← Chapters

အခန်း ၂၀၂၆

Vol. 138 Ch. 2026

အခန်း ၂၀၂၆

Vol. 138 Ch. 2026

အပိုင်း ( 2026 ) ဘုရင်ခန္ဓာက အဲဒီလောက်အံ့ဩစရာကောင်းလို့လား။

"ဒါက မင်းသမီးကြီးကို မကယ်တင်ခဲ့တဲ့ လူယုတ်မာ လုမင်ပဲ"

ကျီးဖျင်က အေးစက်စွာ ပြောလိုက်သည်။

"လုမင်...၊ သူ ဘာဖြစ်လို့လဲ"

မင်းသမီးက စိတ်ရှုပ်ထွေးသွား၏။

"မင်းသမီးကြီး၊ မနေ့က လုမင်ဟာ အကြောင်းပြချက်မရှိဘဲ ကျီးမျိုးနွယ်ရဲ့ အန္တိမသူတော်စင်နှစ်ယောက်ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ခဲ့တဲ့အပြင် ကျီးဖျင်ရဲ့ ခြေလက်တွေကိုလည်း ချိုးပစ်ခဲ့တယ်။ သူ့လုပ်ရပ်အတွက် တန်ရာတန်ကြေးကို သူပေးဆပ်ရမယ်"

ကျီးဖျင်၏အစ်ကိုက အေးစက်စက် ပြောလိုက်သည်။

ကျီဖျင်၏ အစ်ကိုကြီးက ကျီးထျန်းပင်။

"ဒီလိုဖြစ်ရပ်မျိုး ရှိခဲ့မယ်လို့ မမျှော်လင့်ထားဘူး"

မင်းသမီးကြီးက မျက်ခုံးပင့်လိုက်ပြီး အစေခံတစ်ဦးကို အမိန့်ပေးလိုက်သည်။

"လုမင်ကို‌ သွားခေါ်လာခဲ့ပါ"

........

လုမင်က လေ့ကျင့်နေစဉ် အပြင်ဘက်ရှိ ခြေသံများကို ကြားလိုက်ရသည်။ သူက ထရပ်ပြီး ထွက်လာခဲ့၏။

"သခင်လေးလု၊ မင်းသမီးကြီးက ခင်ဗျားကိုတွေ့ချင်နေတယ်"

သက်လတ်ပိုင်းအရွယ် အစောင့်တစ်ဦးက ပြောလိုက်သည်။

'သူတို့က ဒီလောက်မြန်မြန် ရောက်လာကြပြီလား'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ ပထမဆုံးအတွေးက ကျီးမျိုးနွယ်မှလူများ ရောက်ရှိလာပြီလားဆိုတာပင်။

"ကောင်းပြီ"

လုမင်က ခေါင်းညိတ်ပြီး သက်လတ်ပိုင်းအရွယ် အစောင့်၏နောက်မှ မင်းသမီးကြီး၏ ခန်းမဆီ လိုက်သွားခဲ့သည်။

'တကယ်ကို ကျီးမျိုးနွယ်ပဲ'

လုမင်က ခန်းမထဲကို ဝင်လိုက်သည်နှင့် ကျီးဖျင်ကို မြင်လိုက်ရသည်။

ယခုအချိန်တွင်၊ ကျီးဖျင်နှင့် အခြားသူများက လုမင်အား အေးစက်စွာ ကြည့်နေကြပေသည်။

"လုမင်၊ မနေ့က ရှင် ကျီးမျိုးနွယ်ဝင်တွေရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးခဲ့သလား"

မင်းသမီးကြီးက စားပွဲထိပ်ပိုင်းမှာထိုင်ပြီး အေးစက်စက် မျက်နှာထားဖြင့် မေးလိုက်သည်။

"မှန်တယ်"

လုမင်က ဝန်ခံသည်။

"မင်း အတင့်ရဲလိုက်တာ၊ ငါ့ကျီးမျိုးနွယ်ဝင်ကို ထိခိုက်စေဝံ့တယ်။ အခုချက်ချင်း မင်းကိုယ်မင်း သတ်သေမယ်ဆိုရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ချန်ပေးမယ်"

ကျီးဖျင်၏ ဦးလေးက စားပွဲကိုစောင့်ရိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိလိုက်တာ၊ သူတို့က ငါ့ကိုသတ်ချင်နေတာ... ငါက ပြန်တိုက်ခိုက်လို့မရဘူးလား"

လုမင်က လှောင်ပြောင်လိုက်၏။

"မင်းရဲ့ သဘောထားကို သတိထားပါ။ မင်း ဘယ်သူနဲ့ စကားပြောနေတယ်ဆိုတာ သိရဲ့လား"

ကျီးဖျင်ဦးလေး၏အကြည့်က စူးရှသည်။ သူက လုမင်ကို စူးစိုက်ကြည့်လိုက်ချိန်တွင် ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့၏။

လုမင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။ ကျီးဖျင်၏ဦးလေးက အမှန်တကယ် ကြောက်စရာကောင်းသော ပညာရှင်တစ်ယောက်ပင်။

"ကျီးမျိုးနွယ်က မင်းသမီးကြီးကို ဂရုမစိုက်တာလား"

လုမင်က အေးစက်စက် ပြောလိုက်သည်။

ကျီးဖျင်၏ဦးလေးလည်း မျက်နှာအမူအရာပြောင်းလဲသွားပြီး သူ့အရှိန်အဝါများကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်၏။

မည်သို့ပင်ဆိုစေ၊ ဒါက မင်းသမီးကြီး၏ အိမ်တော်ဖြစ်ပြီး လုမင်ကလည်း မင်းသမီး၏လူတစ်ယောက် ဖြစ်သည်။ မင်းသမီးကြီး၏ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်မိလျှင် သူက ဘောင်ကျော်သွားလိမ့်မည်။

"မင်းသမီး၊ ဒီလူက ကျီးမျိုးနွယ်ဝင်တွေရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး ကျီးဖျင်ကို ဒဏ်ရာရစေခဲ့တယ်။ သူ့ကို အပြစ်ပေးရမယ်။ မဟုတ်ရင် ကျီးမျိုးနွယ်က စစ်တပ်ကို ဘယ်လိုလုပ်ပြီး အုပ်ချုပ်နိုင်မှာလဲ"

ကျီးထျန်းက အေးစက်စွာ ပြောလိုက်သည်။

"လုမင်၊ ဘယ်လိုဖြစ်တာလဲ"

မင်းသမီးက မေးလိုက်သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကောင်းမွန်ပြီး အနာဂတ်မှာ သူမအတွက် အသုံးဝင်လာလိမ့်မည်။ ထို့ကြောင့် သူဟာ လုမင်ကို တစ်ခုခု မဖြစ်စေချင်ပေ။

"မင်းသမီး၊ မနေ့က ကျီးဖျင်ဟာ ကျီးမျိုးနွယ်က လူအတော်များများကို ကျုပ်ခြံဝင်းထဲ ခေါ်လာခဲ့ပါတယ်။ သူတို့က ကျုပ်ကို ခြိမ်းခြောက်ပြီး တိုက်ရိုက်တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ကျုပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ရုံပဲ။ တကယ်လို့ ကျုပ်သာ မတိုက်ခိုက်ခဲ့ရင် ကျုပ်သေပြီးသား ဖြစ်လိမ့်မယ်"

လုမင်က မနေ့က အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။

"ကျွန်မ နားလည်ပြီ"

မင်းသမီးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျီးဖျင်၊ ဒီတစ်ခေါက်မှာ ရှင် စည်းကျော်ခဲ့တယ်... ဒါပေမဲ့ လုမင်ကလည်း လက်သံပြင်းလွန်းတယ်။ ဒီအတွက် ကျွန်မကပဲ ကျီးမျိုးနွယ်ကို လျော်ကြေးပေးဖို့ ရတနာတွေ ထုတ်ပေးလိုက်ပါမယ်။ ပြီးတော့ လုမင်... ရှင်ကတော့ လူတိုင်းရှေ့မှာ ကျီးမျိုးနွယ်ကို တောင်းပန်လိုက်ပါ။ ဒီလိုဆိုရင် ဘယ်လိုသဘောရလဲ"

"ကျီးမျိုးနွယ်ကို တောင်းပန်ရမယ်လား"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

သူက အမှားမလုပ်ပါဘဲ အဘယ်ကြောင့် တောင်းပန်ရမည်နည်း။

"မရဘူး၊ အနည်းဆုံးတော့ သူ့ခြေလက်တွေကို ရိုက်ချိုးပစ်ပြီး လူတိုင်းရှေ့မှာ တောင်းပန်ခိုင်းမှရမယ်"

ကျီးဖျင်က အော်လိုက်သည်။

"ဟုတ်တယ်၊ ဒီလူကို အပြစ်ပေးသင့်တယ်"

ကျီးထျန်းကလည်း ပြောသည်။

"ကျွန်မအမြင်အရတော့ နှစ်ယောက်စလုံး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သင့်တယ်။ လုမင်က လူသိရှင်ကြား တောင်းပန်မယ်ဖြစ်သလို လျော်ကြေးလည်း ပေးဦးမှာပါ။ ဒါက မသင့်တော်လို့လား"

မင်းသမီးက ထပ်ပြောလိုက်၏။

တစ်ချိန်တည်းမှာပင် သူက လုမင်ထံသို့ အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'လုမင်၊ ကျီးဖျင်ရဲ့အဖေက တိုင်းပြည်ရဲ့ စစ်ဦးစီးချုပ်ပဲ။ ကျီးမျိုးနွယ်ကလည်း အရမ်းအင်အားကြီးတယ်။ ရှင် နောက်ဆုတ်လိုက်ပြီး ကျီးမျိုးနွယ်ကို တောင်းပန်လိုက်သင့်တယ်၊ လျော်ကြေးလည်း ပေးရမှာပေါ့။ ရှင် နောက်ကိုခြေတစ်လှမ်းလောက်ဆုတ်ရင် အခြေအနေက ပိုကောင်းလာလိမ့်မယ်'

လုမင်က နှာခေါင်းရှုံ့လိုက်သည်။

ခြေတစ်လှမ်း နောက်ဆုတ်ပါက အခြေအနေများ ပိုကောင်းမည်ဆိုတာ မည်သို့သောအဓိပ္ပာယ်နည်း။

ယခုကိစ္စက သူ့အမှားမဟုတ်သော်လည်း မင်းသမီးက သူ့ကို တောင်းပန်စေချင်သည်။ သူက ကျီးမျိုးနွယ်ကို မစော်ကားချင်ကြောင်း ထင်ရှားပေသည်။

သို့သော်လည်း ကျီးမျိုးနွယ်က ဤကိစ္စကို ဤမျှနှင့် ပြီးပြတ်စေမည် မဟုတ်ပါ။

"မင်းသမီး၊ ဒီနေ့ မင်းရဲ့မျက်နှာကိုထောက်ပြီး သူ့ကို မထိတော့ပါဘူး။ ဒါပေမဲ့ ဒီလူကို မင်းသမီးရဲ့အိမ်တော်ကနေ မောင်းထုတ်ရမယ်"

ကျီးဖျင်၏ဦးလေးက ပြောလိုက်သည်။

ကျီးဖျင်၊ ကျီးထျန်းနှင့် ကျန်သူများက လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်ကြ၏။

မင်းသမီးအိမ်တော်မှ မောင်းထုတ်ခံရပြီး မင်းသမီး၏ ကာကွယ်မှုမရှိလျှင်၊ သူတို့ကျီးမျိုးနွယ်၏ အင်အားဖြင့် လုမင်ကို အလွယ်တကူ သတ်နိုင်သည်။

မင်းသမီးက မျက်မှောင်ကြုတ်လိုက်သည်။ ကျီးမျိုးနွယ်၏ ရည်ရွယ်ချက်ကိုလည်း သဘာဝအတိုင်း နားလည်လိုက်၏။

သို့သော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းက မဆိုးပါ။ သူက ကျီးဖျင်ကို အနိုင်ယူနိုင်သောကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းက ကျီးဖျင်ထက် သာလွန်ရမည်။ လာမည့် လော့မျိုးနွယ်နှင့် တိုက်ပွဲတွင် သူက အလွန်အထောက်အကူ ဖြစ်လိမ့်မည်။ ထိုကဲ့သို့သော ပါရမီရှင်မျိုးကို စွန့်လွှတ်ရခြင်းက နှမြောစရာကောင်းသည်။

"မင်းသမီး၊ ကျုပ်တို့ရဲ့ ကျီးမျိုးနွယ်က မင်းဘက်မှာပဲ အမြဲရှိနေခဲ့တာနော်။ ဒီကောင်တစ်ယောက်အတွက် ကျုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေမယ်ဆိုရင် မင်းသမီးအတွက် မထိုက်တန်မှာ စိုးမိတယ်"

ကျီးဖျင်၏ ဦးလေးက တစ်စုံတစ်ခုကို အရိပ်အမြွက်ပြရင်း လျစ်လျူရှုစွာ ပြောလိုက်သည်။

မင်းသမီး မျက်နှာ အနည်းငယ် ပျက်သွား၏။

ကျီးမျိုးနွယ်က သူ့ကို ခြိမ်းခြောက်နေပြီ။

သို့သော်လည်း သူက အလျှော့ပေးရဦးမည် ဖြစ်သည်။

ကျီးမျိုးနွယ်၏ အင်အားက အလွန်ကြီးမားသည်။ သူတို့သာ လော့မျိုးနွယ်ကို ကူညီခဲ့လျှင် သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိလိမ့်မည်။

အရေးကြီးဆုံးအချက်က ဂျီထျန်း...

ကျီးထျန်းတွင် ဘုရင်ခန္ဓာ ရှိသည်။ ယိုးလော့နတ်ဆိုးတိုင်းပြည် တစ်ခုလုံးမှာ ဘုရင်ခန္ဓာရှိသူ လူအရေအတွက်ကို လက်တစ်ဖက်နှင့် ရေတွက်နိုင်ပေသည်။

ရက်နှစ်ဆယ်အကြာ၊ လော့မျိုးနွယ်စုနှင့်တိုက်ပွဲတွင် ကျီးထျန်းက ရလဒ်ကိုဆုံးဖြတ်ရာမှာ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်သည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သူက ကျီးမျိုးနွယ်ကို အမိအရ ဖမ်းဆုပ်ထားရမည်။ သူတို့၏ ဆက်ဆံရေးကို သူ ပျက်စီးမခံနိုင်ပါ။

မင်းသမီး၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။

"မင်းသမီး၊ မင်းသေချာစဉ်းစားရမယ်။ ကျုပ်အစ်ကိုကြီးက ဘုရင်ခန္ဓာရှိတယ်၊ လော့မျိုးနွယ်စုနဲ့ တိုက်ပွဲရဲ့ရလဒ်ကို သူဆုံးဖြတ်နိုင်တယ်..."

မင်းသမီးက ဘာမှမပြောတာကို မြင်တော့ ကျီးဖျင်က အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူက လုမင်ကို မထီမဲ့မြင်ပြုသော အကြည့်တစ်ချက် ပေးလိုက်၏။

သူ့အဓိပ္ပာယ်က 'မင်းက သန်မာရင်တောင် ဘာဖြစ်လဲ၊ ငါ့အစ်ကိုကြီးနဲ့ ယှဉ်နိုင်မှာမို့လား။ မင်းက ဘုရင်ခန္ဓာနဲ့ နှိုင်းယှဉ်နိုင်မလား' ဟူ၍ပင်။

မင်းသမီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ကျီးဖျင်၏ စကားအသွားအလာကို သူမကြိုက်ပေ။

သို့သော်လည်း သူက ကျီးမျိုးနွယ်၏ ထောက်ခံမှုကို ဆုံးရှုံး၍မရပါ။ ထို့ကြောင့် သူဟာ ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

မင်းသမီးက လုမင်ကိုကြည့်ပြီး ပြောလိုက်၏။

"လုမင်၊ ဒီတစ်ခါတော့ ရှင် အရမ်းလွန်သွားပြီ။ ရှင်က

စည်းမျဉ်းတွေကို ချိုးဖောက်ပြီး တစ်ပါးသူကို ထိခိုက်စေခဲ့တယ်။ ဒါကြောင့် မင်းသမီးအိမ်တော်ကနေ ထွက်သွားပေးပါ"

'မျှော်လင့်ထားတဲ့အတိုင်းပဲ'

လုမင်က နှာခေါင်းရှုံ့လိုက်သည်။ မင်းသမီးက ကျီးမျိုးနွယ်ကို ရွေးချယ်သွားခဲ့ပြီ။

သူ့အမြင်အရ လုမင်ဟာ တိုက်ခိုက်နိုင်စွမ်းမြင့်မားသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူ့ကို ကျီးမျိုးနွယ်နှင့် ယှဉ်လို့မရပေ။

အထူးသဖြင့် ဘုရင်ခန္ဓာရှိသော ကျီးထျန်းက လော့မျိုးနွယ်ကို ဆန့်ကျင်သောတိုက်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

ကျီးမျိုးနွယ်ဝင်များက လှောင်ပြောင်လိုက်ကြသည်။ မင်းသမီးအိမ်တော်မှ ထွက်ခွာသွားသရွေ့ လုမင် သေရလိမ့်မည်။

"ကောင်းပြီ"

လုမင်က ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။

မင်းသမီးက ကျီးမျိုးနွယ်ကို ရွေးချယ်ပြီးပြီဆိုမှတော့ အဘယ်ကြောင့် သူက ဆက်နေရမည်နည်း။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် လုမင်က ရပ်လိုက်ပြီး ကျီးထျန်းကို လှည့်ကြည့်လိုက်သည်။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ဘုရင်ခန္ဓာက ဒီလောက်အံ့ဩစရာကောင်းလို့လား"

ထို့နောက် လုမင်က ချာခနဲ လှည့်၍ ခန်းမကြီးမှ ထွက်ခွာသွားတော့သည်။

"သူက ရေတွင်းအောက်ခြေက ဖားတစ်ကောင်ပဲ။ ဘုရင်ခန္ဓာရဲ့ စွမ်းအားကို သူမသိသေးတာ ဖြစ်ရမယ်"

"မကြာခင်၊ ဘုရင်ခန္ဓာ စွမ်းအားက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ သူသိလာလိမ့်မယ်"

ကျီးမျိုးနွယ်မှ လူအချို့က လှောင်ပြောင်လိုက်ကြသည်။

ဘုရင်ခန္ဓာကို အလေးအနက်အထားသော လုမင်၏ သဘောထားက သူတို့ကို မပျော်မရွှင် ဖြစ်စေသည်။

All Chapters