← Chapters

အခန်း ၇၇

Vol. 7 Ch. 77

အခန်း ၇၇

Vol. 7 Ch. 77

အခန်း။ ၇၇

ဇောင်လဲ့လဲ့မှာ ထိတ်လန့်သွားသည်။

ဒူယုအိမ်ထောင်ဖက်ရှာဖွေရေး တာဝန်ခံမှာလည်း ထိတ်လန့်သွားသလို ဇောင်ရီဖိန်မှာလည်း ကြောင်အသွားသည်။

မဖြစ်နိုင်တာ... အလုပ်သင်ရှေ့နေ ဂူချန်က ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ ဒီအကြောင်းအရာတွေကို ဘယ်လိုလုပ်ပြီး စုံစမ်းနိုင်သွားတာလဲ။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာလည်း အံ့အားသင့်လျက် ရှိသည်။

[……]

[အာ... ဇောင်လဲ့လဲ့က ပိုက်ဆံတွေ ဒီလောက်တောင် လိမ်ထားတာလား]

[ဒါဆိုရင် တစ်ယောက်ကို သိန်းပေါင်းများစွာ လိမ်တယ်။ အဲ့လိုအကြိမ်ရေ ၂၀၃၀ လောက်ဆိုရင် သန်းဂဏန်းအထိ ရှိမှာပေါ့။ ဇောင်လဲ့လဲ့က သန်းဂဏန်းလောက်အထိ လိမ်ထားတာနေမှာ]

[ဇောင်လဲ့လဲ့က တကယ့်ကို အညှီအဟောက်ပဲ။ ငွေညှစ်တာ၊ လိမ်လည်တာ၊ မဟုတ်မမှန် စွပ်စွဲတာ... ဒီလောက်ဆို သေဒဏ်ထိ ဖြစ်နိုင်လား]

[ရှေ့နေဂူက တော်လိုက်တာ။ ဒီအထောက်အထားတွေကို ဘယ်လိုရှာတွေ့သွားတာလဲ]

ဇောင်လဲ့လဲ့မှာမူ အကြောက်တရားကို ဖုံးကွယ်ရင်း "တရားသူကြီးမင်း ကျွန်မ ကန့်ကွက်ပါတယ် သူ လိမ်ပြောနေတာ ဘာအထောက်အထားမှ မရှိဘဲနဲ့ ဂူချန်က ကျွန်မကို မဟုတ်မမှန် စွပ်စွဲနေတာပါ။ ကျွန်မ ဒီလိုအလုပ်မျိုး မလုပ်ခဲ့ပါဘူး။ သူက အထောက်အထားမရှိဘဲနဲ့ ဘာလို့ ဒီလိုပြောရတာလဲ" ဟု အော်ဟစ်သည်။

"ကျွန်မ ဘယ်တုန်းက ပိုက်ဆံလိမ်လို့လဲ ကျွန်မက အိမ်ထောင်ပြုဖို့ပဲ ရည်ရွယ်တာပါ။ ဘာလို့ ကျွန်မအကြောင်း သတင်းအမှားတွေ ဖြန့်နေတာလဲ။ ကျွန်မ စိတ်ဓာတ်ကျနေတာကို သိလား ကျွန်မရဲ့ စိတ်ရောဂါ ပိုဆိုးလာပြီ။ ဒီအတွက် ရှေ့နေကြီး တာဝန်ယူရမယ်"

သူမ၏ အခက်အခဲကို ပြောဆိုကာ ဂရုဏာသက်အောင် ကြိုးစားသည်။

ဂူချန်က တိတ်ဆိတ်နေသည်။

တရားသူကြီး ကျောက်ကျီချောင်က "ရှေ့နေကြီး အထောက်အထားတွေကို တင်ပြပါ" ဟု ပြောသည်။

ဇောင်ရီဖိန်မှာ တရားခွင်မှ ထွက်ခွာရန် ကြိုးစားသော်လည်း ရဲတပ်ဖွဲ့က တားဆီးထားသည်။

"မစ္စဇောင် အခု အပြင်ထွက်လို့ မရပါဘူး"

ရဲက ပြောသည်။

ဇောင်ရီဖိန်ကလည်း ဒေါသတကြီး အော်ဟစ်နေသည်။

ဂူချန်က အထောက်အထားများကို တင်ပြလိုက်သည်။

"ပထမအချက် ဇောင်ရီဖိန်က ဇောင်လဲ့လဲ့ရဲ့ မိခင်အရင်းမဟုတ်ပါဘူး။ သူမရဲ့ မိဘအရင်းတွေက ကွေကျိုးပြည်နယ်က ရွာလေးတစ်ရွာမှာ ရှိပါတယ်။ ဒီအချက်အလက်တွေကို အတည်ပြုလို့ ရပါတယ်"

ရဲတပ်ဖွဲ့အနေဖြင့် ချိုင်ချန်းအမှုအတွက်သာ အဓိကထား စုံစမ်းခဲ့ရသဖြင့် ဤအချက်ကို မသိခဲ့ကြပေ။

သို့သော် ယခုအချိန်တွင်မူ ဇောင်ရီဖိန်သည် သူမ၏ မိခင် အရင်းမဟုတ်ကြောင်း ချက်ချင်း အတည်ပြုနိုင်ခဲ့သည်။

ဇောင်လဲ့လဲ့က "ဒါက ကျွန်မရဲ့ မွေးစားမိခင်ပါ။ အရင်းမဟုတ်ပေမဲ့ ကျွန်မရဲ့ ရင်ထဲမှာတော့ မိခင်ပါပဲ။ အဲဒါက ဘာဖြစ်လို့လဲ အရင်း ဟုတ်မဟုတ်က အရေးကြီးလို့လား" ဟု ငြင်းလိုက်သည်။

ဇောင်ရီဖိန်ကလည်း "ဟုတ်တယ် သူက ကျွန်မရဲ့ မွေးစားသမီးပဲ ရှေ့နေဂူ မင်းက လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို ထိပါးနေတာပဲ" ဟု အော်သည်။

ဂူချန်ကမူ တည်ငြိမ်စွာဖြင့် "ကျွန်တော် ကွေကျိုးပြည်နယ် တရားရုံးချုပ်က အမှုတွဲ ၁၂ ခုကို စုံစမ်းထားပါတယ်။ အမှုတစ်ခုချင်းစီတိုင်းမှာ ဇောင်လဲ့လဲ့ကို အိမ်ထောင်ရေး လိမ်လည်မှုနဲ့ တရားစွဲထားတာတွေ ပါပါတယ်။ ဒါတွေကတော့ အထောက်အထားတွေပါပဲ"

"အမှုတစ်ခုကတော့ တစ်ခုခု ဖြစ်နိုင်ပေမဲ့ အမှု ၁၂ ခုဆိုတာကတော့ ဇောင်လဲ့လဲ့က အိမ်ထောင်ရေး လိမ်လည်မှုတွေကို စနစ်တကျ ကျူးလွန်နေသူဆိုတာ သက်သေပြနေပါပြီ" ဟု ခိုင်မာစွာ တင်ပြလိုက်သည်။

ဂူချန်က စကားကို ဆက်ပြောသည်။

"သက်သေတွေလည်း ရှိပါသေးတယ်"

"ခင်ဗျားမှာ ရည်းစားခြောက်ယောက် ရှိခဲ့ပြီး တင်တောင်းငွေတွေ ယူပြီးတဲ့နောက်မှာ အကြောင်းပြချက်သေးသေးလေးတွေနဲ့ ရန်ရှာပြီး ပျောက်သွားတာလေ။ ဘယ်သူမှ ခင်ဗျားကို မရှာတွေ့နိုင်ခဲ့ဘူး။ သူတို့က တရားစွဲတဲ့အခါကျတော့ ခင်ဗျားက ပိုက်ဆံမရှိဘူးဆိုပြီး ငြင်းခဲ့တာပဲ ဒီအမှုတွဲတွေအားလုံး ကျွန်တော့်လက်ထဲမှာ ရှိတယ်"

"ဒါ့အပြင် ဝမ်ဂွေရှင်းနဲ့ လော့ဟောင်ရန်ဆိုတဲ့ လူတွေကို ခင်ဗျား သိတယ်မလား။ သူတို့ကလည်း ခင်ဗျားရဲ့ ခင်ပွန်းလောင်းတွေပဲ။ သူတို့နဲ့ ရွာမှာ မင်္ဂလာဆောင်ခဲ့ပြီးတော့ အိမ်ထောင်မှတ်ပုံမတင်ဘဲ တင်တောင်းငွေ ၃ သိန်းစီ ယူခဲ့တာလေ သူတို့ တစ်သက်လုံး ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ အိမ်တွေကို ခင်ဗျားဆီ ပေးခဲ့ရတာ။ ပြီးတော့ မိဘအိမ် ပြန်မယ်ဆိုပြီး ထွက်သွားပြီး ထွက်ပြေးခဲ့တာပဲ"

ဝမ်ဂွေရှင်းနဲ့ လော့ဟောင်ရန်တို့ကို မြင်လိုက်ရသည့်အခါ ဇောင်လဲ့လဲ့၏ မျက်နှာက သွေးမရှိတော့သလို ဖြူဖျော့သွားပြီး မတ်တတ်ရပ်ဖို့ပင် ခွန်အားမရှိတော့ပေ။

အကုန်လုံး ပြီးဆုံးသွားပြီ... အကုန်လုံး ပြီးဆုံးသွားပြီ။

ဂူချန်က ဒီလောက်များပြားတဲ့ အမှုတွဲတွေနဲ့ အထောက်အထားတွေကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ။

ဇောင်လဲ့လဲ့မှာ ပြိုလဲလုနီးပါးပင်။

သူမလုပ်ခဲ့သည့် အလုပ်များကို သူမသိသည်။

ငါက ပိုကောင်းတဲ့ ဘဝတစ်ခုကို လိုချင်ရုံသက်သက်ပါ။ အဲဒါ အမှားလား တင်တောင်းငွေ နည်းနည်း တောင်းတာက အရမ်းများနေလို့လား။

သူမ စိတ်ထဲတွင် ချိုင်ချန်းကို ပြန်လည် အပြစ်တင်နေမိသည်။

ချိုင်ချန်းသာ အစကတည်းက အိမ်နာမည်ကို ငါ့ဆီ လွှဲပေးလိုက်ရင် ဒီလောက် ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဂူချန်ဆိုတဲ့ ရှေ့နေလည်း ပေါ်လာမှာ မဟုတ်ဘူး။ ဒါတွေအားလုံး ချိုင်ချန်းကြောင့်ပဲ။

ထိုအချိန်တွင် သက်သေနှစ်ဦးက တရားခွင်တွင် ထွက်ဆို လိုက်သည်။

ဝမ်ဂွေရှင်းက "တရားသူကြီးမင်း ကျွန်တော် ဇောင်လဲ့လဲ့ကို သိပါတယ်။ ဒါ ဇောင်လဲ့လဲ့ပါ သူက ကျွန်တော့်ကို လက်ထပ်မယ်လို့ ကတိပေးခဲ့တယ်။ ကျွန်တော်တို့ မင်္ဂလာလည်း ဆောင်ခဲ့ကြတယ်။ တင်တောင်းငွေ ၃ သိန်းနဲ့ အိမ်ကိုလည်း သူမနာမည်ပေါက် ပေးခဲ့ရတယ်။ အိမ်ဖိုးက ခြောက်သိန်းတန်၊ အိမ်အတွက်ရော တင်တောင်းငွေအတွက်ပါဆိုပြီး ကျွန်တော့်မိသားစု တစ်သက်လုံးစုထားတဲ့ ကိုးသိန်းကို ပေးခဲ့ရတာ မိဘတွေလည်း အကြွေးတွေတင်ပြီး မင်္ဂလာဆောင်ပေးခဲ့ရတာပါ"

"ပြီးတော့ သူမ ထွက်ပြေးသွားတယ်"

"ဇောင်လဲ့လဲ့ မင်းသိလား မင်း ထွက်ပြေးသွားပြီးနောက်မှာ ငါ့မိဘတွေ ဒေါသနဲ့ ဝမ်းနည်းမှုကြောင့် ဆေးရုံတက်ခဲ့ရတယ်။ ဆေးကုဖို့ ပိုက်ဆံမရှိခဲ့ဘူး ပိုက်ဆံမရှိလို့..."

"သူတို့ ဆေးရုံမှာပဲ ဆုံးသွားကြတယ် အဲဒါ မင်းကြောင့်ပဲ"

"ယုတ်မာတဲ့ မိန်းမ ဒါ အကုန်လုံး မင်းကြောင့်ပဲ"

ဝမ်ဂွေရှင်းက ဒေါသတကြီးဖြင့် ဇောင်လဲ့လဲ့ဆီ ပြေးဝင်ပြီး တိုက်ခိုက်ရန် ကြိုးစားသော်လည်း ရဲတပ်ဖွဲ့က တားဆီးလိုက်သည်။

ဝမ်ဂွေရှင်းက "ကျွန်တော့်မှာ အထောက်အထား ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေ။ ဒါက ဗီဒီယို။ ဒါက တင်တောင်းငွေ လွှဲပေးထားတဲ့ ဘဏ်မှတ်တမ်း ဒါက အိမ်ဝယ်ပေးခဲ့တဲ့ ဗီဒီယိုနဲ့ မိဘတွေ ဖျားနာတုန်းက ဆေးရုံမှတ်တမ်းတွေပါ"

"ကျွန်တော့်လက်ထဲမှာ ပိုက်ဆံ နှစ်သောင်းလောက် ရှိရင်တောင် ကျွန်တော့်မိဘတွေကို ကယ်နိုင်ခဲ့မှာပါ။ ဒါပေမဲ့ မင်းကို လက်ထပ်ဖို့အတွက် စုဆောင်းထားသမျှ ကုန်သွားခဲ့တယ်။ ဆွေမျိုးတွေဆီကလည်း ချေးလို့မရခဲ့ဘူး။ ဒါတွေအားလုံး မင်းကြောင့်ပဲ အကုန်လုံး မင်းကြောင့်ပဲ" ဟု ငိုယို၍ အော်ဟစ်ကာ တင်ပြခဲ့သည်။

All Chapters