← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅)

ကျွန်တော်အနေနဲ့ ဆုလာဘ် နည်းနည်းတော့ ယူရဦးမယ်

ကောင်းယွမ်သည် ခေါင်းညိတ်ပြလိုက်လေ၏။

"လက်ပတ်ဖုန်းတင်မကဘဲ အခြားသော ထုတ်ကုန်တွေလည်း ရှိပါသေးတယ်... ဒါပေမဲ့ အဲဒီပစ္စည်း တွေကိုတော့ လောလောဆယ် ရှနိုင်ငံအတွင်းမှာ ရောင်းချဦးမှာ မဟုတ်ပါဘူး... အကယ်၍ လူကြီးမင်း တို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဉာဏ်ရည်တု အိမ်သုံးပစ္စည်းကဏ္ဍမှာ လုပ်ကိုင်နိုင်ပါတယ်... ငါးရံ့နက် နည်းပညာအနေနဲ့ အဲဒီဈေးကွက်ထဲကို လုံးဝ ခြေစုံပစ်ဝင်မှာမဟုတ်ဘူးလို့ ကျွန်တော် အာမခံနိုင်ပါ တယ်..."

ကောင်းယွမ်အနေဖြင့် စီးပွားရေး နယ်ပယ်အားလုံးသို့ ဖြန့်ကျက်လုပ်ကိုင်ရန် မဖြစ်နိုင်ပေ။ ဥပမာအား ဖြင့် ဉာဏ်ရည်တု အိမ်သုံးပစ္စည်းကဏ္ဍ၌ အနာဂတ်ကမ္ဘာတွင် အတော်ပင် ရင့်ကျက်နေပြီဖြစ်သော် လည်း ကောင်းယွမ်သည် ထိုဈေးကွက်ထဲသို့ ဝင်ရောက်ရန် အစီအစဉ်မရှိပေ။

ပထမဦးစွာ အမြတ်အစွန်းပြဿနာ ရှိပေသည်။ ဉာဏ်ရည်တု အိမ်သုံးပစ္စည်းများမှာ အမျိုးအစား များ ပြားလှသကဲ့သို့ ထုတ်လုပ်မှုမှာလည်း ရှုပ်ထွေးလှ၏။ ကိုယ်တိုင်လုပ်ဆောင်ရန် အားအင်များစွာ စိုက် ထုတ်ရမည်ဖြစ်ပြီး ရရှိမည့် အမြတ်အစွန်းမှာလည်း ထင်သလောက် မကြီးမားလှပေ။

ကောင်းယွမ်သည် ကြယ်ကိုးစင်းအား အမေရိကန် ဈေးကွက်ကို ဖွင့်လှစ်ခိုင်းခြင်းမှာ အမှန်စင်စစ်အား ဖြင့် အထောက်အထား စာရွက်စာတမ်း ကိစ္စရပ်များကိုသာ အဆင်ပြေချောမွေ့စေလိုခြင်း ဖြစ်သည်။

ယခုအခါ ချစ်ပ်ပြားများကို တစ်ကမ္ဘာလုံးသို့ တင်ပို့ရောင်းချနေပြီ ဖြစ်သော်လည်း ယင်းမှာ သူကိုယ်တိုင် ဦးနှောက်လှိုင်း ပုံရိပ်ဖော်ကိရိယာဖြင့် ကစားပြခဲ့သောကြောင့် အမေရိကန် ဒုတိယသမ္မတက မလွှဲမ ရှောင်သာ လက်ခံခဲ့ခြင်း ဖြစ်ချေ၏။

အကယ်၍ သူ၏ ထုတ်ကုန်အသစ်များကို အမေရိကန်သို့ တိုက်ရိုက်မိတ်ဆက်ပါက ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင် ဖြစ်ပေသည်။

သို့သော် ကြယ်ကိုးစင်းနှင့် သူတို့၏နောက်ကွယ်မှ မော်ဂန်မိသားစုက လမ်းခင်းပေးမည်ဆိုပါက အရာရာ မှာ ပိုမို ချောမွေ့သွားပေလိမ့်မည်။

လမ်းခင်းပြီးသည့်နောက်တွင်မူ...၊

ကောင်းယွမ်သည် အမေရိကန်ကို 'ဝက်မွေးမြူရေး စမ်းသပ်ကွင်း' အဖြစ် အသုံးပြုကာ 'ဝက်မွေးမြူရေး သုံးတွဲစပ်' ကို အရင်ဆုံး စေလွှတ်ရန် ရည်ရွယ်ထားလေ၏။

ဈေးကွက်မြှင့်တင်ရေးအတွက်လည်း မဟာဗျူဟာ ရှိပေသည်။ အပူချိန်ထိန်းအဝတ်အစားမှာ ပထမ ခြေလှမ်း ဖြစ်လာမည်ဖြစ်ပြီး အမေရိကန်တို့အား အကျိုးအမြတ်၏ အရသာကို အရင်ဆုံး မြည်းစမ်း ခိုင်းမည် ဖြစ်ပေသည်။

ထို့နောက်တွင် ဂိမ်းဦးထုပ်များက နောက်ကွယ်မှ လိုက်ပါလာမည်ဖြစ်ပြီး အမေရိကန်ရှိ သာမန်လူတန်း စားများက အေးအေးလူလူ နေထိုင်ရန် ရွေးချယ်လိုက်သည့်အခါ အာဟာရအနှစ်များကို ရောင်းချနိုင်ပေ လိမ့်မည်။ အမှန်စင်စစ် ထိုလူများ၌ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက် အလွန်နည်းပါးပြီး အသက်ရှင်နေရန် သာ လိုအပ်ပေသည်။

လက်ပတ်ဖုန်းများမှာမူ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားမည့် တော်လှန်ရေးဆန်သော ဉာဏ်ရည်တု ကိရိယာ တစ်ခု ဖြစ်လာမည်ဖြစ်ရာ မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ် ယောက်က တားဆီးရန် ကြိုးပမ်းပါကလည်း မှောင်ခိုဈေးကွက်များသာ ကြီးထွားလာပေလိမ့်မည်။

ကျိုးလဲ့သည် အစပိုင်းတွင် လက်ပတ်ဖုန်း တစ်မျိုးတည်းသာ ရှိသည်ဟု ထင်မှတ်ထားသော်လည်း ကောင်းယွမ် က အခြားအရာများ ရှိသေးကြောင်း ပြောလိုက်သည့်အခါ ခဏမျှ မှင်သက်သွားခဲ့ရလေ ၏။

"နောက်ထပ် ဘာတွေ ရှိသေးတာလဲ..."

"ဒါက လူကြီးမင်းတို့အပေါ် သက်ရောက်မှု မရှိနိုင်လို့ ကျွန်တော် မပြောတော့ပါဘူး... လက်ကိုင်ဖုန်းတွေ အကြောင်းပဲ ဆက်ပြောကြရအောင်... အစကတော့ ကျွန်တော်လည်း အေးအေးဆေးဆေး လုပ်ပြီး လူကြီးမင်းတို့ရဲ့ လက်ကျန်ပစ္စည်းတွေကို ရောင်းထုတ်ဖို့ အချိန်ပေးမလို့ပါပဲ ... ဒါပေမဲ့ အခုတော့ တစ် ယောက်ယောက်က အဲဒီလက်ကျန်ပစ္စည်းတွေကို ဝယ်ယူဖို့ ငွေထုတ်ပေးနေပြီဆိုတော့... ကျွန်တော် လည်း နောက်မဆုတ်တော့ပါဘူး... လက်ပတ်ဖုန်းတွေကို လာမယ့်လမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြန့်ချိတော့မှာပါ..."

ကျိုးလဲ့သည် ဤနေ့ရက် ရောက်လာမည်ကို စောစောစီးစီး သိရှိထားပြီး ဖြစ်ပေသည်။ ကောင်းယွမ်က အခြေအနေကို အလွန်အကျွံ မဖြစ်စေလိုသောကြောင့်သာ ဖြစ်၏။ အကယ်၍ အခြားကုမ္ပဏီသာဆို လျှင် ယခုအချိန်၌ စတင်ရောင်းချနေပြီ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါးရံ့နက်နည်းပညာ စက်မှုဇုန်၌ လက်ပတ်ဖုန်းများကို အလုံးအရင်းနှင့် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ကျိုးလဲ့ သိရှိထား သောကြောင့် ဖြစ်ပေသည်။

ကောင်းယွမ်သည် သူတို့အား အသက်ရှူချောင်စေရုံသာမက ယခုအခါ ဆုံးရှုံးမှုများကို အနည်းဆုံး ဖြစ်အောင်လည်း ကူညီပေးနေခြင်း ဖြစ်သည်။

အမှန်တကယ်ပင် စေတနာ ထက်သန်လှသော လူသားတစ်ဦးပါပေ။

လဲ့ကျန်းကျွင်းက သက်ပြင်းချလိုက်လေ၏။

"စမတ်ဖုန်းခေတ်က ဒီလောက်အမြန်ကြီး ကုန်ဆုံးသွားလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး..."

ကျန်ရှိသော လူသုံးဦးမှာမူ အခြေအနေကို လုံးဝ နားမလည်နိုင်ဘဲ ရှိနေကြ၏။

ရှရှင်းအုပ်စုမှ ချင်ပင်းက ကျိုးလဲ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

"ဥက္ကဋ္ဌကျိုး... ဒီလက်ပတ်ဖုန်းဆိုတာက အတိအကျ ဘာကြီးလဲ..."

ကောင်းယွမ်က ပြုံး၍ ပြောလိုက်၏။

"ဥက္ကဋ္ဌချန်၊ ဥက္ကဋ္ဌတွမ်း၊ ဥက္ကဋ္ဌချင်နဲ့ ဥက္ကဋ္ဌလဲ့တို့အတွက် လက်ဆောင်လေး တစ်ခု ပေးချင်ပါတယ်... ဘာပဲဖြစ်ဖြစ် လာမယ့်လမှာ ထွက်လာတော့မှာပဲလေ..."

သူမပြောလိုက်သည်နှင့် ဝမ်ရွှီသည် သေတ္တာလေးလုံးကို ယူဆောင်လာခဲ့လေသည်။

လဲ့ကျန်းကျွင်းမှာ ကျိုးလဲ့ ပြောပြသည်ကိုသာ ကြားဖူးသော်လည်း အစစ်အမှန်ကိုမူ တစ်ခါမျှ မြင်ဖူးချင်း မရှိသေးပေ။

ထို့နောက် သူသည် သေတ္တာကို ဖွင့်ကြည့်လိုက်၏။

ကျိုးလဲ့က ရှင်းပြပေးသူအဖြစ် ဆောင်ရွက်လိုက်လေသည်။

"ကဲ... အဲဒါကို မြဲမြဲကိုင်ထားလိုက်ပါ... ခန္ဓာကိုယ်ရဲ့ အပူရှိန်ကို ခံစားမိပါစေ..."

"ဟုတ်ပြီ... အခု အသက်ဝင်သွားပြီ... ဒီလိုမျိုး ဖွင့်လိုက်ပါ... လက်ပတ်မှာ ဝတ်ဆင်ပြီး ဦးနှောက်လှိုင်း တွေနဲ့ စေခိုင်းလို့ ရပါပြီ... လက်ပတ်ဖုန်းမှာ ဦးနှောက်လှိုင်း လက်ခံကိရိယာ ပါဝင်သလို ကြိမ်နှုန်းတွေ တူညီမှု ရှိမရှိ အတည်ပြုဖို့အတွက် လူကြီးမင်းတို့ရဲ့ သွေးခုန်နှုန်းကိုလည်း တိုင်းတာပေးမှာ ဖြစ်ပါ တယ်... ဒါမှ စက်မှာ ပြဿနာ မရှိမှာပါ... အခု ဆင်းမ်ကတ်ကို ကူးယူလိုက်ပါဦး..."

"ဟုတ်ကဲ့... လက်ပတ်ဖုန်းက အခုလောလောဆယ် အပလီကေးရှင်း အမျိုးအစား အစုံအလင်ကို ထောက်ပံ့ပေးထားပါတယ်... ဗီဒီယိုတစ်ခုလောက် ဖွင့်ကြည့်ပါဦးလား..."

"ကဲ... သူတို့ကို ဖုန်းခေါ်ကြည့်ပါဦး..."

"ဂိမ်းတစ်ခုလောက် ဆော့ကြည့်မလား..."

"သီချင်းလေး ဘာလေး နားထောင်ကြည့်ပါဦး..."

"မြင်ကွင်းကိုလည်း မိမိတစ်ဦးတည်းသာ မြင်နိုင်အောင် သတ်မှတ်ထားလို့ ရပါသေးတယ်..."

ကျိုးလဲ့သည် သူ၏ လက်ကောက်ဝတ်ရှိ လက်ပတ်ဖုန်းကို ထုတ်ပြလိုက်၏။ ယင်းမှာ ငါးရံ့နက် နည်းပ ညာ စက်မှုဇုန်မှ ပထမဦးဆုံး ထွက်ပေါ်လာသော လက်ပတ်ဖုန်း ဖြစ်ပေသည်။

၎င်းကို ကျိုးလဲ့၏ လက်တွင် ဝတ်ဆင်ထားခြင်း ဖြစ်၏။

လဲ့ကျန်းကျွင်းမှာမူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်၍ အဆင်ပြေလှသော်လည်း ကျန်ရှိသော လူသုံးဦးမှာမူ လုံးဝ မှင်သက်သွားကြလေပြီဖြစ်တော့သည်။

သူတို့အနေဖြင့် လုံးဝ မယုံကြည်နိုင်ဘဲ ရှိနေကြလေသည်။

*ဒါက သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲက အခန်းတစ်ခန်း မဟုတ်ဘူးဆိုတာ သေချာရဲ့လား...*

*ဒီအရာကို ဘယ်လိုနည်းပညာမျိုးနဲ့ ဖန်တီးထားတာလဲဟင်...*

*ဒါကတော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အံ့ဖွယ်တစ်ခုပါပဲလား...*

ကောင်းယွမ်သည် သူတို့အားလုံး ကိုယ်တိုင်စမ်းသပ်ပြီးသည့်တိုင်အောင် စောင့်ဆိုင်းပြီးနောက် ချောင်း တစ်ချက်ဟန့်လိုက်လေ၏။

"လူကြီးမင်းတို့... အခု ခင်ဗျားတို့ရဲ့ လက်ကိုင်ဖုန်း လုပ်ငန်းတွေကို ဝယ်ယူမယ့်သူ ရှိတယ်ဆိုရင်... ဘယ်သူများ ငြင်းဆန်ချင်ကြသေးလဲ..."

ထိုသူသုံးဦးမှာ တစ်ဦးကိုတစ်ဦး အကြောင်သား ကြည့်နေခဲ့ကြလေသည်။

*ဝယ်ယူမယ့်သူ ရှိတယ်ဟုတ်လား... ဘယ်သူကများ အဲဒီလောက်အထိ အူကြောင်ကြောင် နိုင်ရတာ လဲ…*

*လက်ပတ်ဖုန်းတွေသာ ထွက်လာရင် စမတ်ဖုန်းတွေက အမှိုက်ဖြစ်သွားမှာ မဟုတ်ဘူးလား…*

ထိုစဉ် ကျိုးလဲ့က ဘေးမှ ဝင်ပြောလိုက်လေ၏။

"ဒါက ဥက္ကဋ္ဌကောင်းက ခင်ဗျားတို့ကို နောက်တစ်ကြိမ် အခွင့်အရေး ပေးနေတာပါ..."

ယခုအချိန်၌ မည်သူမျှ ကန့်ကွက်ရန် မရှိတော့ပေ။ ဟုတ်ပေသည် အကယ်၍ ကောင်းယွမ်သာ ဘာမှ မလုပ်ဘဲ လက်ပတ်ဖုန်း ဖြန့်ချီပွဲကိုသာ ပြင်ဆင်ပြီး ဈေးကွက်ကို လွှမ်းမိုးလိုက်ပါက သူတို့မှာ အကြီး အကျယ် ရှုံးနိမ့်သွားပေလိမ့်မည်။

ယခုမူ မရောင်းချမီမှာပင် ပိုင်ဆိုင်မှုများအတွက် ဝယ်ယူမည့်သူကို ရှာပေးထားခြင်း ဖြစ်၏။

"လူကြီးမင်းတို့ ကန့်ကွက်စရာ မရှိဘူးဆိုရင် ကျွန်တော် အကျဉ်းချုပ် ပြောပြပါရစေ... ငါးရံ့နက်နည်း ပညာရဲ့ သတင်းမှာ ပါတဲ့အတိုင်း ကျွန်တော် ကြယ်ကိုးစင်းနဲ့ လက်တွဲလိုက်ပါပြီ... ကြယ်ကိုးစင်းက ရှနိုင်ငံ ဈေးကွက်ကို ပြန်လည် သိမ်းပိုက်ချင်နေတာပါ..."

"အကယ်၍ ရှနိုင်ငံ ဈေးကွက်ကို ပြန်လည် ထိန်းချုပ်နိုင်မယ်ဆိုရင် သူတို့ရဲ့ လက်ကိုင်ဖုန်း အရောင်း အဝယ်က (၄၀) ရာခိုင်နှုန်းလောက် တိုးတက်လာမှာ ဖြစ်ပါတယ်... ကျွန်တော်တို့ ရှနိုင်ငံက ယဉ်ကျေးပျူ ငှာတဲ့ နိုင်ငံဖြစ်လေတော့ အိမ်နီးချင်းက လိုချင်တယ်ဆိုမှတော့ ပေးလိုက်ကြတာပေါ့... ဒါပေမဲ့ ဒီအရင်း အမြစ်တွေကိုတော့ ဈေးကြီးကြီးနဲ့ ရောင်းရမှာ ဖြစ်ပါတယ်... ဘာပဲဖြစ်ဖြစ် အားလုံးက ကြိုးစားခဲ့ကြ တာဆိုတော့ လျော်ကြေးလေး ဘာလေးတော့ ရသင့်တာပေါ့ မဟုတ်ဘူးလား..."

ချန်းယုံက ပြုံးလိုက်၏။

ဤသည်မှာ ကောင်းယွမ် ပြောပြလိုက်သော အချက်ဖြစ်သည်။ လက်ကိုင်ဖုန်း လုပ်ငန်းကို ကြယ်ကိုးစင်း ထံ ဈေးကြီးကြီးဖြင့် ရောင်းချရန် ဖြစ်ပေသည်။

အခန်းထဲတွင် ထိပ်တန်းပုဂ္ဂိုလ်များသာ ရှိနေကြရာ အားလုံးက ချက်ချင်းပင် သဘောပေါက်သွားကြ လေသည်...

သူတို့သည် ခေတ်ကုန်တော့မည့် လက်ကိုင်ဖုန်း လုပ်ငန်းကို ရောင်းချလိုက်ပြီး ထိုအရင်းအမြစ်များကို ဉာဏ်ရည်တု အိမ်သုံးပစ္စည်း ထုတ်လုပ်မှုဆီသို့ လွှဲပြောင်းလိုက်ကြလေ၏။

လက်ကိုင်ဖုန်း တစ်လုံး ဖန်တီးရခြင်းမှာ ဉာဏ်ရည်တု ကိရိယာများ ဖန်တီးရခြင်းထက် ပို၍ ခက်ခဲ ကြောင်း သိထားရန် လိုအပ်ပေသည်။

ထိုကုမ္ပဏီများသည် ယခုအခါ ဉာဏ်ရည်တု အိမ်သုံးပစ္စည်းများဘက်သို့ အာရုံပြောင်းရန် အခြေအနေ က တွန်းအားပေးခြင်း ခံလိုက်ရရာ ရှနိုင်ငံ၏ ဉာဏ်ရည်တု အိမ်သုံးပစ္စည်း ဈေးကွက်တွင် ကြီးမားသော တော်လှန်ရေးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

အမှန်စင်စစ် ထိုလုပ်ငန်းရှင်ကြီးများသည် အသစ်အသစ်သော ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကြိုတင် ပြင်ဆင်ထားကြပြီး ဖြစ်၏။ ဥပမာအားဖြင့် လဲ့ကျန်းကျွင်းသည် ကားများကို စတင်ထုတ်လုပ်နေပြီ ဖြစ်ပြီး ဈေးကွက်သို့ တင်ပို့ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

အခြားသော လုပ်ငန်းရှင်ကြီးများလည်း ထိုနည်းတူပင် ဖြစ်၏။ ဖုန်းက ငွေရလျှင် ဖုန်းလုပ်မည်၊ ဖုန်းက ငွေမရလျှင် အခြားလုပ်ငန်းများအတွက် အခြေခံအုတ်မြစ် ချမည်။

ကောင်းယွမ် ပြောသကဲ့သို့ ဉာဏ်ရည်တု အိမ်သုံးပစ္စည်းများမှာလည်း ကောင်းမွန်သော ရွေးချယ်မှု တစ်ခုပင် ဖြစ်ပေသည်။

အဆုံးစွန်၌ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိပေသည်။ နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်လာရန် ဖြစ်၏။

ဤ 'နတ်ဘုရားဖြစ်လာခြင်း' ဆိုသည်မှာ စစ်မှန်သော နတ်ဘုရားများ ဖြစ်လာရန် မဟုတ်ဘဲ နတ်ဘုရား ကဲ့သို့ အစွမ်းထက်သော စွမ်းရည်များကို ပိုင်ဆိုင်လိုသည့် လူသားတို့၏ ဆန္ဒကို ဆိုလိုခြင်း ဖြစ်သည်။

ဥပမာအားဖြင့် လူသားတို့သည် နည်းပညာကို အသုံးပြု၍ တောင်များကို ဖြိုခွဲခြင်း၊ ပင်လယ်ကို ဖို့ခြင်း နှင့် မိုးတိမ်များကို ထိန်းချုပ်ခြင်းတို့မှာ နတ်ဘုရားကဲ့သို့သော စွမ်းရည်များဟု ယူဆနိုင်ပေသည်။

လူသားတို့သည် တစ်နေ့လျှင် မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်သော၊ ကောင်းကင်ယံ၌ ပျံသန်းနိုင်သော နတ်ဘုရားများကို အမြဲ စိတ်ကူးယဉ်ခဲ့ကြပြီး ထိုမှတစ်ဆင့် အမြန်ရထားများနှင့် လေယာဉ်ပျံများကို တီထွင်ခဲ့ကြခြင်း ဖြစ်ပေ၏။

ထို့အပြင် လူသားတို့၏ စိတ်ကူးထဲတွင် နတ်ဘုရားများသည် ပျော်ရွှင်ကြသည်၊ လွတ်လပ်ကြသည်၊ ပူပင်သောက ကင်းဝေးကြသည်ဟု ယူဆကြသဖြင့် လူသားတို့သည် အမျိုးမျိုးသော ဖျော်ဖြေရေးနှင့် အပန်းဖြေစရာများကို တီထွင်ခဲ့ကြခြင်း ဖြစ်လေသည်။

နတ်ဘုရားများသည် စားဝတ်နေရေးအတွက် ပူပင်ရန် မလိုပေ။ သူတို့အနက် အများစုမှာ အခြေခံ စားဝတ်နေရေး လိုအပ်ချက်များကို ဖြေရှင်းပြီးသား ဖြစ်ကြ၏။

ယခုအခါ ဉာဏ်ရည်တု အိမ်သုံးပစ္စည်းများ ပေါ်ထွက်လာခြင်းသည် လူသားတို့အား 'နတ်ဘုရားကဲ့သို့ ဖြစ်လာရန်' ခြေတစ်လှမ်း ပိုမိုနီးကပ်စေခဲ့ပြီး 'ခပ်သိမ်းသော အရာများ' ကို စေခိုင်းနိုင်စွမ်း ရှိလာစေခဲ့ပေ သည်။

ကောင်းယွမ်သည် လက်ကိုင်ဖုန်း ထုတ်လုပ်သူ အုပ်ချုပ်ရေးမှူးများနှင့် စကားပြောပြီးသည့်နောက်၊ ကြယ်ကိုးစင်းထံသို့ ထပ်မံ ဆက်သွယ်လိုက်လေသည်။

ရှနိုင်ငံ ဈေးကွက်ကို အဆင်သင့် ဖြစ်အောင် ဆောင်ရွက်ပြီးပြီဖြစ်ကြောင်းနှင့် သူတို့ လာရောက်ရန်သာ စောင့်ဆိုင်းနေကြောင်း အကြောင်းကြားလိုက်လေ၏။

လီပင်းရှီက ထိုပြဿနာကို မည်သို့ ဖြေရှင်းလိုက်သည်ကို ကောင်းယွမ်အား မေးမြန်းလာလေသည်။

ကောင်းယွမ်က စကားလေးလုံးဖြင့် အကျဉ်းချုပ် ဖြေကြားလိုက်၏၊

“ချစ်ပ်ပြား ထောက်ပံ့မှု ဖြတ်တောက်ခြင်း”

လီပင်းရှီသည် ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။ ဤသည်မှာ လုပ်ငန်း လက်ဝါးကြီးအုပ်ခြင်း၏ အကျိုးကျေးဇူး ဖြစ်ပေသည်။ ငါးရံ့နက်နည်းပညာသည် လုံရှင်းနှင့် ရှရှင်း နိုင်ငံတကာကုမ္ပဏီတို့နှင့် ပူးပေါင်း၍ နိုင်ငံတကာ ချစ်ပ်ပြားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသလောက် ဖြစ်နေပြီ ဖြစ်သည်။

ချစ်ပ်ပြားများသည် လက်ကိုင်ဖုန်း ထုတ်လုပ်ရေး၏ အဓိက အရင်းအမြစ် ဖြစ်သည်။ အကယ်၍ အစိုးရ က ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ပါက ထိုထုတ်လုပ်သူများမှာ အလွန် အကျပ်ရိုက်သွားပေလိမ့် မည်။ အခြား ထုတ်လုပ်သူများထံမှ ချစ်ပ်ပြားများကို ဝယ်ယူနိုင်သည်ဆိုသော်လည်း ရှနိုင်ငံ ချစ်ပ်ပြား မဟာမိတ်အဖွဲ့၏ ဖိအားအောက်တွင် အခြားသော ချစ်ပ်ပြားများမှာ ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိပေ။

တခြားသူများထံမှ ဝယ်ယူနိုင်သော်လည်း ဝယ်ပြီးနောက်တွင် ဘာဖြစ်မည်နည်း။ ကုန်ကျစရိတ်မှာ မြင့်မားနေမည်ဖြစ်ပြီး စွမ်းဆောင်ရည်မှာ နိမ့်ကျနေမည် ဖြစ်ရာ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ ရှိတော့မည် မဟုတ်ပေ။

လီပင်းရှီသည် ကြယ်ကိုးစင်းအား ရှနိုင်ငံ ဈေးကွက်သို့ ပေးဝင်ရန်အတွက် ကောင်းယွမ်က ထိုထုတ်လုပ် သူများကို ထောက်ပံ့မှု ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကြားလိုက်ရသည့်အခါ ခဏမျှ လှုပ်ခတ်သွားခဲ့ရလေ၏။

ငါးရံ့နက်နည်းပညာက ဤမျှအထိ လုပ်ဆောင်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကောင်းယွမ်မှာ အမှန် တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်... သူသည် ယခင်က ကောင်းယွမ်ကို သတ်ရန်ပင် ကြံစည်ခဲ့ ဖူး၏။ သူ အမှန်တကယ်ပင် ထိုသို့ မလုပ်ခဲ့သင့်ပေ။

ထိုစဉ် သူ၏ဘေး၌ ရှိနေသော လီထိုက်ရှီက ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့်၊

"အခြား ထုတ်လုပ်သူတွေက လက်လျှော့လိုက်တာက နားလည်နိုင်ပါတယ်... ဒါပေမဲ့ ရှဝေကလည်း လက်လျှော့လိုက်တာလား... ဒါက မဖြစ်နိုင်ဘူးလေ... ရှဝေက ကိုယ်ပိုင် ချစ်ပ်ပြားတွေ ထုတ်နိုင်တာပဲ မဟုတ်လား..."

All Chapters