← Chapters

အခန်း ၂၀၃၇

Vol. 139 Ch. 2037

အခန်း ၂၀၃၇

Vol. 139 Ch. 2037

အပိုင်း ( 2037 ) ထာဝရနတ်ဆိုးတိုင်းပြည်သို့။

"ယိုးလော့နတ်ဆိုးတိုင်းပြည်ရဲ့ ဒီတစ်ကြိမ်သိုင်းပြိုင်ပွဲမှာ လော့မျိုးနွယ်စုက အနိုင်ရရှိသွားပါပြီ။ ဒါကြောင့် နောက်ထပ် နှစ်ပေါင်း တစ်သောင်းတိုင်အောင် လော့မျိုးနွယ်စုက ယိုးလော့နတ်ဆိုးတိုင်းပြည်ကို အုပ်ချုပ်ရမှာဖြစ်ကြောင်း ကြေညာအပ်ပါတယ်"

ယင်းနောက် ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အကြီးအကဲက တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယိုးမျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာက လက်မခံလိုမှုဖြင့် အလွန်ပင် သုန်မှုန်နေ၏။ သို့သော်လည်း ဒါသည် ယိုးလော့နတ်ဆိုးတိုင်းပြည်တွင် နှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်းလာခဲ့သော ရိုးရာအစဉ်အလာတစ်ခု ဖြစ်သည်။ သူက မည်မျှပင် မလိုလားပါစေ ရာဇပလ္လင်ကို လွှဲပြောင်းပေးအပ်ခဲ့ရဦးမည်သာ။

သူတို့ ယိုးမျိုးနွယ်စု၏စွမ်းအားက တိုင်းပြည်အတွင်းမှာရှိသည့် အခြားအင်အားစုအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်မှသာ ဤရိုးရာကို ချိုးဖောက်နိုင်မှာ ဖြစ်သည်။ သို့ရာတွင်၊ လက်ရှိမှာတော့ ယိုးမျိုးနွယ်စုက ထိုသို့လုပ်ဆောင်ရန် မစွမ်းနိုင်ကြောင်း ထင်ရှားသည်။

နောက်ဆုံးမှာတော့ သူဟာ ဘုရင်ကို ကိုယ်စားပြုသော လှံတံကို လွှဲပြောင်းပေးလိုက်ရတော့သည်။

ထိုနောက်ပိုင်း ကိစ္စရပ်များမှာတော့ လုမင်နှင့် ဘာမှမသက်ဆိုင်တော့ပါ။ သူက ပွဲကြည့်စင်ပေါ်မှာထိုင်ပြီး အေးအေးလူလူ ကြည့်နေခဲ့သည်။

လော့မျိုးနွယ်စုခေါင်းဆောင်က လှံတံကို လက်ခံရယူပြီးနောက်မှာတော့ ရိုးရာအခမ်းအနားကို ကျင်းပခဲ့ပြီး ယိုးလော့တိုင်းပြည်ကို စတင်အုပ်ချုပ်ခဲ့လေသည်။ စားသောက်ပွဲများ၊ အခမ်းအနားများ အားလုံး ပြီးစီးသွားချိန်တွင် နောက်တစ်နေ့ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။

ရက်အနည်းငယ်အကြာတွင်၊ လော့ရွှမ်က လုမင်အတွက် ဆုလာဘ်အဖြစ် ရတနာပုံစံမျိုးစုံကို ယူဆောင်လာပေးခဲ့၏။ လုမင်ကလည်း ဝန်မလေးဘဲ လက်ခံရယူခဲ့လေသည်။

နောက်ရက်များတွင် အခြေအနေများက ပြန်လည်အေးချမ်းသွားခဲ့သည်။ လုမင်က မင်းသမီးလေး၏ အိမ်တော်မှာပဲ တိတ်တဆိတ် ကျင့်ကြံနေထိုင်ခဲ့၏။ လော့ရွှမ်ကတော့ လုမင်နှင့် လက်ရည်စမ်းဖို့ မကြာခဏ လာတတ်သည်။ သို့သော်လည်း အမြဲတမ်းလိုလို ရှုံးနိမ့်ပြီး ပြန်သွားရလေ့ရှိပေသည်။

အချိန်များက တရွေ့ရွေ့ကုန်လွန်လာပြီး တစ်လခွဲခန့် ကြာမြင့်သွားခဲ့ပြီ။

ယနေ့တွင်၊ လော့ရွှမ်က လုမင်ထံသို့လာပြီး သူတို့ ထာဝရနတ်ဆိုးတိုင်းပြည်ကို သွားကြတော့မည့်အကြောင်း အသိပေးလာသည်။

နောက်ထပ် လဝက်အကြာတွင်၊ ထာဝရနတ်ဆိုးတိုင်းပြည်၏ ဘုရင်က ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ထပ် နှစ်ပေါင်း သုံးသိန်းကြာ ဆက်လက်ရှင်သန်နိုင်တော့မည့်အတွက် အထိမ်းအမှတ်အဖြစ် စားသောက်ပွဲကြီးတစ်ခု ကျင်းပမှာဖြစ်သည်။ ထိုအချိန်တွင်၊ ထာဝရနတ်ဆိုးတိုင်းပြည်၏ လက်အောက်ခံနိုင်ငံအားလုံးက ဂုဏ်ပြုရန်အတွက် လူလွှတ်ကြရလိမ့်မည်။

ယိုးလော့နတ်ဆိုးတိုင်းပြည်ဟာလည်း ထာဝရနတ်ဆိုးတိုင်းပြည်၏ လက်အောက်ခံတိုင်းပြည်တစ်ခု ဖြစ်သည်။

"နောက်ဆုံးတော့ ထာဝရနတ်ဆိုးတိုင်းပြည်ကို သွားရတော့မယ်ပေါ့"

လုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ့အဖို့ ထာဝရနတ်ဆိုးခေါင်းတလားထံ ရောက်ရှိရန် ခြေတစ်လှမ်း ပိုနီးစပ်သွားပြီ။

"ယိုးနင်တို့အဖွဲ့ကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ထာဝရနတ်ဆိုးတိုင်းပြည်ကို သွားနှင့်ကြပြီ"

လော့ရွှမ်က ပြောလိုက်သည်။

လုမင်က ခေါင်းညိတ်ပြပြီး လော့ရွှမ်နောက်ကိုလိုက်ကာ နယ်မြေဖြတ်ကျော် အစီရင်ဆီကို သွား‌ခဲ့လေသည်။ လော့မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်သော လူပေါင်းရာချီအဖွဲ့က အစီရင်ထဲကို ဝင်ရောက်လိုက်ကြသည်။

ပထမဆုံးအနေဖြင့် သူတို့က ထာဝရနတ်ဆိုးတိုင်းပြည်၏ မြို့တော်အပြင်ဘက်မှ အရန်မြို့ကို သွားရသည်။ ထိုမှတစ်ဆင့် မြို့တော်ဆီကို ပျံသန်းသွားခဲ့ကြ၏။

ထာဝရနတ်ဆိုးတိုင်းပြည်က အဆုံးမဲ့နတ်ဆိုးနယ်မြေ၏ အသန်မာဆုံး အထူးနတ်ဆိုးတိုင်းပြည် နှစ်ခုထဲမှ တစ်ခုဖြစ်ပေရာ အမှန်တကယ် အင်အားကြီးမားသည်။ သူတို့၏ မြို့တော်မှာလည်း အလွန်ပင် ခန့်ညားထည်ဝါလှပြီး ယွမ်တောင်ရှိ ကောင်းကင်ဧကရာဇ်မြို့တော်ထက် မနိမ့်ပေ။

အဆုံးမဲ့နတ်ဆိုးနယ်မြေတစ်ခုလုံးတွင် အထူးနတ်ဆိုးတိုင်းပြည် နှစ်ခုနှင့် အဆင့်မြင့်နတ်ဆိုးတိုင်းပြည် ဆယ်ခု ရှိသည်။ ၎င်းတို့က အင်အားစု နှစ်စုအဖြစ် ကွဲပြားနေပြီး အထူးနတ်ဆိုးတိုင်းပြည် နှစ်ခုဟာလည်း တစ်ခုနှင့်တစ်ခု ရန်ဘက်များ ဖြစ်၏။ အထူးနတ်ဆိုးတိုင်းပြည် တစ်ခုစီက အဆင့်နိမ့်နှင့် အလယ်လတ်အဆင့် နတ်ဆိုးတိုင်းပြည်ပေါင်းများစွာကို အုပ်ချုပ်ထားသည်။

သူတို့၏ လက်အောက်မှာ အဆင့်မြင့်နတ်ဆိုးတိုင်းပြည် ငါးခုစီလည်း ရှိကြသေးသည်။ ယိုးလော့နတ်ဆိုးတိုင်းပြည်က ထာဝရနတ်ဆိုးတိုင်းပြည်၏ လက်အောက်မှ အဆင့်မြင့်တိုင်းပြည် ငါးခုအနက် တစ်ခုဖြစ်တာကြောင့် အလွန်အလေးထားခြင်း ခံရသည်။ သူတို့ ရောက်ရှိလာသည့်အခါမှာ ကြိုဆိုသူများရှိပြီး တည်းခိုရန် နေရာများကို စီစဉ်ပေးခဲ့ကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့တွေ မြို့တော်ကို ရောက်ရှိနေတာ သုံးရက်ရှိသွားပြီ။

"လုမင်... ဒီနေ့ အပြာရောင်နတ်ဆိုးဘုရင်စံအိမ်ရဲ့ မင်းသားငယ်က စားသောက်ပွဲကျင်းပပြီး တိုင်းပြည်အသီးသီးက ပါရမီရှင်တွေကို ဖိတ်ကြားထားတယ်။ ကျွန်မတို့ သွားကြည့်ကြမလား"

လော့ရွှမ်က မေးလာသည်။

"အပြာရောင်နတ်ဆိုးဘုရင်စံအိမ်ရဲ့ မင်းသားငယ်လား"

လုမင်က ပြောလိုက်၏။

"ထာဝရနတ်ဆိုးတိုင်းပြည်က အထူးနတ်ဆိုးတိုင်းပြည်ဖြစ်တာကြောင့် လက်အောက်ခံတိုင်းပြည်တွေ အများကြီးရှိတယ်။ အဲဒီတိုင်းပြည်တွေထဲက အများစုဟာ ဒီမြို့တော်မှာရှိတဲ့ သြဇာကြီးမျိုးနွယ်စုတွေနဲ့ ပတ်သက်မှုတွေ ရှိနေတတ်ကြတယ်။ အပြာရောင်နတ်ဆိုးဘုရင်စံအိမ်က ဒီတိုင်းပြည်မှာ အင်မတန် အင်အားကြီးတဲ့ မျိုးနွယ်တစ်ခုပဲလေ။ ကျွန်မတို့ လော့မျိုးနွယ်စုနဲ့ အဲဒီစံအိမ်က ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ အခုလို ပါရမီရှင်တွေကို ဖိတ်ကြားတာကတော့ ဆက်ဆံရေးကို ပိုခိုင်မြဲအောင် လုပ်တာပဲ"

လော့ရွှမ်က ရှင်းပြလိုက်သည်။

လုမင်က ခေါင်းညိတ်လိုက်လေသည်။ ဒါက အကျိုးရှိမည်ဆိုလျှင် သဘာဝအတိုင်း သွားရမည် ဖြစ်သည်။

"ဒါ့အပြင် ထာဝရနတ်ဆိုးတိုင်းပြည်မှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပတိုင်း တိုင်းပြည်အသီးသီးက လူငယ်ပါရမီရှင်တွေဟာ အချင်းချင်း လက်ရည်စမ်းလေ့ရှိကြတယ်။ အစွမ်းပြနိုင်တဲ့သူတွေဆိုရင် ဆုလာဘ်အကြီးကြီးတွေ ရတတ်တာကြောင့် ပါရမီရှင်အချင်းချင်း တွေ့ဆုံပြီး တစ်ဖက်လူရဲ့ အစွမ်းကို လေ့လာကြတာဟာ ပုံမှန်ပါပဲ"

လော့ရွှမ်က ထပ်ပြောလိုက်၏။

လုမင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ အကယ်၍ သူသာ အစွမ်းပြနိုင်ပြီး ထာဝရနတ်ဆိုးတိုင်းပြည် ဘုရင်မင်းမြတ်၏ အာရုံစိုက်မှုကို ရခဲ့မည်ဆိုလျှင် ထာဝရနတ်ဆိုးခေါင်းတလားကို ငှားရမ်းရန်အတွက် ပိုပြီး နီးစပ်သွားနိုင်သည်။

"ကောင်းပြီလေ... သွားကြည့်ကြတာပေါ့"

လုမင်နှင့် လော့ရွှမ်တို့လည်း ဝူရှီတို့လို ယိုးလော့နတ်ဆိုးတိုင်းပြည်၏ အခြားပါရမီရှင်များနှင့်အတူ အပြာရောင်နတ်ဆိုးဘုရင်စံအိမ်ဆီကို ဦးတည်ထွက်ခွာခဲ့ကြသည်။ ထိုအထဲတွင်၊ ယိုးနင်နှင့် ကျီးထျန်းတို့ကတော့ သူတို့နဲ့ အတူမပါပေ။ သူတို့က မြို့တော်ကို အစောကြီးကတည်းက ရောက်နေခဲ့ကြပြီး သူတို့မှာလည်း ကိုယ်ပိုင်အဆက်အသွယ်များ ရှိပုံရသည်။

မကြာမီ၊ သူတို့က ကျယ်ဝန်းလှသော စံအိမ်တော်ကြီးဆီကို ရောက်ရှိသွားသည်။ ကြိုဆိုသူများက သူတို့ကို ကျယ်ဝန်းသော ရင်ပြင်တစ်ခုဆီ လမ်းပြခေါ်ဆောင်သွား၏။ ထိုနေရာတွင် စားပွဲ၊ ကုလားထိုင်များ အများကြီးရှိနေပြီး လူတော်တော်များများလည်း ရောက်နေကြပြီ ဖြစ်သည်။ အားလုံးကလည်း လူငယ်မျိုးဆက်ချည်း ဖြစ်ပေသည်။

"မင်းသမီး လော့ရွှမ်ကို နှုတ်ခွန်းဆက်ပါတယ်"

လော့ရွှမ် ရောက်လာသည့်အခါ လူငယ်တော်တော်များများက ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ ယိုးလော့နတ်ဆိုးတိုင်းပြည်ဟာ အဆင့်မြင့်တိုင်းပြည်ဖြစ်ပြီး လက်အောက်ခံတိုင်းပြည်ထဲတွင် ထိပ်တန်းတိုင်းပြည်ငါးခု စာရင်းဝင်တာကြောင့် အလယ်လတ်အဆင့်နှင့် အဆင့်နိမ့်တိုင်းပြည်မှ လူငယ်များက လော့ရွှမ်ကို တွေ့သည့်အခါ ဂါရဝပြုကြရပေသည်။ လော့ရွှမ်က ပြုံးပြီး ခေါင်းညိတ်နှုတ်ဆက်ကာ စားပွဲတစ်ခုမှာ ထိုင်လိုက်သည်။

"လုမင်... ဒီမှာထိုင်"

မင်းသမီး လော့ရွှမ်က သူ့ဘေးမှ ခုံတစ်လုံးကို ညွှန်ပြပြီး ဖိတ်ခေါ်လိုက်သည်။ လုမင်ကလည်း အားမနာဘဲ လော့ရွှမ်ဘေးမှာ ဝင်ထိုင်လိုက်၏။ ဝူရှီးတို့အဖွဲ့ကတော့ သူတို့နောက်မှ စားပွဲများမှာ ထိုင်လိုက်ကြသည်။ ယင်းကြောင့် လူငယ်တော်တော်များများက မင်းသမီးလော့ရွှမ်ဘေးမှာ ထိုင်နိုင်သော လုမင်ကို စူးစမ်းသော မျက်လုံးများနှင့် ကြည့်နေကြတော့သည်။

"ဟားဟားဟား... လော့ရွှမ်၊ မတွေ့ရတာ ကြာပြီ"

ရွှင်မြူးသော ရယ်မောသံနှင့်အတူ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက လူငယ်အချို့ကို ဦးဆောင်ပြီး လျှောက်လာသည်။ သူက အတော်အတန် ချောမောပြီး ထူးခြားသော အရှိန်အဝါများ ရှိ၏။

"မင်းသားငယ်ကို ဂါရဝပြုပါတယ်"

ဤလူငယ်ကို မြင်သည့်အခါ လူငယ်များအားလုံး ထရပ်ပြီး ဦးညွှတ်လိုက်ကြသည်။ လုမင်နှင့် လော့ရွှမ်လည်း ထရပ်ပြီး နှုတ်ဆက်လိုက်ကြလေသည်။ ဤလူငယ်က အပြာရောင်နတ်ဆိုးဘုရင်စံအိမ်၏ မင်းသားငယ် ဖြစ်သည်။ အပြာရောင်နတ်ဆိုးဘုရင်က အလွန်ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်ပြီး ထာဝရနတ်ဆိုးတိုင်းပြည်၏ ဘုရင်မင်းမြတ်နှင့် တစ်ခေတ်တည်းသားဖြစ်သလို သူတို့နှစ်ဦးကြားမှာ ထူးခြားသော ဆက်ဆံရေးရှိသည်ဟု ဆိုကြသည်။ ထို့ကြောင့် အနှီမင်းသားငယ်၏ အဆင့်အတန်းက အလွန်မြင့်မားပေသည်။ ထို့ထက်၊ သူကိုယ်တိုင်ကလည်း ကြောက်စရာကောင်းသော ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သည်။

"အားလုံးပဲ အားမနာကြပါနဲ့၊ ထိုင်ကြပါ"

မင်းသားငယ်က လက်ကာပြရင်း လော့ရွှမ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"မင်းသမီး လော့ရွှမ်... မတွေ့ရတာ နှစ်အနည်းငယ်ရှိသေးပေမဲ့ မင်းရဲ့ ကျင့်ကြံမှုက ပိုပြီး နက်ရှိုင်းလာတာပဲ။ ဒီအတိုင်းဆိုရင် နောက်နှစ်အနည်းငယ်အတွင်းမှာ ကျုပ်တောင် မင်းရဲ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်တော့ဘူးထင်တယ်"

"မင်းသားငယ်က ရယ်စရာတွေ ပြောနေပြန်ပါပြီ။ မင်းသားငယ်ရဲ့ ပါရမီကို ဒီတိုင်းပြည်မှာ ဘယ်သူက မသိဘဲ နေမှာလဲ။ လော့ရွှမ်က ဘယ်လိုလုပ်ပြီး မင်းသားငယ်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"

လော့ရွှမ်က နှိမ့်ချစွာ ပြန်ပြောလိုက်၏။

"ဒါနဲ့ ဒီတစ်ယောက်က..."

မင်းသားငယ်က လော့ရွှမ်ဘေးမှာ ထိုင်နေသော လုမင်ကို အကဲခတ်သလို ကြည့်လိုက်သည်။ သို့သော်လည်း လုမင်ကို သေချာကြည့်လိုက်မိပြီးနောက် သူမျက်နှာက ရုတ်တရက် တင်းမာသွား၏။

လုမင်က မျက်မှောင်ကြုံ့လိုက်မိသည်။ ယခုလေးတင် တစ်ဖက်လူထံမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခုကို သူ ခံစားလိုက်ရသည်။

သူ နားမလည်ပေ။ သူသည် တစ်ဖက်လူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်သော်လည်း အဘယ်ကြောင့် သူ့အပေါ် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ရှိရသနည်း။

All Chapters