← Chapters

လန့်စရာပဲ၊ မင်းသားက ကြမ်းပြင်ပေါ်မှာ တွားသွားနေရတယ် (၂)

Vol. 5 Ch. 66

လန့်စရာပဲ၊ မင်းသားက ကြမ်းပြင်ပေါ်မှာ တွားသွားနေရတယ် (၂)

Vol. 5 Ch. 66

[ဒီနေရာကို မြတ်စွာဘုရားများ ကြွချီတော်မူခဲ့လို့လား၊ သူတို့တွေက ဘုရားရုပ်ပွားတော်တွေပေါ်က ရွှေဆိုင်းတွေကို လိုက်ခြစ်ပြီး အိတ်ကပ်ထဲ ထည့်နေကြတာလား]

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာရင်းစစ်ချုပ်ကြီးသည် ထိုအတွေးကို ကြားလိုက်ရသောအခါ အနောက်သို့ လှည့်၍ ရှုရန်မြောင်၏ ရှေ့မှောက်၌ ဒူးထောက်ကာ ဆရာတင် ပူဇော်ချင်စိတ်များ တားမနိုင်ဆီးမရ ပေါ်ပေါက် လာခဲ့ရတော့သည်။

တစ်ဖက်တွင်မူ အခွန်ဘဏ္ဍာရေး ဝန်ကြီးဌာနထဲက ဘယ်လက်ရုံး ဒုတိယဝန်ကြီးသည် ယခုကဲ့သို့သော အခြေအနေမျိုးတွင် မိမိအနေဖြင့် လုံးဝ မရယ်မောသင့်မှန်း ကောင်းကောင်းကြီး သိရှိထားပေသည်။ ရှုရန်မြောင်၏ စူးရှလှသော “ဒူးထောက်တောင်းပန်ခြင်း” ဆိုသည့် ဝေဖန်ချက်မှာ တကယ့်ကို ရက်စက်လွန်းလှသည်ကိုလည်း သူ နားလည်ပါ၏။ သို့သော် မိမိကဲ့သို့ပင် ဘေးဒုက္ခဆိုးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်နေရရှာသော ဘေးနားက သားကောင်ဖြစ်သူ စာရင်းစစ်ချုပ်ကြီးတစ်ယောက် ရှုရန်မြောင်၏ မညှာမတာ ဖွင့်ချမှုများကြောင့် တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေရသည့် ပုံစံကို မြင်တွေ့လိုက်ရသောအခါ သူသည် ဘယ်လိုမှ အောင့်အီးမထားနိုင်တော့ဘဲ ဗြုန်းခနဲ ရယ်မောမိသွားတော့သည်။

“ဖူးးး”

သူ တောင်းပန်ချင်ပါသည်။ သို့သော် မိမိထက် ပိုမို၍ အခြေအနေ ဆိုးရွားနေသူတစ်ဦးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းကပင် သူ၏ ရင်ထဲ၌ ထူးဆန်းလှသော စိတ်ပိုင်းဆိုင်ရာ မျှတမှုကို ရရှိသွားစေခဲ့ခြင်း ဖြစ်ပေသည်။

[လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဟယ်နန် ပြည်နယ်ရဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စောင့်ကြည့်စစ်ဆေးဖို့ စေလွှတ်ခြင်းခံခဲ့ရတဲ့ အထူးစုံစမ်းရေးအရာရှိ တစ်ဆယ့်ရှစ်ယောက်ကကော ဘာတွေ ထိုင်လုပ်နေခဲ့ကြလို့လဲ၊ အဲဒီဒေသက သိုလှောင်ရုံ အရာရှိတွေက ရိက္ခာအလေးချိန် တိုးလာအောင်ဆိုပြီး စပါးတွေနဲ့ ပဲတီစိမ်းတွေထဲကို ရေတွေ အတင်းလိုက်လောင်းထည့်ခဲ့ကြတာ၊ ရာသီဥတု ပူပြင်းလာတဲ့ အခါကျတော့ အဲဒီ ရိက္ခာနှံစားကုန်တွေအားလုံးက စိုစွတ်အိုက်စပ်တဲ့ အပူရှိန်ကြောင့် လုံးဝ ပုပ်သိုး ပျက်စီး သွားခဲ့ရတာပေါ့]

[ရိက္ခာ ပမာဏ ခုနစ်သန်းတောင် အလဟဿ ပုပ်သိုးသွားခဲ့တာ၊ ဒေသခံအရာရှိတွေကလဲ အထက်က သိသွားမှာကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ကြတာကြောင့် အဲဒီရိက္ခာတွေအားလုံးကို မြေကြီးထဲ အစအန ဖျောက်ပြီး တူးမြှုပ်ပစ်ခဲ့ကြတာ]

[ခုနစ်သန်းတောင် နှမြောစရာကြီး ဖြုန်းတီးပစ်ခဲ့ကြတာပေါ့]

ထိုအတွေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကပ်ဘေးကယ်ဆယ်ရေးကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိ ခဲ့ကြသော အထူးစုံစမ်းရေးအရာရှိ တစ်ဆယ့်ရှစ်ဦးစလုံးမှာ တစ်ကိုယ်လုံး ချွေးပြန်လာခဲ့ကြရပြီး မြေပြင်ပေါ်သို့ ပြာပြာသလဲ ဒူးထောက်ချလိုက်ကြတော့သည်။

[အာ၊ အဲ့ဒီ့ ရွှယ်ယွမ်ကျီဆိုတဲ့ကောင်ကလည်း ရှိသေးတယ်ဗျ။ ဧကရာဇ်က သူ့ကို ကပ်ဘေးသင့် ပြည်သူတွေကို သွားရောက်နှစ်သိမ့်အားပေးဖို့ လွှတ်လိုက်တာကို၊ တရားရေးဝန်ကြီးဌာနက ဒီရာဇဝတ် အရာရှိယုတ်က သူကိုယ်တိုင် သွားရမှာ ပျင်းလို့ ဆိုပြီး သေဒဏ်ကျအကျဉ်းသားတွေကို သူ၏ အဝတ်အစားတွေ လဲဝတ်ခိုင်းပြီး သူ့ကိုယ်စား အလုပ်လုပ်ခိုင်းခဲ့တာ၊ သူကိုယ်တိုင်ကတော့ ဘေးနားမှာ အေးအေးလူလူ အပျော်အပါး လိုက်စား နေခဲ့တာပေါ့]

တရားရေးဝန်ကြီးဌာနမှ ထိုအရာရှိကြီး၏ မျက်နှာမှာ ချက်ချင်းပင် စာရွက်ဖြူကဲ့သို့ ဖြူလျော်သွားခဲ့ရတော့သည်။

[ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ကြီးချန်ကလဲ တကယ့်ကို အံ့မခန်းပဲဗျာ၊ လာဘ်ငွေတွေကို အဝအပြဲ လက်ခံရရှိပြီးတဲ့နောက် သူက ဧကရာဇ်ဆီကို သွားပြီး ဟယ်နန်ပြည်နယ်မှာ မိုးခေါင်ရေရှားမှုတင်မကဘဲ ကျိုင်းကောင် ကပ်ဘေးပါ ထပ်မံကျရောက်နေပါတယ်လို့ ဗြောင်လိမ်လျှောက်တင်ခဲ့တာ၊ အဲဒီလို လိမ်လည် ပြီးတော့ ကပ်ဘေး ကယ်ဆယ်ရေး ရန်ပုံငွေ အမြောက်အမြားကို ကြားကနေ မတရား လိမ်လည် မောင်ပိုင်စီး ခဲ့တာပေါ့]

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဝန်ကြီးသည် ထိုစကားကို ကြားလိုက်ရသောအခါ ခြေဖျားလက်ဖျားများ အေးစက် လာခဲ့ရပြီး တစ်ကိုယ်လုံး ဒယိုင်ဒယိုင်ဖြင့် တုန်ရီသွားခဲ့ရတော့သည်။

“အား…”

“သွားပါပြီ… သွားပါပြီ…”

တစ်ဖက်တွင်မူ ရှုရန်မြောင်သည် အရာရှိတန်း၏ အနောက်ဘက် အဝေးကြီးမှာ ရပ်နေခဲ့ခြင်းဖြစ်သဖြင့် ရှေ့တန်း၌ မည်သို့သော ကမောက်ကမ ဖြစ်ရပ်များ ပေါက်ကွဲဖြစ်ပျက်နေသလဲဆိုတာကို မျက်စိဖြင့်လည်း သေသေချာချာ မမြင်ရသလို နားဖြင့်လည်း ရှင်းရှင်းလင်းလင်း မကြားရရှာချေ။ သူသည် မိမိကိုယ်မိမိ ဘေးကင်းအောင် အတတ်နိုင်ဆုံး လူမသိသူမသိ ပုန်းအောင်းနေဖို့သာ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်ပြီး သူ၏ အာရုံအားလုံးကို စနစ် မျက်နှာပြင်ပေါ်ရှိ အတင်းအဖျင်း မှတ်တမ်းများကို လှန်လှောဖတ်ရှုခြင်းဆီသို့သာ စူးစိုက် နှစ်မြှုပ် ထားမိတော့သည်။

ရှုရန်မြောင်က သူ၏ စနစ်မျက်နှာပြင်ကို ကြည့်ပြီး တကယ့်ကို စိတ်ဝင်တစားဖြင့် အပန်းဖြေ ဖျော်ဖြေမှု ရရှိနေခဲ့ သော်လည်း ညီလာခံခန်းမအတွင်း ရှိနေကြသော နန်းတွင်းအရာရှိကြီး စုစုပေါင်း ၁,၁၈၈ ဦးစလုံးမှာမူ တစ်ကိုယ်လုံး ချွေးစေးများ တရဟော စီးကျလျက် သွေးပျက်မတတ် ဖြစ်နေကြရရှာသည်။ သူတို့သည် ရှုရန်မြောင်၏ စိတ်တွင်း ရေရွတ်သံ သံပြိုင်ကြီးကို ကြားလိုက်ရတိုင်း ထိုအသံထဲတွင် ထွက်ပေါ်လာမည့် အမည်မှာ မိမိ၏ အမည်နာမ လုံးဝ မဖြစ်ပါစေနှင့် ဟူ၍သာ ရင်တထိတ်ထိတ်ဖြင့် ပြာပြာသလဲ ဆုတောင်းနေကြမိတော့သည်။ ထွက်ပေါ်လာသော အမည်မှာ မိမိ မဟုတ်မှန်း သေချာသွားသည့် အခိုက်အတန့်ကျမှသာ သူတို့သည် စိတ်သက်သာရာရလွန်းသဖြင့် ခြေဖျားလက်ဖျားများပင် မခိုင်တော့ဘဲ လဲကျလုနီးပါး ဖြစ်သွားခဲ့ကြရ၏။ သို့သော် နောက်ထပ် အမည်အသစ် တစ်ခုကို ရှုရန်မြောင်က စိတ်ထဲကနေ ထပ်မံ၍ ရွတ်ဆိုလိုက်ပြန်သည်နှင့် တပြိုင်နက် သူတို့၏ ရင်တွင်းက စိုးရိမ်ပူပန်မှု သောကလှိုင်းကြီးမှာ ယခင်ကထက်ပင် ပိုမိုပြင်းထန်စွာဖြင့် ပြန်လည်ပေါက်ကွဲ တက်လာခဲ့ပြန်သဖြင့် သူတို့အားလုံးမှာ ဓားစာခံ ဖြစ်တော့မည့်အလား တစ်ကိုယ်လုံး တုန်ရီလျက် ထိတ်လန့်ကြောက်ရွံ့ နေကြရတော့သည်။

တစ်ယောက်ပြီး တစ်ယောက် သူတို့၏ မျက်နှာများမှာ အကြောက်လွန်ကာ သွေးဆုတ်ဖြူလျော်လို့ သွားခဲ့ရချေပြီ။

ဤမြင်ကွင်းကြီးမှာ တကယ့်ကို ယမမင်းက ငရဲသားစာရင်းကို ကြည့်ပြီး တစ်ဦးချင်းစီရဲ့ နာမည်တွေကို လိုက်လံ ခေါ်ဆိုနေသည့်အလား ထင်မှတ်ရပေသည်။

[အာ။ တရားရေးရာ ဝန်ကြီးချုပ်ကြီးကလဲ ပါသေးတယ်]

ထိုအတွေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အခြားသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးချုပ်ကြီးများ အားလုံးသည် တရားရေးရာ ဝန်ကြီးချုပ်ကြီးထံသို့ မျက်လုံးအဝိုင်းသားဖြင့် ဝိုင်းအုံ၍ စူးစိုက်ကြည့် လိုက်ကြတော့သည်။ သူတို့၏ မျက်နှာအမူအရာများမှာ တကယ့်ကို ရိုးသားဖြောင့်မတ်စွာ စာကြိုးစားထားသော ကျောင်းသားကြီးများက မိမိတို့၏ အတန်းဖော်တစ်ဦး စာမေးပွဲခန်းထဲ၌ မတရား ခိုးချနေသည်ကို အမိဖမ်းမိ သွားသည့်အလား ဖြစ်နေတော့သည်။

*ဘာလဲ… မင်းပါ ဤအမှုထဲမှာ ဝင်ပြီး ပတ်သက်နေတာလား၊ မင်း ဘာတွေကို တွေးနေခဲ့လို့ ဒီလောက်အထိ မိုက်မဲရတာလဲ*

တရားရေးရာ ဝန်ကြီးချုပ်ကြီးမှာမူ လုံးဝ ဆွံ့အမှင်တက်သွားရတော့သည်။

*နေပါဦး … ငါ တကယ်ပဲ တစ်ခုခုကို ကြားကနေ ခိုးယူကျူးလွန်မိခဲ့လို့လား*

သူသည် မိမိ၏ ဦးနှောက်ကို အစွမ်းကုန် ညှစ်ထုတ်ပြီး စဉ်းစားသော်လည်း မည်သည့် ပြစ်မှုဒုစရိုက်ကိုမျှ ရေရေရာရာ ပြန်လည်မတွေးတောမိချေ။ ဤအချက်ကပင် အခြေအနေကို ယခင်ကထက် ပိုမို၍ ထိတ်လန့် တုန်လှုပ်စရာ ကောင်းသွားစေတော့သည်။ မိမိအနေဖြင့် မရည်ရွယ်ဘဲ တစ်ခုခုကို မှားယွင်းကျူးလွန်မိခဲ့တာလား။ သို့မဟုတ် မိမိ၏ ဆွေမျိုးသားချင်းများ၊ သားသမီးများထဲမှ တစ်ဦးဦးက မိမိ၏ နာမည်အရှိန်အဝါကို အလွဲသုံးစား လုပ်ပြီး ကွယ်ရာမှာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတာလား။

ဧကရာဇ်၏ စူးရှလှသော 'မင်းပါ ဤအမှုထဲမှာ ပါဝင်ပတ်သက်နေတာလား' ဆိုသည့် စူးစိုက်ကြည့်ရှုမှုအောက်တွင် တရားရေးရာ ဝန်ကြီးချုပ်ကြီးသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာခဲ့ရပြီး မြေပြင်ပေါ်သို့ ကမန်းကတန်း ဒူးထောက်ချလိုက်တော့သည်။

“အရှင်မင်းကြီး”

သူ၏ လေသံမှာ ဆို့နင့်ရှိုက်ကြီးတငင် ဖြစ်နေခဲ့ရပြီး မျက်နှာတစ်ခုလုံးလည်း အပြစ်မကင်းစိတ်များဖြင့် ပြည့်နှက် နေရှာသည်။

“ကျွန်တော်မျိုး… ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ သနားကရုဏာတော်တွေကို စောင့်ထိန်းဖို့ တာဝန် ပျက်ကွက်ခဲ့ပါတယ် ဘုရား”

[ဟားဟားဟား၊ သူက ရှေးဟောင်းကျမ်းစာတစ်အုပ်ထဲမှာ ဂျုံက အဆိပ်အတောက် ဖြစ်စေတတ်တယ်လို့ ဖတ်ခဲ့ဖူးတာ၊ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ခေါက်ဆွဲစားရတာကို အသေအလဲ စွဲလန်းနှစ်သက်နေပြန်ရော၊ အဲဒါကြောင့်မို့လို့ သူက ခေါက်ဆွဲတွေကို ပြုတ်ပြီးတဲ့အခါတိုင်း အိတ်ထဲကို အတင်းထည့် ပြီးတော့ လေထဲမှာ အခြောက်လှန်း၊ အဲဒီနောက်မှ ရေအေးနဲ့ သုံးလေးကြိမ်လောက် သေသေချာချာ ဆေးကြောပြီးမှ စားတတ်တာတဲ့၊ ဟားဟားဟား၊ ဘယ်သူကများ ခေါက်ဆွဲကို အဲဒီလိုပုံစံနဲ့ စားနေလို့လဲ]

ဧကရာဇ်မင်းကြီး: “…”

တရားရေးရာ ဝန်ကြီးချုပ်ကြီး: “…”

အခြားသော ဝန်ကြီးချုပ်ကြီးများ: “…”

နန်းတွင်းအရာရှိအားလုံး: “…”

*ဘာလို့လဲ၊ ဘာဖြစ်လို့များ တကယ့်ကို အရေးကြီးပြီး တည်ကြည်လှတဲ့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးကြီး ပြုလုပ်နေတဲ့ အချိန်မျိုးမှာမှ လူတစ်ယောက်က ဒီလောက် အဓိပ္ပာယ်မရှိ ကလေးကလားဆန်လှတဲ့ အကြောင်း အရာတွေကိုပါ တစ်ပြိုင်နက်တည်း တွေးတောပြီး အလုပ်နှစ်ခု တစ်ပြိုင်တည်းလုပ် နိုင်နေရတာလဲ*

တရားရေးရာ ဝန်ကြီးချုပ်ကြီးမှာမူ တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်လို့ နေခဲ့ချေပြီ။ သူသည် တံတွေးကို ဂလုခနဲ ခြောက်ကပ်စွာ မျိုချလိုက်မိပြီးနောက်၊မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျယ်လောင်စွာ လဲကျသွားခဲ့ရပြီး နှလုံးတုန်တုန်ဖြင့် မှင်တက်စွာ ထိုင်နေမိတော့သည်။ သူ၏ ထူထဲလှသော ဝတ်ရုံကြီးကို ဖြတ်သန်းလျက် နဖူးပြင်ထက်မှ စီးကျ လာသော ချွေးစက်များမှာ ကြမ်းပြင်ပေါ်သို့ တောက်ခနဲ တောက်ခနဲ ကျရောက်နေခဲ့ပြီး သူ၏ ပြင်းထန်လှသော အသက်ရှူသံများမှာလည်း ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်နေခဲ့ရရှာသည်။

*သီသီလေး၊ တကယ့်ကို သီသီလေးတင် လွတ်သွားခဲ့တာပဲ*

လွန်ခဲ့တဲ့ တစ်မိနစ်တုန်းကဆိုရင် သူ၏ ဆွေမျိုးခုနစ်ဆက် မိသားစုတစ်စုလုံး ချက်ချင်း အနိစ္စရောက်ပြီး ပျက်စီးခြင်းသို့ ရောက်လုနီးပါးအထိ ဘေးဒုက္ခဆိုးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ မဟုတ်ပါလား။

ကျင်းမင်းသား၏ အိမ်တော်အတွင်း၌မူ။

ကျင်းမင်းသားသည် ဧကရာဇ်နှင့် မိခင်တစ်ဦးတည်းမှ မွေးဖွားလာခဲ့သော အမေတူ အဖေကွဲ ညီအစ်ကို ဖြစ်ပြီး အတိတ်တုန်းက စစ်ပွဲတစ်ခုအတွင်း၌ ဧကရာဇ်၏ ရှေ့မှနေ၍ မြှားဒဏ်ရာကို အသက်နှင့်လဲကာ ကာကွယ် ပေးခဲ့ဖူးသူ ဖြစ်၏။ အဆိုပါ မြှားဒဏ်ရာကြောင့်ပင် သူသည် ခါးအောက်ပိုင်း တစ်ကိုယ်လုံး သေသွားခဲ့ရပြီး လေဖြတ်ဝေဒနာကို ခံစားခဲ့ရသည်။

ဧကရာဇ်သည် သူ၏ ချို့တဲ့လှသော ကျန်းမာရေးအခြေအနေအပေါ် ကရုဏာသက်ညှာသောအားဖြင့် ထူးခြားချက်တစ်ရပ်အနေဖြင့် သူ့အား မိမိ၏ ကိုယ်ပိုင်အပိုင်စားနယ်မြေ ဆီသို့ သွားရောက်အခြေချနေထိုင်စေခြင်း မပြုဘဲ မြို့တော်၌ပင် ဆက်လက်နေထိုင်ခွင့် ပြုထားခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း ကျင်းမင်းသားသည် ယခုအခါတွင် အသက်သုံးဆယ်ကျော် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ သူ၏ အပိုင်စားနယ်မြေများဆီသို့ သွားရောက်ရန် မြို့တော်မှနေ၍ ထွက်ခွာသွားခြင်း လုံးဝ မရှိသေးချေ။

မနေ့က ကျင်းမင်းသားနှင့် သူ၏ ကြင်ယာတော် မင်းသမီးအသစ်တို့၏ မင်္ဂလာပွဲကြီး ကျင်းပပြုလုပ်ခဲ့သည့် နေ့ရက်ပင် ဖြစ်ပေတော့သည်။

“အပြင်မှာ ဘာတွေဖြစ်လို့ ဒီလောက်တောင် ဆူညံပွက်လောရိုက်နေရတာလဲ”

မင်းသားသည် အိပ်ရာပေါ်တွင် ထထိုင်လိုက်ရင်း သူ၏ အိမ်တော်ထိန်းကြီးကို လှမ်းမေးလိုက်သည်။

အိမ်တော်ထိန်းကြီးက ပြန်လည်လျှောက်တင်၏။

“အရှင်မင်းသား … ကျင်းယီဝေက လူတွေ နေရာအနှံ့မှာ လိုက်လံ ဖမ်းဆီးနေကြတာပါ ဘုရား၊ နန်းတွင်းသုံး ရိက္ခာကုန်တွေကို ကြားကနေ မတရား ခိုးယူမောင်ပိုင်စီးခဲ့ကြတဲ့ အရာရှိကြီးတွေလို့ သိရပါတယ်၊ ကြားသိရသလောက်တော့ ဒီနေ့ ညီလာခံအစည်းအဝေးအတွင်းမှာတင် လူအတော်များများ ချက်ချင်း ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံလိုက်ရတာပါ၊ အဲဒီထဲမှာ အခွန်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ရန်ချန်၊ စာရင်းစစ်ချုပ်ကြီး ဝူရှန်မင်နဲ့ တရားရေးရာ ဝန်ကြီးဌာနက အရာရှိ ရွှယ်ယွမ်ကျီတို့အပြင် အခြားသူတွေလည်း အများကြီး ပါဝင်နေပါတယ်”

ကျင်းမင်းသား၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ခက်ထန်တည်ကြည်သွားခဲ့ရတော့သည်။

“ငါ့ရဲ့ ဝှီးချဲကို ယခုချက်ချင်း ယူဆောင်လာခဲ့စမ်း၊ ငါ ငါ့ရဲ့ နောင်တော်ကြီးကို သွားပြီး တွေ့ရမယ်”

“အရှင်မင်းသား…”

“မြန်မြန်လုပ်စမ်း”

အိမ်တော်ထိန်းကြီးသည် အခန်းထောင့်မှ ဝှီးချဲကို ကမန်းကတန်း သွားရောက်ယူဆောင်လာခဲ့ပြီး မင်းသားအား မျက်နှာတစ်ဝက်ဖုံး မျက်နှာဖုံးကို တပ်ဆင်ရန် ကူညီပေးလိုက်တော့သည်။ အတိတ်က ဒဏ်ရာကြောင့် သူ၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ရသဖြင့် သူတစ်ပါးကို ထိတ်လန့်ကြောက်ရွံ့ခြင်း မဖြစ်စေရန်အတွက် ဤမျက်နှာဖုံးကို အမြဲတမ်း ဝတ်ဆင်ထားလေ့ ရှိခြင်း ဖြစ်ပေသည်။ ထို့နောက်တွင်မှ မင်းသားကို နန်းတော်တံခါးဝ ဆီသို့ လိုက်ပါပို့ဆောင်ရန်အတွက် ကိုယ်ရံတော်အချို့ကို ဆင့်ခေါ်လိုက်တော့သည်။

မင်းသား ထွက်ခွာသွားပြီးနောက်တွင်မူ ကြင်ယာတော် မင်းသမီးအသစ်က အိမ်တော်ထိန်းကြီးအား လှမ်းမေး လိုက်သည်။

“ဘာဖြစ်လို့ အရှင်မင်းသားက ဒီနေ့မနက် အစောကြီးမှာတင် ဒီလောက် အလောတကြီး ထွက်သွားရတာလဲ”

အိမ်တော်ထိန်းကြီးက ပြန်လည်ဖြေကြား၏။

“အရှင်မင်းသားက ညီလာခံအစည်းအဝေးဆီသို့ သွားရောက်ဖို့အတွက် နန်းတော်ထဲကို ကြွချီသွားတာပါ”

“တကယ့်ကို ထူးဆန်းတာပဲ၊ အရှင်မင်းသားက ပုံမှန်ဆိုရင် ဘယ်သောအခါမှ ညီလာခံကို မတက်ရောက်ဖူးပါဘူး”

ကြင်ယာတော်မင်းသမီးသည် ဇဝေဇဝါ ဖြစ်သွားခဲ့သော်လည်း ထိုအကြောင်းအရာကို ဘေးဖယ်ထားလိုက်ရင်းက ပြန်လည် အမိန့်ပေးလိုက်သည်။

“မနေ့တုန်းက လာရောက်ဂုဏ်ပြုကြတဲ့ ဧည့်သည်တော်တွေရဲ့ လက်ဆောင်စာရင်းကို ငါ့ဆီ ယူဆောင်လာခဲ့ပါ၊ မနေ့က အရာရှိကြီးတွေအားလုံး လာပြီး ဂုဏ်ပြုခဲ့ကြတာဆိုတော့ သူတို့ဆီကို လက်ဆောင်တွေ ဘယ်လိုမျိုး အပြန်အလှန် ပြန်လည်ပေးအပ်ရမလဲဆိုတာ ငါ သေသေချာချာ စစ်ဆေးကြည့်ရမယ်”

နန်းတော်တံခါးဝသို့ ရောက်ရှိလာသည့် အချိန်တွင်မူ ကျင်းမင်းသား၏ မျက်နှာအမူအရာမှာ ယခင်ကထက်ပင် ပိုမို၍ တည်ကြည်လို့ နေခဲ့ပြီ ဖြစ်၏။

*နောင်တော်၊ ကျွန်တော်မျိုး နောင်တော်ရဲ့ ရင်ထဲက စိုးရိမ်ပူပန်မှုတွေကို ကောင်းကောင်းကြီး နားလည်ပါတယ်၊ ကျွန်တော်မျိုး အသက်သုံးဆယ် ဖြစ်နေတာတောင်မှ ကျွန်တော်မျိုးကို မြို့တော်မှာပဲ ဇွတ်အတင်း ဆွဲထားခဲ့တာပဲ မဟုတ်လား*

*နှစ်ပေါင်းများစွာ ကြာတာတောင် ကျွန်တော်မျိုး အိမ်ထောင်ပြုဖို့ လုံးဝ မဝံ့ရဲခဲ့ပါဘူး၊ ဒါပေမဲ့ အခုတော့ ကျွန်တော်မျိုးလည်း အသက်ကြီးရင့်လာပြီ ဖြစ်သလို မျိုးဆက်ကိုလည်း ဆက်ခံဖို့ လိုအပ်လာပြီ၊ နောင်တော်ရဲ့ သံသယစိတ်တွေကို လျှော့ချပေးနိုင်ဖို့အတွက် ကျွန်တော်မျိုး ဘာအာဏာအရှိန်အဝါမျှမရှိတဲ့ အောက်ခြေအရာရှိ ငယ်လေးတစ်ဦးရဲ့ သမီးကိုပဲ ဇနီးအဖြစ် တမင်သက်သက် ရွေးချယ်ပြီး လက်ထပ်ခဲ့တာပါ၊ ဒါတောင်မှပဲ…*

*ကျွန်တော်မျိုး ကောင်းကောင်းကြီး သိပါတယ်၊ ကျွန်တော်မျိုးရဲ့ မင်္ဂလာပွဲကြီး ပြီးမြောက်ပြီးတဲ့ ဒုတိယမြောက် နေ့မှာတင် ဒီလို ကြီးမားလှတဲ့ နန်းတွင်းအရှုပ်တော်ပုံကြီးကို ဗြောင်ကျကျ ဖွင့်ချလိုက်တာဟာ ကျွန်တော်မျိုးကို သတိပေးလိုက်တဲ့ နောင်တော်ကြီးရဲ့ နည်းလမ်းတစ်ခုဆိုတာ*

*အခွန်ဘဏ္ဍာရေး ဒုတိယဝန်ကြီး၊ စာရင်းစစ်ချုပ်ကြီးနဲ့ တရားရေးရာ ဝန်ကြီးဌာနက အရာရှိတို့အားလုံးက မနေ့က ကျွန်တော်မျိုးရဲ့ မင်္ဂလာဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ကြတဲ့သူတွေ ဖြစ်နေလို့ပဲ*

*ကံကောင်းထောက်မစွာနဲ့ ကျွန်တော်မျိုး ဒီအချက်ကို သတိရမိသွားခဲ့တယ်၊ နောင်တော်က ကျွန်တော်မျိုး သူတို့နဲ့ လျှို့ဝှက်ပူးပေါင်း ကြံစည်နေတယ်လို့ သံသယဝင်ပြီး စိုးရိမ်နေခဲ့တာကိုး*

သူသည် ရင်ထဲက နာကျင်မှုများကြောင့် မျက်ဝန်းအစုံကို မှိတ်ထားမိတော့သည်။

*နောင်တော်ကြီး… ကျွန်တော်မျိုးကို ဘယ်လောက်အထိတောင် ချောင်ပိတ်ပြီး တွန်းပို့ချင်နေရတာလဲ*

နန်းတော် အပြင်ဘက်ရှိ ထည်ဝါခန့်ညားလှသော ကျင်းယီဝေ ကိုယ်ရံတော်များကို စိုက်ကြည့်ရင်း ကျင်းမင်းသားက သူ၏ ကိုယ်ရံတော်များကို အမိန့်ပေးလိုက်တော့သည်။

“ငါ့ကို ဒီနေရာမှာတင် ထားခဲ့ကြတော့၊ မင်းတို့တွေ သွားနိုင်ပြီ”

သူတို့အားလုံး ထွက်ခွာသွားကြပြီးနောက်တွင်မူ မင်းသားသည် သူ၏ ရင်ထဲက ခံစားချက်များကို အံကြိတ်ကာ စိတ်ပိုင်းဖြတ်လိုက်ပြီး သူ၏ ဝှီးချဲကို ဘေးသို့ တွန်းဖယ်လိုက်ရင်းက ကြမ်းပြင်ပေါ်သို့ ဗုန်းခနဲ လဲကျပစ် လိုက်တော့သည်။

သူသည် မိမိကိုယ်မိမိ ဤမျှအထိ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ဗြောင်ကျကျ ပြုလုပ်လိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ကို အသုံးချကာ မြေပြင်ပေါ်တွင် သဲသဲမဲမဲ လျှောက်တွားတော့သည်။ သူ၏ ခါးအောက်ပိုင်း သေနေသော ကိုယ်ထည်ကြီးကို တစ်လက်မချင်းစီ ခက်ခက်ခဲခဲ ဆွဲခေါ်တွားသွားရင်းက သူသည် နန်းတော် အမိုးဆီသို့ ဦးတည်ကာ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးရှာတော့သည်။

“နောင်တော်၊ နောင်တော်ကြီး၊ အခွန်ဘဏ္ဍာရေး ဒုတိယဝန်ကြီးရဲ့ အဂတိလိုက်စားမှုက ကျွန်တော်မျိုးနဲ့ ဘာမှ မသက်ဆိုင်ပါဘူး ဘုရား၊ ကျွန်တော်မျိုး သူနဲ့ ကွယ်ရာမှာ ဘယ်တုန်းကမှ လျှို့ဝှက်အဆက်အသွယ် မလုပ်ခဲ့ပါဘူး ဘုရား၊ ကျွန်တော်မျိုးရဲ့ သစ္စာရှိမှုကတော့ နေ့နဲ့ညလို တကယ့်ကို ရှင်းလင်းထင်ရှားလှပါတယ် ဘုရား၊ နောင်တော်… ကျွန်တော်မျိုးကို ယုံကြည်ပေးပါ”

“နောင်တော်၊ ဒီလောက်ဆို လုံလောက်ပြီလား၊ နောင်တော်၊ ဒီလောက်ဆိုရင် နောင်တော်အတွက် တကယ်ပဲ လုံလောက်ပါပြီလား”

All Chapters