← Chapters

အခန်း ၂၀၇၃

Vol. 143 Ch. 2073

အခန်း ၂၀၇၃

Vol. 143 Ch. 2073

အပိုင်း ( 2073 ) နိယာမလေးခုကို နားလည်ခြင်း။

လုမင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဝါးမျိုခြင်းနိယာမမှ စတင်ရန် ဆုံးဖြတ်လိုက်သည်။

ဝါးမျိုခြင်းနိယာမသည်လည်း အလွန်အစွမ်းထက်သော ဘုရင်နိယာမတစ်ခု ဖြစ်၏။ ထို့အပြင် နဝမနဂါးမှာ ဝါးမျိုခြင်းစွမ်းအားကို ပိုင်ဆိုင်ထား၍ လုမင်နှင့် အကျွမ်းတဝင်အရှိဆုံး ဖြစ်သည်။ ထို့ကြောင့် ဝါးမျိုခြင်းနိယာမကို နားလည်သဘောပေါက်လျှင် အခြားနိယာမများထက် သေချာပေါက် ပိုမိုမြန်ဆန်ပေလိမ့်မည်။

ထို့ပြင် လုမင်တွင် ကြီးမားသော ရည်မှန်းချက်တစ်ခု ရှိနေသည်။ သူက နိယာမများစွာကို နားလည်သဘောပေါက်ရန် ကြိုးစားနေပြီဖြစ်ရာ အနိမ့်ဆုံး ဘုရင်နိယာမနှင့် အဆင့်ပိုမြင့်သော နိယာမများကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်ထား၏။

သာမန်နိယာမများကို နားလည်သဘောပေါက်ရန် ကြိုးစားနေခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။ အကြောင်းမှာ၊ သာမန်နိယာမများနှင့် ကစဉ့်ကလျားနိယာမတို့မှာ အပြန်အလှန် ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။

"ဂါး..."

လုမင်၏ အတွေးတစ်ခုဖြင့် သူ့ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ လုမင်က ၎င်းကို သေချာစွာ အာရုံခံစားကြည့်ပြီး ဝါးမျိုခြင်းစွမ်းအားများမှတစ်ဆင့် ဝါးမျိုခြင်းနိယာမကို နားလည်သဘောပေါက်ရန် ကြိုးစားတော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ရက်အနည်းငယ်အကြာတွင် လုမင်က လမ်းကြောင်းမှန်ကို ရှာတွေ့သွားပြီး အသိအမြင်အချို့ ရရှိလာခဲ့သည်။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ လုမင်က ဝါးမျိုခြင်းနိယာမ အရိပ်အယောင်ကို အောင်မြင်စွာ နားလည်သဘောပေါက်သွားခဲ့၏။

သူ၏ သူတော်စင်နှလုံးသားက အမှန်တကယ်ပင် နိယာမများစွာကို မည်သည့်ထိခိုက်မှုမျှမရှိဘဲ လက်ခံထားနိုင်သည်။ လုမင်လည်း အလွန်ပင် စိတ်လှုပ်ရှားလာတော့သည်။

ဤအရာအားလုံးမှာ သိုင်းဧကရာဇ်အဆင့်ရှိသူများသာ လုပ်ဆောင်နိုင်သည့် အရာများ ဖြစ်သည်။ သို့သော်လည်း လုမင်ကတော့ ယခုပင် လုပ်ဆောင်နိုင်ခဲ့ပြီ။

နောင်တွင်၊ သူသာ သိုင်းဧကရာဇ်အဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့ပါက... သူ၏ကျင့်ကြံမှုမှာ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ မည်သည့် အဟန့်အတားမျှ ရှိတော့မည်မဟုတ်ဘဲ သူ၏တိုးတက်မှုမှာ အံ့မခန်း ဖြစ်နေလိမ့်မည်။

ထို့ကြောင့် ယခုအချိန်ပေး၍ ကျင့်ကြံနေရခြင်းမှာ အမှန်တကယ်ပင် ထိုက်တန်သည်။

"သခင်လေး... ရှင်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ နိယာမ လေးခုတောင် တတ်မြောက်သွားပြီ"

ချင်ယွဲ့က လျှောက်လာရင်း ပြောလိုက်သည်။

သူသည် လုမင်ကို အမြဲတမ်း အထင်ကြီး လေးစားခဲ့သူ ဖြစ်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကိုမူ အံ့သြခြင်းမရှိဘဲ မနေနိုင်တော့ချေ။ သိုင်းဧကရာဇ်အဆင့်အောက်တွင် ရှိနေသူတစ်ဦးက နိယာမလေးခုကို တစ်ပြိုင်နက် တတ်မြောက်ထားခြင်းမှာ တစ်ခါမျှ မကြားဖူးသော ကိစ္စပင် ဖြစ်သည်။

ထို့ပြင် ထိုအထဲမှ နှစ်ခုက အစွမ်းထက်ဆုံး နိယာမများ ဖြစ်နေသေးသည်။

"ချင်ယွဲ့... သွားကြရအောင်"

လုမင်က ပြုံးလျက် ပြောလိုက်သည်။

ချင်ယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်သား အတူတူပင် ရှေ့သို့ လှမ်းတက်ခဲ့ကြ၏။ ထိုအချိန်တွင် လူထွားကြီး ခြောက်ဦးမှာ တစ်ပြိုင်နက်တည်း ပေါ်လာပြီး လုမင်နှင့် ချင်ယွဲ့ကို တိုက်ခိုက်ကြတော့သည်။

"သတ်"

လုမင် ဟိန်းဟောက်လိုက်သည်။

သူသည် ကစဉ့်ကလျားနိယာမ၊ သေခြင်းတရားနိယာမနှင့် အစီရင်နိယာမတို့ကို ပေါင်းစပ်လိုက်၏။ လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုကာ လက်ညှိုးငါးချက်ကို ဆက်တိုက် ထိုးနှက်လိုက်သည်။ ချင်ယွဲ့မှာမူ ဆဌမမြောက် လူထွားကြီးထံသို့ ပြေးဝင်သွားတော့သည်။

"ရွှစ်... ရွှစ်..."

တောက်ပသော ဓားအလင်းတန်းများက လုမင်နှင့် ချင်ယွဲ့ထံသို့ ပိုင်းဖြတ်ကျရောက်လာသည်။ ချင်ယွဲ့က ထိုအထဲမှ တစ်ခုကို အောင်မြင်စွာ ပိတ်ဆို့ထားနိုင်ခဲ့၏။ ဓားအလင်း ငါးချက်မှာမူ လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းထံသို့ ကျရောက်သွားခဲ့ပေသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ပေါက်ကွဲသံ ငါးကြိမ် ထွက်ပေါ်လာပြီး ဓားအလင်းများ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။ လူထွားကြီး ငါးဦးစလုံးမှာလည်း နောက်သို့ ဆုတ်ခွာသွားရ၏။

"ဒုန်း"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ ခွန်အားအပြည့်ကို အသုံးပြုကာ ထိုငါးဦးအပေါ်သို့ တရစပ် တိုက်ခိုက်တော့သည်။

အစီရင်နိယာမ၏ တိုးတက်မှုကြောင့် လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဆင့်မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ သူက ထိုလူထွားကြီး ငါးဦးကို အသာစီးဖြင့် လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပေသည်။

တိုက်ကွက်ပေါင်း ဆယ်ချီကျော်ပြီးနောက်တွင်မူ လက်ချောင်းအင်အား တစ်ခုက လူထွားကြီးတစ်ဦး၏ နဖူးကို ဖောက်ထွက်သွားပြီး သူ့ကို သတ်ဖြတ်လိုက်နိုင်ခဲ့သည်။ ထိုသူမှာ သဘာဝစွမ်းအင်များအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့၏။

တစ်ဦးကို သတ်ဖြတ်ပြီးနောက် ကျန်ရှိသော လေးဦးမှာ လုမင်အတွက် ပို၍ပင် မခက်ခဲတော့ချေ။ တိုက်ကွက် အနည်းငယ်အကြာမှာပင် လုမင်က နောက်ထပ် တစ်ဦးကို သတ်ဖြတ်လိုက်ပြန်သည်။

"ဝုန်း... ဝုန်း..."

ထို့နောက်တွင်မူ ကျန်ရှိနေသော လူထွားကြီးများကို လုမင်က တစ်ဦးပြီးတစ်ဦး ချေမှုန်းလိုက်တော့သည်။ ချင်ယွဲ့နှင့် တိုက်ခိုက်နေသော လူထွားကြီးလည်း တစ်ဦးအပါအဝင်ပင် ဖြစ်သည်။

ဤစမ်းသပ်မှုကို ကျော်ဖြတ်ပြီးနောက် သူတို့နှစ်ဦးမှာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။ ယခုတစ်ကြိမ်မှာတော့ သူတို့ရှေ့တွင် မည်သူမျှမရှိတော့ပေ။ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။

လုမင်လည်း သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်မိလေသည်။ ရှဲ့နျန့်ချင်းက စမ်းသပ်မှုများကို ကျော်ဖြတ်ပြီး ဤနေရာမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။

"ချင်ယွဲ့... ဒီမှာ ခဏစောင့်နေနော်။ ကိုယ်သွားပြီး စမ်းသပ်ကြည့်လိုက်ဦးမယ်"

လုမင်က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး... ဂရုစိုက်ပါ"

ချင်ယွဲ့က ပြောလိုက်၏။

လုမင် ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့ လှမ်းတက်ခဲ့သည်။ အတန်ငယ် လျှောက်ပြီးနောက်တွင်မူ နောက်ထပ် လူရိပ်တစ်ခု ပေါ်လာပြန်သည်။

ယခုတစ်ကြိမ်တွင်မူ လူရိပ်တစ်ခုတည်းသာ ပေါ်လာခြင်း ဖြစ်၏။ ထိုသူမှာ လူထွားကြီးမဟုတ်ဘဲ လူငယ်တစ်ဦးသာ ဖြစ်သည်။

ထိုလူငယ်က အသက် နှစ်ဆယ်ဝန်းကျင်ခန့်ရှိပုံရပြီး လှံတစ်စင်းကဲ့သို့ မတ်မတ်ရပ်ကာ ကျောပေါ်တွင် နက်မှောင်သော နတ်ဆိုးဓားတစ်လက်ကို လွယ်ထားလေသည်။

"ဒီလမ်းကို အသန်မာဆုံးသူတွေပဲ ဖြတ်ကျော်နိုင်မယ်။ မင်းရဲ့ ခွန်အားကို ငါ့ကို ပြစမ်း"

ထိုလူငယ်က အေးစက်စွာ ပြောဆိုပြီးနောက် ဓားကို ဆွဲထုတ်လိုက်သည်။

လုမင်သည်လည်း ရှေ့သို့ လှမ်းတက်လိုက်ပြီး ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို အသုံးပြုကာ တိုက်ခိုက်လိုက်၏။

ထိုလူငယ်၏ တိုက်ခိုက်နိုင်စွမ်းမှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းသည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိနေပုံရပြီး ကောင်းကင်သားတော်များ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိချိန်ထက်ပင် ပိုမို သန်မာနေပုံရပေသည်။

သို့သော်လည်း သူသည် ယခင်က လူထွားကြီး ငါးဦးပေါင်းစည်းထားသည့် ခွန်အားလောက်တော့ မသန်မာသေးချေ။ သူ့ခွန်အားမှာ လူထွားကြီး သုံးဦးနှင့် ငါးဦးကြားတွင် ရှိသည်။ ထို့ကြောင့် သူသည် လုမင်၏ ပြိုင်ဘက် မဖြစ်နိုင်သေးချေ။

တိုက်ကွက်ပေါင်း နှစ်ဆယ်ကျော် အပြန်အလှန် တိုက်ခိုက်ပြီးနောက် ထိုလူငယ်မှာ လုမင်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။ လုမင်နှင့် ချင်ယွဲ့တို့လည်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းကာ ဤဧရိယာကို ဖြတ်ကျော်နိုင်ခဲ့ကြပေသည်။

သို့သော်လည်း ချောက်ကြီးမှာ အလွန်ပင် ရှည်လျားပုံရသည်။ ရှေ့သို့ ကြည့်လိုက်သည့်အခါ အဆုံးမရှိ နက်ရှိုင်းနေဆဲပင်။ ဤနေရာကို ဖြတ်ကျော်ပြီးနောက် လုမင်က တစ်ဦးတည်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ လူငယ်နှစ်ဦး တစ်ပြိုင်နက် ပေါ်လာခဲ့၏။ လူငယ်နှစ်ဦး ပေါင်းစည်းလိုက်သည့်အခါ တိုက်ခိုက်နိုင်စွမ်းမှာ အဆမတန် တိုးတက်လာခဲ့သည်။ လုမင်က သူ၏ အစွမ်းကုန် ကြိုးစားသော်လည်း နောက်ဆုံးတွင် သရေသာ ဖြစ်ခဲ့ရပေသည်။

"ဒီနေရာကို ဖြတ်ကျော်ဖို့က တကယ်ကို ခက်ခဲတာပဲ"

လုမင် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဆိုးနယ်မြေရှိ အင်အားစုများ၏ စမ်းသပ်မှုမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်ဟု သူ တွေးမိလေသည်။

ကောင်းကင်သားတော်များပင်လျှင် ဤမျှ ခက်ခဲသော စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ရန် မလွယ်ကူချေ။ လုမင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းမှာ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော ကောင်းကင်သားတော်တစ်ဦးထက် သေချာပေါက် သာလွန်နေသော်လည်း သူသည်ပင် ဖြတ်ကျော်နိုင်ခြင်း မရှိသေးပါ။

'ငါ့ရဲ့ သိုင်းပညာတွေက အားနည်းနေသေးတာပဲ။ ငါ့ရဲ့ အသန်မာဆုံး သိုင်းကွက်ကတောင် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း ဖြစ်နေသေးတယ်။ ဒါပေမဲ့ ကစဉ့်ကလျားကပ်ဘေးလက်ချောင်းက အဝေးကနေ တိုက်ခိုက်ဖို့ပဲ ကောင်းတာ... အနီးကပ် တိုက်ခိုက်ဖို့ဆိုရင်တော့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ ငါ နောက်ထပ် နတ်ဘာရားစွမ်းရည် တစ်ခု၊ နှစ်ခုလောက်ကို ထပ်ပြီး နားလည်အောင် လုပ်ရမယ်'

လုမင်က စဉ်းစားလိုက်မိသည်။

ကစဉ့်ကလျားကျမ်းစာထဲတွင် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းထက်မကသော အခြားအတတ်များစွာ ရှိနေသည်မှာ သေချာပေသည်။ သို့သော်လည်း ယခင်ကမူ ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို ကျင့်ကြံခြင်းကပင် လုံလောက်နေခဲ့သည်။

နတ်ဘုရားစွမ်းရည်များနှင့် နိယာမများမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုကြသည်။ နတ်ဘုရားစွမ်းရည်တစ်ခုကို နားလည်ပြီး ဆက်တိုက် ကျင့်ကြံခြင်းက နိယာမအပေါ် နားလည်မှုကို ပိုမိုတိုးတက်စေပြီး တတ်မြောက်မှုကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။ ထို့ကြောင့် နတ်ဘုရားစွမ်းရည်များစွာကို လေ့လာခြင်းမှာ အကျိုးမရှိနိုင်ဘဲ အာရုံပျံ့လွင့်မှုကိုသာ ဖြစ်စေနိုင်သည်။

သို့သော်လာ်း ယခုမူ အခြေအနေက ကွဲပြားသွားခဲ့ပြီ။ လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အဆုံးစွန်ထိ နားလည်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ အခြားနတ်ဘုရားစွမ်းရည်များကို ကျင့်ကြံမည်ဆိုပါက၊ မည်သည့် အဟန့်အတားမျှ ရှိတော့မည်မဟုတ်ဘဲ အချိန်တိုအတွင်းမှာပင် ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

လုမင်သည် ကစဉ့်ကလျားကျမ်းစာထဲမှ 'ကစဉ့်ကလျား နတ်ဘုရားလက်ဝါး'ဟုခေါ်သော နတ်ဘုရားစွမ်းရည်တစ်ခုကို ရွေးချယ်လိုက်သည်။

ဤစွမ်းရည်ကို အောင်မြင်စွာ ကျင့်ကြံပြီးပါက လက်ဖဝါးရိုက်ချက်တစ်ခုစီတိုင်းမှာ ကစဉ့်ကလျား နတ်ဘုရားတောင်ကြီး တစ်ခု ပြိုကျလာသကဲ့သို့ ပြင်းထန်လိမ့်မည်။ ၎င်း၏ အင်အားမှာ ပြိုင်ဘက်ကင်းပြီး မြေပြင်ကို ဖောက်ထွက်နိုင်ကာ တောင်တန်းများကိုပင် မှုန့်မှုန့်ညက်ညက် ချေဖျက်နိုင်စွမ်း ရှိသည်။

ယခုအခါ လုမင်၏ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ကိုးဆယ့်ကိုး ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ။ ထိုအတွက် ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို ကျင့်ကြံသည့် အရှိန်မှာ မြန်ဆန်လွန်းလှသည်။

ရက်အနည်းငယ် အတွင်းမှာပင် သူက ၎င်းကို အဆုံးစွန်ထိ ကျင့်ကြံနိုင်ခဲ့၏။ ၎င်း၏ စွမ်းအားမှာ ကစဉ်ကလျား ကပ်ဘေးလက်ချောင်းထက် မနိမ့်ကျချေ။

အထူးသဖြင့် နိယာမများစွာနှင့် ပေါင်းစပ်လိုက်သည့်အခါ ၎င်း၏ စွမ်းအားမှာ ပို၍ပင် ကြောက်စရာ ကောင်းသည်။

နောက်ထပ် သိုင်းကွက်တစ်ခုကို ရရှိပြီးနောက် လုမင်သည် နတ်ဘုရားစွမ်းရည်များကို ခေတ္တဘေးဖယ်ထားကာ နိယာမအချို့ကို နားလည်သဘောပေါက်ရန်သာ အာရုံစိုက်လိုက်တော့သည်။

ချင်ယွဲ့သည်လည်း သူမ၏ ကျင့်ကြံမှုအတွက် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ ဧကရာဇ်တစ်ပိုင်း ဖြစ်လာပြီးနောက်တွင် နိယာမများကို သူတော်စင်နှလုံးသားအတွင်းသို့ လုံးဝ ပေါင်းစည်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းရလိမ့်မည်။ နိယာမကို အခြေခံအဖြစ်၊ သူတော်စင်နှလုံးသားကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ မိမိကိုယ်ပိုင် ကမ္ဘာတစ်ခုကို တည်ဆောက်ရသည်။

ဤအဆင့်မှာ အလွန်ပင် ခက်ခဲလှ၏။ လူအများစုက ဧကရာဇ်တစ်ပိုင်းအဆင့်မှာပင် တစ်သက်လုံး ပိတ်မိနေကြပြီး ရှေ့ဆက် မတိုးနိုင်ကြချေ။ ထို့ပြင် ဤသည်မှာ တစ်ရက်အတွင်း လုပ်ဆောင်နိုင်သည့် အရာမျိုး မဟုတ်ပါ။

အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ကျင့်ကြံခြင်းအပြင် လုမင်က စမ်းသပ်မှုများကိုလည်း ဖြတ်ကျော်ရန် ကြိုးစားနေခဲ့၏။ သူတို့နှစ်ဦးစလုံးမှာ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။

ဤသို့ဖြင့် လုမင်က ဤချောက်ကမ်းအတွင်း၌ နှစ်နှစ်ကျော်ကြာအောင် ရှိနေခဲ့ပြီးပြီ။

လုမင်က အဆုံးမဲ့နတ်ဆိုးနယ်မြေသို့ ရောက်ရှိနေသည်မှာလည်း နှစ်နှစ်ခွဲကျော် ရှိခဲ့ပြီ ဖြစ်သည်။ နယ်မြေဆယ်ခုတိုက်ပွဲ အချိန်ကျရောက်ရန် ခြောက်လပင် မလိုတော့ချေ။

ဤအချိန်တွင် လုမင်က နောက်ဆုံး၌ ချောက်ကမ်းပါး၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိလိုက်သည်။

အကြောင်းမှာ၊ သူ့ရှေ့တွင် ချောက်ကမ်းပါး၏ ထွက်ပေါက်ဖြစ်သော အလင်းတံခါးကို မြင်တွေ့နေရပြီဖြစ်သောကြောင့်ပင်။

All Chapters