← Chapters

အခန်း ၂၀၇၆

Vol. 143 Ch. 2076

အခန်း ၂၀၇၆

Vol. 143 Ch. 2076

အပိုင်း ( 2076 ) ပင်လယ်သားရဲများမှ ဝန်းရံခြင်း။

ဗုံသံများက နားကွဲလုမတတ် ကျယ်လောင်စွာ ဟိန်းထွက်လာသည်။ လူပေါင်းများစွာလည်း သူတို့၏ အခန်းများထဲမှ ပြေးထွက်လာပြီး ကုန်းပတ်ပေါ်သို့ ရောက်ရှိလာကြ၏။ သူတို့ ပတ်ဝန်းကျင်ရှိ ပင်လယ်သားရဲများကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာများ သွေးဆုတ်ဖြူလျော့သွားကြတော့သည်။

"ဘာတွေ ဖြစ်နေတာလဲ။ ပင်လယ်စက်ဝန်းထဲမှာ ပင်လယ်သားရဲက သိပ်မရှိပါဘူး။ အခုလိုမျိုး စစ်သင်္ဘောကို စုပေါင်းတိုက်ခိုက်တာမျိုးကလည်း အရမ်းရှားတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ"

"ဘာဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ"

အတွေ့အကြုံရှိသူအချို့မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

သူတို့၏ မျက်နှာများမှာ အလွန်ပင် လေးနက်နေကြ၏။ အချို့သော ကုန်သည်များမှာလည်း ဤလမ်းကြောင်းကို ခဏခဏ သွားလာနေကြသည့်တိုင် ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးကြချေ။

"အားလုံးပဲ အခြေအနေက မကောင်းဘူး။ တိုက်ခိုက်ဖို့ ပြင်ထားကြတော့"

ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပြောလိုက်သည်။ သူသည် အစစ်အမှန်ဧကရာဇ်တစ်ပါး ဖြစ်၏။ ထိုပုဂ္ဂိုလ်မှာ စစ်သင်္ဘော၏ ခေါင်းဆောင်ဖြစ်ပြီး နတ်ကံကြမ္မာနယ်မြေမှ ကျွမ်းကျင်သူတစ်ဦးပင်။

"ဝုန်း..."

သူ့စကားသံအဆုံးတွင်၊ ပင်လယ်ပြင်မှ ဧရာမ တိုင်လုံးကြီး တစ်ခု ထိုးထွက်လာသည်။ ၎င်းမှာ ပေတစ်သောင်းခန့် ရှည်လျားပြီး ဧရာမ တုတ်ကြီးတစ်ချောင်းနှင့် တူ၍ စစ်သင်္ဘောကို ရိုက်ချလိုက်၏။

"ဝုန်း..."

ဧရာမတုတ်ကြီးက စစ်သင်္ဘော၏ အလင်းအကာအကွယ်ကို ရိုက်မိသွားရာ သင်္ဘောကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ထိုအချိန်မှသာ လူများက ၎င်းမှာ တုတ်တစ်ချောင်းမဟုတ်ဘဲ ရေဘဝဲတစ်ကောင်၏ လက်တံဖြစ်ကြောင်းဖြစ်ကြောင်း သတိပြုလိုက်မိကြသည်။

"ဝုန်း... ဝုန်း..."

မျှော်လင့်ထားသည့်အတိုင်းပင်၊ နောက်တစ်ခဏ၌ ပင်လယ်ပြင်မှာ လှုပ်ခတ်သွားပြီး ဧရာမ သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းမှာ မြင့်မားသော တောင်ကြီးတစ်လုံးထက်ပင် ပို၍ကြီးမားသည့် ရေဘဝဲကြီးတစ်ကောင်ဖြစ်ပြီး စစ်သင်္ဘောထက်ပင် အဆများစွာ ကြီးမားနေသေးသည်။

"ဝုန်း... ဝုန်း..."

ရေဘဝဲကြီးက ၎င်း၏ လက်တံရှစ်ချောင်းကို နှင်တံများကဲ့သို့ ဝှေ့ယမ်းကာ စစ်သင်္ဘောကို ရိုက်ချလိုက်သည်။ စစ်သင်္ဘောက အချိန်မရွေး မှောက်သွားတော့မလို ပြင်းထန်စွာ တုန်ခါနေတော့သည်။

"ဘာတွေ ဖြစ်နေတာလဲကွာ"

လူပေါင်းများစွာ၏ မျက်နှာများမှာ ဖြူလျော့ကုန်သည်။

ဤရေဘဝဲကြီးက ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ၎င်း၏ အရှိန်အဝါမှာ အလွန်ပြင်းထန်သဖြင့် အစစ်အမှန်ဧကရာဇ် အဆင့်တွင် ရှိနေမည်မှာ သေချာသည်။

ထို့ပြင် အရပ်မျက်နှာ အနှံ့အပြား၌လည်း အစွမ်းထက်သော ပင်လယ်သားရဲများစွာ ရှိနေသေးသည်။

အကယ်၍ ဤပင်လယ်ဖြတ်ကျော် စစ်သင်္ဘောကြီးသာ ပျက်စီးသွားပါက၊ ပင်လယ်သားရဲများနှင့် ဆိုးရွားသော ပင်လယ်ပြင် အခြေအနေများကြောင့် သူတို့အားလုံး အန္တရာယ်ကျရောက်ပေလိမ့်မည်။

ယခင်က ဤစစ်သင်္ဘောများကို စီးနင်းခြင်းမှာ အလွန်ဘေးကင်းပြီး မတော်တဆမှု အလွန်နည်းပါးသည်ဟု ကြားဖူးခဲ့သည်။ ယခု သူတို့စီးသည့်အခါမှ ဘာကြောင့် ဤသို့ ဖြစ်ရသနည်းဟု လူများစွာမှာ တွေးတောနေကြတော့သည်။

"မိုက်မဲတဲ့ သတ္တဝါ... မင်း သေချင်နေပြီပဲ"

စစ်သင်္ဘော၏ ခေါင်းဆောင်ဖြစ်သူ လူလတ်ပိုင်းအမျိုးသားက ဟိန်းဟောက်လိုက်ပြီး အကာအကွယ်အတွင်းမှ ထွက်သွားခဲ့သည်။ သူ့လက်ထဲတွင် ဓားတစ်လက် ပေါ်လာပြီး ပိုင်းချလိုက်၏။ ပေပေါင်း သောင်းချီရှည်လျားသော ဓားအလင်းတန်းမှာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရေဘဝဲကြီးထံသို့ ဦးတည်သွားတော့သည်။

"ဝုန်း..."

ရေဘဝဲကြီး၏ လက်တံတစ်ခုက ဓားအလင်းကြောင့် ပြတ်ထွက်သွားခဲ့သည်။ သွေးများက ပင်လယ်ပြင်ကို နီရဲသွားစေခဲ့၏။

ရေဘဝဲကြီးသည် ဒေါသထွက်သွားဟန်ဖြင့် ဆန်းကြယ်သော အော်ဟစ်သံကြီးကို ပြုလုပ်လိုက်ပြီး ကျန်ရှိသော လက်တံများဖြင့် ထိုလူကို တိုက်ခိုက်တော့သည်။

လူလတ်ပိုင်း အမျိုးသားကလည်း ရေဘဝဲကြီးနှင့် ရင်ဆိုင်ရန် ဓားအလင်းများကို ဆက်တိုက် ထုတ်လွှတ်ခဲ့သည်။

သူတို့နှစ်ဦးစလုံးက အလွန်အစွမ်းထက်သော တည်ရှိမှုများ ဖြစ်ကြရာ အချိန်တိုအတွင်း အနိုင်အရှုံးကို ဆုံးဖြတ်ရန် ခက်ခဲပေသည်။

"ဂါး..."

ထိုအချိန်တွင် ပင်လယ်ပြင်ထဲမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်သည်။ ပင်လယ်ရေများမှာ လှုပ်ခတ်သွားပြီး နောက်ထပ် ဧရာမ သတ္တဝါကြီးတစ်ကောင် ပေါ်လာပြန်၏။

"အစစ်အမှန် နဂါးကြီး"

လုမင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။

ပင်လယ်ပြင်ထဲတွင်ပေါ်လာသော ဧရာမ သတ္တဝါကြီးမှာ အမှန်တကယ် အစစ်အမှန်နဂါးကြီး တစ်ကောင်ပင်။

၎င်းက အပြာရောင်နဂါးတစ်ကောင် ဖြစ်ပြီး တစ်ကိုယ်လုံးက တောက်ပကြည်လင်နေကာ ပေပေါင်း သောင်းချီ ရှည်လျားသည်။

ကြီးမားသော မျက်လုံးအစုံက တိုက်သင်္ဘောကို အေးစက်စွာ စိုက်ကြည့်နေ၏။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် လူတိုင်း တုန်လှုပ်သွားကြရသည်။

၎င်းသည်လည်း စွမ်းအားကြီးမားသော အစစ်အမှန်ဧကရာဇ်တစ်ဦးပင်။

"အကြီးအကဲတို့... ကျွန်တော်တို့ကို ဘာဖြစ်လို့ တိုက်ခိုက်နေတာလဲခင်ဗျာ၊ ကျွန်တော်တို့ကို သွားခွင့်ပေးလို့ မရဘူးလား"

သင်္ဘောပေါ်မှ လူငယ်တစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြင့် အစစ်အမှန်နဂါးကြီးကို မေးလိုက်သည်။

ထို့နောက် ထိုလူငယ်၏ ခန္ဓာကိုယ်မှာ စတင်ပြောင်းလဲသွားခဲ့၏။ သူသည်လည်း နဂါးမျိုးနွယ်ဝင် တစ်ဦးပင်။

ယွမ်လုသည် ကြီးမားကျယ်ပြောသကဲ့သို့ အစစ်အမှန်နဂါးအချို့ နေထိုင်ကြသည်မှာ သဘာဝပင်။

"ဂါး..."

သို့သော်လည်း ပင်လယ်ထဲမှ ဧရာမ နဂါးကြီးမှာမူ ဂရုမစိုက်ခဲ့ချေ။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ၎င်းက စစ်သင်္ဘောကို တိုက်ခိုက်လိုက်သည်။

အပြာရောင်နဂါးကြီးက ရှေ့သို့ လှမ်းလိုက်သည့်အခါ ပင်လယ်ရေများမှာက ရေလှိုင်းဆူးချွန်ကြီးများအဖြစ် ပြောင်းလဲသွား၍ စစ်သင်္ဘောကို တိုက်ခိုက်တော့သည်။

စစ်သင်္ဘောကြီးက တုန်ခါသွားပြီး အလင်းအကာအကွယ်မှာလည်း လှုပ်ခါနေခဲ့သည်။ ဤအတိုင်း ဆက်သွားပါက ကြာရှည်ခံမည် မဟုတ်ချေ။

သို့သော်လည်း လူတိုင်းကို ပို၍စိတ်ဓာတ်ကျစေသည်မှာ မတူညီသော အရပ်မျက်နှာမှ နောက်ထပ် ဧရာမ သတ္တဝါကြီးတစ်ကောင် ပေါ်လာခြင်းပင်။

၎င်းမှာ ထိုနဂါးကြီးထက် အဆင့်မနိမ့်သော ငါးမန်းကြီးတစ်ကောင် ဖြစ်သည်။ ၎င်းသည်လည်း စစ်သင်္ဘောကို တိုက်ခိုက်လာခဲ့၏။

"အားလုံးပဲ... ကိုယ့်အသက် မသေချင်ရင် အသက်လုပြီး ပြေးကြတော့ဟေ့"

စစ်သင်္ဘောမှာ နတ်ကံကြမ္မာနယ်မြေရှိ အင်အားကြီးအဖွဲ့အစည်းတစ်ခု၏ ပိုင်ဆိုင်မှု ဖြစ်ရာ သဘာဝအတိုင်း သင်္ဘောပေါ်တွင် လူပေါင်းများစွာ ပါဝင်သည်။ ဤအခိုက်တွင် အဘိုးအိုတစ်ဦးက ပြောလာခြင်းဖြစ်ပြီး သူသည်လည်း အစွမ်းထက်သော တည်ရှိမှုတစ်ခုပင်။

"ဝုန်း... ဝုန်း..."

စစ်သင်္ဘောကြီးက ဆက်တိုက် တုန်ခါနေခဲ့သည်။ နောက်ဆုံးတွင် အကာအကွယ်မှာ ပျက်စီးသွားခဲ့ရ၏။

အစစ်အမှန်နဂါးကြီးက ဟိန်းဟောက်လိုက်ပြီး တောင်လုံးတမျှ ကြီးမားသော ခြေသည်းများဖြင့် စစ်သင်္ဘောကို ဆုပ်ကိုင်ကာ သင်္ဘောကိုယ်ထည် အစိတ်အပိုင်းတစ်ခုကို ဆွဲဖြဲပစ်လိုက်တော့သည်။

"သတ်"

အဘိုးအိုက အစစ်အမှန်နဂါးကြီးထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ငါးမန်းကြီးက စစ်သင်္ဘောကို ဝင်တိုက်လိုက်ရာ သင်္ဘောကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ပင်လယ်သားရဲများက အရပ်မျက်နှာ အသီးသီးမှ ဟိန်းဟောက်ကာ ပြေးဝင်လာကြတော့သည်။

"ပြေးကြဟေ့"

"ပြေး... ပြေး... ပြေး"

သင်္ဘောပေါ်မှ လူပေါင်းများစွာမှာ အရပ်မျက်နှာ အသီးသီးသို့ ပြေးထွက်ကုန်ကြသည်။

လုမင်နှင့် ချင်ယွဲ့တို့သည်လည်း စစ်သင်္ဘောပေါ်မှ ခုန်ဆင်းကာ ပင်လယ်စက်ဝန်း၏ အနက်ရှိုင်းဆုံးဆီသို့ ဦးတည်ပြေးခဲ့ကြ၏။

"ဝူး..."

ပင်လယ်သားရဲများက ဆန်းကြယ်သော အော်ဟစ်သံများကို ပြုလုပ်နေကြသည်။

ထို့အတူ၊ အစွမ်းထက်သော ပင်လယ်သားရဲများက သင်္ဘောပေါ်မှ လူများကို ပစ်မှတ်ထားနေကြောင်း သူ သတိပြုမိလိုက်၏။

သိုင်းဧကရာဇ်အဆင့်နှင့် အထက်ရှိသူများက ထိုအဆင့်အထက် ရှိသူများနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။ သိုင်းဧကရာဇ်အောက်အဆင့်ရှိ ပင်လယ်သားရဲများမှာမူ သိုင်းဧကရာဇ်အောက်ရှိ လူများကို တိုက်ခိုက်နေကြ၏။

ပင်လယ်ပြင်ထက်တွင် ဖရိုဖရဲ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

လူများစွာမှာ အော်ဟစ်ရင်းမှာပင် အသက်ဇီဝိန်ချုပ်ကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားကြသည်။ ဟုတ်သည်၊ အသတ်ခံရသော ပင်လယ်သားရဲများကြောင့်လည်း ပင်လယ်ရေမှာ သွေးချင်းချင်းနီနေတော့သည်။

'ချင်ယွဲ့... တောင်နဲ့မြစ်ပန်းချီကားထဲကို အရင်ဝင်နေလိုက်ဦး'

လုမင်က ချင်ယွဲ့ကို အသံပို့လွှတ်၍ ပြောလိုက်သည်။

ချင်ယွဲ့က ခေါင်းညိတ်ပြလိုက်၏။ သူ၏ခွန်အားက လုမင်နှင့် အလှမ်းကွာဝေးနေသဖြင့် လုမင် တစ်ဦးတည်းဆိုလျှင် ပိုမို လွတ်လပ်စွာ လှုပ်ရှားနိုင်မည်ကို သူ သိသည်။ ချင်ယွဲ့ကို တောင်နှင့်မြစ် ပန်းချီကားထဲသို့ ထည့်လိုက်ပြီးနောက် လုမင်က ပင်လယ်ပြင်၏ အနက်ပိုင်းဆီသို့ ပျံသန်းသွားတော့သည်။

"ဝှစ်"

ငွေရောင် ဓားသွားငါးတစ်ကောင်မှာ လူသား အန္တိမသူတော်စင် တစ်ဦးကို သတ်ဖြတ်ပြီးနောက် လုမင်ထံသို့ ကူးခတ်လာခဲ့သည်။

"ဝုန်း"

လုမင်က လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ထိုငါးကြီးမှာ သေဆုံးသွား၏။ ၎င်း၏ ခန္ဓာကိုယ်မှာလည်း အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။

သို့သော်လည်း အရပ်မျက်နှာ အသီးသီးမှ ပင်လယ်သားရဲများက လုမင်ထံသို့ ပိုမို တိုးဝင်လာကြသည်။ လုမင်က ဆက်တိုက် တိုက်ခိုက်နေခဲ့ရပြီး ပင်လယ်သားရဲ ခုနစ်ကောင် ရှစ်ကောင်ခန့်ကို သတ်ဖြတ်လိုက်ပေသည်။

'ပင်လယ်သားရဲတွေက အရမ်းများလွန်းတယ်။ ဒီအတိုင်းဆိုရင် ရှေ့ဆက်ဖို့ ခက်လိမ့်မယ်'

လုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ သူသာ အစွမ်းထက်သော ဗလာနယ်ဧကရာဇ် သို့မဟုတ် အစစ်အမှန်ဧကရာဇ်တစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံရပါက အန္တရာယ်ရှိလိမ့်မည်။

နတ်ဆိုးပင်လယ်မှ တိုက်ပွဲတွင် လုမင်သည် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ မဟာဧကရာဇ်နှစ်ဦးကို တိုက်ခိုက်ခဲ့ရသဖြင့် ထိုခန္ဓာကိုယ်ထဲတွင် စွမ်းအားများ သိပ်မကျန်တော့ချေ။ တစ်ဆယ်ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့သဖြင့် ၎င်းကို ဆက်လက် မထိန်းချုပ်နိုင်တော့ပါ။

ထို့ကြောင့် သူသည် ယခုအခါ မိမိကိုယ်ပိုင် ခွန်အားကိုသာ အားကိုးရတော့မည် ဖြစ်သည်။

'ပင်လယ်ထဲကို ဆင်းမှဖြစ်မယ်'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူသည် ပင်လယ်ထဲသို့ ငုပ်ဆင်းလိုက်ပြီး ပင်လယ်အောက်ခြေမှတစ်ဆင့် ရှေ့သို့ ဆက်သွားရန် ဆုံးဖြတ်လိုက်၏။

အန္တရာယ်အရှိဆုံး နေရာက အဘေးကင်းဆုံး နေရာဖြစ်သည်ဟူသော စကားအတိုင်းပင်။

ထိုပင်လယ်သားရဲများက ပင်လယ်ရေမျက်နှာပြင် သို့မဟုတ် လေထဲတွင်သာ ရှိနေကြသဖြင့် ပင်လယ်အောက်ထဲတွင်မူ သူတို့၏ အင်အားမှာ လျော့နည်းသွားလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း၊ လုမင်က ပင်လယ်ထဲသို့ ဝင်လိုက်သည့်အခါ ပင်လယ်အောက်တွင် ပင်လယ်သားရဲ အနည်းငယ်သာ ရှိသည်ကို တွေ့လိုက်ရသည်။ သူတို့အများစုက ပင်လယ်ရေမျက်နှာပြင်ကိုသာ ကြည့်နေကြခြင်း ဖြစ်၏။

လုမင်လည်း ရေအောက်မှနေ၍ လျင်မြန်စွာ ရှေ့သို့ ကူးခတ်သွားတော့သည်။

သို့သော်လည်း ပင်လယ်သားရဲ နည်းပါးခြင်းသာဖြစ်၍ လုံးဝ မရှိပါဘူးဟု မဆိုလိုပေ။ ပင်လယ်သားရဲအချို့က လုမင်ကို တွေ့ရှိသွားကာ လျင်မြန်စွာ ကူးခတ်လာကြသည်။

All Chapters