← Chapters

အခန်း ၈၀

Vol. 7 Ch. 80

အခန်း ၈၀

Vol. 7 Ch. 80

အခန်း။ ၈၀

ဇောင်ရီဖိန်၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖျော့သွားကာ အားအင်ကုန်ခမ်းစွာဖြင့် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

သူမ မတ်တတ်ပင် မရပ်နိုင်တော့ပေ။

"မဟုတ်ဘူး ဒါတွေက ကျွန်မနဲ့ မဆိုင်ဘူး။ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး"

ဇောင်ရီဖိန်က တုန်ရီစွာ ရေရွတ်နေသည်။

ဂူချန်က "အမှန်အတိုင်း ဝန်ခံရင်တော့ ပြစ်ဒဏ်ပေါ့ပါးခွင့် ရနိုင်ပါတယ်" ဟု အေးဆေးစွာ ပြောသည်။

ဇောင်ရီဖိန်သည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် အသံတုန်တုန်ရီရီဖြင့် စတင်ဝန်ခံတော့သည်။ "ကျွန်မ ဇောင်လဲ့လဲ့နဲ့ တွေ့တာ သုံးနှစ်ရှိပြီ။ သူမက ကျွန်မကို မိခင်အဖြစ် သရုပ်ဆောင်ခိုင်းတယ်။ ပြီးတော့ ဒေသတွင်းမှာ အိမ်ငှားပြီး တစ်နိုင်ငံလုံးက အမျိုးသားတွေကို တင်တောင်းငွေ လိမ်ဖို့ ပြောတယ်။ အန္တရာယ်ကင်းတယ်လို့ သူမက ပြောတယ်။ ဇောင်လဲ့လဲ့က ဥပဒေနားမလည်တဲ့ ရိုးသားတဲ့သူတွေကို လိမ်ရတာ အလွယ်ဆုံးပဲလို့ ပြောတယ်။ တရားရုံးထိ ရောက်သွားမယ့်သူတွေကို လိမ်ရင်တော့ ရှုပ်တယ်တဲ့..."

"ချမ်းသာတဲ့သူဌေးသားတွေကို လိမ်ရင်တော့ ပိုကောင်းတာပေါ့။ တင်တောင်းငွေရသလို လက်မထပ်ခင်မှာ အိမ်နာမည်ပေါက် နှစ်ယောက်စလုံးနာမည်ပါအောင် လုပ်ခိုင်းလို့ရတယ်။ သူဌေးသားတွေက သူမနာမည်တစ်ယောက်တည်းကို လွှဲပေးလောက်အောင် မတုံးကြဘူးလေ။ လက်ထပ်ပြီး တစ်လလောက်နေရင် ကွာရှင်းလိုက်တာနဲ့ ပိုင်ဆိုင်မှုတွေရော၊ အိမ်ပါ အကုန်ရသွားမှာပေါ့..."

"ဒီနောက်ပိုင်းမှာ ဇောင်လဲ့လဲ့က ဒီနည်းနဲ့ ငွေရှာရတာ နှေးတယ်လို့ ခံစားလာရတယ်။ သူမရဲ့ စားစရိတ်ကလည်း များတော့ အိမ်တွေကို လေလံတင်ရောင်းတာကလည်း ကြာတယ်လေ။ ရိုးသားတဲ့သူတွေကို လက်ထပ်ဖို့ စည်းရုံးပြီး တင်တောင်းငွေရဖို့ဆိုရင် အနည်းဆုံး တစ်လလောက် ကြာတတ်တယ်။ ဒါနဲ့ပဲ ဇောင်လဲ့လဲ့က ရုပ်ရှင်ရိုက်သလိုမျိုး သရုပ်ဆောင်တဲ့ နည်းကို ပြောင်းလိုက်တယ်။ ဒီနည်းက ငွေပိုမြန်တယ်။ သူမက ငွေရရင် ဘာမဆိုလုပ်မှာပဲ။ ဒါပေမဲ့ သူမရိုက်တဲ့ ရုပ်ရှင်တွေက လူကြိုက်မများဘဲ ဝင်ငွေမကောင်းခဲ့ဘူး..."

"သူမက ငွေရဖို့ပဲ တွေးနေတာ။ ကျွန်မကတော့ မိခင်နေရာက သရုပ်ဆောင်ပေးပြီး တင်တောင်းငွေ တောင်းပေးရုံသက်သက်ပါ။ ကျန်တဲ့ လိမ်လည်မှုတွေမှာ ကျွန်မ မပါဝင်ခဲ့ပါဘူး။ ဒီနှစ်မှပဲ ဇောင်လဲ့လဲ့က အမျိုးသားတွေကို မုဒိမ်းမှုနဲ့ စွပ်စွဲပြီး ငွေညှစ်ဖို့ စဉ်းစားလာတာ။ ဒါက တရားမဝင်ဘူးလို့ ကျွန်မ ပြောပေမဲ့ သူမက အတင်းလုပ်ခိုင်းလို့ သဘောတူလိုက်ရတာပါ..."

"ဒီနှစ်ထဲမှာတင် လူသုံးယောက်ကို လိမ်ခဲ့ပြီး နှစ်ယောက်ကတော့ ကြောက်လန့်ပြီး အိမ်တွေကို သူမနာမည်ပေါက် လွှဲပေးလိုက်တယ်။ ချိုင်ချန်းကတော့ ဘယ်လိုမှ မလွှဲပေးတဲ့အတွက် ဇောင်လဲ့လဲ့က ဒီလိုမျိုး လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာပါ"

ဇောင်ရီဖိန်က ငိုယိုရင်း ဝန်ခံလိုက်သည်။

မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် သူမက ဆက်ပြောသည်။

"ကျွန်မတို့ သိကျွမ်းတာ သုံးနှစ်ရှိပြီဆိုပေမဲ့ ငွေသိပ်မရခဲ့ပါဘူး။ တစ်ခါရရင် သုံးထောင်၊ တစ်ခါတလေ အိမ်တစ်လုံးရရင် တစ်သောင်းလောက်ပဲ ရတာပါ။ သုံးနှစ်အတွင်းမှာ စုစုပေါင်း တစ်သိန်းလောက်ပဲ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ အရမ်း စိတ်ဓာတ်ကျနေတာပါ"

ဇောင်ရီဖိန်က ဆက်လက်၍ "ကျွန်မရဲ့ သားက လွန်ခဲ့တဲ့ လေးနှစ်က သွေးကင်ဆာရှိနေမှန်း သိလိုက်ရတယ်။ တစ်လကို ကုသစရိတ် ဘယ်လောက်ကုန်လဲ သိလား တစ်လကို ငါးထောင် ကျွန်မသားက မူလတန်းပဲ ရှိပါသေးတယ်။ ပြင်းထန်တဲ့ သွေးကင်ဆာပါ"

"သားကို ကုသဖို့အတွက် ကားရောင်းလိုက်ရတယ်၊ အိမ်လည်း ကုန်သွားပြီ၊ ဘယ်ဆွေမျိုးကမှလည်း ကျွန်မကို ပိုက်ဆံမချေးချင်ကြဘူး။ ကျွန်မယောက်ျားကလည်း ဒီသားကို မလိုချင်တော့ဘူး။ ကျွန်မက မသတ်ချင်လို့ ငြင်းတော့ ကွာရှင်းလိုက်ကြတယ်။ မိဘတွေကလည်း ကျွန်မနဲ့ အဆက်အသွယ် ဖြတ်လိုက်ကြတယ်..."

"သားကို ကုသဖို့ နည်းလမ်းရှာနိုင်တာ ကျွန်မတစ်ယောက်တည်းပါ။ ကျွန်မ လက်မလျှော့နိုင်ဘူး၊ လက်လျှော့လိုက်ရင် ကျွန်မသား သေလိမ့်မယ် သူ သေသွားလိမ့်မယ်"

"ဒါကြောင့် ဇောင်လဲ့လဲ့ လာကမ်းလှမ်းတဲ့အခါ ကျွန်မ ဘာမဆို လုပ်ဖို့ ဝန်မလေးခဲ့တာပါ။ ဒါပေမဲ့ လူသတ်မှုတွေအထိ ဖြစ်လာမယ်လို့ ကျွန်မ တကယ် မသိခဲ့ပါဘူး။ ကျွန်မ အပြစ်တွေကို ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်မသားလေးကို ကယ်တင်ပေးဖို့ လူ့အဖွဲ့အစည်းကို တောင်းဆိုချင်ပါတယ်။ သူက ဘာမှ မလုပ်ခဲ့ပါဘူး။ ဘာဥပဒေမှလည်း မချိုးဖောက်ခဲ့ပါဘူး"

"ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ တောင်းပန်ပါတယ်... ကျွန်မသားလေး အသက်ရှင်ဖို့ပဲ လိုချင်တာပါ။ တခြားရွေးချယ်စရာ မရှိခဲ့လို့ပါ။ ဆေးတွေကလည်း ဈေးကြီးသလို ကုသစရိတ်တွေကလည်း အရမ်းမြင့်မားလွန်းပါတယ်။ ကျွန်မ ပိုက်ဆံတွေ အများကြီး လိမ်မိပေမဲ့ တစ်ရက်မှ ကောင်းကောင်းမစားရပါဘူး။ လိမ်လည်ခြင်းက မှားတယ်ဆိုတာ သိပေမဲ့ သားလေးကို ကယ်ဖို့အတွက်ပဲ တွေးခဲ့တာပါ။ သူက ကျွန်မရဲ့ တစ်ဦးတည်းသော သားပါ..."

"ကျွန်မကတော့ ပေါင်မုန့်နဲ့ ရေနွေးပဲ စားနေရတာပါ။ သားလေး ဖျားနာကတည်းက ကျွန်မ ထမင်းကောင်းကောင်း တစ်နပ်မှ မစားရတာ ကြာပါပြီ"

ဇောင်ရီဖိန်က တရားခွင်တွင် မျက်ရည်စက်လက်ဖြင့် ဝန်ခံကာ ပြောဆိုသွားသည်။

"ဇောင်လဲ့လဲ့က ကျွန်မကို ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ပိုပေးပါ့မလား တင်တောင်းငွေ မရတဲ့အခါတိုင်း သူမက ကျွန်မကို အပြစ်တင်ပြီး ငွေတွေဖြတ်တာပဲ။ ကျွန်မမှာ ဘာမှလုပ်စရာလမ်း မရှိတော့ဘူး... ဒီနည်းလမ်းကလွဲရင် ကျွန်မသားကို ကယ်ဖို့ တခြားနည်းလမ်း ကျွန်မ မသိတော့ပါဘူး"

"တရားသူကြီးမင်း ကျွန်မ ဝန်ခံပါတယ်... ကျွန်မသားလေးကို ကယ်တင်ပေးဖို့ပဲ တောင်းဆိုပါတယ်ရှင်"

ဇောင်ရီဖိန်သည် မျက်ရည်များစီးကျလျက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်။

ဥပဒေဆိုသည်မှာ မညှာတာတတ်ပေ။ လိမ်လည်မှုဟူသည်မှာ လိမ်လည်မှုသာဖြစ်သည်။

ရှေ့နေဂူချန်သည် သူမအား ကူညီပေးနိုင်သည့် အခြေအနေမဟုတ်သော်လည်း ရှေ့နေတစ်ယောက်၏ တာဝန်ဝတ္တရားအတိုင်း လုပ်ဆောင်ရန်သာ ရှိသည်။

ထိုခေတ်ကာလတွင် သွေးကင်ဆာကုသသည့် ဆေးဝါးများမှာ အလွန်ပင် ဈေးကြီးလွန်းပြီး ကျန်းမာရေးအာမခံဖြင့်လည်း အကျုံးမဝင်သောကြောင့် သာမန်ပြည်သူများမှာ ဝယ်ယူရန် အခက်အခဲကြီး ဖြစ်နေသည်။

ဇောင်ရီဖိန်သည် ဂူချန်၏ ရှေ့တွင် ဒူးထောက်ကာ "ရှေ့နေဂူ ကျွန်မ အသေခံရမှာ ထိုက်တန်ပါတယ်။ ဒါပေမဲ့ တစ်ခုလောက်တော့ တောင်းဆိုပါရစေ။ ရှေ့နေကြီးက အရည်အချင်းရှိတဲ့သူပါ။ ရှေ့နေကြီး ကိုင်တွယ်ခဲ့တဲ့ အမှုတွေကို ကျွန်မ ကြည့်ခဲ့ဖူးပါတယ်။ အခုလည်း ရှေ့နေကြီး ဘယ်လောက်တော်တယ်ဆိုတာ သိလိုက်ရပါပြီ..." ဟု ပြောသည်။

"တစ်နေ့နေ့မှာ... ရှေ့နေကြီး တတ်နိုင်မယ်ဆိုရင် ဒီလိုဆေးဝါးဈေးနှုန်းတွေ အဆမတန် မြင့်မားနေတဲ့ ဆေးကုမ္ပဏီတွေကို တရားစွဲပေးပါဦး။ သူတို့ဆေးတွေက အရမ်းဈေးကြီးလွန်းပါတယ်။ ပြီးတော့ အသက်ကယ်ဆေးဝါးတွေကိုလည်း သူတို့က အပြင်းအထန် တားဆီးထားတာပါ။ ဒီလို လူနာတွေရဲ့ အခွင့်အရေးအတွက် ရှေ့နေကြီး တိုက်ပွဲဝင်ပေးပါ... ကျွန်မတို့ နိုင်ငံသားတွေ ဆေးဝါးတွေကို ဝယ်နိုင်ဖို့ အနည်းဆုံးတော့ အာမခံထဲမှာ ထည့်သွင်းပေးဖို့ ရှေ့နေကြီး ကြိုးစားပေးပါဦး"

...

ထိုသို့ ပြောဆိုအပြီးတွင် ဇောင်ရီဖိန်မှာ အသက်အရွယ်ကြီးရင့်သွားသကဲ့သို့ နွမ်းနယ်သွားသည်။

ဇောင်လဲ့လဲ့မှာမူ အခြားသူများ၏ ပြောဆိုချက်ကို ဂရုမစိုက်ဘဲ စိုးရိမ်တကြီးဖြင့် ဖုန်းကိုသာ ကြည့်နေသည်။

တရားခွင်တွင် လူအားလုံး၏ အာရုံစိုက်မှုမှာ ဇောင်ရီဖိန်ထံ ရောက်နေချိန်၌ သူမသည် သူမကိုယ်သူမ အပြစ်ကင်းသည်ဟု ယူဆကာ ဖုန်းဖြင့် အလုပ်ရှုပ်နေသည်။

သူတို့က အိမ်ကို လွှဲပေးခဲ့တာ၊ တင်တောင်းငွေကို ပေးခဲ့တာ၊ အားလုံးက ဆန္ဒအလျောက် လုပ်ခဲ့ကြတာပဲ၊ ဒါက ဘယ်လိုလုပ်ပြီး ရာဇဝတ်မှု ဖြစ်ရမှာလဲဟု သူမ တွေးနေသည်။

ဇောင်လဲ့လဲ့မှာ သူမနှင့် ညဘက်ချိန်းထားသည့် စပွန်ဆာက တစ်ညလျှင် ငွေငါးထောင်မှာ ဈေးကြီးလွန်းသည်ဟု ပြောကာ လျှော့ချပေးရန် တောင်းဆိုနေသဖြင့် စိတ်တိုနေသည်။

စပွန်ဆာ: "ငါးထောင်လား ဈေးကြီးလိုက်တာ သုံးထောင်ပဲ။ မဟုတ်ရင် တခြားတစ်ယောက် ရှာတော့မယ်"

ဇောင်လဲ့လဲ့: "ဘာလို့လဲ ကျွန်မက ရုပ်ချောတာပဲ"

စပွန်ဆာ: "မင်းက တုံးလိုက်တာ ဒီလောက်ဈေးကြီးတာ မင်းကိုယ်မင်း စိန်တွေနဲ့ ဖုံးထားတယ် ထင်နေလား"

ဇောင်လဲ့လဲ့: "……"

[သင်၏ မက်ဆေ့ချ်ကို block လိုက်ပါသည်]

Block ခံလိုက်ရသဖြင့် ဇောင်လဲ့လဲ့မှာ ဒေါသထွက်ကာ အဆိုပါ အမျိုးသားအား ပြန်လည်

ဆဲဆိုရန် ကြိုးစားသည်။

ထိုအချိန်တွင် သူမ၏ ဖုန်းကို တရားရုံးလုံခြုံရေးရဲတပ်ဖွဲ့ဝင်က သိမ်းဆည်းသွားသည်။

ဇောင်လဲ့လဲ့: "……"

သူမသည် ဒေါသတကြီးဖြင့် ရဲတပ်ဖွဲ့ဝင်ကို ပါးရိုက်လိုက်သည်။

"မင်းတို့ ရူးနေလား။ ငါ့ဖုန်းကို ဘာလို့သိမ်းတာလဲ။ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကို မင်းတို့ ထိပါးနေတာပဲ။ ငါ့ဖုန်းကို တစ်စက္ကန့်သိမ်းလိုက်လို့ ငါဘယ်လောက်ဆုံးရှုံးသွားလဲ သိလား။ မင်းတို့ လျော်နိုင်လို့လား။ အကောင်းဆုံး ရှေ့နေငှားပြီး မင်းတို့ကို ထောင်ထဲပို့ပေးမယ် သိလား" ဟု အော်ဟစ်လိုက်သည်။

All Chapters