင်ခြင်းက သူ၏လွတ်လပ်ခွင့် ဖြစ်သည်။

သို့သော်လည်း ယခုတော့ တစ်ဖက်လူက ဤအကြောင်းကြောင့် သူ၏ကျင့်ကြံမှုကို ဖျက်ဆီးပြီး သတ်ပစ်ချင်နေသည်။ မည်မျှ ရမ်းကားလိုက်သနည်း။

"ဝုန်း"

လူငယ်က တိုက်ခိုက်လိုက်သည်။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ သူ၏ လက်ဝါးစွမ်းအားက လုမင်ထံ ဖိနှိပ်လာတော့သည်။

ဤလူငယ်လေးက အတော်သန်မာသည်။ သူသည် ပိန်ပိန်ပါးပါး အဘိုးကြီးထက် အဆပေါင်းများစွာ ပိုအားကောင်း၏။

သူ၏ ကျင့်ကြံမှုက အန္တိမ သူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ကို ရောက်ရှိခဲ့ရုံသာမက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားခဲ့သေးသည်။

"ထွက်သွားစမ်း"

လုမင်က မျက်မှောင်ကြုတ်ပြီး ငေါက်ငမ်းလိုက်သည်။ သူကလည်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

အနက်ရောင် လျှပ်စီးကြောင်းက သူ့လက်ဖဝါးတွင် တောက်ပလာသည်။

သူ့လက်ဝါးက တစ်ဖက်လူ၏ လက်ဝါးပုံရိပ်နှင့် တိုက်မိသွား၏။ ရလဒ်က ပိန်ပိန်ပါးပါး အဘိုးကြီး၏ လက်ဝါးပုံရိပ်နှင့် အတူတူပင်။

လူငယ်က ညည်းတွားရင်း လွင့်စဉ်သွားခဲ့သည်။ အနက်ရောင်လျှပ်စီးများက တဖျတ်ဖျတ်လက်နေပြီး သူ့ခန္ဓာကိုယ်မှာလည်း အကြောဆွဲနေတော့သည်။

All Chapters