← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း (၂၀၈) ဟွမ်တာ့ရှန်းက ရေရှည်အလုပ်သမားအဖြစ် လုပ်ကိုင်ခြင်း၊ လီလန်က လူများကို ကြွက်ဖမ်းကူညီပေးပြီး အလွယ်တကူ ငွေရှာခြင်း

ရွှေရောင်မြွေပါသည် ၎င်း၏ ကိုယ်လုံးတစ်ဝက်ခန့်ရှိသော ကြွက်တစ်ကောင်ကို ကိုက်ချီလျက် မီးဖိုချောင်ထဲမှ ပြေးထွက်လာလေသည်။

ထိုကြွက်၏ လည်ပင်းတွင် သွေးထွက်နေသော အပေါက်တစ်ခုရှိပြီး ရွှေရောင်မြွေပါ အကိုက်ခံထားရကြောင်း ထင်ရှားနေ၏။

"အဖေ... ကြည့်ပါအုံး..."

လီလန်သည် ရွှေရောင်မြွေပါ ဖမ်းမိလာသော ကြွက်ကို မြင်လိုက်ရသဖြင့် စက္ကူညှပ်နေသော သူ၏အဖေ လီတာ့ဟိုင်ကို သတိပေးလိုက်သည်။

အသံကြားလိုက်ရသောအခါ လီတာ့ဟိုင်သည် ကန်းပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်လေသည်။

"ဝိုး... ဒီကြွက်က အကောင်ကြီးလိုက်တာ..."

ကြွက်ကြီးကို မြင်လိုက်ရသောအခါ လီတာ့ဟိုင်သည် အံ့ဩသွားတော့သည်။

"ဘယ်လိုလဲ အဖေ... ဒီကောင်လေးက တော်တယ်လို့ ကျွန်တော် ပြောသားပဲ မဟုတ်လား..."

လီလန်က မျက်ခုံးပင့်ကာ ပြုံးလျက် ပြောလိုက်၏။

အဝါရောင် မသေမျိုးသည် မီးခိုးရောင်မသေမျိုး၏ သဘာဝရန်သူပင် ဖြစ်သည်။

ကြွက်များကို နှိမ်နင်းရန် မြွေပါကို အသုံးပြုခြင်းမှာ အလွန်အကျိုးအမြတ်များသော လုပ်ငန်းတစ်ခု ဖြစ်၏။

အိမ်ထဲတွင် ကြွက်များစွာရှိပြီး ၎င်းတို့သည် ပစ္စည်းများကို ကိုက်ဖြတ်ကာ အစားအစာများကို ခိုးယူလေ့ရှိကြသည်။

ရွှေရောင်မြွေပါများသည် ကြွက်များကို စားသောက်ကြသည်။ ဤရွှေရောင်မြွေပါတစ်ကောင်ကို မွေးမြူထားခြင်းက အစားအစာများကို သက်သာစေရုံသာမက မိမိအိမ်ရှိ ကြွက်များကိုလည်း နှိမ်နင်းပေးနိုင်လေသည်။

ယခုလို အငတ်ဘေးကြုံနေရသောနှစ်တွင် အိမ်တိုင်း၌ စားနပ်ရိက္ခာ ပြတ်လပ်နေကြ၏။ သူတို့သည် ခက်ခက်ခဲခဲ ရလာသော အစားအစာများကို မီးဖိုချောင်ထဲတွင် ထားလိုက်သော်လည်း နောက်တစ်နေ့၌ ၎င်းတို့ထဲတွင် ကြွက်ချေးများကိုသာ တွေ့လိုက်ရလေသည်။

မည်မျှကောင်းမွန်သော ကောက်နှံများနည်း။ ကြွက်များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ဒေါသထွက်စရာပင်။

အစားအစာမရှိသော အငတ်ဘေးနှစ်များတွင် လူများလည်း ဆာလောင်ကြသလို ကြွက်များလည်း ဆာလောင်ကြလေသည်။

ကြွက်များ ဆာလောင်လာသောအခါ အိမ်အနှံ့ ပြေးလွှားကာ စားစရာနှင့် သုံးစရာမှန်သမျှကို ရူးသွပ်စွာ ကိုက်ဖြတ်ကြတော့သည်။

ကြွက်များသည် အလွန်ဆာလောင်နေကြပြီး လူကိုပင် မကြောက်ရွံ့ကြတော့ချေ။ နေ့ခင်းကြောင်တောင်ပင် ကန်းပေါ်သို့ ရဲတင်းစွာ တက်လာကြလေသည်။

ထို့ပြင် ကြွက်များသည် ညစ်ပတ်ပြီး ရောဂါပိုးမွှားများကို သယ်ဆောင်လာတတ်ကြသည်။ ၎င်းတို့သည် မီးဖိုချောင် ဗီရိုများထဲသို့ ဝင်ရောက်ကာ ပန်းကန်ခွက်ယောက်များကို ထိတွေ့မိပါက ထိုပန်းကန်များကို အသုံးပြုသူများမှာ ဖျားနာရန် ပို၍လွယ်ကူလေသည်။

ရွှမ်းရွှေရွာသည် မြို့နှင့် ကီလိုမီတာပေါင်းများစွာ ဝေးကွာသောကြောင့် တစ်စုံတစ်ယောက် ဖျားနာပါက အတော်လေး ဒုက္ခရောက်နိုင်၏။

ထို့ကြောင့် အိမ်တစ်အိမ်တွင် ကြွက်များ ကျရောက်လာပါက ကြွက်နှိမ်နင်းရေးသည် အရေးတကြီးကိစ္စတစ်ရပ် ဖြစ်လာတော့သည်။

ထို့ပြင် လီလန်၏ အိမ်တွင်သာ ကြွက်ကြီးများ ရှိနေခြင်းမဟုတ်ဘဲ ကျန်းဝေ့ကော်၏ အိမ်တွင်လည်း ရှိနေလေသည်။ ကျောက်လျူနှင့် ပညာတတ်လူငယ်ရုံးမှ ပညာတတ်လူငယ် ရဲဘော်များပင်လျှင် ကြွက်များ၏ နှိပ်စက်မှုကို အတော်လေး ခံခဲ့ရဖူးလေသည်။

ယခုအခါ လီလန်သည် ကြွက်ဖမ်းနိုင်သော ရွှေရောင်မြွေပါများကို မွေးမြူထားသောကြောင့် နောင်တွင် ကြွက်များကျရောက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

"သား... မင်းရဲ့ မြွေပါက အတော်လေး အသုံးဝင်တာပဲ... နောက်ဆိုရင် ကြွက်ဖမ်းဖို့အတွက် သီးသန့် မွေးထားလိုက်တော့..."

လီတာ့ဟိုင်သည် ပြုံးလျက် ပြောလိုက်၏။

"ဟုတ်တယ်... ကျွန်တော်တို့အိမ်မှာလည်း ကြွက်တွေ အများကြီးရှိနေတော့ ဟွမ်တာ့ရှန်းကို ကူဖမ်းခိုင်းရမှာပဲ..."

လီလန်သည် သူ၏အဖေ အကြံအစည်ကို သဘောတူလျက် ခေါင်းညိတ်လိုက်လေသည်။

"ကျွန်တော်တို့အိမ်မှာ ကြွက်တွေ အများကြီးရှိတော့ ဒီကောင်တွေကို မွေးထားတာက အစားအစာတွေ အလေအလွင့် မဖြစ်စေတော့ဘူး... ဒါက နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိတဲ့အခြေအနေပဲ..."

သို့သော် မကြာမီမှာပင် လီလန်သည် ငွေရှာနိုင်မည့် စီးပွားရေးအခွင့်အလမ်းတစ်ခုကို စဉ်းစားမိသွားတော့သည်။

"အဖေ... ကျွန်တော်တို့ ရွာက အိမ်တိုင်း ကြွက်တွေရဲ့ နှိပ်စက်တာကို ခံနေရတယ်လို့ အဖေပြောတာ ကြားလိုက်တယ် မဟုတ်လား..."

"ဟုတ်တယ်... မင်းရဲ့ ဦးလေးဝမ်အိမ်မှာဆိုရင် ကြွက်တွေ အများကြီးပဲ... တချို့ကြွက်တွေက တကယ်ကို ရဲတင်းလွန်းတယ်... နေ့ခင်းကြောင်တောင်တောင် မီးဖိုချောင်ထဲမှာ ပြေးလွှားနေပြီး မင်းရဲ့ ဦးလေးဝမ် ဝယ်လာတဲ့ အာဟာရဖြည့်မုန့်ညက်တွေ အကုန်လုံးကို ဖျက်ဆီးပစ်ကြတာ..."

လီတာ့ဟိုင်က နာကျင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ထိုအရာမှာ ဂျုံဖြူမုန့်ပေါင်း ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ဂျုံဖြူ၊ မုန့်ညက်ကောင်းများပင် ဖြစ်သည်။

ဤသို့သော ကောက်နှံကောင်းများသည် ငွေကုန်ကြေးကျများရုံသာမက ကောက်နှံလက်မှတ်များလည်း လိုအပ်ပေသည်။

ပွဲတော်ရက်များတွင် ကျွန်ုပ်တို့သည် နှစ်သစ်ကူးအတွက် ဂျုံဖြူမုန့်ပေါင်းနှင့် ဖက်ထုပ်များ ပြုလုပ်ရန် ဂျုံနှစ်ကျင်း၊ သုံးကျင်းခန့် ဝယ်ယူရန်သာ ကောက်နှံလက်မှတ်များနှင့် ငွေများကို သုံးစွဲလေ့ရှိကြသည်။

မုန့်ညက်များကို မစားရသေးခင်မှာပင် ကြွက်များ၏ ဖျက်ဆီးမှုကို ခံလိုက်ရလေပြီ။

"မင်း ယုံမှာတောင် မဟုတ်ဘူး... ဟိုတစ်နေ့က မင်းရဲ့ ဦးလေးဝမ် အိုးကိုဖွင့်ကြည့်လိုက်တော့ မုန့်ညက်အိတ်က ကြွက်ကိုက်ထားလို့ အပေါက်ကြီးဖြစ်နေပြီး အထဲမှာ ကြွက်ချေးတွေ အများကြီးပဲတဲ့... သူ တော်တော် ဒေါသထွက်သွားပြီး သွေးတိုးတောင် တက်သွားသေးတယ်..."

"တကယ်လား..."

လီလန်မှာ အံ့အားသင့်သွားတော့သည်။

မုန့်ညက်ကောင်းများ ကြွက်များ၏ ဖျက်ဆီးမှုကို ခံလိုက်ရသည်မှာ အလွန် နှမြောစရာပင်ဖြစ်သည်။

ကြွက်ချေးများ စွန်းပေနေသော မုန့်ညက်များမှာ စား၍မရတော့ပေ။ လူများကို အလွယ်တကူ ဖျားနာစေနိုင်လေသည်။

သူသည် ရွှေရောင်မြွေပါက ကြွက်ကြီးကို ကစားနေသည်ကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ တွေးတောလိုက်၏။

"အဖေ... မနက်ဖြန်ကျရင် ကျွန်တော် အဘိုးဝမ်ဆီ သွားလိုက်အုံးမယ်..."

"ဟင်... ဦးလေးဝမ်ဆီ သွားပြီး ဘာလုပ်မလို့လဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ လီတာ့ဟိုင်သည် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"အဘိုးဝမ်ကို ကြွက်နှိမ်နင်းဖို့ ကူညီပေးမလို့..."

လီလန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။

ဟွမ်တာ့ရှန်းကဲ့သို့သော ကြွက်ဖမ်းကျွမ်းကျင်သူတစ်ဦး ရှိနေပါလျက်နှင့် အဘယ်ကြောင့် ငွေမရှာဘဲ နေမည်နည်း။ အိမ်မှာနေပြီး သေမည့်ရက်ကို စောင့်နေရမှာလား။

"မင်းရဲ့ ဦးလေးဝမ် မိသားစုလည်း အဆင်ပြေလှတာ မဟုတ်ဘူး... ဒါကြောင့် ပိုက်ဆံကို နည်းနည်းပဲ တောင်းပါ..."

သားတစ်ယောက်အကြောင်းကို အဖေလောက် သိသူမရှိပေ။ လီတာ့ဟိုင်သည် သူ၏သားဖြစ်သူ၏ အတွေးများကို အလျင်အမြန် ခန့်မှန်းမိသွားပြီး အကြံဉာဏ် ပေးလိုက်လေသည်။

"အဖေ... ကျွန်တော်က အဲဒီလိုလူမျိုး ဖြစ်နေလို့လား..."

လီလန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။

"ဟမ့်... မင်းရဲ့ ပိုက်ဆံမက်တဲ့အကျင့်က ရွာတစ်ရွာလုံးကို ပြန့်နှံ့နေပြီ... အခုဆို လူတွေက မင်းကို နာမည်ပြောင်တောင် ပေးထားကြတယ်...တွက်ချက်တဲ့လီတဲ့..."

"ဒါက သက်သက် စွပ်စွဲတာပဲ... ဘယ်သူက လောဘကြီးလို့လဲ... ဘယ်သူပြောတာလဲ... ဟူလောင်ပါးပြောတာ ဖြစ်ရမယ်..."

လီလန်သည် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

သူသည် ရွှေရောင်မြွေပါကို မီးဖိုချောင်ထဲတွင် ကြွက်များ ဆက်ဖမ်းရန် လွှတ်လိုက်သည်။

တောကြောင်ရိုင်းလေးသည် မီးဖိုချောင် တံခါးဝတွင် လှဲလျောင်းကာ သူ၏ လက်သည်းများဖြင့် ကြွက်ကြီးကို ကစားနေ၏။

ထိုအချိန်ကျမှပင် လီလန်သည် ပန်းချီလိပ်တစ်ခုကို ပြန်လည်ယူဆောင်လာကြောင်း လီတာ့ဟိုင် သတိထားမိသွားတော့သည်။

"သား... ဒါက ဘာလဲ..."

လီတာ့ဟိုင်က မေးလိုက်လေသည်။

လီလန်သည် ပန်းချီလိပ်ကို ဖြန့်လိုက်ပြီး သစ်ခွနှင့်မြက်ပင်ပန်းချီကားကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။

"ဒါက အဘိုးဟွမ် ကျွန်တော့်ကို ပေးလိုက်တဲ့ သဘာဝရှုခင်း ပန်းချီကားလေ..."

"အဘိုးကျောက် ပြောတာတော့ ဒီပန်းချီကားက အနည်းဆုံး ယွမ်ငါးရာလောက် တန်ဖိုးရှိတယ်တဲ့... မြို့ထဲက အဆင့်မြင့်အရာရှိတစ်ယောက်က ဒီပန်းချီကားကို ဝယ်ချင်တာတောင် အဘိုးဟွမ်က မရောင်းခဲ့ဘူးတဲ့..."

"အိုကွယ်... ဒီလောက် တန်ဖိုးကြီးတဲ့အရာကို မင်း ဘယ်လိုလုပ် လက်ခံလာရတာလဲ လီလန်... မြန်မြန် မင်းရဲ့ အဘိုးဟွမ်ဆီကို ပြန်သွားပေးလိုက်..."

လီတာ့ဟိုင်သည် လီလန်က ငယ်ရွယ်ပြီး ရိုးအလွန်းသဖြင့် စိုးရိမ်တကြီး အလျင်အမြန် အကြံပေးလိုက်လေသည်။

"ဒါက ကျွန်တော့်အဘိုးအတွက်ပါ... သူ သက်ရှိထင်ရှားရှိစဉ်က ဒီပန်းချီကားကို အရမ်းနှစ်သက်ခဲ့တာ..."

လီလန်၏ စကားကြောင့် လီတာ့ဟိုင်မှာ ဆွံ့အသွားတော့သည်။

လီလန်သည် ပန်းချီလိပ်ကို ဖြန့်လိုက်ပြီး ဗီရိုထဲမှ သံမှိုတစ်ချောင်းကို ဆွဲယူလိုက်၏။

သူသည် အခန်း၏ နံရံများကို စစ်ဆေးကြည့်လိုက်ပြီး နောက်ဆုံးတွင် နံရံ၏ အလယ်ဗဟို၌ နေရာတစ်ခုကို ရှာတွေ့သွားကာ သံမှိုကို ရိုက်ထည့်လိုက်လေသည်။

ထို့နောက် သူတို့သည် ထို သစ်ခွနှင့်မြက်ပင်ပန်းချီကားကို ချိတ်ဆွဲလိုက်ကြသည်။

သူသည် ပန်းချီကားရှေ့တွင် ရပ်ကာ မော့ကြည့်နေ၏။

လီလန်တွင် အနုပညာပါရမီ မရှိသဖြင့် ပန်းချီကား၏ အသေးစိတ်အချက်အလက်များကို မမြင်နိုင်ပါချေ။

ဤပန်းချီကားထဲရှိ သစ်ခွများသည် အလွန်လှပစွာ ရေးဆွဲထားပြီး အစစ်နှင့်ပင် တူနေကြောင်းကိုမူ သူ သိထားလေသည်။

"ရွီး.."

"ရွီး..ရွီး"

ရွှေရောင်မြွေပါသည် ပါးစပ်တွင် ကြွက်ကြီးတစ်ကောင်ကို ကိုက်ချီလျက် မီးဖိုချောင်ထဲမှ နောက်တစ်ကြိမ် ပြေးထွက်လာပြန်၏။

"တော်တယ်... မနက်ဖြန်ကျရင် မင်းကို ပိုက်ဆံအများကြီးရဖို့ ငါ ခေါ်သွားမယ်..."

လီလန်သည် ကြွက်ကြီးကိုကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် လီလန်သည် ဘေးအိမ်ရှိ အဘိုးဝမ်၏ အိမ်ဝိုင်းတံခါးဝကို ခေါက်လိုက်သည်။

"အဘိုးဝမ်... အိမ်မှာရှိလား..."

လီလန်သည် အသံကုန်ဟစ်၍ ခေါ်လိုက်၏။

"မနက်အစောကြီး ဘယ်သူလဲ..."

မကြာမီတွင် အိမ်ထဲမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

မြေမြှုပ်မိုင်းကြီးနှင့် တူသော အရပ်ပုပု၊ ဝတုတ်တုတ် လူတစ်ယောက်သည် တံခါးဖွင့်ရန် အိမ်ထဲမှ ထွက်လာ၏။

ထိုလူသည် တံခါးကိုဖွင့်၍ လီလန်ကို မြင်လိုက်ရသည်နှင့် အံ့ဩတကြီး မေးလိုက်လေသည်။

"အိုး..အစ်ကိုလီလန်လား..."

"မနက်အစောကြီး ဘာကိစ္စရှိလို့လဲ..."

လီလန်သည် ပြုံးကာ ပြောလိုက်သည်။

“အဘိုးအိမ်မှာရှိလား... ငါ သူ သွေးတိုးကျအောင်လို့ လာခဲ့တာ..."

All Chapters