← Chapters

အခန်း (၁၂၀၁-၁၂၀၂)

Vol. 62 Ch. 1201-1202

အခန်း (၁၂၀၁-၁၂၀၂)

Vol. 62 Ch. 1201-1202

အခန်း ၁၂၀၁ - အစီအရင်ဖြေရှင်းရန်နည်းလမ်း

ရှဲ့ချောင်၏ မျက်နှာသွင်ပြင်သည် လေးနက်ပြီး စိုးရိမ်ပူပန်နေသည်။

သူမသည် ပရောဟိတ်ကြီးနှင့် ရင်းနှီးခြင်းမရှိ‌ပေ၊ သို့သော် သူသည် ရှဲ့မိသားစုကို အမှန်တကယ် များစွာကူညီခဲ့ပေသည်။ သူမသည် ဤပုဂ္ဂိုလ် သေဆုံးသွားသည်ကို ငေးကြည့်နေရမည်လား။ သူမ စိတ်မသက်မသာ ဖြစ်နေလေသည်။

ထို့အပြင် ထိုမှော်အစီအရင် အောင်မြင်ပါက ကလေးငယ် အချို့ကိုပါ ထိခိုက်စေပြီး အသက်ဆုံးရှုံးစေမည် ဖြစ်သည်။ အလုပ်မဖြစ်ခဲ့လျှင်တောင်ပင် ဤကလေးများအတွက် အန္တရာယ်ရှိနေပေမည်။

“အရာရာတိုင်းမှာ သူ့ဟာနဲ့သူမျှတတဲ့နည်းလမ်း ရှိပါတယ်လို့ တစ်ချိန်က ဆရာကြီး ကျွန်မကို ပြောပြခဲ့ဖူးပါတယ်... ပြီးတော့ အဲဒီစာအုပ်ကို ဖတ်တုန်းကလည်း ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှိခဲ့တာကို ကျွန်မ မှတ်မိတယ်”

ရှဲ့ချောင်သည် သေချာဂရုတစိုက်ဖြင့် ပြန်စဉ်းစားနေသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူမသည် ဖြေရှင်းရန် နည်းလမ်းကို တကယ်ပင် အမှတ်မရခဲ့ပေ။

မော့လင်းကျစ်၏ မျက်နှာတွင် မသက်မသာ ဖြစ်နေသည့် အရိပ်အယောင် ဖျက်ခနဲပေါ်သွားခဲ့သည်။

“ဘာနည်းလမ်းလဲ။ ငါမသိပါဘူး... သိပ်လည်းစိတ်မပူပါနဲ့။ လူတိုင်းမှာ ကိုယ်စီကံကြမ္မာ ရှိကြပါတယ်”

“ဆရာကြီး အကယ်၍ ကျွန်မက နည်းလမ်းရှိတယ်ဆိုတာ သိလျက်နဲ့ မစမ်းကြည့်ဘူးဆိုရင် ကျွန်မရဲ့ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုတာ ဆရာကြီး သိပါတယ်” ရှဲ့ချောင်သည် သူ့ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။

“မင်း မသိဘူးပဲ” မော့လင်းကျစ် ပြုံးစိစိလုပ်လိုက်သည်။ “အရူးမလေး တကယ်ကိုပဲ ဖြေရှင်းနည်းက မရှိဘူး”

ဖြေရှင်းနည်း ရှိခဲ့လျှင်တောင် အကောင်အထည် မဖော်နိုင်ဘူးဆိုလျှင် မဖြေရှင်းနိုင်သည်နှင့်အတူတူပင်။

၎င်းသည် လိမ်ညာခြင်းမဟုတ်ပေ။

“အဘိုးကြီး အမှန်အတိုင်း ပြောပြတာ ပိုကောင်းမယ်နော်။ သုံးလို့ရတာလား မသုံးနိုင်ဘူးလားဆိုတာ ကျွန်မဘာသာ ဆုံးဖြတ်ပါ့မယ်” ရှဲ့ချောင်က ထိုဝါရင့်ပုဂ္ဂိလ်သည် သူမကို လိမ်နေသည်ဟု ခံစားနေရဆဲပင်။

မော့လင်းကျစ်၏ ရင်ထဲတွင် ကြပ်တည်းသွားပြီး အလွန်အကူအညီမဲ့သလို ခံစားလိုက်ရသည်။

ရှဲ့ချောင် ငယ်စဉ်က သူမ၏ ခန္ဓာကိုယ် အခြေအနေ မကောင်းခဲ့ပေ။ သို့သော်လည်း သူမသည် မကောင်းဆိုးဝါးဝိဉာဉ်များကို မြင်နိုင်သောကြောင့် လုပ်စရာများ များပြားခဲ့သည်။ မကောင်းဆိုးဝါးဝိဉာဉ် အချို့က သူမကို ပူးကပ်ချင်နေကြသည် သို့မဟုတ် မကောင်းဆိုးဝါးဝိဉာဉ်များသည် ၎င်းတို့၏ နောက်ဆုံးဆန္ဒများကို ဖြေရှင်းပေးရန် သူမကို ရှာဖွေနေကြလေသည်။

ဤမကောင်းဆိုးဝါးဝိဉာဉ်များသည် နေ့ရောညပါ သူမကို အနှောင့်အယှက် ပေးနေကြသည်။ သူမသည် လက်ခံရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။

သို့သော် သူမ၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် အလွန်အားနည်းခဲ့သည်။ အစောပိုင်းတွင် သူမ ဖြေရှင်းပေးနိုင်သည့် နောက်ဆုံးဆန္ဒများသည် သာမန်အရာများသာ ဖြစ်နိုင်သည်။ အနည်းငယ် ပိုခက်ခဲသော အရာများ စုပုံလာခဲ့ပြီး သူမသည် ဘာမှမတတ်နိုင်ခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ သူမ၏ ရင်ထဲရှိ အရာများသည် ပို၍ပို၍ များလာကာ သင်ယူရန် ပို၍ပင် ကြိုးစားလာခဲ့ရသည်။

သူသည် ရှဲ့ချောင်မှာ မည်သို့သောလူစားမျိုး ဖြစ်သည်ကို သိရှိထားပုံရသည်။ ထို့ကြောင့် သူသည် ဤကိစ္စကို မသိမသာ ပြောပြခဲ့ပြီး ဖုံးကွယ်မထားခဲ့ပေ။

သူမကို ကိုယ်တိုင်ရွေးချယ်စေလို‌သော ရည်ရွယ်ချက် မရှိခဲ့သည်တော့ မဟုတ်ပေ။

မော့လင်းကျစ် သက်ပြင်းချလိုက်၏။

“ဆရာတို့ ယန်စွမ်းအင်သီးသန့်ရှိတဲ့ နေရာတစ်ခု လိုအပ်တယ်။ တိုတိုပြောရရင် ဆရာတို့က ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်နဲ့ စင်ကြယ်တဲ့ ယန်စွမ်းအင်ကို ရရှိဖို့အတွက် မြင့်မားတဲ့ကောင်းကင်ယံမှာရှိတဲ့ တာအိုဘုရားကျောင်းကို သွားဖို့ လိုအပ်တယ်။ ပြီးရင် အဆင့်မြင့်ပညာရေးစုတ်တံကို ရှာပြီး ပြဒါးကျောက်၊ ရွှေမှုန့်၊ အကောင်းစား ဆေးမှင်တို့နဲ့ ရောစပ်ရပါမယ်။ ပြီးရင် လေးရာသီ ကောင်းကင်ရေနဲ့အတူ အစီအရင်စာကို ကူးယူပြီး အခမ်းအနားအတွက် အသုံးပြုရပါမယ်” မော့လင်းကျစ် ပြောသည်။

ရှဲ့ချောင်သည် ချက်ချင်း ခေါင်းညိတ်ပြီး နားထောင်လိုက်သည်။

သူမ၏ ဆရာကြီး ပြောနေသည့် လေးရာသီ ကောင်းကင်ရေသည် မည်သည့်အရာဖြစ်သည်ကို သူမ သိ၏။

၎င်းသည် နှင်းစက်၊ နှင်းခဲ၊ မိုး၊ နှင်းနှင့် ရေခဲတို့မှ ဖြစ်ပေါ်လာသော ရေ ဖြစ်သည်။ ၎င်းသည် အရှေ့ဘက်မှ စီးဆင်းသောရေ၊ ပြောင်းပြန် စီးဆင်းသောရေ၊ စိမ့်စမ်းရေ၊ ရေပူစမ်း၊ တွင်းရေများပင်…

၎င်းတို့အားလုံးကို စုဆောင်းရန် မလွယ်ကူသည်မှာ အမှန်ပင်။

“ဒီယန်စွမ်းအင်နဲ့ ကောင်းကင်ရေနဲ့အတူ ဆရာတို့က အသက်ရဲ့ ချီစွမ်းအင်ကို ရယူနိုင်ပြီး သေခြင်းရဲ့ ချီစွမ်းအင်ကို ဖယ်ရှားနိုင်တယ်။ မကောင်းတဲ့အစီအရင် အများအပြားကို ဒီနည်းလမ်းနဲ့ ဖယ်ရှားနိုင်တယ်။ ဒါပေမဲ့လည်း မင်းရဲ့ ခန္ဓာကိုယ်က အခြေအ‌နေမကောင်းဘူး။ ဒီအစီအရင်က အနည်းဆုံး ကိုးရက်တော့ ကြာမှာ ဖြစ်တယ်။ မင်းရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်မရှိမှာကို ဆရာစိုးရိမ်မိတယ်”

“ယွီရွှီဘုရားကျောင်းမှာ အစွမ်းထက်တဲ့ တာအိုဆရာတွေ အများကြီး ရှိပါတယ်။ သခင်ကြီးယွမ်ချန်းကျစ်နဲ့ ဆရာက မိတ်ဆွေတွေလိုပါပဲ။ သူတို့ကို ဘာလို့ ဖိတ်ခေါ် မထားတာလဲ” ရှဲ့ချောင် အလျင်အမြန် မေးလိုက်သည်။

သူမ၏ ဆရာကြီးသည် အိုမင်းနေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ကျန်းမာခြင်းမရှိပေ။ သူ၏ လက်နှင့် ခြေထောက်များသည် မလှုပ်ရှားနိုင်တော့ပေ။

“ငါ မပြီးသေးဘူး။ ဒီမှော်အစီအရင်က လူတွေရဲ့ အသက်ကို ထိခိုက်စေပြီး ထိန်းချုပ်လွမ်းမိုးနိုင်စွမ်းအရမ်းများတယ်။ မင်းက ကျားပါးစပ်ထဲက အစာကို လုယူချင်တယ်ဆိုရင် တစ်ခုခုပြန်ပေးဆပ်ရမှာ သဘာဝပဲ။ နှစ်ဖက်စလုံး လုပ်တဲ့နည်းလမ်းက နဂါးနဲ့ကျား တိုက်ခိုက်မှုပဲ။ မင်းမှာ လောကနှစ်ခုကြား မြင်နိုင်တဲ့ မွေးရာပါ ယင်-ယန် မျက်လုံးအစုံ မရှိဘူးဆိုရင်

ကလေးတွေရဲ့ မွေးရာပါ ချီစွမ်းအင်ကို မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီချီစွမ်းအင်ကို ပြန်ပြီးလမ်းကြောင်းပြောင်းပေးတာ မကောင်းဘူး။ နွားရဲ့မျက်ရည်က အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မင်းက အဲဒါကို အလွန်အကျွံ ကြည့်လိုက်မယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိရင်တောင် အဲဒီ အစွမ်းထက် ယန်စွမ်းအင်နေရာမှာ အဲဒီမှော်အစီအရင်ကို လုပ်မယ်ဆိုရင် အန္တရာယ်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်နိုင်တဲ့ မျက်လုံးတွေ ပျောက်သွားလိမ့်မယ်။ အဲဒီအချိန်ကစပြီး မင်းဟာ အသက်ရှင်နေတဲ့လူတွေကို မြင်နိုင်တော့မှာ မဟုတ်ဘူး”

တစ်နည်းအားဖြင့်ဆိုရသော် သူမသည် အခြားသူများ၏ အသက်နှင့် လဲလှယ်ရန် သူမ၏ မျက်လုံးများကို ပေးဆပ်ရပေသည်။

သူသည် ပညာရှင်တစ်ဦးပင်။ အကယ်၍ သူသာဆိုလျှင် သူသည် အခြားသူများအတွက် သူ့ကိုယ်သူ စွန့်လွှတ်ပေလိမ့်မည်။ သို့သော်လည်း သူသည် ယင်-ယန် မျက်လုံးအစုံ မရှိပေ။

ဟုတ်‌ပေသည်။ယင်-ယန် မျက်လုံးမရှိသောသူများ လုပ်နိုင်၏။ သို့သော်လည်း ရှုံးနိမ့်နိုင်ခြေ မြင့်မားပြီး ကလေးအားလုံးကို လုံးဝ ကယ်တင်နိုင်မည် မဟုတ်ပေ။

•••••

အခန်း ၁၂၀၂ ကံကောင်းခြင်းအဆောင်

တစ်ဖက်လူသည် ဤသို့သောမကောင်းသည့်ပညာရပ်မျိုးကို သုံးသည့်အခါ အများအားဖြင့် အသေခံတိုက်ခိုက်ရန် ရည်ရွယ်ချက်မျိုးပင်။

ရန်ငြိုးမည်မျှကြီးမားကြောင်း မသိနိုင်ပေ။

ရိုးရှင်းသောဖြေရှင်းနည်းကြောင့် မျက်စိကွယ်သွားစေလိမ့်မည်ကို ရှဲ့ချောင်လည်း မမျှော်လင့်ထားပေ။

ဤမျက်လုံးတစ်စုံကို အသက်ပေါင်းများစွာနှင့် လဲလှယ်နိုင်သည်မို့ ကောင်းမွန်သော ကိစ္စတစ်ခုပင်၊ သို့သော် မျက်လုံးများမှာ သူမအပိုင်ပင်။ ယခုချိန်ကစပြီး သူမ မမြင်နိုင်တော့လျှင်…

ရှဲ့ချောင် ကြက်သေသေသွားလေသည်။

“မင်း တကယ်ပဲ စိတ်ပူနေတယ်ဆိုရင် ယွီရွှီဘုရားကျောင်းက လူတွေကိုစမ်းကြည့်ဖို့ တောင်းဆိုကြည့်ပေါ့။ ဒါပေမဲ့ အဲဒါက အလဟဿဖြစ်သွားနိူင်ချေ ၉၀% လောက် ရှိတယ်လို့ ငါထင်တယ်။ ကလေးတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ရင်တောင် အစွမ်းထက်တယ်လို့ ယူဆရမှာ ဖြစ်တယ်။ ဒီမကောင်းတဲ့ပညာရပ်က ဖျက်ဆီးဖို့ အရမ်းလွယ်ကူတယ်ဆိုရင် တားမြစ်ထားတဲ့ပညာရပ် ဖြစ်လာမှာ မဟုတ်ဘူး” မော့လင်းကျစ် ထပ်ပြောသည်။

ဤလောကတွင် လူတွေကို ထိခိုက်စေနိုင်သော တခြားမကောင်းသောပညာရပ်များစွာ ရှိ၏။

ကလေးကို ယဇ်ပူဇော်ရန်အတွက်သုံးခြင်းက အဆိုးဆုံးပင်။

“ဆရာကြီး ကျွန်မ စဉ်းစားပါရစေဦး” ရှဲ့ချောင် ပြော၏။

“ဒီအန္တရာယ်ရှိတဲ့ အစီအရင်ပြီးဆုံးဖို့ လေးဆယ့်ကိုးရက်လောက် ကြာမယ်မဟုတ်လား။ ဒီအစီအရင် ဘယ်အချိန်က စတင်ခဲ့လဲဆိုတာတော့ ဆရာမသိဘူး။ မင်း သွားပြီး အဲဒီကလေးတွေရဲ့ အခြေအနေကို စစ်ဆေးနိုင်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပိုဆိုးလေ အစီအရင်ပိုကြာလေပဲ”

အစီအရင် စတင်ပြီးဖြစ်သောကြောင့် ရှဲ့ချောင်သည် သူတို့၏ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအားကို ပြန်လည်ရရှိရန် သူမ၏ မျက်လုံးများဖြင့် ကြည့်ရှုရန်လိုအပ်သည်။

သူမ ပြန်မရနိုင်ဘူးဆိုလျှင် အစီအရင်ကို ဖြေရှင်းလိုက်လျှင်တောင် ဤကလေးများသည် မသေဘဲ ရူးသွားကြပေလိမ့်မည်။

“နားလည်ပါပြီ” ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။

“ကလေးမ မင်းမျက်စိကွယ်သွားရင် သေချာပေါက် အိမ်ရှေ့စံမင်းသားရဲ့ ကြင်ယာတော် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ မကောင်းဆိုးဝါးဝိဉာဉ်တွေကို မမြင်နိုင်တော့ရင်တောင်…

ကောင်းတဲ့အရာလို ထင်ရပေမဲ့၊ သူတို့ရဲ့ နောက်ဆုံးဆန္ဒကို ဖြေရှင်းပေးနိုင်တော့မှာ မဟုတ်ဘူး၊ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်နိုင်မှာ မဟုတ်တော့ဘူး။ မင်းရဲ့ ခန္ဓာကိုယ်လည်း ပြန်ကောင်းလာမှာ မဟုတ်ဘူး။ မင်း ဘယ်နှနှစ်ကြာအောင် အသက်ရှင်နိုင်ဦးမှာလဲ”

“မင်းရဲ့ မျက်လုံးနဲ့ လဲလှယ်တယ်လို့ ပြောကြပေမယ့် တကယ်တမ်းမှာတော့ မင်းရဲ့ အသက်ကို သုံးလိုက်ရတာပဲ။ ဒါ့အပြင် မင်းရဲ့ ခန္ဓာကိုယ်က အခြေအနေမကောင်းဘူး။ ကိုးရက်လောက် ခံနိုင်အောင်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်နဲ့ နှလုံးသားကို အပြင်းအထန်ကာကွယ်ပေးဖို့ အစီအရင်တချို့ကို သုံးရပါလိမ့်မယ်။ အဲဒီနောက်မှာ မင်းရဲ့ ခန္ဓာကိုယ်က အားနည်းသွားလိမ့်မယ်”

“ဒါကြောင့်ပဲ ဆရာဖြေရှင်းဖို့ နည်းလမ်းမရှိဘူးလို့ ပြောခဲ့တာပေါ့”

“ဒီနည်းလမ်းက အသက်အန္တရာယ်ရှိတယ်။ မင်းစွန့်လွှတ်လိုက်တာက ပြစ်မှုကြီးတစ်ခု မဟုတ်ပါဘူး။ မင်း ကုသိုလ်ကောင်းမှုလည်း သိပ်မဆုံးရှုံးမှာမဟုတ်ပါဘူး။ အသက်ရှင်နေသတွေ့ မျှော်လင့်ချက် ရှိပါတယ်။ နည်းနည်းတော့ ဆုံးရှုံးသွားပေမယ့် ကိစ္စမရှိပါဘူး။ နောင်မှာ ပြန်လည်ရရှိဖို့ နည်းလမ်းကို စဉ်းစားရုံပါပဲ။ ဆရာတို့အားလုံး ဒီလိုပဲ နှစ်ပေါင်းများစွာ နေလာခဲ့ကြတာ မဟုတ်ဘူးလား…”

မော့လင်းကျစ် သူ့ဘာသာသူ ရေရွတ်လိုက်သည်။

သူသည် တာအိုဆရာ ဖြစ်သော်လည်း ဤမျှလောက် စိတ်သဘောထားကြီးမြတ်သူ မဟုတ်ပေ။

ရှဲ့ချောင်၏ ဘဝမှာ မလွယ်ကူခဲ့သော်လည်း ဤမိန်းကလေး မည်မျှပင်အသက်ရှင်ချင်ကြောင်းကို သူသည် အခြားသူတွေထက်ပိုသိပေသည်။

သူမသည် တခြားသူများကို ကယ်တင်ရန်အတွက် သူမ၏အသက်ကို စွန့်စားခဲ့ပြီး အချိန်ကြာကြာ နေရမည်ကို ကြောက်နေသလိုပင် ဖြစ်သည်။ ဤအချက်သည် အလွန်ပင်ဆန့်ကျင်ကွဲလွဲနေပေသည်။

ရှဲ့ချောင်သည် အလွန်ရှုပ်ထွေးနေပြီး မည်သည်ကို ရွေးချယ်ရမှန်း မသိခဲ့ပေ။

သူမသည် ဒီနှစ်များထဲတွင် သူမ၏အသက်အတွက် ရုန်းကန်ခဲ့ရပြီး အလွန်ပင်ပန်းခဲ့ပေသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် သူမ ဂုဏ်ယူခဲ့ရလေသည်။ သူမသည် ခေါင်းမာပြီး သူမ လိုချင်ခဲ့သည်မှာ အသက်ရှည်ရှည်နေထိုင်ရန် ဖြစ်သည်။ သူမသည် လူကောင်းတစ်ယောက် ဖြစ်နိုင်သေးလျှင် အကောင်းဆုံးပင်။

သို့သော်လည်း…

ကိုယ်ဝန်ဆောင်မိခင်များနှင့် ပရောဟိတ်ကြီးကို မပြောလိုသော်လည်း ကလေးငယ်များမှာ…

ကလေးများမှာ မွေးဖွားပြီးကာစဖြစ်ပြီး ခုနစ်ယောက်ပင်။ သူမ မမြင်ဟန်ဆောင်ပြီး သူတို့ကို သေခွင့်ပေးလိုက်သည်။ သူမသည် သူမ၏ အသိဉာဏ်ပညာကို ဖျက်ဆီးပစ်မည်ကို ကြောက်ရွံ့ခဲ့သည်။

ရှဲ့ချောင်သည် ကြမ္မာဥယျာဥ်မှ စိတ်မချမ်းမြေ့ဖွယ်ရာအခြေအနေဖြင့် ထွက်ခွာလာပြီး အိမ်ရှေ့စံမင်းသားအိမ်တော်သို့ ပြန်လာခဲ့သည်။

ကျောက်ရွှမ်ကျင်းသည် သူမ၏ မျက်နှာသွင်ပြင်ကို မြင်သောအခါ သူမ စိတ်ထဲတွင်တစ်ခုခုရှိနေကြောင်း သိ၏။ သူ အလျင်စလို မမေးဘဲ စားပွဲပေါ်တွင် အစားအစာများ ချပေးရန် တစ်စုံတစ်ဦးကို တောင်းဆိုခဲ့သည်။

“ရှဲ့ဖင်းကန်း မင်းကို ဒီနေ့ လာရှာသေးလား” ကျောက်ရွှမ်ကျင်းသည် အစားအစာကို ယူရင်း မေးလိုက်သည်။

ရှဲ့ချောင်သည် သူမ၏ နှုတ်ခမ်းများကို စေ့လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဒီမကောင်းတဲ့ပညာရပ်က တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်းပဲ တာအိုဆရာမ မဟုတ်ဘူးလေ ဟုတ်တယ်မလား” ကျောက်ရွှမ်ကျင်းသည် ချစ်ခင်တွယ်တာမှု အပြည့်ရှိသော အကြည့်များဖြင့် သူမကို ကြည့်လိုက်သည်။

ရှဲ့ချောင်သည် သက်ပြင်းချကာ ခေါင်းကိုစောင်းပြီး မေးလိုက်သည်။ “တာအိုဆရာပေါင်း ထောင်ချီ ရှိပါတယ် ဒါပေမဲ့ ကျွန်မလို မွေးရာပါ ယင်-ယန် မျက်လုံးအစုံနဲ့ မွေးဖွားလာတဲ့ လူတွေကတော့ အများကြီး မရှိပါဘူးမဟုတ်လား။ ဒါ့အပြင် ကျွန်မမှာ အဲဒါ ရှိတဲ့အပြင် အရမ်းလည်းတော်တယ်။ ကျွန်မက ကမ္ဘာပေါ်မှာ တခြားဘယ်သူနဲ့မှမတူအောင် နေနိုင်တယ် ပြီးတော့ တခြားသူတွေကူညီချင်ရင်တောင် ကျွန်မကို ဘယ်သူမှမကူညီနိုင်ပါဘူး…”

ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့် တွန့်သွားသည်။

သူမ၏ အသံနေအသံထားက တက်လိုက်ကျလိုက် ဖြစ်နေပြီး ပို၍ပင် ပုံမှန် မဟုတ်ပေ။

“ပရောဟိတ်ကြီး အသက်အန္တရာယ်ရှိနိုင်တယ်လို့ ကျွန်မရဲ့ဆရာကြီးက ပြောတယ် ဒါကြောင့် ဒီမကောင်းတဲ့ပညာရပ်ကို သူ့အပေါ်မှာ သုံးထားတာတာ ဖြစ်လိမ့်မယ်တဲ့။ မွေးကင်းစကလေး ခုနစ်ယောက် ရှိတယ်၊ ပြီးတော့ ကျွန်မတစ်ယောက်တည်းကပဲ သူတို့ကို ကယ်တင်နိုင်တယ်။ ကျွန်မတို့ ဘာလုပ်သင့်တယ် ထင်လဲ” ရှဲ့ချောင်သည် တည့်တိုးမေးလိုက်ပြီးနောက် လေးနက်သော မျက်နှာဖြင့်ပြောလိုက်၏ “အကယ်၍ ကျွန်မ လူတွေကို ကယ်တင်တဲ့အတွက် ကျွန်မရဲ့ အလှအပနဲ့ မျက်လုံးတွေကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ကျွန်မရဲ့ ကံကောင်းခြင်းအဆောင် ဖြစ်တဲ့ ရှင့်ကို လက်လွှတ်ပေးလိုက်ရမယ် မဟုတ်လား”

•••••

All Chapters