← Chapters

အခန်း ၂၀၉၁

Vol. 145 Ch. 2091

အခန်း ၂၀၉၁

Vol. 145 Ch. 2091

အပိုင်း ( 2091 ) သွေးလွှမ်းသော တိုက်ပွဲ။

​လုမင်က နေရာမှ ရွေ့လျားသွားသည့် တစ်ခဏမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက လုမင်ထိုင်ခဲ့သည့် နေရာသို့ ကောင်းကင်ယံမှ ဖြတ်ပိုင်းချလိုက်သည်။ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ဓားရာတစ်ခု ကျန်ရစ်ခဲ့၏။ ထိုတောင်ကုန်းနိမ့်လေးသည်လည်း ထက်ပိုင်းပြတ်ကျသွားတော့သည်။

​"သိုင်းဧကရာဇ်"

​လုမင် မျက်မှောင်ကြုတ်သွားသည်။ ယခုလေးတင် တိုက်ခိုက်ခဲ့သူက သိုင်းဧကရာဇ်တစ်ဦးဖြစ်မည်မှာ သေချာပြီ။ သို့သော်လည်း သူသည် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်သာ ဖြစ်သင့်သည်။

​"ဝှစ်... ဝှစ်..."

​ထိုစဉ် လုမင်၏ အထက်နှင့် အောက်ဘက်တို့မှ ဓားအလင်းနှစ်ခုက လျှပ်တပြက် ဖြာထွက်လာသည်။ အထက်တစ်ခု၊ အောက်တစ်ခု... ဓားအလင်းနှစ်ခုက အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် လုမင်ထံသို့ ဖြတ်သန်းလာ၏။

​"ဝုန်း"

​လုမင်လည်း သူတော်စင်စွမ်းအင်ကို ရူးသွပ်မတတ် လှည့်ပတ်ရင်း ဓားအလင်းနှစ်ခုကို ရှောင်တိမ်းရန် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရ‌ပြန်တော့သည်။

​သိုင်းဧကရာဇ်များ... သူတို့နှစ်ယောက်လုံးကလည်း သိုင်းဧကရာဇ်များ ဖြစ်ကြသည်။

ထိုအချိန်တွင်၊ ​သူ့နောက်ကွယ်တွင် လူအနည်းငယ် ပေါ်လာသည်။ သူတို့အားလုံးမှာ သိုင်းဧကရာဇ်များပင်။

​"မင်းရဲ့ တုံ့ပြန်မှုက တော်တော်မြန်တာပဲ"

​အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဝတ်ရုံနက်ဝတ် လူအနည်းငယ်က ကောင်းကင်ယံတွင် ပေါ်လာပြီး လုမင်ကို ဝိုင်းရံထားလိုက်ကြ၏။

​"မင်းတို့က ဘယ်သူတွေလဲ"

​လုမင်က အေးစက်စွာ မေးလိုက်သည်။

​"သေခြင်းနတ်ဘုရားက မင်းကို ဒီနေ့ သေစေချင်ရင် မင်း မနက်ဖြန်အထိ ရှင်သန်နိုင်မှာ မဟုတ်ဘူး"

​ဝတ်ရုံနက်ဝတ် လူတစ်ဦးက အေးစက်စွာ ပြောသည်။

​"ဒါ သေခြင်းနတ်ဘုရားတိုင်းပြည်ပဲ"

​"ပြေးကြစို့"

​ထိုဧရိယာတွင် ကျင့်ကြံနေကြသော အခြားလူများလည်း ရှိကြသည်။ သူတို့က ထိုစကားများကို ကြားလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားကြပြီး အော်ဟစ်ကာ ကသောမျောပါး ထွက်ပြေးကြတော့သည်။

​"သေခြင်းနတ်ဘုရားတိုင်းပြည်"

​လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နတ်ကံကြမ္မာနယ်မြေသို့ ရောက်ရှိခါစသာ ရှိသေးသဖြင့် ထိုအကြောင်းကို တစ်ခါမျှ မကြားဖူးချေ။

​"အပိုစကားတွေ ပြောမနေပါနဲ့... ဒါကို အမြန်ဆုံး အဆုံးသတ်ကြစို့"

​ဝတ်ရုံနက်ဝတ် လူတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

​"ဝှစ်... ဝှစ်..."

​ဝတ်ရုံနက်ဝတ် လူများက အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပြိုင်တူလှုပ်ရှားလိုက်ကြသည်။

​ထက်မြက်သော ဓားအလင်းတန်း အနည်းငယ်က ကြောက်မက်ဖွယ် အရှိန်ဖြင့် လုမင်ထံသို့ ဖြတ်သန်းလာ၏။

​"သေရမဲ့သူတွေက မင်းတို့ပဲ"

​လုမင်က သူ့အစွမ်းကို ထပ်မံ၍ ဖုံးကွယ်မထားတော့ချေ။ သူက သူအစွမ်းအကုန် ထုတ်ဖော်လိုက်ပြီး ဝတ်ရုံနက်ဝတ် လူတစ်ဦးထံသို့ ပြေးဝင်သွားခဲ့သည်။

​"ဝုန်း"

​သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ၏ လက်ဝါးမှာ မီးခိုးရောင် သန်းနေပြီး ရှေးဟောင်း နတ်ဘုရားတောင်ကြီးတစ်လုံးဖြင့် ဖိနှိပ်ချလိုက်သည့်အလား ထင်မှတ်ရ၏။ ၎င်းက ဝတ်ရုံနက်ဝတ် လူ၏ ဓားအလင်းကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်တော့သည်။

ထိုမျှသာမကဘဲ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးစွမ်းအားက ဝတ်ရုံနက်ဝတ် လူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ သူ့ခန္ဓာကိုယ်က တိုက်ရိုက်ပင် ပေါက်ကွဲသွား၏။

​ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦးမှာ လုမင်၏ လက်ချက်ဖြင့် စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရပြီ။ ကျန်ရှိသော ဝတ်ရုံနက်ဝတ် လူများလည်း ဤမြင်ကွင်းကြောင့် အလွန်အမင်း တုန်လှုပ်သွားကြသည်။

​"မဟုတ်ဘူး... သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ငါတို့ရထားတဲ့ သတင်းအချက်အလက်တွေနဲ့ မကိုက်ညီဘူး"

​ဝတ်ရုံနက်ဝတ် လူတစ်ဦးက ဟိန်းဟောက်လိုက်သည်။

​သူတို့ရရှိထားသော သတင်းအချက်အလက်များအရ လုမင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မုယန်ထက် အနည်းငယ်မျှသာ ပို၍ သန်မာသည်။

မုယန်သည် ​ဟင်းလင်းပြင်၏သားတော်ဖြစ်ပြီး ကမ္ဘာငယ်တစ်ခုကိုပင် စတင်ဖန်တီးနေပြီ။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ ကြယ်တစ်ပွင့်အဆင့် ဗလာနယ်ဧကရာဇ်တစ်ဦးကို ယှဉ်ပြိုင်နိုင်ရန် လုံလောက်သည်။ ကြယ်တစ်ပွင့်အဆင့် ဗလာနယ်ဧကရာဇ်ကို ဖိနှိပ်နိုင်စွမ်းပင် ရှိ၏။

​လုမင်ကမူ မုယန်ထက် အနည်းငယ်သာ ပိုသန်မာသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ဤမျှမသန်မာသင့်ချေ။ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

​"တိုက်ကြ... အတူတူ ဝိုင်းတိုက်ကြ"

​ထိုအဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ဦးက ဟိန်းဟောက်လိုက်သည်။

​"ဝှစ်... ဝှစ်..."

​ထိုအချိန်တွင် ကောင်းကင်ယံ၌ လူရိပ်များ လျှပ်တပြက် လှုပ်ရှားသွားကြသည်။ စုစုပေါင်း လူရိပ် ခုနစ်ဦး၊ ရှစ်ဦးခန့် ရှိ၏။

​ယခင်လူအနည်းငယ်အပြင် ယခုအခါ သူတို့က တစ်ဒါဇင်ကျော်မျှ ရှိနေပြီ။

​ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက လေထုထဲတွင် ပြည့်နှက်သွားသည်။ သူတို့အားလုံးမှာ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်များနှင့် ထို့ထက် မြင့်မားသူများပင်။

​"သူ ဘယ်လောက်ပဲ သန်မာနေပါစေ... ဒီနေ့တော့ သေကိုသေရမယ်၊ သတ်ပစ်"

​ဝတ်ရုံနက်ဝတ် လူတစ်ဦးက ဟိန်းဟောက်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ မှောင်မိုက်သော လက်ဝါးပုံရိပ်တစ်ခုက လုမင်ထံသို့ ဖြတ်သန်းလာ၏။ ၎င်း၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

​"ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်"

​လုမင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်တစ်ဦးမှာ အလွန်အစွမ်းထက်၏။ လုမင်က ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲချေ။ ထို့ကြောင့် သူဟာ ဘေးသို့ တိုက်ရိုက် ခုန်ရှောင်လိုက်တော့သည်။

​"မင်းက ထွက်သွားချင်တာလား... ပြန်လာခဲ့စမ်း"

​ရှေ့တည့်တည့်တွင် ဝတ်ရုံနက်ဝတ် လူတစ်ဦး ပေါ်လာသည်။ သူက နက်မှောင်သော ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။ သူက ခုတ်ချလိုက်ရာ ကျယ်ပြောလှသော ဓားအလင်းတစ်ခုက လုမင်ထံသို့ ကန့်လန့်ဖြတ် ဝင်ရောက်လာတော့သည်။

​ဤသူမှာလည်း ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်သည်။

​ဤမျှ နီးကပ်သော အကွာအဝေးတွင် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။ လုမင်က ထိုတိုက်ခိုက်မှုကို ထိပ်တိုက်သာ ရင်ဆိုင်ရတော့မည်။

​လုမင်က သူ၏ စွမ်းအားအပြည့်ဖြင့် နိယာမလေးခုစလုံးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်စေလိုက်သည်။

​"ဝုန်း"

​လုမင်က သူ၏ လက်ဝါးဖြင့် ထိုဓားအလင်းကို ရိုက်ချလိုက်သည်။ ‌တောင်ပြိုသကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

​လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး လွင့်ထွက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် လုမင်မှာ သွေးတစ်လုတ် အန်ထုတ်လိုက်ရတော့သည်။

​ကြယ်သုံးပွင့် သိုင်းဧကရာဇ်တစ်ဦးမှာ အစွမ်းထက်လွန်းသည်။ လုမင်က သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးချေ။

​"ဝှစ်... ဝှစ်..."

​လုမင် လွင့်ထွက်သွားပြီးနောက် ကျန်ရှိသော ဝတ်ရုံနက်ဝတ် လူများက လုမင်ထံသို့ ထပ်မံ၍ စုပြုံပြေးဝင်လာကြသည်။

​"သတ်"

​လုမင်က ဟိန်းဟောက်လိုက်သည်။ သေခြင်းစွမ်းအင်များက သူ၏ မျက်လုံးများမှ ပေါက်ကွဲထွက်လာ၏။ သေခြင်းစွမ်းအင်များက ဝတ်ရုံနက်ဝတ် လူတစ်ဦးကို လွှမ်းခြုံသွားသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။

"ဝုန်း"

​လုမင်က အနားသို့ ခဏချင်းပြေးဝင်ကာ ထိုလူကို ထိုးနှက်လိုက်သည်။ ထိုလူက နောက်သို့ လွင့်စဉ်သွားရင်းမှာပင် သူ့ခန္ဓာကိုယ် ပေါက်ကွဲပြီး ကြေမွသွားတော့သည်။

​လုမင်က သူ၏ စွမ်းအားအပြည့်ကို ထုတ်သုံးနေခြင်း ဖြစ်သည်။ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ် တစ်ပါးက လုမင်၏ တိုက်ကွက်တစ်ခုကိုပင် တားဆီးရန် ခက်ခဲပေသည်။

​"သေခြင်းနိယာမနဲ့ ကစဉ့်ကလျားနိယာမ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

​"အမြင့်ဆုံးနိယာမ နှစ်ခုစလုံးပဲ... မကောင်းဆိုးရွားကောင်... မိစ္ဆာပါရမီရှင်ပဲ။ သူ့ကို သတ်... ငါတို့ သူ့ကို သေချာပေါက် သတ်ရမယ်"

​လုမင်က သူ၏ စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်နေခြင်း ဖြစ်သည်။ အမြင့်ဆုံးနိယာမ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း အသက်သွင်းသောအခါ သူက ၎င်းတို့ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။

​ထိုဝတ်ရုံနက်ဝတ် လူများသည် လုမင်က အမြင့်ဆုံးနိယာမနှစ်ခုကို အမှန်တကယ် နားလည်သဘောပေါက်ထားကြောင်း မြင်လိုက်ရသောအခါ အလွန် တုန်လှုပ်သွားကြသည်။ အချို့သူများဆိုလျှင် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိကြပေသည်။

​လူငယ်တစ်ယောက်၊ ထို့ထက် သိုင်းဧကရာဇ်အဆင့် အောက်တွင်သာ ရှိသေးသူတစ်ဦးက အမြင့်ဆုံးနိယာမနှစ်ခုကို အမှန်တကယ် နားလည်ထားခြင်း ဖြစ်သည်။ ဤအရာမျိုးကို တစ်ခါမျှ မကြားဖူးဘဲ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သောအရာပင်။

​"သတ်"

​လုမင်က ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦးကို ပစ်မှတ်ထား၍ ဆက်တိုက် တိုက်ခိုက်လိုက်သည်။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ထိုသူမှာ လေထုထဲတွင်ပင် ပေါက်ကွဲသွား၏။

"ဝုန်း"

​ကျန်ရှိသော ဝတ်ရုံနက်ဝတ် လူများသည်လည်း အတူတကွ ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

​စုစုပေါင်း ကြယ်သုံးပွင့် ဗလာနယ်ရာဇ်နှစ်ဦး၊ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် လေးဦးနှင့် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ် သုံးဦး ရှိသည်။

​ကိုးဦးသာ ကျန်ရှိတော့သည်။

သိုင်းဧကရာဇ်ကိုးပါးက အတူတကွ ဝိုင်းတိုက်ခိုက်ကြသောအခါ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

​လုမင်၏ သွေးကြော အပ်စိုက်မှတ်များက ဝင်းလက်သွားသည်။ အန္တိမသူတော်စင်လက်နက် ဆယ်ဂဏန်းခန့်နှင့် ဧကရာဇ်လက်နက် အနည်းငယ်တို့က သူ၏ ပတ်ပတ်လည်တွင် ပျံသန်းနေပြီး ပထမ ကာကွယ်ရေးစည်းကို ဖွဲ့စည်းလိုက်ကြသည်။

​တစ်ချိန်တည်းမှာပင် နိယာမများ၏ အလင်းတန်းက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ နိယာမလေးခုစလုံးက သူ့ခန္ဓာကိုယ်အနှံ့ လည်ပတ်သွားပြီး ဒုတိယမြောက် ကာကွယ်ရေးစည်းကို ဖွဲ့စည်းလိုက်ပြန်တော့သည်။

​"ဝှစ်..."

​လုမင်က လမ်းကြောင်းပြောင်းလိုက်ပြီး ရှေးဟောင်းစစ်မြေပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်ပြေးဝင်သွားခဲ့သည်။

​လုမင်ဟာ ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်နှစ်ဦး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ ကျန်ရှိသော သိုင်းဧကရာဇ်များနှင့် ပတ်သက်၍မူ၊ သူက ဤမျှများပြားသော တိုက်ခိုက်မှုများကို မရှောင်တိမ်းနိုင်တော့သဖြင့် ထိပ်တိုက်သာ ရင်ဆိုင်လိုက်ရတော့သည်။

​"ဝုန်း... ဝုန်း..."

​ချက်ချင်းဆိုသလိုပင် တိုက်ခိုက်မှုငါးခုခန့် လုမင်ကို ထိမှန်သွားခဲ့သည်။

​ကြယ်နှစ်ပွင့် သိုင်းဧကရာဇ် သုံးဦးနှင့် ကြယ်တစ်ပွင့် သိုင်းဧကရာဇ် နှစ်ဦးတို့ ဖြစ်ကြ၏။

​လုမင်၏ ပတ်ပတ်လည်တွင် ပျံသန်းနေသော လက်နက်များမှာ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားခဲ့ကြသည်။

​အန္တိမသူတော်စင် လက်နက်များမှာ သိုင်းဧကရာဇ်များ၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ကြချေ။

​နောက်ဆုံးတွင် ဧကရာဇ်လက်နက် အနည်းငယ်သာ ပျက်စီးခြင်းမရှိဘဲ ကျန်ရစ်ခဲ့သည်။

"​ဖူး..."

​လုမင်မှာ သွေးအမြောက်အမြား အန်ထုတ်လိုက်ရသည်။ တိုက်ခိုက်မှုများကို တိုက်ခိုက်ရေးလက်နက်များက တားဆီးပေးခဲ့သော်လည်း ထိုအင်အားလှိုင်းများမှာ သူ့အပေါ်သက်ရောက်နေသေးသည်။

​သို့သော်လည်း ဤအခွင့်အရေးကို အသုံးချ၍ လုမင်က ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။

​ထိုကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်မှာ ကြောက်လန့်တကြားဖြင့် မျက်နှာပျက်သွားခဲ့၏။ သူက ထွက်ပြေးရန် ကြိုးစားသော်လည်း လုမင်၏ လက်ဝါးချက်ဖြင့် လေထဲ၌ပင် အသတ်ခံလိုက်ရတော့သည်။

​ထို့နောက်တွင် လုမင်က သူ၏ လက်ညှိုးဖြင့် ထိုးနှက်လိုက်သည်။ ကြီးမားသော လက်ချောင်း တစ်ခုက ကြယ်နှစ်ပွင့် သိုင်းဧကရာဇ်တစ်ဦးထံသို့ ပစ်ခတ်လိုက်၏။

​ဤလက်ချောင်းတွင် နိယာမလေးခုစလုံး ပါဝင်နေသည်။ ၎င်း၏ စွမ်းအားက အံ့အားသင့်ဖွယ် အားကောင်းလွန်းပေသည်။

​ထိုကြယ်နှစ်ပွင့် သိုင်းဧကရာဇ်က သူ၏ အစွမ်းရှိသမျှဖြင့် တားဆီးလိုက်သည်။ သို့သော်လည်း သူဟာ လွင့်ထွက်သွားဆဲဖြစ်ပြီး သွေးအမြောက်အမြား အန်ထုတ်လိုက်ရ၏။

​အခြားသူများလည်း တုန်လှုပ်သွားကြပြီး ပိုမိုရူးသွပ်စွာဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။

​ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးပုံရိပ်တစ်ခုနှင့် ဓားအလင်းတစ်ခုက လုမင်ထံသို့ ပြေးဝင်လာသည်။

​ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်နှစ်ဦးက ထပ်မံ၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

​လုမင်က ရှောင်တိမ်းရန် သူ့အစွမ်းကုန် ကြိုးစားလိုက်သည်။ သို့သော်လည်း နောက်ဆုံးတွင် သူက အပြည့်အဝ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ချေ။ သူဟာ ထိုလက်ဝါးပုံရိပ်၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် လုမင်၏ ခန္ဓာကိုယ်မှာ အက်ကွဲလုနီးပါး ဖြစ်သွားရ၏။

​လုမင်ဟာ သူ့တကိုယ်လုံးမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့အရိုးများ ကျိုးကြေတော့မည့်အလား သူ ခံစားနေရ၏။ သွေးများမှာလည်း မရပ်မနား အန်နေရတော့သည်။ သို့သော်လည်း သူဟာ လက်ဝါးရိုက်ချက်၏ သက်ရောက်မှုအားကို အသုံးချ၍ ဒဏ်ရာရနေသော ထိုကြယ်နှစ်ပွင့် သိုင်းဧကရာဇ်၏ ရှေ့တည့်တည့်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့သည်။

ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်မှာ တုန်လှုပ်သွားခဲ့သည်။ သူဟာ လုမင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီးပြီ။ ဤအခိုက်တွင် လုမင်က သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်ရသောအခါ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားတော့သည်။

All Chapters