← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄)

ဥက္ကဋ္ဌကောင်း... အမှန်တကယ်ပင် ဖြောင့်မတ်လှပေတယ်

ကျန်းပိုင်ရီသည် ဒန်းဒန်းအား အပူချိန်ထိန်းအဝတ်အစား တစ်စုံ ယူဆောင်လာရန် ခိုင်းစေလိုက် လေသည်...။

"ဥက္ကဋ္ဌလီ... ဒါက ကျွန်တော်တို့ရဲ့ အဆင့်မြင့်ဆုံး ထုတ်ကုန်ဖြစ်ပါတယ်... ဒီပစ္စည်းမှာ ငါးရံ့နက်နည်း ပညာကုမ္ပဏီရဲ့ နောက်ဆုံးပေါ် နည်းပညာရပ်များအားလုံး စုစည်းပါဝင်နေပါတယ်... အခုဒါကို ကြယ် ကိုးစင်း နဲ့ ငါးရံ့နက်နည်းပညာတို့အကြား ချစ်ကြည်ရင်းနှီးမှုရဲ့ အထိမ်းအမှတ်အဖြစ် ဥက္ကဋ္ဌကို ဂါရ ဝပြု လက်ဆောင်အဖြစ် ပေးလိုက်ပါမယ်..."

လီထိုက်ရှီသည် မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်လေ၏။ သူသည် အလွန်ပင် ကျေနပ်အားရ နေဟန် ရှိပေသည်...။

"ဥက္ကဋ္ဌကောင်းနှင့် ဒုတိယဥက္ကဋ္ဌကျန်းတို့က တကယ်ပဲ ယဉ်ကျေးပျူငှာလှပါပေတယ်... ကျွန်တော်ဒီ အပူချိန်ထိန်းအဝတ်အစားရဲ့ သတင်းကို ကြားဖူးနားဝ ရှိပါတယ်... ငါးရံ့နက်နည်းပညာရဲ့ ကျော်ကြားမှု မှာ အမှန်တကယ်ကိုပဲ ဂုဏ်သတင်းနဲ့ ညီလှပါပေတယ်..."

လီထိုက်ရှီသည် ရှနိုင်ငံ၏ စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်လေရာ သူ၏ တူဖြစ်သူ လီကျန်းကျီထက် ပင် ပို၍ ကောင်းမွန်နေသေး၏။

"ဥက္ကဋ္ဌလီ... ဒီပူးပေါင်းဆောင်ရွက်မှုက ကြယ်ကိုးစင်းနဲ့ ငါးရံ့နက်နည်းပညာ နှစ်ဦးနှစ်ဖက်လုံးအတွက် ကြီးမားတဲ့ တိုးတက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်... ဥက္ကဋ္ဌကိုယ်တိုင် လာရောက်တာကို ကြည့်ယုံနဲ့ ကြယ်ကိုးစင်းရဲ့ ရိုးသားမှုကို ကျွန်တော် မြင်နေရပါတယ်... ကျွန်တော်တို့ ရှနိုင်ငံမှာ ရှေးစကားပုံတစ်ခု ရှိတယ်လေ... 'မိတ်ဆွေများ လာရောက်ပါက ဝိုင်ကောင်းဖြင့် ကြိုဆို၍ ရန်သူများ လာရောက်ပါက ဓား ဖြင့် တုံ့ပြန်ရမည်' ဆိုပြီးတော့လေ... ကြယ်ကိုးစင်းက ငါးရံ့နက်နည်းပညာရဲ့ မိတ်ဆွေပဲလေ..."

"ကျွန်တော် ကောင်းယွမ်က ကိုယ့်ရဲ့ မိတ်ဆွေတွေအပေါ် ဘယ်သောအခါမှ သစ္စာဖောက်ဖျက်ခြင်း မရှိပါ ဘူး... အခြားအရာတွေကို ဘေးဖယ်ထားလိုက်ပါဦး... ကြယ်ကိုးစင်းအနေနဲ့ ရှနိုင်ငံ ဈေးကွက်ထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့နဲ့ ရှနိုင်ငံမှာရှိတဲ့ လက်ကိုင်ဖုန်း ထုတ်လုပ်သူတွေနဲ့ ထောက်ပံ့ရေး ကွင်းဆက် တစ်ခုလုံးကို ဝယ်ယူနိုင်ဖို့အတွက် ကျွန်တော် ကူညီပေးပါမယ်... "

"ရှ​ေ၊ တာမီ၊ ပိုပိုနဲ့ ဗီဗီတို့ကို အပြတ်အသတ် နှိမ်နင်းနိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးပါမယ်... နောင် မှာ ကြယ်ကိုးစင်းရဲ့ စမတ်ဖုန်းတွေက ကမ္ဘာ့လက်ကိုင်ဖုန်း လောကမှာ ဘုရင်တစ်ဆူ ဖြစ်လာပါ လိမ့်မယ်..."

"လက်ကိုင်ဖုန်း ဈေးကွက်ကို လက်ဝါးကြီးအုပ်ခြင်းအားဖြင့် အကျိုးကျေးဇူးများစွာ ရနိုင်ပါတယ်... ပထမဦးစွာ ဆော့ဖ်ဝဲလ်ပိုင်းကို ပေါင်းစည်းနိုင်မှာဖြစ်သလို စနစ်ထုတ်လုပ်သူတွေနဲ့ အပလီကေးရှင်း ဖန်တီးသူတွေအပေါ်မှာလည်း အသာစီးရနိုင်ပါလိမ့်မယ်... "

"ကျွန်တောတို့က ကြယ်ကိုးစင်း ကို အကောင်းဆုံး ချစ်ပ်ပြားတွေ ထောက်ပံ့ပေးနေမှာဖြစ်ပြီးတော့... ကြယ်ကိုးစင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ကိုင်ဖုန်းတွေကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်..."

ထိုစကားများက လီထိုက်ရှီ၏ စိတ်ကို အလွန်ပင် လှုပ်ခတ်သွားစေခဲ့လေသည်...။

"ငါးရံ့နက်နည်းပညာက အမှန်တကယ်ပဲ ဒီလို လုပ်ဆောင်နိုင်လို့လား... ခင်ဗျားတို့က ရှ​ေနဲ့ လက်တွဲ ထားတာမဟုတ်ဘူးလား..."

ကောင်းယွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"ဟုတ်ပါတယ်... ကျွန်တော်တို့က ချစ်ပ်ပြားပိုင်းကိုပဲ ပူးပေါင်းဆောင်ရွက်တာပါ... လက်ကိုင်ဖုန်း ထုတ် လုပ်ရေးအတွက်ကတော့ ကျွန်တော်တို့ရဲ့ မိတ်ဖက်က ကြယ်ကိုးစင်းပဲလေ... စိတ်မပူပါနဲ့... ငါးရံ့နက် နည်းပညာမှာ ဒီလို စွမ်းဆောင်ရည်တွေ ရှိပါတယ်... "

"တကယ်လို့ ဥက္ကဋ္ဌအနေနဲ့ ယုံကြည်မှု မရှိသေးဘူးဆိုရင်လဲ ရလဒ်ကို စောင့်ကြည့်နိုင်ပါတယ်... ရှ​ေနဲ့ တာ့မီ တို့ရဲ့ အရင်းအမြစ်တွေကို အစုလိုက်အပြုံလိုက် ဥက္ကဋ္ဌတို့ဆီကို ရောင်းလာစေဖို့ကို ကျွန်တော် ဖျောင်းဖျပေးပါမယ်..."

လီထိုက်ရှီသည် ဤအရာများမှာ အိပ်မက်တစ်ခုကဲ့သို့ပင် မယုံနိုင်စရာ ဖြစ်နေသည်ဟု ခံစားနေရလေ သည်။

သို့သော် ကောင်းယွမ်၏ စကားများမှာ ခိုင်မာလှပေ၏။ အကယ်၍ နောင်တွင် သူသည် ကတိမတည်ခဲ့ပါ က ကြယ်ကိုးစင်းဘက်မှ ကတိဖျက်လျှင်လည်း အပြစ်ဆိုစရာ ရှိမည်မဟုတ်ပေ။

အကယ်၍သာ ဤအစီအစဉ် အောင်မြင်ခဲ့ပါက ငါးရံ့နက်နည်းပညာမှ အမေရိကန် ဈေးကွက်ကို ဖွင့်ပေး နိုင်သည်ဆိုသော အချက်မှာ အရေးမကြီးတော့ပေ။

အပူချိန်ထိန်းအဝတ်အစား တစ်စုံမှာလည်း မပြောပလောက်တော့ပေ။

ထိုစဉ် ကျန်းပိုင်ရီမှာမူ ရယ်ချင်စိတ်ကို အောင့်ထားခဲ့ရလေသည်...။ ကောင်းယွမ်မှာ အမှန်တကယ်ပင် ရက်စက်လှပေ၏။ ဤသည်မှာ လက်ပတ်ဖုန်းများကို အချိန်စော၍ ထုတ်ပြရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ရှဝေနှင့် တာမီတို့၏ လက်ကိုင်ဖုန်း အရင်းအမြစ်များကို ကြယ်ကိုးစင်းအား အလုံးအရင်းဖြင့် ရောင်းချ ခိုင်းနေခြင်း ဖြစ်ချေ၏။ မကြာမီ ထိုပစ္စည်းများသည် ခေတ်ကုန်တော့မည် မဟုတ်ပါလော။

ကောင်းယွမ်သည် ရှဝေ၊ တာမီနှင့် ဗီဗီကဲ့သို့သော ထုတ်လုပ်သူများထံမှလည်း ကျေးဇူးတင်ရှိမှုကို ရရှိ ဦးမည် ဖြစ်ပေသည်...။

ဤအတိုင်းသာ ဆက်သွားပါက ထိုကုမ္ပဏီများသည် ငါးရံ့နက်နည်းပညာ၏ လက်အောက်ခံများသာ ဖြစ်လာပေလိမ့်မည်...။

သနားစရာကောင်းသော ကြယ်ကိုးစင်း... မဟုတ်သေးချေ... ယုတ်မာလှသော ကြယ်ကိုးစင်းမှာမူ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေတော့မည်။

လက်ပတ်ဖုန်းများ ပေါ်ထွက်လာခြင်းသည် စမတ်ဖုန်းများ၏ နိဂုံးပင် ဖြစ်ပေလိမ့်မည်။ လက်ပတ်ဖုန်း များ ထွက်ပေါ်လာသည်နှင့် တစ်ကမ္ဘာလုံးရှိ စမတ်ဖုန်းလောကကို ကြယ်ကိုးစင်းက လက်ဝါးကြီးအုပ် ထားနိုင်လျှင်ပင် အဘယ်အကျိုး ရှိပါတော့မည်နည်း။

ခေတ်ကုန်သွားသော ဈေးကွက်ကို လက်ဝါးကြီးအုပ်ခြင်းမှာ အမှန်တကယ်ပင် ဝမ်းနည်းဖွယ် ကောင်းလှ ပေသည်။

...

"ဥက္ကဋ္ဌကောင်းက တကယ်ပဲ အားကိုးရတဲ့သူပါခင်ဗျာ... ကျွန်တော်တို့ ကြယ်ကိုးစင်းက ငါးရံ့နက်နည်း ပညာကို မိတ်ဆွေရင်းအဖြစ်ပဲ သတ်မှတ်ထားတာပါ။ လွန်ခဲ့တဲ့ရက်ပိုင်းက လီကျန်းကျီနဲ့ဖြစ်သွားတဲ့ ကိစ္စက အထင်လွဲတာသက်သက်တင်ပါ။ အဲဒီကလေးက ကစားမက်လို့ ဖြစ်သွားရတာပါ။ အခုတော့ သူ့ကို ကုမ္ပဏီဌာနချုပ်မှာပဲ ပိတ်ပြီး ဆုံးမနေပါတယ်၊ ဥက္ကဋ္ဌကြီးအနားကနေလည်း လုံးဝအထွက်မခံ တော့ပါဘူး... ဒီတစ်ခေါက် ကျွန်တော်လာတာလည်း ဥက္ကဋ္ဌကြီးက ဥက္ကဋ္ဌကောင်းကို တောင်းပန်စကား ပြောခိုင်းလိုက်လို့ပါ။ ပြီးတော့ လက်ဆောင်တစ်ခုလည်း ထည့်ပေးလိုက်ပါတယ်ခင်ဗျာ..."

ကောင်းယွမ်သည် အံ့ဩဟန်ဆောင်လိုက်လေ၏။

"ဪ... ဥက္ကဋ္ဌကြီးက ကျွန်တော့် မှတ်မိနေသေးတယ်ပေါ့..."

"ဟုတ်ပါတယ်... ဥက္ကဋ္ဌကြီးက သူ့ရဲ့ ကိုယ်စား ဥက္ကဋ္ဌကောင်းအား အထူးပင် တောင်းပန်ကြောင်း ပြောဖို့ မှာလိုက်ပါတယ်..."

ပြောဆိုပြီးနောက် လီထိုက်ရှီသည် သူမ၏ အတွင်းရေးမှူးထံမှ ဖိုင်တွဲတစ်ခုကို ယူဆောင်ကာ ကောင်းယွမ် ထံသို့ ကမ်းပေးလိုက်လေသည်။

"ဒါက ဘာများလဲ..."

"ဒီဟာက အမေရိကန်ပြည်ထောင်စု၊ မစ်ဆစ်ဆောဂါမှာရှိတဲ့ ဒေါ်လာ (၁၀) သန်း တန်ဖိုးရှိတဲ့ ဗီလာ အိမ်ကြီး တစ်လုံး ဖြစ်ပါတယ်... ဥက္ကဋ္ဌကောင်းအတွက် လက်ဆောင် ဖြစ်ပါတယ်..."

ကောင်းယွမ်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်လေ၏။

"တောက်... ဒါက..."

ထိုအိမ်ကို အမှန်တကယ် လိုချင်သောသူမှာ လူမိုက်သာ ဖြစ်ပေလိမ့်မည်။

အကယ်၍ သူသာ အမေရိကန်သို့ သွားခဲ့ပါက... ပြန်လာနိုင်ရန်မှာ မလွယ်ကူလှပေ။

သို့သော် သူ၏ ကိုယ်ပိုင်လုံခြုံရေး အစီအမံများကို ပြန်လည်စဉ်းစားကြည့်ပါက အမေရိကန်ဘက်မှသာ ဒုက္ခရောက်သွားနိုင်ချေ ရှိပေသည် မဟုတ်ပါလား။

အခြေအနေ ဆိုးရွားလာပါက သိန်းငှက် သို့မဟုတ် ပတာရိုဆောအဖြစ် အသွင်ပြောင်း၍ ပျံသန်း၍ ပြန် လာ နိုင်သည် မဟုတ်ပါလော။ ယခင်ကမူ အသွင်ပြောင်းနေစဉ် ပစ်ခတ်ခံရမည်ကို စိုးရိမ်ခဲ့ သော်လည်း ယခုအခါတွင်မူ အသွင်ပြောင်းနိုင်သော လုံခြုံရေးစက်ရုပ်များ ရှိနေပြီ ဖြစ်သကဲ့သို့ လက်နက်တပ်ဆင် ထားသော ကင်းထောက်ဒရုန်းများကလည်း သူ့အား ကာကွယ်ပေးနိုင်မည် ဖြစ်ပေသည်။

အကယ်၍ အမေရိကန်တို့က နျူကလီးယား လက်နက်များ အသုံးမပြုသရွေ့ သူတို့အား ရှုံးနိမ့်စရာ အကြောင်းမရှိပေ။

ကောင်းယွမ်သည် ထိုလက်ဆောင်ကို အထင်မကြီးသော်လည်း မျက်နှာတွင်မူ ကျေးဇူးတင်သည့် အမူ အရာကို ပြသလိုက်၏။

"ဥက္ကဋ္ဌလီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်... ကျွန်တော်လည်း အမေရိကန်မှာ အိမ်တစ်လုံးလောက် ဝယ်ချင်နေတာ ကြာလှပြီ... ဒါနဲ့ အိမ်ပိုင်ဆိုင်မှု အမည်ပြောင်းလဲခြင်းကော လုပ်ပြီးပြီလား..."

ကောင်းယွမ်က မေးလိုက်လေ၏...၊

"ဟမ်... မလုပ်ရသေးပါဘူး... ဒါပေမဲ့ ဒီကိစ္စအသေးအမွှားလေးကို ကျွန်တော်တို့ အမြန်ဆုံး ဆောင်ရွက် ပေးပါမယ်... အခု ပူးပေါင်းဆောင်ရွက်ရေး အသေးစိတ်ကို ဆက်လက် ဆွေးနွေးကြရအောင်..."

"ကောင်းပါပြီ..."

...

သူတို့သည် ညနေစောင်းတိုင်အောင် စကားပြောဆိုခဲ့ကြလေသည်။

ကောင်းယွမ်သည် သိပ္ပံနှင့် နည်းပညာစက်မှုဇုန်၌ တည်ခင်းဧည့်ခံပွဲတစ်ခု ပြင်ဆင်ပေးခဲ့လေ၏။ အစား အသောက်များ စားသောက်ပြီးနောက် စက်ရုပ် ရူရူကို လီထိုက်ရှီအား ငါးရံ့နက်နည်းပညာ စက်မှုဇုန် အတွင်း လိုက်လံပြသရန် ခိုင်းစေလိုက်လေသည်။

နောက်တစ်နေ့တွင် လီထိုက်ရှီသည် ပြန်လည်ထွက်ခွာသွားခဲ့လေ၏။

ယင်းနောက်တွင် ကြယ်ကိုးစင်း၏ တရားဝင် ဝဘ်ဆိုဒ်၌ သတင်းတစ်ပုဒ် ဖော်ပြလာခဲ့လေသည်၊

[မနေ့က ကြယ်ကိုးစင်းအုပ်စုရဲ့ ဒုတိယဥက္ကဋ္ဌဟာ ငါးရံ့နက်နည်းပညာကို တည်ထောင်သူ ကောင်းယွမ်နဲ့ တွေ့ဆုံခဲ့ပြီးတော့ သဘောတူညီချက်အများကြီး ရရှိခဲ့ပါတယ်... ကြယ်ကိုးစင်းနဲ့ ငါးရံ့နက်အုပ်စုတို့ဟာ လက်တွဲပြီး အရင်းအမြစ်တွေကို အပြန်အလှန် ဖလှယ်သွားမှာဖြစ်လို့ ဒါဟာ ကြယ်ကိုးစင်းရဲ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် အခွင့်အလမ်းသစ်တွေ ဖြစ်လာမှာပါခင်ဗျာ...]

ကောင်းယွမ်သည်လည်း ငါးရံ့နက်နည်းပညာ၏ တရားဝင် ဝေ့ပေါ်အကောင့်၌ သတင်းစကားတစ်ခု ပါး လိုက်လေသည်။

[ငါးရံ့နက်နည်းပညာ သည် ယခုအခါ ကြယ်ကိုးစင်းအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက် ရရှိခဲ့ပြီ ဖြစ်ပါတယ်...]

ဤသတင်းသည် ရှနိုင်ငံ ဈေးကွက်နှင့် တောင်ပိုင်းနိုင်ငံ ဈေးကွက် နှစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့ပေ သည်။

ကြယ်ကိုးစင်းသည် ရှနိုင်ငံ ဈေးကွက်တွင် ပျောက်ကွယ်နေသည်မှာ နှစ်အတန်ကြာပြီ ဖြစ်လေ၏။ လွန်ခဲ့သော နှစ်အနည်းငယ်က ရှနိုင်ငံ ဈေးကွက်မှ ဆုတ်ခွာသွားပြီးနောက် ရှနိုင်ငံ၏ လက်ကိုင်ဖုန်း ထုတ်လုပ်သူများသည် လျင်မြန်စွာ တိုးတက်လာခဲ့ကြပြီး ယခုအခါ ရှနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လက်ကိုင်ဖုန်း ထုတ်လုပ်မှု အခြေစိုက်စခန်း ဖြစ်လာခဲ့ပြီ ဖြစ်ပေသည်။

ဤပူးပေါင်းဆောင်ရွက်မှုက ကြည့်ရှုနေသူများအား အံ့အားသင့်စေခဲ့လေသည်၊

[ငါးရံ့နက်နဲ့ ကြယ်ကိုးစင်းတို့ လက်တွဲကြတယ်ဆိုတာ တကယ်ပဲလား... ဒါဟာ ကြယ်ကိုးစင်းအနေနဲ့ ရှနိုင်ငံ ဈေးကွက်ထဲကို ပြန်ဝင်လာတာလား...]

[တောက်... ကောင်းယွမ်ဆိုတဲ့ကောင်ကတော့ အာဏာလေး နည်းနည်းရလာတာနဲ့ တောင်ပိုင်းနိုင်ငံရဲ့ ဖိနပ်ကို လျှာနဲ့ရက်နေပြီလား...]

[စိတ်ပျက်ဖို့ကောင်းလိုက်တာဗျာ... ကျွန်တော်က အပူချိန်ထိန်းအဝတ်အစားကို မျှော်လင့်နေတာ... ကောင်းယွမ်က ကြယ်ကိုးစင်းနဲ့ ပူးပေါင်းလိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး...]

[ကောင်းတာပေါ့... ကြယ်ကိုးစင်းက နိုင်ငံတကာမှာ နာမည်ကြီးတဲ့ ကုမ္ပဏီပဲဟာ... ငါးရံ့နက်နည်းပညာ မှာ နည်းပညာတွေ ရှိပေမဲ့ ကုမ္ပဏီအသစ်ဖြစ်နေတော့ စီမံခန့်ခွဲမှုပိုင်းမှာ အတွေ့အကြုံ လိုသေးတာ လေ...]

[ငါးရံ့နက်နည်းပညာက ထိပ်တန်းကို တက်လှမ်းတော့မှာလားဟ...]

[ဘာတွေလဲဗျာ... ကောင်းယွမ်... မင်းရဲ့ရုပ်ရှင်ကို ငါ အားပေးခဲ့တာနော်... ရုပ်ရှင်ထဲမှာတော့ မင်းက အရမ်းတော်ပြီး လူတွေကို အနိုင်ယူနိုင်တယ်... အခုကျတော့ အမြတ်အစွန်းအတွက်နဲ့ တောင်ပိုင်းနိုင်ငံနဲ့ လက်တွဲလိုက်ပြီလား...]

[နောက်နေတာ မဟုတ်ဘူးနော်... ကြယ်ကိုးစင်းသာ ရှနိုင်ငံကို ပြန်လာရင် ရှဝေနဲ့ တာမီတို့တော့ ရင်တ ထိတ်ထိတ်နဲ့ စိတ်ပူရတော့မယ်...]

ကောင်းယွမ်သည် အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များကို ဖတ်ပင်မဖတ်ကြည့်တော့ပေ...၊ သူ မြင်တွေ့ခဲ့လျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။

ထိုအချိန်တွင် သူသည် ရှဝေမှ ကျိုးလဲ့၊ တာမီမှ လဲ့ကျန်းကျွင်း၊ ဗီဗီမှ ချန်းယုံ၊ ပိုပိုမှ တွမ်းဖင်နှင့် ရှရှင်းမှ ချင်ပင်းတို့ကို ငါးရံ့နက်နည်းပညာ စက်မှုဇုန်သို့ ဖိတ်ကြားလိုက်လေသည်။

ကျိုးလဲ့နှင့် လဲ့ကျန်းကျွင်းတို့သည် ကောင်းယွမ်က အဘယ်ကြောင့် ကြယ်ကိုးစင်းနှင့် ပူးပေါင်းရသည်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသော်လည်း စမတ်ဖုန်း ဈေးကွက်မှာ နိဂုံးချုပ်တော့မည်ကို သူတို့ သိရှိ ထားကြပေသည်။ ကြယ်ကိုးစင်း ဝင်ရောက်လာလျှင်ပင် အဘယ်သို့ ထူးခြားသွားမည်နည်း။

သူတို့သည် ယခုအခါ လက်ကိုင်ဖုန်းနှင့် ပတ်သက်သော လုပ်ငန်းများကို စာရင်းရှင်းလင်းခြင်းနှင့် ဆိုင် များကို ပိတ်သိမ်းခြင်းများ ဆောင်ရွက်နေကြပြီ ဖြစ်ပေသည်။

သို့သော် ချန်းယုံ၊ တွမ်းဖင်နှင့် ချင်ပင်းတို့မှာမူ ဘာဖြစ်နေသည်ကို လုံးဝ မသိရှိကြသေးပေ။

ကောင်းယွမ်သည် သူတို့၏ ရှေ့တွင် ထိုင်နေခဲ့လေသည်။ သူသည် ယခုအခါ ရှနိုင်ငံ၏ အင်တာနက် နည်းပညာလောကတွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာမည့် အလားအလာများ ရှိနေပြီ ဖြစ်ချေ၏။

"လူကြီးမင်းတို့... လက်ကိုင်ဖုန်း လုပ်ငန်းတွေကို စွန့်လွှတ်လိုက်ကြပါ... ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူမယ့်သူ နှစ်ဦးကို ကျွန်တော် ရှာပေးပါမယ်..."

ကောင်းယွမ်က စကားစလိုက်လေသည်...၊

ချန်းယုံက မျက်မှောင်ကြုတ်လိုက်လေ၏။

"ဥက္ကဋ္ဌကောင်း... ဒါက ဘာအဓိပ္ပာယ်လဲ... ကျွန်တော်တို့ကို အဓမ္မ ရောင်းခိုင်းနေတာလား... ငါးရံ့နက် နည်းပညာမှာ အစွမ်းထက်တဲ့ နည်းပညာတွေ ရှိပေမယ့် ကျွန်တော်တို့ကို အနိုင်ကျင့်ဖို့ အကြောင်းမရှိဘူး မဟုတ်လား..."

ကောင်းယွမ် စကားမပြောရသေးမီမှာပင် ကျိုးလဲ့က အရင်ဆုံး ပြောလိုက်လေသည်။

"ဥက္ကဋ္ဌချန်... ဥက္ကဋ္ဌကောင်းက ခင်ဗျားတို့ အကျိုးအတွက် လုပ်ပေးနေတာပါ... ဥက္ကဋ္ဌကောင်းက အမှန် တကယ်ကိုပဲ စေတနာ ထက်သန်လှပါတယ်... ဥက္ကဋ္ဌကောင်းက လက်ပတ်ဖုန်းတွေကို အချိန်စောပြီး ထုတ်ပြဖို့ ပြင်ဆင်နေတာလား..."

All Chapters