အခန်း (၁၁၈၇-၁၁၈၈)
Vol. 61 Ch. 1187-1188
အခန်း ၁၁၈၇။ အရင်ကအကြွေးကို ပြန်ဆပ်ခြင်း
မုန့်ကျိဖန်၏စိတ်ထဲမှ ရက်စက်သောပြုံးရိပ်သည် လုံးဝပျောက်ကွယ်မသွားသေးဘဲ သူ၏ လက်ရှိအခြေအနေကို စဉ်းစားမိ၏။
ယခု သူ့အခြေအနေသည် ပိုကောင်းမလာပေ။
သူသည် အကင်းမပါးသော မုန့်ယန်ထက်ပင် ပို၍ဆိုးရွားနေသေးသည်။ အနည်းဆုံးတော့ မုန့်ယန်သည် လူမှုရေးကိစ္စများကို မသိနားမလည်သည့်အပြင် မည်သည့်မိုက်မဲသောအရာများ ပြုလုပ်ခဲ့သည်ကိုလည်း မသိခဲ့ပေ။
အမတ်ကြီးမုန့်သည် မြို့စားကြီးမုန့်၏ အကြီးဆုံးမြေးကို ကြည့်ပြီးနောက် သူ၏သားကို ကြည့်လိုက်၏။ ထိုအခါ သားဖြစ်သူကို ဆရာတစ်ဦးထံ အပ်နှံခြင်းသည် လုံးဝမဆိုးသည့် ကိစ္စဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
မော့ချူးရှန်း၏ ပတ်ပတ်လည်တွင် အိမ်ရှေ့စံမင်းသားနှင့် ငယ်ရွယ်သော အမွေခံမင်းသား စသည့် အရေးပါသောပုဂ္ဂိုလ်များ ဝန်းရံလျက် ရှိသည်ကို တွေ့ရ၍ သူမသည် အလွန်ပင် ထူးခြားသူဖြစ်၏။ ဤပုဂ္ဂိုလ်က သူ၏ ဖြုန်းတီးတတ်သော သားကို တပည့်အဖြစ် လက်ခံမည်ဆိုပါက သူ့သားသည် ကံကောင်းခြင်းကြီးနှင့် ကြုံတွေ့ရမည်ဟု ထင်ရသည်။
ထိုသို့စဉ်းစားနေစဉ် ရှဲ့ချောင်သည် အောက်သို့ဆင်းလာခဲ့၏။
သူမသည် ဖခင်နှင့်သားကို တွေ့ရ၍ အံ့ဩခြင်းမရှိပေ။
“ဝတ်စုံလဲထားတာလား” ရှဲ့ချောင်သည် အတော်လေးအံ့သြသွားသည်။ “လက်ခံနိုင်ပြီလား”
“ဟုတ်ကဲ့” မုန့်ကျိဖန်သည် တွေတွေဝေဝေဖြင့် ပြန်ဖြေသည်။ “ကျွန်တော်... ကျွန်တော့်ရဲ့မိဘတွေ ထက် အရင် သေဆုံးသွားတာမျိုး မလိုချင်ဘူး... ဒါ့ကြောင့်... ဆရာမကို ဆရာအဖြစ် တင်မြှောက်ချင်ပါတယ်......”
“မင်းက လုံးဝလူကောင်းတစ်ယောက် မဟုတ်ဘူး” ရှဲ့ချောင်သည် ပြော၏။ “မင်းမှာ အပြစ်အနာအဆာတွေ အများကြီးရှိတယ်။ မင်းရဲ့ မိဘအပေါ် သိတတ်မှုကတော့ တန်ဖိုးထားစရာကောင်းတာ မှန်ပါတယ်။ ဒါပေမယ့် အခုကစပြီး ငါ့ရဲ့တပည့်ဖြစ်လာရင် မင်းရဲ့မိဘတွေကို ပြုစုသလို ငါ့ကိုလည်း ပြုစုစောင့်ရှောက်ပေးမှာလား”
အကယ်၍ သူမသည် သူ့ကို တကယ်လက်ခံလိုက်လျှင် သူတို့သည် မိခင်နှင့်သားသဖွယ် ဖြစ်သွားပေလိမ့်မည်။
ရွှေယွဲ့တာအိုဘုရားကျောင်းတွင် တပည့်များစွာ မရှိပေ။ မကြာသေးမီက မျိုးဆက်အနည်းငယ်အတွင်း တစ်ဦးပြီးတစ်ဦး လက်ဆင့်ကမ်းလာခဲ့ကြသည်။ ထို့ကြောင့် မုန့်ကျိဖန်သည် ရွှေယွဲ့တာအိုဘုရားကျောင်း၏ နောက်ထပ်ဆက်ခံမည့်သူ ဖြစ်လာနိုင်ခြေ အလွန်များ၏။
သူ့ကို တင်းတင်းကျပ်ကျပ် သင်ကြားပေးရမည်ဖြစ်ပြီး ကြီးမားသော တာဝန်ယူမှုကို ထမ်းဆောင်စေရပေလိမ့်မည်။
ဤသူသည် အသက်အရွယ်ရနေပြီဖြစ်ကာ စိတ်ရှုပ်ထွေးနေသော်လည်း ဟောကိန်းထုတ်ခြင်းသည်... ပိုမို၍ ထင်ရှားလာ၏။ သေချာပေါက် သင်ယူစရာ တစ်ခုခုတော့ ရှိပေမည်။
ကံကောင်းစွာဖြင့် တာအိုပညာကို သင်ယူရန် နောက်မကျသေးပေ။
မုန့်ကျိဖန် အနည်းငယ်ရှုပ်ထွေးသွားသည်။ သူသည် ဖခင်ဖြစ်သူကို လှည့်ကြည့်လိုက်၏။ အမတ်ကြီးမုန့်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းလှည့်လိုက်သည်။
“ဟုတ်ကဲ့၊ ဆရာတင်ရင်... အခုကစပြီး ဆရာမမော့ကို ကျွန်တော့်ရဲ့... ဆွေမျိုးအကြီးလို ရိုသေလေးစားပြီး ပြုစုစောင့်ရှောက်ပါ့မယ်။ ဆရာ့ကို စော်ကားတာမျိုး လုံးဝမလုပ်ပါဘူး ။” မုန့်ကျိဖန်သည် ထိုသို့ပြောပြီးနောက် သူ၏စိတ်ထဲတွင် ခါးသီးမှုများ ပြည့်နှက်နေခဲ့သည်။
“တပည့်...” မော့လင်းကျစ်သည် ရှဲ့ချောင်အား အော်ခေါ်လိုက်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။ “တပည့်တွေကို ဒီအတိုင်း လက်ခံလို့မဖြစ်ဘူး မဟုတ်လား။ သူက တော်တော်လေး ဆိုးသွမ်းခဲ့တာ။”
ရှဲ့ချောင်သည် ခဏစဉ်းစားပြီးနောက် ပြောသည်။ “ပြောတာမှန်တယ်။ မင်းက အတိတ်တုန်းက ဆိုးသွမ်းခဲ့တာဆိုတော့ အခု ငါ့ရဲ့ဂိုဏ်းထဲဝင်ချင်ရင် မင်းရဲ့အတိတ်က အကြွေးဟောင်းတွေကို ဆပ်ရလိမ့်မယ်။ သခင်လေးမုန့်၊ မင်းကို တစ်လအချိန်ပေးမယ်။ မင်း ရန်ပြုခဲ့တဲ့သူတွေကို ခေါင်းငုံ့ပြီး ဒူးထောက်တောင်းပန်နိုင်ရင်၊ ပြီးတော့ သူတို့ကို လက်စားချေခွင့်ပေးပြီး မုန့်မိသားစုကလည်း ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုရင် ငါ မင်းကို တပည့်အဖြစ် လက်ခံနိုင်တယ်။”
မုန့်ကျိဖန်သည် စော်ကားခဲ့သည့် လူများစွာရှိ၏။
တော်ဝင်ကျောင်းတော်၌ ဩဇာအာဏာမရှိသော ကျောင်းသားအများအပြားသည် သူ၏ပြစ်တင်ရှုတ်ချခြင်းနှင့် အနိုင်ကျင့်ခြင်းတို့ကို ခံခဲ့ကြရသည်။
သူသည် မည်သူ့၏အသက်ကိုမျှ ထိခိုက်နာကျင်စေခြင်းမျိုး မရှိသင့်သော်လည်း သူသည် အနိုင်ကျင့်မှုများစွာကို ပြုလုပ်ခဲ့သည်။
“ဒါ့အပြင် မင်းသိတဲ့အတိုင်းပဲ၊ ငါတို့ရဲ့ ရွှေယွဲ့တာအိုဘုရားကျောင်းက တခြား တာအိုဘုရားကျောင်း
တွေနဲ့ မတူဘူး။ အခမ်းအနားတွေ လုပ်ဆောင်တာအပြင် မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဖမ်းဆီးပြီး ကံမကောင်းတာတွေကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်ကိုလည်း သင်ယူရတယ်။ မင်းက ကျန်းကျင်လုနဲ့အတူ လှည်းပေါ်မှာ တစ်ခါထိုင်ခဲ့ဖူးတယ်။ သူ ကြားခဲ့ရတာတွေနဲ့ မြင်ခဲ့ရတာတွေဟာ မင်း အနာဂတ်မှာ ရင်ဆိုင်ရမယ့်အရာတွေပဲ။ မင်း စဉ်းစားပြီးပြီလား။ မင်း လက်မခံနိုင်ဘူးဆိုရင်... ဘာကြောင့် တခြားတာအိုဘုရားကျောင်းတွေကို သွားပြီး သာမန်နဲ့ ယဉ်ကျေးတဲ့ ငတာအိုဆရာလေးတစ်ပါး မလုပ်တာလဲ”
ရှဲ့ချောင်သည် သူမ၏လိုအပ်ချက်ကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့ရာ ထိုသူသည် နောက်တရစရာ အကြောင်းမရှိပေ။
အကယ်၍ သူမသာ လက်ခံလိုက်ပါက သူသည် ကောင်းစွာ သင်ကြားပေးမည်မှာ သေချာ၏။
ထို့အပြင် သူမ၏ တပည့်အား သူမ၏ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားခြင်းသည် မကောင်းပေ။ သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်သောအခါ ဘိုးဘွားကြီးအား ဦးညွှတ်အရိုအသေပေးရမည်ဖြစ်၏။ သူသည် သူမ၏ ဂိုဏ်းအတွင်းရှိသူများကိုလည်း နားလည်ရပေလိမ့်မည်။
လျှို့ဝှက်ချက်ကို ဖော်ထုတ်မဖော်ထုတ်ခြင်းနှင့် ပတ်သက်၍...
သူမသည် သူ ထုတ်ဖော်မည်ကို မကြောက်ပေ။ သူ မရဲရဲမည်ကိုသာ ပို၍ကြောက်သည်။ သူ ခေါင်းငြိမ့်ပြီး တပည့်အဖြစ် အတည်ပြုလိုက်သည်နှင့် ကံကြမ္မာဆက်နွယ်မှု ရှိသွားပေလိမ့်မည်။ အကယ်၍ သူ ရမ်းကားစွာ ပြုမူရဲပါက သူ့ကိုယ်သူ အထိနာဆုံး ဖြစ်ပေလိမ့်မည်။
ရှဲ့ချောင်၏ စကားများက မုန့်ကျိဖန်ကို အောင်မြင်စွာ နိုးထစေခဲ့သည်။
သူသည် ဂုဏ်သိက္ခာကို အလေးထားသူဖြစ်ပြီး သတ္တိလည်းများများစားစား မရှိပေ။ ထိုသူများကို တောင်းပန်ရခြင်းအပြင် မကောင်းဆိုးဝါးဝိဉာဉ်များကို ရင်ဆိုင်ရခြင်းများသည် သူကြောက်ရွံ့သည့်အရာများဖြစ်ပြီး မလုပ်နိုင်သည့်အရာများလည်း ဖြစ်၏။
•••••
အခန်း ၁၁၈၈။ တပည့်ခံလက်ဆောင်များ
မုန့်ကျိဖန် တွန့်ဆုတ်နေ၏။။
သူသည် မိမိ၏ ဂုဏ်သိက္ခာကို အမြဲတမ်း အလေးထားခဲ့သူဖြစ်၏။ မော့ချူးရှန်း၏ စကားများသည် သူ့အရေပြားကို ခွာကာ မြေကြီးပေါ် ပွတ်တိုက် နေသကဲ့သို့ ခံစားရစေခဲ့သည်။
သူ လက်မခံနိုင်ပေ။
သူ လှည့်ထွက်သွားရန် ကြံသော်လည်း အမတ်ကြီးမုန့်က သူ့ပခုံးကို တိုက်ရိုက်ဖိထားလိုက်၏။ “ဆရာ၊ ကျွန်တော့်သားလေးက ဆိုးသွမ်းခဲ့ပါတယ်။ အတိတ်တုန်းက မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ်။ ဒါဟာ ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ အမှားလည်း ဖြစ်ပါတယ်။ သူက အဲ့ဒီလူတွေကို တောင်းပန်သင့်တာ မှန်ပါတယ်။ တစ်လအတွင်း ကျွန်တော်ပြန်လာတဲ့အခါ ကျွန်တော့်သားကို ကိုယ်တိုင်ခေါ်လာပါ့မယ်။ မုန့်မိသားစုရဲ့ ဩဇာအာဏာကို သုံးပြီး တခြားသူတွေကို ဖိနှိပ်တာမျိုး လုံးဝမလုပ်ပါဘူး။ ကျွန်တော့်သားရဲ့ ရိုးသားမှုကို ဆရာ မြင်ရစေရပါမယ်။”
“အဖေ” မုန့်ကျိဖန်သည် ဤတစ်ကြိမ်တွင် တကယ်ကို အံ့အားသင့်သွားခဲ့သည်။
သူ့မိသားစုသည် မှူးမတ်မျိုးရိုးဖြစ်၏၊ စတုတ္ထမင်းသား၏ မိခင်ဘက်မှ ဆွေမျိုးလည်း ဖြစ်သည်။
ဤမျှ ဂုဏ်အသရေကြီးမားပါသော်လည်း သူ အမှားအယွင်းများ လုပ်ခဲ့သည်ဆိုလျှင်ပင်၊ သူ မည်သို့ ခေါင်းငုံ့နိုင်မည်နည်း။
အမတ်ကြီးမုန့်က ဆက်ပြောလိုက်၏။ “ကျွန်တော့်သားက ငယ်ငယ်ကတည်းက ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ရပြီး ဘယ်တုန်းကမှ မနစ်နာခဲ့ရဘူး။ အခု စဉ်းစားကြည့်တော့ ငါ မှားခဲ့တာပဲ။ မင်းကို တင်းတင်းကျပ်ကျပ် ဆုံးမခဲ့မယ်ဆိုရင် အခုလို အခြေအနေမျိုး ရောက်လာမှာ မဟုတ်လောက်ဘူး။ မင်းက အမြဲတမ်း ခွန်အားကြီးပြီး ပျော်ပျော်ပါးပါး ကစားရတာကို ကြိုက်တယ်။ တခြား တာအိုဘုရားကျောင်းတွေကို သွားမယ်ဆိုရင် မင်း တစ်သက်လုံး စည်းကမ်းတွေကို လိုက်နာရလိမ့်မည်။ အဲဒါက မင်းနဲ့ တကယ် မသင့်တော်ဘူး။”
သူသည် ဤ ရွှေယွဲ့တာအိုဘုရားကျောင်းကို သေချာဂရုတစိုက် ကြည့်ရှုသည်။ သင်ယူစရာများစွာ ရှိသော်လည်း မော့လင်းကျစ်နှင့် မော့ချူးရှန်းတို့သည် ခေါင်းမာ၍ အလျှော့မပေးသောသူများ မဟုတ်ပေ။ ရေရှည်တွင် သူ့သားသည် ဤနေရာ၌ မွန်းကျပ်နေမည် မဟုတ်ပေ။
ခဏတာ ခေါင်းငုံ့ခြင်းသည် ဘာမှ မဟုတ်ပေ။
အရာရှိပိုင်းမှာပင် အရှုံးပေးရမည့်အချိန်၌ အရှုံးပေးရစမြဲပင်။
ထို့အပြင် သူပြောသည်မှာ အမှန်ပင်။ မကြာသေးမီက သူ အလွန်နောင်တရနေခဲ့သည်။ ပညာရှင်ကြီးအများစုက သူ့သားသည် ချမ်းသာပြီး အာဏာရှိသူတို့၏ အသိုက်အမြုံ၌ ပျော်ပါးနေလေ့ရှိသည်ဟု ပြောကြသည်။ နောင်တွင် သူ ထိုသို့ ပိုမိုလုပ်လေလေ ပို၍လျင်မြန်စွာ သေဆုံးလေလေ ဖြစ်မည်။
သူကိုယ်တိုင် အပါအဝင် မုန့်မိသားစု တစ်ခုလုံးသည် ဤကလေးကို ထိန်းချုပ်ရန် ဩဇာအာဏာမရှိသည်ကို သူ ကောင်းကောင်း သိ၏။ သူသည် ကြီးလေးသော အမှားတစ်ခု ကျူးလွန်ခဲ့လျှင်ပင်၊ သူ့သားသားအပေါ် ရက်စက်ရန်လုံးဝ မဖြစ်နိုင်ချေ။
ဤအချက်တစ်ခုတည်းနှင့်ပင် သူ့သားကို ထာဝရငရဲဆီသို့ ပို့ဆောင်ရန် လုံလောက်နေ၏။
မကောင်းဆိုးဝါးဝိဉာဉ်ကဲ့သို့သော အရာများကို မြင်ရခြင်းနှင့် ပတ်သက်၍...
အမတ်ကြီးမုန့်သည် ထိုအရာက မည်မျှ ကြောက်စရာကောင်းသည်ကို စိတ်ကူးမယဉ်နိုင်ချေ။ သူသည် ကြီးကြီးမားမား ကိစ္စဟု မထင်ခဲ့ပါ။ လောကတွင် အကြောက်စရာအကောင်းဆုံးအရာမှာ သက်ရှိများပင် ။ အကယ်၍ လူသေများက စွမ်းဆောင်နိုင်ခဲ့လျှင် သက်ရှိများ အသက်ရှင်နေထိုင်ခြင်းသည် အဓိပ္ပာယ်မရှိပေဘူးလား။
“အဖေ၊ ကျွန်တော် မလုပ်ဘူး...” မုန့်ကျိဖန်က ငြင်းဆန်သည်။
အမတ်ကြီးမုန့်၏ မျက်နှာတွင် လျှို့ဝှက်အဓိပ္ပာယ်တစ်ခု ရှိနေ၏။ “သား၊ စကားနားထောင်။ သားရဲ့ အမေနဲ့ အဖေ စိတ်ပူအောင် မလုပ်နဲ့။”
မုန့်ကျိဖန် ခေါင်းကိုက်သွားသည်။
သူ ကျူးလွန်ခဲ့တဲ့ အပြစ်က ဒီလောက်ကြီးလား? ကောင်းကင်ဘုံက သူ့ကို ဒီလိုလုပ်ချင်တာလား?
ဟုတ်ပါ၏၊ သူသည် အသိအလိမ္မာ မရှိခဲ့ပေ။ တစ်ခါတစ်ရံတွင် ထိုဆင်းရဲသော ကျောင်းသားများကို မြင်သောအခါ သူတို့အပေါ် လှောင်ပြောင်ခြင်းနှင့် အနိုင်ကျင့်ခြင်းတို့ကို ပြုလုပ်မိခဲ့သည်။
အနည်းဆုံးတော့ သူ လူသတ်ပြီး မီးမရှို့ခဲ့ချေ။ သူသည် တချို့ အသုံးမကျသော သခင်လေးများစွာထက် အများကြီး ပိုကောင်းသေးသည်!
“အမတ်ကြီးမုန့်က စဉ်းစားတတ်တာဆိုတော့ သဘောတူပြီပေါ့။” ရှဲ့ချောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
သူမသည် မုန့်ကျိဖန်က အမှန်တကယ်ပင် ခေါင်းငုံ့နိုင်မည်လားဆိုသည်ကို သိချင်ခဲ့၏။
အမတ်ကြီးမုန့် စကားပြောပြီးနောက် အရေးကြီးသည့်အရာတစ်ခုကို မမေ့ခဲ့ပေ။။ သူသည် ကြမ္မာဥယျာဥ် အတွင်းသို့ ပစ္စည်းများကို အလျင်စလို ရွှေ့လိုက်၏။ သေတ္တာများစွာနှင့် ငွေစက္ကူထပ်များက ရှဲ့ချောင်၏ရှေ့တွင် ရှိနေခဲ့သည်။
သေတ္တာများကို ဖွင့်လိုက်သောအခါ အတွင်း၌ တန်ဖိုးရှိသော အရာများစွာ ရှိသည်။ ၎င်းတို့အားလုံးသည် အတော်လေး တန်ဖိုးရှိပုံရ၏။
“သူက ဆရာ့တပည့် ဖြစ်လာတော့ သူ့ရဲ့ ရိုးသားမှုကို မပြဘဲ ဘယ်ဖြစ်မလဲ။ ကျွန်တော့်သားက အသုံးမကျပေမယ့် သူမှာ ကောင်းမွန်တဲ့ နောက်ခံမိသားစုတော့ ရှိပါတယ်။ အခြေအနေ အလုံးစုံမပြောင်းလဲသေးပေမယ့် ဒီကို အလကား လာတာမျိုး မကောင်းပါဘူး။ ကျွန်တော် တပည့်ခံလက်ဆောင်တွေကို ထားခဲ့ပြီး ကျွန်တော့်သား လူကောင်းဖြစ်လာတာကို စောင့်ပါ့မယ်။ အချိန်တန်ရင် ဆရာမမော့ကို တရားဝင် ဦးညွှတ်အရိုအသေပေးပါ့မယ်...” အမတ်ကြီးမုန့်က လိမ္မာပါးနပ်သူ ဖြစ်၏။
သူသည် ရှဲ့ချောင်၏ ငြင်းပယ်ခြင်းကို မစောင့်ချေ။ သူ့သားကို ဆွဲခေါ်ပြီး ထွက်သွားခဲ့သည်။
ကျန်ရှိသော မုန့်မိသားစုဝင်များလည်း အလျင်အမြန် ထွက်ခွာသွားကြသည်။
ရှဲ့ချောင်နှင့် မော့လင်းကျစ်တို့သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြသည်။
••••