အခန်း (၁၁၉၇-၁၁၉၈)
Vol. 61 Ch. 1197-1198
အခန်း ၁၁၉၇ - ဇနီးမယား
"ဒါကို ဘယ်လိုမှော်အတတ်မျိုးအတွက် သုံးတာလဲဆိုတာ ငါ သွားမေးမယ်။ ညီနောင်တို့ လက်ပိုက်ပြီး ဒီတိုင်းကြည့်မနေကြနဲ့။ အဲ့ဒီသွေးကို ဝယ်တဲ့သူကို ငါတို့ ဖမ်းကိုဖမ်းရမယ်။ ဘယ်သူပဲ သဲလွန်စကို အရင်ရှာတွေ့ရှာတွေ့ အိမ်ရှေ့စံမင်းသားက သေချာပေါက် ဆုချလိမ့်မယ်" ရှဲ့ဖင်းကန်းသည် ချိုမြိန်သော ကတိစကားကို ပေးရန် မမေ့ခဲ့ပေ။
အိမ်ရှေ့စံမင်းသား ရာဇဝတ်ရေးရာဌာနကို ရောက်လာစဥ်ကတည်းက ညီနောင်တို့၏ အလုပ်မှာ အနည်းငယ် ပင်ပန်းခဲ့ရသည်။ သို့သော်လည်း သူတို့ အမှုတစ်ခုကို ပြီးမြောက်တိုင်း ဆုလာဘ်မှာ လွန်စွာများပြားလွန်းလှပေသည်။
အထူးသဖြင့် ဤအမှုကို လျှို့ဝှက် စုံစမ်းနေခြင်းဖြစ်သည်။ ၎င်းကို အမှုတွဲမှတ်တမ်းတွင် မှတ်တမ်းတင်ထားခြင်း မရှိ၍ ကောင်းမှုကုသိုလ်အဖြစ် မရေတွက်ပေ။ ဆုလာဘ်သည် သေချာပေါက်ပင် ကောင်းမွန်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ရှဲ့ဖင်းကန်း ထိုသို့ပြောလိုက်သောအခါ
လူတိုင်း၏စိတ်ဓာတ်မှာ ချက်ချင်းပင် ထက်သန်လာခဲ့သည်။
သူတို့သည် လက်တလောသဲလွန်စများကို လိုက်ပြီး ဆက်လက်စုံစမ်းနေခဲ့ကြသည်။ ထိုအချိန်တွင် ရှဲ့ဖင်းကန်းသည် ယွီရှန်းကို ခေါ်ကာ ရှဲ့ချောင်နှင့် တွေ့ရန် သွားခဲ့သည်။
မော့လင်းကျစ်သည် သူ့တွင် လုပ်စရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကြမ္မာဥယျာဥ်မှာပင် နေခဲ့သည်။ ရှဲ့ဖင်းကန်း သူ့ကိုလည်း တွေ့ခဲ့ရ၏။
သူ ပျော်ရွှင်နေပုံမပေါ်ပေ။
မော့လင်းကျစ်သည် ဤမိုက်မဲသောမိန်းကလေးကို တကယ်ပင် ပြုစုစောင့်ရှောက်ခဲ့သည်၊ သို့သော် သူသည် စကားများလွန်း၏။ သူ့အား အာရုံစိုက်မည်ဆိုလျှင် မနှစ်မြို့စရာ စကားအချို့ပါ ထပ်ပြောလာနိုင်သည်။ မော့လင်းကျစ်သည် တောင်ပေါ်မှ ထွက်ခွာလာစဉ် သူသည် ငယ်ရွယ်နေသေးပြီး ထိုအရာများကို သူ မမှတ်မိသင့်တော့သော်လည်း သူ၏ဖခင်မှာ ဤဝါရင့်တာအိုဆရာကို နှစ်ပေါင်းများစွာ ဆူပူခဲ့သည်။
ထို့ကြောင့်ပင် သူသည် ဤဝါရင့်တာအိုဆရာကို အတော်ပင်ကောင်းကောင်းသိခဲ့သည်။
ယွီရှန်းသည် မော့လင်းကျစ် မည်သူမည်ဝါမှန်း မသိပေ။ သူသည် ကြမ္မာဥယျာဥ်မှ နောက်ထပ် ဆရာတစ်ဦးဖြစ်သည်ကိုသာ သူမ သိ၏။
ဆေးဆိုင်တွင် ထိုင်နေသော သမားတော်ကဲ့သို့ပင် သူသည် အတော်လေးစွမ်းဆောင်ရည်ရှိသူတစ်ယောက် ဖြစ်ရပေမည်။
ထို့ကြောင့် ယွီရှန်းသည် မော့လင်းကျစ်ကို ပို၍ပင် ရိုသေလေးစားခဲ့သည်။
နှစ်ဦးသားကြားမှ ခြားနားချက်သည် သိသာထင်ရှားလှ၏။
"ဒီမိန်းမငယ်လေးက ဘယ်ကလာတာလဲ။ သူမက တော်တော်လေး နှစ်သက်စရာကောင်းတာပဲ။ ငါ့ရဲ့ မြေး လူတော်လူကောင်းလေးရဲ့ ဇနီးအဖြစ် မနေချင်ဘူးလား" မော့လင်းကျစ် ပြောခဲ့၏။
ထိုသို့ပြောပြီးနောက် သူသည် လက်လှမ်းပြီး မုန့်ယန်၏ ပခုံးကို ပုတ်လိုက်သည်။
မုန့်ယန်က အခုတွင် ရူးကြောင်ကြောင်ဖြစ်နေသော်လည်း နှစ်ပေါင်းများစွာ စွဲနေသော သူ၏ မကောင်းသောအကျင့်ကို မဖျောက်နိုင်သေးပေ။ သူ၏ ပရောပရည်လုပ်တတ်သောအကျင့်မှာ အနည်းငယ်ကျန်ရှိနေသေး၏။ သူသည် "ဇနီး" ဆိုသော စကားလုံးကို ကြားလိုက်သောအခါ သူ့မျက်လုံးများမှာ လင်းလက်သွားပြီး ချက်ချင်းပင် ယွီရှန်းကို စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူတို့ အကြည့်ချင်းဆုံသောအခါ
သူသည် မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကို စေ့လိုက်၏။
"သူက မိန်းမငယ်လေး မဟုတ်ပါဘူး"
"မင်းက ဘာသိလို့လဲ။ မင်းက လူတစ်ယောက်ရဲ့ မျက်နှာကိုပဲ ကြည့်လို့မရဘူးလေ။ မင်းက သူတို့ရဲ့ မျက်လုံးနဲ့ အရိုးတွေကို ကြည့်ရမယ်။ မင်း ဒါကိုတောင် နားမလည်နိုင်ဘူးဆိုရင်
သူတို့ရဲ့ ရင်သားနဲ့ တင်ပါးကို ကြည့်လိုက်။တစ်ချက်ကြည့်လိုက်တာနဲ့ မင်း သိလိမ့်မယ်" မော့လင်းကျစ်သည် ပျော်ရွှင်စွာဖြင့် ပေါ့ပေါ့ဆဆ ပြောလိုက်၏။
ယွီရှန်း၏ မျက်ခွံများ တုန်ယင်သွားခဲ့သည်။
"ဒီအဘိုးကြီးကတော့ ခင်ဗျားအဲ့ဒီစကားကို ထပ်ပြောရဲ ပြောကြည့် " ရှဲ့ဖင်းကန်း ဒေါသထွက်သွားခဲ့သည်။
အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောနဲ့တော့။
မုန့်ယန် နားလည်သွားပုံရပြီး ထိုလှပလွန်းသော မျက်နှာသည် ယွီရှန်းဆီသို့ ဦးတည်သွားသည်။
သူသည် စည်းကမ်းမရှိသော ယောက်ျားကို ကြည့်ရှုသည့်အခါ သူ ပါးစပ်မဟသရွေ့ သူ၏ခေါင်းထဲတွင် တစ်ခုခု ချို့ယွင်းနေသည်ကို ရိပ်မိနိုင်မည်မဟုတ်ပေ။
"အစ်ကိုရှဲ့ ဒေါသမထွက်ပါနဲ့။ ဒါကလည်း မမှားပါဘူး။ လူတွေကို ဒီလိုပဲ ကြည့်တတ်ကြတာလေ" ယွီရှန်းသည် ရှဲ့ဖင်းကန်းကို ဖိထားလိုက်ပြီး ထို့နောက် သူမ၏ ခေါင်းကို ဆန့်ကာ မေးလိုက်၏ "ရှေ့ရော နောက်ရော ပြားနေရင် ဘယ်လိုလုပ်မလဲ"
"သူ့ရဲ့ လည်စလုတ်ကို ကြည့်လိုက်။ တကယ်ပဲ အဆင်မပြေဘူးဆိုရင် မင်းရဲ့ လက်နဲ့ပဲ တို့ကြည့်လိုက်တော့" မော့လင်းကျစ်သည် လေးနက်သော အမူအရာဖြင့် ပြောခဲ့၏။
ရှဲ့ဖင်းကန်း လှောင်ပြောင်ရယ်မောလိုက်သည်။
ဤတာအိုဆရာ ဆိုးသွမ်းကြောင်းကို သူ သိထား၏။
သူ့ဘေးမှ ပရောပရည်လုပ်တတ်သော ယောက်ျားသည်လည်း ဆိုးသွမ်းလှပေသည်။
"သူ့ဆီကနေ မသင်ယူနဲ့။ အဲ့ဒီတုန်းက သူက လူကောင်းတစ်ယောက်လို မဟုတ်တာကြောင့် ငါ့ရဲ့ဖခင်က သူ့ကို တောင်ပေါ်ကို ခေါ်သွားခဲ့တာ။ မင်း ဒီလောက်ကြာကြာ အသက်ရှင်ခဲ့တာ ဒီလို ရှက်ရွံ့မှုကင်းမဲ့တဲ့ တာအိုဆရာကို တွေ့ဖူးလို့လား။ ကံကောင်းလို့ ငါ့ရဲ့နှမက ရိုကျိုးပြီး အသိဉာဏ်ရှိသူအဖြစ် မွေးဖွားလာခဲ့တာ ဒါကြောင့် သူက လမ်းမှားကို မလိုက်သွားခဲ့တာပဲ" ရှဲ့ဖင်းကန်း သူ့ကို စိုက်ကြည့်လိုက်လေသည်။
သို့သော်လည်း မော့လင်းကျစ်မှာ တကယ်ပင် ကြောက်ရွံ့ခြင်းမရှိပေ။
"အဲ့ဒီတုန်းက ဆင်းရဲနှံချာတဲ့ဆရာ တောင်ပေါ်ကို တက်သွားတုန်းက မင်း ငါ့ နောက်ကိုလိုက်ပြီး ငါ့ကို မင်းရဲ့ ဆရာအဖြစ် ခံယူဖို့ အတင်းအကျပ် တောင်းဆိုခဲ့တယ်လေ။ မင်းက ကောင်းကင်ကို တက်ပြီး နတ်ဘုရားဖြစ်ချင်ခဲ့တယ်လေ" မော့လင်းကျစ်သည် အတိတ်ကအရာများကို တွေးလိုက်သည့်အခါ ကျယ်လောင်စွာ ရယ်မောခဲ့သည်။
ရှဲ့ဖင်းကန်းက ချက်ချင်းပင် ပြောစရာစကားမဲ့သွားခဲ့သည်။
သူ မယုံကြည်နိုင်ပေ။
သူ့ရဲ့ဖခင်က ၎င်းကို တစ်ခါမှ မပြောဖူးခဲ့ပေ။
"တကယ်လား ဆရာ" ယွီရှန်းက မယုံနိုင်အောင်ဖြစ်နေပြီး အံ့အားသင့်စွာ မေးလိုက်သည်။
•••••
အခန်း ၁၁၉၈- တားမြစ်ပညာရပ်များ
မော့လင်းကျစ်သည် တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဒီဆင်းရဲနှံချာတဲ့တာအိုဆရာ တောင်ပေါ်ကို ပထမဆုံး ရောက်လာတုန်းက ဒီဓားပြတွေက အတော်လေး ဆိုးသွမ်းကြတယ် နောက်ပိုင်းကျမှ သူတို့ရဲ့ မှတ်ဉာဏ်ပျောက်နေတဲ့ဒုတိယခေါင်းဆောင်ထက် ငါက ပိုပြီး အစွမ်းထက်မှန်း သိကြတော့မှ သူတို့က ငါ့ကို ကြည်ညိုလေးစားကြတာပဲ"
ထို ဒုတိယခေါင်းဆောင်သည် ထိုအချိန်က စစ်ရေးစစ်ရာအကြံပေးဖြစ်ပြီး လက်ရှိ ပရောဟိတ်ကြီး ဖုန်ထျန်းမင်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
"သူတို့ရဲ့ ဒုတိယခေါင်းဆောင်ကလည်း အရည်အချင်းရှိတဲ့လူပါပဲ။ ဟောဒီကဆင်းရဲနှံချာတဲ့တာအိုဆရာကပဲ သူ့ရဲ့ ဦးနှောက်ထိခိုက်ထားတာကို မြင်ခဲ့တာ။ ငါ တောင်ပေါ်စခန်းမှာ ရှိနေတုန်းက ဘာမှလုပ်စရာ မရှိတော့ သူ့ရဲ့ စွမ်းရည်အချို့ကို သူ့ကို ပြန်ပြီး ပြောပြခဲ့တယ်။ ဒီဆင်းရဲနှံချာတဲ့တာအိုဆရာသာ မရှိခဲ့ရင် သူက လက်ရှိပရောဟိတ်ကြီးတောင် ဖြစ်လာမှာ မဟုတ်ဘူး" သူ၏ မျက်နှာတွင် ဂုဏ်ယူဝံ့ကြွားမှုများ ပြည့်နှက်နေသည်။
ရှဲ့ဖင်းကန်းကလည်း ထိုအကြောင်းကို အသိအမှတ်ပြု၏။
ထိုအချိန်တုန်းက ပရောဟိတ်ကြီးသည် တောင်ပေါ်စခန်းသို့ လမ်းပျောက်ပြီး ရောက်လာခဲ့ပြီး မည်သည်ကိုမှ မသိဘဲ သူတောင်းစားလုံးလုံးပင် ဖြစ်နေသည်။
သို့သော်လည်း သူ့၏ မွေးရာပါပုံပန်းသဏ္ဍာန် ကောင်းမွန်နေသည်ကို မြင်သောကြောင့် ရှဲ့ဖင်းကန်းတို့၏ မိခင်က ထိုသူသည် အရည်အချင်းရှိသူ တစ်ဦး ဖြစ်နိုင်ကြောင်းကိုခံစားရပြီး သူ့ကို လက်ခံထားခဲ့သည်။
တစ်နေ့တွင် ပရောဟိတ်ကြီးသည် စာအုပ်တစ်အုပ်ကို မတော်တဆဖတ်မိရာ သူသည် စာဖတ်တတ်မှန်း ရုတ်တရက် သိရှိသွားခဲ့သည်။
ရေစုပ်ဂွမ်းတစ်ခုလိုပင် သူသည် အရာများစွာကို ရုတ်တရက် လေ့လာသင်ယူနိုင်ခဲ့ပြီး မည်သည့်အရာကိုမဆို ဆင်ခြင်တွေးခေါ်နိုင်စွမ်း ရှိသည်။ အစပိုင်းတွင် သူသည် မည်သို့စာဖတ်ရမည်ကိုသာ သိခဲ့သည်ဟု ထင်ခဲ့သော်လည်း တာအိုဆရာ ရောက်လာကာ လမ်းညွှန်ပြသပြီးနောက် သူသည် ဖုန်းရွှေပညာကိုပါ တတ်မြောက်သွားခဲ့သည်။
ယွီရှန်းသည် ထိုသို့သော အရာများကို တစ်ခါမှ မကြားဖူးသဖြင့် အလွန် စိတ်ဝင်စားသွားသည်။
သူတို့တွင် အလုပ်ကိစ္စများ မရှိခဲ့လျှင် မော့လင်းကျစ် ပြောပြသည့် အတိတ်အကြောင်းအရာများကို ထိုင်ပြီး နားထောင်ချင်နေပေလိမ့်မည်။
ရှဲ့ချောင် အပေါ်ထပ်မှ ဆင်းလာသောအခါ သူတို့သည် အတိတ်က အကြောင်းအရာများကို ပြောဆိုခြင်း ရပ်တန့်လိုက်သည်။
ရှဲ့ဖင်းကန်းသည် သူတို့ ရှာဖွေတွေ့ရှိခဲ့သည့် အရာအားလုံးကို ရှဲ့ချောင်အား ရှင်းပြခဲ့သည်။
"ဒီသွေးတွေက ဘာအသုံးဝင်တာလဲ။ ဘာဖြစ်လို့ တစ်စုံတစ်ယောက်က ဒါတွေကို ဝယ်ဖို့ ဒီလောက် အားထုတ်ရတာလဲ" ရှဲ့ဖင်းကန်း မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ရှဲ့ချောင်သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် မော့လင်းကျစ်အား ကြည့်လိုက်သည်။ "ဆ-ဆရာတူအစ်ကို ဒီအချင်းမှာ မွေးရာပါ 'ချီ' စွမ်းအင်တွေ ရှိပြီး သေဆုံးသူရဲ့သွေးက သူတို့ရဲ့ နောက်ဆုံးထွက်သက်နဲ့ ရောစပ်နေတယ်... ဒီမကောင်းဆိုးဝါး ပညာရပ်တွေကို ကျွန်မ သိပ်မရင်းနှီးဘူး
ဘယ်စာအုပ်ထဲကလဲဆိုတာ သေချာ မမှတ်မိတော့ဘူး"
"မင်း ငယ်ငယ်တုန်းက ငါတို့ တာအိုဘုရားကျောင်းက တားမြစ်စာအုပ်ကို ခိုးဖတ်လို့ ငါ မင်းကို ရိုက်ဖူးတယ်လေ" မော့လင်းကျစ်သည် သူမကို တစ်ချက် ကြည့်လိုက်သည်။
သူသည် ရှဲ့ချောင်ကို ရိုက်ခဲပြီး တစ်ကြိမ်သာ ရိုက်ဖူး၏။
တစ်ကယ်တမ်းတွင် မြင်းမြီးယပ်တောင်ဖြင့် ဖွဖွလေးရိုက်မိရုံသာပင် သူမ မနာကျင်မှာကိုပင် သူက စိုးရိမ်ခဲ့သေးသည်။
"ခင်များက သူ့ကို ရိုက်ခဲ့တာလား။ သူ့ကျန်းမာရေးက အားနည်းနေတာကို" ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်၏။
"ငါ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နေတာပါ။ ငါ သဘောရှိတဲ့အတိုင်း ရိုက်နိုင်တယ်။ မင်းနဲ့ ဘာမှမဆိုင်ဘူး" မော့လင်းကျစ် အလျှော့မပေးပေ။
"ရန်ဖြစ်တာ ရပ်ကြပါတော့" ရှဲ့ချောင်သည် သူတို့အား မျက်စောင်းထိုးကြည့်လိုက်သည်။
ယွီရှန်းသည် နားထောင်ရင်း စိတ်ရှုပ်ထွေးနေ၏။ တစ်ခုခု မှားနေသည်ကို ခံစားလိုက်ရသည်။
ရှဲ့ချောင်သည် မော့ချူးရှန်း ဖြစ်မှန်း သူမ သိ၏။ ထိုသို့ဆိုလျှင်... မော့ချူးရှန်းသည် မော့လင်းကျစ်၏ ဆရာတူညီမ ဖြစ်သည်။ မော့လင်းကျစ်သည် ရှဲ့ချောင်၏ ဆရာဖြစ်ပြီး... မော့လင်းကျစ်သည် ရှဲ့ချောင်ကို ပြုစုပျိုးထောင်ခဲ့သည်ပင်လား။ ထို့ကြောင့်... ရှဲ့ဖင်းကန်း ကာကွယ်ပေးနေတဲ့သူသည် ရှဲ့ချောင်ပင်လား။
ဆိုလိုသည်မှာ ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်မှာ မော့ချူးရှန်းမှန်း သိနေနှင့်ပြီးသားပင်လော။
ယွီရှန်း၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
"ငါတို့ ရွှေယွဲ့တာအိုဘုရားကျောင်းက စစ်မှန် မှန်ကန်တဲ့ တာအိုဘုရားကျောင်းဖြစ်တဲ့အတွက် အဲ့ဒီ
ကောက်ကျစ်တဲ့ မကောင်းဆိုးဝါး ပညာရပ်တွေကို မသုံးပါဘူး။ ဒါပေမဲ့ အပြင်မှာတော့ ကိုယ်ကျင့်တရားကို ဂရုမစိုက်ဘဲ ဆိုးဝါးတဲ့ အရာအားလုံးကို လုပ်ဆောင်နေတဲ့ တာအိုဆရာတွေ ရှိတယ်။ လုံခြုံစေဖို့အတွက် ငါတို့လည်း ဒီအရာတွေကို သင်ယူထားရမယ်။ မင်းက အဲ့ဒီတုန်းက ငယ်လွန်းပါသေးတယ်။ မင်းက စူးစမ်းချင်စိတ်များပြီး ငယ်ရွယ်လွန်းတဲ့အတွက် တားမြစ်ပညာရပ်တွေကို သင်ယူပြီး မကောင်းမှုတွေ လုပ်မိမှာကို ငါက စိုးရိမ်ခဲ့တာပါ..."
ရှဲ့ချောင် အသက်ဆယ့်နှစ်နှစ် ပြည့်ပြီးနောက် သူမကို တားမြစ်ပညာရပ်များကို ပြန်ပြခဲ့သည်။
သို့သော်လည်း…
"နောက်ပိုင်း ကျွန်မ စာအုပ်ကို ဖတ်တဲ့အခါ စာရွက်တွေ အများကြီးကို ကြွက်တွေ ကိုက်ထားတယ်။ ဒါက အဲ့ဒီထဲက တစ်ခုပဲ မဟုတ်လား" ရှဲ့ချောင် မေးလိုက်သည်။
စာရွက်များ ကိုက်ခံရထားရသည်ကို အပထား၍ သူမ သေသေချာချာ ဖတ်ကြည့်သောအခါ စာအုပ်ထဲတွင် ရွံစရာကောင်းသော နည်းလမ်းများစွာ ပါဝင်ပြီး ပုံများပင် ပါရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဖတ်လိုက်သည်နှင့် သူမ၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်လာခဲ့သည်။ ထို့ကြောင့်…
နောက်ဆုံးပိုင်းတွင် စာရွက်များ ပျောက်ဆုံးနေသည်ကို မြင်သောအခါ သူမ၏ ဆရာထံမှ အကြမ်းဖျင်းသာ သိရှိခဲ့ပြီး အသေးစိတ်ကို သေချာ မလေ့လာခဲ့ပေ။
သူမ စဉ်းစားခဲ့ဖူးသည်ဟူ၍ ပြောနိုင်သော်လည်း သေချာ ဂရုတစိုက် ချရေးကာမှတ်သားထားခြင်း မရှိခဲ့ပေ။
•••••