← Chapters

အခန်း (၁၂၁၅-၁၂၁၆)

Vol. 62 Ch. 1215-1216

အခန်း (၁၂၁၅-၁၂၁၆)

Vol. 62 Ch. 1215-1216

အခန်း ၁၂၁၅။ သူမ မသေခင် သေရမည်

မုန့်ကျိဖန်သည်လည်း သူအဘယ်ကြောင့် တွေးနေရသေးသလဲဟူသည်ကိုမသိခဲ့။

သူ ရှဲ့ချောင်နှင့်ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို မတွေးမိဘဲ မနေနိုင်ခြင်း သို့မဟုတ် သူမည်သို့မည်ပုံ တမင်သက်သက် ပြဿနာဖန်တီးကာ သူမအား ပြဿနာရှာခဲ့ကြောင်းတို့ကို တွေးမိပြီး အပြစ်ရှိစိတ်ခံစားနေရ၏။

သူမကဲ့သို့ မိန်းကလေးမျိုး၊ သူမ၏ အရည်အချင်းနှင့် အစွဲအကင်းသော စိတ်၊ အပူအပင်ကင်းစွာနေတတ်သော သဘောထားမျိုးနှင့် သူမသည် သက်တမ်းမတိုသင့်ပေ။

မုန့်ကျိဖန်၏ အတွေးတို့ တောင်ရောက်မြောက်ရောက်ဖြစ်နေစဉ် ရှဲ့ချောင်သည် အစီအရင်အား စီစဥ်ပြီးနေလေပြီ။

ချက်ချင်းဆိုသလိုပင် တစ်ခုခုကွာခြားနေကြောင်း မုန့်ကျိဖန်ခံစာလိုက်၏။

အနည်းငယ် စိတ်မလှုပ်ရှားမိဘဲ မနေနိုင်ခဲချေ။

ထိုစဉ် ကျောက်ရွှမ်းကျင်းသည် ပတ်ဝန်းကျင်မှမြင်ကွင်းအား မြင်လိုက်ရသည်။

ရှဲ့ချောင်အား မည်သို့များ တစ်ယောက်တည်းရင်ဆိုင်ခွင့်ပြုနိုင်မည်နည်း။ သူအနေဖြင့် များများစားစားမကူညီနိုင်လျှင်ပင် သူမခံစား၊ မြင်တွေ့နေရသည်အား မြင်ပြီးမှသာ စိတ်အေးနိုင်လိမ့်မည်။

ယွီရွှီဘုရားကျောင်း၌ နှစ်ပေါင်းများစွာ သိမ်းထားခဲ့သော နွားမျက်ရည်တစ်ဝက်အား သူ ဓားပြတိုက်ထား၏။

၎င်းအား အလကားယူခဲ့ခြင်းတော့မဟုတ်။ ဤကိစ္စပြီးသွားလျှင် လူလွှတ်ပြီး ရှာပေးမည်ဟု ကတိပေးခဲ့ကာ သူမအား ပြန်လျော်ပေးမည်ဖြစ်သည်။ ထို့အပြင် ဤအရာ၏ တစ်ဝက်အား သေဆုံးဝိဥာဉ်များအား ဖမ်းဆီးရန်သုံးခြင်းဖြစ်၍ ၎င်းအတွက် ပြန်လျော်ပေးနိုင်လျှင် အကောင်းဆုံးပင်။

ရှဲ့ဖင်းကန်းသည် သူတို့အား လမ်းပြပေးရန်အတွက်သာတာဝန်ရှိသည်။ သူ့၌ အခြားဖြေရှင်းရမည့်အရာများ ရှိသေးသည့်အတွက် ဤနေရာတွင် ကိုးရက်လုံး စောင့်လိမ့်မည်မဟုတ်။

ရှဲ့ချောင်သည် တော်ဝင်ဆရာကြီး၏ လက္ခဏာရှစ်ရပ်အား မသိသဖြင့် သူ့အားရှာတွေ့နိုင်လိ့မ်မည်

မဟုတ်ပေ။ သို့သော် သွေးနှင့် ဆံပင်တို့၏ လမ်းပြမှုသာရှိပါက အဆင်ပြေချေပြီ။ တော်ဝင်ဆရာကြီး မပျောက်ဆုံးခင်၊ ဤအရာများအား ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

ကြယ်အစီအရင် စီစဥ်ပြီးသည်နှင့် ရှဲ့ချောင်သည် အစီအရင်အား စတင်ချိုးဖျက်ခဲ့၏။

သူမသည် မန္တန်တစ်ခုရွတ်ဆိုကာ ကြယ်ခုနစ်စင်းပေါ်တွင် ခြေလှမ်းလိုက်သည်။

မုန့်ကျိဖန်၏ တစ်ကိုယ်လုံး တုန်ယင်နေလျက်။ သူသည် နာခံစွာဖြင့် ညွှန်ကြားချက်အား လိုက်နာခဲ့ကာ အဆောင်ရေအား စတင်ပတ်ဖျန်းခဲ့၏။

မည်သည့်အရာမှ သူ မမြင်နိုင်ခဲ့။ ဤကိစ္စသည် အလွန်အရေးကြီးပုံရသည်။ ရှဲ့ချောင် သူ့အားလုပ်ခိုင်းလျှင် သူလုပ်ရမည်… မည်သို့ပင်ဖြစ်စေ သူသည် တပည့်တစ်ယောက်ဖြစ်နှင့်နေပြီဖြစ်ရာ ခုခံချင်လျှင်ပင် မခုခံနိုင်ပေ။

မုန့်ကျိဖန်သည် သဘောထားကြီးသူတစ်ယောက်ဖြစ်၍ ယခုအချိန်၌ အလုပ်လုပ်သည့်နေရာတွင် အင်မတန် ခရီးတွင်နေချေပြီ။

သူ၏ စိတ်သည် တည်ငြိမ်နေပြီး အဆောင်ရေအား အလွန်ချောမွေ့စွာ ပတ်ဖျန်းလျက်ရှိသည်။

ရံဖန်ရံဖန်ကာာ ရှဲ့ချောင်ပြောနေသည်များကိုလည်း နားစွင့်ကာ နားထောင်နေတတ်၏။

၎င်းတို့ကိုလည်း နားလည်နိုင်ခြင်းမရှိခဲ့ပေ။

‘....ကောင်းကင်ဘုံ၏ လက်ယာဘက်သို့တက် ခြေဖျားထောက်လျက်၊ မာကျောသော….'

“ရှေ့ယခင် အင်ပါယာနတ်ဘုရား နောက်မှရောက်လာသော ယွဲ့ကျန်း ၊ မြင့်မြတ်သော ဆရာသည် သူတို့အား အပြစ်ပေးလိမ့်မည်…တံခါးစောင့်အား ချုပ်နှောင်မှု… ကောင်းကင်နှင့်မြေကြီးတို့ရဲ့ ချီစွမ်းအင်၊ ကျိန်စာများ ရွတ်ဆို၍ ဝိဥာဥ်များသတ်ဖြတ်နိုင်စွမ်း၊ ကောင်းကင်ဆီ တံတွေးထွေးခြင်းသည် မြေကြီးပေါ်၊ တောင်တန်းပေါ်။ အနာပေါက်ပေါ်၊ မီးပုံထဲ၊မကောင်းဆိုးဝါးတို့ပေါ် ကျရောက်

“ ရောဂါသည် ကိုယ်တိုင်ကုသနိုင်စွမ်းရှိ နာမကျန်းမှုသည် ကုသနိုင်၊ မြေအောက်လောကသည် သင့်အပေါ် မူတည်လတ္တံ့…”

“....”

ရှဲ့‌ချောင်၏ အသံအား ကြားရခြင်းသည် သူအား လန်းဆန်းစေကာ အင်မတန် သက်တောင့်သက်သာ ရှိစေလေသည်။

သို့သော် ၎င်းအား နားမလည်နိုင်သလို ရှင်းရှင်းလင်းလင်းလည်း မကြားရ။ သူသာ ရှင်းရှင်းလင်းလင်းကြားရခဲ့သော် ပို၍ ပျော်ရွှင်နိုင်လိမ့်မည်မဟုတ်လော။

မုန့်ကျိဖန်သည် တကယ်တမ်း၌ မျိုးစေ့ကောင်းတစ်စေ့ဟု ဆိုနိုင်ပေ၏။

မုန့်မိသားစုမှ သူ့အားမောင်းထုတ်လိုက်ခြင်းသည် သူ့အား အရူးတစ်ယောက်ဖြစ်နေခြင်းကြောင့်ဟု မဆိုလိုပေ။ သူ၏ ဥာဏ်ပညာသည် ကျန်းကျင်လုနှင့် စန်းယောက်တို့ကဲ့သို့သော လူတို့ထက်ပင် နောက်ကျကျန်နေခြင်းမရှိဟု ဆိုနိုင်ပေသည်။

လူတစ်ယောက်၏ စိတ်နှလုံးမှာ တည်ငြိမ်လေလေ မန္တန်သည် ပို၍ ထိရောက်မှုရှိလေပင်။

ရှဲ့ချောင်သည် သူမ၏ ဓားဖြင့်ကစားပြီးနောက်

အစီအရင်ထဲရှိ အဆောင်စာရွက်တချို့တို့ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်မှာ လေဖြင့်တိုက်ခတ်ခံလိုက်ရသည့်အလား။

ရှဲ့‌ချောင်သည် မျက်လုံးတို့အား အနည်းငယ်မှေးစဥ်းလျက် တင်ပျဥ်ခွေထိုင်ကာ မနားတမ်း မန္တန်ရွတ်လျက်ရှိသည်။

သာမန်လူများမြင်တွေ့ပါက ဤမြင်ကွင်းသည် အင်မတန်ကျက်သရေရှိလွန်းသည်ဟု ခံစားရသဖြင့် လေးစားစိတ်များ ပေါက်လာလောက်၏။

သို့သော် ကျောက်ရွှမ်ကျင်းသည်ကား နွားမျက်ရည်ဖြင့် ပတ်ဝန်းကျင်အား မြင်နေရခဲ့သည်။

နဂါးနှင့် ကျားတို့ကြားမှ တိုက်ပွဲပင်။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်အခန်းထဲ၌ တော်ဝင်ကိုယ်လုပ်တော်ဟွေ့၏ မျက်နှာအမူအရာမှာရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

တစ်စုံတစ်ယောက်သည် သူမအားတိုက်ခိုက်ရန်လုပ်နေလေသည်!

“တစ်ယောက်ယောက်က ရှင့်ကိုကယ်ချင်နေတယ်ပေါ့?! တုံးအချက်!” တော်ဝင်ကိုယ်လုပ်တော်ဟွေ့သည် ခနဲ့လိုက်ပြီးနောက် သူမ၏ ရင်ဘတ်အား ဆုပ်ကိုင်ထားလျက် မသက်မသာခံစားနေရလေသည်။

ဤအစီအရင်အား အချိန်ကြာကြာလုပ်လေလေ တန်ပြန်သက်ရောက်မှုက ပိုပြင်းထန်လိမ့်မည်ပင်!

ယခု တစ်ဖက်လူမှ အစပျိုးရုံရှိသေးကာမူ အကျိုးသက်ရောက်မှုက အလွန်ပြင်းနေလေပြီ။ ကျိန်စာသာ လုံးဝပျက်ပြယ်သွားခဲ့သော် သူမ၏ နှလုံးသား တစ်စစီစုတ်ပြဲပြီး သေလိမ့်မည်မဟုတ်လော?!

သို့သော် … သူမ၏ သေခြင်းတရားဝန်ထုပ်ဝန်ပိုးအား တစ်စုံတစ်ယောက်က ခံရလိမ့်မည်…မည်သို့ပင်ဖြစ်နေပါစေ သူမ၏ အ‌ဖေသည် သူမမသေခင် သေကိုသေရမည်!

•••••

အခန်း ၁၂၁၆။ အနာဂတ်သည် မသေချာ

တော်ဝင်ကိုယ်လုပ်တော်ဟွေ့သည် သွားများကြိတ်လျက် တော်ဝင်ဆရာကြီးအား အေးစက်စွာ ကြည့်နေခဲ့သည်။

တာအိုဘုရားကျောင်းထဲတွင်မူ ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်အစီအရင်စနေသည်အား မြင်သည့်နှင့် အလျင်အမြန်ထွက်ခွာခဲ့၏။

ရှဲ့ချောင်သည် သူ့အား တော်ဝင်ဆရာကြီးမှာ သေကိန်းကြုံနေပြီဖြစ်ကြောင်းပြောပြထားပြီးဖြစ်သော်လည်း သေဆုံးသည်လား အသက်ရှင်သည်လားကို ရှာရန်လိုသေးသည်။ သူရှိနေသည့်နေရာအား ရှာဖွေဖော်ထုတ်ရန်လိုပေ၏။ယခုမူ သူ့တွင် သဲလွန်စတချို့ရှိနေပြီး တော်ဝင်ဆရာကြီးအား နောက်ဆုံးမြင်တွေ့ခဲ့သော မျက်မြင်သက်သေအနည်းငယ်ကို ရှာတွေ့ထားသည်…

ယခုအခါ တော်ဝင်ဆရာကြီး၏ တည်နေရာအား အကြမ်းဖြင့်ဆုံးဖြတ်နိုင်ပြီဖြစ်သည်။

မြင်ကွင်းမှာ တည်ငြိမ်တိတ်ဆိတ်နေလျက်။ ရှဲ့ချောင်၏ ကျမ်းဂန်ရွတ်ဖန်သံများကိုသာ ကြားနေရသည်။

မုန့်ကျိဖန်သည်လည်း သူမဤအရာအား နောက်ကိုးရက်လုံး ဆက်လုပ်နေရမည်လားကို မေးကြည့်ချင်နေခဲ့လေသည်။

အလွန်ပင်ပန်းစရာကောင်းလှ၏…

ပထမရက်ပင်ရှိသေးသည်ကိုပင် သူ လှုပ်ပင်မလှုပ်ချင်တော့ပေ…

သို့သော် သူ့အရှေ့တွင် အဆောင်ရေအပြင် အခြားအရာတစ်ခု ရှိနေသေး၏။ သူ၏ ဆရာသည် သူ့အတွက် တာအိုကျမ်းဂန်များစွာအား ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ရွတ်ဖတ်ရမည်ဟူသည့်… သဘောလော?

စာလုံးများအား သိနေသော်လည်း အနက်အဓိပ္ပာယ်ကိုမူ နားမလည်နိုင်ခဲ့။ သူသာ ဆိုးရွားစွာ ရွတ်ဖတ်မိသော် အပြစ်တင်မခံရသင့်ပေ။

မုန့်ကျိဖန်သည် နှာခေါင်းအား ပွတ်လိုက်၏။ တစ်အောင့်အကြာတွင် သူသည် ရှဲ့ချောင်အား တုပ

လျက် တင်ပျဥ်ခွေထိုင်လိုက်သည်။ ထို့နောက် စာအုပ်တစ်အုပ်အား မျက်နှာထားတည်တည်ဖြင့် ကောက်ယူလိုက်ကာ တောင်ရောက်မြောက်ရောက် စတင်ဖတ်ခဲ့လေသည်။

သူ၏အသံသည် အနည်းငယ်ကျယ်နေကာ ဆူညံနေသော်လည်း ရှဲ့ချောင်မှာမူ သူ့အသံအား မကြားနိုင်ပုံရသည်။

မုန့်ကျိဖန်သည် ပတ်ဝန်းကျင်အခြေနေမှာ ထူးဆန်းနေသည်ဟုသာ ခံစားနေရပြီး ၎င်းသည် အမှောင်စွမ်းအင်က သူ့အပေါ် ဖိနှိပ်နေသည့်အလား။

သူ၏ နှလုံးသားအား တည်ငြိမ်စေကာ ရှဲ့ချောင်၏ အသံအား နားထောင်ခြင်းဖြင့်သာ အနည်းငယ် နေသာထိုင်သာ ရှိစေခဲ့သည်။

ထို့အပြင် ကျမ်းဂန်များသည်လည်း…

ဖတ်ရင်းဖတ်ရင်းဖြင့်.. မသိမသာ စွဲလမ်းလာမိသည်လော?

သူသည် ခေါင်းကုတ်နေကာ ဤကျမ်းဂန်များသည် ထိုမျှမခက်ခဲသည့်အပြင် အကြောင်းအရာမှာလည်း အကျိုးသင့်အကြောင်းသင့်ရှိနေသည်ဟု ခံစားနေရသည်။ အနည်းငယ် ပျင်းဖွယ်ဖြစ်နေရုံသာ။ သို့သော်… သူတို့သည် အစီအရင်အား ချိုးဖျက်နေခြင်းဖြစ်၍ သူ ဖတ်လိုက်သော အခိုက်အတန့်၌ ပိုပြီး သက်တောင့်သက်သာ ဖြစ်လာခဲ့ကာ ပျင်းစရာကောင်းသောအရာက စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့သည်။

ရှဲ့ချောင်၏ နောက်ကျောအား ကြည့်မိချိန်တွင် မုန့်ကျိဖန်မှာ ကသိကအောက်ဖြစ်သွားရသည်။

ထို့နောက် ခေါင်းငုံ့လျက်ဖြင့် စတင်ရွတ်ဖတ်ခဲ့၏။

နောင်အနာဂတ်တွင် သူသည် ရှဲ့ချောင်နောက်သို့ လိုက်ချင်ခဲ့သော် မဖြစ်နိုင်သည်တော့မဟုတ်…

သူ၏ ဝါစဥ်သည် နိမ့်နေသေးသော်လည်း ရှဲ့ချောင်သည် အလွန်ထူးခြားသူဖြစ်ကာ အထူးသဖြင့် သူမ၏ မြင်းထိန်းကျောင်းခြင်းအရာ၌ ကောင်းမွန်လှသော အရည်အချင်းများပင်။ သူမသည် ပို၍ပင် အံ့သြစရာ ကောင်းသေးသည်။ နောင်တစ်ချိန်တွင် သူသည် ပွင့်ပွင့်လင်းလင်း သင်ယူနိုင်လိမ့်မည်..

မော့လင်းကျစ်သည် သူ၏ မြေးတပည့်အား အထူးတလည်အာရုံစိုက်၍ ကြည့်နေခဲ့သည်။ သူ၏ စ

ဥ်းစားချင့်ချိန်နိုင်စွမ်းကို မြင်ရသောအခါ အင်မတန် အံ့သြသွားမိခဲ့သည်။

ဤကလေးသည် ဥာဏ်ရည်ထက်မြက်သူတစ်ယောက်ဖြစ်သည်မှာ အမှန်ပင်။

သူ၏ မျက်လုံးများသည် ကြည်လင်နေကာ စိတ်အစဥ်သည် စင်ကြယ်လှ၏။ သူသည် လူကုံထံမိသားစု၌ မမွေးလာခဲ့လျှင်ပင် စာပေစွမ်းအင်များပြည့်ဝနေသော စာသင်သားတစယောက်ဖြစ်လာလောက်သည်။

သူသည် ကောင်းမွန်စွာလုပ်ဆောင်ခဲ့သော် အစီအရင်ချိုးဖျက်ပြီးပါက ကြက်ပေါင်အနည်းငယ် ဖြင့် ဆုချနိုင်ပေသည်။

ရွှေယွဲ့ဘုရားကျောင်းသည် ကျင့်ကြံခြင်း၌ အထူးပြုသည်မဟုတ်၍ ကျင့်ကြံရေးဂိုဏ်းတစ်ခုဟု သတ်မှတ်၍မရပေ။ သူတို့သည် အသားနှင့် သေရည်အရက်များသောက်စားနိုင်ကာ မိသားစုပင် ရှိနိုင်သေးသည်။ သို့သော် မိသားစုတစ်စုရှိခဲ့သော် ဝဋ်ကြွေးမျာစွာရှိပြီး ဒုက္ခပိုများလိမ့်မည်။

ရှဲ့ချောင်သည် မွေးဖွာလာစဥ်ချိန်မှစပြီး သူမ၏ အခြေနေသည် မတူကွဲပြားနေခဲ့သည်။ ခန္ဓာကိုယ်မှာ ထိုသို့ဖြစ်နေပြီးဖြစ်၍ အခြားသောရှုထောင့်များ၌ ရှောင်ကြည်စရာများမရှိခဲ့ချေ။

အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွား၏။

ပထမရက်တွင် မုန့်ကျိဖန်သည် တည်ငြိမ်စွာ ထိုင်နေနိုင်ဆဲ။

ဒုတိယရက်တွင်မူ ထိုင်နိုင်သည်ဆိုရုံသာ…

…

ထို့နောက်တွင်မူ ယိုယွင်းမှုများ ရှိလာခဲ့၏။ သူရွတ်ဖတ်နေသော ကျမ်းဂန်များသည် ယခင်ကကဲ့သို့ အကျိုးသက်ရော်ကမှုမရှိတော့ပုံရကာ ၎င်းက သူ၏နှလုံးသားအားပို၍ပင် ပရမ်းပတာဖြစ်စေခဲ့သည်။

သို့တိုင် သူသည် ဂိုဏ်းထဲသို့ ဝင်ခါစဖြစ်သဖြင့် သူ့၌ စိတ်စွမ်းအင်ဤအဆင့်ရှိနေခြင်းကပင် ကောင်းနေလေပြီ။ထို့ကြောင့် မော့လင်းကျစ်သည် သူ့အား အထင်မြင်သေးခြင်းမရှိဘဲ အနားယူစေခဲ့သည်။

သို့သော်ငြား ရှဲ့ချောင်မှာမူ မရပ်နိုင်ခဲ့ပေ။

အစီအရင်အား ချိုးဖျက်သောသူသည် အစီအရင်ပြုလုပ်သူထက် ပို၍ကြိုးစားအားထုတ်ရသည်။

သူမ၏ စိတ်အား သတိလက်လွတ်နေ၍ မဖြစ်ခဲ့ပေ။

မုန့်ကျိဖန်သည် ဤအရာအား မပြောပလောက်သော ပြကွက်တစ်ခုဟုသာ ထင်ခဲ့မိသည်။ သို့တိုင် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ နှလုံးသားထဲ လေးစားမှုများ ပို၍ပေါက်ပွားလာခဲ့ရ၏။

အစီအရင်အတွင်းရှိ အရှိန်အဝါသည် မတူတော့ကြေင်း အခြားသူများထက်ပို၍ ကောင်းကောင်းသိသည်။ ရှဲ့ချောင်သည် ကျမ်းဂန်များအား ရွတ်ဖတ်နေကာ မန္တန်များမန်းနေခဲ့သည်။ သူမ၏အရှိန်အဝါသည် ဆုံးရှုံးသွား၍မဖြစ်။ တကယ်ပင်ပန်းလှပေသည်။

သူ၏ ရှေ့ရေးအား တွေးမိသွားချိန်တွင်..

ရွှေယွဲ့ဘုရားကျောင်း၌ တာအိုဆရာတစ်ယောက်လုပ်ခြင်းသည်ကား အပူအပင်ကင်းသည်မှာ မှန်သော်လည်း… ပင်ပန်းလှပေ၏။

အနာဂတ်သည် မရေရာတော့ပေ။

•••••

All Chapters