မင်းအဘွားက အသက် ကိုးဆယ်လဲ ဖြစ်နိုင်တယ်၊ ပြီးတော့ … (၁)
Vol. 5 Ch. 71
ညဉ့်နက်သန်းခေါင်ယံအချိန်။ ဝူရင်နန်းဆောင်။
ဧကရာဇ်အိုကြီးသည် ပလ္လင်ထက်မှနေ၍ သူ၏ အောက်တွင် ရှိနေကြသော ဒုတိယအဆင့် အရာရှိကြီးများ အားလုံးကို တိုင်းပြည်ကြီးတစ်ခုလုံး အစအနမကျန် ပျက်စီးပြုန်းတီးတော့မည့် ဘေးဒုက္ခဆိုးကြီးနှင့် ရင်ဆိုင်နေရ သည့်အလား အလွန်အမင်း လေးနက်တည်ကြည်လှသော မျက်နှာအမူအရာဖြင့် စေ့စေ့စပ်စပ် လိုက်လံကြည့်ရှု စစ်ဆေးနေမိတော့သည်။
ဝန်ကြီးချုပ်သော်သည် မျက်မှောင်ကြီးကို ကုပ်လျက် အသည်းအသန် အတွေးနက်နေခဲ့ပြီး အဓိကဝန်ကြီးဌာန ခြောက်ခုမှ ဝန်ကြီးချုပ်အားလုံး၏ မျက်နှာပေါ်တွင်လည်း ပူပန်သောကရောက်လှသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ အသစ်ခန့်အပ်လိုက်သော ဘယ်လက်ရုံး စုံစမ်းစစ်ဆေးရေးအရာရှိချုပ်နှင့် အသက် ၆၉ နှစ် အရွယ်ရှိပြီ ဖြစ်သော ညာလက်ရုံး ဝါရင့်အရာရှိချုပ်တို့နှစ်ဦးစလုံး၏ နားထင်များပေါ်တွင်မူ ထိတ်လန့် တုန်လှုပ်မှု များကြောင့် ချွေးစေးများ တရစပ် သီးကျလို့နေခဲ့ကြရပေသည်။ ရှေ့၊ နောက်၊ ဝဲ၊ ယာ နှင့် ဗဟိုစစ်သေနာပတိ တပ်မှူးကြီး ငါးဦးစလုံးသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက် မရေမရာ လှမ်းကြည့်လျက် အကြည့်ချင်း ဖလှယ်နေခဲ့ကြပြီးနောက် နောက်ဆုံးတွင်မူ ဗဟိုတပ်မှူးကြီးက တည်ငြိမ်ရဲဝံ့စွာဖြင့် ရှေ့သို့ တစ်လှမ်း တိုးထွက်လာခဲ့ပြီး ရင်ဘတ်ကို မတ်လျက် ယုံကြည်ချက်အပြည့်ရှိလှသော လေသံဖြင့် အော်ဟစ် လျှောက်တင် လိုက်တော့သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးရဲ့ မွေးစားသား တစ်ဆယ့်ရှစ်ယောက်စလုံးကို ရှောင်ပိုင်ကျီရဲ့ ညာတောင်ပံကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ပေးပါလိမ့်မယ်”
တကယ်တမ်းတွင် ရှောင်ပိုင်ကျီ ဟူသော အသုံးအနှုန်းမှာ ဧကရာဇ်နှင့် အရာရှိအချို့တို့အကြား ကွယ်ရာ၌သာ တီးတိုး ခေါ်ဝေါ်လေ့ရှိကြသည့် သီးသန့် နာမည်ပြောင်မျှသာ ဖြစ်ခဲ့သော်လည်း၊ ယခုကဲ့သို့ စနစ်၏ ဘေးဒုက္ခကြောင့် ၎င်းအမည်နာမက လူသိရှင်ကြား အများပြည်သူအကြားသို့ ပေါက်ကွဲ ထွက်ပေါ် လာခဲ့ပြီးနောက် အရာရာတိုင်းက ကမောက်ကမဖြင့် လုံးဝ ပြောင်းလဲသွားခဲ့ရချေပြီ။
“ကျွန်တော်မျိုးရဲ့ မွေးစားသား တစ်ဆယ့်ရှစ်ယောက်စလုံးဟာ တစ်ယောက်ချင်းစီက အရပ် ကိုးပေကျော် အထိ မြင့်မားကြပြီး တကယ့်ကို သူမတူအောင် ရဲရင့်ကြပါတယ်၊ အကြီးဆုံးသားဆိုရင် နွားကိုးကောင်နဲ့ ကျားနှစ်ကောင်ရဲ့ အားအင်မျိုးကို ပိုင်ဆိုင်ထားတဲ့အပြင် ကိုယ်ခံပညာမှာလဲ တကယ့်ကို ပြိုင်ဘက်ကင်းလှပါတယ်၊ ဒါကြောင့်မို့လို့ သူတို့တွေ ရှောင်ပိုင်ကျီရဲ့ ဘေးကင်းလုံခြုံရေးကို ဘယ်လိုအခြေအနေမျိုးမှာမဆို ကာကွယ်နိုင်လိမ့်မယ်လို့ အာမခံပါတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ရှေ့တန်းစစ်သေနာပတိ တပ်မှူးကြီးသည် ရုတ်တရက်ဆိုသလို ဒေါသ တကြီးဖြင့် မတ်တတ်ထရပ်လိုက်ရင်း နှာခေါင်းတစ်ချက်ရှုံ့ကာ အော်ဟစ်တော့သည်။
“ကျွန်တော်မျိုးကတော့ဖြင့် အသေးစိတ် စာရင်းဇယားတွေကို သိပ်ပြီး နားမလည်လှပါဘူး ဘုရား၊ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ ကိုယ်ပိုင်အိမ်တော်က အထူးရွေးချယ်ထားတဲ့ ကိုယ်ရံတော်ရဲမက် ၄၉ ယောက်ကို အခုကစပြီး ရှောင်ပိုင်ကျီရဲ့ အိမ်နဲ့ ကပ်လျက်နေရာတွေမှာတင် စနစ်တကျ အခြေစိုက် တပ်စွဲထားလိုက်ပြီ ဖြစ်ပါတယ်၊ သူတို့အားလုံးက တကယ့်ကို တိုက်ပွဲဝင် ထိပ်တန်း စစ်သည်တော်တွေမို့လို့ ဘယ်လိုလူမျိုးမဆို သူ့ကို လာရောက် လုပ်ကြံချင်တယ်ဆိုရင် ကျွန်တော်မျိုးရဲ့ စစ်သည်တော်တွေကို အရင်ဆုံး ဖြတ်ကျော်သွားရပါလိမ့်မယ်၊ တစ်ယောက်ချင်းစီက မြင်းစီးခြင်းနဲ့ မြားပစ်အတတ်ပညာတွေမှာ အလွန်အမင်း ကျွမ်းကျင်ကြတဲ့အပြင် ကျွန်တော်မျိုးဘက်က သူတို့ကို သေနတ်တွေပါ အပြည့်အစုံ တပ်ဆင်ပေးထားပါတယ်၊ ဘယ်အကောင်မဆို ရှောင်ပိုင်ကျီကို လာပြီး ထိပါးရဲမယ်ဆိုရင်တော့ဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပျားအုံအလား အပေါက်ပေါင်း ဗလပွ ဖြစ်အောင် အသေအလဲ ပစ်ခတ်ခြေမှုန်းပစ်မှာပါ”
အခွန်ဘဏ္ဍာရေး ဝန်ကြီးသည်လည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ တစ်ချိန်တည်းမှာတင် ချက်ချင်း ဝင်ရောက် လျှောက်တင်တော့သည်။
“ရှောင်ပိုင်ကျီရဲ့ အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာရှိတဲ့ အရပ်သား ပြည်သူတွေအားလုံးကို ဘေးကင်းရာ တခြားနေရာ တွေဆီကို အမြန်ဆုံး ရွှေ့ပြောင်းပေးရပါလိမ့်မယ်၊ သူတို့အတွက် လိုအပ်မယ့် နစ်နာကြေးနဲ့ ပြောင်းရွှေ့စရိတ် အားလုံးကို ကျွန်တော်မျိုးတို့ အခွန်ဘဏ္ဍာရေး ဝန်ကြီးဌာနကနေပဲ အပြည့်အဝ တာဝန်ယူ ကျခံပေးပါ့မယ် ဘုရား”
ဆောက်လုပ်ရေး ဝန်ကြီးကမူ နှုတ်ခမ်းဖျားကို တွန့်ကွေးလျက် ပြုံးလိုက်ရင်း ပြောလိုက်သည်။
“ကျွန်တော်မျိုးတို့ဘက်က ရှောင်ပိုင်ကျီရဲ့ ကိုယ်ပိုင်အိမ်ကလေးကို ဘာတစ်ခုမှ ထိခိုက်အောင် သွားပြီး လုပ်မှာ မဟုတ်ပါဘူး ဘုရား၊ ဒါပေမဲ့ သူ့အိမ်ရဲ့ ဘေးပတ်ပတ်လည်မှာ ရှိနေတဲ့ တခြားသောအိမ်တွေ၊ အဆောက်အဦးတွေ အားလုံးကို တကယ့်ကို ခိုင်ခံ့တောင့်တင်းလှတဲ့ ခံတပ်ကြီးတွေအဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ပြီး အဆင့်မြှင့်တင် ဆောက်လုပ်ပေးလို့ ရပါတယ် ဘုရား၊ ဒီကိစ္စက ကျွန်တော်မျိုးတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တာဝန် ဖြစ်ပါတယ်၊ ဒါပေမဲ့ ….”
ဆောက်လုပ်ရေး ဝန်ကြီးသည် သူ၏ စကားကို ရှေ့ဆက်မပြောဘဲ တမင်ဖြတ်ကာ လေသံကို လျှော့လိုက်ရင်း နောက်ထပ် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်အားလုံးမှာ အရှင်မင်းကြီး၏ ပြတ်သားလှသော ဆုံးဖြတ်ချက် အပေါ်တွင်သာ လုံးဝ တည်မှီနေကြောင်း အချက်ပြသည့် အမူအရာဖြင့် ဧကရာဇ်ထံသို့ ရိုသေစွာ လှမ်းကြည့်လိုက်တော့သည်။
ဧကရာဇ်သည် သူ၏ ရှေ့မှောက်တွင် ဖြန့်ခင်းထားသော မြို့တော်မြေပုံပေါ်သို့ ကိုယ်ကို အသာအယာ ကိုင်းညွှတ် လိုက်ပြီးနောက် သူ၏ လက်ညှိုးဖြင့် မြေပုံပေါ်ရှိ လမ်းကြောင်းတစ်ခုကို လိုက်လံထောက်ပြရင်း မိန့်ကြားလိုက်၏။
“ဒီနယ်မြေတစ်ခုလုံးကို အသစ်ပြန်လည် တည်ဆောက်ရေး ပြုလုပ်စေ”
ဆောက်လုပ်ရေး ဝန်ကြီးသည် ရှေ့သို့ တစ်လှမ်း တိုးထွက်လာခဲ့ပြီး ဧကရာဇ် ညွှန်ပြလိုက်သော ထိုမြေပုံညွှန်းကို သေသေချာချာ စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအစုံမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ် သွားခဲ့ရသဖြင့် အံ့ဩခြင်း အလင်းတန်းများ ဖြတ်ခနဲ လျှပ်စီးလက်သွားခဲ့ရတော့သည်။ သို့သော်လည်း သူသည် ဘာတစ်ခွန်းမျှ ထပ်မံ၍ မေးမြန်းခြင်း မပြုတော့ဘဲ ရိုသေစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက် ငြိမ်သက်စွာဖြင့် နောက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့တော့သည်။
ဤကဲ့သို့သော အမူအရာမှာ အနီးနားရှိ အခြားသော ဒုတိယအဆင့် အရာရှိကြီးများ အားလုံး၏ စူးစမ်းချင်စိတ်ကို အစွမ်းကုန် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရတော့သည်။ ထို့ကြောင့် သူတို့အားလုံးသည် ဧကရာဇ်၏ ခွင့်ပြုချက်ကို ရယူပြီးနောက် မြေပုံကြီးဆီသို့ စုပြုံတိုးဝှေ့ကာ လှမ်းကြည့်လိုက်ကြတော့သည်။ ဧကရာဇ်၏ လက်ညှိုးဖြင့် စနစ်တကျ မှတ်သားညွှန်ပြထားသော နယ်မြေအပိုင်းအခြားကြီးကို မြင်တွေ့လိုက်ရသည့် တစ်ခဏ အတွင်းမှာပင် အရာရှိကြီးအားလုံး၏ မျက်လုံးများမှာ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားခဲ့ရတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းနယ်မြေကြီးမှာ အခြားမဟုတ်ဘဲ မြို့တော် တောင်ဘက်ပိုင်းတစ်ခုလုံးရှိ သုံးဆယ့်ခြောက်ခရိုင် တစ်ခုလုံး ဖြစ်နေသောကြောင့်ပင်။
ဗဟိုတပ်မှူးကြီးသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် မနေနိုင်တော့ဘဲ လျှောက်တင်လိုက်တော့သည်။
“အရှင်မင်းကြီး၊ အရှင်မင်းကြီးအနေနဲ့ တောင်ဘက်ပိုင်း သုံးဆယ့်ခြောက်ခရိုင်တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေကို ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးဖို့ ကြံရွယ်နေတာလား ဘုရား၊ ဒီကိစ္စရပ်က ဘယ်လောက်အထိ များပြားလှတဲ့ လူဦးရေ အမြောက်အမြားနဲ့ သက်ဆိုင်နေသလဲဆိုတာကိုကော အရှင်မင်းကြီး သေသေချာချာ သိမြင်ပါရဲ့လား ဘုရား”
ဧကရာဇ်ဘက်မှ တစ်စုံတစ်ရာ ပြန်လည်မိန့်ကြားခြင်း မပြုရသေးမီမှာပင် ဝန်ကြီးချုပ်သော်သည် ဧကရာဇ် အနေဖြင့် တွေဝေသွားမည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေမိသဖြင့် ချက်ချင်းပင် ရှေ့သို့ အသည်းအသန် တိုးထွက် လာခဲ့ပြီး လျှောက်တင်လိုက်တော့သည်။
“အရှင်မင်းကြီး၊ တောင်ဘက်ခရိုင်ထဲမှာရှိတဲ့ ကျွန်တော်မျိုးရဲ့ ကိုယ်ပိုင်အိမ်တော်ကြီးကို လုံးဝ ဖျက်ဆီးပစ် လိုက်ပြီးတော့ အရပ်သားပြည်သူတွေအတွက် အိမ်ရာအသစ်တွေအဖြစ် ပြန်လည်တည်ဆောက်ဖို့ နေရာပေး လှူပါ့မယ်”
အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော ဝန်ကြီးချုပ်သော်အနေဖြင့် ဘဝတွင် ဘာတစ်ခုမျှ ထပ်မံမတောင်းတတော့ဘဲ မိမိ၏ စင်ကြယ်လှသော ဂုဏ်သတင်း ကျော်စောမှုကိုသာ အသက်ထက်မက တန်ဖိုးထားထိန်းသိမ်းလိုသူ ဖြစ်ပေသည်။ အကယ်၍ ရှုရန်မြောင် တစ်ယောက် ကံဆိုးမိုးမှောင်ကျပြီး သေဆုံးသွားခဲ့ပါက သူ၏ စနစ်ထဲက တိုင်းပြည်၏ ကောလာဟလ နန်းတွင်းအတွင်းသတင်း လျှို့ဝှက်ချက်များအားလုံး အပြင်ကို ပေါက်ကွဲ ထွက်ပေါ် သွားခဲ့မည်ဆိုလျှင် ဝန်ကြီးချုပ်ကြီးသော်၌ ကိုယ်လုပ်တော်မြောက်မြားစွာ ရှိနေသည့်ကိစ္စ၊ သူ၏ အိပ်ခန်းတွင်း အလေ့အထများနှင့် သူ၏ သားသမီးမြေးမြစ်များထဲမှသူများက မည်မျှအထိ ဂုဏ်သိက္ခာရှိပြီး မည်မျှအထိ ကောက်ကျစ် အောက်တန်းကျလှသည်ဟူသော အရှက်ရဖွယ် အကြောင်းအရာအားလုံးကို တစ်ကမ္ဘာလုံးက သိရှိသွားကြရတော့မည် မဟုတ်ပါလား။ ထိုသို့ ဖြစ်လာခဲ့ပါက သူ အရှက်ကွဲပြီး သေပစ်လိုက်တာကမှ ပိုပြီး ကောင်းမွန်ပေလိမ့်မည်။
မိမိ၏ နိုင်ငံရေးပြိုင်ဘက်များ၊ မိမိ အလွန်အမင်း ချစ်ခင်မြတ်နိုးရသော မျိုးဆက်သစ် လူငယ်များနှင့် မိမိအား အမြဲတမ်း ရိုသေလေးစားကြသော လက်အောက်ငယ်သားများက ထိုကဲ့သို့သော လျှို့ဝှက်ချက်ဆိုးကြီးများကို သိရှိ သွားကြမည့်အရေးကို တွေးမိရုံမျှဖြင့်တင် သူ ဘယ်လိုနည်းနဲ့မှ ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် မိမိ၏ သန့်ရှင်းသော ဂုဏ်သိက္ခာကို ဘယ်လိုအခြေအနေမျိုးမှာမဆို မရရအောင် အစွမ်းကုန် ကာကွယ် စောင့်ရှောက်ရန် စိတ်ပိုင်းဖြတ်ထားခဲ့ချေပြီ။
ဝန်ကြီးချုပ်ကြီးသော်၏ လေသံမှာ ယခင်ကထက်ပင် ပိုမို၍ ပြတ်သားခိုင်မာလာခဲ့တော့သည်။
“အရှင်မင်းကြီး၊ တောင်ဘက်ပိုင်း သုံးဆယ့်ခြောက်ခရိုင်မှာရှိတဲ့ ပြည်သူတွေကို တခြားနေရာဆီ ရွှေ့ပြောင်း ပေးတာက တကယ့်ကို ဆိုးရွားတဲ့ ကိစ္စရပ်တစ်ခု လုံးဝ မဟုတ်ပါဘူး၊ အဲဒီနယ်မြေတစ်ခုလုံးက အရမ်းကို ဟောင်းနွမ်း စုတ်ပြတ်နေပြီး အမြန်ဆုံး ပြုပြင်မွမ်းမံဖို့ လိုအပ်နေတာပါ၊ ကျွန်တော်မျိုးရဲ့ အိမ်တော်ကြီးက ဧက ရာပေါင်းများစွာအထိ ကျယ်ဝန်းလှတာမို့လို့ ၎င်းကို အပြီးတိုင် ဖြိုဖျက်ပစ်လိုက်ပြီးတော့ ရွှေ့ပြောင်းရမယ့် အရပ်သား ပြည်သူတွေအတွက် ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်တဲ့ အိမ်ရာအသစ်တွေကို ကောင်းကောင်းကြီး တည်ဆောက် ပေးနိုင်ပါတယ်၊ တကယ်လို့သာ အခွန်ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဘဏ္ဍာရန်ပုံငွေ မလုံလောက် တာမျိုး ရှိခဲ့မယ်ဆိုရင်လဲ ကျွန်တော်မျိုးရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေထဲကနေ အကုန်အကျခံပြီး အလုံးအရင်းနဲ့ လှူဒါန်းပေးဖို့ အဆင်သင့်ပါပဲ ဘုရား”
*ဒီပြန်လည် နေရာချထားရေး အစီအစဉ်က လုပ်ကိုလုပ်မှရမယ်၊ ဒါကို ဟန့်တားရဲတဲ့ ဘယ်သူမဆို ငါ့ဒေါသနဲ့ ရင်ဆိုင်ရမယ်*
စစ်မက်ရေးရာ ဝန်ကြီးသည်လည်း တစ်ချိန်တည်းမှာပင် တူညီလှသော ခံစားချက်များဖြင့် အလွန်အမင်း စိတ်လှုပ်ရှားစွာ ဝင်ရောက်လျှောက်တင်ပြန်တော့သည်။
“အရှင်မင်းကြီး၊ကျွန်တော်မျိုးရဲ့ အိမ်တော်က ထူးချွန်တဲ့ ကိုယ်ရံတော်ရဲမက် ၂၀ ကို ရှောင်ပိုင်ကျီရဲ့ အိမ်တော်ဘေး ပတ်ပတ်လည်မှာ နေ့ညမပြတ် အလှည့်ကျ စောင့်ကြပ်ကင်းလှည့်ဖို့အတွက် ခွင့်ပြုပေးစေချင်ပါတယ် ဘုရား၊ ကျွန်တော်မျိုးတို့အား လုံး ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့ရဲ့ ဘေးကင်းလုံခြုံရေးကို ကိုယ်ပိုင်အသက်နဲ့လဲပြီး အစွမ်းကုန် အကာအကွယ်ပေးပါ့မယ်လို့ သစ္စာဆိုပါတယ် ဘုရား”
ဆောက်လုပ်ရေး ဝန်ကြီးကလည်း သူ၏ လေသံကို မြှင့်လိုက်ရင်းက လျှောက်တင်ပြန်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးအနေနဲ့ တောင်ဘက်ပိုင်း သုံးဆယ့်ခြောက်ခရိုင်တစ်ခုလုံးကို မြေလှန်ပစ်ပြီးတော့ အခြေခံကစလို့ အသစ်ပြန်လည် တည်ဆောက်ဖို့ အဆိုပြုပါတယ် ဘုရား၊ လမ်းတွေက ဟောင်းနွမ်း စုတ်ပြတ်နေတော့ ရှောင်ပိုင်ကျီ လမ်းလျှောက်ရင်း ခလုတ်တိုက်မိပြီး ဒဏ်ရာရသွားမှာမျိုးကို ကျွန်တော်မျိုးတို့ ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်ပါဘူး ဘုရား၊ တကယ်လို့သာ သူ့မှာ တစ်ခုခုများ”
နန်းတွင်း အရာရှိ ခန့်ထားရေးဝန်ကြီးကမူ ဆောက်လုပ်ရေးဝန်ကြီး၏ စကားပင် မဆုံးသေးမီမှာပင် စိတ်မရှည် တော့ဟန်ဖြင့် ဖြတ်ခနဲ အော်ဟစ်တားဆီးလိုက်တော့သည်။
“ပါးစပ်ပိတ်စမ်း၊ နိမိတ်မရှိ အမင်္ဂလာစကားတွေကို လျှောက်ပြီး မပြောစမ်းနဲ့”
ဆောက်လုပ်ရေးဝန်ကြီးသည်လည်း မိမိပြောမိသွားသော စကားကြောင့် အလျင်အမြန်ပင် တောင်းပန် လိုက်ရတော့သည်။
“ဟုတ်ကဲ့… ဟုတ်ကဲ့၊ ကျွန်တော် မှားပြောမိသွားတာပါ၊ အဲ့ဒါကို အတည်မယူလိုက်ပါနဲ့”
ဘယ်လက်ရုံး တပ်မှူးကြီးကမူ ရှေ့သို့ တစ်လှမ်း တိုးထွက်လာခဲ့ပြီး လျှောက်တင်ပြန်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးရဲ့ အမြင်အရ သာမန်ကိုယ်ရံတော်တွေနဲ့ အစေခံတွေတင်ပဲဆိုရင် ရှောင်ပိုင်ကျီကို ကာကွယ်ဖို့အတွက် လုံးဝ မလုံလောက်သေးပါဘူး ဘုရား။ အဲဒါကြောင့် ကျွန်တော်မျိုးကိုယ်တိုင် သူ့အိမ်ရဲ့ ကပ်လျက် ဘေးအိမ်ထဲကို ပြောင်းရွှေ့နေထိုင်ပါရစေ၊ တကယ်လို့များ တစ်စုံတစ်ရာ အရေးပေါ် ဘေးဒုက္ခ ဆိုးကြီး ကြုံလာခဲ့မယ်ဆိုရင် သူ့ရဲ့ ကိုယ်စား ကျွန်တော်မျိုးကပဲ အရင်ဆုံး အသက်ပေးပြီး ကာကွယ်သွားပါ့မယ် ဘုရား”
တစ်ဖက်တွင်မူ နန်းတော်ကြီး၏ အပြင်ဘက်တွင်လည်း ကျန်ရှိနေကြသော အခြားသော နန်းတွင်း အရာရှိငယ်များ အားလုံးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ကာ ကမောက်ကမဖြင့် ဆူညံပွက်လောရိုက်နေခဲ့ကြချေပြီ။ လူတိုင်း၊ လူတိုင်း၏ ရင်ထဲ၌ ဘယ်လိုနည်းနဲ့မှ လူမြင်ကွင်းသို့ ဗြောင်ကျကျ ချပြ၍မရနိုင်သော ကိုယ်ပိုင်အမည်းစက် လျှို့ဝှက်ချက် ဆိုးကြီးများ အသီးသီး ရှိနေကြသည် မဟုတ်ပါလား။ တကယ်လို့ ၎င်းလျှို့ဝှက်ချက်များ ပေါက်ကြား သွားခဲ့လျှင် မိမိတို့၏ အသက်အန္တရာယ်ကို မထိခိုက်နိုင်စေဦးတော့၊ မိမိတို့ တစ်သက်လုံး ပင်ပန်းကြီးစွာ တည်ဆောက် လာခဲ့ရသော ဂုဏ်သတင်းသိက္ခာများက အစအနမကျန် အပြီးတိုင် ပျက်စီးပြုန်းတီး သွားရမည်မှာ အသေအချာပင်။
ထို့ကြောင့် ဧကရာဇ်အနေဖြင့် ရှောင်ပိုင်ကျီ၏ ဘေးကင်းလုံခြုံရေးအတွက် မြို့တော် တောင်ဘက်ပိုင်း သုံးဆယ့်ခြောက်ခရိုင်တစ်ခုလုံးကို အပြီးတိုင် ရွှေ့ပြောင်းမြေလှန်ပစ်ရန် ကြံရွယ်နေကြောင်း သတင်းစကားကို ကြားသိလိုက်ကြရသောအခါ အရာရှိအားလုံးသည် ကန့်ကွက်သူ တစ်ဦးတစ်ယောက်မျှမရှိဘဲ တညီတညွတ်တည်း ထောက်ခံကြောင်း ကောင်းချီးဩဘာပေးလျက် အသနားခံစာများကို တရစပ် တင်သွင်းလိုက်ကြတော့သည်။ ဒါတင်မကသေးဘဲ ၎င်းစီမံကိန်းကြီး အောင်မြင်စွာ ပြီးမြောက်သွားစေရန်အတွက် မိမိတို့၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာများထဲကနေပါ အလုံးအရင်းဖြင့် လှူဒါန်းထောက်ပံ့ပေးရန်အတွက်ပါ ပြိုင်တူ ဝိုင်းအုံ အဆိုပြု လာခဲ့ကြတော့သည်။
အချို့သောအရာရှိကြီးများ၏ မိသားစုများသည်လည်း ရှောင်ပိုင်ကျီ နေထိုင်ရာ နယ်မြေအတွင်းသို့ သွားရောက် တပ်စွဲ နေထိုင်ရန်အတွက် မိမိတို့၏ ကိုယ်ပိုင်ကိုယ်ရံတော်ရဲမက်များနှင့် သားအရင်းများကိုပါ စံနမူနာပြအဖြစ် အလိုအလျောက် သွေးသစ္စာပြု ကမ်းလှမ်းလာခဲ့ကြတော့သည်။ မြင်းစီးခြင်း၊ မြားပစ်ခြင်း အတတ်ပညာများတွင် ထူးချွန် ပြတ်သားကြသည့်အပြင် လက်နက်ကောင်း မီးပေါက်သေနတ်များကိုပါ အပြည့်အစုံ တပ်ဆင်ထားသော ထိုစစ်သည်တော်ကြီးများသည် ရှောင်ပိုင်ကျိ၏ ဘေးကင်းလုံခြုံရေးအတွက် မိမိတို့၏ အသက်ကိုပါ ပဓာနမထားဘဲ အကာအကွယ် ပေးပါ့မည်ဟု ကောင်းကင်ဘုံကြီးကို တိုင်တည်ကာ သစ္စာဆိုလိုက်ကြပေသည်။
ယခုအခါတွင်မူ ရှုရန်မြောင်အား ကွယ်ရာ၌ လုပ်ကြံရန် သို့မဟုတ် ရန်ငြိုးဖွဲ့ရန် ကြံစည်နေကြသော အဂတိ လိုက်စားသည့် အရာရှိဆိုးများနှင့် ရန်သူမှန်သမျှသည် သူ၏ အနီးနားသို့ မချဉ်းကပ်နိုင်မီ ဤမျှအထိ ထူထပ် ခိုင်မာလှသော သံမဏိခံတပ်ကြီးသဖွယ် ကာကွယ်ရေးတံတိုင်းကြီးကို အရင်ဆုံး ထိပ်တိုက် ရင်ဆိုင် ကျော်ဖြတ်ကြရတော့မည် ဖြစ်၏။ သူတို့အားလုံးကမူ မိမိတို့တစ်စုလုံး အသက်မသေဆုံးရွေ့ ရှုရန်မြောင်၏ ဆံပင်တစ်ချောင်းလေးတောင်မှ ထိခိုက်ပွန်းပဲ့ခြင်း မရှိစေရဟု ပြတ်ပြတ်သားသား ကြုံးဝါးလိုက်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ဧကရာဇ်နှင့်အတူ တိုက်ပွဲပေါင်းမြောက်မြားစွာကို အတူတကွ ဆင်နွှဲခဲ့ဖူးသော ဝါရင့်စစ်သူကြီး ယုံချန်း နယ်စားကြီးသည်လည်း သူ၏ မွေးစားသား အယောက် ၈၀ လုံးနှင့်အတူ ထိုတောင်ဘက်ခရိုင်အတွင်းသို့ အမြန်ဆုံး ရွှေ့ပြောင်းအခြေစိုက်ရန်အတွက် အသည်းအသန် ပြင်ဆင်တော့သည်။
“ဘယ်အကောင်မဆို ငါတို့ရဲ့ ရှောင်ပိုင်ကျီကို လာပြီး ထိပါးရဲတဲ့ ဘယ်သူမဆို ငါ့ရဲ့ ရန်သူပဲ၊ ကွယ်ရာမှာ ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးပြီး လာရောက် လုပ်ကြံချင်တဲ့ကောင်တွေ ရှိရင်လဲ ငါ့ရဲ့ အလောင်းကို အရင် နင်းသွားမှ ရမယ်”
ဤကဲ့သို့သော ကမောက်ကမ ဆူညံပွက်လောရိုက်နေသည့် အခြေအနေများအကြား၌ ဆောက်လုပ်ရေး ဝန်ကြီး ဌာန သည်လည်း အချိန်မဆွဲတော့ဘဲ အရေးပေါ် လုပ်ငန်းစဉ်များကို တရစပ် စတင်ပြင်ဆင် လိုက်တော့သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရှုရန်မြောင်မှလွဲ၍ တောင်ဘက်ပိုင်း သုံးဆယ့်ခြောက်ခရိုင်အတွင်းရှိ အရပ်သား ပြည်သူများ အားလုံးကို ဘေးကင်းရာ တခြားနေရာများဆီသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးရန် ဖြစ်ပေသည်။ ထိုသို့ အလုံးစုံ မရွှေ့ပြောင်းနိုင်သေးမီ အချိန်အတွင်းမှာပင် ရှုရန်မြောင်၏ အိမ်ကလေးကို ပတ်ပတ်လည် ဝိုင်းရံ ထားသော အိမ်နီးနားချင်း အိမ်ထောင်စု ၃၆ ခုစလုံးကိုမူ အလွန်အမင်း ရက်ရက်ရောရော ရှိလှသော နစ်နာကြေးစရိတ်စကများ အပြည့်အဝ ပေးအပ်ကာ ခေတ္တခဏအတွင်းမှာတင် အပြီးတိုင် အစားထိုး ပြောင်းရွှေ့ပစ်လိုက်ကြချေပြီ။
ထို့အပြင် ဧကရာဇ်သည် ရွှေ့ပြောင်းထားသော နေရာများအကြားတွင် မြောက်မြားစွာလှသော နန်းတွင်း ကိုယ်ရံတော်များနှင့် စစ်သည်တော်များကိုပါ ရောနှော၍ စနစ်တကျ တပ်စွဲထားလိုက်သေး၏။ ၎င်းမှာ မသမာသူ များအနေဖြင့် ယခုကဲ့သို့ ကမောက်ကမဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူကာ မြို့တော် အတွင်း၌ ပုန်ကန်ခြားနားမှုများ ဖန်တီးလာမည်ကို ကြိုတင်ကာကွယ်ရန်အတွက် ဖြစ်ပေသည်။
“တောင်ဘက်ပိုင်း သုံးဆယ့်ခြောက်ခရိုင်ဆိုတဲ့ နာမည်မကိုတော့ လောလောဆယ် ဒီအတိုင်းပဲ ဆက်ပြီး သတ်မှတ်ထားဦးမယ်”
ဧကရာဇ်က အမိန့်တော် ချမှတ်လိုက်သည်။
“နယ်မြေအသစ် တည်ဆောက်ရေးလုပ်ငန်းကြီး အားလုံးပြီးမြောက်သွားတဲ့ အခါကျမှသာ အဲ့ဒါကို လျိုချင်းခရိုင် (ဂုဏ်သတင်းစင်ကြယ်ခြင်း ခရိုင်) လို့ အမည်သစ် ပြောင်းလဲသတ်မှတ်စေ”
ဤဆုံးဖြတ်ချက်မှာ တရားဝင် အပြီးသတ် အတည်ဖြစ်သွားခဲ့ရတော့သည်။
ထို့နောက် ဧကရာဇ်မင်းကြီးသည် မိဖုရားခေါင်ကြီးသော်ထံသို့ လှည့်ကာ ယခုအထိ ရင်ထဲ၌ ထိတ်လန့် တုန်လှုပ်မှုများ ကျန်ရှိနေသေးသော လေသံဖြင့် အတိတ်က အခြေအနေကို ပြန်လည်မြွက်ဟမိတော့သည်။
“ကိုယ်တော် ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ကြိုတင်သံသယဝင်ခဲ့မိပေမဲ့လဲ တကယ်တမ်းကျတော့ ကိစ္စရပ်တွေက ဤမျှအထိ ဆိုးရွားပြင်းထန်တဲ့ အဆင့်အထိ ကမောက်ကမ ဖြစ်သွားလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး၊ ကောင်းကင်ဘုံ မစလို့ပေါ့၊ ဟိုးလွန်ခဲ့တဲ့ အချိန်တုန်းက ကိုယ်တော် သူ့ကို တကယ်ကြီး ထောင်ထဲ မထည့်ခဲ့မိတာ ဒါမှမဟုတ် သတ်မပစ်ခဲ့မိတာ တကယ့်ကို ကံကောင်းလွန်းလို့ပဲ”
ထိုသို့မဟုတ်ပါက တစ်တိုင်းပြည်လုံးအတွက် တကယ့်ကို ကမ္ဘာပျက်မည့် ဘေးဒုက္ခဆိုးကြီး ဖြစ်သွားပေလိမ့်မည်။ လူတိုင်း၊ လူတိုင်း၏ ရင်တွင်းလျှို့ ဝှက်ချက်ဆိုးကြီးများအားလုံး အရပ်တကာသို့ ဗြောင်ကျကျ ပေါက်ကွဲ ထွက်ပေါ် သွားပြီး လူမှုဘဝ ရှင်သန်ရခြင်းမှာ မွန်းကြပ်လွန်း၍ ဘယ်လိုနည်းနဲ့မှ ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
မိဖုရားခေါင်ကြီးသော်ကမူ ဘာမှပြန်မပြောဘဲ ငြိမ်သက်စွာဖြင့်သာ နားထောင်နေရှာသည်။ ထိုစဉ် ဧကရာဇ်သည် စကားရပ်ကို အခြားတစ်ခုသို့ လွှဲပြောင်းလိုက်ရင်းက ကြိုတင်ပြင်ဆင်ထားသော ပုံတူပန်းချီကားချပ် မြောက်မြား စွာကို အစောင့်အရှောက်များအား ယူဆောင်လာခိုင်းလိုက်တော့သည်။
“မိဖုရား… ရှန်းအာရဲ့ တရားမဝင် သားတွေရဲ့ ပုံတူပန်းချီကားတွေကို တစ်ချက်လောက် ကြည့်စမ်းပါဦး၊ မင်းအနေနဲ့ ဘယ်ကလေးကို အကြိုက်ဆုံးလဲ၊ မင်း ဘယ်သူ့ကိုပဲ ရွေးချယ်ရွေးချယ်၊ ငါကိုယ်တော်အနေနဲ့ အဲဒီကလေးကိုပဲ တိုင်းပြည်ရဲ့ အိမ်ရှေ့စံ မင်းသားအသစ်အဖြစ် ချက်ချင်း သတ်မှတ်ကြေညာပေးမယ်”
ဧကရာဇ်သည် ပုံတူပန်းချီကားချပ်များကို လက်ညှိုးထိုးပြရင်း တစ်ယောက်ချင်းစီအလိုက် အသေးစိတ် စတင် မိတ်ဆက်ပေးတော့သည်။
“ဒါကတော့ ရှန်းအာရဲ့ အကြီးဆုံး တရားမဝင် သားပဲ၊ နန်းတွင်းကိုယ်ရံတော်တွေရဲ့ လျှို့ဝှက်စုံစမ်းစစ်ဆေးမှုအရ ဒီကလေးက …”