← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း (၇၂)

စိတ်လှုပ်ရှားစရာ မကောင်းသေးဘူး

"မင်းက အဲဒီသားရဲကောင်နဲ့ သွားတွေ့မလို့လား..."

ချင်ကန်းက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်လေသည် ။

"ဒါပေါ့... အဝေးက ရောက်လာတဲ့ မိတ်ဆွေကို မျက်နှာမပြတာက မယဉ်ကျေးရာ ရောက်မှာပေါ့... ဒါ့အ ပြင် သူ့ကို ကလပ်ရဲ့ စည်းကမ်းတွေကိုလည်း ပြောပြဖို့ လိုသေးတယ်လေ..."

ကောင်းယွမ်က ပြောလိုက်လေ၏ ။

ကောင်းယွမ်၏ တည်ငြိမ်လှသော အမူအရာကို ချင်ကန်း သဘောကျသွားခဲ့ရလေသည် ။

"ကောင်းပြီလေ... သွားကြတာပေါ့... မဟုတ်ရင် သူ ဒီနေရာကို ဖျက်ဆီးပစ်လိမ့်မယ်..."

သူတို့ သုံးဦးသည် (၁၇) လွှာရှိ မြင်းစီးကွင်းသို့ တက်လာခဲ့ကြလေသည် ။ ထိုနေရာမှာ မြင်းစီး၍ အနားယူ ရန်အတွက်သာ ဖြစ်သဖြင့် ဧရိယာမှာ ကန့်သတ်ချက် ရှိနေပြီး အရှိန်ပြင်းပြင်း စီးနင်းရန် မဖြစ်နိုင်ပေ ။

ကောင်းယွမ် ဝင်သွားသည်နှင့် လူငယ်တစ်ဦး မြင်းစီးရင်း အော်ဟစ်နေသည်ကို မြင်လိုက်ရလေ၏။

"ဟေး... ဟာ့ ဟား... မြန်မြန်သွားစမ်း..."

မြင်းခွာများ၏ ရိုက်ခတ်မှုကြောင့် အောက်ခြေရှိ မြက်ခင်းတုများမှာ လွင့်ပျံနေခဲ့လေသည် ။

"ဒါ ဆူးတိုက်လား... သူက အသက်ငါးဆယ် ရှိပြီလား..." ကောင်းယွမ်က မေးလိုက်သည် ။

"ဟုတ်တယ်... လူငယ်တွေကတော့ ဒီလိုပဲ ကစားတတ်ကြတာပေါ့..."

ချင်ကန်းက ပြောလိုက်လေသည် ။

ကောင်းယွမ်သည် အနည်းငယ် ထူးဆန်းနေမိလေသည် ။ လက်ရှိကမ္ဘာတွင် အသက်ငါးဆယ်ဆိုလျှင် လူလတ်ပိုင်းဟု သတ်မှတ်နိုင်သော်လည်း ဤနေရာ၌မူ လက်ရှိကမ္ဘာရှိ အသက်နှစ်ဆယ်အရွယ် လူငယ် များနှင့် မခြားနားလှပေ ။

ဆူးတိုက်သည် တစ်ဦးတည်း ဆော့ကစားနေရသည်ကို အားမရ ဖြစ်နေပုံရသည် ။ သူတို့ ရောက်လာ သည်ကို မြင်လိုက်ရသည့်အခါ မြင်းကို အရှိန်ပြင်းစွာ နှင်၍ သူတို့ထံသို့ တိုက်ရိုက် ဦးတည်လာခဲ့လေ သည် ။

၎င်းမှာ ကောင်းယွမ်နှင့် သူ၏ အဖော်နှစ်ဦးကို ဝင်တိုက်မည့်အလား ဖြစ်သွားသော်လည်း ကောင်းယွမ် မှာ တုန်လှုပ်ခြင်း အလျင်းမရှိခဲ့ပေ ။ ဆူးတိုက်သည် မည်မျှပင် ရူးသွပ်နေပါစေ ချင်ကန်းကိုတော့ အမှန် တကယ် ထိခိုက်အောင် လုပ်ဝံ့လိမ့်မည် မဟုတ်ကြောင်း သူ သိရှိထားပေသည် ။ ချင်ကန်းကို ဘေးတွင် ထား၍ ဤလူငယ်က​ အပျော်ရှာနေခြင်းသာ ဖြစ်နိုင်ပေသည် ။

အကယ်၍ သူသာ မကြောက်မရွံ့ဘဲ တည်ငြိမ်နေမည်ဆိုလျှင် သူသည်လည်း စိတ်ဝင်စားမှု လျော့နည်း သွားပေလိမ့်မည် ။

သူ ခန့်မှန်းထားသည့်အတိုင်းပင် ဆူးတိုက်သည် ကောင်းယွမ်၏ ရှေ့သို့ ရောက်ခါနီးတွင် မြင်းဇက်ကြိုး ကို ရုတ်တရက် ဆွဲလိုက်သဖြင့် မြင်းကြီးမှာ ရှေ့ခြေနှစ်ဖက် မြှောက်တက်သွားကာ သူတို့ သုံးဦး၏ ရှေ့ တွင် ရပ်တန့်သွားခဲ့လေသည် ။

"အဘိုးချင်... ဘာကိစ္စနဲ့ ပြန်လာတာလဲ... ရှားပါးတဲ့ သစ်ခွပန်းတစ်ပွင့်ကို ထပ်တွေ့လို့လား..."

ဆူးတိုက်သည် မြင်းပေါ်မှ ဆင်းကာ ချင်ကန်းကို စနောက်လိုက်လေသည် ။

ချင်ကန်းမှာမူ မျက်နှာကို လွှဲလိုက်ကာ မကြည်မလင် ဖြစ်နေခဲ့လေသည် ။ ကောင်းယွမ်က ဆူးတိုက်ကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်လေ၏။

"မင်းက ဆူးတိုက်လား..."

"ကျွန်တော်ပါပဲ... ခင်ဗျားက ဒီကလပ်ရဲ့ ပိုင်ရှင်လား... ဒီကလပ်က စိတ်ဝင်စားစရာ ကောင်းပေမဲ့ သိပ် ပြီး စိတ်လှုပ်ရှားဖို့ မကောင်းသေးဘူး... မြင်ကွင်းတွေကလည်း ပျင်းစရာ ကောင်းတယ်... တကယ်လို့ ကျွန်တော့်ကို ပေးမယ်ဆိုရင်တော့ အလယ်ခေတ်က မော်တော်ဆိုင်ကယ်တွေ ထည့်ရမယ်... ပြီးတော့ ကာကွယ်ရေး ဝတ်စုံတွေ မပါဘဲ ပြိုင်ပွဲတွေ လုပ်ရမယ်... လမ်းကြောင်းတွေကလည်း သုံးဖက်မြင်တွေ ဖြစ်နေရမှာပေါ့..."

ကောင်းယွမ်က ပြုံးရုံသာ ပြုံးနေပြီး ဘာမျှ ပြန်မပြောခဲ့ပေ ။ ထိုစဉ် ချင်ကန်းက ဝင်ပြောလိုက်လေ သည်။

"မင်းကတော့ အမြဲတမ်း ရူးသွပ်နေတာပဲ... ကောင်းယွမ်က ဒီကလပ်ရဲ့ ပိုင်ရှင် ဖြစ်သလို... အရာရှိ ကောင်း ရဲ့ မြေးဆိုလည်း ဟုတ်တယ်... မင်းတို့ ဆူးမိသားစုက အရာရှိကောင်းရဲ့ လက်ချက်နဲ့ မလုံ လောက်သေးဘူးလား..."

"ကောင်းချိုး ရဲ့ မြေးလား..."

ဆူးတိုက်၏ မျက်နှာပေးမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ရလေသည် ။ ထိုကဲ့သို့သော သူဌေးသားများ သည် ဆော့ကစားတတ်ကြသော်လည်း လူမိုက်များတော့ မဟုတ်ကြပေ ။ သူတို့သည် နိုင်ထက်စီးနင်း လုပ်လို့ရမည့်သူကိုသာ လုပ်ကြခြင်း ဖြစ်ပေသည်။

ကောင်းချိုးသည် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဗျူရို မှ ထိပ်သီးကြီး သုံးခုကို စတင် အရေး ယူခဲ့သည့် ပထမဆုံးသော အုပ်ချုပ်ရေးမှူး ဖြစ်ပေသည်။

မူလက ဤကမ္ဘာ၏ လူမှုအဆင့်အတန်းမှာ လုံးဝ ခိုင်မာနေခဲ့ပြီး အောက်ခြေမှ အထက်သို့ တက်လှမ်းရန် နေရာ မရှိခဲ့ပေ ။

ကောင်းချိုးက ထိုအခွင့်အရေးကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်လေသည် ။ ထိုစဉ်က သူ စတင် အရေးယူခဲ့ သည့် မိသားစုမှာ ဆူးမိသားစုပင် ဖြစ်၏ ။ ကောင်းချိုးသည် ယခုတိုင် အလတ်တန်းစား လူတန်းစားများ အကြား ကြည်ညိုလေးစားခံရသူ ဖြစ်နေဆဲပင် ဖြစ်၏။

ဆူးတိုက်သည် ကောင်းချိုးဟူသော အမည်ကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားခဲ့လေတော့ သည်။ ဤအမည်မှာ ဆူးမိသားစုအတွက် အရှက်ရစရာ တစ်ခု ဖြစ်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် လေးစားအားကျရသော ပုဂ္ဂိုလ်ကြီး တစ်ဦးလည်း ဖြစ်ခဲ့ပေသည် ။ ကောင်းချိုး၏ ရဲရင့်မှုနှင့် ပြတ်သားမှု များမှာ ဒဏ္ဍာရီ တစ်ခုအလား ဖြစ်ပေသည်။

"ကောင်းမိသားစုရဲ့ မြေးလား... ဟား... ကောင်းမိသားစုမှာလည်း အသုံးမကျတဲ့ အနွယ်တော်တွေ ရှိနေ တာပဲကိုး..."

ဤစကားမှာ ချင်ကန်း၏ ပါးစပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် ဆူးတိုက်သည် ကောင်းယွမ်၏ အဆင့် အတန်းအပေါ် သံသယ မရှိတော့ပေ ။ ထို့အပြင် ဤကလပ်ရှိ ရှားပါးလှသော အရင်းအမြစ်များကို သူပင်လျှင် ရရှိရန် ခက်ခဲလှသဖြင့် ၎င်းကို သိမ်းပိုက်လိုသော ဆန္ဒ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ အတင်းအကြပ် လုပ်၍ မရနိုင်တော့ကြောင်း သူ နားလည်သွားခဲ့လေသည် ။

ကောင်းယွမ်က လက်ကို ကမ်းလိုက်ကာ ၊

"စိတ်လှုပ်ရှားစရာ မကောင်းဘူးလို့ ခင်ဗျား ထင်နေတာလား... ကျွန်တော်တို့ လောင်းကြေးတစ်ခု ထပ်မ လား... တစ်ပတ်လောက် အချိန်ပေးမယ်... ခင်ဗျားအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုကို ကျွန်တော် ဖန်တီးပေးပါ့မယ်..."

"လောင်းကြေး ထပ်မယ်လေ... ခင်ဗျား ဖန်တီးတဲ့ မြင်ကွင်းကို ကျွန်တော် သဘောမကျရင် ဒီကလပ်က ကျွန်တော့်အပိုင် ဖြစ်ရမယ်... အကယ်၍ ကျွန်တော် ရှုံးသွားရင် ခင်ဗျား ခိုင်းတာတစ်ခု လုပ်ပေးမယ်..."

ကောင်းယွမ်က မျက်မှောင်ကြုတ်လိုက်ကာ၊

"မလိုပါဘူး... ဘာလို့လဲဆိုတော့ ခင်ဗျားမှာ အဲဒီလို အရည်အချင်း မရှိလို့ပဲ... ခင်ဗျားက ဘာတွေများ လုပ်ပေးနိုင်မှာမို့လို့လဲ... ကျွန်တော်ကတော့ ဒီအတိုင်း အပျော်သဘောနဲ့ ပြောတာပါ..."

ဆူးတိုက်၏ မျက်လုံးများမှာ ပြူးထွက်သွားခဲ့ရ၏၊

"ဘာပြောတယ်... ကျွန်တော့်မှာ မရှိဘူး ဟုတ်လား... ကျွန်တော် အင်္ဂါဂြိုဟ်ကို ဖောက်ခွဲပစ်ချင်ရင် တောင် လုပ်လို့ရနိုင်တယ်ဆိုတာ သိထားစမ်းပါ..."

"အင်္ဂါဂြိုဟ်က ဘယ်လောက်ကြီးလဲဆိုတာ ခင်ဗျား သိလို့လား... နျူကလီးယားဗုံး ဘယ်နှစ်လုံး လိုမ လဲ... တွင်းကို ဘယ်လောက်အထိ နက်အောင် တူးရမလဲ... ပေါက်ကွဲသွားရင် ကမ္ဘာမြေကို ဘယ်လို ထိခိုက်နိုင်မလဲဆိုတာတွေ ခင်ဗျား သိသလား..."

ဆူးတိုက်မှာ ဘာမှ ပြန်မပြောနိုင်ဘဲ မှင်သက်သွားခဲ့ရလေသည် ။ သူကတော့ ဒီအတိုင်း ကြွားဝါလိုက် ခြင်းသာ ဖြစ်ပေသည် ။

"ကောင်းပြီလေ... ကျွန်တော် အင်္ဂါဂြိုဟ်ကိုတော့ မဖောက်ခွဲနိုင်ဘူးပေါ့... ဒါပေမဲ့ ကမ္ဘာမြေပေါ်က ကိစ္စ ဆိုရင်တော့ ကျွန်တော် ဧကန်မုချ လုပ်နိုင်ပါတယ်..."

"တကယ်လား... ဒါဆို ကျွန်တော့်ကို ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဗျူရို ရဲ့ သတင်းအချက် အလက်ဌာန ညွှန်ကြားရေးမှူး ရာထူးကို ပေးနိုင်မလား..."

ကောင်းယွမ်က စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်လေ၏ ။

ဆူးတိုက်၏ မျက်နှာမှာ ပျက်သွားခဲ့ရလေသည် ။ သူ အမှန်တကယ် မလုပ်နိုင်သဖြင့် အလွန်ပင် ရှက်ရွံ့ သွားခဲ့ရသည် ။

ဆူးတိုက်၏ အရှိန်အဝါမှာ ကောင်းယွမ်၏ ရှေ့တွင် ပျောက်ကွယ်သွားခဲ့ရသည် ။

"ဒါတွေကို ထားလိုက်ပါတော့... ကျွန်တော် သတင်းအချက်အလက်ဌာန ညွှန်ကြားရေးမှူး ရာထူးကိုတော့ ရအောင် လုပ်ပေးပါ့မယ်... ခင်ဗျားက ဒါကိုတောင် မလုပ်နိုင်ဘူးလို့တော့ မပြောနဲ့နော်..."

ဆူးတိုက်မှာ အခက်တွေ့သွားသော်လည်း အသုံးမကျသူဟု အမည်မတပ်ခံရစေရန်အတွက် သဘောတူ လိုက်ရလေသည် ။ သတင်းအချက်အလက်ဌာန ဆိုသည်မှာ အေးအေးဆေးဆေး နေရသော နေရာတစ် ခု ဖြစ်သဖြင့် တစ်နည်းနည်းဖြင့်တော့ စီစဉ်ပေးနိုင်ပေလိမ့်မည် ။

"ဒါက ဘာမှ မခက်ခဲပါဘူး... တကယ်လို့ ကျွန်တော်ကိုယ်တိုင် မလုပ်ပေးနိုင်ရင်တောင် ခင်ဗျားအတွက် ကျွန်တော် စီစဉ်ပေးပါ့မယ်..."

"ကောင်းပြီ... အခုတော့ ခင်ဗျား ပြန်လို့ရပါပြီ... ကျွန်တော် ခင်ဗျားကို စိန်အဆင့် အသင်းဝင်ကတ် တစ်ခု ပေးလိုက်မယ်... တစ်ပတ်ကြာရင် ပြန်လာခဲ့ပါ..."

ဆူးတိုက်သည် မိမိကိုယ်မိမိ အရာရာကို သိရှိထားသူဟု မှတ်ယူထားသော်လည်း ယခုအခါတွင်တော့ တွေဝေသွားခဲ့ရလေသည် ။

သူသည် အပြင်သို့ ထွက်သွားရင်း နောက်သို့ ပြန်လှည့်ကြည့်ကာ၊

"ကောင်းယွမ်... စည်းကမ်းကို သိတယ် မဟုတ်လား... မျိုးရိုးဗီဇ ပြောင်းထားတဲ့ သတ္တဝါတွေ မပါရ ဘူး... သဘာဝအတိုင်းပဲ ဖြစ်ရမယ်... ပြီးတော့ ကျွန်တော်က ရှေးဟောင်း ကာကွယ်ရေး ဝတ်စုံကိုပဲ ဝတ်မှာနော်..."

ကောင်းယွမ်က လက်ကာပြလိုက်ရင်း၊

"ဒါပေါ့..."

ကောင်းယွမ်သည် ဆူးတိုက် ထွက်သွားသည်ကို ကြည့်ရင်း စိတ်ကူးယဉ်လိုက်မိလေသည် ။

*တောရိုင်း တိရစ္ဆာန်တွေကြားမှာ ဆူးတိုက်တစ်ယောက် တုန်တုန်ရင်ရင်နဲ့ ဘယ်လိုများ နေမလဲဆိုတာ မြင်ချင်သေးတယ်… ကျားတွေ၊ ဝက်ဝံတွေနဲ့ မြွေကြီးတွေကြားမှာ သူ ဘယ်လိုများ ရုန်းကန်နေရမလဲ ဆိုတာကို ကြည့်ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ…*

All Chapters