အခန်း ၂၀၇၉
Vol. 143 Ch. 2079
အပိုင်း ( 2079 ) ပါရမီရှင်များ စုဝေးခြင်း။
နတ်ဘုရားရုပ်သေးဂိုဏ်းသည် နတ်ကံကြမ္မာနယ်မြေ၏ ကမ်းခြေဒေသတွင် တည်ရှိသည်။ ၎င်းမှာ ရုပ်သေးအတတ်တွင် ကျွမ်းကျင်သော ပညာရှင်များစွာ စုပေါင်းဖွဲ့စည်းထားသည့် ဂိုဏ်းတစ်ခု ဖြစ်၏။ အတတ်ပညာများကို အတူတကွ ဆွေးနွေး၍ တိုးတက်အောင် ပြုလုပ်ခြင်းကိုသာ အဓိကထားသဖြင့် အလွန်ပင် လွတ်လပ်သော ဂိုဏ်းတစ်ခု ဖြစ်ပေသည်။
လုမင်က ချင်ယွဲ့နှင့် ချောင်ခိုင်းတို့နှင့်အတူ နတ်ဘုရားရုပ်သေးဂိုဏ်းထဲသို့ ဝင်လာခဲ့သော်လည်း မည်သူကမျှ သူတို့ကို လာရောက်နှောင့်ယှက်ခြင်း မရှိခဲ့ချေ။
"တကယ်ကို အံ့သြစရာကောင်းတဲ့ ရုပ်သေးတွေပဲ"
ဂိုဏ်းအတွင်း လမ်းလျှောက်နေရင်း ချင်ယွဲ့က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ဂိုဏ်းအတွင်း၌ ပုံစံမျိုးစုံရှိသော ရုပ်သေးများကို တွေ့ရှိရ၏။ အချို့မှာ သားရဲပုံစံ၊ အချို့မှာ လူပုံစံဖြစ်ပြီး အချို့မှာမူ လူအစစ်နှင့် ခွဲမရလောက်အောင်ပင် တူလှပေသည်။
ထိုရုပ်သေးများသည် ဂိုဏ်းအတွင်းရှိ သတ္တုတူးဖော်ခြင်း၊ ပစ္စည်းပြုလုပ်ခြင်းနှင့် ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်း အစရှိသော အလုပ်မျိုးစုံကို လုပ်ကိုင်ပေးနေကြသည်။ လူသားများ မလုပ်ကိုင်သော ကိစ္စရပ်များစွာကို ရုပ်သေးများက တိုက်ရိုက် တာဝန်ယူထားကြခြင်း ဖြစ်ချေသည်။
"ရုပ်သေးအတတ်ကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ရင် ရုပ်သေးတွေက အသိဉာဏ် ရရှိလာပြီး သက်ရှိတွေနဲ့ မခြားတော့ဘူးလို့ ကျုပ် ကြားဖူးတယ်။ တကယ်ကို အံ့သြစရာကောင်းကြပါတယ်"
ချောင်ခိုင်းက ပြောလိုက်သည်။
လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူသည် ကစဉ့်ကလျား ခန်းမမှ ထူယိ၊ ရွှေယိတို့ကို အမှတ်ရမိ၏။ သူတို့သည်လည်း ရုပ်သေးများပင် မဟုတ်ပါလား။ သို့ရာတွင် သူတို့က သက်ရှိများနှင့် မခြားနားခဲ့ချေ။
ယင်းနောက် လုမင်နှင့် ချင်ယွဲ့တို့သည် နတ်ဘုရားသေးဂိုဏ်းတွင် ယာယီ တည်းခိုနေလိုက်ကြသည်။ ဂိုဏ်းအတွင်း၌ ရုပ်သေးအတတ်ကို နားလည်သဘောပေါက်စေရန် ကူညီပေးနိုင်သော နေရာအချို့ ရှိ၏။ လုမင်က ထိုနေရာများသို့ သွားရောက်ကာ ရုပ်သေးအတတ်ကို လေ့လာခဲ့ပေသည်။
ဟုတ်သည်၊ သူက ရုပ်သေးအတတ်တစ်ခုတည်းအပေါ် အားစိုက်နေမည် မဟုတ်ချေ။ မိမိကိုယ်ပိုင် ကျင့်ကြံမှုသည်သာ အဓိကလမ်းစဉ် ဖြစ်သည်။ သူက ရုပ်သေးအတတ်ကို အနည်းငယ် ကျွမ်းကျင်ရုံမျှသာ လိုအပ်ပေသည်။
ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင် လုမင်၏ ရုပ်သေးအတတ်မှာ များစွာ တိုးတက်လာခဲ့သည်။ သူသည် သူ၏ ဝိညာဉ်စွမ်းအားဖြင့် အစွမ်းထက်သော ရုပ်သေးအချို့ကို ထိန်းချုပ်နိုင်စွမ်း ရှိလာပြီ။ ဤမျှဆိုလျှင် လုံလောက်ပြီဟု သူ ယူဆလိုက်သည်။
ထိုနေ့တွင် ချောင်ခိုင်းက လုမင်နှင့် ချင်ယွဲ့တို့ကို လာရှာသည်။ နောက်ထပ် ရက်အနည်းငယ်အတွင်း အစွမ်းထက်သော ကောင်းကင်သားတော် နှစ်ဦးက ရှေးဟောင်းဧကရာဇ်စင်မြင့်ပေါ်တွင် တိုက်ခိုက်ကြမည်ဖြစ်ကြောင်း ပြောလာခြင်း ဖြစ်၏။
ထိုကောင်းကင်သားတော် နှစ်ဦးစလုံးမှာ သေခြင်း၏သားတော်များ ဖြစ်ကြသည်။
"သေခြင်းရဲ့သားတော် နှစ်ယောက်... ဟုတ်လား"
လုမင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
"အခုဆိုရင် ယွမ်လုတစ်ခုလုံးရဲ့ ပါရမီရှင်တွေ နတ်ကံကြမ္မာနယ်မြေကို ရောက်နေကြပြီလေ။ ဒီနယ်မြေက ပါရမီရှင်တွေနဲ့ပါ ပေါင်းလိုက်ရင် တိမ်တိုက်တွေလို များပြားပြီး တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းမျိုးပဲ"
"နယ်မြေဆယ်ခုရဲ့ တိုက်ပွဲက မစသေးပေမဲ့ နေရာအနှံ့က ပါရမီရှင်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့နေကြပြီ။ အထူးသဖြင့် နိယာမတူညီတဲ့ ကောင်းကင်သားတော်တွေကြားမှာ တိုက်ပွဲတွေက ပိုပြင်းထန်တယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကျော်ဖြတ်ပြီး တစ်ဦးတည်းသော ကျွမ်းကျင်သူတွေ ဖြစ်ချင်ကြတာလေ"
ချောင်ခိုင်းက ရှင်းပြလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ ဤသည်မှာ ရှောင်လွှဲ၍မရသော ကိစ္စပင်။ ထို့ပြင် တိုက်ပွဲကြီးမတိုင်ခင် ပြိုင်ဘက်၏ ခွန်အားကို ကြိုတင် လေ့လာထားခြင်းက ပိုကောင်းသည်။
"ဒီတိုက်ပွဲက ပါရမီရှင်အများစုကို ဆွဲဆောင်ထားတယ်။ ညီနောင် သွားကြည့်ချင်လား"
ချောင်ခိုင်းက မေးလိုက်သည်။
"သွားရမှာပေါ့"
လုမင် ခေါင်းညိတ်လိုက်၏။ သူကိုယ်တိုင်လည်း သေခြင်းတရားနိယာမကို နားလည်သဘောပေါက်ထားသူဖြစ်ရာ အခြားသော သေခြင်း၏သားတော်များ၏ တိုက်ပွဲကို ကြည့်ခြင်းဖြင့် အတွေးအမြင်သစ်များ ရရှိနိုင်ပေလိမ့်မည်။ ထို့ပြင် ထိုနှစ်ဦးမှာ မည်သူများ ဖြစ်မည်နည်းဟု သူ အလွန် သိချင်နေသည်။
သူ့ဘဝတွင် သေခြင်း၏သားတော် နှစ်ဦးကို မြင်ဖူးခဲ့သည်။ တစ်ဦးမှာ မရဏဓားဖြစ်ပြီး နောက်တစ်ဦးက အဆုံးမဲ့နတ်ဆိုးနယ်မြေမှ ကောလုံပင်။ ဒါက သူတို့နှစ်ဦး ဖြစ်နိုင်မလား သို့မဟုတ် သေခြင်းတရားနိယာမကို တတ်မြောက်ထားသည့် အခြားသူများ ရှိနေသေးသလားဆိုတာ သူသိချင်မိသည်။
ချက်ချင်းပင်၊ သူတို့ ထွက်ခွာခဲ့ကြလေသည်။ ရှေးဟောင်းဧကရာဇ်စင်မြင့်သို့ သွားရန် ဤနေရာမှ နှစ်ရက်ခန့် ခရီးနှင်ရမည် ဖြစ်သည်။ တိုက်ပွဲက သုံးရက်အကြာတွင် ဖြစ်သဖြင့် သူတို့ အချိန်မဆွဲဘဲ ချက်ချင်း သွားကြရခြင်းပင်။
နှစ်ရက်အကြာတွင် သူတို့က စင်မြင့်အနီးရှိ မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိကာ ထိုနေရာတွင် တစ်ည အနားယူလိုက်ကြသည်။ နောက်တစ်နေ့တွင်မူ တိုက်ပွဲဖြစ်မည့် ရှေးဟောင်းဧကရာဇ်စင်မြင့်သို့ ဦးတည်ထွက်ခွာခဲ့ကြလေသည်။ သူတို့ ရောက်ရှိချိန်တွင် လူပင်လယ်ကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် လူအများစုမှာ လူငယ်ပါရမီရှင်များ ဖြစ်ကြောင်း သိနိုင်ပေသည်။ ယခုအချိန်တွင် အားလုံးက စင်မြင့်ကို ဝန်းရံကာ ရပ်ကြည့်နေကြသည်။
ဤစင်မြင့်မှာ အလွန်ပင် ဟောင်းနွမ်းနေပြီး အချိန်ကာလ၏ အမှတ်အသားများ ထင်ကျန်နေလေသည်။ ကောလဟာလများအရ ၎င်းမှာ ရှေးဟောင်း ကောင်းကင်ဧကရာဇ်တစ်ပါး တရားထိုင်ခဲ့သော နေရာ ဖြစ်သည်။
ဤစင်မြင့်မှာ အလွန်ပင် ခိုင်ခံ့ပြီး ပျက်စီးရန် မလွယ်ကူသဖြင့် ကျွမ်းကျင်သူများ တိုက်ခိုက်ရာ နေရာတစ်ခု ဖြစ်လာခဲ့ခြင်းပင်။ စင်မြင့်၏ ပတ်ပတ်လည်တွင် ကောင်းကင်သို့ ထိုးထွက်နေသော ကျောက်တိုင်ကြီး ကိုးတိုင် ရှိနေပြီး ခန့်ညားထည်ဝါသော ခံစားချက်ကို ပေးစွမ်းနေသည်။
လုမင်က လူအုပ်ကို လှမ်းကြည့်လိုက်သည့်အခါ ရင်းနှီးသော မျက်နှာအချို့ကို တွေ့လိုက်ရသည်။ ဥပမာအားဖြင့် ဝေထျန်းတောက်နှင့် ယွမ်တောင်နယ်မြေမှ အခြားပါရမီရှင် အချို့ပင်။
"ဝှစ်..."
ထိုအချိန်တွင် လူရိပ်တစ်ခုက လျှပ်စီးလက်သကဲ့သို့ ပေါ်လာပြီး ကျောက်တိုင်ကိုးတိုင်အနက် တစ်တိုင်ပေါ်သို့ ခုန်တက်ကာ လူအုပ်ကို ငုံ့ကြည့်လိုက်သည်။
"ဒီလူက ဘယ်သူလဲ။ ဧကရာဇ်ရှုမျှော်တိုင်ပေါ်ကို တက်ရဲတယ်ဆိုတော့ သူက ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်မှု သိပ်ရှိနေတာလား"
"ကောင်းကင်သားတော် တစ်ယောက်ဖြစ်မယ်ထင်တယ်။ မဟုတ်ရင်တော့ သူ ရက်ရက်စက်စက် အရိုက်ခံရမှာပဲ"
လူအချို့က အံ့အားသင့်စွာ ပြောဆိုနေကြသလို အချို့ကလည်း လှောင်ပြောင်လိုက်ကြလေသည်။
လုမင်မှာတော့ ချောင်ခိုင်းက ရှင်းပြလိုက်မှ ထိုတိုင်၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ ထိုတိုင်က သာမန်သိုင်းဧကရာဇ် မဟုတ်ဘဲ ကောင်းကင်ဧကရာဇ်ကို ရည်ညွှန်းခြင်း ဖြစ်၏။ ၎င်းပေါ်တွင် ရပ်နိုင်ခြင်းမှာ ပါရမီ၊ အလားအလာနှင့် အဆင့်အတန်း၏ သင်္ကေတပင် ဖြစ်သည်။ အစွမ်းအထက်ဆုံး ပါရမီရှင်များသာ ၎င်းပေါ်တွင် ရပ်ခွင့်ရှိပြီး သာမန်လူတစ်ဦး တက်သွားပါက သေချာပေါက် အောက်သို့ ပြန်ကန်ချခြင်း ခံရပေလိမ့်မည်။
မကြာမီမှာပင်၊ နောက်ထပ် လူတစ်ဦး ထပ်မံ ရောက်ရှိလာသည်။ သူသည် ခရမ်းရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ရုပ်ဖြောင့်ဖြောင့် လူငယ်တစ်ဦးဖြစ်ပြီး အေးစက်ကာ မောက်မာသော မျက်နှာထား ရှိ၏။
"အဲဒါ ကျစ်လျူစုပဲ။ သူက ဘုရင်ခန္ဓာပဲရှိတာ...၊ သူက အလင်းနိယာမကို ကျင့်ကြံထားပြီး တိုက်ခိုက်နိုင်စွမ်း အားကောင်းတယ်လို့ ကြားပေမဲ့ ဧကရာဇ်ရှုမျှော်တိုင်ပေါ်မှာ ရပ်ဖို့တော့ မလုံလောက်သေးဘူး ထင်တယ်"
"သေချာတာပေါ့၊ ကြည့်နေလိုက်။ တစ်ယောက်ယောက်က သူ့ကို ကန်ချလိုက်မှာ သေချာတယ်"
ကျစ်လျိုစုက တိုင်ပေါ်သို့ တက်သွားသည်ကို မြင်ရသောအခါ လူအုပ်ကြားတွင် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
လူအုပ်က ဆွေးနွေးနေကြစဉ်မှာပင် ဝတ်စုံနက်ဝတ် လူငယ်တစ်ဦးက လေပေါ်သို့ လှမ်းတက်လိုက်၏။ သူက ကျစ်လျိုစုထံသို့ တစ်လှမ်းချင်း လျှောက်သွားရင်း ပြင်းထန်သော အရှိန်အဝါများကို ထုတ်ဖော်ကာ ဖိနှိပ်လိုက်တော့သည်။
"ဘုရင်ခန္ဓာလောက်နဲ့ ဧကရာဇ်ရှုမျှော်တိုင်ပေါ် ရပ်ရဲတယ်လား။ ထွက်သွားစမ်း"
ဝတ်စုံနက်ဝတ် လူငယ်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ အရှိန်အဝါမှာ ပိုမို အားကောင်းလာ၏။
"ဒါဆိုရင် မင်းမှာ ငါ့ကို ဆင်းသွားအောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိမရှိ ကြည့်ရမယ်"
ကျစ်လျိုစုက အေးစက်စွာ တုံ့ပြန်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး အလင်းတန်းတစ်ခုက သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့၏။ ထို့ပြင် ခရမ်းရောင် မြစ်ကြီး တစ်စင်းတစ်ခုကလည်း သူ့ခန္ဓာကိုယ်ကို ဝန်းရံနေခဲ့ရာ နတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။
"နိယာမအလင်း... နိယာမမြစ်"
လုမင်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားသည်။
ပါရမီရှင်များ စုဝေးရာနေရာဟု အမည်တွင်သည့်အတိုင်း နတ်ကံကြမ္မာနယ်မြေတွင် ပါရမီရှင်များ အလွန်ပင် များပြားလှပေသည်။ အနှီကျစ်လျိုစုမှာ အမှန်တကယ် အစွမ်းထက်လှသည်။ သူသည် အဆင့်မြင့် ဘုရင်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသည့်အပြင် နိယာမအလင်းကိုလည်း ကျင့်ကြံထားသေးသည်။
ယခင်က ကောင်းကင်သားတော်များ ရှားပါးသော အချိန်ဖြစ်ပါက သူသည် ကမ္ဘာကို တုန်လှုပ်စေမည့် ပါရမီရှင် ဖြစ်မည်မှာ သေချာသည်။
ကောင်းကင်သားတော်များ ပေါ်မလာသရွေ့ မည်သူမျှ သူနှင့် ယှဉ်နိုင်မည်မဟုတ်ချေ။ ယခုကဲ့သို့ ရွှေခေတ်တွင်ပင် သူက ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။
သို့သော် ဝတ်စုံနက်ဝတ် လူငယ်မှာမူ တည်ငြိမ်နေဆဲပင်။ သူက မထီမဲ့မြင်ပြုသည့် အမူအရာဖြင့်ပင် ပြောလိုက်သည်။
"မင်းက မထွက်သွားချင်ဘူးဆိုရင်တော့ ငါကပဲ ထွက်သွားအောင် လုပ်ပေးရမှာပေါ့"
"ဝုန်း... ဝုန်း"
ဟင်းလင်းပြင်မှာ တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရုတ်တရက်၊ ဝတ်စုံနက်ဝတ် လူငယ်၏ နောက်ဖက်တွင် မည်းမှောင်နေသော ဝဲဂယက်ခြောက်ခု ပေါ်လာခဲ့၏။ ထိုဝဲဂယက်များက လူတစ်ဦး၏ စိတ်ဝိညာဉ်ကို ဆွဲစုပ်တော့မည့်အလား အဆက်မပြတ် လည်ပတ်နေကြတော့သည်။
"ပြန်လည်ဝင်စားခြင်း လမ်းကြောင်း ခြောက်သွယ်... ဒါက ပြန်လည်ဝင်စားခြင်းနိယာမပဲ"
"သူက ပြန်လည်ဝင်စားခြင်းရဲ့သားတော် တစ်ယောက်ပဲ"
"သူ ဘယ်သူလဲဆိုတာ သိပြီ၊ သူက နတ်ကံကြမ္မာနယ်မြေရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ ယုဟဲပဲ"
လူအများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြလေသည်။
လုမင်၏ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ ဤသူငယ်မှာ အိုးရန်မော့လီကဲ့သို့ပင် ပြန်လည်ဝင်စားခြင်း၏သားတော် တစ်ဦး ဖြစ်၏။ အကယ်၍ ထိုလူငယ်နှင့် အိုးရန်မော့လီသာ တွေ့ဆုံခဲ့ပါက တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ဤအခိုက်တွင်၊ ပြန်လည်ဝင်စားခြင်း ရေဝဲခြောက်ခုကို မြင်လိုက်ရသော ကျစ်လျိုစုမှာလည်း မျက်နှာပျက်သွားတော့သည်။