← Chapters

အခန်း ၇၄

Vol. 7 Ch. 74

အခန်း ၇၄

Vol. 7 Ch. 74

အခန်း။ ၇၄

ရွှယ်ယောင်ထင်းက "ဒီလို အရည်အချင်းရှိတဲ့သူမျိုး ငါတို့ ဖန်တရှေ့နေရုံးမှာ ပါဝင်လာနိုင်ရင် တကယ့်ကို ကောင်းမှာပဲ။ ဂူချန်ရဲ့ ဥပဒေအသိ၊ ယုတ္တိဗေဒစွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေက ထိပ်တန်းရှေ့နေတွေနဲ့ မနိမ့်ကျဘူး" ဟု မှတ်ချက်ပြုသည်။

ကောင်းရုန်က ဘေးမှ ဖြည့်စွက်ပြောသည်။

"ဒါရိုက်တာ ကျွန်တော်တို့ ဂူချန်ကို တစ်နှစ် လစာ သိန်းတစ်ရာ့ငါးဆယ်နဲ့ ကမ်းလှမ်းခဲ့သေးတယ်။ အဲဒါက ဒီလုပ်ငန်းနယ်ပယ်မှာ အမြင့်ဆုံး လစာပဲ။ ဒါပေမဲ့ သူက ကျွန်တော်တို့ဆီ မလာဘူး... သူက သူ့ကိုယ်ပိုင် ရှေ့နေရုံးကို တည်ထောင်ချင်နေတာ။ ကိုယ်တိုင် ကုမ္ပဏီစပြီး သူကိုယ်တိုင်ပဲ ရှေ့နေရုံးကို ချဲ့ထွင်သွားမှာတဲ့"

ရွှယ်ချင်းချင်းမှာ ဂူချန်၏ အမှုကို ကိုင်တွယ်ပုံကို ကြည့်ပြီး အလွန်ပင် လေးစားအားကျနေသည်။ သူမသာ အတွေ့အကြုံယူမည့် တပည့်ရှေ့နေတစ်ဦးဆိုလျှင် ဂူချန်ကဲ့သို့သော ရှေ့နေမျိုးကို ရှာဖွေရမည်ပင်။

အခြားအကြောင်းမဟုတ်ဘဲ ဂူချန်ဘေးတွင်နေ၍ ပိုမိုသင်ယူရန်သာဖြစ်သည်။

ရွှယ်ချင်းချင်းက "ရှေ့နေဂူ ဒီအမှုကို အဆုံးသတ်ပြီးရင် ကျွန်မ သူ့ရှေ့နေရုံးမှာပဲ အတွေ့အကြုံယူမယ်။ အလုပ်သင်အဖြစ်နဲ့ သူ့ရဲ့ လက်ထောက်အနေနဲ့ လုပ်ပေးမယ်" ဟု ပြောသည်။

ရှေ့နေရုံးတစ်ခု တည်ထောင်ခြင်းမှာ ဂူချန်တစ်ယောက်တည်း ပင်ပန်းရုံနဲ့ မပြီးနိုင်ဘဲ ရွှယ်ချင်းချင်းကလည်း ဂူချန်ထံမှ သင်ယူရန် ကြိုတင် စဉ်းစားနေသည်။

ဖန်တရှေ့နေရုံးက ဂူချန်ကို မခေါ်နိုင်တော့သည့်တိုင် သူမကတော့ ဂူချန်ထံမှ သင်ယူလိုသည်။

ဂူချန်မှာ ထိပ်တန်းရှေ့နေတွေထက်ပင် ပို၍ ထူးချွန်နေခြင်းပင်။

တရားခွင်အတွင်းတွင် ဇောင်လဲ့လဲ့၏ရှေ့နေ ဇောင်ယွီ ထွက်ပြေးသွားပြီးနောက် ဇောင်လဲ့လဲ့တစ်ယောက်တည်း စိုးရိမ်တကြီး ဖြစ်နေသည်။

ဇောင်လဲ့လဲ့ "တရားသူကြီးမင်း ကျွန်မ အမှုပြန်ရုပ်သိမ်းခွင့် လျှောက်ထားပါတယ်။ ချိုင်ချန်းကို ထပ်ပြီး အရေးယူတော့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ ကျွန်မ ပင်ပန်းနေပြီ အိမ်ပြန်နားချင်တယ်" ဟု အမှုကို အဆုံးသတ်ရန် ကြိုးစားသည်။

သူမ၏ ရည်မှန်းချက်မှာ ချိုင်ချန်းကို ထောင်ချရန်ဖြစ်သည်။

ယခုအခါ ချိုင်ချန်းကို ထောင်ချနိုင်မည့် အထောက်အထား မရှိတော့၍ အမှုကို ရုပ်သိမ်းပြီး အေးဆေးပြန်သွားရန် စဉ်းစားခြင်းပင်။

အောင်မြင်မှု မရဘဲ ရှေ့နေပါ ထွက်ပြေးသွားမှတော့ အမှုကို ဆက်တိုက်နေစရာ မလိုတော့ပေ။

ဇောင်လဲ့လဲ့ "ကျွန်မ ချိုင်ချန်းကို အပြစ်မယူတော့ပါဘူး။ သူကတော့ ကံကောင်းသွားတာပေါ့။ သူက ကျွန်မရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မုဒိမ်းကျင့်ခဲ့ပေမဲ့ ကျွန်မက ရက်ရောတဲ့သူမို့လို့ အရေးမယူတော့ဘူး" ဟု ညည်းတွားကာ ပြောလိုက်သည်။

ဇောင်လဲ့လဲ့ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့ဝင်အချို့က သူမကို ဝိုင်းရံထားပြီး ထွက်ခွာခွင့် မပြုပေ။

တရားသူကြီးက "တရားရုံး ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး အမှုလည်း မပြီးသေးပါဘူး။ တရားလိုက အကြောင်းပြချက်မရှိဘဲ တရားခွင်က ထွက်ခွာခွင့် မရှိပါဘူး" ဟု ပြောသည်။

ဇောင်လဲ့လဲ့ "ကျွန်မမှာ အလုပ်ရှိတယ်။ အမှုရုပ်သိမ်းပြီးပြီလေ။ ကျွန်မကို ဘာလို့ ထွက်ခွာခွင့်မပေးတာလဲ။ ကျွန်မကို ထိန်းချုပ်နေတာလာ။ ကျွန်မ တရားသူကြီးမင်းကို တိုင်ကြားမယ်" ဟု အော်ဟစ်သည်။

တရားသူကြီး ကျောက်ကျီချောင်က ဂူချန်ကို ကြည့်ကာ "ခုခံချေပပေးပါ" ဟု ပြောသည်။

ဂူချန်က "အမှုက မပြီးသေးသလို တရားခွင်ကလည်း တစ်ဝက်ရောက်နေပါပြီ။ ကိုယ်လိုချင်တိုင်း အမှုရုပ်သိမ်းလို့ ရမယ်ထင်လား ဒါက ရာဇဝတ်မှုဖြစ်သွားပြီ။ ပြီးတော့မှ ရုပ်သိမ်းလို့ မရတော့ဘူး" ဟု ပြောလိုက်သည်။

ဇောင်လဲ့လဲ့ "ကောင်းပြီလေ ဒါဆိုလည်း အဆုံးအဖြတ်ပေးလိုက်။ အကောင်းဆုံးဆို ချိုင်ချန်း အပြစ်မရှိဘူးဆိုပြီး အမှုပိတ်လိုက်မှာပေါ့။ မြန်မြန်လုပ်ပေးပါ။ ကျွန်မ အိမ်ပြန်နားချင်တယ်"

ဂူချန် "တရားသူကြီးမင်း ကျွန်တော့်ရဲ့ လျှောက်ထားချက်တွေကို ပြန်လည် တင်ပြခွင့်ပြုပါ"

တရားသူကြီးက ခွင့်ပြုလိုက်သည်။

ဂူချန် "ပထမအချက် ကျွန်တော့်အမှုသည် ချိုင်ချန်းက ဘယ်လိုမုဒိမ်းကျင့်မှုမှ မလုပ်ခဲ့သလို ရာဇဝတ်မှုလည်း မကျူးလွန်ခဲ့ပါဘူး။ ဒါကြောင့် ချိုင်ချန်းကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ချိုင်ချန်းက အပြစ်ကင်းစင်ပါတယ်"

"ဒုတိယအချက် ချိုင်ချန်းနဲ့ ဇောင်လဲ့လဲ့တို့က စေ့စပ်ထားရုံပဲ ရှိသေးတာပါ။ လက်မထပ်ရသေးပါဘူး။ ဒါကြောင့် ဇောင်လဲ့လဲ့က ရွှေလက်ဝတ်ရတနာတွေနဲ့ စေ့စပ်တင်တောင်းငွေ ၃ သိန်းကို ပြန်ပေးဆပ်ရပါမယ်"

"တတိယအချက် ဇောင်လဲ့လဲ့က ငွေညှစ်မှုကျူးလွန်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ သူမရဲ့မိခင် ဇောင်ရီဖိန်နဲ့ ပူးပေါင်းပြီး ငွေညှစ်ဖို့ ကြံစည်ခဲ့တာပါ။ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၃၀ အရ ဇောင်လဲ့လဲ့ကို သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်"

"စတုတ္ထအချက် ဇောင်လဲ့လဲ့က ချိုင်ချန်းကို မဟုတ်မမှန် စွပ်စွဲမှုနှင့် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်ခဲ့ပြီး ချိုင်ချန်းရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်ခဲ့တဲ့အတွက် သူမကို ပြစ်ဒဏ်ပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေး သိန်းသုံးဆယ် ပေးဆောင်စေဖို့ တောင်းဆိုပါတယ်"

ဂူချန်၏ စကားကြောင့် ဇောင်လဲ့လဲ့မှာ ကြောင်အသွားသည်။

ငါက တရားလိုလေ။ ငါ့ကို သေဒဏ်ပေးရမယ်တဲ့လား ဘာအကြောင်းပြချက်နဲ့လဲ။

ဂူချန်က "တရားသူကြီးမင်း ချိုင်ချန်းနဲ့ ဇောင်လဲ့လဲ့တို့က လက်မထပ်ရသေးသလို အတူတူလည်း နေထိုင်ခြင်း မရှိခဲ့ပါဘူး။ ချိုင်ချန်း ပေးခဲ့တဲ့ တင်တောင်းငွေက မင်္ဂလာဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ပေးခဲ့တာပါ။ အခုဆိုရင် လက်ထပ်မယ့် အခြေအနေ မရှိတော့သလို နောင်မှာလည်း လက်ထပ်တော့မှာ မဟုတ်တဲ့အတွက် ၃ သိန်းကို ဇောင်လဲ့လဲ့ ပြန်ပေးဆပ်ရပါမယ်။ ဒါက ဥပဒေနဲ့အညီ၊ တရားမျှတမှုနဲ့အညီ တောင်းဆိုချက်ဖြစ်ပါတယ်" ဟု တင်ပြသည်။

ဇောင်လဲ့လဲ့က "ဘာလို့ ပြန်ပေးရမှာလဲ ကျွန်မက စေ့စပ်ထားတဲ့သူလေ။ လက်ဆောင်နဲ့ တင်တောင်းငွေ လက်ခံတာ ဘာမှားလို့လဲ။ ဍအခု မင်္ဂလာမဆောင်ဖြစ်တာက ချိုင်ချန်းက အိမ်နာမည်ကို ကျွန်မဆီ ပြောင်းမပေးလို့လေ။ သူ့မှာ စိတ်ရင်းမရှိလို့ပါ။ အခုတော့ ကျွန်မ မင်္ဂလာမဆောင်တော့ဘူး ငွေလည်း ပြန်မပေးနိုင်ဘူး။ ကြိုက်သလို လုပ်ကြ" ဟု ပေကပ်ကာ ပြောသည်။

တရားသူကြီး ကျောက်ကျီချောင်က တူဖြင့် ထုလိုက်ပြီး "တရားခွင်မှာ စည်းကမ်းရှိပါစေ တရားလိုအနေနဲ့ နောက်တစ်ကြိမ် တရားခွင်ကို အနှောင့်အယှက်ပေးရင် တရားဥပဒေအရ အရေးယူခံရပါလိမ့်မယ်" ဟု သတိပေးသည်။

ဇောင်လဲ့လဲ့သည် ထိုအချိန်တွင်မှ ငြိမ်သွားသည်။

သူမစိတ်ထဲတွင်မူ ငွေမရှိတော့သလို ပြန်ပေးရန်လည်း ဆန္ဒမရှိပေ။

တင်တောင်းငွေ ၃ သိန်းကို အိတ်နှစ်လုံးနှင့် အဝတ်အစားများအတွက် သုံးစွဲပြီးသွားပြီဖြစ်သည်။

ငါ့ရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ရလာတဲ့ငွေတွေကို ဘာလို့ပြန်ပေးရမှာလဲ။

သေဒဏ်ပေးမည်ဆိုသည့် စကားကိုလည်း သူမ လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။

သူမသည် တရားလိုဖြစ်ပြီး တရားလိုကို သေဒဏ်ပေးသည်ဆိုသည်မှာ မဖြစ်နိုင်ဘူးဟု သူမ ခံယူထားသည်။

ဂူချန်က ဆက်လက်တင်ပြသည်။

"ဒီအမှုမှာ ဇောင်လဲ့လဲ့က မင်္ဂလာဆောင်ဖို့အတွက် ၃ သိန်းကို အရင်တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဟိုတယ်မှာ မုဒိမ်းမှုဆိုပြီး အတုအယောင် သက်သေတွေ လုပ်ယူပြီး ချိုင်ချန်းကို ခြိမ်းခြောက်ပြီး သိန်းသုံးဆယ်တန်အိမ်ကို သူမနာမည်ပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဇောင်လဲ့လဲ့နဲ့ သူမမိခင် ဇောင်ရီဖိန်တို့ဟာ ချိုင်ချန်းကို အဓမ္မကျင့်တယ်လို့ ဝန်ခံခိုင်းပြီး ငွေညှစ်ဖို့ ကြံစည်ခဲ့ကြပါတယ်"

"ချိုင်ချန်း အဖမ်းခံရပြီးတဲ့အခါမှာလည်း ဇောင်လဲ့လဲ့က နားလည်မှုစာချွန်လွှာ ဟထုတ်ပေးဖို့အတွက် ချိုင်ချန်းမိဘတွေရဲ့ ပိုင်ဆိုင်မှုနှစ်ခုကို သူမဆီ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဇောင်လဲ့လဲ့ရဲ့ လုပ်ရပ်တွေက ငွေညှစ်မှုမြောက်ပါတယ်"

"ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၇၄ အရ ငွေညှစ်မှုပမာဏ ကြီးမားရင် သို့မဟုတ် အကြိမ်ကြိမ် ငွေညှစ်ရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပါတယ်"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ စိတ်လှုပ်ရှားလာကြသည်။

ဂူချန်၏ အစွမ်းပြမှု စတင်ပြီဖြစ်သည်။

ဇောင်လဲ့လဲ့ ထောင်ကျတော့မည်မှာ သေချာနေပြီဖြစ်သည်။

သို့သော်လည်း ငွေညှစ်မှုအတွက် ထောင်ဒဏ် သုံးနှစ်လောက်သာ ရှိနိုင်ပြီး ဂူချန်၏ သေဒဏ်တောင်းဆိုချက်အတွက်မူ ပရိသတ်များမှာ အံ့သြနေကြသည်။

ဂူချန်မှာ အခြား လျှို့ဝှက်ထားတဲ့ သက်သေတွေထပ်ရှိနေသေးတာလား။

All Chapters