← Chapters

အခန်း ၂၁၀၀

Vol. 145 Ch. 2100

အခန်း ၂၁၀၀

Vol. 145 Ch. 2100

အပိုင်း ( 2100 ) ယွမ်ရှင်းနှင့် တိုက်ပွဲ။

သိုင်းဧကရာဇ်နယ်ပယ်အောက်ရှိ လူတစ်ဦးအနေဖြင့် နိယာမအမျိုးအစားအချို့ကို ထိန်းချုပ်နိုင်ရုံမျှမက ၎င်းတို့ကို အတူတကွ ပေါင်းစပ်နိုင်ခြင်းမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ဖြစ်သည်။

သာမန်လူများမဆိုထားဘိ၊ မဟာဧကရာဇ်နယ်ပယ်ရှိ အကျော်အမော်များပင်လျှင် တုန်လှုပ်သွားခဲ့ကြရ၏။

ဒါတောင် လုမင်က ကစဉ့်ကလျားနိယာမကို ထုတ်ဖော်အသုံးပြုခြင်း မရှိသေးချေ။ အကယ်၍ သူ ထုတ်ဖော်မသုံးစွဲပါက သဘာဝကျစွာပင် သူတို့ သိရှိနိုင်ကြမည် မဟုတ်ပါ။ အကယ်၍ လုမင်သာ အသန်မာဆုံးနိယာမ နှစ်ခုကို တတ်မြောက်နားလည်ထားသည်ကိုသာ သူတို့ မြင်တွေ့လိုက်ရပါက မည်ကဲ့သို့သော အမူအရာမျိုး ရှိကြမည်ကို တွေးကြည့်ရန်ခက်သည်။

"ပြီးတော့ ဒီကောင်လေးက ရုပ်ဖျက်ကျင့်စဉ်တစ်ခုကို သုံးထားတာပဲ။ တော်တော် လိမ္မာပါးနပ်တာပဲ"

မဟာဧကရာဇ်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

လုမင်၏ နတ်အရှိန်အဝါကျင့်စဉ်ဖြင့် မဟာဧကရာဇ်တစ်ဦးကို လှည့်စားရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ချေ။

သို့သော်လည်း ဤမဟာဧကရာဇ်များသည် သူ့ကို ယခင်က တစ်ကြိမ်မျှ မမြင်တွေ့ခဲ့ဖူးကြပါ။ သူသည် ရုပ်ဖျက်ကျင့်စဉ်ကို အသုံးပြုထားသည်ကို သူတို့ မြင်နိုင်ကြသော်လည်း လုမင်၏ အထောက်အထားအမှန်ကိုမူ သူတို့ မသိရှိကြချေ။

လုမင်က မုယန်ကို လွင့်စင်သွားစေခဲ့ပြီးနောက် ဆက်လက်တိုက်ခိုက်ခဲ့သည်။

ထိုအချိန်တွင် မုယန်က တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် အစီအစဉ် မရှိတော့ချေ။ သူက ထွက်ပြေးရန်သာ အလိုရှိတော့သည်။

သို့သော်လည်း သူက တိုက်ပွဲစင်မြင့်အောက်သို့ ပြေးဆင်းကာ အရှုံးပေးရန် မလိုလားခဲ့ချေ။

အကြောင်းမူ၊ ဤရွေးချယ်ပွဲကို ဖြတ်ကျော်နိုင်ပါက သူသည် ကြီးမားသော အခွင့်အရေးတစ်ခုကို ရရှိမည်ဖြစ်ပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်သောကြောင့်ပင်။

'ငါ တောင့်ခံထားရမယ်။ ငါ ဒီပဏာမရွေးချယ်ပွဲကို အောင်မြင်တာနဲ့ သိုင်းဧကရာဇ်နယ်ပယ်ထဲကို ဝင်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျမှ ဒီကောင်စုတ်ကို ငါ အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်'

မုယန်က သူ့နှလုံးသားထဲတွင် ဟိန်းဟောက်လိုက်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ သူ လန့်ဖျတ်သွားခဲ့ရ၏။ အကြောင်းမူ၊ လုမင်က ထပ်မံ၍ တိုက်ခိုက်လိုက်ခြင်းကြောင့်ပင်။

သူသည် မုရန်၏ ကာကွယ်ရေးကို တိုက်ကွက်တစ်ကွက်တည်းဖြင့် ဖောက်ထွက်သွားခဲ့သည်။ မုယန်၏ ကျောပြင်ကို မိုးသီးကြွေသကဲ့သို့ ဆက်တိုက် တိုက်ခိုက်လိုက်၏။ သွေးများ အရပ်မျက်နှာအနှံ့ ပန်းထွက်သွားခဲ့သည်။ မုယန်၏ ခန္ဓာကိုယ်တွင် ကြီးမားသောအပေါက်တစ်ပေါက် ပေါ်လာတော့သည်။

ဟုတ်သည်၊ ဤကဲ့သို့သော ဒဏ်ရာမျိုးမှာ မုယန်ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေရုံသာ တတ်နိုင်ပြီး သူ့ကို သတ်ဖြတ်နိုင်ခြင်း မရှိချေ။

မုယန်က အသက်ငင်နေသော ခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူ၏မျက်လုံးများထဲတွင်မူ ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။

ယခုအခါတွင် သူက တိုက်ပွဲစင်မြင့်အောက်သို့ ပြေးဆင်းကာ အရှုံးပေးချင်လျှင်ပင် ထိုသို့ မလုပ်ဆောင်နိုင်တော့ပါ။

"ရပ်လိုက်စမ်း... ကောင်လေး။ မုယန်က ငါတို့ မုမိသားစုရဲ့ ပြိုင်စံရှား ပါရမီရှင်ပဲ။ တကယ်လို့ မင်း သူ့ကို သတ်ရဲရင် မင်းလည်း သူနဲ့အတူ မြေမြှုပ်ခံရလိမ့်မယ်"

တိုက်ပွဲစင်မြင့်၏ အပြင်ဘက်တွင် မုမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက အဆုတ်များ ပေါက်ထွက်လုမတတ် အော်ဟစ်လိုက်သည်။

မုယန်သည် ကောင်းကင်သားတော်တစ်ဦး ဖြစ်ပြီး အတုမဲ့ပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူ သေဆုံး၍ မဖြစ်ချေ။

မုမိသားစုမှ ကျွမ်းကျင်သူက တိုက်ပွဲစင်မြင့်ထက်သို့ ဝင်ရောက်တိုက်ခိုက်ပြီး လုမင်ကို သတ်ဖြတ်ပစ်ရန်ပင် မစောင့်ဆိုင်းနိုင်တော့ပါ။

"ပါးစပ်ပိတ်ထားစမ်း၊ မင်းက နယ်မြေဆယ်ခုတိုက်ပွဲကိူ ဝင်ရောက်စွက်ဖက်တော့မလို့လား"

သက်လတ်ပိုင်း မဟာဧကရာဇ်က မုမိသားစုမှ ကျွမ်းကျင်သူများကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများက ပျက်ယွင်းသွားကြသော်လည်း မတတ်သာဘဲ ပါးစပ်များကို ပိတ်လိုက်ကြရတော့သည်။

သက်လတ်ပိုင်း မဟာဧကရာဇ်မှာ ကံကြမ္မာမြို့တော်၏ အုပ်စိုးရှင်အင်အားစုများထဲမှ တစ်ဦး ဖြစ်သည်။

ထို့ပြင် နယ်မြေဆယ်ခုတိုက်ပွဲကို အရပ်မျက်နှာအနှံ့မှ မဟာဧကရာဇ်များက စီစဉ်ကျင်းပခြင်း ဖြစ်၏။ မည်သူမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိချေ။

လုမင်၏ မျက်လုံးများမှာ အေးစက်နေပြီး မုယန်ထံသို့ လှမ်းလျှောက်သွားသည်။

"တော်လောက်ပြီ"

ထိုအချိန်တွင် လုမင်၏ နောက်ကွယ်မှ အေးစက်ပြီး သီးသန့်ဆန်သော အသံတစ်ခုကို ကြားလိုက်ရသည်။ ဂရုမစိုက်သော၊ မာနထောင်လွှားသော အသံတစ်ခုကို ကြားလိုက်ရခြင်း ဖြစ်၏။ အလွန်အမင်း ပြင်းထန်သော ဖိအားတစ်ခုကလည်း လုမင်အပေါ်သို့ ကျရောက်လာတော့သည်။

လုမင်သည် သူ၏နောက်ကွယ်တွင် အချိန်မရွေး သေစေနိုင်သော တိုက်ကွက်တစ်ခုကို ထုတ်လွှတ်ရန် အသင့်ရှိနေသည့် သားရဲရိုင်းတစ်ကောင်က သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

လုမင်က ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ လူငယ်တစ်ဦးမှာ သူ့လက်များကို နောက်ပစ်လျက် သူ့ထံသို့ တစ်လှမ်းချင်း လှမ်းလျှောက်လာနေသည်ကို မြင်တွေ့လိုက်ရပေသည်။

ယွမ်ရှင်း။

ကစဉ့်ကလျား၏သားတော် ယွမ်ရှင်းပင် ဖြစ်သည်။

ယွမ်ရှင်းမှာ သွယ်လျသော ခန္ဓာကိုယ်နှင့် ခန့်ညားသော ရုပ်ရည် ရှိသည်။ သူသည် လက်များကို နောက်သို့ယှက်လျက် ပြိုင်ဘက်ကင်းသော အရှိန်အဝါတစ်မျိုး ရှိနေခဲ့၏။

ဤအရှိန်အဝါက အမှန်တကယ်ပင် ဖြစ်သည်။ သူသည် တိုက်ပွဲစင်မြင့်ထက်တွင် လမ်းလျှောက်နေသော်လည်း မည်သူမျှ သူ့ကို တိုက်ခိုက်ရန် မဝံ့ရဲကြချေ။

ထိုသို့ဖြစ်ရခြင်းမှာ ယွမ်ရှင်းက ယွမ်လု၏ မျိုးဆက်သစ်လူငယ်များထဲတွင် အသန်မာဆုံးသူများထဲမှ တစ်ဦးအဖြစ် လူသိများသောကြောင့်ပင်။ သူက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။

"ယွမ်ရှင်း... ကျုပ်ကို ကူညီပြီး သူ့ကို သတ်ပေး... ကျုပ်ကို ကူညီပြီး ဒီကောင်စုတ်ကို သတ်ပေးပါ"

မုယန်က ယွမ်ရှင်းကို မြင်တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

ယွမ်ရှင်းက မည်သည့်စကားမျှ မဆိုချေ။ သူက လုမင်ထံသို့ ဖြည်းညှင်းစွာ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ သူ၏ ခြေလှမ်းများမှာ မမြန်ဆန်သော်လည်း ခြေလှမ်းတိုင်းနှင့်အတူ သူ့အရှိန်အဝါမှာ ပိုမို သန်မာလာခဲ့၏။

လုမင်က သူ၏မျက်လုံးများကို မှေးစင်းလိုက်သည်။ သူသည် ယွမ်ရှင်းထံမှ အန္တရာယ်ရှိသော ခံစားချက်တစ်ခုကို ခံစားရပေသည်။

"ယွမ်ရှင်း တိုက်ခိုက်တော့မယ်"

တိုက်ပွဲစင်မြင့်၏ ပတ်ဝန်းကျင်တွင် လူအများ၏ မျက်လုံးများ တောက်ပသွားခဲ့ကြသည်။ မျိုးဆက်ဟောင်းမှ ပုံရိပ်အများအပြားပင်လျှင် စိတ်ဝင်စားသွားခဲ့ကြ၏။

ကစဉ့်ကလျား၏သားတော် ယွမ်ရှင်းမှာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ကျော်ကြားသူ ဖြစ်သည်။ သူသည် အလွန်အမင်း သန်မာပြီး အခြားသော ကောင်းကင်သားတော်များက သူ့ရှေ့တွင် ဦးညွတ်ရ၏။

သူသည် ကံကြမ္မာ၏သားတော်နှင့် တန်းတူ တည်ရှိခဲ့ပြီး အသန်မာဆုံးသောသူများထဲမှ တစ်ဦးအဖြစ် လူသိများသည်။

"မုယန်နဲ့ ယွမ်ရှင်းက မိတ်ဆွေကောင်းတွေပဲ။ အခု မုယန်ဒဏ်ရာရနေတဲ့အချိန်မှာ ယွမ်ရှင်း လှုပ်ရှားလာတာက ပုံမှန်ပါပဲ"

"ဒါဆိုရင်တော့ ထျန်းယွမ် ဒုက္ခရောက်ပြီ။ သူက ယွမ်ရှင်းကို ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရှိဘူး"

"သူ ရွေးချယ်ပွဲ အဆုံးသတ်တဲ့အထိ တောင့်ခံနိုင်ပါစေလို့ပဲ မျှော်လင့်ရတာပဲ။ မဟုတ်ရင် ဒီလို ပါရမီရှင်မျိုး ရွေးချယ်ပွဲ မအောင်မြင်တာက နှမြောဖို့ကောင်းလိမ့်မယ်"

လူအများမှာ လုမင်က ယွမ်ရှင်း၏ ပြိုင်ဘက် ဖြစ်လာနိုင်ခြေ မရှိဘဲ ရှုံးနိမ့်သွားလိမ့်မည်ဟု တွေးတောလိုက်ကြသည်။

"ကစဉ့်ကလျားရဲ့သားတော်... မင်းရဲ့ အစစ်အမှန် စွမ်းအားကို ငါ မြင်ချင်သေးတယ်"

လုမင် သူ၏မျက်လုံးများကို မှေးစင်းလိုက်သည်။ ထက်မြက်သော အလင်းတစ်ခုက သူ့မျက်လုံးများထဲတွင် ဖြတ်ပြေးသွား၏။ သူ၏ တိုက်ပွဲဝင်လိုစိတ်များမှာ လေထုထဲတွင် ပြည့်နှက်သွားတော့သည်။

သူသည် ဟွင်းယွမ်ဂိုဏ်း၏ စမ်းသပ်စစ်ဆေးမှုအတွင်း၌ ယွမ်ရှင်းနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုအချိန်က ကန့်သတ်ချက်များစွာ ရှိနေခဲ့သည်။ သူတို့၏ ကျင့်ကြံမှုအခြေခံမှာ တူညီသော အဆင့်သို့ ဖိနှိပ်ခြင်း ခံထားခဲ့ရ၏။ သူတို့၏ နတ်ဘုရားစွမ်းရည်များနှင့် သွေးမျိုးဆက်များပင်လျှင် ဖိနှိပ်ခြင်း ခံထားခဲ့ရသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ အစစ်အမှန် စွမ်းအားကို အသုံးမပြုနိုင်ခဲ့ကြချေ။

"မင်းက မြင်ချင်တယ်ဆိုမှတော့... ငါ မင်းကို မြင်စေရမယ်"

ယွမ်ရှင်းက အေးစက်စွာ ပြောလိုက်သည်။ သူသည် ရှေ့သို့ တစ်လှမ်းလှမ်းကာ လုမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ဤလက်သီးမှာ ရှေးဟောင်း နတ်ဘုရားတောင်ကြီးတစ်တောင်ကဲ့သို့ပင် အစွမ်းထက်လှသည်။ ၎င်းက လေထုကို ဖြတ်သန်းသွားစဉ် ထစ်ချုန်းသံများပင် ထွက်ပေါ်လာပြီး လေဟာနယ်ကို တိုက်ရိုက် ဖောက်ထွက်သွားတော့သည်။

ဤလက်သီးက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သာမန် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ် တစ်ဦးအနေဖြင့် ၎င်းကို တားဆီးရန် ခက်ခဲပေလိမ့်မည်။

"ဒုန်း"

လုမင်က ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ နဂါးကြီးတစ်ကောင်ကဲ့သို့ လှုပ်ခါသွားခဲ့၏။ သူ၏ အစွမ်းထက်သော ခန္ဓာစွမ်းအားမှာ လုံးဝ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ၏ သူတော်စင်စွမ်းအားများမှာလည်း မြင့်တက်လာခဲ့ပြီး သူ၏ လက်မောင်းတစ်လျှောက် ပေါက်ကွဲထွက်သွားတော့သည်။

သူကလည်း လက်သီးတစ်ချက် ထိုးလိုက်ခြင်းသည်။

လုမင်က ဤလက်သီးတွင် သေခြင်းနိယာမ၊ ဝါးမျိုခြင်းနိယာမနှင့် အစီရင်နိယာမတို့ကို အသုံးပြုထား၏။

လက်သီးနှစ်လုံးက ပြင်းထန်စွာ တိုက်မိသွားခဲ့ကြသည်။

တိုက်ပွဲစင်မြင့်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုက အရပ်မျက်နှာအနှံ့သို့ ဖြာထွက်လာတော့သည်။

အနီးနားရှိ လူငယ်အချို့မှာ ထိုစွမ်းအင်လှိုင်း၏ ရိုက်ခတ်ခြင်းကို ခံလိုက်ကြရသည်။ သူတို့က သွေးအန်ကာ တိုက်ပွဲစင်မြင့်အောက်သို့ လွင့်စင်သွားခဲ့ရတော့သည်။

သန်မာသော ပါရမီရှင်အချို့၏ အမူအရာများလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့က ထိုစွမ်းအင်လှိုင်းများကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ကြ၏။

လုမင်နှင့် ယွမ်ရှင်းတို့ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ တုန်ရီသွားခဲ့ကြသည်။

ပထမဆုံး တိုက်ကွက်က အနိုင်အရှုံးကို မဆုံးဖြတ်နိုင်ခဲ့ချေ။

"မင်းမှာ စွမ်းအားအချို့ ရှိတာပဲ။ ဒါဆိုရင် မင်းက တိုက်ကွက် ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ယွမ်ရှင်းက လုမင်ကို တွန်းထုတ်နိုင်ခြင်း မရှိခဲ့သော်လည်း သူ့အမူအရာ ပြောင်းလဲခြင်း မရှိခဲ့ချေ။ ကစဉ့်ကလျား နိယာမမှာ သူ့ခန္ဓာကိုယ်မှ ပြန့်နှံ့သွားခဲ့သည်။ သူ့အရှိန်အဝါကို ပိုမို အားကောင်းလာ၏။

"ဝုန်း... ဝုန်း..."

ယွမ်ရှင်းက လက်သီးဖြင့် လုမင်ကို ဆက်လက်ထိုးနှက်လိုက်သည်။ လက်သီးစွမ်းအားများက ဥက္ကာခဲများကဲ့သို့ လုမင်ထံသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

"သေခြင်းရဲ့မျက်လုံး"

လုမင်၏ မျက်လုံးများထဲတွင် အလင်းရောင်များ ပြည့်နှက်သွားခဲ့သည်။ အလင်းရောင်ခြည်များသည် လက်နက်များကဲ့သို့ ပစ်လွှတ်သွားခဲ့ပြီး ယွမ်ရှင်း၏ လက်သီးအင်အားကို ခုတ်ပိုင်းလိုက်၏။

ဤအလင်းရောင်ခြည်များတွင် သေခြင်းနိယာမသာ ပါဝင်သည်မဟုတ်ဘဲ အခြားသော နိယာမများလည်း ပါဝင်နေခဲ့သည်။

သူတို့နှစ်ဦးစလုံး ပြင်းထန်သော တိုက်ပွဲတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့က တိုက်ကွက်ပေါင်း ဒါဇင်ပေါင်းများစွာကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီ ဖြစ်သည်။ သို့တိုင်၊ အနိုင်အရှုံးကို ဆုံးဖြတ်ရန် ခက်ခဲနေသေးသည်။

'ယွမ်ရှင်းက တကယ် သန်မာတာပဲ'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ယခုအခါ၊ သူက နိယာမ သုံးမျိုးကို ပေါင်းစပ်ထားပြီးပြီ။ သေခြင်းနိယာမနှင့် ဝါးမျိုခြင်းနိယာမတို့ကို သူ တတ်မြောက်ထားမှုမှာ ကန့်သတ်ချက်သို့ မရောက်ရှိသေးသော်လည်း... သူ၏ ဝိညာဉ်ခန္ဓာနှင့် သူတော်စင်စွမ်းအင်တို့အပြင် နိယာမသုံးမျိုး ပေါက်ကွဲထွက်ပေါ်လာသည့် အချိန်တွင်မူ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းသည်။ သို့သော်လည်း ယွမ်ရှင်းကို ယှဉ်ပြိုင်ရန်မူ ခက်ခဲနေသေးသည်။

ယွမ်ရှင်း၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာမှာလည်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် သန်မာသည်ကို သူ သတိပြုမိလိုက်သည်။ ၎င်းက သူ၏ခန္ဓာကိုယ်ထက် များစွာ အားနည်းခြင်း မရှိချေ။

သို့သော်လည်း လုမင်တွင် ကစဉ့်ကလျားနိယာမ ရှိနေခဲ့သေးသည်။

ကစဉ့်ကလျားနိယာမမှာ ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ပြည့်စုံပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ကစဉ့်ကလျားနိယာမကို အသုံးပြုပြီး ၎င်းကို သေခြင်းနိယာမနှင့် ပေါင်းစပ်လိုက်ပါက အသန်မာဆုံးနိယာမ နှစ်ခု၏ ပေါင်းစပ်မှုစွမ်းအားမှာ မိုးထိအောင် ထိုးတက်သွားလိမ့်မည်။

သို့သော်လည်း ယခုအချိန်မှာ ၎င်းကို ထုတ်ဖော်ပြသရမည့် အချိန်မဟုတ်သေးချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က တိုက်ကွက်အနည်းငယ် ထပ်မံရင်ဆိုင်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးက အပြန်အလှန် တိုက်ခိုက်လိုက်ကြပြီး နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်ခွာသွားခဲ့ကြ၏။

"မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အမှန်တကယ် သန်မာပါတယ်။ ကံမကောင်းချင်တော့ မင်းရဲ့ ကျင့်ကြံခြင်း အခြေခံက သိပ်ကို အားနည်းလွန်းတယ်။ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

ဤအခိုက်တွင်၊ ယွမ်ရှင်း၏ မျက်လုံးများမှာ အလင်း

ရောင်ဖျော့ဖျော့တစ်ခု ယှက်သန်းသွားခဲ့သည်။

"ဝုန်း"

သူ့ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။ ထိုအရှိန်အဝါက အကန့်အသတ်မဲ့ ကျယ်ပြောပြီး ပင်လယ်လှိုင်းလုံးကြီးများသဖွယ် ကောင်းကင်ယံကို ထိုးတက်သွားတော့သည်။

All Chapters