← Chapters

အခန်း (၁၁၉၁-၁၁၉၂)

Vol. 61 Ch. 1191-1192

အခန်း (၁၁၉၁-၁၁၉၂)

Vol. 61 Ch. 1191-1192

အခန်း (၁၁၉၁) - အမှားကို ဝန်ခံခြင်း

မုန့်ကျိဖန် သူ့အား အရှက်ခွဲခဲ့စဥ်က ကျောင်းသားများစွာသည် သူ့အား ကြည့်နေခဲ့ကြသဖြင့် သူသည် တိရစ္ဆာန်တစ်ကောင်လို၊ အသုံးမကျသူတစ်ယောက်လို ခံစားခဲ့ရ၏။

ယခုမူ မုန့်ကျိဖန်သည် ခွင့်လွှတ်ပေးရန် တောင်းဆိုချင်နေသည်ပင်။

ရယ်စရာကောင်းလှပေသည်။

ကျောင်း‌တော်တွင် လူများစွာရှိပြီး လူတိုင်းသည် မုန့်ကျိဖန်ကို သိကြ၏။

မုန့်ကျိဖန်သည် သူ၏လက်များကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။ သူသည် ဖခင်ဖြစ်သူ၏ စိတ်ပူပင်သောက ရောက်နေသည့် ပုံစံနှင့် မိခင်ဖြစ်သူ၏ စိတ်ထိခိုက်နေသည့် မျက်နှာကို သတိရမိသွားသည်။ သူသည် အံတင်းတင်းကြိတ်ကာ ဒူးထောက်ချလိုက်၏။

ဝမ်သောသည် အံ့အားသင့်သွားပြီး ခြေတစ်လှမ်းပင် နောက်ဆုတ်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်းသည်လည်း တုန်လှုပ်အံ့သြသွားကြကုန်သည်။

မုန့်ကျိဖန်... ရူးသွားပြီလား။

ဝမ်သော ပြောခဲ့သည့် စကားများသည် စိတ်ဆိုးဒေါသဖြင့်သာ ပြောခဲ့ခြင်းဖြစ်၏။ မုန့်ကျိဖန်သည် မည်သည့်အခါမှ ထိုသို့လုပ်မည် မဟုတ်ကြောင်းကို သူသိသော်လည်း ယခုမူ မုန့်ကျိဖန် ဒူးထောက်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ရင်ထဲတွင် နင့်ခနဲဖြစ်သွားခဲ့သည်။

သူမုန်းတီးသည့်သူသည် သူ၏မျက်စိရှေ့တွင် မျက်နှာငယ်ဖြင့် ဒူးထောက်ကာ ဦးညွှတ်နေလေသည်…

"သခင်လေး ဘာလို့ ဒီလိုလုပ်နေတာလဲ"

သူသည် ထိုအခြေအနေကို အသားမကျသေးပေ။

သူ့အား ထပ်ပြီး ပရိယာယ်ဆင်ရန် စဥ်းစားနေသည်များလား။ သို့သော် သူ့အား ပရိယာယ်ဆင်ရန်အတွက် ဤသို့လုပ်ရန် လိုအပ်သည်ပင်လား။

မုန့်ကျိဖန်သည် အံတင်းတင်းကြိတ်ထား‌လေ၏။ သူ ဒူးထောက်မည်ဆိုပါက ဘယ်လို့သောပုံစံဖြင့် ဒူးထောက်ရမည်ကို တွေးလိုက်၏။ တွားသွားရုံမျှသာပင် မဖြစ်ပေလား။ ဤသခင်လေးသည် ကြောက်ရွံ့ခြင်းမရှိဘဲ လိုက်လျောညီထွေစွာ ပြုမူနေထိုင်နိုင်စွမ်းဖြင့် မွေးဖွားလာသူဖြစ်သည်။ ထိုသို့တွေးပြီးနောက် သူသည် ခြံဝန်းတစ်ပတ်ကို လျင်မြန်စွာ ပတ်ကာ စတင်လှုပ်ရှားတော့သည်။

မြေပြင်ပေါ်ရှိ အပြာရောင်အုတ်များကြောင့် သူ၏ဒူးများ နာကျင်နေ၏။ ပတ်ပတ်လည်မှ သံသယ

များနှင့် အံ့အားသင့်နေသော အကြည့်များက သူ၏သိက္ခာများ ပျောက်ကွယ်သွားပြီဟူ၍ ခံစားစေခဲ့ရသည်။ သူသည် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ပင် သူ၏မျက်နှာမှာ ပုံပျက်ပန်းပျက်ဖြစ်သွားလေ၏။

သူသည် ဝပ်တွားကာ ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေစဥ် ဝမ်သောက လမ်းကို ပိတ်ဆို့လိုက်၏ "သခင်လေးမုန့် တကယ်ပဲ သခင်လေးရဲ့အမှားကို ဝန်ခံနေတာလား"

"ငါ မသိဘူး" မုန့်ကျိဖန်သည် အမှန်အတိုင်း ပြောခဲ့လေသည်။

သူမည်သည်များ မှားခဲ့ပါသနည်း။ သူ မမှားခဲ့ပေ မဟုတ် ပင်လော။ သူ၏မိသားစုတွင် ပိုက်ဆံနှင့် အရည်အချင်းရှိပြီး သူသည် အခြားသူများထက် သာလွန်ကောင်းမွန်စွာ မွေးဖွားလာသူဖြစ်သည်။ လက်ရှိတွင် ဝမ်သောသည် ပညာရှိတစ်ယောက်မျှသာ ဖြစ်ပြီး သူ၏မိသားစုသည် သခင်‌လေးမုန့်၏မိသားစုလောက် နောက်ခံမကောင်းလှပေ။ သူ၏အနိုင်ကျင့်ခြင်းကို ခံရသည်မှာ မည်သည့်အမှားများ ရှိနေသနည်း။

"ဟား... သခင်လေးအမှားကို မဝန်ခံဘူးဆိုရင် ဘာလို့ ဒါကို လုပ်နေရတာလဲ" ဝမ်သောသည် ရယ်စရာကောင်းသည်ဟု ထင်ခဲ့၏။

"မင်း အမှန်တရားကို ကြားချင်လား" မုန့်ကျိဖန်သည် ၎င်းကို ဖုံးကွယ်ထားလိုစိတ်မရှိပေ။ "ဆရာက ငါ့ရဲ့ ကံကြမ္မာကို ကြည့်ပေးခဲ့ပြီး ငါအသက်သုံးဆယ်အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အကယ်၍ ငါ အသက်တစ်ရာအထိ နေချင်တယ်ဆိုရင် ဘုန်းကြီးဝတ်ရမယ်တဲ့။ ဆရာမမော့က ငါ့ကို သူမရဲ့ တပည့်အဖြစ် လက်ခံပေးမယ်ဆိုရင် မင်းဆီမှာ ငါပြန်ပေးဆပ်ရမယ့် အကြွေးတွေကို အရင် ပေးဆပ်ရမယ်လို့ ပြောခဲ့တယ်"

ထိုသို့ပြောလိုက်သောအခါ ဝမ်သောသည် သဘောပေါက်သွားလေသည်။

အခြားသူများလည်း သဘောပေါက်သွားခဲ့ကြ၏ ။

ဝမ်သောသည် အစပိုင်းတွင် ဒေါသထွက်နေခဲ့၏။ သခင်လေးမုန့်သည် ဝန်ခံခေါင်းငုံ့နေပြခဲ့သော်လည်း စိတ်ရင်းမှန်ဖြင့် အမှားကိုဝန်မခံခြင်းကြောင့် ဒေါသထွက်နေခြင်းဖြစ်သည်။ ဤအရာက သူ၏ရင်ကို မွန်းကျပ်စေပြီး ပို၍ပင် မသက်မသာ ဖြစ်စေခဲ့သည်။

သို့သော် ထိုစကားကို ကြားလိုက်သောအခါ သူ၏နှလုံးသားထဲမှ ညှိုးငယ်နေမှုများ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

"သခင်လေးမုန့် တာအိုဆရာတစ်ယောက် ဖြစ်ပြီးနောက်ပိုင်း သခင်လေး ဘာလုပ်မှာလဲ။ ဆရာမမော့က မကြာခဏ ကောင်းမှုကုသိုလ်တွေ လုပ်လေ့ရှိပြီး အရမ်းကို ကြင်နာတတ်တယ်လို့ ကြားမိပါတယ်။ သခင်လေးလည်း ဆရာမမော့ နောက်ကို လိုက်ပြီး အတူတူ လုပ်တော့မှာလား"

ယင်းသည် သူ၏ပုံစံနှင့် မတူပေ။

"ငါ မသိဘူး။ ငါ သူ့ရဲ့ တပည့်ဖြစ်လာရင် ဆရာ ပြောတာကိုပဲ နားထောင်ရမှာပေါ့။ ဒါ တော်တော် စိတ်ရှုပ်စရာပါပဲ" မုန့်ကျိဖန် သက်ပြင်းချလိုက်၏ ။

"သခင်လေးလို ချမ်းသာတဲ့ မြင့်မြတ်တဲ့ သခင်လေးတစ်ယောက်က လူတွေရဲ့ ဆင်းရဲဒုက္ခတွေကို မသိဘဲ မွေးဖွားလာခဲ့တာပါ။ သခင်လေး အမှားတွေကို ဝန်ခံဖို့ အတင်းအကျပ် ခိုင်းစေခံရရင်တောင် သခင်လေး ဘာတွေမှားနေလဲဆိုတာကို မသိနိုင်မှာကို ကျွန်တော် စိုးရိမ်မိတယ်။ ကျွန်တော် ဝမ်သောကတော့ နိမ့်ကျတဲ့ နောက်ခံက လာတာပါ။ အစကတည်းက သခင်လေးကို ဦးမညွှတ်ခဲ့ပါဘူး။ အခုလည်း သခင်လေးကို အရှက်ခွဲဖို့ အခွင့်အရေးကို ရယူချင်စိတ် မရှိပါဘူး။ သခင်လေး အခြေအနေကို ရှင်းပြပြီးပြီဆိုတော့..."

ဝမ်သောသည် သူ့ကို ကြည့်ကာ ပြောခဲ့သည်မှာ "ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ကြားက အတိတ်က ပဋိပက္ခတွေ ပြီးဆုံးသွားပါပြီ။ သခင်လေး သွားပြီး ဆရာတစ်‌ယောက်ဖြစ်ဖို့ လုပ်နိုင်ပါပြီ"

သူသည် ဆရာမမော့လက်အောက်တွင် မုန့်ကျိဖန် ကောင်းမှုကုသိုလ်များ လုပ်ဆောင်သည်ကို မြင်ချင်၏။

ယခုသူရင်ဆိုင်နေရသည့် အရှက်တကွဲဖြစ်မှုသည် အသုံးမဝင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ဆရာဖြစ်လာခြင်းသည် သူ့အတွက် အကောင်းဆုံး ပြစ်ဒဏ်ပင်။

တာအိုဆရာတစ်ယောက် ဖြစ်လာပြီးနောက် မောက်မာထောင်လွှားပြီး ထိန်းအကွပ်မဲ့စွာ ပြုမူရန် မသင့်‌တော်တော့ပေ။ အခြားသူများကို အထင်သေးအလေးမထားကာ ပြုမူခြင်းသည်လည်း မသင့်လျော်တော့ပေ။

ဆရာမမော့သည် မကြာခဏ ခရီးသွားလေ့ရှိသည်ကို သူသိ၏။ အကယ်၍ သူသည် သူမနောက်သို့ လိုက်ပါသွားပါက မုန့်ကျိဖန်သည်... ချမ်းသာသော သခင်လေးတစ်ယောက် မဟုတ်တော့ပေ။ သူသည် သူ၏အမှားအတွက်ပြန်လည်ပေးဆပ်ကာ တစ်သက်လုံး ကုန်ဆုံးရပေလိမ့်မည်။ ထိုသို့လုပ်ရခြင်းကြောင့် အသက်ရှည်ရှည်နေရမည်ဆိုလျှင် မုန့်ကျိဖန်လည်း ကျေနပ်စွာလက်ခံပေမည်။

•••••

အခန်း ၁၁၉၂ - ကိုယ့်ကိုယ်ကို မီးရှို့ခြင်း

မုန့်ကျိဖန်သည် အနည်းငယ် ကြောင်သွားခဲ့ပြီး ဝမ်သော ခေါင်းမကြည်လင်သလားဟူ၍ တွေးမိ၏။ အဘယ်ကြောင့် သူ့အား ဤမျှလောက် အလွယ်တကူ လွှတ်ပေးနိုင်ရသနည်း။

အခြေအနေကိုကြည့်ရသည်မှာ ဤသူသည် တမူထူးခြားပေသည်။ သူသည် အသေးအဖွဲကိစ္စများကို အာရုံစိုက်နေသူ မဟုတ်ချေ။

မုန့်ကျိဖန်သည် မြေပြင်ပေါ်တွင် ဆက်၍ ဝပ်တွားခယလိုစိတ် မရှိတော့ပေ။ သူသည် ချက်ချင်း ထရပ်လိုက်၏။

သူသည် ထပ်မံ၍ ရှက်စရာကောင်းအောင် မလုပ်ချင်တော့ပေ။ ထိုအချိန်တွင် သူသည် ဝမ်သောကို ကြည့်ကာ ပြောလိုက်၏ "ငါ ဆက်ဝပ်တွားဖို့ မလိုတော့ဘူးလို့ ပြောတာ မင်းနော်။ ငါ ထွက်ပြေးတာ မဟုတ်ဘူးနော်"

"ဟုတ်ပါတယ်" ဝမ်သောသည် သူ့ကို ဥပေက္ခာပြုသော အမူအရာဖြင့် ကြည့်နေ၏။

"ကောင်းပြီ နောက်တစ်ယောက်ဆီ သွားလိုက်ဦးမယ်" မုန့်ကျိဖန်သည် သူ၏အဝတ်အစားများကို ခါကာ ထွက်သွားလေသည်။ သူသည် အလွန်ပင် ခန့်ညားထည်ဝါနေလှ၏။ အခြေအနေကို မသိသောသူများမှာ သူသည် ပြဿနာရှာရန် လာသည်ဟုပင် ထင်ကြပေလိမ့်မည်။

ဝမ်သောသည် မဆိုင်းမတွထွက်သွားသော သူ၏နောက်ကျောကို ငေးကြည့်ရင်း လှောင်ပြောင်သလို ရယ်မောလိုက်၏။

ဤ မုန့်ကျိဖန်သည် မာနကြီးသော်လည်း လူများကို အထင်ကြီးလေးစားစေသော အချက်တစ်ခု ရှိသည်။ ၎င်းမှာ သူ၏ အရှက်အကြောက် မရှိခြင်းပင် ဖြစ်သည်။

မုန့်ကျိဖန်သည် ဝမ်သော၏ နေရာမှ ထွက်ခွာလာပြီးနောက် ဖခင်ဖြစ်သူ ရှာဖွေပေးထားသော နာမည်စာရင်းအတိုင်း တစ်ယောက်ပြီးတစ်ယောက် သွားတွေ့ခဲ့သည်။

အခြားသူများသည် ဝမ်သောကဲ့သို့ ခေါင်းမာသူများ မဟုတ်ပေ။ မုန့်ကျိဖန်ကို ရင်ဆိုင်ရသောအခါ ပြဿနာဖြစ်ခြင်းကို ရှောင်ရှားခြင်းက ပိုကောင်းသည်ဟု တွေးကြ၏။ သူတို့သည် သူ့အား မနှောင့်ယှက်လိုကြချေ။ ယခု မုန့်ကျိဖန်သည် တောင်းပန်ရန် လာသော်လည်း သူတို့သည် မုန့်ကျိဖန်ကို အာရုံစိုက်ချင်စိတ် မရှိကြသေးပေ။ ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲပြီး မရှောင်နိုင်လျှင် ခေါင်းညိတ်ကာ လွှတ်ပေးလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ မုန့်မိသားစုသည် မှူးမတ်မျိုးရိုး၏ မိသားစုဖြစ်သည်။ ဤသာမန်ကျောင်းသားများသည် သူ့အာူ မည်သို့များ မျက်နှာသာ မပေးဘဲ နေနိုင်ပါမည်နည်း။

မုန့်ကျိဖန်၏ စိတ်သဘောထား အလွန် နိမ့်ကျနေသော်လည်း သူတို့သည် သူ့အား ကြောက်ရွံ့နေကြ

ဆဲပင်။

ဝမ်သော မကျေနပ်ဟန်အနည်းငယ်ရှိခဲ့သည်မှအပ အခြားသူများနှင့် အရာအားလုံး အဆင်ပြေခဲ့သည်။

သို့သော် ဤသည်မှာ မုန့်ကျိဖန်၏ ဘဝတွင် ကျောင်း‌တော်၌ သိက္ခာအများဆုံး ကျဆင်းခဲ့သည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ နှစ်ရက်ပင် မပြည့်မီ သူ၏ ပုံမှန်မဟုတ်သော အပြုအမူကို လူတိုင်း သိရှိသွားခဲ့ကြလေသည်။

သူ၏အကြောင်း ကြားဖူးသူများက သူသည် တာအိုဆရာ ဖြစ်တော့မည်ကို ယခုတွင်သိရှိကုန်ကြ၏။

အချို့လူများသည် သက်ပြင်းချကြသလို အချို့ကမူ ပျော်ရွှင်နေကြသည်။

ရှဲ့ချောင်သည်လည်း မုန့်ကျိဖန်၏ လုပ်ရပ်များကို သိရှိခဲ့၏။ သူသည် များများစားစား ခံစားရမည်မဟုတ်ကြောင်း ခန့်မှန်းနိုင်ခဲ့သော်လည်း ဦးညွှတ်ရန် ဆန္ဒရှိမရှိကိုသာ သိချင်ခဲ့သည်။

ရှဲ့ချောင်ကို အမှန်တကယ် အံ့အားသင့်စေသည်မှာ မုန့်ကျိဖန်သည် မကောင်းဆိုးဝါးဝိဉာဉ်များကို မကြောက်ခြင်းပင်။

ဤအားသာချက် အနည်းငယ်သည် သူမ၏ ဆရာတူမောင်လေးကျန်းထက် များစွာသာလွန်နေ၏။

ကောင်းမွန်လှပေသည်။

ကြမ္မာဥယျာဥ်အတွင်း၌ ရှဲ့ချောင်သည် ပထမမင်းသမီးအတွက် အစီအမံများကို ပြုလုပ်ပေးခဲ့သည်။

၎င်းသည် ခိုးယူခံထားရသော ကံကြမ္မာကို ပြန်လည်ရယူရန် ဖြစ်သည်။

သို့သော် ထိုအခမ်းအနားကို ကျင်းပပြီးနောက် ရှဲ့ချောင်သည် တစ်ခုခု မှားနေသည်ကို ခံစားခဲ့ရ၏။ ပြန်လည်ရယူခဲ့သော ကံကြမ္မာသည် အလွန်တရာ ရှားပါးလှသည်... သူမသည် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း အလုပ်မဖြစ်ခဲ့ပေ။ ဤသည်မှာ မင်းသားရုန်သည် အလွန်သေးငယ်သော ကံကြမ္မာ အနည်းငယ်ကိုသာ ယူခဲ့ကြောင်းကို သက်သေပြနေ၏။ ကျန်ရှိသည်များမှာ…

အဘယ်သို့ရောက်သွားသနည်း။

တော်ဝင်ကိုယ်လုပ်တော်ဟွေ့ များလား။

သို့သော် တော်ဝင်ကိုယ်လုပ်တော်ဟွေ့သည်... သေသွားပြီ မဟုတ်လော။

မင်းသားရုန်သည် ဤမျှ ကြီးမားသော ဆူပူမှုမျိုး ဖြစ်အောင် လုပ်ခဲ့သည်ကို တော်ဝင်ကိုယ်လုပ်တော်

ဟွေ့မှ မည်သို့ပင် လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။

မင်းသားရုန် ဒဏ်ရာရခဲ့ပြီး ဆယ်ရက်ပင် မပြည့်မီတွင် ပြန်လည်ကောင်းမွန်လာပြီးနောက် အကျဉ်းချခံခဲ့ရ၏။ ထို့နောက် တော်ဝင်ကိုယ်လုပ်တော်ဟွေ့သည် အလွန် စိုးရိမ်ပူပန်ကာ အပြစ်အားလုံးကို ခံယူရန် ချက်ချင်း စာတစ်စောင် ပေးပို့ခဲ့သည်။

သူမသည် မင်းသားရုန် မြို့စားဆီ သွားစဉ်က ငယ်ရွယ်ပြီး ရင့်ကျက်နားလည်မှုမရှိသေး၍ အရာအားလုံးကို သူမစီစဥ်ခဲ့သည်ဟု ဆိုလေသည်။ သူမသည် ကွယ်လွန်သွားသော ဧကရာဇ်နှင့် မင်းသားရုန်တို့ကိုလည်း မျက်နှာပျက်စေခဲ့သည်ဟု ခံစားရကြောင်း စာရေးပြီးနောက် သူမကိုယ်သူမ မီးရှို့ကာ သတ်သေသွားခဲ့သည်။

တော်ဝင်ကိုယ်လုပ်တော်ဟွေ့ သေဆုံးရုံသာမက တော်ဝင်ကိုယ်လုပ်တော်ဟွေ့၏ အိမ်တော်မှ အစေခံမိန်းကလေးများကလည်း သူမနောက် လိုက်ပါခဲ့သော တာအိုဆရာများလည်း သေဆုံးသွားခဲ့ကြောင်း ပြောခဲ့ကြ၏။

ရှဲ့ချောင်သည် ၎င်းသည် မရိုးရှင်းသည်ကို တွေးခဲ့၏။ ဤသူသည်... အလွယ်တကူ လက်လျှော့မည့်သူမျိုး ဖြစ်ဟန်မပေါ်ပေ…

ထို့အပြင် သူမသည် ကိုယ်တိုင် မီးရှို့ကာ သေဆုံးခဲ့ပြီး ရုပ်အလောင်းမှာ ပုံပျက်ပန်းပျက် ဖြစ်နေသည်။

သက်သေအဖြစ် အစေခံမိန်းကလေးများ ရှိနေပြီး ရာဇဝတ်မှုဌာနမှ လူများ သွားရောက် စစ်ဆေးကာ သူမသည် တော်ဝင်ကိုယ်လုပ်တော်ဟွေ့၏ ပစ္စည်းများကို ဝတ်ဆင်ထားကြောင်း အတည်ပြုခဲ့သော်လည်း ရှဲ့ချောင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဆဲပင်။

အထူးသဖြင့်…

မင်းသားရုန် သိမ်းယူခဲ့သော ကံကြမ္မာကို သူ့ကိုယ်တိုင်အတွက် အသုံးပြုခဲ့ခြင်း မရှိသည်မှာ ပို၍ပင် ထူးဆန်းနေသည်။

•••••

All Chapters