← Chapters

အခန်း ၂၀၂၉

Vol. 138 Ch. 2029

အခန်း ၂၀၂၉

Vol. 138 Ch. 2029

အပိုင်း ( 2029 ) ပြိုင်ပွဲစတင်ပြီ။

ယိုးလော့နတ်ဆိုးတိုင်းပြည် မြို့တော်၏ ဗဟို၌ ကြီးမားထည်ဝါလှသော သိုင်းစင်မြင့်ကြီးတစ်ခု တည်ရှိသည်။

ထိုသိုင်းစင်မြင့်၏ ပတ်လည်တွင် ကြည့်ရှုသူများအတွက် နေရာအမြောက်အမြား စီစဉ်ထား၏။ ကျယ်ပြောလှသော ကွင်းပြင်ကျယ်ကြီးလည်း ရှိပေသေးသည်။

ယနေ့တွင်မူ သိုင်းစင်မြင့်ပတ်လည်၌ လူပင်လယ်ကြီးသဖွယ် လူအုပ်ကြီးမှာ တိုးမပေါက်အောင် စည်ကားလျက် ရှိသည်။

ယိုးလော့တိုင်းပြည်ကို မျိုးနွယ်စုကြီးနှစ်စုက ပူးတွဲတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း တစ်သောင်းပြည့်တိုင်း မည်သည့်မျိုးနွယ်စုက တိုင်းပြည်ကို အုပ်ချုပ်စိုးစံရမည်ကို ဆုံးဖြတ်ကြစမြဲ ဖြစ်ပေရာ ဤပွဲက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အကြီးကျယ်ဆုံးသော အခမ်းအနားပင် ဖြစ်တော့သည်။ ထို့ကြောင့်ပင် ရေတွက်၍မရနိုင်သော လူအုပ်ကြီးမှာ ဤနေရာသို့ စုရုံးရောက်ရှိနေကြခြင်း ဖြစ်သည်။

အရပ်မျက်နှာအသီးသီးတွင် မရေမတွက်နိုင်သော လူအုပ်ကြီးကို မြင်တွေ့နေရပေသည်။

လုမင်နှင့် လော့မျိုးနွယ်စုတို့က သိုင်းစင်မြင့်၏ အရှေ့ဘက်ခြမ်းတွင် နေရာယူထားကြသည်။ အရှေ့ခြမ်းမှ ပွဲကြည့်ပရိသတ်များက လော့မျိုးနွယ်စုမှ ပညာရှင်များဖြစ်၏။ လုမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဗလာနယ်ဧကရာဇ်နှင့် အစစ်အမှန်ဧကရာဇ် အမြောက်အမြားကိုပါ တွေ့ရှိရသည်။ မင်းသမီးလေး လော့ရွှမ်၏ ဖခင်ဖြစ်သူက အရှေ့ဆုံးတွင် ထိုင်နေပေသည်။

သိုင်းစင်မြင့်၏ အနောက်ဘက်ခြမ်းတွင်မူ ယိုးမျိုးနွယ်စုမှ လူများ ရှိနေကြသည်။

ယခုအချိန်တွင် နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အကဲခတ်သလို ကြည့်နေကြပေသည်။

"အဲဒီလုမင်က လော့ရွှမ်ဘက်ကို တကယ် ပါသွားတာပဲ။ သောက်ရေးမပါတာ"

လုမင်ကို မြင်ရသည့်အခါ ကျီးဖျင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျီးထျန်းနှင့် ယိုးနင်တို့သည်လည်း လုမင်ကို ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ယှက်သန်းသွားတော့သည်။

'ကျီးမျိုးနွယ်က တကယ်ကို အသုံးမကျတာပဲ။ ငါက လုမင်ကို အိမ်တော်က မောင်းထုတ်ပေးခဲ့ပေမဲ့ သူတို့က ရှာမတွေ့ခဲ့တဲ့အပြင် လော့ရွှမ်ဘက်ကိုတောင် ပါသွားခွင့်ပေးလိုက်သေးတယ်'

ယိုးနင်၏ မျက်လုံးများမှာ အေးစက်သော အလင်းရောင်တစ်ခု လက်သွားသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန် မြင့်မားပေသည်။ သူက ကျီးဖျင်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သူ ဖြစ်ရာ ဤပြိုင်ပွဲ၏ ရလဒ်ကို သက်ရောက်မှု ရှိနိုင်သည်။

သူမအနေဖြင့် လုမင်ကို မောင်းထုတ်လိုက်စဉ်ကပင် လုမင်သည် လော့ရွှမ်ဘက်သို့ ပါသွားနိုင်ကြောင်း တွေးတောခဲ့ပြီးသား ဖြစ်သည်။

သို့သော်လည်း သူက လုမင်ကို မောင်းထုတ်လိုက်သည်နှင့် ကျီးမျိုးနွယ်စုက လုမင်ကို အလွတ်ပေးမည်မဟုတ်ကြောင်း သူ သိထား၏။ လုမင်က ကျီးမျိုးနွယ်စု၏ သတ်ဖြတ်ခြင်းကို ခံရဖို့သာ များပြီး လော့ရွှမ်ဘက်သို့ ပါသွားရန် အခွင့်အရေးရှိမည် မဟုတ်ဟု ယူဆခဲ့မိသည်။

ကျီးမျိုးနွယ်စုက ဤမျှအထိ အသုံးမကျလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ လုမင်က အမှန်တကယ်ပင် လွတ်မြောက်သွားခဲ့ပြီး လော့ရွှမ်ဘက်သို့ ခိုလှုံသွားခဲ့ချေပြီ။

'ပြိုင်ပွဲအတွင်းမှာ အခွင့်အရေးရရင် လုမင်ကို သတ်ပစ်ရမယ်'

ယိုးနင်က ကျီးထျန်းနှင့် ကျီးဖျင်တို့ထံသို့ အသံပို့လွှတ်ကာ မှာကြားလိုက်သည်။

"စိတ်မပူပါနဲ့။ အဲဒီကောင် ကျုပ်နဲ့တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်းဂရုစိုက်ပေးလိုက်မယ်"

ကျီးထျန်းက အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ဆိုလိုက်၏။

"သူသာ ကျုပ်လက်ထဲကို ရောက်လာရင် သေချင်စိတ်ပေါက်သွားအောင် ကျုပ် လုပ်ပြမယ်"

ဝတ်စုံဝါဝတ် လူငယ်က အေးစက်စွာ ပြောဆိုလိုက်သည်။

ထိုဝတ်စုံဝါဝတ် လူငယ်၏ အမည်မှာ ဟွမ်စုန့် ဖြစ်သည်။ ယိုးလော့နတ်ဆိုးတိုင်းပြည်တွင် ဟွမ်စုန့်က ဘုရင်ခန္ဓာပိုင်ရှင်များမှလွဲလျှင် အသန်မာဆုံးသူ ဖြစ်၏။ သူက ထိပ်တန်း ပါရမီရှင် ဆယ်ဦးတွင် အဆင့်တစ် ချိတ်ထားသူဖြစ်ပြီး ကျီးဖျင်ထက် များစွာ ပိုမိုသန်မာပေသည်။

ယိုးနင်၊ ကျီးထျန်းနှင့် အခြားသူများက လုမင်တို့အုပ်စုကို အကဲခတ်နေသကဲ့သို့ လုမင်၊ လော့ရွှမ်နှင့် အခြားသူများကလည်း တစ်ဖက်လူများကို ပြန်လည် အကဲခတ်နေကြသည်။

'ထုံးစံအရ... တစ်ဖက်ကို ပါရမီရှင် ငါးဆယ်စီ စေလွှတ်ပြီး တစ်ဦးချင်း ယှဉ်ပြိုင်ကြရမယ်။ အဆုံးမှာ အနိုင်ရတဲ့ အကြိမ်ရေ အများဆုံးဘက်က အောင်နိုင်သူ ဖြစ်လိမ့်မယ်'

လော့ရွှမ်က လူတိုင်းထံသို့ အသံပို့လွှတ်၍ ရှင်းပြလိုက်သည်။

လုမင်က ခေါင်းညိတ်လိုက်၏။ ဤစည်းမျဉ်းမှာ ရိုးရှင်းလှပေသည်။

'ဒီတစ်ကြိမ်မှာတော့ လူငယ်မျိုးဆက်တွေထဲမှာ နှစ်ဖက်စလုံးက ဘုရင်ခန္ဓာ နှစ်ဦးစီ ပိုင်ဆိုင်ထားကြတယ်။ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေကလည်း အတူတူလောက်ပဲဆိုတော့ ဘုရင်ခန္ဓာ အချင်းချင်း တိုက်ပွဲမှာ နှစ်ဖက်စလုံး အထိနာဖို့ များတယ်လေ။ ဒါကြောင့် ဘုရင်ခန္ဓာ မဟုတ်တဲ့သူတွေရဲ့ တိုက်ပွဲက အရမ်း အရေးကြီးလာပြီ'

လော့ရွှမ်က ဆက်လက် ပြောကြားသည်။ သို့ရာတွင်၊ သူက ဘုရင်ခန္ဓာအကြောင်း ပြောသည့်အခါ လုမင်ကို ထည့်သွင်းပြောဆိုခြင်း မရှိပေ။ လုမင်တွင် ဘုရင်ခန္ဓာ ရှိနေသည့် သတင်းမှာ ပြင်ပသို့ မပြန့်နှံ့သေးပါ။

'ဒါပေမဲ့ ဘုရင်ခန္ဓာ မဟုတ်တဲ့သူတွေထဲမှာ ရှင်တို့ သတိထားရမဲ့သူ တစ်ယောက် ရှိတယ်။ အဲဒါက ဟွမ်စုန့်ပဲ...၊ သူ့မှာ ဘုရင်ခန္ဓာ မရှိပေမဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ အရမ်း ကြောက်စရာကောင်းတယ်။ သူက ထူးခြားတဲ့ အခွင့်အလမ်းတစ်ခု ရရှိခဲ့လို့ သူ့ရဲ့ ဝိညာဉ်ခန္ဓာက သာမန်ဝိညာဉ်ခန္ဓာတွေထက် ပိုသန်မာတယ်။ အဲဒီအပြင် သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကလည်း အရမ်းကို နက်နဲတယ်။ သူ့နဲ့တွေ့ရင် သတိထားကြပါ'

လော့ရွှမ်က သတိပေးလိုက်၏။ လူအများက ခေါင်းညိတ်ကြသည်။ သူတို့သည်လည်း ဟွမ်စုန့်၏ နည်းလမ်းများကို သဘာဝအတိုင်း သိရှိကြပေသည်။

ထိုစဉ် လူရိပ်တစ်ခုမှာ သိုင်းစင်မြင့်ပေါ်သို့ ပျံတက်လာခဲ့သည်။

ထိုသူမှာ အလွန် အသက်ကြီးရင့်နေပြီဖြစ်ပြီး ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အကြီးအကဲတစ်ဦးပင်။ ဤပြိုင်ပွဲတွင် ဒိုင်လူကြီးလည်း ဖြစ်သည်။

"ဒီပြိုင်ပွဲမှာ ပါဝင်မယ့်သူတွေ စင်မြင့်ပေါ်ကို အရင်တက်ခဲ့ကြပါ'

အကြီးအကဲက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"သွားကြရအောင်"

လော့ရွှမ်က အရင်ဆုံး ထရပ်လိုက်ပြီး ကျန်သူများက နောက်မှ လိုက်ပါသွားကြ၏။

ယိုးနင်၊ ကျီးထျန်းနှင့် အခြားသူများကလည်း စင်မြင့်ပေါ်သို့ တက်လာကြသည်။

တစ်ဖက်လျှင် လူငါးဆယ်စီ ဖြစ်ပြီး အသက် ငါးဆယ်အောက် ဖြစ်ပါက ပါဝင်ယှဉ်ပြိုင်နိုင်ပေသည်။

သူတို့က စင်မြင့်ပေါ်သို့ တက်လိုက်သည်နှင့် ကျီးဖျင်၊ ကျီးထျန်းနှင့် ဟွမ်စုန့်တို့က လုမင်အား အေးစက်စွာ စိုက်ကြည့်လိုက်ကြသည်။

"ကောင်လေး... မင်း ငါနဲ့ မတွေ့ပါစေနဲ့လို့သာ ဆုတောင်းထားပါ။ မဟုတ်ရင် မင်း ဆိုးဆိုးရွားရွား သေရလိမ့်မယ်"

ပထမဆုံး စတင်ပြောဆိုသူမှာ ဟွမ်စုန့် ဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လွင်နေ၏။

လော့ရွှမ်ဘက်မှ လူအချို့မှာ မျက်နှာပျက်သွားကြသည်။ ဟွမ်စုန့်၏ နည်းလမ်းများက အလွန်တရာ ရက်စက်ပြီး သူ၏ ရန်သူအများစုမှာ အသေဆိုးဖြင့် သေဆုံးခဲ့ကြရသည်။

"လုမင်... နင် လော့ရွှမ်ဘက်ကို မပါသွားသင့်ဘူး"

ယိုးနင်က အေးစက်စွာ ပြောလိုက်သည်။

"မဟုတ်ရင် မင်းဘက်မှာပဲ ဆက်နေရမှာလား။ မင်း မောင်းထုတ်တာ ခံရပြီး ကျီးမျိုးနွယ်စုရဲ့ သတ်တာကို ငြိမ်ခံနေရမယ်လို့ ပြောချင်တာလား။ တကယ့် ရယ်စရာပဲ"

လုမင်က တည်ငြိမ်စွာပင် တုန့်ပြန်လိုက်သည်။

"အစ်မတော် ယိုးနင်... အစ်မက လုမင်ကို မကြိုက်ပေမဲ့ ညီမကတော့ သူ့ကို ရတနာလေးလို သဘောထားပါတယ်။ ခဏနေရင်တော့ အစ်မ သိပ်အံ့ဩမသွားဖို့ မျှော်လင့်တယ်"

လော့ရွှမ်က ခပ်ဟဟ ရယ်မောလိုက်၏။

ယိုးနင်၏ မျက်နှာက အေးစက်သွားသော်လည်း ဘာမှ ထပ်မပြောတော့ပေ။

ထို့နောက် အကြီးအကဲက နံပါတ်များကို သတ်မှတ်ပေးသည်။

တစ်ဖက်စီတွင် နံပါတ်တစ်မှ ငါးဆယ်အထိ အသီးသီး ရှိကြပေသည်။

ယင်းနောက် အကြီးအကဲက နံပါတ်ငါးဆယ်ကို သေတ္တာထဲသို့ ထည့်ကာ ကျပန်းနှိုက်ယူသည်။ နှိုက်ယူလိုက်သည့် နံပါတ်နှစ်ခုက ယှဉ်ပြိုင်ရမည့်သူများ ဖြစ်ကြပေလိမ့်မည်။

လုမင်၏ နံပါတ်မှာ သုံးဆယ့်တစ် ဖြစ်သည်။

နံပါတ်များ သတ်မှတ်ပြီးနောက် လူတိုင်းက မိမိတို့၏ နေရာများသို့ ပြန်သွားကြလေသည်။

အကြီးအကဲကမူ သေတ္တာနှစ်ခုထဲမှ နံပါတ်တစ်ခုစီကို နှိုက်ယူလိုက်သည်။

"လော့မျိုးနွယ်စုရဲ့ နံပါတ်ခြောက်နဲ့ ယိုးမျိုးနွယ်စုရဲ့ နံပါတ် သုံးဆယ့်ကိုး"

အကြီးအကဲက နံပါတ်များကို ကြေညာလိုက်သည်။

နောက်တစ်ခဏ၌ လူရိပ်နှစ်ခုမှာ စင်မြင့်ပေါ်သို့ ပြေးတက်သွား၏။ တိုက်ပွဲက စတင်ချေပြီ။

ဤတိုက်ပွဲတွင် ရလဒ်က မေးခွန်းထုတ်စရာ မလိုဘဲ ယိုးမျိုးနွယ်စု အနိုင်ရရှိသွားခဲ့သည်။ အကြောင်းမှာ ယိုးမျိုးနွယ်စုဝင်၏ ကျင့်ကြံမှုက သိသိသာသာ ပိုမြင့်နေသောကြောင့်ပင်။ တိုက်ကွက် အနည်းငယ်အတွင်းမှာပင် လော့မျိုးနွယ်စုဝင်ကို ပြင်းထန်စွာ ဒဏ်ရာရစေပြီး စင်ပေါ်မှ လွင့်စဉ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။

ပထမဆုံး တိုက်ပွဲတွင် ယိုးမျိုးနွယ်စုက အနိုင်ရသွားသဖြင့် ယိုးမျိုးနွယ်စုဝင်များ၏ မျက်နှာထက်တွင် အပြုံးများ ပေါ်ပေါက်လာကြသည်။

အကြီးအကဲက နံပါတ်များကို ဆက်လက် နှိုက်ယူပြန်သည်။ ဒုတိယ တိုက်ပွဲတွင်မူ လော့မျိုးနွယ်စုဝင်၏ ကျင့်ကြံမှုက ပိုသန်မာသဖြင့် လော့မျိုးနွယ်စုဝင် အနိုင်ရရှိသွားခဲ့၏။

"တတိယ တိုက်ပွဲ... လော့မျိုးနွယ်စုရဲ့ နံပါတ်သုံးဆယ့်တစ်နဲ့ ယိုးမျိုးနွယ်စုရဲ့ နံပါတ်ငါး"

အကြီးအကဲက နံပါတ်များကို ကြေညာလိုက်သည်။

'ငါ့အလှည့်က ဒီလောက်တောင် မြန်တာလား'

လုမင်က သူ့စိတ်ထဲမှတွေးရင်းး စင်မြင့်ပေါ်သို့ တက်သွားသည်။

ယိုးမျိုးနွယ်စုဘက်မှ ပြိုင်ဘက်မှာ အရပ်ရှည်၍ ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော လူငယ်တစ်ဦး ဖြစ်သည်။ သို့သော်လည်း လုမင်ကို မြင်လိုက်ရသည့်အခါ သူ မျက်နှာ တစ်ချက်ပျက်သွား၏။

မကြာသေးမီကပင်၊ ယိုးနင်က သူ့ထံသို့ အသံပို့လွှတ်ကာ လုမင်သည် ကျီးဖျင်ကို အနိုင်ယူထားသူဖြစ်ကြောင်း သတိပေးထားခဲ့သည်။ ထို့ကြောင့် လုမင်နှင့် တိုက်ကွက် အနည်းငယ် ယှဉ်ပြိုင်ပြီး လုမင်၏ သူတော်စင်စွမ်းအင် အချို့ကို ကုန်ခမ်းအောင် လုပ်ဆောင်ပြီးနောက် အရှုံးပေးရန် မှာကြားထားခဲ့ခြင်းပင်။

လုမင်မှာ ကျီးဖျင်ကို အနိုင်ယူထားသူဖြစ်ရာ သူ့အနေဖြင့် လုမင်၏ ပြိုင်ဘက်မဟုတ်ကြောင်း ထိုလူငယ် သဘာဝအတိုင်း သိရှိထားသည်။

"ကောင်လေး... ငါ့ပုဆိန်ကို မြည်းစမ်းကြည့်လိုက်စမ်း"

ထိုလူငယ်က အော်ဟစ်လိုက်သည်။ သူက သူ၏ ပုဆိန်ကိုမြှောက်ကာ လုမင်ထံသို့ ပြေးဝင်လာ၏။

သူ၏ ရည်ရွယ်ချက်က လုမင်၏ သူတော်စင်စွမ်းအား အချို့ကို ကုန်ခမ်းသွားစေရန်သာ ဖြစ်သည်။

"ကလစ်...ကလစ်..."

လုမင်၏ လက်ထဲမှ အသံတချို့ ထွက်ပေါ်လာသည်။ အနက်ရောင် နတ်ဆိုးလျှပ်စီးများ ဝင်းလက်လာ၏။ ထို့နောက် လုမင်က လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ နတ်ဆိုးလျှပ်စီးများမှာ ကြီးမားသော လက်ဝါးပုံရိပ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ထိုလူငယ်ထံသို့ တိုးဝင်သွားတော့သည်။

"ဝုန်း"

ထိုလူငယ်၏ ခန္ဓာကိုယ်မှာ တိုက်ရိုက် လွင့်စဉ်သွားသည်။ သူသည် စင်မြင့်အပြင်ဘက်သို့ လွင့်ထွက်သွားပြီး သွေးပွက်ပွက် အန်ထုတ်လိုက်ရ၏။

"ဒီကောင်က တကယ်ကို အစွမ်းအစရှိတာပဲ။ ဒီလိုကောင်မျိုးကို သတ်ရတာ ပိုပြီး ပျော်ဖို့ကောင်းမယ်"

ဟွမ်စုန်းက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ သူ၏ မျက်နှာထက်မှ ရက်စက်လိုသော အမူအရာမှာ ပို၍ပင် ပြင်းထန်လာတော့သည်။

လုမင်၏ စွမ်းဆောင်ရည်ကို ယခင်က မြင်တွေ့ဖူးခဲ့သော လော့ရွှမ်နှင့် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တို့မှာမူ ဆွံ့အသွားကြသည်။

'ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ။ နတ်ဆိုးလျှပ်စီးနိယာမတဲ့လား။ လုမင်က အဲဒီတုန်းက အစီရင်လမ်းစဉ်နိယာမကို အသုံးပြုခဲ့တာ မဟုတ်ဘူးလား။ အခုကျမှ ဘာဖြစ်လို့ နတ်ဆိုးလျှပ်စီးနိယာမ ဖြစ်သွားရတာလဲ'

'မဟုတ်မှလွဲ သူက နိယာမ နှစ်မျိုးလုံးကို နားလည်ထားတာလား'

လော့ရွှမ်နှင့် အခြားသူများမှာ မယုံကြည်နိုင်သော အရိပ်အယောင်များ လှစ်ဟလာကြတော့သည်။

သူတော်စင်တစ်ပါးက နိယာမနှစ်မျိုး နားလည်နိုင်ကြောင်း သူတို့ တစ်ခါမှ မကြားဖူးခဲ့ပေ။

All Chapters