← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉)

ကြော်ငြာနေရာ ငှားရန်ရှိသည်

ကောင်းယွမ်သည် ထိုစိတ်ကြိုက်မှာယူနိုင်သည့် ဆိုင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ လေသည်။

ဆိုင်အတွင်း၌ စက်ရုပ်အရောင်းဝန်ထမ်းများသည် လုပ်ငန်းများကို ဆောင်ရွက်နေကြ၏။

"ကြိုဆိုပါတယ်... လူကြီးမင်း ဘာများ မှာယူလိုပါသလဲ..."

"ကြော်ငြာစာတန်း တစ်ခုလောက် အော်ဒါမှာချင်လို့ပါ..." ဟု ကောင်းယွမ်က ပြောလိုက်သည်။

"စာသားက ဘာဖြစ်မလဲ..."

"ရှေးဟောင်းရှနိုင်ငံရဲ့ ငါးပွင့်အလံနီ ပုံစံဖြစ်ရမယ်... အဲဒီအောက်မှာ စာတန်းတစ်ခု ပါရမယ်... 'လကမ္ဘာ သည် ရှေးယခင်ကတည်းက ရှနိုင်ငံရဲ့ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သည်' ဆိုတာမျိုးပေါ့... အဲဒီအလံကို ခင်ဗျားတို့ လုပ်နိုင်သလောက် အကြီးဆုံး လုပ်ပေးပါ..."

"လူကြီးမင်းအနေနဲ့ တခြား လိုအပ်တာများ ရှိပါသေးသလား..."

"ဟုတ်ကဲ့... လကမ္ဘာရဲ့ မြေပြင်ပေါ်မှာ စာရေးလို့ရမယ့် ကိရိယာမျိုး ရှိသလား... ကမ္ဘာမြေပေါ်က လူတွေ မြင်နိုင်တဲ့အထိ ရေးချင်လို့ပါ..."

ကောင်းယွမ်က မေးမြန်းလိုက်လေ၏။

ထိုဆိုင်၌ အလုပ်လုပ်နေသူများမှာ စက်ရုပ်များ ဖြစ်နေသောကြောင့်သာ တော်တော့သည်... သို့မဟုတ် ပါက ကောင်းယွမ်အား အရူးတစ်ယောက်ဟု သေချာပေါက် ထင်မြင်ကြပေလိမ့်မည်။

ယင်းမှာ စက်ရုပ်များ၏ အားသာချက်ပင် ဖြစ်ပေသည်။ ဝယ်သူ၏ တောင်းဆိုချက်မှာ မည်မျှပင် ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ထူးဆန်းနေပါစေ။ သူတို့သည် ထိုအရာကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ကိုသာ အရင်ဆုံး စဉ်းစားကြလေသည်။

"လူကြီးမင်း... ကျွန်တော်တို့ဆီမှာ အလွန်အစွမ်းထက်တဲ့ လေဆာပုံရိပ်ဖော်ကိရိယာတွေ ရှိပါတယ်... သီအိုရီအရတော့ စွမ်းအားသာ အလုံအလောက်ရှိရင် ကမ္ဘာမြေကနေ မြင်နိုင်တဲ့အထိ ပုံရိပ်တွေနဲ့ စာသားတွေကို ဖန်တီးလို့ ရပါတယ်..."

"ခင်ဗျားတို့ရဲ့ ပုံရိပ်ဖော်ကိရိယာက အဲဒီလောက်အထိ အစွမ်းထက်လို့လား..."

"တစ်ခုတည်းနဲ့တော့ မရပါဘူး... ဒါပေမဲ့ ကျွန်တော်တို့က ယူနစ်ပေါင်းများစွာကို စုစည်းပြီး အသုံးပြုလို့ ရပါတယ်... ဥပမာ ယူနစ် တစ်သောင်းလောက်ဆိုရင်တော့ လုံလောက်ပါပြီ... ယူနစ်တစ်ခုချင်းစီက တည်နေရာ တစ်ခုစီအတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်..."

ကောင်းယွမ် သဘောပေါက်သွားခဲ့လေ၏...။

စွမ်းအား မလုံလောက်ပါက အရေအတွက်ဖြင့် အစားထိုးနိုင်ပေသည်...

အလွန်အစွမ်းထက်သည့် ပုံရိပ်ဖော်ကိရိယာ တစ်သောင်းကို လကမ္ဘာ၏ မျက်နှာပြင်ပေါ်တွင် ဖြန့်ကြက် ထားရှိပြီး တစ်ပြိုင်နက် ဖွင့်လှစ်ကာ စာသားများနှင့် ပုံရိပ်များကို ထုတ်လွှင့်ပြသမည် ဖြစ်၏။

ကောင်းယွမ်သည် ယခုအချိန်၌ ပျော်ရွှင်စရာ တစ်ခုခုကို လုပ်ဆောင်လိုနေခြင်းသာ ဖြစ်ပေသည်။

သူသည် ဝေခွဲမနေတော့ဘဲ ယူနစ် တစ်သောင်းကို ချက်ချင်းပင် မှာယူလိုက်လေသည်။ ထို့နောက် လကမ္ဘာရှိ အခြားဆိုင်များသို့ သွားရောက်၍ စက်ရုပ် တစ်သောင်းနှင့် လကမ္ဘာသုံး ယာဉ်ပျံ တစ်ထောင် ကိုပါ ဝယ်ယူလိုက်လေ၏။

ထို့နောက် ထိုစက်ရုပ်များသည် ယာဉ်ပျံများပေါ်တွင် ထိုင်လိုက်ကြပြီး ကောင်းယွမ်သည် မြေကွက်လပ် တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ဦးနှောက်လှိုင်းများဖြင့် ကမ္ဘာကူးတံခါးကို ခေါ်ယူလိုက်လေတော့ သည်။

မကြာမီပင် ကမ္ဘာကူးတံခါးမှာ ကောင်းယွမ်၏ ရှေ့မှောက်၌ ပေါ်ပေါက်လာခဲ့လေ၏...။

ကောင်းယွမ်သည် ထိုစက်ရုပ်များအား ယာဉ်ပျံများကို မောင်းနှင်ကာ ကမ္ဘာကူးတံခါးကို ဖြတ်ကျော်စေ ခဲ့ပြီး အသစ်မှာယူထားသော အဆမတန် ကြီးမားလှသည့် ကြယ်ငါးပွင့်အလံနီကိုလည်း သယ်ဆောင်သွားစေခဲ့လေသည်။

ကောင်းယွမ်သည် နောက်ဆုံး ယာဉ်ပျံပေါ်တွင် ထိုင်လိုက်ပြီး တံခါးကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့လေ သည်။

တံခါးတစ်ခုကို ဖြတ်ကျော်လိုက်ရုံမျှဖြင့် မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီဖြစ်ချေ၏၊ လက်ရှိ ကမ္ဘာရှိ လကမ္ဘာမှာမူ ကျယ်ပြောလှပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့ပေသည်...။ ကြီးမားသော သတ္တုတွင်း စက်ကိရိယာများ၊ မြင့်မားလှသော အာကာသ အခြေစိုက်စခန်းများ သို့မဟုတ် ဓာတ်လှေကားများ မရှိ သကဲ့သို့ ခေါင်းပေါ်တွင် ပျံသန်းနေသော အာကာသ ဘက်စ်ကားများလည်း မရှိနေခဲ့ပေ...။

ကောင်းယွမ်သည် ရှေးဦးစွာ စက်ရုပ်များအား လကမ္ဘာ၏ မြေပြင်ပေါ်တွင် ကြီးမားလှသော ကြယ်ငါးပွင့် အလံနီကို တပ်ဆင်ခိုင်းလိုက်လေသည်။

ထို့နောက် ကြိုတင်ရေးဆွဲထားသော အစီအစဉ်အတိုင်း အလွန်အစွမ်းထက်သည့် လေဆာပုံရိပ်ဖော် ကိရိယာ တစ်သောင်းကို သယ်ဆောင်လာသော စက်ရုပ် တစ်သောင်းမှာ လကမ္ဘာအနှံ့ ဖြန့်ကြက်နေရာ ယူလိုက်ကြလေ၏။

စက်ရုပ်များ အားလုံး သတ်မှတ်နေရာသို့ ရောက်ရှိသွားသည့်အခါ ကောင်းယွမ်က ပုံရိပ်ဖော်ကိရိယာ များကို ဖွင့်လှစ်ရန် စေခိုင်းလိုက်လေသည်။

ယင်းနောက်တွင်မူ... သူသည် စက်ရုပ်များနှင့် ယာဉ်ပျံများကို လကမ္ဘာ၏ မြေပြင်ပေါ်၌ ထားရှိခဲ့ကာ ယာဉ်ပျံတစ်စီးကို မောင်းနှင်၍ ကမ္ဘာကူးတံခါးမှတစ်ဆင့် အနာဂတ်ကမ္ဘာသို့ ပြန်လည် ဝင်ရောက်လာခဲ့ လေသည်။

သူသည် နောက်ထပ် အာကာသ ဘက်စ်ကားတစ်စင်းကို စီးနင်း၍ ကမ္ဘာမြေသို့ ပြန်လာခဲ့လေ၏။ ထို့ နောက် ဟိုတယ်တစ်ခုကို ရှာဖွေကာ နာရီအနည်းငယ်ကြာ အေးအေးဆေးဆေး အနားယူလိုက်လေ သည်။

နောက်တစ်နေ့ နံနက် (၁၀) နာရီတွင်...

ဟိုတယ်မှ ထွက်လာပြီးနောက် ကောင်းယွမ်သည် ဦးနှောက်ချိတ်ဆက်မှုကွန်ရက်ကို အသုံးပြု၍ သူ ဖြတ်ကျော်လာခဲ့သော တည်နေရာများကို မှတ်သားလိုက်လေသည်။ ထို့နောက် လက်ရှိကမ္ဘာရှိ တည်နေရာများနှင့် နှိုင်းယှဉ်ကာ ပုံသဏ္ဍာန်ကို ရှာဖွေလိုက်လေ၏။

လက်ရှိကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ကောင်းယွမ်သည် သူ၏ဖုန်းရှိ တည်နေရာပြဗဟိုကို ထပ်မံ ဖွင့်လှစ်လိုက်လေသည်...။

မိမိ၏ တည်နေရာကို စစ်ဆေးလိုက်၏...။

လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် နှစ်ခုလုံးမှာ ကွဲပြားခြားနားနေဟန် ရှိပေသည်။ ကောင်းယွမ်သည် မုကျား ကျေးရွာနှင့် အနာဂတ်ကမ္ဘာ၏ တည်နေရာများကိုလည်း နှိုင်းယှဉ်ကြည့်လိုက်၏။ လုံကျင်းမြို့၏ တည်နေရာကိုလည်း နှိုင်းယှဉ်ခဲ့လေသည်။

သူတို့သည် တူညီသော အချက်တစ်ခုကို တွေ့ရှိခဲ့ကြ၏။

သူတို့၏ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် ကွာခြားချက်မှာ အတူတူပင် ဖြစ်နေခဲ့လေသည်။ ကောင်းယွမ် သည် ဤသို့ သဘောပေါက်လိုက်လေ၏။

ကမ္ဘာကူးတံခါး ဆိုသည်မှာ လေးဖက်မြင် အာကာသကို ဖြတ်ကျော်သည့် လမ်းကြောင်းတစ်ခု ဖြစ်ပေ သည်။ ဤလမ်းကြောင်းမှာ သူ၏ ဝိညာဉ်နှင့် ဆက်နွှယ်တည်ရှိနေခြင်း ဖြစ်၏။ ထိုလမ်းကြောင်းတွင် ကွေးညွှတ်မှုများ ရှိနေသဖြင့် အချိန်နှင့် အာကာသကို ဖြတ်ကျော်သည့်အခါ အနည်းငယ် လွဲချော်မှုများ ဖြစ်ပေါ်စေခြင်း ဖြစ်နိုင်ပေသည်... သို့သော် ထိုလွဲချော်မှုနှုန်းမှာ ပုံသေဖြစ်နေခဲ့၏။

ယင်းမှာ ဤလေးဖက်မြင် လမ်းကြောင်းသည် လည်ပတ်နေသော လျှောစီးပြွန်တစ်ခုနှင့် တူနေပြီး လျှောစီးပြွန်မှာ မည်သည့်နေရာ၌ ရှိနေပါစေ ဝင်ပေါက်နှင့် ထွက်ပေါက်အကြား လွဲချော်မှုမှာ ပုံသေ ဖြစ်နေသည့် သဘောပင် ဖြစ်ပေသည်။

အမှန်စင်စစ် ယခုအချိန်၌ စမ်းသပ်ချက် အချက်အလက်များမှာ အလွန်နည်းပါးနေသေးသဖြင့် ဤ သည်မှာ ကောင်းယွမ်၏ ခန့်မှန်းချက်သာ ဖြစ်ပေသည်။ နောင်တွင် နေရာဒေသများစွာသို့ ဖြတ်ကျော် သွားခြင်းဖြင့် ဤအချက်ကို ဆက်လက် အတည်ပြုနိုင်ပေလိမ့်မည် ဖြစ်သည်။

ကောင်းယွမ် ဖြတ်ကျော်လာပြီးနောက်...၊

ယနေ့တွင် ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခတ်သွားတော့မည်ကို သူ သိရှိထားပေသည်။ အဘယ်ကြောင့် ဆိုသော် လကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။

ထို့ကြောင့် လူမြင်ကွင်းသို့ မထွက်လာမီ သူသည် ဦးနှောက်လှိုင်းများကို အသုံးပြု၍ သူ၏ လုံခြုံရေး စက်ရုပ်များထံသို့ တည်နေရာကို ပေးပို့လိုက်ကာ သူတို့ ကျုံးကျင်းမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အနီးအနား၌ ရှိနေကြောင်း သေချာအောင် ဆောင်ရွက်လိုက်၏။

ထို့ပြင် ကာကွယ်ရေးစက်လုံး၊ အသွင်ပြောင်းစက်နှင့် လက်နက်တပ်ဆင်ထားသော ကင်းထောက် ဒရုန်းများ အားလုံး ပုံမှန် အလုပ်လုပ်နေခြင်း ရှိမရှိကိုလည်း စစ်ဆေးလိုက်လေသည်။

ယင်းနောက်တွင်မူ ကောင်းယွမ်သည် ဆိတ်ငြိမ်သော လမ်းကြားလေးတစ်ခုမှ ထွက်လာခဲ့၏။ အန်းဆန် နှင့် အန်းစစ်တို့သည် လမ်းကြားအဝတွင် စောင့်ဆိုင်းနေကြလေသည်။ ကောင်းယွမ် ထွက်လာသည်ကို မြင်သည့်အခါ သူတို့သည် ချက်ချင်းပင် နောက်မှ လိုက်ပါလာခဲ့ကြလေ၏။

"သွားကြစို့... သွားရမယ့်နေရာက..."

*ဘယ်ကို သွားရမလဲ…*

ချင်ထျဲ့ကျွင်းက သူ့အား တည်နေရာကို ပြောပြထားခြင်း မရှိသည်ကို ကောင်းယွမ် သတိရလိုက်လေ၏။

ထို့ကြောင့် သူသည် ချင်ထျဲ့ကျွင်းထံသို့ ချက်ချင်း ဆက်သွယ်လိုက်လေသည်။

"ဌာနမှူးချင်... ကျွန်တော် ကျုံးကျင်းကို ရောက်နေပါပြီ... ဘယ်မှာ တွေ့လို့ ရမလဲ..."

ချင်ထျဲ့ကျွင်းမှာမူ ယခုအချိန်၌ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေရပေ၏။

တစ်ကမ္ဘာလုံးမှာ ဖရိုဖရဲ ဖြစ်နေခဲ့ပေသည်။ မနေ့ညကပင် နိုင်ငံခြားရှိ လူအချို့သည် လကမ္ဘာကို ကြည့်ရှု နေစဉ်အတွင်း ထူးဆန်းသော ပုံရိပ်များကို သတိပြုမိလိုက်ကြလေသည်။

ထို့ကြောင့် သူတို့သည် မြင်ကွင်းကြည်လင်ပြတ်သားသော ကင်မရာများဖြင့် ဓာတ်ပုံရိုက်ယူကာ လူမှု ကွန်ရက်စာမျက်နှာများပေါ်သို့ တင်လိုက်ကြလေ၏။

မကြာမီ ထိုပုံရိပ်များမှာ ရှနိုင်ငံ၏ စာလုံးများ ဖြစ်ကြောင်း သိလိုက်ရလေသည်။

ရှနိုင်ငံ၏ စာကို နားလည်သော တစ်စုံတစ်ယောက်က ထိုစာများကို ဘာသာပြန်လိုက်လေသည်။

ပါဝင်သော အကြောင်းအရာမှာ အတော်ပင် အံ့ဩစရာ ကောင်းလှပေသည်။

[ကြော်ငြာနေရာ ငှားရန်ရှိသည် - ငါးရံ့နက်နည်းပညာ...]

ဤပုံရိပ်များသည် နက္ခတ္တဗေဒ ဝါသနာရှင်များအကြား အလွန်လျင်မြန်စွာ လှုပ်ခတ်သွားခဲ့ပြီး လူများစွာ မှာလည်း သန်းခေါင်ယံအချိန်၌ အိပ်ရာမှ နိုးလာခဲ့ကြရလေသည်။

သူတို့သည် တယ်လီစကုပ်များကို အသင့်ပြင်ကာ လကမ္ဘာကို စတင် စူးစမ်းကြည့်ရှုခဲ့ကြလေသည်။

ထို့နောက် ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို တွေ့ရှိခဲ့ကြလေသည်။

ကြီးမားလှသော ရှနိုင်ငံ၏ အလံတော်ကြီးမှာ လကမ္ဘာ၏ မျက်နှာပြင်ပေါ်တွင် ပေါ်ပေါက်နေခဲ့ပေသည်။ ယင်းမှာ မည်မျှအထိ ကြီးမားသနည်း... အလတ်စား လကမ္ဘာပင်လယ် တစ်ခုလုံးကို ဖုံးလွှမ်းနိုင်လောက် အောင် ကြီးမားလှပေသည်...။

ထို့အပြင် အောက်ဘက်ရှိ စာသားများတွင်လည်း လကမ္ဘာသည် ရှေးယခင်ကတည်းက ရှနိုင်ငံ၏ ခွဲခြား လို့မရသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ကြေညာထားခဲ့သေး၏။

ဤပုံရိပ်များကို ကမ္ဘာတစ်ဝန်းရှိ အာကာသ အေဂျင်စီများထံသို့ အလွန်လျင်မြန်စွာ ပေးပို့လိုက်ကြ လေသည်။

ဤဖြစ်ရပ်မှာ အမှန်တကယ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သူတို့ အတည်ပြုပြီးနောက်တွင်မူ လူအချို့မှာ ထိတ်လန့်သွားကြပြီး အချို့မှာမူ ဒေါသထွက်နေကြကာ အခြားသော လူများစွာမှာမူ ဤပြဇာတ်ကြီး မည်သို့ ဆက်ဖြစ်မည်ကို စောင့်ကြည့်လိုနေကြပေသည်။

ယနေ့ နံနက်စောစောတွင်...၊

ရှနိုင်ငံ၏ အင်တာနက်စာမျက်နှာများပေါ်၌ အကြီးအကျယ် လှုပ်ခတ်သွားခဲ့လေပြီဖြစ်၏။

'လကမ္ဘာပေါ်တွင် ကြော်ငြာနေရာ ငှားရန်ရှိသည်' ဆိုသော အကြောင်းအရာမှာ ရေပန်းအစားဆုံး ဖြစ် လာခဲ့လေ၏...။

စောစောထသော လူများသည် ဤအကြောင်းအရာကို မြင်လိုက်ရသည့်အခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ကြရလေသည်။

*ဘယ်က ကြော်ငြာနေရာလဲ... ဘာတွေ ဖြစ်နေတာလဲ...*

ထို့ကြောင့် လူများသည် သက်ဆိုင်ရာ အချက်အလက်များကို စတင် ရှာဖွေကြလေတော့သည်။ နိုင်ငံခြား မှ အင်တာနက်အသုံးပြုသူများ ရိုက်ကူးထားသော ဓာတ်ပုံများကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး မှာ တစ်စုံတစ်ယောက်၏ နောက်ပြောင်မှုဟုသာ ထင်မှတ်လိုက်ကြလေ၏။

လကမ္ဘာ၏ အနီးကပ်ပုံရိပ်တွင် အနီရောင် 'ငှားရန်ရှိသည်' ဆိုသော စာသားကို မြင်တွေ့ရပြီး အောက် ဘက်တွင် ငါးရံ့နက်နည်းပညာ၏ လက်မှတ် ပါရှိနေခဲ့ပေသည်။

ထိုစာလုံးများ၏ အလယ်ဗဟိုကို အဆပေါင်းများစွာ ချဲ့ကြည့်လိုက်ပါက နိုင်ငံတော်အလံကိုလည်း မြင်တွေ့နိုင်ပေသည်...။

အကယ်၍ ပညာရှင်သုံး နက္ခတ္တဗေဒ တယ်လီစကုပ်ကို အသုံးပြု၍ အဆပေါင်း ဆယ်ဂဏန်းခန့် ချဲ့ကြည့်လိုက်မည်ဆိုပါက နိုင်ငံတော်အလံ၏ အောက်ဘက်တွင် စာသားများ ပါရှိနေသည်ကို မြင်တွေ့နိုင်မည် ဖြစ်၏။

ရှနိုင်ငံမှ အင်တာနက်အသုံးပြုသူများမှာမူ အလွန်ပင် ပျော်ရွှင်နေခဲ့ကြလေသည်။

"ဝါး... ငါးရံ့နက်နည်းပညာက သူတို့ဘာသာ ဖိုတိုရှော့လုပ်ထားတာလား... ဒီကြော်ငြာကို တစ်ကမ္ဘာလုံး သိသွားပြီပဲ..."

"ဝါး... အလန်းစားကြီးပဲ... ကောင်းယွမ်ကတော့ ဗျူဟာမြောက် လှည့်ဖြားရေးဌာနရဲ့ ဌာနမှူးသစ် ဖြစ်လာတော့မှာပဲ..."

"နိုင်ငံခြားသားတွေက ဒီလောက်အထိ ရယ်စရာကောင်းတဲ့ ပုံမျိုးကို ဘယ်လိုများ ယုံကြည်နေ ကြတာလဲ..."

"ဒါကတော့ တကယ်ကို ဖန်တီးမှု ကောင်းတာပဲ... လကမ္ဘာပေါ်မှာ ကြော်ငြာနေရာ ငှားမယ်ဆိုတာ ကတော့... တကယ့်ကို အလန်းစားပဲ..."

အင်တာနက်အသုံးပြုသူများက မယုံကြည်ကြသော်လည်း ဤသတင်းမှာ ရှနိုင်ငံ အာကာသအေဂျင်စီသို့ ပထမဆုံး ရောက်ရှိသွားသည့်အခါ ထိုနေရာမှ ပညာရှင်များသည် မဲ့ပြုံးသာ ပြုံးလိုက်ကြ၏...။

"ဒီလိုမျိုး ပုံစံကို ယုံတဲ့သူတွေ တကယ်ပဲ ရှိနေတာလား..."

သို့သော် အမေရိကန်၏ တုံ့ပြန်မှုနှင့် အချက်အလက် မြောက်မြားစွာကို စုစည်းပြီးနောက်တွင်မူ သူတို့ အားလုံး မှင်သက်သွားခဲ့ကြရလေသည်။

ဤပုံရိပ်မှာ အမှန်တကယ် ဖြစ်နေခဲ့ပေသည်...။

ဤသည်မှာ ဓာတ်ပုံများထက်ပင် ပို၍ မယုံနိုင်စရာ ကောင်းနေခဲ့၏...။ မည်သူကများ ဤမျှအထိ စွမ်း ဆောင်နိုင်ပြီး လကမ္ဘာပေါ်တွင် မြေနေရာရယူကာ ကြော်ငြာနေရာများ ဖန်တီးနိုင်ရပါသနည်း...။

All Chapters