အခန်း (၁၂၁၇-၁၂၁၈)
Vol. 62 Ch. 1217-1218
အခန်း ၁၂၁၇၊ လူရှာခြင်း
ရှဲ့ချောင်သည် သူမ၏ ခန္ဓာကိုယ်နှင့်စိတ်တို့မှာ ညှဥ်းဆဲခြင်းဒဏ်ခံနေရသည်အလား ခံစားနေရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်၌ အကာအကွယ်အဆောင်များစွာရှိနေသော်လည်း ၎င်းတို့သည် အသုံးမဝင်လှ။ သူမ၏ မျက်လုံးတို့သည် အမှောင်စွမ်းအင် တို့ဖြင့် ပြည့်နေပြီး မနားတမ်းရွတ်ဖတ်နေခဲ့ရသည်။ ဤ ယင်းယန်မညီမျှသော အစီအရင်ထဲ၌ လောင်မြိုက်နေသည့်အလား ပူလောင်လှကာ အလွန်နေရခက်လှ၏။
ထို့နောက် ဤကလေးများ၏ အတွင်းချီစွမ်းအင်များအား မြင်နေရသည်။
၎င်းဆီမှ နည်းနည်းချင်းစီ ဆုတ်ခွာရန် သူမ ကြိုးစားခဲ့သည်။
ပူဇော်စင်ပေါ်တွင် အင်မတန်အရည်အသွေးကောင်းလှသော ကျောက်စိမ်းတစ်ပိုင်းရှိနေကာ ၎င်းသည်လည်း သူ၏ ဝာာဝန်အား ဆောင်ရွက်လျက်ရှိသည်။
ပထမရက်ပိုင်းအနည်းငယ်အတွင်း ရှဲ့ချောင်သည် အတော်လေး သက်တောင့်သက်သာ ရှိသေးလှသော်လည်း အချိန်ကုန်လာသည်နှင့်အမျှ သူမပိုပိုပြီး ပင်ပန်းနွမ်းနယ်လာခဲ့သည်။
နေ့ဘက်တွင် ယန်စွမ်းအင်မှာ အားကောင်းသဖြင့် ရိုးရာပေးခြင်းအတွက် ကောင်းလှ၏။ ညအချိန်တွင်မူ သူမ ခေတ္တအနားယူနိုင်သော်လည်း မပေါ့ဆရဲပေ။ သူမသည် အစားနည်းနည်းစား၍ အိပ်စက်ခြင်းအား အနည်းငယ်မျှသာ အိပ်ကာ တစ်ခုခုမှားယွင်းပြီး သူမ၏ ယခင်အားထုတ်မှုအားလုံး ရေစုန်မြောသွားမည်အား ကြောက်နေမိသည်။
ခုနစ်ရက်မြောက်တွင်မူ တောင်ခြေ၌ ရှဲ့ဖင်းကန်းသည် တစ်ယောက်ယောက်အား သတ်တော့မည့်ပုံပေါက်လို့နေ၏။
အနှီလူသည် သူ့လက်တစ်ကမ်းတွင်ပင် ပုန်းနေကြောင်း အတည်ပြုပြီးဖြစ်သော်လည်း သူ့အား မရှာဖွေနိုင်ခဲ့။ ယနေ့၌ တစ်စုံတစ်ရာအလွဲမှားနေကြောင်း ရှာတွေ့သွားခဲ့သည်။
ဤလူသူကင်းမဲ့လှသော အိမ်သည် မကြီးမားလှ။ ရှာဖွေရန် ရောက်လာချိန်တွင် နေရာတိုင်းကို ရှာဖွေခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားသည်မျိုး မတွေ့ခဲ့။ ယနေ့တွင်လည်း ထပ်တလဲလဲ ရှာဖွေခြင်းသာ မလုပ်ခဲ့ပါက ဤရေတွင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာလွဲနေကြောင်း ယွီရှန်းလည်း ရှာတွေ့ခဲ့မည်မဟုတ်ချေ!
သူ၏ အရှေ့တွင် တိမ်သောရေတွင်းတစ်ခုရှိနေ၏။ အောက်ခြေကိုပင် တစ်ချက်ကြည့်လိုက်သည်နှင့်မြင်နေရသည်။ အောက်ခြေသည် ခြောက်သွေ့နေကာ ဘာတစ်ခုမှမရှိပေ။
ရေတွင်းသည် သန့်ရှင်းလွန်းနေကြောင်း ယွီရှန်းသတိပေးသည့်ကျေးဇူးကြောင့်သာ သူတုံ့ပြန်နိုင်ခဲ့ခြင်းပေ။
သာမန် ခြောက်ကပ်နေသော ရေတွင်းများတွင် သစ်ရွက်ခြောက်များ သစ်ကိုင်းကျိုးများ အပုံလိုက်ရှိနေတတ်ပြီး ရွံများပင် ရှိနေတတ်သည်!
တစ်ဖက်လူသည် ရွှံ့ပေါ်၌ ခြေရာထင်မည်ကို စိုးရိမ်ပြီး ဤအရာအားလုံးအား သန့်ရှင်းရေးလုပ်သွားခြင်းဖြစ်လောက်သည်။ သစ်ရွက်ကြွေအနည်းငယ်မျှသာရှိပြီး ပုပ်ဆွေးနေသော အနံ့အသက်ပင် တစ်စက်မှမရှိပေ!
“ကောင်းကောင်းပုန်းနိုင်နေတယ်ပေါ့ ဟမ်?” ရှဲ့ဖင်းကန်းသည် သရော်ပြုံးပြုံးလိုက်ပြီးနောက် ယွီရှန်းအား တစ်ချက်ကြည့်လိုက်၏။
ယွီရှန်းသည် အလွန်ရဲရင့်လွန်းသည်ဟု သူထင်မိ၏။ သူမသည် အနည်းနှင့်အများတော့ အမျိုးသမီးတစ်ယောက်ဖြစ်နေသေးဖြင့် ပိုပြီး ဂရုတစိုက်လုပ်တတ်လောက်သည်။ ထို့ကြောင့် သူနှင့်အတူ ရှာဖွေရေးလုပ်ရန် အထူးတလည် ဖိတ်ခေါ်ခဲ့ခြင်းပင်။ သဲလွန်စတစ်ခု အမှန်တကယ် ရှာတွေ့သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သူမ၏ အမြင်အာရုံမှာ အကောင်းဆုံးပင်။
“ညီအစ်ကိုတို့ အသင့်ပြင်ထားကြ”
ထိုသို့ဆိုပြီးနောက် ရှဲ့ဖင်းကင်းသည် ရှာဖွေရန်အတွက် အောက်ဆင်းသွားခဲ့သည်။
အောက်ဆင်းသွားသောအခါ ထောက်ချောက်တစ်ခုရှိနေကြောင်းတွေလိုက်ရသည်။ ရေတွင်း၏ နံရံအား ခပ်ဖွဖွတွန်းလိုက်သည်နှင့် ကြီးမားသော တွင်းတစ်ခုနှင့်အတူ လှေကားများပေါ်ထွက်လာခဲ့သည်။
အထဲ၌ တစ်စုံတစ်ယောက်ရှိနေသည်ပင်!
စကားတစ်ခွန်းမှဆိုခြင်းမပြုဘဲ ရှဲ့ဖင်းကန်းသည် သူ၏ဓားရှည်အား ဆွဲထုတ်ကာ တဟုန်ထိုးပြေးသွားခဲ့၏။ တစ်ခဏအတွင်းပင် တံခါးအားစောင့်ကြပ်နေသော လူအား ဖမ်းမိသွားခဲ့သည်။
တခြားသော ညီအစ်ကိုများသည်လည်း လူရှာရန်အတွက် ဆင်းလာကြသည်။ ယွီရှန်သည်လည်း သူ့နောက်သို့လိုက်လာခါနီးတွင် ရှဲ့ဖင်းကန်းက ခဏတွေးကြည့်ပြီးနောက် ပြောလိုက်၏။
“ဆရာယွီ အမြင့်တစ်နေရာဆီတက်ပြီး တစ်ချက်ကြည့်ကြည့်လိုက်။ ဝင်ပေါက်တစ်ခုရှိတယ်ဆိုမှတော့ ထွက်ပေါက်လည်း ရှိမှာပဲ။ တစ်ယောက်ယောက် ထွက်ပြေးတာနဲ့ ချက်ချင်းဖမ်းလိုက်!”
ရှဲ့ဖင်းကန်း၏ စကားမှာ ယုတ္တိရှိလှ၏။ ယွီရှန်းသည် နံရံပေါ်သို့ခုန်တက်ကာ ခေါင်းမိုးတစ်လျှောက်လမ်းအတိုင်း သွားခဲ့သည်။ သူမ မည်သည့်နေရာတွင်ထိုင်ထိုင် ပတ်ဝန်းကျင်အား ရှင်းလင်းစွာမြင်
နိုင်ပေ၏။
အနားဝန်းကျင်ရှိ ခြံဝန်းအာလုံးသည် အိမ်ထဲ၌ မြေအောက်ခန်းများရှိကြသည်။ ဤနေရာရှိ လျှို့ဝှက်ခန်းသည် အလွန်နက်စွာ တည်ဆောက်ထားကြောင်း သိသာပေ၏.. သို့သော် သူမသာ လျှို့ဝှက်ခန်းဆောက်လုပ်သူဆိုပါက ဝင်ပေါက်အနီးနား၌ ထွက်ပေါက်အား ထားလိမ့်မည်မဟုတ်။ ခပ်ဝေးဝေးတွင် ထားလိမ့်မည်။
ခြံဝန်းထဲ၌ စောင့်ကြပ်နေသော လူနည်းစုရှိနေဆဲ။ ယွီရှန်းသည် သူမသာလွတ်မြောက်ချင်သော် လမ်းကြောင်းအား မည်သို့စီစဥ်မည်အား ဦးနှောက်အား အလုပ်ပေး၍ စဥ်းစားနေခဲ့သည်။
ဤနေရာသည် မြို့တံခါးနှင့် အလွန်ဝေးလွန်း၏။ လျှို့ဝှက်ခန်းသည် မြို့ပြင်သို့ တိုက်ရိုက်မရောက်နိုင်သဖြင့် အစောင့်များစွာမရှိသော လမ်းဆီသို့ ဦးတည်နေလောက်သည်။
လမ်းခွဲများရှိနေသော လမ်းကြောင်းတစ်ခု။ လမ်းမနှင့်အလှမ်းမဝေးသည့်အပြင် မြို့တံခါးဆီသော လမ်း။ အနီး၌ပုန်းခိုးစရာရှိသော နေရာတစ်ခု…
ထိုသို့တွေးမိမိပြီးနောက် ယွီရှန်းသည် ခေါင်မိုးပေါ်မှလှမ်းကြည့်လိုက်ရာ ခပ်လှမ်းလှမ်းရှိ မြေနေရာတစ်ခုအား တွေ့လိုက်ရသည်။
ထိုနေရာတွင် လူနေထူထပ်လှပြီး ခရီးသွားကုန်သည်များစွာ စုဝေးရာနေရာတစ်ခုဖြစ်သည်။ ကိုင်တွယ်ရန် မလွယ်ကူလှပေ…
သူမသည် စုံစမ်းရန်အတွက် နောက်ထပ်လူနှစ်ယောက်ကိုပါ အမြန်သွားခေါ်ခဲ့သည်။
မကြာသေးမီက သူမသည် တော်ဝင်ကိုယ်လုပ်တော်ဟွေ့အား စုံစမ်းရန် ရှဲ့ဖင်းကန်းနောက်သို့လိုက်နေခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ အိမ်များအား ရှင်းလင်းစွာ မှတ်မိနေပြီဖြစ်သည်။ မည်သည့်အိမ်သည် ပုန်းခိုရန်အကောင်းဆုံးဖြစ်ပြီး မည်သည့်လမ်းကြားသည် ထွက်ပြေးရန် အကောင်းဆုံးဖြစ်သည်ကို သိပေသည်!
•••••
အခန်း ၁၂၁၈။ ထွက်ပြေးသွားပြန်ပြီလား?
ထိုအချိန် ရှဲ့ဖင်းကန်းသည် လူတစ်စုအားဦးဆောင်လျက် လမ်းတွင်ပိတ်နေသောသူများအား သတ်ဖြတ်ပြီးနေပြီဖြစ်သည်။
အထဲ၌ အသေခံစစ်သည်အရေအတွက်များစွာ ရှိနေသော်လည်း ရှဲ့ဖင်းကန်းသည် တိုက်ခိုက်ရင်း တိုက်ခိုက်ရင်းဖြင့် ပို၍ စိတ်လှုပ်ရှားခဲ့လေသည်။ အသေခံစစ်သည်များ ပိုများလာလေ၊ ဤနေရာသည် တော်ဝင်ကိုယ်လုပ်တော်ဟွေ့ ပုန်းအောင်ရာနေရာဖြစ်ကြောင်း သက်သေပြနေလေပင်!
“ဆရာတူညီမ၊ ဒီအစီအရင်နဲ့ပတ်သက်ပြီး ဘာမှစိတ်ပူစရာမလိုဘူး မြန်မြန်သွားရအောင်!”
လုယွီဖင်းသည် အသံများအား ကြားထားပြီးဖြစ်၍ သူ့လူများအား သူ့ရှေ့တွင်ရပ်ရန် စေခိုင်းခဲ့သည်။
တော်ဝင်ကိုယ်လုပ်တော်ဟွေ့၏ မျက်လုံးထဲ၌ ရက်စက်မှုတို့ ဖြတ်ပြေးသွားခဲ့သည်။
“ရက်နည်းနည်းလောက်ပဲထပ်ပြီး!”
“ဒါပေမဲ့ သူအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သေမှာပဲ၊ဘာလို့ စိတ်ရှုပ်ခံနေမှာလဲ?!
လုယွီဖင်းမှာ ဗျာများနေ၏။
“မတူဘူး!” တောင်ဝင်ကိုယ်လုပ်တော်ဟွေ့၏ အသံမှာ အိုမင်းနေပုံပေါက်သည်။
သူ့အား ဤသွေးအနည်းငယ်ကြောင့် သေရခြင်းထက် သူမလက်ထဲတွင် ပိုပြီး သေစေချင်သည်။ ၎င်းသည် ပြီးပြည့်စုံမှုမရှိသေး!
ကံဆိုးစွာဖြင့် အနည်းငယ်ပိုများနေသည်ဆိုရုံသာ!
မော့ချူရှန်းသည် ဤအစီအရင်အား ချိုးဖျက်ချိန်၌ ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း သူမခံစားမိသည်။ နာရီပိုင်းအတွင်း ကျရှုံသွားသည်မျိုးပင် ဖြစ်နိုင်၏။ ထိုအချိန်ရောက်ပါက မော့ချူရှန်းပင်လျှင် သူမ မန္တန်၏သက်ရောက်ခြင်းကို ခံရလိမ့်မည်။ နောက်ထပ်လူတစ်ယောက် ထပ်သတ်နိုင်လောက်သည်!
“သွားရအောင် ဆရာတူညီမ” လုယွီဖင်းတောင်းပန်းနေ၏။
“ဆရာက ဒီအခြေနေတောင်ဖြစ်နေပြီ။ သူ့မှာ ဘာမှတ်ဥာဏ်မှမရှိတော့ဘူး။ ဒီတော့ မင်းလုပ်သမျှက အလကားပဲ။ မင်းနဲ့ငါ ဒီကနေ မြန်မြန်ထွက်ပြီး နောက်တစ်ချိန်ကျ မော့ချူရှန်းကို လက်တုံ့ပြန်ရမယ်!”
တော်ဝင်ကိုယ်လုပ်တော်ဟွေ့သည် ဒေါသထွက်လွန်းသဖြင့် သူမအဖေအား ကြာပွတ်ဖြင့်ရိုက်
ပစ်သည်အထိ။
သူမသည် လွန်ခဲ့သောရက်ပိုင်းအတွင်း ဤအရာအား သာယာပျော်ရွှင်ခဲ့သည်။
ယခုဆိုလျှင် ဤလူကြီး၌ ကြာပွတ်ရာများအပြည့်ဖြစ်နေချေပြီ။ သူ၏ သက်တမ်းတစ်ဝက်ကျော်အား ခွေးသေတစ်ကောင်ပမာ ဆုံးရှုံးထားရသည်။
သူမသည် အံ့ကြိတ်လျက်ဖြင့် နောက်ဆုံးတွင် ထွက်သွားခဲ့၏။
ယခင်တစ်ချိန်ကလည်း ဤကဲ့သို့ စိတ်မကောင်းဖြစ်နေသည့်အခြေနေမျိုးဖြင့် မြို့တော်မှထွက်ခွာခဲ့ကာ သူတို့ထက်ပိုတော်သော တာအိုဆရာများ ပြဿနာရှာမည်ကို ကြောက်လန့်နေခဲ့သည်။ ယခုတွင်လည်း ထိတ်လန့်တကြား ထွက်ပြေးရပြန်ချေပြီ။ သူမ၏ သိက္ခာအားအမြဲတမ်းလိုလို ထိန်းချင်ခဲ့သည့်တိုင် အမြဲတမ်း သိက္ခာကျနေရသည်ချည်းပင်!
ကောင်းကင်ဘုံသည် တကယ်မတရားပေ။ အခေါက်တိုင်း သူမ ပြီးပြည့်စုံစွာလုပ်ချင်သည့်အရာများအား ပြီးမြောက်အောင်လုပ်ခွင့်မပေးခဲ့ပေ။
လုယွီဖင်းသည် သူ၏ အသေခံစစ်သည်များအား ခေါ်၍ ခုခံခိုင်းခဲ့ကာ သူ၏ ညီမအား ခပ်မြန်မြန် ဆွဲထုတ်လာခဲ့သည်။
သူ စိုးရိမ်နေခဲ့၏။
ရှဲ့ဖင်းကန်းသည် လျှို့ဝှက်ခန်း၏ အလယ်သို့ တစ်ဟုန်ထိုးဝင်လာပြီးနောက် တော်ဝင်ဆရာကြီးအားတွေ့လိုက်ရသည်။ သူသည် သွေးများဖြင့် ဖုံးလွှမ်းနေသဖြင့် ချက်ချင်း အောက်သို့ချပေးလိုက်၏။ သူ့ဘေးတွင်ရှိနေသော ထူးဆန်းသည့်အနံ့တစ်ခုထွက်နေသော ပစ္စည်းအမျိုးမျိုးအား ကြည့်ပြီး ဒေါသထွက်လွန်းသဖြင့် ကန်ထုတ်ပစ်မိသည်အထိပင်။
သူတို့အားလုံး၌ ရှဲ့ချောင်ပေးထားသော အဆောင်စာရွက်များရှိနေသဖြင့် ဤကန်ချက်ကြောင့် သက်ရောက်မှုများစွာရှိလိမ့်မည်မဟုတ်။
တောင်ထိပ်တွင်ရှိနေသော ရှဲ့ချောင်သည်လည်း သူမရင်ဘတ်ထဲ၌ ပြေလျော့သွားသည်ကို ခံစားလိုက်ရ၏။
မကောင်းဆိုးဝါးလမ်းစဥ် ရှုံးနိမ့်သွားပြီးဆိုသည်ကို သိသည်နှင့် အခွင့်အရေးယူကာ ကလေးများ၏ ချီစွမ်းအင်အား ကာကွယ်ခဲ့သည်။ ဤနည်းဖြင့် ကလေးများ ထပ်ပြီးထိခိုက်ပျက်စီးမည်ကို ကြောက်မနေတော့ပေ။
အနည်းဆုံးတော့ အလဟဿမဖြစ်ခဲ့။
သူမသည် အားကြီးသူအား ရင်ဆိုင်ရချိန်တွင် အားကြီးပြီး အားနည်းသူအား ရင်ဆိုင်ချိန်တွင် အားနည်းတတ်သည်။ အန္တရာယ်မရှိကြောင်း မြင်ရသည်နှင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကာ ဆက်ပြီး မခံစားချင်တော့ပေ။ သူမသည် ကျောက်ရွှမ်းကျင်း၏ ဘေးသို့ တည်ငြိမ်သော မျက်နှာအမူအရာဖြင့် လျှောက်သွားခဲ့သော်လည်း နှစ်ခါပင်အသက်မရှုရသေး ၊ မေ့လဲသွားခဲ့လေသည်။
မုန့်ကျိဖန်၏ နှုတ်ခမ်းထောင့်စွန်းတို့ တုန်လှုပ်သွားခဲ့သည်။
သူ့ဆရာ၏ အရိုးများသည် တကယ်ပဲ မာကြောသည်လော။
သူမ မေ့လဲသွားသည်မှာ အင်မတန် စနစ်ကျလွန်းသည်။ မသိသည့်သူဆိုပါက သူမသည် နောက်ထပ် အကျော့ ၃၀၀ နီးပါးတိုက်ခိုက်နိုင်ဆဲဟုပင် တွေးနေလောက်သည်!
ကျောက်ရွှမ်းကျင်း၏ နှလုံးသားထဲ နာကျင်သွားရသော်လည်း သူသည် စကားတစ်ခွန်းမျှမဆိုခဲ့။ သူမ အနားယူနိုင်ရန်အတွက်သာ အိမ်ထဲသို့ သယ်သွားခဲ့သည်။ ရှဲ့ချောင်၏ လက်ရှိအခြေနေကို ကြည့်ပြီး သူမ၏ ဝိဥာဥ် မတည်မငြိမ်ဖြစ်ခြင်းမှ ကာကွယ်ရန်နှင့် သူမအသက်ဆုံးရှုံးခြင်းမှကာကွယ်ရန် အဆောင်စာရွက်များကိုသာ ပိုလုပ်ခဲ့သည်။
ရှဲ့ဖင်းကန်းသည် တော်ဝင်ဆရာကြီးအား ပြန်ခေါ်လာရန် လူတစ်ယောက်အား စေခိုင်း၏။ သူရှာဖွေခဲ့သော်လည်း တော်ဝင်ကိုယ်လုပ်တော်သို့မဟုတ် ထို လူယုတ်မာ၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။
“လခွမ်း။ ထွက်ပြေးသွားပြန်ပြီလား၊ တွင်းဘယ်လိုတူးရမလဲသိတဲ့ ယုန်များလား”
ထွက်ပေါက်များစွာရှိသော်လည်း အနည်းစုမှာ ဆုတ်လမ်းမရှိပေ!
သူသာ အချိန်ဖြုန်းနေပါက ယခုအချိန် သူတို့နောက်လိုက်ဖမ်းလျှင်ပင် သူတို့အား မီနိုင်မည်မဟုတ်!
သို့သော် လိုက်လို့မမီလျှင်ပင် လိုက်ရဦးမည်။ မျှော်လင့်ချက် မဲ့နေချေပြီ။
နှစ်နာရီနီးပါး ကြာပြီးနောက် လျှို့ဝှက်လမ်းကြောင်းတစ်ခုမှ ထွက်နိုင်ချိန်တွင် ရှဲ့ဖင်းကန်း မှင်တက်နေမိလေသည်။
••••