← Chapters

အခန်း ၂၀၉၀

Vol. 144 Ch. 2090

အခန်း ၂၀၉၀

Vol. 144 Ch. 2090

အပိုင်း ( 2090 ) သေခြင်းနတ်ဘုရားတိုင်းပြည်။

အီယွန်မြို့တော်၊ မုမျိုးနွယ်စု၏ ခန်းမကြီးတစ်ခုအတွင်းဝယ်...

မုယန်က မှုန်ကုပ်ကုပ်ဖြင့် အဓိကထိုင်ခုံတွင် ထိုင်နေသည်။

ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာပြီးနောက် သူ၏ ဒဏ်ရာများမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သော်လည်း သူ၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များမှာမူ အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိချေ။

လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်အတွင်း မုယန်သည် လုမင်၏ အပြတ်အသတ် အနိုင်ယူခြင်း ခံခဲ့ရသည်ဟူသော သတင်းမှာ အီယွန်မြို့တော်နှင့် နတ်ကံကြမ္မာနယ်မြေ တစ်ခုလုံးသို့ ဟာရီကိန်းမုန်တိုင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

မုယန်ကို ပါရမီရှင်တစ်ဦးအဖြစ် လူသိများသည်။ သို့သော်လည်း အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သာ ရှိသေးသော ကစဉ့်ကလျား၏သားတော်တစ်ဦး၏ လက်ချက်ဖြင့် ဤမျှ သနားစရာကောင်းလောက်အောင် အရိုက်ခံခဲ့ရ၏။ ယင်းက လူအများ၏ အာရုံစိုက်မှုကို မရရှိဘဲ နေမည်မဟုတ်ချေ။

ယခုအခါတွင် လုမင်က လူပုံအလယ်တွင် မုယန်၏ မျက်နှာကို မည်သို့ နင်းခြေခဲ့ပြီး သူ့ကို ဓားစာခံအဖြစ်ပင် မည်သို့ အသုံးချခဲ့သည်ကို လူပေါင်းများစွာက တိတ်တဆိတ် ဆွေးနွေးနေကြပြီ ဖြစ်သည်။ သူက ရယ်စရာ အဖြစ်ပျက်တစ်ခု ဖြစ်လာခဲ့ရပေပြီ။

"ဒေါသထွက်လိုက်တာကွာ... တောက်"

မုယန်၏ မျက်နှာမှာ သတ်ဖြတ်လိုစိတ်များဖြင့် မည်းမှောင်နေသည်။

"အဲဒီကောင် ဘယ်မှာလဲဆိုတာ မင်းတို့ ရှာတွေ့ပြီလား"

မုယန်က သူ့ထံ သတင်းလာပို့သော လူကို အေးစက်စွာ မေးလိုက်သည်။

"သခင်လေး... ကျုပ်တို့ ရှာတွေ့ပါပြီ။ ဒါပေမဲ့ လုမင်တို့အဖွဲ့က ကံကြမ္မာမြို့တော်ထဲကို ဝင်သွားကြပါတယ်"

ခန္ဓာကိုယ်ကြံ့ခိုင်သော လူတစ်ဦးက ပြန်ဖြေသည်။

"ဟမ့်... ကံကြမ္မာမြို့တော်ထဲမှာ ပုန်းချင်တာလား။ အိမ်မက်တောင် မက်လို့မရဘူး။ သတ်... ကံကြမ္မာမြို့တော်ထဲကို လူလွှတ်ပြီး အဲဒီကောင်ကို သတ်ပစ်လိုက်ကြ"

မုယန်က ဟိန်းဟောက်လိုက်၏။

"သခင်လေး... ဒါက မသင့်တော်ဘူးထင်တယ်"

ဆံပင်ဖြူအဖိုးအိုတစ်ဦးက ပြောလာသည်။ သူသည် မုမျိုးနွယ်စုမှ အစွမ်းထက်သော အစစ်အမှန်ဧကရာဇ်တစ်ပါးပင်။

"ဘာလို့ မသင့်တော်တာလဲ"

မုယန်က အေးစက်စွာ မေးလိုက်သည်။

"အခုအချိန်မှာ ကံကြမ္မာမြို့တော်ရဲ့ အင်အားကြီး အဖွဲ့အစည်း အတော်များများက ကံကြမ္မာမြို့တော်အတွင်းမှာ ဘယ်သူ့ကိုမှ တိုက်ခိုက်ခြင်းမပြုဖို့ အမိန့်ထုတ်ထားပါတယ်။ မဟုတ်ရင် ငါတို့က သူတို့ကို ရန်သူလုပ်သလို ဖြစ်သွားလိမ့်မယ်။ ကံကြမ္မာမြို့တော်ထဲကို လူလွှတ်ပြီး တိုက်ခိုက်ခိုင်းရင် သူတို့ကို စော်ကားသလို ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်"

အဖိုးအိုက ပြောလိုက်သည်။

မုမျိုးနွယ်စုမှာ အီယွန်မြို့တော်၌ အစွမ်းထက်သော အုပ်စိုးရှင်အင်အားစုဖြစ်သော်လည်း ကံကြမ္မာမြို့တော်ရှိ အခြားသော အင်အားစုများနှင့်မူ ကွာဟချက် ရှိနေသေးသည်။

မုမျိုးနွယ်စုက ကံကြမ္မာမြို့တော်၏ အုပ်စိုးရှင် အင်အားစုများကို မစော်ကားရဲကြပါ။

မုယန်၏ မျက်နှာက မှုန်ကုပ်သွားသည်။ ခဏအကြာတွင် သူက အေးစက်စွာ ပြောလိုက်၏။

"ကျုပ်တို့ကိုယ်တိုင် လုပ်စရာ မလိုပါဘူး။ သေခြင်းနတ်ဘုရားတိုင်းပြည်က လူတွေကို သွားရှာလိုက်။ အဲဒီ အရူးတွေက ပိုက်ဆံရမယ်ဆိုရင် ဘာမဆို လုပ်မဲ့သူတွေပဲ"

သေခြင်းနတ်ဘုရားတိုင်းပြည်ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် လူတိုင်း၏ မျက်နှာများမှာ ကြောက်ရွံ့မှုများ ယှက်သန်းသွားကြသည်။

သူတို့က သေခြင်းနတ်ဘုရားတိုင်းပြည်ကို အလွန်ပင် ကြောက်ရွံ့နေကြပုံရသည်။

နတ်ကံကြမ္မာနယ်မြေရှိ သေခြင်းနတ်ဘုရားတိုင်းပြည်မှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ အကြောင်းမှာ၊ ၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့်ပင်။ ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော လုပ်ကြံသတ်ဖြတ်သူ အမျိုးမျိုး ရှိကြသည်။ လုံလောက်သော တန်ကြေးပေးနိုင်ပါက မည်သည့် ကျွမ်းကျင်သူကိုမဆို သတ်ဖြတ်ပေးနိုင်ပေသည်။

ထို့ပြင် သေခြင်းနတ်ဘုရားတိုင်းပြည်က ပါရမီရှင်များနှင့် ကျွမ်းကျင်သူများကို အမဲလိုက်ရန် ဝါသနာပါကြသည်။ သူတို့၏ အတောက်ပဆုံးသော တိုက်ပွဲမှတ်တမ်းမှာ မဟာဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ယင်းက နတ်ကံကြမ္မာနယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

အချို့လူများကမူ ဤသေခြင်းနတ်ဘုရားတိုင်းပြည်ကို မျိုးနွယ်ခြားတစ်ခုက တည်ထောင်ထားခြင်း ဖြစ်သည်ဟုပင် သံသယရှိနေကြ၏။

ဤလုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းကို ဖျက်ဆီးပစ်ချင်သော အစွမ်းထက် အဖွဲ့အစည်းများလည်း ရှိခဲ့ဖူးသည်။ သို့သော်လည်း ဤအဖွဲ့အစည်းမှာ လျှို့ဝှက်လွန်းလှသည်။ သူတို့၏ ဌာနချုပ်က ဘယ်မှာရှိသည်ကို မည်သူမျှ မသိကြချေ။ အများဆုံးအနေဖြင့် သူတို့၏ ဌာနခွဲအချို့ကိုသာ ဖျက်ဆီးနိုင်ကြသည်။ သို့သော်လည်း သူတို့က ပြာပုံထဲမှ တစ်ဖန် ပြန်လည် နိုးထလာနိုင်ကြမြဲပင်။

ယခုအခါ မုယန်က လုမင်ကို လုပ်ကြံသတ်ဖြတ်ရန် သေခြင်းနတ်ဘုရားတိုင်းပြည်မှ လုပ်ကြံသတ်ဖြတ်သူများကို အကူအညီတောင်းလိုခြင်း ဖြစ်သည်။

အခြားသူများမှာ ကံကြမ္မာမြို့တော်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် မဝံ့ရဲကြသော်လည်း သေခြင်းနတ်ဘုရားတိုင်းပြည်ကမူ ဝံ့ရဲပေလိမ့်မည်။

"လုမင်... မင်း ငါ့ကို စော်ကားခဲ့ရင် သေခြင်းတရားကပဲ မင်းကို စောင့်ကြိုနေလိမ့်မယ်"

မုယန်က အေးစက်စွာ ပြောလိုက်သည်။

..........

လုမင်တို့ ကံကြမ္မာမြို့တော်သို့ ရောက်ရှိနေသည်မှာ တစ်လခန့် ရှိသွားခဲ့ပြီ။

"ဒီလိုမျိုး ကျင့်ကြံနေတာက နှေးလွန်းသေးတယ်"

ယနေ့တွင် လုမင်က ကျင့်ကြံခြင်းကို ရပ်နားလိုက်ပြီး သက်ပြင်းချလိုက်သည်။

ယခုအခါ သူ၏ ကစဉ့်ကလျားနိယာမသည် အတားအဆီးတစ်ခုသို့ ရောက်ရှိနေပြီ။ ၎င်းက ပြီးပြည့်စုံရန် ခြေတစ်လှမ်းသာ လိုတော့ပြီး မည်သည့်အချိန်တွင်မဆို အဆင့်တက်သွားနိုင်ပုံရသည်။ သို့သော်လည်း ထို 'မည်သည့်အချိန်မဆို' ဆိုသည်မှာ လအနည်းငယ်သာ ကြာနိုင်သလို တစ်နှစ် သို့မဟုတ် နှစ်နှစ်လည်း ဖြစ်သွားနိုင်သည်။ အတပ်ပြောရန် မလွယ်ပေ။

အချို့လူများမှာ နှစ်ပေါင်း ထောင်ချီ သို့မဟုတ် သောင်းချီ၍ပင် ထိုအဆင့်၌ ပိတ်မိနေတတ်ကြသည်။

ထို့ကြောင့် လုမင်သည် ယခုအခါ သေခြင်းနိယာမနှင့် ဝါးမျိုခြင်းနိယာမ အပေါ်တွင်သာ အဓိက အာရုံစိုက်နေတော့သည်။

ဤနိယာမနှစ်ခု တိုးတက်လာသည်နှင့်အမျှ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ပိုမို အားကောင်းလာပေလိမ့်မည်။

သို့သော်လည်း မရဏမျက်လုံး နတ်ဘုရားစွမ်းရည် ရှိနေသည့်တိုင်၊ သေခြင်းနိယာမ၏ တိုးတက်မှုမှာ နှေးကွေးနေဆဲပင်။ လုမင်သည်ပင် အားမရတော့ပါ။

'ကံကြမ္မာမြို့တော်မှာ အစွမ်းထက်တဲ့ သေခြင်းစွမ်းအင်နဲ့ နတ်ဆိုးစွမ်းအင်တွေရှိတဲ့ ရှေးဟောင်းစစ်မြေပြင်တစ်ခု ရှိတယ်လို့ ကြားဖူးတယ်။ နတ်ဆိုးစွမ်းအင် ကျင့်ကြံသူ အများအပြား အဲဒီမှာ ကျင့်ကြံကြတယ်။ အဲဒါက သေခြင်းနိယာမကို ကျင့်ကြံဖို့ အသင့်တော်ဆုံး နေရာပဲ'

လုမင်က စဉ်းစားနေမိသည်။

သူသည် ထိုရှေးဟောင်းစစ်မြေပြင်သို့ သွား၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။

နယ်မြေဆယ်ခုတိုက်ပွဲ စတင်ရန် နှစ်လခန့်သာ လိုတော့သည်။ လူတိုင်းက သူတို့၏ ကျင့်ကြံမှု အဆင့်အတန်းကို မြှင့်တင်ရန် နည်းလမ်းများစွာကို စဉ်းစားနေကြသည်။

အကြောင်းမူ၊ နယ်မြေဆယ်ခုတိုက်ပွဲတွင် ကြီးမားသော အခွင့်အလမ်းများ ရှိနေမည်ဟု ဆိုကြသောကြောင့်ပင်။ အစွမ်းထက်သူများသာ ထိုအခွင့်အလမ်းများကို ရရှိနိုင်ပေလိမ့်မည်။

လုမင်သည် ယခုအခါ အလွန်အစွမ်းထက်နေပြီ ဖြစ်သော်လည်း သူ့ထက် သာလွန်သူ အမြဲရှိနေနိုင်သည်။ အခြားသော ကြောက်မက်ဖွယ် ပါရမီရှင်များ မည်မျှရှိနေဦးမည်ကို မည်သူ သိနိုင်ပါမည်နည်း။

ယခုအချိန်တွင် သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသူများပင် ရှိနိုင်သည်။

အကယ်၍ သိုင်းဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသော အစွမ်းထက် ပါရမီရှင်များ ရှိနေပါက သူတို့၏ စွမ်းအားမှာ သေချာပေါက် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

လုမင်သည် အလျင်လိုခြင်းကို ခံစားနေရသည်။ သူသည် သူအစွမ်းကို အမြန်ဆုံး မြှင့်တင်လို၏။

ထို့ထို့နောက်မှာတော့ ချင်ယွဲ့၊ လုံချန်နှင့် ဟွမ်လီတို့ကို နှုတ်ဆက်ကာ ရှေးဟောင်းစစ်မြေပြင်သို့ ထွက်လာခဲ့တော့သည်။

ရှေးဟောင်းစစ်မြေပြင်မှာ ကံကြမ္မာမြို့တော်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ၎င်းမှာ ရှေးခေတ်ကာလများက ကျန်ရစ်ခဲ့သော စစ်မြေပြင်တစ်ခု ဖြစ်၏။ ၎င်းက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး သေခြင်းစွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေပေသည်။

လုမင်က အလွန်မြန်ဆန်‌သော်လည်း ရှေးဟောင်းစစ်မြေပြင်သို့ ရောက်ရန် နာရီဝက်ခန့် ကြာခဲ့သည်။

ဤနေရာမှာ အဆုံးအစမရှိသော တောင်တန်းကြီးတစ်ခုဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်နေပေသည်။ မျက်စိတစ်ဆုံး ကြည့်လိုက်ပါက မည်သည့် သက်ရှိသတ္တဝါမျှမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်။

လုမင်က တုံ့ဆိုင်းခြင်းမရှိဘဲ အထဲသို့ လှမ်းဝင်လိုက်လေသည်။

"သေခြင်းစွမ်းအင်က တကယ်ကို သိပ်သည်းတာပဲ"

တောင်တန်းထဲသို့ ဝင်လိုက်သည်နှင့် လုမင်သည် ဤနေရာ၌ သေခြင်းစွမ်းအင်မှာ အလွန်ပင် သိပ်သည်းနေကြောင်း ခံစားလိုက်ရသည်။ ၎င်းက သေခြင်းနိယာမကို ကျင့်ကြံရန် အလွန်သင့်တော်ပေသည်။

ထို့ပြင် အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်လာလေလေ၊ သေခြင်းစွမ်းအင်မှာ ပိုမိုသိပ်သည်းလေလေ ဖြစ်သည်။

လုမင်ကမူ မရပ်တန့်ဘဲ ပိုမိုနက်ရှိုင်းသော နေရာသို့ သွားခဲ့၏။

ဤစစ်မြေပြင်တွင် အခြားသော လူများကိုလည်း သူ တွေ့ရှိခဲ့သည်။

သူတို့အားလုံးက နတ်ဆိုးကျင့်စဉ်များ သို့မဟုတ် နတ်ဆိုးနိယာမများကို ကျင့်ကြံသူများ ဖြစ်ကြသည်။

လုမင်က ပိုမိုနက်ရှိုင်းစွာ ဝင်သွားခဲ့ပြီး နောက်ဆုံးတွင် တောင်ကုန်းနိမ့်လေးတစ်ခုသို့ ရောက်ရှိလာသည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ကာ သေခြင်းနိယာမကို တိတ်ဆိတ်စွာ နားလည်ဆင်ခြင်ရန် ကြိုးစားလိုက်တော့သည်။

မျှော်လင့်ထားသည့်အတိုင်း၊ ဤနေရာ၌ သေခြင်းနိယာမကို နားလည်သဘောပေါက်မှု အရှိန်မှာ ပြင်ပထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည်။

နေ့စဉ်နှင့်အမျှ လုမင်သည် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိနေ၏။

သုံးရက်ကြာပြီးနောက် လုမင်၏ သေခြင်းနိယာမမှာ ရှစ်ဆယ့်ရှစ်ရာခိုင်နှုန်းခန့်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော်၊ လုမင် မသိရှိသောအချက်မှာ ရှေးဟောင်းစစ်မြေပြင်၏ အပြင်ဘက်ရှိ မြင့်မားသော တောင်ကြီးတစ်လုံးပေါ်တွင် လူတစ်စု ရှိနေခြင်းပင်။

ဤလူစုက ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာများကို ရှင်းလင်းစွာ မမြင်ရပါ။

"အဲဒီကောင်လေးက ရှေးဟောင်းစစ်မြေပြင်ထဲမှာ ကျင့်ကြံနေပါတယ်"

သူတို့ထဲမှ တစ်ဦးက သေခြင်းနတ်ဘုရား မျက်နှာဖုံးကို ဝတ်ဆင်ထားသူတစ်ဦးအား တင်ပြလိုက်သည်။

"ကောင်းပြီ... အဲဒီကောင်လေးက ကစဉ့်ကလျားရဲ့သားတော်လို့ ကြားထားတယ်။ တကယ်လို့ ငါတို့ ဒီတစ်ကြိမ်မှာ သူ့ကို သတ်နိုင်ခဲ့ရင် နတ်ကံကြမ္မာနယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေမှာ သေချာတယ်...၊ ဟားဟားဟား"

သေခြင်းနတ်ဘုရား မျက်နှာဖုံးကို ဝတ်ဆင်ထားသူက တစ်ချက်ရယ်ပြီးနောက် အမိန့်ပေးလိုက်သည်။

"ခဏနေရင် အဲဒီကောင်လေးကို အမြန်ဆုံး သတ်ပြီး ဒီနေရာကနေ ထွက်သွားကြမယ်။ အချိန်အကြာကြီး စောင့်နေရင် အဲဒီ အင်အားစုတွေဆီက ကျွမ်းကျင်သူတွေ ရောက်လာမှာကို စိုးရတယ်"

"ကောင်းပါပြီ"

ဝတ်ရုံနက်ဝတ် လူအချို့က ဦးညွှတ်လိုက်၏။

"သွားကြ... ငါ ဒီမှာ စောင့်ကြည့်နေမယ်။ တကယ်လို့ အဲဒီအင်အားစုတွေက လူတွေ ရောက်လာရင် မင်းတို့ကို ချက်ချင်း ဆုတ်ခွာဖို့ ငါ အကြောင်းကြားမယ်"

သေခြင်းနတ်ဘုရား မျက်နှာဖုံး ဝတ်ဆင်ထားသူက ပြောလိုက်သည်။

ထို့နောက် ဝတ်ရုံနက်ဝတ် လူများက တစ်ဦးပြီးတစ်ဦး လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားကြတော့သည်။

ထိုအချိန်တွင်၊ လုမင်က ကျင့်ကြံနေစဉ်မှာပင် သူ၏ ဆံပင်များ ထောင်ထသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ကြီးမားသော အကျပ်အတည်းတစ်ခုက ချဉ်းကပ်လာသလို ခံစားလိုက်ရ၏။

"မကောင်းတော့ဘူး"

လုမင် ရင်ထိတ်သွားသည်။ သူက ဘာမျှမစဉ်းစားနေတော့ဘဲ သူ့ကိုယ်တွင်းမှ စွမ်းအင်များကို အစွမ်းကုန် ပေါက်ကွဲလိုက်တော့သည်။

All Chapters