← Chapters

အခန်း (၁၁၉၉-၁၂၀၀)

Vol. 61 Ch. 1199-1200

အခန်း (၁၁၉၉-၁၂၀၀)

Vol. 61 Ch. 1199-1200

အခန်း ၁၁၉၉ ပရောပရည်လုပ်ခြင်း

ရှဲ့ချောင်သည် တာအိုဘုရားကျောင်းတွင် သူမ နေခဲ့ရသော ရက်များကို ပြန်တွေးမိရင်း လွမ်းဆွတ်မိနေလေသည်။

"ဆရာကြီး... ဆရာတူအစ်ကို။ဒီအရာက ဘာအတွက် သုံးတာလဲ" ရှဲ့ချောင် ခဏတာမျှ စဥ်းစားလိုက်သည်။ "နောက်ဆုံး စာရွက်တွေပေါ်က ပညာရပ်တွေက တော်တော်ကို ရက်စက်ကြမ်းကြုတ်တာကို ကျွန်မ မှတ်မိတယ်။ လူတွေကို ချက်ချင်း သတ်နိုင်တယ် မဟုတ်လား"

"အဟုတ်ပဲ သခင်လေးရှဲ့၊ သခင်လေးသေသေချာချာ ကြည့်လိုက်ရင် သိပါလိမ့်မယ်။ အချင်းနဲ့ သွေးကို ယူထားတဲ့ မိခင်နဲ့ ကလေးမှာ မှော်ပညာစမ်းတာ အောင်မြင်သွားတာနဲ့ ကလေးက အသက်တိုပြီး သေဆုံးမှာ သေချာတယ်။ ကိုယ်ဝန်ဆောင် မိခင်လည်း ကံမကောင်း အကြောင်းမလှတာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်။ မသေရင်တောင် အရေခွံတစ်ထပ် လန်သွားလိမ့်မယ်။ ဒါ့အပြင် သေဆုံးသူရဲ့ သွေးနဲ့ 'ချီ' စွမ်းအင်ကို နာမကျန်းဖြစ်ပြီး အချိန်ကြာကြာ ဆင်းရဲဒုက္ခခံစားကာ မကျေနပ်ချက်တွေနဲ့ သေဆုံးသွားသူတွေရဲ့ သွေးနဲ့ 'ချီ' စွမ်းအင်ကို အသုံးပြုရမယ်။ ဒီလိုဆိုရင် သွေးနဲ့ 'ချီ' စွမ်းအင်ရဲ့ အာနိသင်က ပိုပြီး စွမ်းအင်ကြီးမားလာလိမ့်မယ်။

"ဒီအရာနှစ်ခုကို သင်္ချိုင်းဂူထဲက မကောင်းဆိုးဝါး စွမ်းအင်၊ လူတစ်ယောက်ရဲ့ နှလုံးသွေး၊ သူ့ခေါင်းပေါ်က ဆံပင်၊ သူ့ရဲ့ မွေးဇာတာတို့နဲ့ ပေါင်းစပ်လိုက်ရင် ဒီလူကို တစ်သက်လုံး ဆွေမျိုးသားချင်းမရှိအောင် ကျိန်စာတိုက်နိုင်တယ်။ အဲဒါက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းတယ်" မော့လင်းကျစ် ထပ်လောင်းပြောလိုက်သည်။

သူ ထိုသို့ပြောလိုက်သောအခါ ရှဲ့ချောင် ဖတ်ခဲ့ဖူးသည့် စာအုပ်အကြောင်း သူမ၏ မှတ်ဉာဏ်ထဲတွင် ပိုမို ရှင်းလင်းလာခဲ့သည်။

သူမသည် ထိုအချိန်က သူမ၏ ဆရာအား မေးခဲ့သင့်သည်ကို အမှတ်ရသွားသည်။ သို့သော် သူမ၏ ဆရာက ယခုလိုမျက်မှောက်ခေတ်တွင် ဤသို့လုပ်မည့် တာအိုဆရာများ သိပ်မရှိတော့ကြောင်း ပြောခဲ့သည်။

"ဒါဆို ဒီကျိန်စာက အသက်ပြန်ဝင်လာရင်..." ရှဲ့ချောင်သည် အလျင်အမြန် မေးလိုက်သည်။

"သူတစ်ပါးကို ကျိန်စာ မတိုက်ဘဲ ကိုယ့်အပေါ် ပြန်သက်ရောက်တာဆိုတော့ ကိုယ့်ခေါင်းပေါ်ပဲ ပြန်ကျမှာပေါ့။ ရှောင်လွှဲချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ မွေးဇာတာနဲ့ အစားထိုးမှပဲ ရမယ်။ ဒီတစ်လမ်းပဲရှိတယ်"

သို့သော် ကျိန်စာတိုက်သူ၏ ဆွေမျိုးသားချင်းများ၏ ကံကြမ္မာသည်လည်း ကောင်းမွန်မည် မဟုတ်ပေ။

ဤကဲ့သို့သောအရာမျိုးကို သွားမထိသင့်ပေ။

မကောင်းဆိုးဝါး စွမ်းအင်များမှာ ကောင်းကင်တွင် ပျံဝဲတက်နေပြီး မကျေနပ်ချက်တွေကလည်း ပြည့်နှက်နေသည်။

ထို့အပြင် ကလေးခုနစ်ယောက်၏ အသက်ကို ပူဇော်ခဲ့ရသည်။ ဤသို့သောမကောင်းဆိုးဝါး ပညာမျိုး လုပ်ရန် မလွယ်ကူပေ။ ပုံမှန်အားဖြင့် မည်သူမှ မလုပ်ကြသလို

ကျရှုံးရန်လည်း အရမ်းလွယ်ကူလှသည်။

"ဆရာရှဲ့ တော်ဝင်ကိုယ်လုပ်တော်ဟွေ့ရဲ့ မိသားစုကို စစ်ဆေးပြီးပြီလား။ ပြီးတော့ သူ့ဘေးက တာအိုဆရာ ဘယ်သူဘယ်ဝါဆိုတဲ့ အထောက်အထား ရှင်းရှင်းလင်းလင်း ရှိလား။ အဲ့ဒီလူမှာ မိသားစုရှိလား" ရှဲ့ချောင်သည် ရုတ်တရက် မေးလိုက်သည်။

ဤပညာရပ် အချည်နှီးဖြစ်ရန် အခွင့်အရေး အလွန်မြင့်မားနေသောကြောင့်ပင်…

"အာ..." ယွီရှန်းသည် သူမ၏ လက်ကို အားအင်ချည့်နဲ့စွာဖြင့် ရုတ်တရက် မြှောက်လိုက်သည်။

ရှဲ့ချောင်သည် သူမကို လှည့်ကြည့်လိုက်သည်။

အခြားသူများလည်း အံ့သြသွားကြသည်။

ရှဲ့ချောင်၏ မသင့်တော်သောခေါ်ဝေါ်ပြောဆိုပုံများကို ကြားရသောအခါ ယွီရှန်းခေါင်းကိုက်သွားသည်။

"ကျွန်မ... ကျွန်မ အကုန်လုံး သိပါတယ်။ ဆရာရှဲ့လည်း သိတာပဲ ဆိုတော့... ဆရာမမော့ ပြောစရာရှိရင် ပြောလိုက်ပါ။ ရှောင်လွှဲနေစရာ မလိုပါဘူး။ ကျွန်မ ထင်တာက... ဆရာရှဲ့ သိတယ်ဆိုတာကို ကျွန်မ သိတာက ကောင်းပါတယ်။ နောင်ကျရင် ကျွန်မတို့ အတူတူ ပြောစရာတွေ ပိုများလာမှာပါ" ယွီရှန်းသည် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမသည် ချီတုံချတုံဖြစ်နေလေသည်။

ယွီရှန်းသည် ရှဲ့ချောင်နှင့် သူမ၏ လျှို့ဝှက်ချက်များကို ဖွင့်ချလိုက်ပြီဖြစ်သည်။

သို့သော်လည်း…

ရှဲ့ချောင်သည် သူမ အခု ဟန်ဆောင်ထားသောကြောင့် ဟန်မပျက်ပင် နေလိုက်လေသည်။

လူတိုင်း သိနေလျှင်တောင်မှ သူမသည် ပေါ့ဆမှုကို အကျင့်မဖြစ်စေရန်နှင့် အခြားသူများ၏ ရှေ့တွင် အမှားများ မလုပ်မိစေရန် သူမ၏ အခန်းကဏ္ဍကို သေချာစွာ ဆက်ထိန်းထားရပေမည်။

ရှဲ့ဖင်းကန်းသည် ယွီရှန်း၏ စကားကို ကြားသောအခါ အံ့အားသင့်စွာ ကြည့်လိုက်သည်။ "မင်းလည်း သိတယ်လား။ ဒီကောင်မလေး ငါ့ကို လျှို့ဝှက်ထားတာများလား"

ရှဲ့ချောင်သည် ချောင်းခြောက်ဆိုးလိုက်လေသည်။

"ဒီဆင်းရဲနှံချာတဲ့တာအိုဆရာရဲ့ ဆိုင်မှာ ဆူဆူညံညံ မလုပ်ပါနဲ့"

ရှဲ့ဖင်းကန်း ပြောစရာစကားမရှိအောင် ဖြစ်သွားသည်။

ယွီရှန်းသည်လည်း ပြောစရာစကားမရှိအောင် ဖြစ်သွားသည်။

သူတို့နှစ်ဦးသည် အလိုအလျောက် ပါးစပ်ပိတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။

အရာအားလုံးကို သိသောသူများ အခန်းထဲတွင် အပြည့်ရှိနေသော်လည်း ရှဲ့ချောင်သည် ဆရာတစ်ယောက်၏ ပုံပန်းသဏ္ဍာန်ကို ထားရှိနေရဆဲဖြစ်သည်။ သူမကိုယ်သူမ အထင်ကြီးနေသည့်ဟန်ပန်အမူအရာကို ကြည့်လှည့်ပါဦး။

ရှဲ့ဖင်းကန်းသည် အတော်ကြာကြာ စိတ်ထိန်းထားခဲ့ရပြီး ယခုအခါတွင်မူ သူသည်အိမ်ပြန်ပြီး ယွီရှန်းနှင့် အရက်သောက်ရင်း ရှဲ့ချောင် သူ့အား မည်သို့ပင် လိမ်ညာခဲ့ကြောင်းကို ပြောပြချင်စိတ် ပေါက်နေသည်။

ရှဲ့ချောင်၏ မျက်လုံးထဲတွင် သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် မျက်စပစ်နေပုံသည် ပရောပရည်လုပ်နေကြသလို ဖြစ်နေသည်။

မလွယ်ကူပေ။ အချစ်ရေးကိုနားမလည်သော သူမ၏အစ်ကိုကြီးသည် အသိဉာဏ်ပွင့်သွားသည်များလား။

ထိုကံကြမ္မာသည် နောင်မှ မဟုတ်ဘဲ မကြာခင် ပြောင်းလဲနိုင်သည်။

သို့သော် သူ၏ကံကြမ္မာသာ ပြောင်းလဲခြင်းဖြစ်ပြီး သူ၏ စိတ်နေစိတ်ထားနှင့် မသက်ဆိုင်ပေ။

ဤကဲ့သို့ အချစ်ရေး နားမလည်သော စိတ်သည် ကံကြမ္မာ၏ လွှမ်းမိုးမှု ဖြစ်ခဲ့လျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ သူ၏ စိတ်နေစိတ်ထားတွင် အမြစ်တွယ်သွားခဲ့သည်။ သူမ စိုးရိမ်သည်မှာ သူသည် တစ်ကိုယ်တည်းသမား ဖြစ်မလာခဲ့လျှင်တောင် ဤသို့ဒေါသကြီးပြီး စိတ်မထိန်းနိုင်သော ပုံစံမျိုးဖြင့် ဇနီးသည်ကို ရှာနိုင်မည် မဟုတ်ပေ။

•••••

အခန်း ၁၂၀၀ ဖျက်ဆီး၍ မရသော

ရှဲ့ချောင်သည် ရှဲ့ဖင်းကန်းအတွက်အချိန်တိုင်း စိုးရိမ်ပူပန်နေခဲ့သည်။ ယခု သူ ပရောပရည်လုပ်တတ်လာသည်ကို မြင်သောအခါ သူမ ရုတ်တရက်ဆိုသလို အလွန်ကျေနပ်သွားသည်။

"သခင်လေးရှဲ့ အလုပ်ကိစ္စကို ဆက်ကြရအောင်" ရှဲ့ချောင် ညင်သာစွာ ပြောလိုက်သည်။

ရှဲ့ချောင်၏ အမူအရာကို မြင်သောအခါ ရှဲ့ဖင်းကန်းသည် သူမကို ရိုက်ချင်စိတ် ပေါက်သွားသည်။

ယဉ်ကျေးမှုပင်မရှိပေ။

"မင်း တော်ဝင်ကိုယ်လုပ်တော်ဟွေ့ရဲ့ ဆွေမျိုးသားချင်းတွေအကြောင်း ပြောလိုက်တာလား" ရှဲ့ဖင်းကန်း နှာခေါင်းရှုံ့နေလေသည်။ "ငါ အကြာကြီး စစ်ဆေးခဲ့ပြီးသားပါ။ ဒီတော်ဝင်ကိုယ်လုပ်တော်ဟွေ့ရဲ့ ဘဝက တော်တော် ဆိုးဆိုးရွားရွားပဲ။ သူမရဲ့ မိဘတွေက အစောကြီး သေဆုံးသွားပြီး မိသားစုတစ်ခုက မွေးစားသမီးအဖြစ် မွေးစားခဲ့တယ်ဆိုတာပဲ ငါ သိတယ်။ သူမ နန်းတော်ကို ရောက်လာတဲ့အခါ သူမရဲ့ မွေးစာရင်းမှာ မှတ်တမ်းတင်ထားတဲ့ မိသားစုကလည်း အတူတူပဲ။ မင်းသားရုန်ကလွဲရင် သူမရဲ့ သွေးသားရင်းချာတွေ အားလုံး သေဆုံးသွားပြီလို့ ငါ ထင်တယ်။”

"သူမနဲ့အတူ ပါလာတဲ့ တာအိုဆရာကတော့ လုယွီဖင်းလို့ ခေါ်တယ်လို့ ငါ သိထားတယ်။ ငယ်ငယ်တုန်းက တပည့်ခံပြီးတဲ့နောက် အချိန်ကြာကြာ မလေ့လာခဲ့ရဘဲ ကိုယ်‌တိုင်လေ့ကျင့်တတ်မြောက်ခဲ့တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ယခင်က ဧကရာဇ်မင်း နတ်ရွာစံပြီးနောက် ဒီလူက တာအိုဘုရားကျောင်းငယ်လေးတစ်ခုကို ဖွင့်လှစ်ထားခဲ့တယ်။ တော်ဝင်ကိုယ်လုပ်တော်ဟွေ့က မကြာခဏ ဘုရားဝတ်ပြုဖို့ သွားတယ်။ နောက်ပိုင်းကျတော့ တာအိုဘုရားကျောင်းက ပြိုပျက်သွားခဲ့ရတယ်" ရှဲ့ဖင်းကန်း ပြော၏။

"လုယွီဖင်းလား" မော့လင်းကျစ် ပြန်ပြောလေသည်။

"ကြားဖူးလား ဆရာတူအစ်ကို" ရှဲ့ချောင်သည် တာအိုဆရာမအနေဖြင့် မေးလိုက်သည်။

"ကြားဖူးတယ်လို့ ထင်တယ် ဒါပေမဲ့ သေချာတော့ မသိဘူး... ငါ အသက်ကြီးပြီ ငါ့ရဲ့ မှတ်ဉာဏ်က အရင်လို မကောင်းတော့ဘူး။ ငါ စဥ်းစားဖို့ လိုတယ်..." မော့လင်းကျစ်သည် ရုတ်တရက် ထရပ်ပြီး ခြေသံတဖျပ်ဖျပ်ဖြင့် လှည့်ပတ်သွားလာနေသည်။

သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

နောက်ဆုံးတွင် သူ၏ မျက်လုံးများသည် မုန့်ယန်ဆီသို့ ကျရောက်သွားပြီး အတွေးတစ်ခု ဖြတ်ခနဲ ပေါ်လာသည်…

"အရူး... မှတ်ဉာဏ်မကောင်းတဲ့ အရူးပဲ..." မော့လင်းကျစ်သည် သူ့ဘာသာ ရေရွတ်လိုက်ပြီး ရုတ်တရက် သူ့ခေါင်းကို ပုတ်လိုက်သည်။ "ရပြီ အဲ့ဒါက ဖုန်ထျန်းမင် မှတ်ဉာဏ်ပျောက်နေတဲ့ အဲ့ဒီအရူးပဲ။ အဲ့ဒီတုန်းက သူ့ကို တာအိုပညာရပ်တွေကို ပြန်မှတ်မိအောင် ငါ သင်ပေးတုန်းက သူက ယွီဖ

င်း၊ သုန့်ဖန်း၊ ရှောင်ရှန်း... အဲ့ဒီလူတွေရဲ့ နာမည်တွေကို ခဏခဏ ပြောတတ်တယ်။ ပြီးတော့ သခင်မ... သခင်မဟွေ့လားမသိဘူး ပါသေးတယ်။ စကားတွေက ရှုပ်ယှက်ခက်နေတာပဲ။ သူ စကားများများပြောရင် သူ့ခေါင်းကိုက်တယ်လို့တော့ ခဏခဏ ပြောလေ့ရှိတယ်..."

ရှဲ့ဖင်းကန်းသည် အံ့အားသင့်သွားသည်။ "အဲ့ဒီလောက် အချိန်ကြာနေပြီကို ခင်များ ဘယ်လိုလုပ် ဒီလောက် ရှင်းရှင်းလင်းလင်း မှတ်မိနေတာလဲ။ ပရောဟိတ်ကြီး နာမည်အချို့ကို ပြောခဲ့တာကိုလည်း ကျွန်တော် မှတ်မိပေမဲ့ အချိန်ကြာနေပြီဆိုတော့ မေ့သွားတာ ကြာပြီ"

"မင်းက သာမန်လူတစ်ယောက်ပဲ။ ဒီလိုနိမ့်ကျတဲ့ တာအိုဆရာနဲ့ ဘယ်လိုလုပ် နှိုင်းယှဥ်နိုင်မှာလဲ" မော့လင်းကျစ် ပြုံးလိုက်သည်။

အမှန်မှာ သူ ဖုန်ထျန်းမင်ကို စာဖတ်ရန် လမ်းညွှန်နေချိန်တွင် သူသည် ထိုစကားလုံးအနည်းငယ်ကို မသိစိတ်ဖြင့် ရေးချလိုက်သည်။ မော့လင်းကျစ်သည် သူ့အား အပြန်ပြန်အလှန်လှန် စမ်းသပ်ခဲ့သော်လည်း စိတ်ကုန်သွားခြင်းမရှိပေ။

"တော်ဝင်ကိုယ်လုပ်တော်ဟွေ့ရဲ့ မူလနာမည်မှာ အက္ခရာတစ်လုံး ပါဝင်တဲ့ပုံပဲ။ သူမ နန်းတော်ထဲကို အပျိုတော်အဖြစ် ဝင်လာတုန်းက နာမည်ပြောင်းခဲ့တာ" ရှဲ့ဖင်းကန်း ပြောသည်။ "ဒါဆို... ပရောဟိတ်ကြီးက ဒီ တော်ဝင်ကိုယ်လုပ်တော်နဲ့ တကယ် ဆက်စပ်မှု ရှိတာလား။ သူတို့က မိသားစုတွေလား"

"ဖြစ်နိုင်ခြေတော့ အများဆုံးပဲ" ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

ပရောဟိတ်ကြီးသည် မှတ်ဉာဏ်ပျောက်ဆုံးနေသော်လည်း သူ့ဆရာ၏ ရိုးရှင်းသော လမ်းညွှန်မှုအပြီးတွင် သူ၏ စွမ်းရည်များ အားလုံး ပြန်ရလာခဲ့သည်။

လုယွီဖင်းသည် ဆရာဖြစ်လာပြီးနောက်ပိုင်း မိမိဘာသာမိမိ သင်ယူခဲ့သည်လား။

ဤလို အလုပ်မျိုးတွင် ဆရာတစ်ယောက်၏ လမ်းညွှန်မှု မရှိဘဲ မိမိဘာသာမိမိ သင်ယူဖို့ မလွယ်ကူပေ။ သူမကဲ့သို့ပင် သူမ၏ဆရာနှင့် ရွှေယွဲ့တာအိုဘုရားကျောင်းရှိ ရှေးဟောင်းစာအုပ်ပေါင်းများစွာကို အားကိုးကာ ဖတ်ရှုလေ့လာပြီးမှသာ ဆရာတစ်ဦး ဖြစ်လာနိုင်ခဲ့သည်။

ရှဲ့ဖင်းကန်းသည် ပရောဟိတ်ကြီးကို အလွန်လေးစား၏။

သူ့အတွက် ပရောဟိတ်ကြီး မရှိခဲ့လျှင် လက်ရှိ ရှဲ့မိသားစုလည်း ရှိလာမည် မဟုတ်ပေ။

သူသည် လူရိုင်းများနှင့် တိုက်ခိုက်နေချိန်တွင် သူ့ကို အကြံပေးစာ ပို့ခဲ့သည်မှာ ရှဲ့ချောင်ဖြစ်သည်။ သို့သော် နောက်ပိုင်း၌ စစ်တပ်ထဲတွင် နည်းဗျူဟာအမျိုးမျိုးကို ထုတ်ပေးခဲ့သူမှာ ပရောဟိတ်ကြီးပင် ဖြစ်သည်။

သူ မြို့တော်ကို ရောက်လာပြီးနောက် ရှဲ့မိသားစုကို အကာအကွယ်ပေးခဲ့သူမှာလည်း ပရောဟိတ်ကြီးပင် ဖြစ်သည်။ ထို့ကြောင့် လူဆိုးဓားပြကဲ့သို့သော ရှဲ့မိသားစုကို ဧကရာဇ်မင်းမှ ဖျက်ဆီးပစ်တာ

မျိုး မလုပ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်မှာ လုပ်စရာရှိသေးတယ်" ရှဲ့ဖင်းကန်းသည် ချက်ချင်း ထရပ်လိုက်သည်။ သူ ဘာမှပြောဖို့ပင် အချိန်မရလိုက်ဘဲ လှည့်ထွက်သွားသည်။

ယွီရှန်းသည်လည်း ခဏတာ နှုတ်ဆက်ပြီး အလျင်အမြန် လိုက်သွားသည်။

မော့လင်းကျစ်သည် သူ၏ အမူအရာကို ကြည့်ပြီးနောက် ရှဲ့ချောင်ကို ကြည့်လိုက်သည်။ သူပြောလိုက်၏ "ကလေးမလေး နင့်ရဲ့အစ်ကိုကြီးက ဘာအတွက် ဝမ်းနည်းပူဆွေးနေရမှာလဲ။ သေသေချာချာ ကြည့်လိုက်ရင် သူ့ရဲ့ မိဘအိမ်တော်မှာ ပြဿနာကြီးကြီးမားမား မရှိဘူးလို့ ထင်တယ်... ငါထင်တာတော့ ပရောဟိတ်ကြီး ဆုံးပါးတော့မယ် ထင်တယ်"

ရှဲ့ချောင်နှင့် ရှဲ့ဖင်းကန်းတို့သည် သွေးသားရင်းချာ မောင်နှမများ ဖြစ်ကြသည်။ သူမသာ သူ့ကို တစ်ချက်ကြည့်ရုံဖြင့် သူ၏ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည် မဟုတ်ပေ။

သို့သော် ရှဲ့ချောင်သည် အခြားသူများကို သေသေချာချာ အာရုံစိုက်ပြီး ကြည့်ရသည်ကို မနှစ်သက်သောကြောင့် သူမ၏ အစ်ကိုကြီး၏ အခြေအနေကို မမြင်နိုင်ခဲ့သည်မှာ သဘာဝကျပေသည်။

ထို့အပြင်…

သူတို့သည် သွေးသားရင်းချာ မဟုတ်သောကြောင့် ကံကြမ္မာသည် မထင်ရှားပေ။

ရှဲ့ချောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမ လိုက်သွားရန် ပြင်လိုက်သော်လည်း မော့လင်းကျစ်က တားလိုက်သည်။ "အဲ့ဒါက ကျိန်စာ မဟုတ်ဘဲ ကောင်းချီးမင်္ဂလာပါ။ ကျိန်စာဖြစ်ရင် ရှောင်လွှဲလို့ မရနိုင်ဘူး။ မိန်းကလေး မင်းသွားစရာ မလိုပါဘူး။ ကံကြမ္မာက ထင်ရှားနေတယ်။ ကျိန်စာက ကျရောက်ပြီးပြီ။ ကျိန်စာကို မင်း ဖျက်ဆီးလို့ မရနိုင်ဘူး"

သူမ အလွယ်တကူ ဖျက်ဆီးနိုင်မည်ဆိုလျှင်... သူ အစောပိုင်းကတည်းက ပြောလိုက်မိပေလိမ့်မည်။

•••••

All Chapters