← Chapters

အခန်း (၁၁၈၅-၁၁၈၆)

Vol. 61 Ch. 1185-1186

အခန်း (၁၁၈၅-၁၁၈၆)

Vol. 61 Ch. 1185-1186

အခန်း ၁၁၈၅။ အလကားကျွေးမွေးခဲ့ရခြင်း

မုန့်ကျိဖန် သူ့အသက် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်တာကာလသည် အတော်လေး ကောင်းမွန်ခဲ့သည်ဟု တွေးလိုက်မိသည်။

သူ ကောင်းကင်မှ ပင်လယ်အထိ အရာအားလုံးကို စားသောက်ခဲ့ပြီး ဖြစ်သည်။ လှပသော အမျိုးသမီး အမျိုးမျိုးကိုများကိုလည်း မြင်တွေ့ခဲ့ပြီး ဖြစ်၏။

သူအပြင်ထွက်သောအခါ သူ့သူငယ်ချင်းများနှင့် အတူ ပျော်ပါးခဲ့သည်။ လူတိုင်းက သူ့ကို လေးစားစွာ ဆက်ဆံခဲ့ကြ၏။ သူသည် လွတ်လပ်ပျော်ရွှင်သော ဘဝကို ဖြတ်သန်းခဲ့သည်။ သူ့မိဘများက သူ့ကို ချစ်ခင်မြတ်နိုးခဲ့ပြီး သူ၏ အစ်ကိုများနှင့် ညီများက သူ့ကို ကာကွယ်ခဲ့ကြသည်။ သူ၏ အိမ်ထောင်ကိစ္စ မဆုံးဖြတ်ရသေးသည်မှအပ သူသည် အိမ်ရှေ့စံမင်းသားပင်လျှင် သူ့ကို မယှဉ်နိုင်သော လွတ်လပ်သည့် ဘဝကို ဖြတ်သန်းခဲ့ရသည်။

သူပြန်စဉ်းစားလိုက်သောအခါ တန်ဖိုးထားရန် မည်သည့်အရာမှ မကျန်ရှိတော့သကဲ့သို့ ထင်ရ၏။

မကောင်းပေ။ သူ့အသက်သည် အမှန်ပင် တိုတောင်းလှပြီး သူ့ မိဘများကို စိတ်မကောင်းဖြစ်စေခဲ့သည်။

မုန့်ကျိဖန် နောက်ဆုံးတွင် တစ်နေကုန် သူ့အခန်းထဲ၌ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခဲ့သည်။ ထိုနေ့ပြီးနောက် သူ အခန်းထဲမှ ထွက်လာသောအခါ တစ်ခုခုကို သိမြင်နားလည်သွားသကဲ့သို့ ခံစားရ၏။ သူသည် တာအိုဝတ်ရုံ တစ်ထည်ကို ယူလာပြီး ထိုသို့လုပ်နေစဉ်တွင်ပင် ဝတ်ရုံ၏ ရုပ်ဆိုးပုံကို ညည်းညူနေခဲ့သည်။ သူ ထိုဝတ်ရုံကို လဲဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် သန့်စင်ကာ သူ့ဖခင်နောက်သို့ လိုက်၍ ကြမ္မာဥယျာဉ်သို့ ဦးတည်လျက် မြင်းရထားထဲသို့ ဝင်လိုက်ခဲ့သည်။

ရှဲ့ချောင်သည် မနက်စောစောကပင် ဒုတိယထပ်တွင် ထိုင်၍ ပုံမှန်အတိုင်း မကောင်းဆိုးဝါးဝိဉာဉ် များကို စာရင်းသွင်းနေခဲ့သည်။

အမတ်ကြီးမုန့်သည် ရိုးရိုးဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာထားမှာ လေးနက် နေ၏။ မုန့်ကျိဖန် မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်၏။

ဖခင်နှင့် သား ရောက်ရှိလာသောအခါ ဆိုင်ရှင်ချန်မှာ ကြောက်လန့် တုန်လှုပ်သွားခဲ့ရသည်။

ဒီလူနှစ်ယောက်က ပြဿနာရှာဖို့ ရောက်လာတာများလား? သို့သော် ထိုသို့မဖြစ်နိုင်ပေ၊ အထူးသဖြင့် ဤ သခင်လေးမုန့်သည် မည်သည့်အရာက သူ့ကို ဤသို့ဖြစ်အောင် နှိုးဆွခဲ့သည်ကို မည်သူမျှ မသိချေ။

ဟုတ်ပါသည်။ သခင်လေးမုန့်မှာ အမှန်ပင် ရုပ်ရည်ချောမော၏။ သူဝတ်ဆင်ထားသော တာအိုဝတ်ရုံ

ကိုပဲကြည့်၊ ၎င်းမှာ သိမ်မွေ့သော အသွင်ကို ပေးနေ၏။

အောက်ထပ် တွင် ဆိုင်ရှင်ချန်အပြင် မော့လင်းကျစ်နှင့် မုန့်ယန်တို့ ရှိနေကြ၏။

အဖိုးကြီးမှာ သစ်သားထွင်းထုနေပြီး သူသည် သစ်တော်သီးကြီးတစ်လုံးကို ထွင်းထုနေခြင်း ဖြစ်သည်။ သူ့ဘေးတွင် မုန့်ယန်သည် သူ့ကို အဓိပ္ပာယ်မဲ့စွာကြည့်နေပြီး သူ့ထံမှ သင်ယူနေခဲ့သည်။

“လူကြီးမင်းတို့ နှစ်ယောက်... ဘာကိစ္စရှိလို့ပါလဲ” ဆိုင်ရှင်ချန်က အံ့အားသင့်စွာ မေးခဲ့သည်။

“ဒီနေ့ ကျွန်တော့်ရဲ့ သားကို ဆရာမမော့ဆီကနေ သင်ယူဖို့ ခေါ်လာခဲ့တာပါ... ဆရာမမော့က သူ့ကို လမ်းညွှန်မှုတွေ ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်... ဆရာမ ရှိပါသလား ခင်ဗျာ” အမတ်ကြီးမုန့် က မေးခဲ့သည်။

ဆိုင်ရှင်မှာ မှင်တက်သွားသည်။ “ဆရာမလား။ ဘယ်သူ့ကိုလဲ”

“ကျွန်တော့်သားက ဆရာမမော့ဆီကနေ သင်ယူချင်တာပါ...” အမတ်ကြီးမုန့်က အလျင်အမြန် ပြော၏။

ဆိုင်ရှင်မှာ အံ့အားသင့်သွားသည်။ သူသည် ထိုနေရာတွင်ပင် တောင့်ခဲသွားပြီး သေလုနီးနီး ကြောက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူသည် အတွေ့အကြုံများစွာ ရှိခဲ့သဖြင့် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ “အမတ်ကြီးမုန့်၊ ခင်ဗျား နောက်နေတာလား။ ခင်ဗျားရဲ့ သားက ဆရာ ဆီကနေ သင်ယူချင်တယ်...

“ဪ၊ ကျွန်တော် နားလည်ပါပြီ... ခင်ဗျားက ကျွန်တော့် ဆရာမက သူ့ကို သင်ပေးစေချင်တာလား။ တကယ်ကို ကံမကောင်းတာပါပဲ၊ အမတ်ကြီးမုန့်။ ကျွန်တော့်ဆရာမက သူ့ခန္ဓာကိုယ်က အားနည်း ပြီး သူ့ရဲ့ စွမ်းရည်တွေ က သာမန် ပဲလို့ ပြောပြီးပါပြီ။ တပည့်တွေကို အချိန်ဆွဲတာ မကောင်းပါဘူး။ ခင်ဗျားသာ ပညာကို ဖလှယ်ချင်တယ်ဆိုရင် နန်းတွင်းကျောင်းတော်ကို သွားပြီး ဆရာရှောင်းဒါမှမဟုတ် ဆရာစန်းကို ရှာနိုင်ပါတယ်။ သူမမှာ လောကီကိစ္စတွေ အများကြီး ရှိနေလို့ ဂရုမစိုက်နိုင်ပါဘူး” ဟု ဆိုင်ရှင်ချန်က ချက်ချင်း ပြောလိုက်သည်။

သူသည် ဆရာမမှာ လီရှီးယန်၏ တပည့် ဖြစ်သည်ကို မေ့နေခဲ့သည်ကို သတိရလိုက်သည်။

လွန်ခဲ့သည့် အချိန်အချို့က သူမကို ဆရာတင်ရန် ရောက်လာသူများ ရှိခဲ့သော်လည်း ဆရာမှ သတင်းပျံ့နှံ့စေပြီးနောက် ထိုသူများက ၎င်းသည် မည်မျှ ခက်ခဲသည်ကို သိရှိပြီး ဆုတ်ခွာ သွားခဲ့ကြသည်။

ထို့အပြင် ဆရာမမှာ အမျိုးသမီး တစ်ဦး ဖြစ်နေသည်ကိုး။ ဤခေတ်ကာလတွင် အမျိုးသမီး တစ်ဦးကို ဆရာတင်ချင်သူ နည်းပါး၏။

“ဒါက အထင်မှားမှု ပါ။ အရင်က ဆရာမမော့က ကျွန်တော့်သားဟာ ကပ်ဆိုး နဲ့ ကြုံတွေ့ရမယ်လို့ ပြောခဲ့တာကြောင့် ကျွန်တော် သူ့ကို တမင်တကာ ဒီကို ပို့လိုက်တာပါ။ သူ ဆရာမမော့ဆီကနေ တာအိုပညာကို သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်... အနာဂတ်မှာ သူသာ ဆရာမမော့ရဲ့ ဂိုဏ်းကို ဝင်သွားမယ်ဆိုရင် ကျွန်တော်ရဲ့ မုန့်မိသားစု က ဒီလူကို ဘယ်လို သင်ကြားပေးလဲဆိုတာကို ဘယ်တော့မှ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။” အမတ်ကြီးမုန့်၏ ရင်ထဲတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။

သူ့သားသည် အလကား မွေးခဲ့ရခြင်း ဖြစ်၏။

ဤသည်မှာ သူ့ကို သမက်အဖြစ် ပေးစားခြင်းထက်ပင် ပို၍ ရက်စက်ပေသည်။

တာအိုဆရာများသည် အားလုံး အေးချမ်းပြီး တိတ်ဆိတ် ကြသည်ဟု ပြောကြသည်။ အနာဂတ် တွင် သူ့မိဘအရင်းများနှင့် တွေ့ဆုံသောအခါ ဖခင်နှင့် မိခင်ဟု မခေါ်တော့ဘဲ “ကြင်နာသောလူများ” သို့မဟုတ် “ကျေးဇူးရှင်များ”ဟုသာ ခေါ်တော့မည်... သူမည်သို့သည်းခံနိုင်မည်နည်း။

ဆိုင်ရှင်ချန် သွားရည် မျိုချလိုက်သည်။။

သူ၏ အိုမင်းသောမျက်နှာမှာ အနည်းငယ်ရွေ့ယိုင်သွားပြီး ခဏတာမျှ မည်သို့ ပြန်ဖြေရမည်ကိုမသိတော့ချေ။

သူ့နောက်ကွယ်တွင် မော့လင်းကျစ်သည်လည်း ဆူညံသံကို ကြားခဲ့သည်။ သူ ကန့်လန့်ကာကို လှန်ပြီး ထွက်လာကြည့်သည်။ သူသည် မုန့်ကျိဖန်ကို အပေါ်မှ အောက်အထိ ကြည့်လိုက်ရာ သူ့မျက်လုံးများ အရောင်တောက်လာခဲ့သည်။ "အင်း၊ ဒီကလေးက ရုပ်ချောသားပဲနော်၊ သူက ဖြူစင်ပြီး နူးညံ့တယ်၊ အတော်လေး ချစ်စရာကောင်းတဲ့ပုံပဲ...ဆရာတင်ချင်တယ် မဟုတ်လား။ လာ၊ လာ၊ လာ။ သင့်တော်မသင့်တော်ကို သိဖို့ ငါ မင်းအတွက် ဗေဒင်နည်းနည်း တွက်ချက်ပေးမယ်...”

••••••

အခန်း ၁၁၈၆။ မြေခွေးကောင်

မော့လင်းကျစ်သည် အမှန်တကယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် မုန့်ကျားပေါင်သည် တပည့်အဖြစ် အောင်မြင်စွာ ခန့်အပ်ခံရပါက၊ သူ၏ မြေးတပည့် ဖြစ်လာပေမည်။

သူသည် သူ့မြေးတပည့်ကို ရွေးချယ်ခွင့် ရှိနေသေး၏။

“ဘာ... ဘာများလဲ” အမတ်ကြီးမုန့်၏နှလုံးသားသည် တုန်ယင်သွားပြီး အလျင်အမြန်ပင် မေးမြန်းလိုက်သည်။

“ဒီပုဂ္ဂိုလ်က ဆရာမရဲ့ ဆရာတူအစ်ကိုပါ၊ ပြီးတော့ ရွှေယွဲ့တာအိုဘုရားကျောင်းရဲ့ လက်ရှိ ဆရာတော် မော့လင်းကျစ်ဆိုသူပါ" ဆိုင်ရှင်ချန်က အလျင်အမြန် ပြောဆိုလိုက်သည်။

မော့လင်းကျစ်၏ အကြည့်များမှာ အနည်းငယ် ထူးဆန်းလာ၏။

ဆရာတူအစ်ကိုဟူ၍ ဘာများရှိသနည်း။ သူသည် သူမ၏ ဆရာ၊ တစ်ဝက်တစ်ပျက် ဖခင် ဖြစ်၏။ ထိုကလေးကို သူ ပြုစုပျိုးထောင် ခဲ့ခြင်း ဖြစ်သည်!

“တာအိုဆရာကြီး ဖြစ်နေတာပါလား။ သားရေ၊ မြန်မြန်လုပ်၊ တာအိုဆရာကြီးကို ကြည့်ခိုင်းလိုက်ပါဦး” အမတ်ကြီးမုန့်သည် သူ့ကို ချက်ချင်းပင် တွန်းပို့လိုက်သည်။

မုန့်ကျိဖန်သည် စိတ်ဓာတ်ကျကာ သွက်လက်မှုမရှိဘဲ လမ်းလျှောက်နေသော ရုပ်အလောင်းသဖွယ် ရှိနေ၏။ မော့လင်းကျစ်သည် ဂရုမစိုက်သော်လည်း သူ့ကို သေသေချာချာ စိုက်ကြည့်နေခဲ့၏။ ကြည့်လေလေ၊ ပို၍ပင် ပြင်းထန်လာလေလေ ဖြစ်သည်။ သူ့ လက်ဖဝါးကို ကြည့်ပြီး ၎င်း၏ မွေးဖွားရာ နေ့လများ ကိုပင် တောင်းဆိုခဲ့၏...

တစ်နာရီကြာအောင် အကြိမ်ကြိမ် ကြည့်ရှုစစ်ဆေးပြီးနောက် နောက်ဆုံးတွင် သူသည် မုန့်ကျိဖန်အား တင်းမာသော မျက်နှာဖြင့် စိုက်ကြည့်လိုက်၏။

“ကလေး၊ မင်း အသက်မကြီးသေးပေမဲ့ ကိုယ်ကျင့်တရားဖောက်ဖျက်တဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့တယ် မဟုတ်လား။ မင်းရဲ့ မိသားစုက ကံကောင်းလို့၊ ဘိုးဘွားတွေက သူတို့ရဲ့ ကောင်းမှုကြောင့် ကောင်းချီးပေးခံရလို့ တော်သေးတယ်။ ဒီလိုမှမဟုတ်ရင် မင်းရဲ့အဆုံးသတ်က ကောင်းမှာ မဟုတ်ဘူး...” မော့လင်းကျစ်က မျက်မှောင်ကြုတ်လိုက်သည်။ “မင်းမှာ ကြွယ်ဝချမ်းသာတဲ့ မျက်နှာရှိတယ်။ ပြီးတော့ ပျော်ပျော်ပါးပါးနေတတ်သူလည်း ဖြစ်တယ်။ ကြက်တွေ ခွေးတွေကို ခိုးတယ်၊ ရိုင်းစိုင်းပြီး ဆိုးသွမ်းတယ်။ ဉာဏ်ပညာရှိတယ်ဆိုပေမယ့် မှန်ကန်တဲ့လမ်းကြောင်းပေါ် မရောက်တာကတော့ ဝမ်းနည်းစရာပဲ။ မင်း သုံးနှစ်သားအရွယ်မှာ ကျိန်ဆဲခဲ့တယ်၊ ခုနစ်နှစ်သားအရွယ်မှာ သင်္ချိုင်းတွင်းတူးခဲ့တဲ့ လူမိုက် ဖြစ်တယ်။ မင်းလို လူမိုက်က ဘာဖြစ်လို့ ဆရာတစ်ဦးကို လာပြီး အသိအမှတ်ပြုချင်ရတာလဲ။ ကြိုးယူပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေသင့်တယ်...”

“ခင်ဗျား!” အမတ်ကြီးမုန့်သည် ထရပ်လိုက်ပြီး သူ့ကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်၏။

သူ့သားအကြောင်းကို ဒီလိုစကားမျိုး ဘယ်လိုပြောရဲတာလဲ?

သို့သော်လည်း ကံကောင်းစွာဖြင့် သူ ယနေ့ ဘာလာလုပ်သည်ကို သိထားသောကြောင့် အတင်းအကျပ် ထိန်းချုပ်ထားလိုက်ရ၏။

“ဘာလဲ၊ မင်းကလည်း သူ့ထက် ပိုမကောင်းပါဘူး။ အရာရှိတစ်ဦးက ကောင်းမွန်တဲ့နှလုံးသား ရှိမရှိဆိုတာ ပြောဖို့ခက်တယ်။ မင်းရဲ့ ဘိုးဘွားတွေမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိခဲ့ကြမှာ သေချာတယ် မဟုတ်လား။ မင်းက ဘိုးဘွားတွေရဲ့ ကျန်ရှိနေတဲ့ အကျိုးကျေးဇူးတွေ အားလုံးကို ယူထားတာ။ ကံကောင်းတယ်လို့သာ မှတ်ပါတော့” မော့လင်းကျစ်သည် အမတ်ကြီးမုန့်ကို မျက်လုံးလှန်ကြည့်လိုက်သည်။

ဤအရာရှိက စိတ်ကောင်းမရှိပေ။

သူသည် ပြစ်မှုများ ကျူးလွန် မည့်သူ ဖြစ်၏။

သို့သော်လည်း ထိုသို့သောသူများစွာ ရှိသည်။ သူတို့ကို လူဆိုးဟု မသတ်မှတ်နိုင်ပေ။ ထို့အပြင် ဤပုဂ္ဂိုလ်၏ မျက်နှာတွင် ကံကောင်းခြင်းလည်း ရှိသည်။

အမတ်ကြီးမုန့်၏မျက်နှာသည် သူ့စကားကြောင့် နီရဲသွားသော်လည်း ပြန်လည်ချေပနိုင်ခြင်း မရှိခဲ့ချေ။

သူ့မိသားစု ဘိုးဘွားများသည် အမှန်တကယ်ပင် ထူးချွန်သော အရည်အချင်းများစွာ ရှိခဲ့ကြသည်။ ၎င်းတို့သည် နိုင်ငံတော်အတွက် အကျိုးပြုခဲ့ကြပြီး အနာဂတ်အတွက် ကောင်းမွန်သော ကံကြမ္မာကို ယူဆောင်လာခဲ့သူများလည်း ဖြစ်၏...

“အဘိုး၊ သား ထွင်းထုထားတဲ့ ကြက်ရုပ်ကို ကြည့်ပါဦး” မုန့်ယန်သည် ရုတ်တရက် ပြေးထွက်လာပြီး သူ့လက်ထဲရှိ အရာဝတ္ထုကို မော့လင်းကျစ်အား ပြသလိုက်သည်။

အမတ်ကြီးမုန့်နှင့် မုန့်ကျိဖန်တို့သည် သတိလက်လွတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ ထိုအရာကို မြင်လိုက်သောအခါ သူတို့ နှစ်ယောက်စလုံး ခုန်ထွက်မတတ် ဖြစ်သွားကြ၏။

“သခင်လေးမုန့်... သခင်လေးမုန့် ဟုတ်လား” မုန့်ကျိဖန်၏ မေးရိုးမှာ ပြုတ်ကျမတတ် ဖြစ်သွား၏။ “ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ!”

သူ့တစ်သက်တာလုံးတွင် သူ၏ အကြီးမားဆုံး ပြိုင်ဘက်မှာ မုန့်ယန်ပင် ဖြစ်၏။

ဟုတ်ပါသည်။ သူသည် သူ့ စိတ်ကူးထဲတွင်သာ ပြိုင်ဘက်ဖြစ်၏။ အမှန်တကယ်တွင် အဆင့်အတန်း နှင့် ရာထူးအနေဖြင့် သူသည် မုန့်ယန် နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

မုန့်ယန်သည် သူ့ထက် ပိုမိုချောမောစွာ မွေးဖွားလာခဲ့သည်။ ငယ်စဉ်ကတည်းက သူ့ထက်ပင် လူကြိုက်များခဲ့၏။ သူသည် အမတ်ကြီး၏ ဒုတိယသားမျှသာ ဖြစ်သော်လည်း မုန့်ယန်သည် မြို့စားကြီး၏ မြေးကြီးဖြစ်သည်။ ငယ်စဉ်ကတည်းက မုန့်ယန်ရှိရာ အရပ်တိုင်းတွင် သခင်မလေးများသည် အခြားမည်သူ့ကိုမျှ ကြည့်ရှုခြင်း မရှိခဲ့ကြပေ။

[TN/ဒီမှာ မုန့်ကျိဖန်ကမုန့်နဲ့ မုန့်ယန်ကမုန့်က တရုတ်လိုဆို အဓိပ္ပါယ်ချချင်းမတူပါဘူးနော်]

သူသည် မြေခွေးတစ်ကောင် ဖြစ်၏...

ထို့အပြင် သူ၏ ရုပ်ရည်ချောမောမှုသည် အိမ်ရှေ့စံမင်းသားနှင့် မတူပေ။ အိမ်ရှေ့စံမင်းသားသည် ဂုဏ်သရေရှိပြီး ပြုံးရယ်ခြင်း မရှိပေ။ သူသည် ရုပ်ရည်ကောင်းမွန်သော်လည်း သူ၏ အေးစက်သော စိတ်နေစိတ်ထားသည် သူ့ရုပ်ရည်ကို အနည်းငယ် ဖုံးအုပ်ထားသကဲ့သို့ ရှိသည်။ သို့သော် မုန့်ယန်ကော မည်သို့နည်း။ သူသည် ငယ်စဉ်ကတည်းက ပရောပရည်လုပ်တတ်သူဖြစ်၏။ သူ့မျက်နှာသည် နွေးထွေးသော နွေဦးလေသဖွယ် အမြဲရှိနေပြီး မိုင်အနည်းငယ်အတွင်းရှိ ရိုင်းစိုင်းသောကြောင်များကိုပင် ဆွဲဆောင်ကာ အူမြည်စေခဲ့သည်။

မုန့်ယန်သည် သူ့ကို မြင်လိုက်သည်နှင့် သူ့ခေါင်းမှာ ခဏတာမျှ ကိုက်ခဲသွားသည်။

သူ မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်တော် ဒီ အစ်ကိုကို မကြိုက်ဘူး။ ရုပ်ဆိုးတယ်...”

မုန့်ကျိဖန်မှာ နာကျင်မှုကို မခံစားဘဲ မနေနိုင်ပေ။

ဒီဣန္ဒြေမဲ့တဲ့သူနဲ့ ဘာဖြစ်နေတာလဲ။ သူသည် လူမိုက်တစ်ယောက်လို ဖြစ်နေ၏...

အရူးကောင်...

မဖြစ်နိုင်ဘူး မဟုတ်လား?

မုန့်ယန်... ကမ္ဘာပေါ်မှာ အချောဆုံးသူ၊ သူ တကယ်ပဲ အရူးကောင် ဖြစ်နေတာလား? ဟားဟား၊ ကောင်းကင်ဘုံက သူ့ဘက်မှာ ရှိနေပြီ။ ဒီနေ့ကစပြီး နံပါတ်တစ် သခင်လေးဘွဲ့အတွက် သူ့နဲ့ ယှဉ်ပြိုင်မယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး!

“မြေးလေး တော်တယ်၊ သူက ဆရာတစ်ဦးကို အသိအမှတ်ပြုဖို့ ဒီကို ရောက်လာတာ။ မင်း သူ့ကို မကြိုက်ဘူးဆိုရင် ငါတို့ သူ့ကို လျစ်လျူရှုလိုက်ပါမယ်” မော့လင်းကျစ်သည် မုန့်ယန်အား အချစ်ပိုဟန် ဆောင်သည်။ မသိသူများက သူတို့ရှေ့မှ ပုဂ္ဂိုလ်သည် သူ့သားအရင်းဟုပင် ထင်မှတ်ကြပေမည်။

•••••

All Chapters