← Chapters

အခန်း ၂၀၇၇

Vol. 143 Ch. 2077

အခန်း ၂၀၇၇

Vol. 143 Ch. 2077

အပိုင်း ( 2077 ) နတ်ဘုရားရုပ်သေးဂိုဏ်း။

လုမင်က လက်ချောင်းဖြင့် အကြိမ်အနည်းငယ် ထိုးနှက်လိုက်သည်။ လက်ချောင်းစွမ်းအားများ ထွက်ပေါ်လာပြီး ပင်လယ်သားရဲအချို့ကို သတ်ဖြတ်လိုက်၏။ သို့သော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းက နောက်ဆုံးတွင် အစွမ်းထက်သော ပင်လယ်သားရဲတစ်ကောင်၏ အာရုံစိုက်မှုကို ဆွဲဆောင်နို၊င်ခဲ့သည်။

၎င်းမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ပင်လယ်ဖျံကြီးတစ်ကောင် ဖြစ်သည်။ ၎င်းက လုမင်ထံသို့ ပြေးဝင်လာခဲ့၏။

'ဒါက ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်နဲ့ ညီမျှတဲ့ အဆင့်ပဲ'

တစ်ဖက်မှ အရှိန်အဝါကို ခံစားမိလိုက်ရာ လုမင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သို့သော်၊ သူက လုံးဝ ကြောက်ရွံ့ခြင်း မရှိချေ။

သူက ထိုဖျံကြီးထံသို့ ပြေးဝင်ကာ ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို ထုတ်ဖော်လိုက်သည်။ သူ့လက်ဝါးမှာ မီးခိုးရောင်သို့ ပြောင်းလဲသွားပြီး နိယာမ လေးမျိုး၏ စွမ်းအားများ ပေါင်းစပ်ပါဝင်သွား၏။

"ဝုန်း"

လုမင်၏ လက်ဝါးက ဖျံကြီး၏ ခြေသည်းတစ်ခုကို ရိုက်မိသွားရာ ဖျံကြီး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ဤတိုက်ခိုက်မှု သူ့ခြေသည်းများကို ပေါက်ကွဲသွားစေခဲ့၏။ သွေးများက ဒရဟော စီးကျလာပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရတော့သည်။

ထိုဖျံကြီးမှာ အလွန်ပင် အံ့အားသင့်သွားသော အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ သူသည် ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်၏။ ထို့ပြင်၊ ပင်လယ်ထဲတွင် ဖြစ်သဖြင့် အတိုင်းအဆမဲ့ ခွန်အားနှင့် ပိုမိုအားကောင်းသော တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သို့သော်လည်း သူသည် လုမင်၏ ပြိုင်ဘက်မဟုတ်ဘဲ လုမင်၏ လက်ဖဝါးရိုက်ချက်ကြောင့် ဒဏ်ရာရသွားခဲ့သေးသည်။

ထို့ပြင် လုမင်၏ အရှိန်အဝါက သိုင်းဧကရာဇ်အဆင့်သို့ပင် မရောက်သေးပါ။ သို့တိုင်၊ ဤမျှ သန်မာသော တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းက ဖျံကြီးကို ထိတ်လန့်သွားစေခဲ့သည်။

"ဝှစ်..."

လုမင်က ဆက်လက် တိုက်ခိုက်မနေတော့ဘဲ ဖျံကြီးကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်လက် ကူးခတ်သွားခဲ့သည်။ ထိုဖျံကြီးမှာလည်း လိုက်ရန် မဝံ့ရဲတော့ချေ။

ယင်းနောက် လုမင်သည် ပင်လယ်သားရဲ အချို့ကို ထပ်မံ သတ်ဖြတ်လိုက်ပြီး တဖြည်းဖြည်းနှင့် တိုက်ပွဲမြေပြင်မှ ဝေးရာသို့ ရောက်ရှိလာခဲ့သည်။

'ဟမ်'

ထိုအချိန်မှာပင် လုမင်က သူ၏ နောက်ဖက် မလှမ်းမကမ်းမှ လိုက်ပါလာသော လူငယ်တစ်ဦးကို တွေ့ရှိလိုက်သည်။

"ဝုန်း"

ပင်လယ်ရေများ လှုပ်ခတ်သွားသည်။ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ ပင်လယ်သားရဲ အချို့က ထိုလူငယ်နောက်သို့ မနားတမ်း လိုက်နေကြ၏။ ထိုလူငယ်က သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ လူရိပ်အချို့ သူ၏ ဘေးနားတွင် ပေါ်လာတော့သည်။

"ရုပ်သေးတွေပဲ"

လုမင်က လှမ်းကြည့်လိုက်သည့်အခါ ထိုလူငယ်ဘေးရှိ လူရိပ်များက ရုပ်သေးများ ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းတို့မှာ လူနှင့်တူသော ရုပ်သေးများဖြစ်ပြီး ကျောပေါ်တွင် ဓားတစ်လက်စီ လွယ်ထားကြ၏။ သို့သော်လည်း ထိုရုပ်သေးများတွင် အသက်ဓာတ် လုံးဝမရှိသဖြင့် လုမင်က တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ခြင်း ဖြစ်သည်။ ရုပ်သေးများမှာ ပြေးထွက်သွားပြီး ထိုပင်လယ်သားရဲများနှင့် တိုက်ခိုက်တော့သည်။

ရုပ်သေးများက သေဆုံးခြင်းနှင့် နာကျင်မှုကို မကြောက်ရွံ့ဘဲ တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်စရာကောင်းလွန်းသည်။ ၎င်းတို့က ပင်လယ်သားရဲများကို အမှန်တကယ် ဖိနှိပ်ထားနိုင်ခဲ့၏။ တိုက်ကွက် အနည်းငယ်အတွင်းမှာပင် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ ပင်လယ်သားရဲ အချို့ သေဆုံးသွားတော့သည်။

'တကယ်ကို ထူးခြားတဲ့ ရုပ်သေးအတတ်ပဲ'

လုမင် အနည်းငယ် အံ့သြသွားမိသည်။

အကြောင်းမှာ၊ ထိုရုပ်သေးများက နတ်ဘုရားစွမ်းရည်များကို အသုံးပြုနိုင်သည့်အပြင် နိယာမ စွမ်းအားများကိုလညိး ထိန်းချုပ်နိုင်သောကြောင့်ပင်။ ယင်းက အမှန်ပင် မယုံကြည်နိုင်စရာ ကောင်းလှသည်။

လုမင်သည်လည်း ရုပ်သေးအတတ်ကို အနည်းငယ် သိပေသည်။ သူ၏ ကျင့်ကြံမှု နိမ့်ပါးစဉ်အခါက၊ ရှန်းဟွမ်တိုက်ကြီးတွင် ရုပ်သေးအတတ်ကို လေ့လာခဲ့ဖူးသည်။ ထိုစဉ်က သူ၏ ရုပ်သေးအတတ် အဆင့်မှာလည်း မနိမ့်လှချေ။

သို့သော်လည်း ဤလူငယ်၏ ရုပ်သေးအတတ်မှာ သူနှင့်ယှဉ်လျှင် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

'ယွမ်တောင်မှာ ရုပ်သေးအတတ်ကို ကျွမ်းကျင်တဲ့ အဖွဲ့အစည်းရှိတယ်လို့ ငါ မကြားဖူးဘူး။ ဒီလူက ယွမ်တောင်က မဟုတ်တာ ဖြစ်နိုင်မလား'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသော်လည်း ရှေ့သို့ ဆက်သွားနေလိုက်လေသည်။

သို့သော်လည်း ထိုလူငယ်မှာ သူ၏ နောက်မှ ဆက်လက် လိုက်ပါလာနေဆဲ ဖြစ်ကြောင်း လုမင် တွေ့ရှိလိုက်ရသဖြင့် သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ထို့ထက် လုမင်ကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ၊ သိပ်မကြာမီမှာပင် နောက်ထပ် ပင်လယ်သားရဲအချို့က ထပ်မံ လိုက်လာခြင်း ဖြစ်သည်။

အတိအကျ ပြောရလျှင် ထိုသားရဲများမှာ လုမင်နောက်ကို လိုက်ခြင်းမဟုတ်ဘဲ ထိုလူငယ်နောက်သို့ လိုက်နေခြင်း ဖြစ်၏။ လူငယ်က ရုပ်သေးကို ထိန်းချုပ်ကာ ပင်လယ်သားရဲများကို သတ်ဖြတ်ပြီးနောက် လုမင်နောက်သို့ ဆက်လိုက်နေခဲ့သည်။

ထိုအချိန်တွင် လုမင် မျက်မှောင်ကြုတ်ကာ ရပ်လိုက်သည်။ လူငယ် နီးကပ်လာသည့်အခါ သူက စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

"ဒီကမိတ်ဆွေ၊ ခင်ဗျား ကျုပ်နောက်ကို ဘာဖြစ်လို့ လိုက်နေတာလဲ"

"ညီအစ်ကို... ကျုပ်ကို အကူအညီတစ်ခုလောက် ပေးလို့ရမလား။ ဒီပင်လယ်ပြင်ထဲကနေ အတူတူ ထွက်သွားကြရအောင်ပါ"

လူငယ်က လက်ယှက်ပြကာ ပြောလိုက်သည်။

ထိုလူငယ်မှာ အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတော်ပင် ရုပ်ရည်ချောမောသည်။ သူသည် မောက်မာသော ခံစားချက်မျိုး မပေးဘဲ အလွန်ပင် ယဉ်ကျေးပျူငှာပေသည်။

"ကျုပ်က ခင်ဗျားကို ဘာဖြစ်လို့ ကူညီရမှာလဲ"

လုမင်က လေးနက်သော မျက်နှာဖြင့် မေးလိုက်သည်။ သူသည် တစ်ဖက်လူကို မသိကျွမ်းသဖြင့် အဘယ်ကြောင့် ကူညီရမည်နည်း။

"ညီအစ်ကို... အမှန်အတိုင်း ပြောရရင် ကျုပ်က နတ်ကံကြမ္မာနယ်မြေရဲ့ နတ်ဘုရားရုပ်သေးဂိုဏ်းက တပည့်တစ်ယောက်ပါ။ နတ်ဘုရားရုပ်သေးဂိုဏ်းက သူတို့ရဲ့ ရုပ်သေးတွေကြောင့် ကျော်ကြားတယ်။ တကယ်လို့ ညီအစ်ကိုသာ ကျုပ်ကို ကူညီမယ်ဆိုရင် ကျုပ်က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရှားပါးတဲ့ ပျံသန်းရေးရုပ်သေးတစ်ခု ပေးပါ့မယ်။ အဲဒါရဲ့အရှိန်က အရမ်းမြန်ပြီး ကောင်းကင်ခွင်းလွန်းပျံထက် အဆတစ်ရာ ပိုမြန်ပါတယ်"

လူငယ်က ပြောပြောဆိုဆိုဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လင်းယုန်ငှက်နှင့် တူသော ရုပ်သေးတစ်ခု ပေါ်လာခဲ့၏။

"ကောင်းကင်ခွင်းလွန်းပျံထက် အဆတစ်ရာ ပိုမြန်တယ်လား"

လုမင်၏ မျက်လုံးများ ဝင်းလက်သွားသည်။

ဤကဲ့သို့သော ရုပ်သေးမျိုးမှာ အလွန်ရှားပါးပြီး တန်ဖိုးကြီးကာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် အလွန်ပင် သင့်တော်လှပေသည်။ အမှန်အတိုင်း ပြောရလျှင် လုမင် စိတ်ဝင်စားသွားခဲ့သည်။

"နတ်ကံကြမ္မာနယ်မြေက နတ်ဘုရားရုပ်သေးဂိုဏ်းလား။ ရုပ်သေးတွေကြောင့် နာမည်ကြီးတာပေါ့။ ဒါဆိုရင် အမှန်အတိုင်းပဲ ပြောတော့မယ်၊ ခင်ဗျားတို့ရဲ့ ရုပ်သေးအတတ်ကို ကျုပ်အတော်လေး စိတ်ဝင်စားတယ်"

လုမင်က ပြုံးလျက် ပြောလိုက်သည်။

သူသည် ရုပ်သေးအတတ်ကို အမှန်တကယ် စိတ်ဝင်စားခြင်း ဖြစ်၏။ သူတို့ ပြုလုပ်ထားသော ရုပ်သေးများက နိယာမများကိုပင် အသုံးပြုနိုင်ကြသည်။ အကယ်၍ သူသာ ၎င်းကို တတ်မြောက်ခဲ့ပါက သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။

"ညီနောင်က ရုပ်သေးအတတ်ကို သင်ယူဖို့ စိတ်ဝင်စားတာလား။ ရပါတယ်... ကျုပ်တို့ နတ်ဘုရားကံကြမ္မာနယ်မြေကို ရောက်ပြီဆိုရင် ခင်ဗျားလည်း ကျုပ်နောက်ကိုလိုက်ပြီး နတ်ဘုရားရုပ်သေးဂိုဏ်းမှာ သင်ယူလို့ရတယ်။ တကယ်လို့ ကျုပ်ရဲ့ ကိုယ်ပိုင်အတတ်အချို့ကို သင်ယူချင်ရင်လည်း သင်ပေးနိုင်ပါတယ်"

လူငယ်က ပြောလိုက်သည်။

"နတ်ဘုရားရုပ်သေးဂိုဏ်းက ရုပ်သေးအတတ်ကို သင်ပေးဖို့ လိုလိုလားလား ရှိရဲ့လား"

လုမင်က သံသယဖြင့် မေးလိုက်သည်။

"ညီအစ်ကို မသိသေးလို့ပါ။ နတ်ဘုရားရုပ်သေးဂိုဏ်းက ရိုးရိုးဂိုဏ်းတစ်ခု မဟုတ်ဘူး။ အဲဒါကို ရုပ်သေးအတတ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်များစွာနဲ့ ဖွဲ့စည်းထားတာလေ။ သူတို့ရဲ့ ရည်ရွယ်ချက်က ကျွမ်းကျင်သူတွေ၊ ပါရမီရှင်တွေကို သူတို့ဆီ လာပူးပေါင်းဖို့ ဆွဲဆောင်ဖို့ပဲ။ ဒါကြောင့် နတ်ဘုရားရုပ်သေးဂိုဏ်းက ရုပ်သေးအတတ် ဗဟုသုတတွေကို ဖလှယ်ဖို့ အားပေးသလို တခြားသူတွေကို သင်ပေးတာကိုလည်း တားမြစ်မထားဘူး"

ဝတ်စုံဝါဝတ် လူငယ်က ရှင်းပြလိုက်လေသည်။

ထိုသို့ပြောရင်း လူငယ်က လုမင်ထံသို့ ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်သည်။ လုမင်က ၎င်းကို လက်ခံယူပြီး သူ၏ဝိညာဉ်အသိဖြင့် စစ်ဆေးကြည့်လိုက်ရာ ၎င်းထဲတွင် ရုပ်သေးအတတ်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များ တကယ်ပင် ပါဝင်နေကြောင်း တွေ့လိုက်ရလေသည်။

"ခင်ဗျားက တခြားသူကို မရှာဘဲ ဘာဖြစ်လို့ ကျုပ်ကိုမှ လာရှာရတာလဲ"

လုမင်က မေးလိုက်သည်။

"အဲဒါက ညီအစ်ကိုရဲ့ တိုက်ခိုက်နိုင်စွမ်းက အံ့သြဖို့ကောင်းလို့ပါ။ ညီအစ်ကိုက သိုင်းဧကရာဇ်အဆင့်တောင် မဟုတ်သေးဘဲ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် အဆင့်ရှိတဲ့ ဖျံကြီးကို တစ်ကွက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။ ဒီလို တိုက်ခိုက်နိုင်စွမ်းက တကယ်ကို မယုံနိုင်စရာပဲလေ။ ယွမ်တောင်မှာ ခင်ဗျားလို ပါရမီရှင်မျိုး ရှိလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မတွေးခဲ့ဖူးဘူး"

လူငယ်၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ပြည့်နှက်နေခဲ့သည်။ ယခင်က လုမင်၏ ခွန်အားကို မြင်လိုက်ရစဉ်တွင် သူ့မျက်လုံးများမှာ လင်းကွင်းတမျှ ပြူးကျယ်သွားခဲ့ရပေသည်။

"ဒီရုပ်သေးကို ကျုပ် လက်ခံလိုက်ပြီ"

လုမင်က သူ့လက်ကိုဝှေ့ယမ်းကာ လင်းယုန်ရုပ်သေးကို သိမ်းဆည်းလိုက်သည်။

လူငယ်လည်း အတိုင်းမသိ ဝမ်းသာသွားခဲ့လေသည်။ လုမင်က ရုပ်သေးကို လက်ခံလိုက်ခြင်းမှာ သူ့ကို ကူညီရန် သဘောတူလိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက် သူတို့နှစ်ဦးက ရှေ့သို့ ဆက်လက် ထွက်ခွာခဲ့လေသည်။ လမ်းတွင် ထိုလူငယ်၏ နာမည်မှာ ချောင်ခိုင်းဖြစ်ကြောင်း လုမင် သိလိုက်ရသည်။

ချောင်ခိုင်းက ဘုရင်ခန္ဓာကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ ထိန်းချုပ်ထားသော နိယာမမှာ ကိရိယာနိယာမ ဖြစ်၏။ ကိရိယာနိယာမသည်လည်း ဘုရင်နိယာမ အမျိုးအစားတစ်ခုဖြစ်ပြီး အစီရင်နိယာမကဲ့သို့ပင် ကျော်ကြားလှပေသည်။

ကိရိယာနိယာမသည် ကမ္ဘာပေါ်ရှိ လက်နက်အားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ဝမ်မျိုးနွယ်စု၏ လက်နက်တစ်သောင်းနိယာမထက် များစွာ သာလွန်သည်။ လက်နက်နိယာမမှာ သံထည်လက်နက်များကိုသာ ထိန်းချုပ်နိုင်သော်လည်း ကိရိယာနိယာမမှာမူ မည်သည့် လက်နက်အမျိုးအစားကိုမဆို ထိန်းချုပ်နိုင်သဖြင့် အလွန်ပင် ဆန်းကြယ်လှပေသည်။

သို့သော်လည်း မကြာမီမှာပင် ပင်လယ်သားရဲ အချို့ လိုက်လာကြပြန်သည်။ သို့ရာတွင်၊ သူတို့နှစ်ဦးက အလွယ်တကူပင် ဖြေရှင်းလိုက်ကြ၏။

သို့သော်လည်း ခဏအကြာတွင် ပင်လယ်သားရဲများကို ပိုမို ကြုံတွေ့လာရသဖြင့် လုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့သည် တိုက်ပွဲမြေပြင်မှ ထွက်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ ပုံမှန်ဆိုလျှင် ဤမျှ များပြားသော ပင်လယ်သားရဲများ လိုက်မလာသင့်ချေ။ သို့သော်လည်း ယခုတော့ ပင်လယ်သားရဲများမှာ သူတို့ကို ပစ်မှတ်ထားထားသကဲ့သို့ ဆက်တိုက် လိုက်လာနေကြခြင်း ဖြစ်သည်။

ထိုစဉ်၊ ဧရာမ ပင်လယ်ဖျံကြီးတစ်ကောင်က ဟိန်းဟောက်ကာ ရေပြင်ကို ခွဲပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ပေါ်လာခဲ့သည်။

'ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်အဆင့်ရှိတဲ့ ပင်လယ်သားရဲပဲ'

ချောင်ခိုင်း၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့သွားသည်။

လုမင်က ရှေ့သို့ ပြေးထွက်ကာ ထိုဖျံကြီးနှင့် တိုက်ခိုက်လိုက်၏။ တိုက်ကွက် အနည်းငယ်အတွင်းမှာပင် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်အဆင့်ရှိ ဖျံကြီးမှာ လုမင်၏ လက်ဝါးရိုက်ချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကာ သေဆုံးသွားတော့သည်။

"ညီအစ်ကိုလုရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို အံ့မခနိးပါလား"

လုမင်က ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်ကို တိုက်ခိုက်မှု အနည်းငယ်ဖြင့် သတ်လိုက်ခြင်း ဖြစ်သည်။ ယင်းက သူ့ကို အလွန်တုန်လှုပ်စေပြီး သူ့ကိုယ်သူ တည်ငြိမ်စေရန် မနည်းထိန်းချုပ်လိုက်ရလေသည်။

All Chapters