အခန်း ၂၀၇၀
Vol. 142 Ch. 2070
အပိုင်း ( 2070 ) အပြောင်းအလဲ။
"ဟင်"
လုမင် အံ့ဩသွားမိသည်။
"ဘာလဲ... ရှင်က မလိုချင်ဘူးလား"
ရှဲ့နျန့်ချင်း၏ ချိုအီသော အသံလေးက သူ့နားထဲတွင် တစ်ဖန် ပဲ့တင်ထပ်လာပြန်သည်။
"လိုချင်တာပေါ့၊ လိုချင်တာပေါ့"
လုမင်က ကမန်းကတန်း ပြောလိုက်သည်။ အရူးမှသာ လက်မခံနိုင်ပါဟု ငြင်းလိမ့်မည်။ သူက ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
လုမင်၏ နှုတ်ခမ်းများမှာ ရှဲ့နျန့်ချင်း၏ နှုတ်ခမ်းလွှာများထံသို့ တစ်ဖန် ဖိကပ်သွား၏။ တစ်ချိန်တည်းမှာပင် သူ၏လက်များမှာလည်း ရှဲ့နျန့်ချင်း၏ ခန္ဓာကိုယ်အနှံ့ သွားလာနေတော့သည်။ နောက်ဆုံးတွင် သူ၏လက်များက အဝတ်အစားများအတွင်းသို့ တိုးဝင်သွားပြီး ရှဲ့နျန့်ချင်း၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့နူးညံ့သော အသားအရေကို ထိတွေ့လိုက်မိသည်။
ရှဲ့နျန့်ချင်း၏ ခန္ဓာကိုယ်လေးက လျှပ်စီးနှင့် တွေ့လိုက်ရသကဲ့သို့ ဆတ်ခနဲ တုန်ခါသွားသည်။ သူမ၏ နှုတ်ခမ်းဖျားမှ ညင်သာသော ညည်းတွားသံလေး ထွက်ပေါ်လာ၏။ ချက်ချင်းပင်၊ ရှဲ့နျန့်ချင်းက ပိုမိုပြင်းပြသော စိတ်ဆန္ဒများဖြင့် ပြန်လည်တုံ့ပြန်လာတော့သည်။ သူမ၏ လက်ကလေးများမှာလည်း လုမင်၏ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ရှဲ့နျန့်ချင်း၏ အဝတ်အစားများက ကွာကျသွားသည်။ ကျောက်စိမ်းထက်ပင် ပို၍ ဖြူစင်ဝင်းပသော နုနယ်သည့် ခန္ဓာကိုယ်လေး ပေါ်ထွက်လာခဲ့၏။ ၎င်းက ကမ္ဘာပေါ်တွင် အပြောင်မြောက်ဆုံး အနုပညာလက်ရာတစ်ခုဟုပင် ဆိုနိုင်သည်။ လုမင်က ထိုပြီးပြည့်စုံသော အနုပညာလက်ရာထဲတွင် လုံးဝ နစ်မျောသွားတော့သည်။ ခန္ဓာကိုယ်နှစ်ခုက တစ်ခုနှင့်တစ်ခု ပူးကပ်သွားပြီး ရစ်ပတ်နှောင်တွယ်လိုက်ကြသည်။
မကြာမီမှာပင် ချောက်အတွင်း၌ ပြင်းထန်သော အသက်ရှူသံများ ပျံ့လွင့်လာတော့သည်။ ဤအချိန်တွင် သူတို့နှစ်ဦးက ဘေးပတ်ဝန်းကျင်ကို လုံးဝ မေ့လျော့နေကြပြီး တစ်ဦးကိုတစ်ဦးသာ မြင်ယောင်နေကြတော့သည်။
ဤတိုက်ပွဲမှာ တစ်နာရီခန့်အထိ ကြာမြင့်ခဲ့ပြီးမှ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
သူတို့နှစ်ဦးစလုံးမှာ မြင့်မားသော ကျင့်ကြံမှုများ ရှိကြသော်လည်း ချွေးများဖြင့် စိုရွှဲနေကြသေးသည်။ ရှဲ့နျန့်ချင်းက လုမင်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး လုမင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူက ဘာစကားမျှ မပြောဘဲ လုမင်ကို လုံးဝ လက်မလွှတ်ချင်သကဲ့သို့ပင်။
အချိန်အတော်ကြာပြီးနောက် ရှဲ့နျန့်ချင်း၏ လက်ထဲတွင် သစ်သားရုပ်လေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းမှာ အနက်ရောင် သန်းနေပြီး သာမန်အရုပ်ကလေးတစ်ရုပ်နှင့် မခြားပေ။
"လုမင်... ဒါက သေခြင်းအစားထိုး နတ်ဆိုးရုပ်သေးပဲ။ တကယ်လို့ ရှင်သာ အသက်အန္တရာယ်နဲ့ ကြုံလာရရင် ဒါက ရှင့်ကိုယ်စား တစ်ကြိမ် သေပေးနိုင်လိမ့်မယ်။ ဒါကို ယူထားလိုက်ပါ"
ရှဲ့နျန့်ချင်းက ထိုအရုပ်လေးကို လုမင်အား ကမ်းပေးလိုက်သည်။
"သေခြင်းအစားထိုး နတ်ဆိုးရုပ်သေးလား။ ကိုယ်စား သေပေးနိုင်တယ်... ဟုတ်လား"
လုမင် အံ့သြသွား၏။
ကမ္ဘာပေါ်တွင် ဤကဲ့သို့သော ရတနာမျိုး အမှန်တကယ် ရှိနေပါသလော။ ဒါက အပိုအသက်တစ်ချောင်း ရရှိလိုက်သကဲ့သို့ပင် မဟုတ်ပါလား။ အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားပါက အလွန်တန်ဖိုးကြီးလှသဖြင့် လူတိုင်း ရူးသွပ်သွားကြမည်မှာ အမှန်ပင် ဖြစ်သည်။
"ဒါကလည်း ကျင့်ကြံမှုအပေါ်မှာ မူတည်ပါတယ်။ သိုင်းဧကရာဇ် အဆင့်ရှိတဲ့သူတွေအတွက်တော့ ဒီရုပ်သေးက အသုံးမဝင်တော့ဘူးလေ။ သိုင်းဧကရာဇ်အောက်က လူတွေအတွက်ပဲ အသုံးဝင်မှာပါ"
ရှဲ့နျန့်ချင်းက ရှင်းပြလိုက်သည်။
"ရှောင်ချင်း... ဒါကို မင်းအတွက်ပဲ သိမ်းထားလိုက်ပါ"
လုမင်က ပြောလိုက်သည်။
"ကျွန်မဆီမှာ ရှိပါသေးတယ်၊ ရှင်ပဲ ယူထားလိုက်"
ရှဲ့နျန့်ချင်းက လုမင်ကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လိုက်၏။
"အင်း... အဲဒါဆိုလည်း ကောင်းပါပြီ"
ရှဲ့နျန့်ချင်းထံတွင် ရှိသေးသည်ဆိုသောကြောင့် လုမင်လည်း ငြင်းမနေတော့ဘဲ ထိုရုပ်သေးကို သိမ်းဆည်းလိုက်တော့သည်။
ထို့နောက် လုမင်၏ လက်များက ရှဲ့နျန့်ချင်း၏ ချောမွေ့သော ခန္ဓာကိုယ်အနှံ့ တစ်ဖန် ပြန်လည် လှုပ်ရှားလာပြန်သည်။ ရှဲ့နျန့်ချင်း၏ မျက်နှာလေးက သွေးရောင်ဖြင့် နီမြန်းသွား၏။ သူမ၏ မျက်ဝန်းများက အရည်လဲ့နေကာ နှုတ်ခမ်းဖူး နှစ်လွှာက အနည်းငယ် ပွင့်ဟလာသည်။ ဤမြင်ကွင်းက အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
"ရှောင်ချင်း... မင်း တကယ်ကို လှတာပဲ"
လုမင်က ညင်သာစွာ ပြောလိုက်သည်။
"ဒီစကားကို တခြား ဘယ်သူ့ကို ပြောဖူးသေးလဲ"
"မဟုတ်ကဟုတ်က၊ ဘယ်သူ့ကိုမှ မပြောဖူးပါဘူး"
"ယုံပါတယ်"
"ရှောင်ချင်း... ကိုယ်တို့ ဆက်ကြရအောင်"
"အို... ခုနကပဲ တစ်ကြိမ်ပြီးသွားပြီ မဟုတ်ဘူးလား"
"နှစ်ထပ်ရှိမှ မှတ်မိတယ်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိသေးတယ် မဟုတ်လား။ တစ်ခါတည်းနဲ့ ဘယ်လို လုံလောက်မှာလဲ။ လာပါကွာ"
ညင်သာသော အသံလေးများ ထွက်ပေါ်လာပြီး ချောက်အတွင်း၌ နွေးထွေးသော နွေဦးရာသီ အလှတရားများ ပြည့်နှက်သွားတော့သည်။
သူတို့နှစ်ဦးက ဘယ်နှစ်ချီ တိုက်ခိုက်ခဲ့ကြသည်ကိုပင် မသိနိုင်တော့ချေ။
နောက်ဆုံးတွင် လုမင်၏ ကျင့်ကြံမှုအဆင့်မျိုးနှင့်ပင် အလွန်အမင်း ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်သွားတော့သည်။ ရှဲ့နျန့်ချင်းသည်လည်း ထို့အတူပင်ဖြစ်ပြီး လုမင်၏ဘေးတွင် လဲလျောင်းရင်း အိပ်ပျော်သွားခဲ့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိ၊ လုမင်က ရုတ်တရက် အိပ်စက်ရာမှ နိုးလာခဲ့သည်။ အကြောင်းမှာ၊ သူ့ကို အလွန်အေးစက်သော သတ်ဖြတ်လိုစိတ်များက လွှမ်းမိုးထားသည်ကို ခံစားလိုက်ရသောကြောင့်ပင်။
ဤသည်မှာ မသိစိတ်မှ သတိပေးချက်မျိုး ဖြစ်သည်။
သူက သူတော်စင်စွမ်းအားများကို အသုံးပြုကာ အဝေးသို့ အရှိန်ဖြင့် ဆုတ်ခွာလိုက်၏။ ယင်းနောက် သိုလှောင်လက်စွပ်အတွင်းမှ အဝတ်တစ်စုံကို ထုတ်ယူ၍ အမြန် ဝတ်ဆင်လိုက်လေသည်။ ထို့နောက် သူက ရှေ့သို့ လှမ်းကြည့်လိုက်သည်။
သူ၏ရှေ့တွင် ရှဲ့နျန့်ချင်းက အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ပြိုင်စံရှားအောင် လှပနေသည်။ သို့သော်လည်း ယခုအခါ သူမ၏ မျက်လုံးများမှာ အလွန်ပင် အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ သူက လုမင်အား အေးစက်စွာ စိုက်ကြည့်နေသည်။
လုမင် တုန်လှုပ်သွားရသည်။ ရှဲ့နျန့်ချင်း၏ ဤကဲ့သို့သော မျက်လုံးအကြည့်မျိုးကို သူ မသိကျွမ်းခဲ့ချေ။ ရှဲ့နျန့်ချင်းက သူ့အား ဤသို့သော အကြည့်မျိုးဖြင့် တစ်ခါမျှ မကြည့်ဖူးခဲ့ပါ။
"ရှောင်ချင်း... မင်း ဘာဖြစ်တာလဲ"
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း မေးလိုက်သည်။
"သေစမ်း"
အေးစက်သော အသံမှာ ရှဲ့နျန့်ချင်း၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်မှ မှောင်မိုက်သော နတ်ဆိုးအလင်းတန်းများ ထွက်ပေါ်လာပြီး အနက်ရောင် နတ်ဆိုးဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။ သူ့ပုံရိပ်က တုန်ခါနေသော အရိပ်တစ်ခုအလား အံ့မခန်း အရှိန်ဖြင့် လုမင်ထံသို့ ပြေးဝင်လာတော့သည်။
"ရွှစ်..."
နက်မှောင်သော ဓားအလင်းက လုမင်၏ သေကွင်းသေကွက် နေရာများကို တိုက်ရိုက် ဦးတည်၍ ထိုးခုတ်လိုက်သည်။
"ရှောင်ချင်း... မင်း ဘာတွေ လုပ်နေတာလဲ"
လုမင် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက သူတော်စင်စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ကစဉ့်ကလျားနိယာမဖြင့် သူ့ရှေ့တွင် ကာကွယ်ရေးတံတိုင်းတစ်ခုကို ဖန်တီးလိုက်၏။
သို့သော်လည်း လုမင်ကို အံ့အားသင့်စေသည်မှာ ရှဲ့နျန့်ချင်း၏ နတ်ဆိုးဓားဖြင့် ပိုင်းဖြတ်လိုက်သည့်အခါ လုမင်၏ ကာကွယ်ရေးက တိုက်ရိုက် ပျက်စီးသွားခြင်းပင်။
ကစဉ့်ကလျားနိယာမဖြင့် ဖန်တီးထားသော အကာအကွယ်က ရှဲ့နျန့်ချင်း၏ ဓားအလင်းအောက်တွင် အလွန်ပင် အားနည်းပုံရသည်။
ဤအချက်က လုမင်ကို ထိတ်လန့်သွားစေသည်။ ရှဲ့နျန့်ချင်း၏ လက်ထဲမှဓားက ရပ်တန့်မသွားဘဲ လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ဆက်လက်တိုးဝင်လာ၏။ သူက နောက်ပြောင်နေခြင်း မဟုတ်ချေ။ သူဟာ လုမင်ကို အမှန်တကယ် သတ်ဖြတ်လိုနေခြင်း ဖြစ်သည်။
ရှဲ့နျန့်ချင်း၏ မနေ့က ပူလောင်ပြင်းပြသော အမူအရာနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေပေသည်။
မနေ့က ရှဲ့နျန့်ချင်းမှာ မီးတောက်ကဲ့သို့ ပူလောင်ပြင်းပြပြီး ရေကဲ့သို့ နူးညံ့သိမ်မွေ့ကာ လုမင်အတွက် ကလေးတစ်ယောက် မွေးဖွားပေးချင်သည်အထိ ဖြစ်ခဲ့သည်။ ယနေ့တွင်မူ သူက ဓားကို ဆွဲထုတ်ကာ လုမင်ကို သတ်ရန် ကြိုးစားနေပြီ။ သူမ၏ သတ်ဖြတ်လိုစိတ်မှာလည်း ဓားသွားကဲ့သို့ အေးစက်လွန်းလှသည်။
"ရှောင်ချင်း... ရပ်လိုက်စမ်းပါ။ မင်း ဘာတွေဖြစ်နေတာလဲ။ ကိုယ့်ကိုပြောပါဦး"
လုမင် အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကစဉ့်ကလျား အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ပိတ်ဆို့လိုက်သည်။ ဤပုံရိပ်ကို ကစဉ့်ကလျားနိယာမနှင့် ကစဉ့်ကလျားအလင်းများဖြင့် ဖုံးလွှမ်းထားသဖြင့် ၎င်း၏ ကာကွယ်နိုင်စွမ်းက အံ့မခန်း မြင့်မားပေသည်။
သို့သော်လည်း ရှဲ့နျန့်ချင်း၏ ဓားအလင်းဖြင့် ပိုင်းဖြတ်လိုက်သည့်အခါ ကစဉ့်ကလျား အလင်းတန်းက ပြင်းထန်စွာ တုန်ခါသွားပြီး အပေါက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ လုမင်လည်း ထိတ်လန့်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။
"ဒီစွမ်းအားက..."
လုမင်၏ အကြည့်များက လေးနက်သွားသည်။
ရှဲ့နျန့်ချင်း၏ တိုက်ခိုက်မှုတွင် နိယာမစွမ်းအား အစအနလေးပင် မရှိချေ။ သူ့တွင် အလွန် သိပ်သည်းလှသော နတ်ဆိုးစွမ်းအားများသာ ရှိသည်။
သို့ရာတွင်၊ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်အားကောင်း၏။ ဤစွမ်းအားက ရှေးနတ်ဆိုး ကျင့်ကြံထားသော ရှေးဟောင်းနတ်ဆိုးလမ်းစဉ်နှင့် အလွန်ပင် ဆင်တူသည်။
လုမင်သည် ယခင်က ရှေးနတ်ဆိုးနှင့် တိုက်ခိုက်ဖူးသဖြင့် ဤအရာကို ရှင်းလင်းစွာ ခံစားမိပေသည်။
သို့သော်လည်း ရှဲ့နျန့်ချင်း၏ စွမ်းအားက ရှေးနတ်ဆိုးထက် ပိုသန့်စင်ကာ ပိုမို သိပ်သည်းပြီး ပို၍ အစွမ်းထက်လှသည်။
"နိမ့်ကျတဲ့ ပုရွက်ဆိတ်... နင်ကများ ငါ့ကို စော်ကားရဲတယ်ပေါ့။ သေလိုက်စမ်း"
ရှဲ့နျန့်ချင်းက အော်ဟစ်လိုက်သည်။ သူမ၏ သတ်ဖြတ်လိုစိတ်မှာ အလွန်ပင် အားကောင်း၏။ နတ်ဆိုးအလင်းတန်းများက လေထုထဲတွင် ပြည့်နှက်သွားပြီး ဓားအလင်းများ တောက်ပလာကာ လုမင်ကို ဆက်လက် တိုက်ခိုက်နေတော့သည်။
လုမင် ထိတ်လန့်သွားရသည်။ သူက မျက်မှောင်ကြုတ်သွားပြီး အော်ဟစ်လိုက်၏။
"မင်း ဘယ်သူလဲ။ မင်းက ရှောင်ချင်း မဟုတ်ဘူး"
ရှဲ့နျန့်ချင်းက သူ့ကို ဤကဲ့သို့သော လေသံမျိုးဖြင့် ဘယ်သောအခါမှ ပြောဆိုလိမ့်မည်မဟုတ်သလို "နိမ့်ကျတဲ့ ပုရွက်ဆိတ်"ဟုလည်း ခေါ်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူ့ရှေ့တွင် ရှိနေသောသူ၏ အရှိန်အဝါမှာ သေချာပေါက် ရှဲ့နျန့်ချင်းပင် ဖြစ်နေပြန်သည်။
ဘာတွေ ဖြစ်နေပါသနည်း။ ရှဲ့နျန့်ချင်း၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ပူးကပ်သွားခြင်း ဖြစ်မည်လော။
"ငါက ရှဲ့နျန့်ချင်း... ရှဲ့နျန့်ချင်းက ငါပဲ"
ရှဲ့နျန့်ချင်းက အေးစက်စွာ ဆိုလိုက်သည်။ သူ၏ ဓားအလင်းက ရပ်တန့်မသွားဘဲ လုမင်ကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်၏။
လုမင်လည်း သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်သည်။ သူသည် ကစဉ့်ကလျားနိယာမ၊ အစီရင်နိယာမနှင့် သေခြင်းတရားနိယာမတို့ကိုပင် အသုံးပြု၍ ရှဲ့နျန့်ချင်းနှင့် တိုက်ခိုက်ရ၏။ တစ်ချိန်တည်းမှာပင် အတွေးပေါင်းစုံမှာ သူ၏ဦးနှောက်အတွင်း ဖြတ်ပြေးတော့သည်။
'မဟုတ်သေးဘူး... ကြည့်ရသလောက်တော့ သူက ပူးကပ်ခံရတာမျိုး ဟုတ်ပုံမရဘူး။ ဘာတွေ ဖြစ်နေတာလဲ'
အကယ်၍ ခန္ဓာကိုယ်လုယူခံရသည်ဆိုပါက ဝိညာဉ်မှာ ပျက်စီးသွားပြီး ကိုယ်ပိုင်အသိစိတ် ရှိလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ရှဲ့နျန့်ချင်းမှာ ကိုယ်ပိုင်အသိစိတ် ရှိနေသဖြင့် ပူးကပ်ခံရခြင်း မဖြစ်နိုင်ပါ။
'ဒါက ရှေးဦးနတ်ဆိုးခေါင်းတလားနဲ့ ဆက်စပ်နေတာလား။ ဒါပေမဲ့ ရှေးဦးနတ်ဆိုးခေါင်းတလားကို အသုံးပြုလို့ ဒီလို အခြေအနေမျိုး ဖြစ်တယ်ဆိုတာကို ငါ တစ်ခါမှ မကြားဖူးဘူး။ ဒါဆိုရင် ရှောင်ချင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားနဲ့များ ဆက်စပ်နေမလား'
လုမင်က ရှဲ့နျန့်ချင်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို တွေးတောလိုက်မိသည်။ ယခင်ကတည်းက ရှဲ့နျန့်ချင်း၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ကိန်းအောင်းနေသည်ဟု သူ အမြဲ ခံစားခဲ့ရပေသည်။ ထိုစဉ်က လုမင်သည် ၎င်းမှာ ရှဲ့နျန့်ချင်း၏ ကြီးမားသော ပါရမီကြောင့်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခု ပြန်တွေးကြည့်သည့်အခါ အခြေအနေမှာ မမှန်တော့ချေ။ ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရသည့် အခြားတစ်ယောက်လည်း ရှိခဲ့သည်။ ထိူသူမှာ ရှဲ့နျန့်ကျွင်း ဖြစ်၏။
လုမင်သည် ရှဲ့နျန့်ကျွင်း၏ ခန္ဓာကိုယ်ထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ကိန်းအောင်းနေသည်ကို ခံစားခဲ့ရဖူးသည်။
ထို့ပြင် လက်ရှိ ရှဲ့နျန့်ကျွင်းက ရှန်းဟွမ်တိုက်ကြီးမှ ရှဲ့နျန့်ကျွင်းနှင့် အလွန်တရာ ကွဲပြားခြားနားနေသည်ကိုလည်း လုမင် သတိပြုမိခဲ့ပေသည်။
အစပိုင်းတွင်၊ ရှဲ့နျန်ကျွင်းက သူ့ကို သတ်ချင်နေခဲ့သည်။ သို့သော်လည်း ယွမ်လုသို့ ရောက်လာပြီးနောက် ရှဲ့နျန်ကျွင်း၏ စိတ်ပိုင်းဆိုင်ရာက သိသိသာသာ ပြောင်းလဲသွား၏။ သူက လုမင်နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ပင် ရှိခဲ့သေးသည်။