← Chapters

အခန်း ၂၀၄၇

Vol. 140 Ch. 2047

အခန်း ၂၀၄၇

Vol. 140 Ch. 2047

အပိုင်း ( 2047 ) သူက ကစဉ့်ကလျားရဲ့သားတော်ပဲ။

"မင်း တိုက်ခိုက်စမ်း"

လုမင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ထိုလူငယ်ကလည်း မဆိုင်းမတွ လှုပ်ရှားလိုက်သည်။ အကန့်အသတ်မဲ့ နတ်ဆိုးဓားအလင်းတစ်ခုကို ခုတ်ပိုင်းလိုက်၏။ ၎င်း၏စွမ်းအားက ယွမ်ထို့ထက် အမှန်တကယ်ပင် ပိုမိုအားကောင်းသည်။

သို့သော်လည်း လုမင်က ရိုးရှင်းသော လက်သီးတစ်ချက် ထိုးနှက်လိုက်ရုံဖြင့် တစ်ဖက်လူ၏ ဓားအလင်းတန်းကို တိုက်ရိုက်ချေမှုန်းပစ်လိုက်ကာ ထိုသူကိုပင် လွင့်စင်သွားစေပြန်တော့သည်။

တစ်ကွက်... နောက်ထပ် တစ်ကွက်သာ။

သူ၏ပြိုင်ဘက်မှာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရှိ ဘုရင်ခန္ဓာ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်အားကောင်း၏။ သို့သော်လည်း လုမင်၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သာ ရှိသေးသည့်တိုင် ပြိုင်ဘက်ကို တစ်ကွက်တည်းနှင့် အနိုင်ယူနိုင်ခဲ့ခြင်းက လူအများကို တုန်လှုပ်သွားစေခဲ့သည်။

"တကယ့်ကို အားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားပဲ။ လက်သီးတစ်ချက်တည်းနဲ့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တာလား။ သူ့ရဲ့ တိုက်ခိုက်ပုံကလည်း ရှေးနတ်ဆိုးနဲ့ နည်းနည်းဆင်တူပြီး ဘာနိယာမလှိုင်းမှ မခံစားရဘူး"

တစ်စုံတစ်ယောက်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။

"သူက အရင်တုန်းက စန်းယန်ကို အနိုင်ယူခဲ့ဖူးတယ်လို့ ကြားရတယ်။ အစကတော့ ကျုပ်သံသယဖြစ်မိပေမဲ့ အခုကြည့်ရတာ အဲဒီစကားက အမှန်ပဲဖြစ်ရမယ်"

လော့ရွှမ်၏ စကားကို တစ်စုံတစ်ယောက်က ပြန်လည်သတိရသွားလေသည်။

စန်းယန်၏ မျက်နှာက ရှုံးမဲ့သွားသည်။

အချို့လူများက လော့ရွှမ်၏စကားကို အလေးအနက်မထားခဲ့ကြသော်လည်း၊ လုမင်၏ လက်ရှိစွမ်းအားက လော့ရွှမ်၏စကားကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ စန်းယန်က အမှန်တကယ်ပင် လုမင်ထံ၌ ရှုံးနိမ့်ခဲ့ဖူးခြင်းဖြစ်မည်။

"လုမင်... တိုက်ပွဲစင်မြင့်ပေါ်ကနေ အခုချက်ချင်း ဆင်းသွားစမ်း။ မင်းက နာမည်မရှိတဲ့ကောင်ပဲ။ ဒီစင်ပေါ်မှာ တိုက်ခိုက်ဖို့ မင်းမှာ အရည်အချင်းမရှိဘူး"

စန်းယန်က အော်ဟစ်လိုက်ပြီး လုမင်ကို စင်ပေါ်မှဆင်းရန် အမိန့်ပေးလိုက်သည်။

လုမင်က စန်းယန်ကို အေးစက်စက်တစ်ချက် ကြည့်လိုက်ပြီး ကြိမ်းမောင်းလိုက်၏။

"ဒါက ငါနဲ့ အင်မော်တယ်နတ်ဆိုးတိုင်းပြည်ရဲ့ ပါရမီရှင်တွေကြားက ကိစ္စပဲကွ။ အမှိုက်ကောင်က ပါးစပ်ပိတ်ထားစမ်း"

"ဘာ... မင်း ဘာပြောလိုက်တယ်"

လူအများရှေ့တွင် လုမင်၏ 'အမှိုက်ကောင်' ဟု ခေါ်ဆိုခြင်းကို ခံလိုက်ရသဖြင့် စန်းယန်မှာ ဒေါသအလိပ်လိပ် ထွက်သွားသည်။ သူက လုမင်ကို အစိမ်းလိုက် ဝါးစားတော့မတတ် စိုက်ကြည့်လိုက်၏။

"မင်းက ငါ့လက်ထဲမှာ ရှုံးခဲ့တယ်၊ အင်မော်တယ်နတ်ဆိုးတိုင်းပြည်က လူတွေလက်ထဲမှာလည်း ထပ်ပြီးရှုံးပြန်တယ်။ အဲဒါကို ဒီမှာ ဘာတွေ လာပြီး အာချောင်နေတာလဲ။ မင်းက အမှိုက်မဟုတ်ဘူးဆိုရင် ဘာလဲ။ ငါသာ မင်းနေရာမှာဆိုရင် ကိုယ့်ရဲ့ကျင့်ကြံမှုကို ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ပြီ။ သိုင်းလမ်းစဉ်ကို ဆက်ကျင့်နေလို့ရော ဘာထူးဦးမှာလဲ"

လုမင်က ဟိန်းဟောက်လိုက်သည်။

"မင်း...မင်း..."

စန်းယန်၏ ခန္ဓာကိုယ်မှာ တုန်ရင်လာသည်။ သူ့မျက်နှာမှာလည်း နီမြန်းသွား၏။

"မင်းက အတော်အတင့်ရဲတာပဲ။ အရွယ်နဲ့မလိုက်အောင် ရက်စက်တဲ့အပြင် ငါ့သားရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးချင်နေတာလား။ မင်း သေသင့်တယ်"

အပြာရောင်နတ်ဆိုးဘုရင်က အေးစက်စက် ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များက ပြည့်နှက်နေ၏။ ပြင်းထန်သော အရှိန်အဝါတစ်ခုက လုမင်ကို လွှမ်းခြုံသွားတော့သည်။

"စန်းမော့...၊ မျိုးဆက်သစ်လူငယ်တွေကြားက ကိစ္စမှာ မင်းဝင်မစွက်ဖက်တာ ပိုကောင်းမယ်"

ထိုအခိုက်တွင်၊ ထာဝရဧကရာဇ်က တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။ သူက လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရုံဖြင့် အပြောရောင်နတ်ဆိုးဘုရင်၏ အရှိန်အဝါများမှာ အစအနမကျန် ပျောက်ကွယ်သွားတော့၏။

ယခင်က ထာဝရနတ်ဆိုးတိုင်းပြည်၏ လက်ရည်စမ်းပွဲများတွင် သူသည် အပြာရောင်နတ်ဆိုးဘုရင်အား လုပ်ပိုင်ခွင့် ပေးအပ်ထားခဲ့သည်။ တစ်ဖက်လူက လုမင်ကို ပါဝင်ခွင့်မပေးသော်လည်း သူက ဝင်ရောက်စွက်ဖက်ရန် စိတ်မကူးခဲ့ပေ။

သို့သော်လည်း ယခုအခါ ထာဝရနတ်ဆိုးတိုင်းပြည်က ထပ်ခါတလဲလဲ ရှုံးနိမ့်နေပြီး အရှက်ရနေရချေပြီ။ ထိုအချိန်တွင် လုမင်က တစ်ဖက်လူနှစ်ဦးကို ဆက်တိုက်အနိုင်ယူပြီး တိုင်းပြည်အတွက် မျက်နှာပန်းပြန်လှအောင် လုပ်ဆောင်ပေးခဲ့သည်။ သို့ဖြစ်ပေရာ သူက အပြာရောင်နတ်ဆိုးဘုရင်အား ရမ်းကားခွင့် လုံးဝ မပေးနိုင်တော့ပေ။

အပြာရောင် နတ်ဆိုးဘုရင်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူက အလျင်အမြန်ပင် ဦးညွှတ်ကာ ပြန်ထိုင်လိုက်ရ၏။ သို့သော်လည်း သူ၏အေးစက်သောအကြည့်များကမူ လုမင်ထံ၌ ရံဖန်ရံခါ ကျရောက်နေသေးသည်။

"ဝှစ်... ဝှစ်..."

ထိုအချိန်တွင် အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ အခြားသော ပါရမီရှင်များ တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာပြီး လုမင်ကို စိန်ခေါ်ရန် ပြင်လိုက်ကြသည်။

"မင်းတို့က ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"

လုမင်က ခေါင်းခါယမ်းလိုက်သည်။ သူက ထိုလူများကို ထပ်မံမကြည့်တော့ဘဲ လေထုကိုနင်းကာ ရှေးနတ်ဆိုးရှိရာသို့ လှမ်းတက်သွား၏။

သူ ဘာလုပ်မလို့လဲ...

လူအများမှာ အံ့ဩသွားကြသည်။ လုမင်က ရှေးနတ်ဆိုးထံသို့ လျှောက်လှမ်းသွားနေပါသလော။

ကောင်းကင်သားတော်များပင် အံ့အားသင့်သွားကြသည်။

လုမင်က ရှေးနတ်ဆိုး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူ့မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေ၏။

"ရှေးဦးနတ်ဆိုးလမ်းစဉ်နဲ့ ဆုံဖူးတာ ဒါပထမဆုံးပဲ။ ကျုပ်နဲ့ တိုက်ခိုက်ပါ"

လုမင်က ပြောလိုက်သည်။

သူ့အသံမှာ ပြတ်သားပြီး တည်ငြိမ်သော်လည်း အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားသော လေပြင်းတစ်ခုအလား လူအများကို လှုပ်ခတ်သွားစေခဲ့ပေသည်။

လူတိုင်း တုန်လှုပ်သွားကြသည်။

လုမင်က ရှေးနတ်ဆိုးကို စိန်ခေါ်လိုက်တာလား။

"ကျုပ်... ကျုပ်နားကြားတာ မဟုတ်ပါဘူးနော်။ သူက ရှေးနတ်ဆိုးကို စိန်ခေါ်လိုက်တာလား"

"မမှားဘူး၊ ကျုပ်လည်း ကြားလိုက်တယ်။ သူက ရှေးနတ်ဆိုးကို တကယ်စိန်ခေါ်လိုက်တာ။ သူ ရူးသွားပြီ... သူက လုံးဝ ရူးနေပြီပဲ"

လူအများက အော်ဟစ်ကုန်ကြတော့သည်။

သူတို့အတွက်မူ ဤသည်မှာ မဖြစ်နိုင်သောအရာ ဖြစ်သည်။

လုမင်က ရှေးနတ်ဆိုးကို စိန်ခေါ်လိုက်၏။

မကြာသေးခင်ကမှ ရှေးနတ်ဆိုးသည် သူ၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပြသခဲ့ပြီး ကောင်းကင်သားတော် နှစ်ဦးကို ဆက်တိုက်အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက မှန်းဆမရနိုင်အောင်ပေ။

သို့သော်လည်း ယခုအခါ လုမင်က သူ့ကို စိန်ခေါ်လိုက်ပြီ ဖြစ်သည်။

လုမင်၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သာ ရှိသေးသည်။ သူက အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့ပြီး ယွမ်ထို့နှင့် အခြားသူများကို အလွယ်တကူ အနိုင်ယူခဲ့သည်။ ထို့ပြင် စန်းယန်ကိုလည်း အနိုင်ယူခဲ့ဖူးသည်ဟု သတင်းထွက်ခဲ့၏။

သို့သော်လည်း ထိုသို့ဆိုလျှင်ပင် ဘာဖြစ်သေးသနည်း။ သူတို့က တူညီသောအဆင့်တွင် လုံးဝ မရှိပေ။ စန်းယန်ကဲ့သို့သောသူမျိုးပင်လျှင် ရှေးနတ်ဆိုး၏ လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းခံရပေလိမ့်မည်။

လူအများက လုမင်ကို ရူးသွားပြီဟု မှတ်သားလိုက်ကြသည်။

လော့ရွှမ်၊ ဝူရှီနှင့် လော့မျိုးနွယ်ခေါင်းဆောင်တို့သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

လုမင်က အစွမ်းထက်သော်လည်း ရှားပါးပါရမီရှင်ဖြစ်သော ရှေးနတ်ဆိုးနှင့်မူ နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ပေ။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ ခွန်အားလေး နည်းနည်းရှိတာနဲ့ စိတ်ရှိတိုင်း ရမ်းကားလို့ရပြီ ထင်နေတာလား"

ယိုးနင်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"သူက လူကြားထဲမှာ ဟန်လုပ်ပြနေတာပါ၊ ဟန်ထုတ်နေရုံသက်သက်ပဲ"

စန်းယန်ကလည်း အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်လိုက်၏။

ထာဝရဧကရာဇ်၊ အင်မော်တယ်ဧကရာဇ်နှင့် အခြားသော ထိပ်သီးကျွမ်းကျင်သူများမှာမူ စိတ်ဝင်တစား ရှိနေကြသည်။

ရှေးနတ်ဆိုး၏ တိုက်ခိုက်ရေးစွမ်းအားကို သိလျက်နှင့် လူအများရှေ့တွင် စိန်ခေါ်ခြင်းမှာ... သူက တကယ်ရော ဟန်လုပ်ပြနေတာ ဟုတ်ရဲ့လား။

လူတိုင်းက အမျိုးမျိုး တွေးတောဝေဖန်နေကြစဉ် လုမင်၏ အရှိန်အဝါမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

"ဝုန်း..."

သူတော်စင်စွမ်းအင်များမှာ လုမင်၏ခန္ဓာကိုယ်မှ ကြီးမားသော မြစ်ကြီးတစ်စင်းကဲ့သို့ တိုးထွက်လာခဲ့၏။ ၎င်းက စွမ်းအင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။

"တကယ့်ကို အားကောင်းတဲ့ သူတော်စင်စွမ်းအားပဲ။ အရမ်းလည်း သိပ်သည်းတယ်"

"ဒီသူတော်စင်စွမ်းအင်လှိုင်းက အန္တိမသူတော်စင်နယ်ပယ် ပြည့်စုံခြင်းအဆင့်ထက် မနိမ့်ဘူးပဲ။ အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်မှာပဲ ရှိနေတာတောင် ဒီလောက်အားကောင်းတဲ့ သူတော်စင်စွမ်းအား ရှိနေတာလား။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒီလောက်အထိ အားကောင်းတာ မဆန်းတော့ပါဘူး"

လုမင်၏ သူတော်စင်စွမ်းအားကို ခံစားမိလိုက်ကြသဖြင့် လူအချို့မှာ အံ့အားသင့်သွားကြသည်။

သို့သော်လည်း နောက်အခိုက်တွင် လူအုပ်ကြီးက တိတ်ဆိတ်သွား၏။

လေထဲတွင် မီးခိုးရောင်အလင်းတန်းတစ်ခုက လက်ခနဲ ဖြစ်သွားသည်။ ၎င်းက လုမင်၏ သူတော်စင်စွမ်းအင်နှင့် ရောယှက်သွားပြီး သူ့အရှိန်အဝါမှာ ပိုမိုပြင်းထန်လာတော့သည်။

နိယာမ...

ကစဉ့်ကလျား နိယာမ...

ဤသည်မှာ ကစဉ့်ကလျားနိယာမဖြစ်ကြောင်း လူတိုင်းက တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ကြသည်။

သို့သော်လည်း ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။

နောက်အခိုက်တွင် အလင်းစက်ဝန်းတစ်ခုက လုမင်ကို ဝန်းရံလိုက်သည်။ ဤအခိုက်တွင်၊ လုမင်က စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။

၎င်းက ကစဥ့်ကလျား၏အလင်းပင် ဖြစ်သည်။

ထိုအခိုက်တွင်၊ လူအများ၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ပြောင်းသွားကြသည်။

ဥပမာအားဖြင့် ယိုးနင်၊ ကျီးထျန်းနှင့် စန်းယန်တို့က ပါးစပ်များ အဟောင်းသားဖြစ်နေကြကာ ကြက်ဥတစ်လုံး ပစ်သွင်းလျှင်ပင် ဝင်ဆံ့နိုင်လောက်သည်။

သူတို့၏ မျက်နှာများတွင် တုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်းများဖြင့် ရှုံးမဲ့နေကြရာ ဆီးဝမ်းချုပ်နေသူပမာ ဖြစ်နေတော့သည်။

လော့ရွှမ်၏ ပါးစပ်လေးမှာမူ အနည်းငယ် ပွင့်ဟနေပြီး မျက်နှာတစ်ခုလုံးမှာလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ကစဉ့်ကလျားရဲ့သားတော်... သူက ကစဉ့်ကလျားရဲ့သားတော်ပဲ"

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်တော့သည်။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ကစဉ့်ကလျား၏သားတော်... လုမင်က ကစဉ့်ကလျား၏သားတော် ဖြစ်နေသလော။

လုမင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဘယ်ကြောင့်အလွန်အစွမ်းထက်ပြီး အဘယ်ကြောင့် ဤမျှ ယုံကြည်မှုရှိနေရသည်ကို နောက်ဆုံးတွင် နားလည်သွားကြပြီ။ အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ အခြားပါရမီရှင်များက သူ၏ပြိုင်ဘက်မဟုတ်ဟု ပြောဆို၍ ရှေးနတ်ဆိုးကို တိုက်ရိုက်စိန်ခေါ်ရဲခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်သည်။

ကစဉ့်ကလျား၏အလင်းကို လေ့ကျင့်ထားသော ကစဉ့်ကလျား၏သားတော်က ရှေးနတ်ဆိုးကို စိန်ခေါ်ရန် အမှန်တကယ် အရည်အချင်း ပြည့်မီပေသည်။

လုမင်ကို ဟန်လုပ်ပြနေသည်ဟု ထင်မှတ်ခဲ့ကြသောသူများ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသည်ဟု ဆိုခဲ့ကြသောသူများမှာမူ ပါးစပ်ပိတ်သွားကြပြီ ဖြစ်သည်။

ထာဝရဧကရာဇ်၏ မျက်လုံးများထဲတွင်လည်း အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့၏။

ထာဝရနတ်ဆိုးတိုင်းပြည်တွင် သေခြင်း၏သားတော်နှင့် ဟင်းလင်းပြင်သားတော်တို့အပြင် နောက်ထပ် ကစဉ့်ကလျား၏သားတော်တစ်ဦး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

"ထာဝရဧကရာဇ်... ဒီလောက် ပါရမီထူးတဲ့သူက ထာဝရနတ်ဆိုးတိုင်းပြည်မှာ ဘာလို့ နာမည်မရှိသူဖြစ်နေရတာလဲ။ ထာဝရနတ်ဆိုးတိုင်းပြည်က ကောင်းကင်သားတော်တစ်ယောက်ကို ဒီလိုပဲ ဆက်ဆံတာလား။ မင်းတို့ကတော့ ငါ့ကို တကယ်ပဲ အမြင်ကျယ်အောင် လုပ်နိုင်တာပဲ။ ဟားဟားဟား"

အင်မော်တယ်ဧကရာဇ်က ဟားတိုက် ရယ်မောလိုက်၏။

ထာဝရဧကရာဇ်၏ မျက်နှာက အနည်းငယ် မှုန်ကုပ်သွားသည်။

လုမင်က ကစဉ့်ကလျား၏သားတော်ဖြစ်သော်လည်း ထာဝရနတ်ဆိုးတိုင်းပြည်တွင် နာမည်မရှိသည့်အပြင် ပါရမီရှင် ပြိုင်ပွဲမှာလည်း ပါဝင်ခွင့်မရခဲ့ပါ။ ဤသတင်း ပျံ့နှံ့သွားခဲ့လျှင် သူက လူရယ်စရာ ဖြစ်လာနိုင်ပြီး ပါရမီရှင်တချို့ကိုပင် စိတ်ဓာတ်ပျက်ပြားစေနိုင်သည်။

All Chapters