← Chapters

အခန်း ၂၀၆၂

Vol. 142 Ch. 2062

အခန်း ၂၀၆၂

Vol. 142 Ch. 2062

အပိုင်း ( 2062 ) နိယာမများ ပေါင်းစပ်ခြင်း။

"ငါ့ရဲ့ ခန္ဓာကိုယ်က ပြန်လည်တည်ဆောက်ခံလိုက်ရတာပဲ"

လုမင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် အခြေအနေကို သဘောပေါက်သွားကာ အလွန်အမင်း ဝမ်းသာသွားတော့သည်။ သူ့ခန္ဓာကိုယ်မှာ မည်သို့သော နည်းလမ်းဖြင့် ပြန်လည်တည်ဆောက်ခြင်း ခံလိုက်ရသည်ကို သူနားမလည်သော်လည်း၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကောင်းသော အချက်ပင် ဖြစ်သည်။

"မဟုတ်သေးဘူး... ငါ့ရဲ့ သူတော်စင်နှလုံးသား"

ထိုအချိန်တွင် လုမင်က သူ၏ သူတော်စင်နှလုံးသားမှာ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ ယခင်က သူတော်စင်နှလုံးသား နှစ်ခု ရှိခဲ့သော်လည်း ယခုအခါ မည်သို့ကြောင့် တစ်ခုတည်း ဖြစ်သွားရသနည်း။ ထို့ပြင် ဤသူတော်စင်နှလုံးသားမှာ ယခင်ကထက် ပိုမိုကြီးမားနေခဲ့ပြီ။

"သူတော်စင်နှလုံးသား နှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတာလား"

လုမင်က ခန့်မှန်းရင်း အံ့အားသင့်သွားရသည်။ အမြွှာသက်စောင့်တားမြစ်သိုင်းဖြင့် ကျင့်ကြံထားသော သူတော်စင်နှလုံးသား နှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။

ထို့ပြင် လုမင်သည် သူ၏ ခန္ဓာကိုယ်က ပြန်လည်တည်ဆောက်ခြင်း ခံရရုံသာမက၊ ကျင့်ကြံမှု အဆင့်မှာလည်း တိုးတက်လာသည်ကို သတိပြုမိလိုက်သည်။ သူက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ။

ထို့မျှမက သူတော်စင်နှလုံးသား နှစ်ခု ပေါင်းစည်းသွားပြီးနောက် သူ၏ နိယာမ နှစ်ခုမှာလည်း လုံးဝဥဿုံ ပေါင်းစည်းသွားသည်ကို လုမင် တွေ့ရှိလိုက်ရသည်။ ယခင်က အစီရင်နိယာမနှင့် ကစဉ့်ကလျားနိယာမတို့မှာ ပေါင်းစည်းခြင်း၏ ကနဦးအဆင့်တွင်သာ ရှိခဲ့သော်လည်း ယခုအခါ အပြည့်အဝ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။

"နိယာမ နှစ်ခုက လုံးဝ ပေါင်းစည်းသွားပြီဆိုတော့ သူတို့ရဲ့ စွမ်းအားက သေချာပေါက် အဆပေါင်းများစွာ တိုးလာမှာ သေချာတယ်"

လုမင်မှာ မမျှော်လင့်ဘဲ ရရှိလာသော ကံကောင်းမှုကြောင့် အံ့အားသင့်ကာ ဝမ်းသာနေမိသည်။ ယခုတစ်ကြိမ်တွင် သူသည် သေဘေးမှ လွတ်မြောက်ခဲ့ရုံသာမက ကျင့်ကြံမှုမှာလည်း အဆင့်တက်လှမ်းနိုင်ခဲ့သည်။ ထို့ပြင် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း များစွာ တိုးတက်လာခဲ့၏။ နိယာမ နှစ်ခုသည်ပင် အပြည့်အဝ ပေါင်းစည်းသွားခဲ့ပြီ။

သိုင်းဧကရာဇ်နယ်ပယ် အကျော်အမော်များက ဤခြေလှမ်းကို သေချာပေါက် လုပ်ဆောင်ကြရသည်ဟု သူ ကြားဖူးခဲ့သည်။

သိုင်းဧကရာဇ်များက မတူညီသော နိယာမများကို နားလည်သဘောပေါက်ရန် လိုအပ်ပြီး ၎င်းတို့ကို ပေါင်းစပ်နိုင်ရန် လိုအပ်ပေသည်။ ယခုအခါ သူက သိုင်းဧကရာဇ်များ လုပ်ဆောင်ရမည့် အရာကို လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

"တကယ်လို့ အပြာရောင်နတ်ဆိုးဘုရင်သာ ဒါကို သိသွားရင် သူ ဒေါသထွက်လွန်းလို့ ရူးသွားနိုင်တယ်"

လုမင်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

ယင်းနောက်တွင်မူ သူ၏အတွေးတစ်ခုဖြင့် တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ တာ့ယန်ဆေးမီးဖိုကို သူ၏ အသိစိတ်ပင်လယ်ထဲသို့ ပြန်လည် ခေါ်ယူလိုက်လေသည်။

"ငရဲဖိနှိပ်ကျောက်စာတိုင် သွေးမျိုးဆက်နဲ့ တတိယသွေးမျိုးဆက်က ရှိနေသေးတာပဲ"

လုမင်က သွေးမျိုးဆက် နှစ်ခုကို အာရုံခံကြည့်ရာ ရှိနေဆဲ ဖြစ်သည်ကို တွေ့ရသဖြင့် အံ့သြသွားမိသည်။ သူသည် ဤသွေးမျိုးဆက် နှစ်ခုကို လုံးဝ နားမလည်နိုင်ခဲ့ပေ။ အလွန် ထူးဆန်းသည်ဟုပင် ခံစားရသည်။ ယခုတစ်ကြိမ်ဆိုလျှင်၊ သူ၏ ခန္ဓာကိုယ်ပင် ပျက်စီးသွားခဲ့သော်လည်း ပြန်လည်တည်ဆောက်ပြီးနောက် ဤသွေးမျိုးဆက် နှစ်ခုမှာ ရှိနေဆဲ ဖြစ်သည်။ ဒါက ရှင်းပြရန် ခက်ခဲသလို အလွန်ပင် ဆန်းကြယ်လှပေသည်။ မည်သို့ပင်ဖြစ်စေ၊ လုမင်အတွက်မူ ဤသည်မှာ ကောင်းသော အချက်ပင် ဖြစ်သည်။

'အချိန်တွေ ဘယ်လောက်ကြာသွားပြီလဲ မသိဘူး။ ဒါပေမဲ့ ဒီနေရာက စွမ်းအင်တွေက‌ အရမ်းကြွယ်ဝတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်အတွက် ဒီက စွမ်းအင်တွေ စုပ်ယူခိုင်းလို့ ရနိုင်တယ်'

ထိုသို့ တွေးမိသောအခါ လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ထုတ်ယူလိုက်သည်။ ထို့နောက်၊ သက်ဆိုင်ရာကျင့်စဉ်ကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို စုပ်ယူရန် ကောင်းကင်ဧကရာဇ်၏ခန္ဓာကို စတင် ထိန်းချုပ်လိုက်တော့သည်။

"ဟူး...ဟူး..."

ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က ဟင်းလင်းပြင် တွင်းနက်ကြီးတစ်ခုအလား ပြင်ပမှ စွမ်းအင်များကို အငမ်းမရ စတင် စုပ်ယူလိုက်သည်။ ချော်ရည်များထဲရှိ များပြားလှသော မီးစွမ်းအင်များကို ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က စုပ်ယူလိုက်၏။ မကြာမီမှာပင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ချော်ရည်များထဲရှိ စွမ်းအင်အားလုံးက ခန်းခြောက်သွားပြီး ကျောက်တုံးများအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုအခါ လုမင်က အခြားတစ်နေရာသို့ ရွှေ့ပြောင်းကာ ဆက်လက် စုပ်ယူရသည်။ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်မှာ အလွန်ပင် များပြားလှပေသည်။ ယခင်က လုမင်သည် ခြောက်လကျော်မျှ အချိန်ပေးခဲ့ရသည်။ ထိုအချိန်အတွင်း သူသည် နတ်ဆိုးမျိုးနွယ်စုဝင်များကို သတ်ဖြတ်ကာ ၎င်းတို့ဆီမှ ရရှိသော စွမ်းအင်ကျောက်များကို ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်အား စုပ်ယူစေခဲ့ခြင်း ဖြစ်ပေသည်။ ထိုစဉ်က များပြားလှသော စွမ်းအင်များကို စုပ်ယူခဲ့သော်လည်း ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်အတွက် စွမ်းအင်မှာ တစ်ဆယ့်နှစ် ရာခိုင်နှုန်းသာ ပြည့်ဝခဲ့ရသည်။

ထို့ပြင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်တွင် စွမ်းအင်များ ပိုမို ပြည့်ဝလာလေလေ၊ ၎င်းကို ထပ်မံ ဖြည့်တင်းရန် ပိုမို ခက်ခဲလေလေပင်။ လိုအပ်သော စွမ်းအင်မှာလည်း ပိုမို များပြားလာလေပင် ဖြစ်သည်။

လုမင်က ချော်ရည်များအောက်တွင် စွမ်းအင်များကို ဆက်လက် စုပ်ယူနေခဲ့သည်။ များပြားလှသော ချော်ရည်များက ကျောက်တုံးများအဖြစ် ပြောင်းလဲသွားခဲ့၏။ နှစ်ရက်ကြာပြီးနောက်တွင်မူ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအင်မှာ ရှစ်ရာခိုင်နှုန်းအထိ တိုးတက်လာတော့သည်။

"ရှစ်ရာခိုင်နှုန်းက မလုံလောက်သေးဘူး၊ အနည်းဆုံး တစ်ဆယ်ရာခိုင်နှုန်းလောက်တော့ လိုတယ်။ ချော်ရည်အောက်ခြေပိုင်းက အပူချိန်က ပိုမြင့်တော့ အဲဒီကို သွားပြီး စုပ်ယူရမယ်"

လုမင်က ဆုံးဖြတ်ကာ အောက်ဘက်သို့ ဆင်းသွားသည်။

ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်တွင် စွမ်းအင် တစ်ဆယ်ရာခိုင်နှုန်းထက် ကျော်လွန်သွားပါက၊ လုမင်သည် ၎င်းကို ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ထိုအချိန်တွင် မဟာဧကရာဇ်တစ်ဦးကိုပင် ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ ရှေးဦးနတ်ဆိုးခေါင်းတလားကို ရရှိရန် အခွင့်အရေးမှာလည်း ပိုမို များပြားလာမည် ဖြစ်သည်။

ထို့ပြင် အပြာရောင်နတ်ဆိုးဘုရင်လည်း ရှိသေးသည်။

လုမင်၏ မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဝင်းလက်သွားသည်။ သူက အပြာရောင်နတ်ဆိုးဘုရင်ကို သေချာပေါက် သတ်ရလိမ့်မည်။

လုမင်က ချော်ရည်ကန်၏ အောက်ခြေသို့ ဆင်းသက်သွားသည်။ အောက်ခြေရှိ အပူချိန်က ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်မား၏။ အပြာရောင်နတ်ဆိုးဘုရင်ပင်လျှင် ဆုတ်ခွာသွားခဲ့ရသည်။

လုမင်၏ လက်ရှိခန္ဓာကိုယ်မှာ ချော်ရည်ကန်၏ စွမ်းအင်များဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း အလွန်အမင်း နက်ရှိုင်းသောနေရာအထိ မဆင်းရဲပေ။ သို့မဟုတ်ပါက၊ သူကိုယ်တိုင် ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။

သူက ပြာအဖြစ်သို့ ပြောင်းလဲသွားသည့် ခံစားချက်ကို နောက်တစ်ကြိမ် ထပ်မံ မကြုံတွေ့လိုတော့ချေ။

ယခုတစ်ကြိမ်တွင် ကံကောင်းသဖြင့် ခန္ဓာကိုယ်ကို ပြန်လည် သွန်းလောင်းနိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်တွင်မူ ထိုမျှ ကံကောင်းနိုင်လိမ့်မည် မထင်ပေ။

"ဒီနေရာပဲ"

လုမင်သည် ခဏမျှ ဆင်းသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသည်။ သူက ရပ်တန့်လိုက်ပြီး ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်အား စွမ်းအင်များ စုပ်ယူစေလိုက်၏။ ဤနေရာရှိ စွမ်းအင်များက များစွာ ပိုမို အားကောင်းလွန်းလှသည်။

ပတ်ဝန်းကျင်ရှိ စွမ်းအင်များ ကုန်ဆုံးသွားသည့်အခါ လုမင်က အခြားတစ်နေရာသို့ ရွှေ့ပြောင်းကာ ဆက်လက် စုပ်ယူလေသည်။

ဟုတ်သည်၊ ဒါက အလျားလိုက် ရွှေ့ပြောင်းခြင်းဖြစ်ပြီး အောက်ဘက်သို့ ဆက်လက်ဆင်းသက်ခြင်း မပြုဝံ့ပေ။

ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ရှိ စွမ်းအင်မှာ တစ်ဆယ့်ခြောက် ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ယင်းက ယခင်ကထက် လေးရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ပေသည်။

"လုံလောက်ပြီ"

လုမင်မှာ အလွန်ပင် ဝမ်းသာသွားသည်။ စွမ်းအင် တစ်ဆယ့်‌ခြောက် ရာခိုင်နှုန်း အမှန်ပင် ထိတ်လန့်ဖွယ် ကောင်း၏။ ဤစွမ်းအင်ပမာဏဖြင့် ဟဲမျိုးနွယ်စုမှ မဟာဧကရာဇ်ကို နောက်တစ်ကြိမ် ပြန်လည် တိုက်ခိုက်မည်ဆိုလျှင်၊ ထိုသူ့ကို သေချာပေါက် အမှုန့်ခြေပစ်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် လုမင်က ဤနေရာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ အဓိကအချက်မှာ ချော်ရည်ကန် အထက်ပိုင်းရှိ စွမ်းအင်များကို လုမင်က အကုန်အစင်နီးပါး စုပ်ယူခဲ့ပြီး အောက်ဘက်ရှိ အပူချိန်ကလည်း ဆက်လက်ဆင်းသက်ရန် မြင့်မားလွန်းသောကြောင့်ပင်။

ထို့ပြင် အချိန်က မည်မျှကြာနေပြီမှန်း သူမသိပါ။ ထာဝရဧကရာဇ်နှင့် အခြားသူများ၏ အခြေအနေ၊ ရှေးဦးနတ်ဆိုးခေါင်းတလားကို ရှာဖွေတွေ့ရှိခြင်း ရှိမရှိကိုလည်း သူ မသိရပေ။

လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်းသို့ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ပြန်ထည့်လိုက်သည်။ ထို့နောက်မှာတော့ ကျောက်တုံးများကို ဖောက်ထွက်ကာ အပေါ်သို့ ပြန်တက်ခဲ့တော့သည်။

ခဏအကြာတွင် လုမင်က ချော်ရည်ကန်မှ ထွက်ခွာလာပြီး ကုန်းမြေသို့ ဆင်းသက်လိုက်၏။

ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သူ့ကိုမျှ မတွေ့ရချေ။

"အပြာရောင်နတ်ဆိုးဘုရင်နဲ့ တခြားသူတွေ အားလုံး ထွက်သွားကြပြီ ထင်တယ်။ အချိန် ဘယ်လောက်တောင် ကြာသွားပြီလဲ မသိဘူး။ အရင်ဆုံး မြေပုံကို ကြည့်ရမယ်"

လုမင်က အနက်ရောင် ကျောက်စိမ်းပြားကို ထုတ်ယူကာ သူတော်စင်စွမ်းအင် ထည့်သွင်းလိုက်လေသည်။

ရုတ်တရက်၊ မြေပုံတစ်ခုမှာ လေထဲတွင် လွင့်မျောထွက်ပေါ်လာ၏။

"တစ်ခုခု ဖြစ်နေပြီ"

လုမင်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။

အနက်ရောင် မြေပုံ၏ အခြားအစိတ်အပိုင်းများမှာ မှောင်မည်းနေသော်လည်း အလင်းစက်အချို့က တောက်ပနေပေသည်။ တစ်နည်းဆိုရလျှင်၊ တစ်စုံတစ်ဦးသည်လည်း ဤကျောက်စိမ်းပြားကို အသုံးပြုကာ ကြည့်ရှုနေခြင်း ဖြစ်သည်။

တစ်နေရာတွင်မူ အလင်းစက် အများအပြား စုစည်းနေသည်ကို တွေ့ရှိရပြီး အနည်းဆုံး လူပေါင်း ရာနှင့်ချီ၍ ရှိနေကြပုံရပေသည်။

အခြားနေရာများမှ အလင်းစက်များက ထိုအလင်းစက်အစုအဝေးရှိရာသို့ အလျင်အမြန် သွားနေကြသည်။

"လူတွေ အများကြီး စုနေကြတာပဲ၊ ထာဝရဧကရာဇ်က လူတိုင်းကို ဆင့်ခေါ်လိုက်တာများလား"

လုမင်က ရေရွတ်လိုက်သည်။

ထာဝရဧကရာဇ်က ရှေးဦးနတ်ဆိုးခေါင်းတလားကို ပြန်လည်ရရှိသေးပုံမရပေ။

"သွားရအောင်"

လုမင်လည်း ကျောက်စိမ်းပြားကို သိမ်းဆည်းကာ မြို့ပြင်သို့ ပြေးထွက်ခဲ့သည်။

သူက အဆောက်အအုံများကို ဖြတ်သန်းသွားစဉ် သားရဲဟိန်းသံများနှင့် တိုက်ခိုက်မှုများ ရှိနေသော်လည်း ငရဲဖိနှိပ်ကျောက်စာတိုင် သွေးမျိုးဆက်ဖြင့် အလွယ်တကူ ဖြတ်သန်းသွားနိုင်ခဲ့ပေသည်။

မကြာမီမှာပင် လုမင်က ရှေးဟောင်းမြို့တော်တစ်ခုလုံးကို ဖြတ်ကျော်ကာ မြို့တံခါးမှ ထွက်ခွာလာနိုင်ခဲ့သည်။

"သတ်"

ထိုအခါ ကြိမ်းမောင်းပြောဆိုသံများနှင့်အတူ နတ်ဆိုးဝိညာဉ်များက လုမင်ကို တိုက်ခိုက်လာကြတော့သည်။

All Chapters