အခန်း ၇၉
Vol. 7 Ch. 79
အခန်း။ ၇၉
"ပြီးတော့ ဇောင်ရီဖိန်ကလည်း ဇောင်လဲ့လဲ့နဲ့ ပူးပေါင်းပြီး လိမ်စားနေတာပဲ။ အထောက်အထားတွေက အခိုင်အမာပဲ။ ဒီလောက် ယုတ်မာရက်စက်တဲ့ မိန်းမကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"
"ဇောင်လဲ့လဲ့အနေနဲ့လည်း သူထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့ မိသားစုတွေကို လျော်ကြေးပြန်ပေးရမယ်။ ချိုင်ချန်းကို ပြန်ပေးရမယ့် တင်တောင်းငွေနဲ့ တခြားသူတွေကို လိမ်ယူထားတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အခုချက်ချင်း ပြန်ပေးဆပ်ရမယ်"
ရှေ့နေဂူချန်သည် စွပ်စွဲချက်များအားလုံးကို တင်ပြပြီးစီးခဲ့သည်။
ဤအမှုကို နောက်ဆုံးအဆင့်အထိ တရားဥပဒေနှင့်အညီ ရင်ဆိုင်သွားမည်ပင်။
ဇောင်လဲ့လဲ့ကဲ့သို့သော သူများအား ပြင်းထန်စွာ အပြစ်ပေးမှသာလျှင် အလားတူ လိမ်လည်လှည့်ဖြားနေသူများအတွက် သတိပေးချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဇောင်လဲ့လဲ့၏ လုပ်ရပ်များကြောင့် မိသားစုပေါင်းများစွာ ပျက်စီးခဲ့ရပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
ဝမ်ဂွေရှင်းနှင့် လော့ဖုန်းတို့ကဲ့သို့ ရိုးသားသော လူငယ်များသည် တစ်သက်လုံး ချွေးနှဲစာဖြင့် စုဆောင်းထားသော ပိုင်ဆိုင်မှုများကို ဇောင်လဲ့လဲ့အား လိမ်လည်ပေးအပ်ခဲ့ရပြီးနောက် နောက်ဆုံးတွင် အသက်ပါ ပေးဆပ်လိုက်ရသည်။
ဤသို့သော ဘဝများက ဇောင်လဲ့လဲ့၏ လိမ်လည်မှုကြောင့် ပြိုလဲခဲ့ရခြင်းပင်။
အမှန်စင်စစ် ထိုသို့သော လိမ်လည်မှုများကို သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း "ပိုင်ဆိုင်မှု လွှဲပြောင်းပေးခြင်းမှာ ဆန္ဒအလျောက် လုပ်ဆောင်ခြင်းဖြစ်သည်" ဟူသော အကြောင်းပြချက်ဖြင့် တရားဥပဒေအရ အရေးယူရန် ခက်ခဲခဲ့သည်။
ဤသို့ အနစ်နာခံနေရသူများအတွက် အသက်ဆက်ရှင်ရန်ပင် ခက်ခဲနေချိန်တွင် ရှေ့နေဂူချန်က ဤအမှုကို ဖော်ထုတ်လိုက်ခြင်းပင်။
တရားခွင်အတွင်းရှိ ဇောင်ရီဖိန်မှာမူ အလွန်အမင်း ထိတ်လန့်နေသည်။
ရှေ့နေဂူချန်က သူမနှင့် ဇောင်လဲ့လဲ့တို့၏ လုပ်ရပ်များကို အထောက်အထား အပြည့်အစုံနှင့် ဖော်ထုတ်လိုက်ပြီဖြစ်ရာ သူမအနေဖြင့် ထောင်ဒဏ်မှ လွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း ကောင်းစွာ သိရှိနေသည်။
သူမသည် အတိတ်က အမှားများအတွက် နောင်တရမိသော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
သူမသည် ဇောင်လဲ့လဲ့၏ မိခင်အဖြစ် သရုပ်ဆောင်ကာ တစ်ကြိမ် အောင်မြင်တိုင်း ငွေသုံးထောင် ရရှိခဲ့သည်။
အိမ်ခြံမြေ ပိုင်ဆိုင်မှုများပါ ရရှိပါက သူမ၏ ဝေစုမှာ ခုနှစ်ထောင်အထိ ရှိခဲ့ရာ တစ်ကြိမ်လျှင် ငွေတစ်သောင်းကျပ်ခန့် ရရှိခဲ့ခြင်းပင်။
သူမတွင် ပညာအရည်အချင်းနှင့် အခြားစွမ်းရည်များ မရှိသဖြင့် အသေးစား မြို့လေးတစ်ခုတွင် စားပွဲထိုးလုပ်ကိုင်ရင်း တစ်နှစ်လျှင် နှစ်သောင်း သို့မဟုတ် သုံးသောင်းခန့်သာ ရရှိခဲ့သည်။ ထို့ကြောင့် ဇောင်လဲ့လဲ့၏ မိခင်အဖြစ် သရုပ်ဆောင်ကာ တင်တောင်းငွေ တောင်းဆိုခြင်းမှာ သူမအတွက် အလွန်လွယ်ကူပြီး အမြတ်များသော လုပ်ငန်းတစ်ခု ဖြစ်နေခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ငွေကြေး ပိုမိုရရှိရန်အတွက် ချိုင်ချန်းအား အဓမ္မကျင့်မှုဖြင့် ဝန်ခံခိုင်းစေရန်ပင် လမ်းပြပေးခဲ့သည်။
သို့သော် ဇောင်ရီဖိန်၏ စိတ်ထဲတွင် လှည့်ကွက်တစ်ခု ရှိနေသေးသည်။
ဂူချန် တင်ပြခဲ့သည့် အထောက်အထားများမှာ ဇောင်လဲ့လဲ့နှင့်သာ တိုက်ရိုက်ပတ်သက်နေသည်။
တင်တောင်းငွေ လိမ်လည်ခြင်းနှင့် အိမ်ခြံမြေ လိမ်လည်ခြင်းများသည် ဇောင်လဲ့လဲ့၏ လက်ချက်သာ ဖြစ်ပြီး ပိုင်ဆိုင်မှုများမှာလည်း သူမထံသို့ မရောက်ရှိသေးပေ။
ထို့ကြောင့် သူမသည် မိခင်အဖြစ် သရုပ်ဆောင်ရုံသက်သက်သာ ဖြစ်ကြောင်းနှင့် ကျန်ရှိသော လိမ်လည်မှုများကို လုံးဝ မသိရှိကြောင်း ငြင်းဆိုကာ လွတ်မြောက်နိုင်မည်ဟု မျှော်လင့်နေဆဲပင်။
ဇောင်ရီဖိန်က "တရားသူကြီးမင်း ကျွန်မကို စကားပြောခွင့်ပြုပါ" ဟု ပြောလိုက်သည်။
တရားသူကြီး ကျောက်ကျီချောင်က "ခွင့်ပြုတယ် ပြောပါ" ဟု ပြန်ဖြေသည်။
ဇောင်ရီဖိန်က "ဂူချန်ပြောသမျှနဲ့ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး။ ဇောင်လဲ့လဲ့က ဒီလိုလူမျိုးဆိုတာကို ဒီနေ့မှပဲ သိရတာပါ။ ကျွန်မတို့ သိကျွမ်းတာ တစ်လပဲ ရှိသေးတယ်" ဟု ပြောလိုက်သည်။
"သူမမှာ မိခင်မရှိဘူးဆိုလို့ သနားပြီး မွေးစားမိခင်အဖြစ် ခံယူပေးလိုက်တာပါ။ တင်တောင်းငွေ လိမ်လည်တာတွေကို ကျွန်မ လုံးဝ မသိခဲ့ပါဘူး။ ချိုင်ချန်းကို မုဒိမ်းမှုနဲ့ ဝန်ခံခိုင်းဖို့ ဆိုတာလည်း ကျွန်မ တမင်တကာ လမ်းပြပေးတာ မဟုတ်ပါဘူး"
"သူမပြောလို့သာ ကျွန်မက လုပ်ပေးလိုက်တာပါ။ ဇောင်လဲ့လဲ့ တစ်ယောက်တည်း လုပ်သွားတာပါ။ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး။ တရားသူကြီးမင်း ကျွန်မ အပြစ်မရှိပါဘူး။ ကျွန်မက အပြစ်
ကင်းပါတယ်"
ဇောင်ရီဖိန်က သူမကိုယ်သူမ အပြစ်ကင်းကြောင်း ဆက်လက် ငြင်းဆိုနေသည်။
ထိုအချိန်တွင် ဂူချန်က "တရားသူကြီးမင်း ကျွန်တော် တင်ပြထားတဲ့ အထောက်အထားတွေက လုံလောက်ပြီလို့ ထင်ခဲ့ပေမဲ့ အခုတော့ ဇောင်လဲ့လဲ့နဲ့ ဇောင်ရီဖိန်တို့ရဲ့ ပုဂ္ဂိုလ်ရေး ဘဏ်အကောင့်တွေကို စုံစမ်းဖို့ ရဲတပ်ဖွဲ့ကို အထူးတောင်းဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးကြားမှာ အနည်းဆုံး သုံးနှစ်ကြာ ငွေကြေးအပေးအယူတွေ ရှိနေခဲ့တာပါ။ လိမ်လည်မှု အောင်မြင်တိုင်း ဇောင်လဲ့လဲ့က ဇောင်ရီဖိန်ဆီကို ငွေသား သုံးထောင်ကျော်စီ လွှဲပေးလေ့ရှိပါတယ်" ဟု ထောက်ပြလိုက်သည်။
ဇောင်ရီဖိန်က "မဟုတ်ပါဘူး ကျွန်မတို့ သိကျွမ်းတာ သုံးနှစ်ရှိပြီဆိုပေမဲ့ မွေးစားမိခင် ဖြစ်တာက တစ်လပဲ ရှိသေးတာပါ။ ကျွန်မ ဘာမှ မသိခဲ့ပါဘူး" ဟု ဆက်လက် ငြင်းဆန်သည်။
ဇောင်ရီဖိန်၏ အတင်းငြင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် ဂူချန်က "ကျွန်တော့်မှာ နောက်ထပ် အထောက်အထား ရှိပါသေးတယ်။ ဇောင်လဲ့လဲ့ရဲ့ ကားမှာ တပ်ဆင်ထားတဲ့ Dashcam မှတ်တမ်းပါ။ သူမ ဖျက်ဖို့ မေ့သွားခဲ့တာကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ သူတို့ရဲ့ စကားပြောသံတွေ ပါပါတယ်" ဟု ပြောကာ အသံဖိုင်ကို တင်ပြလိုက်သည်။
အသံဖိုင်ထဲတွင်….
ဇောင်လဲ့လဲ့: "ချိုင်ချန်းကို မုဒိမ်းမှုနဲ့ ဝန်ခံခိုင်းလိုက်ပါ။ ပြီးရင် သူ့ကို ထောင်ထဲပို့မယ်။ အိမ်ကို ကျွန်မနာမည်ပေါက် ပြောင်းပေးမလား မေးမယ်။ မပြောင်းပေးရင် ပိုက်ဆံ တောင်းမယ်၊ မဟုတ်ရင် မုဒိမ်းမှုနဲ့ တိုင်ပစ်မယ်"
ဇောင်ရီဖိန်: "ဒီလောက်ပဲလား အရင်ကလည်း ဒီလိုလုပ်ဖူးတာပဲ ဒီတစ်ခါ အိမ်တန်ဖိုး ဘယ်လောက်လဲ"
ဇောင်လဲ့လဲ့: "သိန်းသုံးဆယ် အိမ်ရရင် သိန်းသုံးဆယ်ပဲ။ ချိုင်ချန်းမိဘတွေဆီမှာလည်း နောက်ထပ် အိမ်တစ်လုံး ရှိသေးတယ်။ တကယ်လို့ အမှုကျေအေးစာ လိုချင်ရင် တင်တောင်းငွေ သိန်းနှစ်ဆယ် ထပ်တောင်းမယ်။ သူတို့ရဲ့ အိမ်ကိုပါ ကျွန်မနာမည်ပေါက် ပြောင်းခိုင်းမယ်။ မဟုတ်ရင် သူတို့သား ထောင်ကျတာကို ထိုင်ကြည့်နေခိုင်းလိုက်မယ်"
ဇောင်ရီဖိန်: "မဆိုးဘူး မဆိုးဘူး"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ ဤအသံဖိုင်ကို ကြားရပြီးနောက် အံ့အားသင့်သွားကြသည်။
[ဒီနှစ်ယောက် တကယ့်ကို ယုတ်မာလိုက်တာ]
[ဇောင်လဲ့လဲ့နဲ့ ဇောင်ရီဖိန် တခြားသူတွေကို ဒီလောက်တောင် လိမ်စားနေတာလား ငွေညှစ်တဲ့အထိ လုပ်ရက်တယ်]
[အဓိကက ဇောင်လဲ့လဲ့ကြောင့် လူတွေ အသက်ပါ ဆုံးရှုံးခဲ့ရတာပဲ တကယ့်ကို ရွံဖို့ကောင်းတယ်]
[ဇောင်ရီဖိန်က အခုထိ ငြင်းနေသေးတာလား အသံဖိုင်ပါ ပေါ်လာပြီလေ]
[ရှေ့နေဂူချန်က အထောက်အထားတွေကို တကယ့်ကို အသေးစိတ် ပြင်ဆင်ထားတာပဲ]
အသံဖိုင်နှင့် မှတ်တမ်းများကို ကြားလိုက်ရပြီးနောက် ဇောင်ရီဖိန်မှာ လုံးဝ တောင့်ခဲသွားသည်။ ဂူချန် တင်ပြလိုက်သည့် အထောက်အထားများကြောင့် သူမ၏ အဆုံးသတ်မှာ သေချာသွားပြီ ဖြစ်သည်။