← Chapters

အခန်း ၂၀၄၄

Vol. 140 Ch. 2044

အခန်း ၂၀၄၄

Vol. 140 Ch. 2044

အပိုင်း ( 2044 ) ကောင်းကင်သားတော်များ၏ ယှဉ်ပြိုင်ပွဲ။

"ဒါက နတ်ဆိုးတစ်သောင်း နိယာမပဲ"

တစ်စုံတစ်ယောက်က ထိုနိယာမကို မှတ်မိသွားပြီး အော်ဟစ်လိုက်သည်။

နတ်ဆိုးတစ်သောင်း နိယာမသည်လည်း ဘုရင်နိယာမတစ်ခုဖြစ်ပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်း၏။ ၎င်းက နတ်ဆိုးကျင့်ကြံသူများအတွက် အသင့်တော်ဆုံးဖြစ်သည်။

ဤနိယာမကို အသုံးပြုလိုက်သည်နှင့် ရှေးဟောင်းနတ်ဆိုးတစ်ပါး၏ စိတ်ဆန္ဒကို ဖိတ်ခေါ်လိုက်သကဲ့သို့ ရန်သူကို တိုက်ခိုက်နိုင်စွမ်းရှိရာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းသည်။

ကျင့်ကြံမှုအဆင့်ချင်း တူညီနေကြသော်လည်း တိုက်ပွဲစတင်သည်နှင့် စန်းယန်မှာ အခြေအနေမကောင်းဘဲ အရေးနိမ့်နေရတော့သည်။

သူက ဟိန်းဟောက်ကာ အစွမ်းကုန် ပြန်လည်ခုခံသည်။ သို့သော်၊ တိုက်ကွက်ပေါင်း ဒါဇင်အနည်းငယ်အကြာတွင် ရှုံးနိမ့်သွားခဲ့ရ၏။ သူက တိုက်ပွဲစင်မြင့်အပြင်ဘက်သို့ လွင့်စင်သွားပြီး သွေးများအန်ထွက်လာတော့သည်။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်တွင် စတုတ္ထအဆင့်သာ ရှိသောသူကိုပင် သူက အကွက်အနည်းငယ်အတွင်း ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။

ဤသည်မှာ သူ့ထက်အစွမ်းထက်သော ပါရမီရှင် သုံးဦး ကျန်ရှိနေသေးသည်ဟု ဆိုလိုရာမရောက်ဘူးလား။

ပြိုင်ဘက်တိုင်းပြည်တွင် ကောင်းကင်သားတော်က သုံးဦးအထိ ရှိနေတာများလား။

"မဖြစ်နိုင်တာ... အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှာ ကောင်းကင်သားတော် နှစ်ဦးပဲ ရှိတယ်လို့ ကျုပ် အမြဲကြားဖူးတာ"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလူက နတ်ဆိုးတစ်သောင်း နိယာမကို ကျင့်ကြံထားပြီး နိယာမအလင်းလည်း ရှိနေတယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းပဲ။ ကောင်းကင်သားတော်တွေကလွဲရင် သူ့ထက် ဘယ်သူက သာလွန်နိုင်ဦးမှာလဲ"

လူတိုင်းက စိတ်ဝင်စားစွာဖြင့် ဆွေးနွေးနေကြတော့သည်။

ထာဝရနတ်ဆိုးတိုင်းပြည်မှ ကျွမ်းကျင်သူများ၏ မျက်နှာမှာ အကျည်းတန်နေခဲ့သည်။ ထာဝရမဟာဧကရာဇ်၏ မျက်နှာမှာလည်း ပျက်ယွင်းနေချေပြီ။

ယနေ့သည် သူ၏ ကပ်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပွဲနေ့ဖြစ်သော်လည်း အင်မော်တယ်နတ်ဆိုးတိုင်းပြည်က မျိုးဆက်သစ်လူငယ်များဖြင့် လာရောက်စိန်ခေါ်ခြင်းမှာ သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

သို့သော်လည်း ထာဝရနတ်ဆိုးတိုင်းပြည်မှာ အမှန်တကယ်ပင် အားနည်းချက်ဖြစ်နေရသည်။

"ဝှစ်..."

ထိုအချိန်တွင်၊ အခြားသော လူရိပ်တစ်ခုက တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်ဝင်လာခဲ့သည်။

ဟင်းလင်းပြင်၏သားတော် ဖြစ်ချေသည်။

ထာဝရနတ်ဆိုးတိုင်းပြည်တွင် ဒုတိယအဆင့် ရရှိထားသော ဟင်းလင်းပြင်၏သားတော် ပေါ်ထွက်လာခြင်းက လူအများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

သူက အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ ပါရမီရှင်ထံသို့ လျှောက်လှမ်းသွား၏။ သူ၏ပြင်းထန်လှသော အရှိန်အဝါကြောင့် ပြိုင်ဘက်၏မျက်နှာမှာ အလွန် တည်ကြည်သွားတော့သည်။

"မင်းရဲ့ပြိုင်ဘက်က ငါပဲ"

ထိုခဏတွင် အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူငယ်တစ်ဦးကလည်း စင်မြင့်ပေါ်သို့ ခုန်တက်လာသည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများက ဟင်းလင်းပြင်သားတော်ထံသို့ တိုးဝင်လာခဲ့၏။

"ဝုန်း"

အရှိန်အဝါနှစ်ခု တိုက်မိသွားပြီး ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာတော့သည်။

"ဒါလည်း ဟင်းလင်းပြင်နိယာမပဲ"

လုမင်၏ မျက်လုံးများမှာ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ ပါရမီရှင်ကလည်း ထာဝရနတ်ဆိုးတိုင်းပြည်မှ ဟင်းလင်းပြင်သားတော်ကဲ့သို့ပင် ဟင်းလင်းပြင်နိယာမကို ကျွမ်းကျင်သူ ဖြစ်နေချေသည်။

ဟင်းလင်းပြင်သားတော် နှစ်ဦး ဖြစ်သည်။

"အဆုံးမဲ့နတ်ဆိုးနယ်မြေကြီးမှာ ဟင်းလင်းပြင်သားတော် နှစ်ဦးရှိတယ်။ သူတို့နှစ်ဦးကို အင်အားကြီးတိုင်းပြည်ကြီး နှစ်ခုက တစ်ယောက်စီ ပိုင်ဆိုင်ထားကြတာလေ၊ သူတို့က ကံကြမ္မာအရ ရန်ဘက်တွေပေါ့။ သူတို့ စတင်ကျော်ကြားလာကတည်းက တစ်ယောက်နဲ့တစ်ယောက် မကြာခဏ တိုက်ခိုက်ခဲ့ကြတာ။ ဒါပေမဲ့ အခုထိတော့ ဘယ်သူက အနိုင်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်နေတုန်းပါးပဲ"

လော့ရွှမ်က လုမင်၏နားသို့ တိုးကပ်ပြီး လေသံတိုးတိုးဖြင့် ရှင်းပြလေသည်။

လုမင်က ခေါင်းငြိမ့်လိုက်သည်။

လူချင်းမတူသော်လည်း တူညီသော နိယာမကို ပိုင်ဆိုင်ထားကြသူများအနေဖြင့် သူတို့ဟာ ကံကြမ္မာအရ ပြိုင်ဘက်များ ဖြစ်ကြသည်။

လူတိုင်းက မိမိသာလျှင် အစွမ်းထက်ဆုံးဖြစ်ချင်ကြသည်မှာ ဓမ္မတာပင်။ မိမိ၏ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်မှသာ အထွတ်အထိပ်သို့ အမှန်တကယ် တက်လှမ်းနိုင်မည်ဖြစ်သည်။

ဤသည်မှာ အခြားသော ကောင်းကင်သားတော်များကို အနိုင်ယူရခြင်းထက် ပို၍ အဓိပ္ပာယ်ရှိလှပေသည်။

ထို့ကြောင့် တူညီသော နိယာမကို လေ့ကျင့်ထားသည့် ကောင်းကင်သားတော်နှစ်ဦး ဆုံတွေ့ကြလျှင် တိုက်ပွဲများမှာ အမြဲဖြစ်ပွားတတ်သည်။

"ဝုန်း..."

ကံကြမ္မာအရ ရန်ဘက်ဖြစ်ရသော သူတို့နှစ်ဦးမှာ တစ်ဦးအကြောင်းတစ်ဦး ကောင်းစွာသိရှိနေကြသဖြင့် မည်သည့်စကားမျှ မပြောတော့ဘဲ စတင်တိုက်ခိုက်ကြတော့သည်။

ဟင်းလင်းပြင်နိယာမများက အဆက်မပြတ် ထိပ်တိုက်တွေ့နေကြရာ အရာခပ်သိမ်းမှာ ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားတော့မည့်အလားပင်။

တစ်ချိန်တည်းမှာပင်၊ ထာဝရနတ်ဆိုးတိုင်းပြည်တွင် ပထမအဆင့် ရရှိထားသော သေခြင်း၏သားတော်က သေခြင်းတရားနိယာမများ ဝန်းရံလျက် လေထဲသို့ ပျံတက်လာခဲ့သည်။ သူ့အကြည့်က အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ ပါရမီရှင်တစ်ဦးထံတွင် ကျရောက်သွား၏။

"ဝှစ်..."

ထိုပါရမီရှင်က လေထဲသို့ ပျံတက်လာပြီး သေခြင်း၏သားတော်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ဆန်းကြယ်သော နိယာမတစ်ခုလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"ဒါက အာဒိကပ္ပနိယာမပဲ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ နောက်ဆုံးတွင်၊ သူက ပျက်စီးခြင်းနိယာမအသစ်တစ်ခုကို မြင်တွေ့လိုက်ရချေပြီ။

အထွတ်အထိပ်နိယာမ ဆယ်ပါးထဲတွင် အာဒိကပ္ပနိယာမသည် ရှေးဦးကစဥ့်ကလျားနိယာမနှင့် အလွန် ဆင်တူသည်။

ကောင်းကင်သားတော် နှစ်ဦးက မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့၏ အရှိန်အဝါများမှာလည်း ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုသဖွယ် ပေါက်ကွဲထွက်ပေါ်နေတော့သည်။

"ကျုပ်တို့ တိုက်ခိုက်ခဲ့တာ တစ်ခါမကတော့ဘူး။ အနိုင်အရှုံး ခွဲဖို့ ခက်နေတုန်းပဲ"

အာဒိကပ္ပ၏သားတော်က ပြောလိုက်သည်။

အဆုံးမဲ့နတ်ဆိုးနယ်မြေကြီး၏ ထိပ်သီးပါရမီရှင်များအနေဖြင့် သူတို့က အချင်းချင်း သိကျွမ်းကြပြီး တိုက်ပွဲများလည်း အကြိမ်ကြိမ် ဆင်နွှဲခဲ့ဖူးကြလေသည်။

"ခင်ဗျားမှာ ကျုပ်ကို အနိုင်ယူနိုင်တဲ့ ယုံကြည်ချက် မရှိဘူးဆိုရင် ဒီနေ့ ဒီကိုလာတာက အဓိပ္ပာယ်မရှိဘူး"

သေခြင်း၏သားတော်က အေးစက်စွာ ဆိုလိုက်၏။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ အခြားသော ပါရမီရှင်များက အသာစီးရနေသော်လည်း ကောင်းကင်သားတော်များကို အနိုင်မယူနိုင်လျှင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

"ဒီနေ့ ခင်ဗျားနဲ့ တိုက်မဲ့သူက ကျုပ်မဟုတ်ပါဘူး"

အာဒိကပ္ပ၏သားတော်က ပြောလိုက်သည်။

လူတိုင်းမှာ အံ့အားသင့်သွားကြ၏။ သူ့စကားက ဘာကို ဆိုလိုသနည်း။

အကယ်၍ သေခြင်း၏သားတော်ကို တိုက်မည့်သူမှာ သူတို့မဟုတ်လျှင် နောက်ထပ် မည်သူ ရှိနိုင်ဦးမည်နည်း။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်တွင် အခြားသော ကောင်းကင်သားတော်များ ရှိနေသေးသလော။

"ကျုပ်ပြောပြပါမယ်... အရင်တုန်းက ကျုပ်ဟာ အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှာ ပထမ ဖြစ်ခဲ့ပေမဲ့ အခုတော့ ကျုပ်က ဒုတိယအဆင့် ဖြစ်သွားပြီ"

အာဒိကပ္ပသားတော်၏ စကားကြောင့် ထာဝရနတ်ဆိုးတိုင်းပြည်မှ လူများမှာ မှင်တက်သွားကြသည်။

အာဒိကပ္ပ၏သားတော်က ဒုတိယအဆင့်လား။ သူက ဟင်းလင်းပြင်သားတော်ထံတွင် ရှုံးနိမ့်သွားခဲ့ခြင်းပဲလား။

သို့သော်လည်း ဟင်းလင်းပြင်သားတော်၏ ကျင့်ကြံမှုမှာ အန္တိမသူတော်စင်နယ်ပယ်၏ အကန့်အသတ်သို့ မရောက်ရှိသေးပေ။ အကယ်၍၊ ရောက်ရှိနေခဲ့လျှင်ပင် အာဒိကပ္ပ၏သားတော်ကို အနိုင်ယူနိုင်ရန် မလွယ်ကူသေးပါ။

ဟင်းလင်းပြင်သားတော်မဟုတ်ဘဲ အာဒိကပ္ပသားတော်ထက် ပိုမိုအစွမ်းထက်သူ အင်မော်တယ်နတ်ဆိုးတိုင်းပြည်တွင် ရှိနေသေးသလော။ လူတိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ဒုန်း... ဒုန်း"

ထိုခဏတွင်၊ အင်မော်တယ်နတ်ဆိုးတိုင်းပြည်ဘက်မှ လူငယ်တစ်ဦးက ရှေ့သို့ လှမ်းထွက်လာခဲ့သည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ ဟင်းလင်းပြင်ကို တုန်ခါသွားစေ၏။

သူက သာမန်ကာလျှံကာ ရုပ်ရည်ရှိသော လူငယ်တစ်ဦးသာ ဖြစ်သည်။ သူဟာ အနက်ရောင်လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဖုထစ်နေသော လက်မောင်းကြွက်သားများမှာ ပေါ်လွင်နေလေသည်။

သူ၏လက်မောင်း၊ လက်ဖျံများက နတ်ဆိုးသံမဏိကဲ့သို့ မည်းနက်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည့်အလား ထင်ရစေသည်။

သူ၏မျက်လုံးများမှာ မှောင်မိုက်နေသော်လည်း ရည်မှန်းချက်များဖြင့် တောက်ပနေချေသည်။

ထာဝရနတ်ဆိုးတိုင်းပြည်မှ လူတိုင်းက ထိုလူကို ဝိုင်းဝန်းကြည့်လိုက်ကြသည်။ သူက အင်မော်တယ်နတ်ဆိုးတိုင်းပြည်၏ နံပါတ်တစ် ပါရမီရှင်... အာဒိကပ္ပ၏သားတော်ထက် ပို၍ အစွမ်းထက်သူလား။

"မဟုတ်သေးပါဘူး...၊ သူ့ကြည့်ရတာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှာပဲ ရှိသေးပုံရတယ်။ နှစ်ယောက်က ကျင့်ကြံမှုအဆင့်ချင်း တူညီနေချိန်မှာ သူက ဘယ်လိုလုပ်ပြီး အာဒိကပ္ပရဲ့သားတော်ထက် ပိုအစွမ်းထက်နိုင်မှာလဲ"

"အမှန်ပဲ... တကယ်ဆိုရင် အာဒိကပ္ပသားတော်ရဲ့ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီလို့တောင် ပြောကြတယ်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလေ။ သူက သေခြင်းရဲ့သားတော်နဲ့ လက်ရည်တူတယ်"

ထာဝရနတ်ဆိုးတိုင်းပြည်မှ လူများက ဆွေးနွေးနေကြသော်လည်း မည်သို့မျှ အဖြေရှာမရနိုင်ပေ။

ထာဝရမဟာဧကရာဇ်နှင့် အခြားသော ကျွမ်းကျင်သူများပင် ထိုလူငယ်ကို စိတ်ဝင်တစား ကြည့်နေကြသည်။

လုမင်လည်း ထိုလူငယ်ကို ကြည့်လိုက်၏။ ထိုလူငယ်ထံမှ ပြင်းထန်သော ဖိအားတစ်ခုကို သူ ခံစားရသည်။ ထိုလူငယ်၏ ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ကိန်းအောင်းနေသည့်အလားပင်။

ဟန်ရှင်းဟဲ သို့မဟုတ် ကစဉ့်ကလျားသားတော်နှင့် ရင်ဆိုင်ရစဉ်ကပင် သူသည် ဤကဲ့သို့သော ဖိအားမျိုးကို မခံစားခဲ့ရဖူးပါ။

"ကျုပ်နာမည်က ရှေးနတ်ဆိုးလို့ ခေါ်တယ်"

လူငယ်က အေးဆေးစွာပင် ပြောလိုက်သည်။ သူ့အသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။

သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် လူငယ် ရှေးနတ်ဆိုးက သေခြင်း၏သားတော်ကို ကြည့်ကာ ဆိုလိုက်သည်။

"ဒီနေ့ ခင်ဗျားတို့ရဲ့ပြိုင်ဘက်က ကျုပ်ပဲ"

"ဝုန်း"

ထိုအခိုက်တွင်၊ ဟင်းလင်းပြင်၏သားတော် နှစ်ဦးက တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်လိုက်ကြပြီးနောက် တပြိုင်နက်တည်း နောက်သို့ ဆုတ်ခွာသွားကြသည်။

ထာဝရနတ်ဆိုးတိုင်းပြည်မှ ဟင်းလင်းပြင်သားတော်က ရှေးနတ်ဆိုးကို အေးစက်စွာ လှမ်းကြည့်လိုက်၏။

"ခင်ဗျားက ကျုပ်တို့ကို တိုက်ခိုက်ချင်တာလား။ ဒါဆိုရင် ခင်ဗျားမှာ ဘာအရည်အချင်း ရှိလဲဆိုတာ ကြည့်ရအောင်"

ထာဝရနတ်ဆိုးတိုင်းပြည်မှ ဟင်းလင်းပြင်သားတော်က ပြတ်သားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်အလင်းတန်း တစ်ခုက ရှေးနတ်ဆိုးထံသို့ ဖြတ်သန်းသွား၏။

ဤဟင်းလင်းပြင်အလင်းက အလွန်ပင် ကြောက်စရာကောင်းလှသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းမှာ ဗလာနယ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

"ဝုန်း"

ထိုစဉ်၊ ရှေးနတ်ဆိုးက စတင် တိုက်ခိုက်လိုက်သည်။

သူ၏ တိုက်ခိုက်ပုံမှာ အလွန်ရိုးရှင်း၏။ ၎င်းက ရိုးရှင်းသော လက်သီးတစ်ချက် ထိုးနှက်လိုက်ခြင်းသာ ဖြစ်တော့သည်။

All Chapters