← Chapters

အခန်း ၂၀၄၉

Vol. 140 Ch. 2049

အခန်း ၂၀၄၉

Vol. 140 Ch. 2049

အပိုင်း ( 2049 ) ပထမ... လုမင်။

'ဒီရှေးနတ်ဆိုးက ကြာပန်းကမ္ဘာတုန်းက ဟန်ရှင်းဟဲထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်'

တိုက်ပွဲအတွင်းမှာပင် လုမင်က ရှေးနတ်ဆိုး၏ စွမ်းရည်များကို ခွဲခြမ်းစိတ်ဖြာနေမိသည်။

ယခင်က ကြာပန်းကမ္ဘာတွင် ဟန်ရှင်းဟဲ၏ ကျင့်ကြံမှုမှာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိနေပြီဖြစ်ပြီး၊ ယခု ကောလုံကဲ့သို့ပင် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေဖြစ်သည်။

ထိုအချိန်က လုမင်သည် ဟန်ရှင်းဟဲကို ယှဉ်ပြိုင်ရန် သူ၏ တတိယသွေးမျိုးဆက်မှ စွမ်းအားကို ငှားရမ်းခဲ့ရပေသည်။

သို့သော်၊ ယခုအချိန်တွင်မူ လုမင်က ယခင်ကကဲ့သို့ မဟုတ်တော့ပေ။

ထိုစဉ်က သူသည် အန္တိမသူတော်စင်နယ်ပယ် အစောပိုင်းအဆင့်သာ ရှိသေးသော်လည်း၊ ယခုအခါ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ထို့ပြင် ယခုအခါ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းနှင့် အစီရင်လမ်းစဉ်တို့၏ နားလည်မှုမှာလည်း ယခင်နှင့် နှိုင်းယှဉ်၍မရနိုင်အောင် တိုးတက်လာခဲ့ချေပြီ။

သူက ကစဉ့်ကလျားနိယာမနှင့် အစီရင်နိယာမတို့ကိုပင် ပေါင်းစပ်နိုင်နေပြီ ဖြစ်သည်။ လုမင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကြာပန်းကမ္ဘာမှ ဟန်ရှင်းဟဲထက် များစွာ ပိုမိုအားကောင်းနေပြီ။

ယခုဆိုလျှင် လုမင်က သူ၏ တတိယသွေးမျိုးဆက်ကို အသုံးမပြုဘဲနှင့်ပင် ဟန်ရှင်းဟဲကို ဖိနှိပ်နိုင်မည် ယုံကြည်မှုရှိပေသည်။ ဟုတ်သည်၊ ၎င်းက ဟန်ရှင်းဟဲဘက်မှ အဆင့်မတက်သေးသော အခြေအနေကိုသာ ဆိုလိုပေသည်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

သို့သော်လည်း လုမင်၌ ကစဉ့်ကလျားနိယာမနှင့် အစီရင်နိယာမ နှစ်မျိုး ရှိသည်။ ထိုနှစ်မျိုး ပေါင်းစပ်လိုက်ချိန်တွင် သူ၏စွမ်းအားမှာ ပြိုင်ဘက်ထက် အနည်းငယ်မျှ အားနည်းခြင်းမရှိပေ။

အစီရင်နိယာမက နဂါးကိုးကောင်ကို စုစည်းကာ တိုက်ခိုက်နေသည်။ ၎င်းတွင် ဖျက်ဆီးခြင်းနှင့် ချိတ်ပိတ်ခြင်း စွမ်းအားများ ပါဝင်နေ၏။ ထိုတံဆိပ်ခတ်မှုမှာ ရှေးနတ်ဆိုး၏ စွမ်းအားကြောင့် အမြဲတမ်း ဆုတ်ဖြဲခံနေရသော်လည်း သူ့ကို အနှောင့်အယှက်ပေးရန်အတွက်မူ လုံလောက်သည်။

ထို့နောက်တွင် လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အဓိကတိုက်စစ်အဖြစ် အသုံးပြုလိုက်၏။ ရှေးနတ်ဆိုးက မည်မျှပင် အားကောင်းစေကာမူ၊ လုမင်၏ တားဆီးခြင်းကို ခံနေရဆဲပင်။

လုမင်နှင့် ရှေးနတ်ဆိုးတို့မှာ တိုက်ကွက်ပေါင်း ဒါဇင်များစွာ ဖလှယ်ပြီးနောက်တွင်လည်း အနိုင်အရှုံး ခွဲခြားရန် ခက်ခဲနေဆဲ ဖြစ်သည်။

"ကစဉ့်ကလျား ကပ်ဘေး ဖျက်ဆီးခြင်းလက်ချောင်း"

လုမင်က ရုတ်တရက် တိုက်ကွက်ပြောင်းလိုက်သည်။

အဆုံးမရှိသော ရွန်းစာလုံးများက ကစဉ့်ကလျား လက်ချောင်းပေါ်တွင် ဖုံးလွှမ်းသွား၏။ သို့သော်လည်း ၎င်းတို့ကို ကစဉ့်ကလျားအလင်းများဖြင့် ပြန်လည်ဖုံးအုပ်ထားသဖြင့် သေချာဂရုမစိုက်ပါက မြင်တွေ့နိုင်မည်မဟုတ်ပေ။

ရှေးနတ်ဆိုးက ယခင် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းနှင့် အတူတူဖြစ်သည်ဟု ထင်မှတ်ကာ နတ်ဆိုးအလင်းတန်းများကို စုစည်းပြီး ခုတ်ပိုင်းလိုက်သည်။

သို့သော်... သူ၏တိုက်ခိုက်မှုက ကစဉ့်ကလျား လက်ချောင်းနှင့် ထိတွေ့သွားချိန်တွင် မျက်နှာအမူအရာမှာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။

ထိုလက်ချောင်း၏ စွမ်းအားမှာ သူ၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။

"ယား..."

သူက ဟိန်းဟောက်လိုက်ပြီး ထိုစွမ်းအားကို ခုခံရန် သူ၏ခန္ဓာကိုယ်မှ နတ်ဆိုးအလင်းတန်းများကို ပေါက်ကွဲစေလိုက်သည်။

သို့သော်၊ သူက အနည်းငယ် နောက်ကျသွားခဲ့ချေပြီ။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက တိုးဝင်လာပြီး ရှေးနတ်ဆိုးကို လွင့်စင်သွားစေခဲ့သည်။

ရှေးနတ်ဆိုးမှာ မီတာ ထောင်နှင့်ချီ၍ နောက်သို့ ဆုတ်ခွာသွားရပြီး သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစအချို့ စီးကျလာတော့သည်။

"ကျုပ် ရှုံးသွားပြီ"

ရှေးနတ်ဆိုးက လုမင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ ထို့နောက်၊ သူသည် နောက်သို့ဆုတ်ကာ ကောင်းကင်ထက်ရှိ စစ်သင်္ဘောကြီးထံသို့ ပျံသန်းသွားတော့သည်။

'ကံကောင်းသွားတာပါ'

လုမင်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ ယခုအသုံးပြုလိုက်သည့် နည်းလမ်းမှာ လှည့်ကွက်တစ်ခုသာ ဖြစ်သည်။ ရှေးနတ်ဆိုးဘက်မှ ပေါ့ဆသွားခဲ့ခြင်းကြောင့်သာ ဒဏ်ရာရသွားခြင်း ဖြစ်၏။

အကယ်၍ တစ်ဖက်လူသာ ကြိုတင်ပြင်ဆင်ထားခဲ့ပါက၊ လုမင်အနေဖြင့် အသာစီးရနိုင်ကောင်း ရနိုင်သော်လည်း ရှေးနတ်ဆိုးကို အနိုင်ရရန်မှာမူ လွယ်ကူလိမ့်မည် မဟုတ်ပေ။

နိုင်သွားပြီ။

လုမင် အနိုင်ရသွားပြီ။

ထာဝရနတ်ဆိုးတိုင်းပြည်မှ လူများမှာမူ အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။

အမှောင်မိုက်ဆုံးအချိန်မှာ အလင်းရောင်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်၏။

ယခင်က သူတို့သည် အင်မော်တယ်နတ်ဆိုးတိုင်းပြည်၏ ဖိနှိပ်ခြင်းကို ခံနေခဲ့ရသည်။ ကောင်းကင်သားတော် နှစ်ဦးစလုံးပင်လျှင် ရှေးနတ်ဆိုးထံတွင် ရှုံးနိမ့်ခဲ့ရ၏။

ထိုကဲ့သို့သော အရေးကြီးသည့်အချိန်တွင် လုမင် ပေါ်ထွက်လာပြီး ရှေးနတ်ဆိုးကို အနိုင်ယူလိမ့်မည်ဟု မည်သူက ထင်မှတ်ခဲ့မည်နည်း။

ရှေးနတ်ဆိုးက အင်မော်တယ်နတ်ဆိုးတိုင်းပြည်၏ ပထမအဆင့် ပါရမီရှင်ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူသည်ပင် ရှုံးနိမ့်သွားပြီဆိုလျှင် အင်မော်တယ်နတ်ဆိုးတိုင်းပြည်တွင် လုမင်ကို ယှဉ်နိုင်သူ မရှိတော့ပါ။

"ဟားဟားဟား၊ သိပ်ကောင်းတယ်"

ထာဝရနတ်ဆိုးတိုင်းပြည်မှ လူအချို့မှာ သူတို့၏ အရှက်တရားကို ပြန်လည်ဆေးကြောနိုင်ပြီဟု ခံစားရပြီး အားရပါးရ ရယ်မောကုန်ကြတော့သည်။

"လုမင်..."

လော့ရွှမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမ၏ မျက်လုံးများထဲတွင် ကြည်နူးမှုများ ပြည့်နှက်နေ၏။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူများမှာမူ မျက်နှာပျက်နေကြတော့သည်။

ဤတစ်ကြိမ်တွင် သူတို့က အစီအစဉ်တကျ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ထာဝရမဟာဧကရာဇ်မှ ကပ်ဘေးဒုက္ခကျော်လွန်သည့် အထိမ်းအမှတ်ပွဲတွင် မျိုးဆက်သစ်များကို အသုံးပြုကာ ထာဝရနတ်ဆိုးတိုင်းပြည်အား အရှက်ခွဲရန်နှင့် ထာဝရဧကရာဇ်ကို မျက်နှာပျက်စေရန် ရည်ရွယ်ခဲ့ခြင်းပင်။

အရာအားလုံးမှာလည်း အစီအစဉ်အတိုင်း ဖြစ်ခဲ့သည်။ သို့သော်၊ လုမင်က ရုတ်တရက် ပေါ်ထွက်လာပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

အကယ်၍ လုမင်သာ ဆက်လက်စိန်ခေါ်နေဦးမည်ဆိုလျှင် သူတို့အားလုံး ရှုံးနိမ့်သွားရမည် မဟုတ်လား။

နောင်တအရဆုံးသူမှာ ယွမ်ထို့ပင် ဖြစ်သည်။ သူသည် မိမိကိုယ်မိမိ ပြန်လည် ရိုက်နှက်ချင်စိတ်ပင် ပေါက်နေမိတော့သည်။

သူသည် လုမင်ကို အရင်ဆုံး စိန်ခေါ်ခဲ့သူ ဖြစ်သည်။ သို့ရာတွင်၊ ထိုစဉ်က ဤကဲ့သို့သော ဘေးဆိုးကြီးကို ဆွဲခေါ်မိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ထာဝရနတ်ဆိုးတိုင်းပြည်မှာ ပါရမီရှင်တွေ တကယ် ပေါများတာပဲ။ နှမြောစရာကောင်းတာက တချို့လူတွေကတော့ မျက်စိကန်းနေကြတယ်။ ဒီလို ပါရမီရှင်မျိုးကို နာမည်မရှိအောင် လုပ်ထားတာကတော့ ရယ်စရာကောင်းလွန်းတာပေါ့"

အင်မော်တယ်ဧကရာဇ်က ပြောဆိုလိုက်ပြီးနောက် ရှေ့သို့ လှမ်းထွက်ကာ သူ၏ စစ်သင်္ဘောကြီးထံသို့ ပြန်သွားခဲ့သည်။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ အခြားသူများမှာလည်း သူ၏နောက်သို့ လိုက်ပါသွားကြ၏။

"ဝှစ်..."

ထို့နောက် စစ်သင်္ဘောကြီးက ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ပျောက်ကွယ်သွားတော့သည်။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူများ ထွက်ခွာသွားကြသော်လည်း၊ အပြာရောင်နတ်ဆိုးဘုရင်နှင့် စန်းယန်တို့မှာမူ မျက်နှာမပြရဲလောက်အောင် ဖြစ်နေကြသည်။

အင်မော်တယ်ဧကရာဇ်၏ စကားများက သူတို့၏ မျက်နှာကို ထိထိမိမိ ရိုက်နှက်လိုက်သကဲ့သို့ပင်။

"နောက်ဆုံးတော့ သူတို့တွေ သွားကြပြီပဲ။ ဒီတစ်ကြိမ်မှာ လုမင်ကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကျုပ်တို့တွေ အင်မော်တယ်နတ်ဆိုးတိုင်းပြည်ရဲ့ အရှက်ခွဲတာကို ခံရတော့မှာ"

"ဟုတ်တယ်... အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှာ ရှေးဦးနတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံတဲ့သူ ရှိနေတာက တကယ်ကို အံ့ဩစရာပဲ"

"ဒါပေမဲ့လည်း သူဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ... နောက်ဆုံးမှာတော့ လုမင်ဆီမှာ ရှုံးနိမ့်သွားရတာပဲ မဟုတ်လား"

"တချို့လူတွေက လုမင်ကို စိန်ခေါ်ပွဲမှာ ပါဝင်ဖို့ အရည်အချင်းမရှိဘူးလို့ ပြောကြသေးတယ်။ ရယ်စရာကြီးပဲ"

အင်မော်တယ်နတ်ဆိုးတိုင်းပြည်မှ လူများ ထွက်ခွာသွားပြီးနောက် လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက်ဖြင့် ပြောဆိုဝေဖန်လာကြတော့သည်။ အချို့ဆိုလျှင်၊ စန်းယန်တို့ကို မထိတထိ ကလိကြသည်။

လုမင်ကဲ့သို့သော ပါရမီရှင်မျိုးကိုမှ ပါဝင်ခွင့်မပေးခဲ့ခြင်းမှာ အဘယ်ကဲ့သို့သော လုပ်ရပ်နည်း။

လုမင်သာ အရည်အချင်းမရှိလျှင် မည်သူက အရည်အချင်း ရှိမည်နည်း။

'သေသင့်တဲ့ကောင်လေး'

အပြာ‌ရောင် နတ်ဆိုးဘုရင်က စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ သူက လုမင်ကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ရန် မစောင့်နိုင်တော့ပေ။

စန်းယန်၏ မျက်နှာမှာလည်း ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေပြီ ဖြစ်သည်။

ထိုအချိန်တွင်၊ ထာဝရဧကရာဇ်က အပြာရောင်နတ်ဆိုးဘုရင်ကို မကျေမနပ် ကြည့်လိုက်ပြီးနောက်၊ လုမင်ကို ပြုံးလျက် ကြည့်ကာ ဆိုလိုက်သည်။

"လုမင်... မင်းက ယိုးလော့နတ်ဆိုးတိုင်းပြည်ကလို့ ငါကြားတယ်၊ ဟုတ်လား"

ထာဝရဧကရာဇ်သည် မကြာသေးခင်က လူအုပ်ကြီး၏ ပြောဆိုချက်များမှတဆင့် ကြားသိခဲ့ခြင်း ဖြစ်သည်။

"ဟုတ်ပါတယ်"

လုမင်က ပြန်ဖြေလိုက်၏။

"အင်း... ကောင်းတယ်။ ယိုးလော့နတ်ဆိုးတိုင်းပြည်မှာ မင်းလို ပါရမီရှင်မျိုး ရှိနေတာပဲ။ မင်းက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်မှာပဲ ရှိနေသေးတာတောင် ရှေးဦးနတ်ဆိုးလမ်းစဉ်က ပါရမီရှင်ကို အနိုင်ယူနိုင်ခဲ့တာက တကယ်ကို ရှားပါးလှတယ်။ ဒါကြောင့် ဒီပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်ကို ငါ ပြောင်းလဲသတ်မှတ်ပေးမယ်။ မင်းက အဆင့်တစ်ဖြစ်ပြီး၊ ကျန်တဲ့သူတွေကတော့ အဆင့်တစ်ဆင့်စီ နောက်ဆုတ်ပေးရမယ်"

ထာဝရဧကရာဇ်က ကြေညာလိုက်တော့သည်။

စန်းယန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သည်။

လုမင်က အဆင့်တစ်ဖြစ်သွား၍ ကျန်သူများမှာ နောက်သို့ တစ်ဆင့်စီ ဆုတ်ရလိမ့်မည်။

စန်းယန်သည် ယခင်က တတိယအဆင့် ရရှိထားသဖြင့် ထာဝရဧကရာဇ်ထံမှ တောင်းဆိုချက်တစ်ခု တောင်းဆိုပိုင်ခွင့် ရှိခဲ့သည်။ ယခုမူ၊ သူက စတုတ္ထအဆင့်သို့ ရောက်ရှိသွားသဖြင့် ထိုအခွင့်အရေးမှာ ဆုံးရှုံးသွားခဲ့ရချေပြီ။

ထို့ကြောင့် စန်းယန် သွေးပင် အန်ချင်နေမိတော့သည်။ သူသည် မိမိအတွက် အလွန်အသုံးဝင်မည့် တောင်းဆိုချက်တစ်ခုကိုပင် ကြိုတင်စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုမူ အရာအားလုံးမှာ သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီ။

'ဒါတွေအားလုံး လုမင်ကြောင့်ပဲ'

စန်းယန်မှာ ဒေါသများ ပေါက်ကွဲနေတော့သည်။

သူ၏ အမြင်တွင် အရာအားလုံးက လုမင်၏ အပြစ်သာ ဖြစ်သည်။ လုမင်က ရှေးနတ်ဆိုးနှင့် အဘယ်ကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့သနည်း။

အင်မော်တယ်နတ်ဆိုးတိုင်းပြည်၏ အရှက်ခွဲခံရမှုမှာ သူနှင့် ဘာမှမဆိုင်ပေ။ ၎င်းမှာ သူ၏ တောင်းဆိုချက်ထက် ပို၍ အရေးကြီးပါသလား။

"မင်းတို့ထဲက ကန့်ကွက်ချင်တဲ့သူ ရှိသလား"

ထာဝရဧကရာဇ်က လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အထူးသဖြင့် အပြာရောင်နတ်ဆိုးဘုရင်နှင့် စန်းယန်တို့ထံ၌ ခဏတာ ရပ်တန့်သွားခဲ့၏။

သူတို့၏ စိတ်ထဲတွင် ကန့်ကွက်ချက်ပေါင်း ရာနှင့်ချီ၍ ရှိနေသော်လည်း မည်သူမျှ ထုတ်ဖော်မပြောရဲကြပေ။

နောက်ဆုံးတွင်၊ လုမင်က ရှေးနတ်ဆိုးကို အနိုင်ယူကာ တိုင်းပြည်၏ ဂုဏ်သိက္ခာကို ဆယ်တင်ပေးခဲ့၍ ထာဝရဧကရာဇ်က လုမင်အပေါ် အလွန်ပင် ကျေနပ်နေသည် မဟုတ်လော။

သူတို့မှာ စိတ်မပါဘဲနှင့်ပင် ပြုံးပြကာ မကန့်ကွက်ကြောင်း ပြောလိုက်ရတော့သည်။

"ကောင်းပြီ... ဒါဆိုရင် လုမင်က ပထမ ဖြစ်သွားပြီ။ ငါ့ရဲ့ ကတိအတိုင်း ထိပ်ဆုံးသုံးယောက်ဟာ ငါ့ဆီကနေ တောင်းဆိုချက်တစ်ခုစီ တောင်းဆိုနိုင်တယ်။ လုမင်... မင်း ဘာလိုချင်သလဲ၊ ပြောလိုက်ပါ"

ထာဝရဧကရာဇ်က လုမင်ကိုကြည့်ကာ မေးလိုက်သည်။

All Chapters