အခန်း (၁၂၁၁-၁၂၁၂)
Vol. 62 Ch. 1211-1212
အခန်း ၁၂၁၁။ ဖြစ်ချင်စိတ်
ရှဲ့ချောင်သည် ဖြစ်နိုင်ချေရှိသည်ဟု တွေးမိသဖြင့် သူမ မောင်နှမများ၏ အကြည့်အောက်တွင်ပင် ရင်ဘတ်ကိုဖိလျက် နှစ်ကြိမ်ချောင်းဆိုးလိုက်ကာ သူမအား အိမ်ပြန်ပို့ပေးရန် ကူညီစေခဲ့၏။
သူမသည် အိပ်ယာထက်တွင် လှဲလျောင်းနေသည်မှာ အားနည်းနေသူတစ်ယောက်ပမာ။
ချွင်းအာ ဇဝေဇဝါဖြစ်သွားခဲ့သော်လည်း သူမအား မဖော်ထုတ်ခဲ့ပေ။
“အစ်မကြီး စားချင်တာတစ်ခုခုရှိလား၊ ကျွန်တော်ဝယ်ပေးမယ်..” ရှဲ့ဖင်းဟွိုက်သည် ရပ်လိုက်ကာ ထို့နောက်မှ ဆက်၍ “ ရှီအာက အစ်မကို ပိုက်ဆံပေးလိမ့်မယ်”
ရှဲ့ရှီ ခေါင်းညိတ်လျက်
“ညီမလေး ပိုက်ဆံတွေအများကြီးစုထားတယ်”
“ ဒီတလော … အစ်မပျင်းနေတာ၊ နှံကောင်နဲ့ကစားချင်လား”
ရှဲ့ချောင် ကောက်ကျစ်စွာဖြင့် ဆိုလေ၏။
“အစ်မကြီး ကျွန်တော့်ကိုမလှောင်ပါနဲ့၊ ကျွန်တော် အဲဒီလိုဟာတွေနဲ့ ကစားရတာ မကြိုက်တော့ဘူး”
ရှဲ့ဖင်းဟွိုက်တစ်ယောက် ခါးသီးစွာ ပြုံးလို့နေ၏။
"အရင်က ကျန်းမာရေးကောင်းတယ်မဟုတ်ဘူးလား၊ ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ"
“အရင်ကလား၊ ဟိုးအရင်က နေမှာပေ့ါ"
ရှဲ့ချောင် ဖြည်းဖြည်းချင်းဆိုလေသည်။
ထိုကဲ့သို့ ကောလာဟလမျိုး အဘယ်ကြောင့် ရုတ်တရက်ပျံ့သွားခဲ့ရသည်ကို မသိသော်လည်း သူမတို့သည် သွေးသားတော်စပ်သော မောင်နှမများဖြစ်သဖြင့် သူတို့အား စနောက်သည့်အတွက် သူမအား အပြစ်တင်၍ မရပေ…. ပျော်စရာကောင်းလှပေ၏….
အခမ်းအနားပြီးသည့်နောက်ဖြစ်လာမည့်အရာများအား သူမမသိ။ သူတို့အား စောစီးစွာအသားကျ
အောင် လုပ်ခိုင်းထားသည်က ပိုကောင်းပေသည်။
ထိူအခါမှသာ ရှေ့ဆက်ပြီး ဝမ်းမနည်းရမည်ပင်။
သူမ သေလိမ့်မည်မဟုတ်။ အမြင်အာရုံချို့ယွင်းသွားမည်သာ။ ၎င်းသည် သူတို့အတွက် ပျော်စရာကိစ္စတစ်ခု ဖြစ်နေဆဲပင်။
ရှဲ့ချောင်သည် ကံဆိုးမည်အား ကြောက်လန့်ခြင်းမရှိ။ သူမ၏ နောက်ဆုံးစကားများအား စတင်၍ ပြောခဲ့လေသည်။
“မောင်လေးကို အစ်မစိတ်အပူရဆုံးပဲ၊ အစ်မထွက်သွားပြီးတဲ့အခါကျရင် မင်းညီမကို ကောင်းကောင်းကာကွယ်ပေးရမယ်၊ ကိုယ်ခံပညာကို ကောင်းကောင်းလေ့ကျင့်ပြီးတော့ အစ်ကိုကြီးကို အနိုင်ယူမယ်ဆိုတဲ့ အစ်မဆန္ဒကို ဖြည့်ပေးရမယ်၊ အပျင်းမကြီးနဲ့…”
ရှဲ့ဖင်းဟွိုက်၏ နှုတ်ခမ်းထောင့်စွန်းတို့ တုန်လှုပ်သွားသည်။ ၎င်းအား ဟုတ်ကဲ့ဟု ပြန်မဖြေချင်ခဲ့ပေ။
ယခုအချိန်၌ သူနှင့်အစ်ကိုကြီးကြားမှ ကွာဟချက်အား သူသိသည်။ သူ့အား အနိုင်မယူနိုင်မည်ကို ကြောက်နေမိ၏။
“ရတယ်” သူ့၌ ရွေးချယ်စရာမရှိခဲ့။ သူ၏ အစ်မကြီးအား အေးအေးချမ်းချမ်း သေသွားစေချင်ခဲ့သည်။
“ငါ အဟမ်း.. ငါမင်းကို ပညာရှင်စာသင်သားတစ်ယောက်ဖြစ်စေချင်တုန်းပဲ… ဒါပေမဲ့ … အစ်မခန္ဓာကိုယ်က မသန်မာတော့… အကုန်လုံးကို မင်းဆီပဲ အပ်ခံရလိမ့်မယ်.. ငါတို့မိသားစုမှာ ငါကလွဲရင်.. မင်းတစ်ယောက်ပဲ စာအုပ်အများဆုံးဖတ်နိုင်တာ…”
ရှဲ့ဖင်းဟွိုက်သည် တံတွေးမျိုချလျက် ထွက်ပြေးချင်နေလေပြီ။
စာသင်သား?!
အို့ ဘုရားရေ သတ်သာသတ်လိုက်ပါတော့လား!
အစ်မကြီးရဲ့ အသက်ကိုမယူဘဲ သူ့အသက်ကိုသာ ယူသွားလိုက်ပါတော့.. သူ့လို ဝင်ခွင့်စာမေးပွဲဖြေဖို့တောင် သက်တမ်းတစ်ဝက်လောက်ကြာတဲ့သူကို ပညာရှင်စာသင်သားတစ်ယောက်ဖြစ်စေချင်တယ်တဲ့လား?တစ်နေကုန် စာအုပ်တွေကြားထဲမှာပဲ အချိန်ဖြုန်းနေရမှာလား?
အကြီးဆုံးအစ်မသည် အလွန်ရက်စက်လွန်းလှ၏။ မကောင်းဆိုးဝါးတစ်ကောင်ကောင် ဝင်ပူးနေခြင်းဖြစ်လောက်ပေသည်!
ထိုသို့သော ဆန္ဒမျိုးသည်ဖြစ်ချင်စိတ်တစ်ခုသာ။
“ သူ ကျိန်းသေပေါက် လုပ်နိုင်မှာ! အစ်မကြီး စိတ်မပူပါနဲ့”
ရှဲ့ရှီသည် သူ့အားနောက်ကျော ဓားနှင့်ထိုးလိုက်လေ၏။
ရှဲ့ချောင်သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့ အစ်မ မင်းကိုယုံပြီးသား”
ရှဲ့ရှီအတွက်မူ ရှဲ့ချောင်သူမအား လုံးဝ စိတ်မပူရပေ။
သူမသည် ရူးကြောင်ကြောင်နိုင်သည်ပုံပေါ်သော်လည်း စင်စစ် မိသားစုထဲ၌ အခြားသူများထက် ပိုနားလည်လွယ်ပြီး ဆင်ခြင်တုံတရားရှိသူဖြစ်သည်။ အနာဂတ်တွင် သူမ၏ အိမ်ထောင်ရေးကိုသာ စိတ်ပူစရာရှိသော်လည်း ၎င်းသည် ပြဿနာမဟုတ်။
အကြောင်းမှာ ရှဲ့မိသားစုတွင် အမျိုးသားသုံးဦးရှိပြီး တစ်ယောက်ကမှ ဆန့်ကျင်သင့်သောသူများမဟုတ်ကြ။
“နောက်ပိုင်း မတရားခံရတာတွေဘာတွေရှိရင် သူတို့ကိုသာပြော၊ ညီမလေးလည်း အကွက်နည်းနည်းသင်ထားတယ်မလား၊ တစ်ယောက်ယောက်က အနိုင်ကျင့်ရင် သူတို့ကိုပြန်သာရိုက်၊ ဘာမှကြောက်မနေနဲ့"
ရှဲ့ချောင်၏ စကားလုံးများသည်… ရှဲ့ရှီအား သတ္တိပေးရန်ဖြစ်ပြီး သူမအား ပို၍ ရဲဝံ့လာစေသည်။
မိန်းမတွေက သိမ်မွေ့သင့်တယ်?!
အဓိပ္ပာယ်မရှိဘူး
သူမ ရှဲ့ချောင်သာ ကောင်းမွန်သည့် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့သော် ကိုယ်ခံပညာသင်ယူပြီး သူရဲကောင်းတစ်ယောက် ဖြစ်လာလောက်မည်ပေ။ သူမသည် အခြားသူများထက် ပို၍ ကြမ်းတမ်း၏။
အငယ်မောင်နှမနှစ်ယောက်သည် သူမ၏ စကားအား ဆုံးသည်အထိနားထောင်လျက် ငိုနေကြသည်။
ရံဖန်ရံခါ ရှဲ့ချောင် အသက်ရှုရပ်လုနီးနီးဖြစ်သွားချိန်မျိုးတွင် သူမမသေခင်နောက်ဆုံးပြောမည့်စကားဟု ထင်တတ်ကြ၏။ သို့သော် မျက်စိတစ်မှိတ်အတွင်းပင် သူမသည် အသက်ရှုရပ်နေခြင်းမှသည် နားပူနာဆာဆက်လုပ်လို့နေခဲ့လေသည်။
နှစ်ဦးသားမှာ နားထောင်ရင်း အနည်းငယ် ဇဝေဇဝါဖြစ်နေကြ၏။
သူတို့၏ စိတ်များမှာ ကမောက်ကမဖြစ်နေလျက်။
ဘယ်လောက်ကြာတဲ့အထိ စကားပြောနေတာလဲ?
နှစ်နာရီ? သူ့ပါးစပ်မခြောက်သေးဘူးလား?
အသက်ရှုနိုင်သမျှ အကုန်သုံးလိုက်ပြီမဟုတ်ဘူးလား?
သေတော့မယ့်လူတစ်ယောက်က ဘာလို့သူတို့ထက်ပိုပြီး စကားများနိုင်နေရတာလဲ?
••••••
[TN/ ပရောဟိတ်ကြီးနဲ့ တော်ဝင်ဆရာကြီးက အတူတူပါပဲနော်]
အခန်း ၁၂၁၂။ ခက်ခဲလွန်းသော
မည်သို့ပင်ဖြစ်စေ ရှဲ့ဖင်းဟွိုက်သည် ရှောင်းယွိရုန်ထံ၌ သင်ယူဆည်းပူးနေသည်မှာ ကြာနေလေပြီ။ ယခုအခါ အနည်းငယ် အသက်ကြီးလာပြီဖြစ်သဖြင့် ယခင်ထက်ပို၍ လျင်မြန်စွာတွေးခေါ်နိုင်ခဲ့သည်။
အိမ်ရှေ့စံမင်းသားအိမ်တော်မှ ထွက်လာပြီးနောက် မျက်လုံးများနီရဲ၍ ဝမ်းနည်းနေရှာသော သူ၏ ဦးနှောက်မရှိသော ညီမအား ကြည့်လိုက်၏။
သူ၏ နှလုံးခုန်သံတို့မှာ မြန်နေလျက်။
“ရှီအာ၊ အစ်မကြီးက ငါတို့ကိုလှည့်စားနေတယ်လို့ ခံစားနေရတယ်…”
“ဘာလို့ အစ်မကြီးကိုအဲဒီလိုပြောရတာလဲ”
ရှဲ့ရှီ၏ မျက်လုံးများမှာ နီရဲနေဆဲ။
“ထူးဆန်းနေတယ်လို့ ခံစားရလို့၊ သေတော့မယ့်ပုံနဲ့ လုံးဝမတူဘူး၊ ပြီးတော့ အိမ်ရှေ့စံမင်းသားအိမ်တော်ကို ကြည့်ကြည့်၊ ဝမ်းနည်းမှုအရိပ်အယောင်ဆိုတာ ဘယ်မလဲ, အစ်မချွင်းအာကလည်း ငါ့ကိုငတုံးတစ်ယောက်လို လာကြည့်နေတာ…”
ရှဲ့ဖင်းဟွိုက်သည် လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာလို့နေ၏။
“မဟုတ်လောက်ပါဘူး၊ ညီမလေးတို့တွေ အစ်မကြီးဆီ လာတွေ့တာ လက်ဆောင်လေးတစ်ခုတောင် ယူမလာဘူး..”
ရှဲ့ရှီမှာ နောင်တတို့ဖြင့်ပြည့်နေလေသည်။
သတင်းအား ကြားရပြီးနောက် မယုံကြည်သဖြင့် ချက်ချင်းဆိုသလို အပြေးအလွှားရောက်ခဲ့၏။
လက်ဆောင်ပြင်ရန်ပင် အချိန်မရခဲ့!
“အစ်မကြီးက အရင်ကလည်းသေဖူးတာပဲ၊ မြေကြီးထဲတောင် မြှုပ်ခံရတာကို နောက်ဆုံးကျတော့ အသက်ရှင်နေသေးပြီး ငါတို့ရှေ့မှာရပ်နေခဲ့တာလေ”
ရှဲ့ဖင်းဟွိုက်သည် ရှဲ့ချောင်၏ မျက်လုံးထဲရှိ အကြည့်အားတွေးမိပြီး အလွန်ရင်းနှီးလွန်းနေသည်ဟု ခံစားခဲ့ရသည်။
အတိတ်၌ သူ၏ အစ်မကြီး သူ့အားလိမ်ခဲ့စဉ်အခါကနှင့် တစ်ထေရာတည်းပင်။
“အစ်ကိုက အစ်မကိုတမင်သက်သက် ဘက်လိုက်နေတာအသိသာကြီး!”
ရှဲ့ရှီ သူ့အား လျစ်လျူရှုထားလိုက်၏။
အစ်မကြီးလို အရမ်းကြင်နာတတ်တဲ့သူက သူမကို လှည့်စားမှာတဲ့လား?!
အစ်မကြီးက သူမအပေါ် အကောင်းဆုံးပဲ!
ရှဲ့ဖင်းဟွိုက်သည် တစ်စုံတစ်ခုအား ပြောချင်နေသေးသော်လည်း သူ့ကိုယ်သူတားခဲ့၏။
အဆုံးတွင်မူ သူ၏စကားလုံးများအား မျိုသိပ်ခဲ့လေသည်။
ရှဲ့ရှီသည် တုံးအလွန်း၏။ သူမသည် အကြီးဆုံးအစ်ကို၊အစ်မတို့ဆီမှ သင်ပြခြင်းမခံခဲ့ရ။ ပြောတိုင်းယုံနေဆဲ။ သူကမူ မတူပေ။ သူသည် ဤကဲ့သို့သော အခြေနေမျိုးအား များစွာမြင်တွေ့ခဲ့ဖူးလေပြီ။ အစ်မကြီး သေမည်အား သူ မယုံကြည်. .. သူ၏ အစ်မကဲ့သို့ လိမ်လည်နိုင်သူများသည် နှစ်ပေါင်းထောင်ချီအတွက် ကပ်ဆိုးခြင်းတစ်ခုဖြစ်လိမ့်မည်ဟုပင်… ခံစားရသည်!
မောင်နှမနှစ်ယောက်အား လှည့်စားပြီးသွားသည့်နောက် ရှဲ့ချောင်သည် အိပ်ယာထဲမှ အလျင်အမြန်ထလိုက်၏။
သူမသည် မုန့်မိသားစုဆီသို့သွားကာ မုန့်ကျိဖန်အား ဖိတ်ခဲ့သည်။
သူမအား ဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုရမည့်အချိန်ပင်။
သူမ အဆင်ပြေနေသေးစဉ်အချိန်တွင် သူ့အား ဂိုဏ်းထဲသို့ လက်ခံခဲ့၏။ ၎င်းက မှန်ကန်ပေသည်။ဤတစ်ကြိမ်တွင် သူလည်း လောကကြီးအား မြင်တွေ့နိုင်လိမ့်မည်။
မုန့်ကျိဖန်သည် လတ်တလော၌ အင်အားမရှိသကဲ့သို့ဖြစ်နေခဲ့၏။ တစ်နေ့လုံး တောင်းပန်ပြီးသွား
သည့်နောက် မော့ချူးရှန်းသည် သူ့အား စာအုပ်နှစ်အုပ်ကမ်းပေးခဲ့ကာ သူကိုယ်တိုင်လေ့လာရမည်ဟု ပြောခဲ့သည်။ ထို့နောက်တွင် စာမေးပွဲဖြေဆိုရမည်ဟု ဆိုခဲ့၏။
သူသည် စာအုပ်အားဖွင့်ပြီးနောက် လွှင့်ပစ်မိလုနီးနီး။
ပထမစာအုပ်သည် ရုပ်ပုံစာအုပ်အထူကြီးတစ်အုပ်ဖြစ်၏။
ထိုစာအုပ်တွင် မကောင်းဆိုးဝါးဝိဉာဉ်မျိုးစုံ၏ အသက်ဝင်လှသော ရုပ်ပုံများအပြည့်။
တချို့သည် အပိုင်းပိုင်းစုတ်ဖြဲခံထားရကာ တချို့မှာမူ ကိုယ်လက်အင်္ဂါများ ပုံပျက်ပန်းပျက် ဖြတ်တောက်ခံထားရပြီး တချို့သည်ကား စိတ်မချမ်းမြေ့စရာကောင်းလှပြီး အစိမ်းရောင်အရည်များ ထုတ်လျက်ရှိ၏။ စာအုပ်မှတဆင့်ပင် ဆိုးရွားလှသော အနံ့ဆိုးအား ရနိုင်လေသည်!
ပုံပြစာအုပ်၏ အနောက်တွင်မူ လောကကြီးရှိ မကောင်းဆိုးဝါးဝိဉာဉ်မျိုးစုံ၏ လက္ခဏာများဖြစ်သည်။
တချို့သည် မတရားသဖြင့်သေဆုံးခဲ့ရပြီး ရေနှစ်နေသူများက တစ်ဖုံနှင့် သေဆုံးနည်းမျိုးစုံ မကျေမနပ်ချက်မျိုးစုံတို့ ဖြစ်၏။ ထိုအရာအားလုံးအား သူမှတ်မိနေရန်လိုအပ်ပေသည်။
နောက်စာအုပ်တစ်အုပ်လည်း ရှိသေး၏။ ထိုစာအုပ်တွင်မူ ဤနှစ်များအတွင်း မော့ချူရှန်းကူညီပေးခဲ့သော မကောင်းဆိုးဝါးဝိဉာဉ်အားလုံး၏… ဖော်ပြချက်များရှိနေသည်။ ထိုဝိဉာဉ်များသည် ထူးဆန်းသော တောင်းဆိုချက်မျိုးစုံလုပ်ထားကြသူများချည်းပင်!
ဤစာအုပ်သည် အထူးသီးသန့် အမွေတစ်ခုဖြစ်ကာ အခြားသူများအား သင်ပြခွင့်မရှိပေ။
သူသည် ပြဿနာကောင်တစ်ယောက်ဖြစ်ရသော်လည်း အခြေခံလက်ခံနိုင်သည့်သတ်မှတ်ချက်ရှိ၏။ သို့ဖြစ်၍ ဤကဲ့သို့ “အံ့ဖွယ်ရာ” မျိုးအား သူတစ်ယောက်တည်းသာ ခံစားနိုင်သည်!
ဤအရာအား မြင်တွေ့ပြီးချိန်မှစ၍ ထိုအရာများသည် နေ့ရောညပါ သူနားတွင်ရစ်တွယ်နေသည်ဟု ခံစားရလေသည်!
သို့သော် တပည့်တစ်ယောက်ဖြစ်လာသည့်ကိစ္စမှာမူ လူတိုင်းဆီ ပျံ့နှံ့ပြီးနေလေပြီ။
မုန့်ကျိဖန်သည် သူ၏စကားအားမတည်သူ ဆန်ကုန်မြေလေးတစ်ယောက်မဖြစ်ချင်။
သို့သော်ငြား ရက်ပေါင်းများစွာ အိပ်မက်ဆိုးများမက်နေခဲ့၏…
ဤကာလတွင် တာအိုဆရာတစ်ယောက်ဖြစ်လာရန်မှာ အင်မတန်ခက်ခဲလွန်းပေသည်..
မုန့်ကျိဖန်သည် မကျေမနပ်ချက်အပြည့်ဖြစ်နေသောမျက်နှာဖြင့် အိမ်တွင်ရှိနေစဉ် ဆရာမော့သည် သူ့အား အိမ်ရှေ့စံမင်းသားအိမ်တော်သို့ ဖိတ်ခေါ်နေကြောင်း အစေခံတစ်ယောက်ဆီမှ ကြားခဲ့ရသည်။ သူ၏ နှလုံး ဒိန်းခနဲခုန်သွားခဲ့ကာ မျက်နှာမှာမူ ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့လေ၏။
သူသည် သန်မာချင်ယောင်ဆောင်လျက် အပြင်သို့ထွက်သွားခဲ့သည်။
သူ့ မိဘများသည် သူ၏ ပိုင်ဆိုင်မှုများအား ထုပ်ပိုးပြီးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“သားလေး၊ ဆရာမော့က မင်းကိုတပည့်အဖြစ်လက်ခံဖို့ဆိုပြီး လူလွှတ်လိုက်တယ်၊ အခုကစပြီး သူဘယ်သွားသွားနောက်ကလိုက်ရမယ်၊ မုန့်မိသားစုဆီ အကြောင်းကြားထားပြီးပြီ ပြန်မလာခဲ့နဲ့၊ ဒီလောကီရေးရာရေစက်ကြီးက ပြတ်သွားသင့်တာ”
အမတ်ကြီးမုန့်သည် သူ၏ သားအတွက်ပြောခဲ့လေသည်။
••••