← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆)

ကွန်ရက်တစ်ခုလုံးရှိ ကြီးကျယ်ခမ်းနားသော မိတ်ဆက်မှု အစီအစဉ်

လီပင်းရှီသည် လီထိုက်ရှီ၏ စကားကို နှာခေါင်းရှုံ့လိုက်လေသည်...၊

"ရှဝေလား... ရှဝေရဲ့ တည်းဖြတ်စက်တွေ အားလုံးက ငါးရံ့နက်နည်းပညာဆီကနေ ဝယ်ထားရတာ လေ... ဒါ့အပြင် အဆင့်မြင့် ချစ်ပ်ပြား နည်းပညာတွေကိုလည်း ငါးရံ့နက်နည်းပညာကပဲ ချုပ်ကိုင်ထား တာ မဟုတ်ဘူးလား... ရှဝေက အညံ့မခံချင်ဘူးဆိုရင်တောင် ဘာတတ်နိုင်မှာလဲ... အကယ်လို့ သူတို့က တည်းဖြတ်စက်တွေကို မကာကွယ်နိုင်ရင်တော့ ရှဝေအနေနဲ့ အညံ့ခံရမှာပဲ... ပြီးတော့ ရှဝေက ချစ်ပ် ပြားထုတ်လုပ်ရေး စျေးကွက်ကိုလည်း လက်လွှတ်ချင်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ အဲဒီစျေး ကွက်က လက်ကိုင်ဖုန်းစျေးကွက်ထက် ပိုပြီး တည်ငြိမ်လို့ပဲ..."

မကြာမီပင် ကောင်းယွမ်သည် သတင်းစကားတစ်ခု ထပ်မံ ပေးပို့လာခဲ့လေ၏...။

အမေရိကန်ပြည်ထောင်စု ဈေးကွက်အကြောင်း မေးမြန်းသည့်အခါ ရှနိုင်ငံ ဈေးကွက်သို့ပင် မဝင် ရောက်ရသေးသော လီပင်းရှီသည် ကောင်းယွမ်အား လမ်းမှားသို့ မပို့ဆောင်ရဲသကဲ့သို့ မပို့ဆောင်လို ခြင်းလည်း မရှိပေ။

ကောင်းယွမ်၏ လုပ်ဆောင်ချက်များမှာ ယခုအခါ ရလဒ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ချေသည်။

ကြယ်ကိုးစင်း၏ ဝန်ထမ်းများသည် ရှနိုင်ငံရှိ ထိပ်တန်း လက်ကိုင်ဖုန်း ထုတ်လုပ်သူများနှင့် စီးပွားရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ရှနိုင်ငံသို့ ရောက်ရှိလာခဲ့ကြလေ၏။

သဘောတူညီချက်မှာ အပြီးသတ် မရရှိသေးသော်လည်း ထိုထုတ်လုပ်သူကြီးများသည် သူတို့၏ လက်ကိုင်ဖုန်း လုပ်ငန်းများကို အစုလိုက်အပြုံလိုက် ရောင်းချရန် ရည်ရွယ်ထားကြောင်း ကြယ်ကိုးစင်း ဘက်မှ တုံ့ပြန်မှု ရရှိခဲ့ပေသည်။

လီပင်းရှီသည် တစ်ပါးသူအပေါ် ပို၍ ထောက်ထားစာနာသင့်သည်ဟု ခံစားမိလိုက်လေ၏။

ငါးရံ့နက်နည်းပညာကဲ့သို့သော မိတ်ဖက်မျိုးကို ကောင်းမွန်စွာ ဆက်ဆံသင့်ပေသည်။ အဘယ်ကြောင့် ဆိုသော် ကောင်းယွမ်သည် အမှန်တကယ်ပင် အကူအညီပေးနိုင်သောသူ ဖြစ်သောကြောင့် ဖြစ်ချေ၏။

မူလက ကြယ်ကိုးစင်းအနေဖြင့် ရှနိုင်ငံ ဈေးကွက်သို့ ပြန်လည် ဝင်ရောက်နိုင်လျှင်ပင် လုံလောက်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ ဈေးကွက်သို့ ဝင်ရောက်နိုင်ရုံသာမက ဤဆွေးနွေးမှုများ အောင် မြင်သွားပါက ရှနိုင်ငံ ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်မည့် အနေအထားသို့ပင် ရောက်ရှိသွားပေ လိမ့်မည်။

ထို့ကြောင့် လီပင်းရှီသည် ကောင်းယွမ်အတွက် အလွန်ပင် ကြိုးစားအားထုတ်ပေးခဲ့လေသည်။

ပထမဦးစွာ သူတို့သည် လက်လီအရောင်းဆိုင် ကွင်းဆက်တစ်ခုကို ရှာဖွေလိုက်ကြပြီး မော်ဂန်ငယ်၏ ဩဇာအာဏာကို အသုံးပြုကာ ထိုဆိုင်များကို ရောင်းချလာစေရန် ဖိအားပေးခဲ့ကြ၏။ လက်လီ အရောင်းဆိုင်များ အပါအဝင် အရောင်းကွန်ရက် တစ်ခုလုံးကို ငါးရံ့နက်နည်းပညာထံသို့ အစုလိုက် ရောင်းချပေးခဲ့ခြင်း ဖြစ်ပေသည်။

ထို့အပြင် အွန်လိုင်း ဈေးဝယ်စင်တာ တစ်ခုနှင့် ပုဂ္ဂလိက ရုပ်သံဌာနငယ် တစ်ခုကိုလည်း ဝယ်ယူပေးခဲ့ ကြသေး၏။

သူတို့သည် ကောင်းယွမ်အတွက် ထိုလုပ်ငန်းများကို ဝယ်ယူပေးခဲ့ရုံသာမက အနိမ့်ဆုံးဈေးနှုန်းကို ရရှိ အောင်လည်း ညှိနှိုင်းပေးခဲ့ကြလေသည်။ လုပ်ငန်းစဉ်များ အားလုံး ပြီးဆုံးသွားသည့်အခါ ကောင်းယွမ် အနေဖြင့် ငွေပေးချေရန်သာ လိုအပ်တော့ပေသည်။

ဤကိစ္စတွင် မော်ဂန်ငယ်သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လေ၏။

သူသည် လီပင်းရှီ၏ ဖျောင်းဖျမှုကို လက်ခံခဲ့ခြင်း ဖြစ်ပေသည်။ ကောင်းယွမ်မှာ အမှန်တကယ်ပင် စွမ်းဆောင်ရည် မြင့်မားသူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းလိုဟန် ရှိသည်ဟု သူ ထင်မြင်လိုက်ခြင်း ဖြစ်လေ၏။

ဤအချက်က မော်ဂန်ငယ်အား အလွန်ပင် ကျေနပ်သွားစေခဲ့လေသည်။

သူသည် မူလက ကောင်းယွမ်အား စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် သိပ္ပံပညာရှင် တစ်ဦးဟုသာ ထင်မှတ်ထားခဲ့သော်လည်း ယခုမူ... သူ၌ ငွေကြေးများစွာ ရှိနေပါလျက်နှင့် လုပ်ငန်းများကို အတင်း အဓမ္မ ချဲ့ထွင်လိုနေခြင်း ဖြစ်၏။

လုပ်ငန်းချဲ့ထွင်နိုင်ရန်အတွက် သူ့အား ပြန်ပေးဆွဲခဲ့ဖူးသောသူနှင့်ပင် ပူးပေါင်းရန် ဝန်မလေးခြင်းမှာ အရင်းရှင်လောက၏ ဆွဲဆောင်မှုပင် ဖြစ်ပေတော့သည်။

ကောင်းယွမ်သည် ယခုအခါ အရင်းရှင်တစ်ဦးအဖြစ် အောင်မြင်စွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ကောင်းယွမ်ကဲ့သို့သော အရင်းရှင်မျိုးသည် အင်အားတောင့် တင်းလှသော သုတေသနအဖွဲ့ကိုလည်း ထိန်းချုပ်ထားနိုင်ခြင်းပင် ဖြစ်ပေသည်။

သူ၌ အပူချိန်ထိန်းအဝတ်အစား ဆိုသော အရာရှိနေခဲ့ပေသည်။ ထို့ပြင် တည်းဖြတ်စက်လည်း ရှိနေသေး ၏။ သို့သော် တည်းဖြတ်စက် ဈေးကွက်မှာ အတော်ပင် ကျယ်ပြန့်နေပြီ ဖြစ်ရာ အပူချိန်ထိန်းအဝတ် အစား ဈေးကွက်သာ ပွင့်သွားပါက ကောင်းယွမ်သည် စစ်မှန်သော အရင်းရှင်တစ်ဦး ဖြစ်လာပေလိမ့် မည်။

အရင်းရှင်များအတွက် နယ်နိမိတ်ဟူ၍ မရှိပေ။ မော်ဂန်ငယ်သည် ယခုအခါ ကောင်းယွမ်အား စစ်မှန် သော အရင်းရှင်တစ်ဦး ဖြစ်လာစေရန် လမ်းခင်းပေးနေခြင်း ဖြစ်၏။

အမေရိကန်ပြည်ထောင်စုမှာ အနောက်နိုင်ငံများတွင် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ရှနိုင်ငံမှာ အရှေ့တိုင်း တွင် အကြီးဆုံးဈေးကွက် ဖြစ်ပေသည်။ အပူချိန်ထိန်းအဝတ်အစားများသည် ရှနိုင်ငံနှင့် အမေရိကန် တို့တွင် ရေပန်းစားသွားသရွေ့ တစ်ကမ္ဘာလုံးရှိ ဈေးကွက်များသို့ ဝင်ရောက်ရန် အတားအဆီး ရှိတော့ မည် မဟုတ်ပေ။

ထိုအချိန်ကျပါက ကောင်းယွမ်အနေဖြင့် လုပ်ငန်းချဲ့ထွင်လိုလျှင် သူတို့နှင့် ပူးပေါင်းရမည်သာ ဖြစ်ပေ သည်။

အားလုံးမှာ တူညီသော လူတန်းစားများ ဖြစ်သွားကြပေလိမ့်မည်။

ထိုအချိန်တွင် ကောင်းယွမ်သည် မည်သည့် ခြိမ်းခြောက်မှုမျှ ရှိတော့မည်မဟုတ်ဘဲ တန်ဖိုးရှိသော ပိုင် ဆိုင်မှုတစ်ခုပင် ဖြစ်လာပေလိမ့်မည်။

အရည်အချင်းရှိသော အရင်းရှင်တစ်ဦးဆိုသည်မှာ မိမိနိုင်ငံ၏ ဈေးကွက်ကို အမြတ်အစွန်းနှင့် လဲလှယ် နိုင်သူ ဖြစ်ရမည်ဖြစ်ရာ ကောင်းယွမ်၌ ထိုသို့သော အလားအလာများ ရှိနေခဲ့ပြီ ဖြစ်၏။

...

ကောင်းယွမ်သည် လီပင်းရှီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့လေသည်။ အမေရိကန် ဈေးကွက်မှာ ယခု အခါ အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ကောင်းယွမ်အနေဖြင့် ရန်ပုံငွေများ ထုတ်ပေးကာ လုပ်ငန်းများကို လွှဲပြောင်းရယူရန် လူလွှတ်နိုင်ပြီဖြစ်ကြောင်း ပြောကြားလာခဲ့လေသည်။

ထို့ပြင် လီပင်းရှီသည် ကောင်းယွမ်အတွက် အကောက်ခွန်နှင့် အခွန်ဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း အထူးပင် ကူညီပေးခဲ့သေးသည်။

ကောင်းယွမ်သည် ထိုသတင်းကို ကြားလိုက်ရသည့်အခါ၊ ရှလင်အား သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် အမေရိကန်သို့ စေလွှတ်လိုက်လေသည်။

ထို့နောက် ဝမ်တာလင်းထံသို့လည်း ကိုယ်တိုင် ဆက်သွယ်လိုက်၏...၊

"ဥက္ကဋ္ဌဝမ်... ဝမ်နန်းပလာဇာက အပူချိန်ထိန်းအဝတ်အစား ဆိုင်တွေမှာ ကြော်ငြာတွေ စတင်ထည့်သွင်း လို့ ရပါပြီ... နောက်တစ်ပတ်မှာ အရောင်းစတင်ပါ့မယ်..."

တစ်ချိန်တည်းမှာပင် ကောင်းယွမ်သည် ကျန်းပိုင်ရီအား မေးမြန်းလိုက်၏...၊

"လောင်ကျန်း... ငါတို့ရဲ့ အက်ပ်ကို စမ်းသပ်ဖို့ အသင့်ဖြစ်ပြီလား..."

"ဖြစ်ပြီပေါ့... ငါတို့ အက်ပ်က အပြီးသတ်သွားပါပြီ... ဒါပေမဲ့ လောင်ကောင်း... ဒီအက်ပ်ထဲမှာ ပါတဲ့ လုပ်ဆောင်ချက်တွေက မများလွန်းဘူးလား... ဖျော်ဖြေရေး၊ လူမှုကွန်ရက်၊ ဈေးဝယ်တာ... ဒါတွေအား လုံးကို အက်ပ်တစ်ခုတည်းမှာ ဘယ်လိုပေါင်းစည်းမှာလဲ..."

ကောင်းယွမ် စကားပြောရန် ပြင်လိုက်စဉ်မှာပင်...၊

ကျန်းပိုင်ရီက သူ့ဘာသာသူ ပြန်လည် ဖြေကြားလိုက်၏...။

"ထားလိုက်ပါတော့... ငါလည်း နားမလည်ပါဘူး... မင်းဆီမှာ အံ့ဩစရာ နည်းပညာတွေ ဒီလောက် တောင် ရှိနေတာပဲ... ငါ့ရဲ့ အမြင်က တိမ်လွန်းလို့ ဖြစ်မှာပါ... မင်း ခိုင်းတဲ့အတိုင်းပဲ ငါ လုပ်လိုက်ပါ့မယ်... အခု ကြော်ငြာတွေ စတင်လိုက်ရမလား..."

"ကြော်ငြာအတွက်ဆိုရင် ရှဝေ၊ တာမီ၊ ဗီဗီ၊ ပိုပိုနဲ့ ရှရှင်းတို့ကို ဆက်သွယ်လိုက်ပါ... ငါတို့ရဲ့ အက်ပ် ထွက် တော့မယ့်အကြောင်း ပြောပြပြီး သူတို့ရဲ့ အက်ပ်စတိုးတွေမှာ ကြော်ငြာပေးဖို့ ပြောလိုက်... သူတို့အား လုံး ငါ့ကို ကျေးဇူးကြွေး တင်နေကြတာပဲ..."

ကျန်းပိုင်ရီက ခေါင်းညိတ်လိုက်လေသည်...။

"လောင်ကောင်း... ငါတို့ရဲ့ အက်ပ်က ကွန်ရက်တစ်ခုလုံးမှာ အရင်က မရှိခဲ့ဖူးတဲ့ ကြီးကျယ်ခမ်းနားတဲ့ မိတ်ဆက်မှု အစီအစဉ်ကို ရရှိတော့မှာပဲ..."

ကျန်းပိုင်ရီသည် အက်ပ်ကို မြှင့်တင်ရန်အတွက် ဈေးကွက်မြှင့်တင်ရေး မဟာဗျူဟာများကို စဉ်းစားနေ ဆဲ ဖြစ်သော်လည်း၊ကောင်းယွမ်ကမူ သူ့အတွက် ပြည့်စုံသော အွန်လိုင်း ကြော်ငြာအစီအစဉ်ကို ကြိုတင် ဖန်တီးပေးထားခဲ့ပြီ ဖြစ်၏။

သို့သော် ယင်းက မကုန်သေးပေ။ ကောင်းယွမ်သည် ကျန်းပိုင်ရီအား ကြည့်လိုက်လေသည်။

"လောင်ကျန်း... ငါတို့ရဲ့ ရုပ်ရှင်က အခု ရုံတင်နေတုန်း မဟုတ်လား... ရုပ်ရှင်အပြီးမှာ နောက်ဆက်တွဲ အခန်းလေး တစ်ခုလောက် ထည့်လိုက်ပါဦး... ငါတို့ရဲ့ ငါးရံ့နက်အက်ပ် ထွက်တော့မယ်ဆိုတာကို ပရိသတ်တွေ သိသွားအောင်ပေါ့... အဲဒါဆိုရင် ရုပ်ရှင်ရဲ့ တာဝန်က အပြီးအပိုင် အောင်မြင်သွားပြီလို့ ပြောလို့ရတယ်..."

ကျန်းပိုင်ရီမှာ မှင်သက်သွားခဲ့ရလေ၏...။

"ငါတို့ ရုပ်ရှင်ထဲမှာ ကြော်ငြာတွေက မလုံလောက်သေးဘူးလား... အစကနေ အဆုံးအထိ ငါးရံ့နက် နည်းပညာ တံဆိပ်နဲ့ ငါးရံ့နက်နည်းပညာ ထုတ်ကုန်တွေက အမြဲတမ်း ပါနေတာပဲလေ..."

"ဇာတ်လမ်းအတွက် လိုအပ်လို့ပါ... လုပ်သာလုပ်ပါ... အဆုံးမှာ စက္ကန့်အနည်းငယ် ထည့်လိုက်တာက ဘာမှ မဟုတ်ပါဘူး..."

ကောင်းယွမ်သည် ထိုအရာများ အားလုံးကို စီစဉ်ပြီးသည့်နောက်...၊ လီပင်းရှီထံသို့ ထပ်မံ ဖုန်းခေါ်ဆို လိုက်လေသည်...။

"ဥက္ကဋ္ဌလီ... အမေရိကန်ကိစ္စအတွက် ကျေးဇူးအများကြီး တင်ပါတယ်..."

"မပြောပါနဲ့ ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့က အချင်းချင်း ကူညီကြတာပဲလေ... ဥက္ကဋ္ဌကောင်း... ရှနိုင်ငံ ဘက်မှာတော့... ကျွန်တော့်မှာ ပြဿနာ နည်နည်း ရှိနေလို့ပါ..."

"ဘာဖြစ်တာလဲ ပြောပါဦး... ကျွန်တော် သေချာပေါက် ကူညီပေးပါ့မယ်..."

ကောင်းယွမ်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေ၏။

"အရောင်းလမ်းကြောင်းတွေပါပဲ... ရှောင်မီနဲ့ တာမီတို့က သူတို့ရဲ့ ဆိုင်တွေကို လက်ရှိဈေးနှုန်းအတိုင်း ရေရှည် ငှားရမ်းပေးထားပေမဲ့ ရှနိုင်ငံမှာတော့ အွန်လိုင်း အရောင်းလမ်းကြောင်းတွေက ပိုပြီး အရေး ပါတာ မဟုတ်လား... ကျွန်တော်တို့မှာလည်း အွန်လိုင်း အရောင်းလမ်းကြောင်းတွေနဲ့ ပူးပေါင်းထားတာ ရှိပေမဲ့ အရောင်းကတော့ တောက်လျှောက် ကျဆင်းနေလို့ပါ..."

ကောင်းယွမ်က ပြုံး၍ ပြောလိုက်လေသည်...။

"ဒါက မခက်ပါဘူး ဥက္ကဋ္ဌလီ... စိတ်မပူပါနဲ့... သူတို့ဆီက အွန်လိုင်း အရောင်းဆိုင်တွေကိုပါ ဥက္ကဋ္ဌတို့ဆီ လွှဲပေးခိုင်းလိုက်ပါ့မယ်..."

"အမှန်ပဲလား... ကျေးဇူးအများကြီး တင်ပါတယ်... ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ ပါဘူး..."

ထိုစကားကို ကြားလိုက်ရသည့်အခါ အချိန်တန်ပြီဖြစ်ကြောင်း ကောင်းယွမ် သိလိုက်ရ၏။ ရှနိုင်ငံ၌ ရန်လိုတတ်သော တောရိုင်းတိရစ္ဆာန်ကြီးများကို ကိုင်တွယ်ဖြေရှင်းရန်မှာ အလွန် ခက်ခဲပြီး ဥပဒေနှင့် လည်း မညီညွတ်ပေ။ သို့သော် ကြယ်ကိုးစင်းအုပ်စုမှာမူ ထိုကိစ္စများတွင် ကျွမ်းကျင်သူများ ဖြစ်ကြ သကဲ့သို့ ဥပဒေကိုလည်း ဂရုစိုက်နေမည့်သူများလည်း မဟုတ်ပေ၊

"ဥက္ကဋ္ဌလီ... ဒီလိုပါ... ကျွန်တော့်မှာ စိတ်လှုပ်ရှားစရာတွေကို ကြိုက်တဲ့ ရည်းစားတစ်ယောက် ရှိတယ်... အထူးသဖြင့် လူတွေကို တိုက်ခိုက်တတ်တဲ့ တိရစ္ဆာန်တွေပေါ့... ဥပမာ ကျားတွေ၊ ခြင်္သေ့တွေ၊ အဆိပ် ပြင်းတဲ့ မြွေတွေ၊ စပါးအုံးမြွေတွေ၊ ဝင်ရိုးစွန်း ဝက်ဝံတွေ၊ မိကျောင်းတွေ၊ ဟောနက်နကျယ်ကောင်တွေ၊ အနက်ရောင် ပင့်ကူတွေ၊ ကျည်ဆန်ပုရွက်ဆိတ်တွေပေါ့..."

လီပင်းရှီမှာ အံ့အားသင့်သွားခဲ့ရလေ၏...။

"ဥက္ကဋ္ဌကောင်း... ခင်ဗျားရဲ့ ရည်းစားမှာ ထူးဆန်းတဲ့ ဝါသနာ ရှိနေတာပဲ..."

ကောင်းယွမ်က သက်ပြင်းချလိုက်လေသည်... ။

"ကျွန်တော်လည်း မတတ်နိုင်ဘူးလေ... သူမက အဲဒါတွေကိုပဲ ကြိုက်နေတာကိုး... ဒီအကောင်တွေကို ရှာဖို့က ကျွန်တော့်အတွက်တော့ အတော်လေး အခက်အခဲ ဖြစ်နေလို့ပါ... ဥက္ကဋ္ဌလီ... ဘယ်လို ထင်ပါ သလဲ..."

"စိတ်မပူပါနဲ့ ဥက္ကဋ္ဌကောင်း... ကျွန်တော့်ကို ဒီလောက်တောင် ကူညီပေးထားတာပဲ... ဒါက ဘာမှ မဟုတ် ပါဘူး... ကျွန်တော့်ဆီက သတင်းကိုသာ စောင့်နေလိုက်ပါ..."

ကောင်းယွမ်သည် ဖုန်းကို ချလိုက်လေသည်။ သူ ပြုံးလိုက်မိ၏၊ အရာအားလုံး အဆင်ပြေသွားခဲ့ပြီ ဖြစ် လေသည်။

*ဆူးတိုက်... မင်းအနေနဲ့ သန်မာနိုင်ပါစေလို့ပဲ ငါ မျှော်လင့်ပါတယ်...*

ထိုအလုပ်များကို ဆောင်ရွက်ပြီးနောက် ကောင်းယွမ်သည် ချင်ထျဲ့ကျွင်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိ ခဲ့လေသည်။

"ဌာနမှူးချင်... ကျွန်တော့်ဆီကို ဘာကိစ္စနဲ့ ဆက်သွယ်တာလဲ..."

ကောင်းယွမ်က အနည်းငယ် အံ့ဩသွားကာ မေးလိုက်လေ၏။

"ဟေ့ကောင်လေး... မင်းအတွက် သတင်းကောင်း ပါလာတယ်... တာချင်းတောင်ကို မင်းကို ပေးမယ်လို့ ငါတို့ ပြောခဲ့တယ် မဟုတ်လား... အခု စာရွက်စာတမ်းတွေ အားလုံး ပြီးသွားပြီ... ဒါပေမဲ့ မင်းကိုယ်တိုင် ကျုံးကျင်းကို လာပြီး မှတ်ပုံတင်ရမယ်... မင်း လာမှာလား မလာဘူးလား..."

ကောင်းယွမ်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

*တာချင်းတောင်လား... လီသုံးရာ ပတ်လည် ရှိသော နေရာ... * ယခုအခါ ထိုနေရာမှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့ပြီ ဖြစ်၏။

ထိုနေရာကိုသာ ရရှိလိုက်ပါက သူသည် တာချင်းတောင်အား အဆင့်မြင့် နည်းပညာသုံး ခံတပ်ကြီးတစ်ခု အဖြစ် ပြောင်းလဲပစ်နိုင်ပေတော့မည်။

All Chapters