← Chapters

အခန်း (၁၂၁၉-၁၂၂၀)

Vol. 62 Ch. 1219-1220

အခန်း (၁၂၁၉-၁၂၂၀)

Vol. 62 Ch. 1219-1220

အခန်း ၁၂၁၉။ အညံ့ခံ

ရှဲ့ဖင်းကန်းသည် မီးဖိုတစ်ခု၏ အောက်ခြေမှ လေးဖက်ထောက်၍ ထွက်လာ၏။ ထိုသေးငယ်လှသော ထွက်ပေါက်သည် သူ့အား အထဲတွင် ပိတ်မိစေလုနီးနီးပင်။

လေးဖက်ထောက်၍ ထွက်လာချိန်တွင် မျက်နှာထက်၌ ဖုန်မှုန့်များ ပေကျံလျက်။ သူသည် အလွန်အမင်း ကသိကအောက်ဖြစ်နေခဲ့ကာ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေခဲ့သည်။ အလွန်ကြောက်စရာကောင်းလှ၏။

သူသည် ခြံဝန်းထဲသို့ ပြေးထွက်လာကာ သူ၏ ညီအစ်ကိုများအား အရေးကိစ္စများ ချက်ချင်းကိုင်တွယ်ရန်အတွက် စီစဉ်တော့မည့်အချိန်။ သို့သော် စကားမဆုံးခင်ပင် ယွီရှန်းအား တွေ့လိုက်ရ၏။

တောက်ပလှသော နေ‌ရောင်သည် အနည်းငယ် စူးရှလွန်းလှ၏။

နေရောင်အောင်တွင် ယွီရှန်း၏ မျက်လုံးများမှာ အလွန်အမြင်အာရုံဖမ်းစားနိုင်လွန်းပေသည်။

သူမ၏ ခန္ဒာကိုယ်သည် သွေးများပေကျံနေကာ သူမရှေ့၌ အသေခံစစ်သည် ငါးယောက်ခြောက်ယောက်ခန့် ဖရိုဖရဲဖြစ်စွာ လဲနေကြ၏။

သူမ၏ တစ်ဖက်တစ်ချက်စီတွင် သူတို့ထဲမှ တစ်ယောက်သည် သတိလစ်နေသော အမျိုးသား၏ ခေါင်းအား ကိုင်ထားပြီး သူ၏ ဆံပင်အား ဆွဲ‌ထားသည်မှာ ထွက်ပြေးသွားမှာကြောက်နေသည့်အလား။

“မြန်မြန် မြန်မြန် မြန်မြန်၊ ဒီလူက အရမ်းဉာဏ်နီဉာဏ်နက်များတယ်၊ သူ့ကို ချည်ထားဖို့ ကြိုးတောင်သွားမရှာရဲဘူး ဖြတ်ခနဲ ပျောက်သွားမှာစိုးလို့..”

ယွီရှန်းမှာ စိုးရိမ်နေပုံရသည်။ သူမ၏ လက်မောင်းမှာ ဒဏ်ရာရထားပြီး သွေးများထွက်ကာ နာကျင်နေသည်။

ရှဲ့ဖင်းကန်း ထိုလူအား ဖမ်းဆီးရန် ချက်ချင်းသွားလိုက်၏။

ကျက်သရေရှိလှသော တော်ဝင်ကိုယ်လုပ်တော်ဟွေ့၏ ဆံပင်တို့မှာ ဖရိုဖရဲဖြစ်နေကာ သတိမေ့နေလေသည်။

ထိုအခါမှသာ ယွီရှန်းသည် လက်လွှတ်လိုက်ပြီးနောက် သူမ၏မျက်နှာမှာ ရှုံ့မဲ့သွားခဲ့သည်။

“ကျွန်မအဖေဆီက သင်တုန်းကဆို ဒီလိုမြင်ကွင်းမျိုးကို တကယ်ရင်မဆိုင်ရဲဘူး၊ သေအောင် ကြောက်တာပဲ…. ကံကောင်းတာက ရှင်နဲ့ကျွန်မ လက်ရည်ယှဉ်တုန်းက သိပ်ပြီးထိန်းချုပ်တာမျိုးမလုပ်ခဲ့တော့ ကျွန်မရဲ့တိုက်ရည်ခိုက်ရည်က တိုးတက်လာတယ်၊ မဟုတ်လို့ကတော့ ဒီနေ့ ဒီနေရာမှာ သေသွားလောက်ပြီ..”

သူမ၏ နှလုံးသားထဲ၌ ရစ်တွယ်နေသော ကြောက်ရွံ့မှုကြီး ရှိခဲ့သည်!

သူတို့သည် အသေခံစစ်သည်များဖြစ်၏.

ဤလူများသည် သေစေနိုင်သော တိုက်ကွက်များအား သုံးခဲ့ကာ သူမသေရတော့မည်ဟု အကြိမ်ပေါင်းများစွာ ခံစားခဲ့ရသည်။

“ သေကုန်ကြပြီလား”

ရှဲ့ဖင်းကန်းသည် စစ်ဆေးရန်အတွက် ခန္ဓာကိုယ်အား ကုန်းလျက် မေးလိုက်၏။

“မသေဘူး မသေဘူး သူက..” ယွီရှန်းသည် အလျင်စလို ခေါင်းခါ၍ အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

“ သူက တော်ဝင်ကိုယ်လုပ်တော်.. သူက လူဆိုးတစ်ယောက်ဆိုပေမယ့် ကျွန်မသူ့ကိုမသတ်ရဲဘူး.. ဒါပေမဲ့ သူတို့တွေက ယုတ်မာကြတဲ့သူတွေမလား၊ သူတို့က အရမ်းတွေစွမ်းဆောင်နိုင်တော့ ကျွန်မဝင်ပူးခံရမှာကြောက်လို့၊ လိုရမယ်ရဆိုပြီး စကားပြောမယ့်အခွင့်ရေးမရအောင်လို့ ထိုးပစ်လိုက်တာ.. ရပါတယ် ကျွန်မသူတို့ကို ထိခိုက်အောင်မလုပ်ထားဘူး…”

ယွီရှန်း၏ ရာထူးသည် အလွန်ရှင်းလင်း၏။

သူမ မည်သည့်ပြဿနာမှရှာ၍မဖြစ်။

“ သူ့တို့ကို သတ်သတ်မသတ်သတ် ကိစ္စမရှိဘူး၊ တော်ဝင်ကိုယ်လုပ်တော်ဟွေ့က သူ့ကိုယ်သူ မီးပုံတိုး

ပြီး သေနေပြီးသား၊ ဒီနှစ်‌ယောက်လား၊ သူတို့က မကောင်းဆိုးဝါးတွေ”

ရှဲ့ဖင်းကန်းသည်ပြောရင်းဖြင့် ခေါင်းစောင်းကာ ယွီရှန်းအား တစ်ချက်ကြည့်လိုက်၏။

ထိုအကြည့်တစ်ချက်တွင် သူ၏ နှလုံးသားမှာစည်းချက်လွဲသွားရသည်။

“အဟမ်း”

သူသည် အဆင်ပြေချင်ဟန်ဆောင်လိုက်၏။

“တော်တယ်၊ မင်းက အများကြီးကူညီပေးထားတာ၊ နောက်မှ အရှင့်သားဆီကို အသပြာအများကြီးဆုချဖို့ တောင်းဆိုပေးမယ်”

“ကောင်းပြီ!”

ဆရာယွီ ချက်ချင်း သဘောတူလိုက်၏။

လျှော့ပေါ့၍ မတောင်းဆိုနိုင်ပေ။

“ကျွန်မက အခုချမ်းသာနေပြီ၊ အားလုံးကို သောက်ဖို့ ဒကာခံမယ်..”

သူမ ထပ်ပြောလိုက်သည်။

ဈေးကြီးလွန်းသော အရက်များအား ဝယ်တိုက်ရန် မတတ်နိုင်သော်လည်း ဈေးချိုသော အရက်များအား ဝယ်ရန်မူတတ်နိုင်သေး၏။ သူမတွင် ညီအစ်ကိုတစ်ယောက်အဖြစ်နေခြင်းက ရွေးချယ်စရာပိများသည်။ မှုခင်းစီရင်ရေးဌာနရှိအလုပ်သည် လွယ်ကူလွန်းကာ ငွေလည်း မြန်မြန်ရတတ်သည်။ နောင်တွင်လည်း လူတိုင်းက အမြတ်များသော အလုပ်များဖြင့် သူမဆီရောက်လာကြရန် မျှော်လင့်မိသည်…

ဆရာယွီမှာ သူမ၏ ကျန်သောစကားများအား ဆက်ပြောရန် ရှက်နေမိသည်။

ထို့အပြင် သူမသည် ချီးမြှင့်ထိုက်သော ကောင်းမှုတစ်ခုအား လုပ်ပြီးကာစဖြစ်၍ ဤစကားများအား ချက်ချင်းပြောရန် မသင့်တော်ခဲ့ပေ။

ကြွားဝါးတတ်သူတစ်ယောက်ပုံ ပေါ်သွားလိမ့်မည်။

“ဒီလူကို မသတ်ဘဲထားတာ အကျိုးရှိတယ်”

အပြန်လမ်း၌ ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်၏ ညွှန်ကြားချက်အား သတိရသွားသဖြင့်

“သူသာသေသွားရန် အငြှိုးကြီးဝိဉာဉ်ဖြစ်လာမှာ၊ အဲဒါဆို ပိုတောင် ဒုက္ခများဦးမယ်၊ လောလောဆယ် အဆင်ပြေးသေးတယ်ဆိုတော့ အသက်ရှင်လျက်ထားထားလိုက်၊ ပြန်ရောက်တော့မှ မော့ချူရှန်းကို ဖြေရှင်းနည်း စဉ်းစားခိုင်းကြတာပေါ့ ဒါမှ နောင်တစ်ချိန်မှာ အဆုံးမရှိတဲ့ပြဿနာတွေပေါ်မလာမှာ”

ထို့ကြောင့်ပင် ယွီရှန်းသည် ကောင်းမွန်သောအလုပ်တစ်ခုလုပ်ခဲ့ခြင်းပင်။

သူမသည် တခြားသော နုနုရွရွ အမျိုးသမီးများနှင့်မတူ။

သူမတွင် အရည်အချင်းရှိပါက အရက်သောက်ပြီး ကိုယ်ခံပညာလေ့ကျင့်မည်သူ။ သူမ၌ ပြတ်သားသော အကျင့်စရိုက်မျိုးရှိကာ ကြည့်ကောင်းသူတစ်ယောက်လည်းဖြစ်သည်။ နူးညံ့လှပသော မျက်ဝန်းတစ်စုံရှိပြီး ရည်မွန်သောသူတစ်ယောက်နှင့်တူ၏။ နန့်တန့်တန့်မပြုမှုခြင်းက သူမအတွက် ပိုပြီးသက်တောင့်သက်သာရှိလှသည်..

ရှဲ့ဖင်းကန်း၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲဘ၏။

ယွီရှန်းသည် ကောင်းလွန်းကာ သူနှင့် နတ်ဖတ်သည့်လက်တွဲဖော်ပင်။ ထိုကဲ့သို့သော အမျိုးသမီးမျိုးအား အိမ်ခေါ်လာပြီး ဓားပြတစ်ယောက်၏ ဇနီးဖြစ်လာခြင်းကသာ ပိုပြီးသင့်တော်လိမ့်မည်…

သူမ သဘောတူမတူကမူ.

နောက်တစ်ရက်မှ မေးရလိမ့်မည်။သူမသာ သဘောတူပါက လူတိုင်းပျော်ရွင်ရလိမ့်မည်။ သဘောမတူခဲ့လျှင်မူ…

သူ ဘာလုပ်သင့်သလဲ..

သူ ရှဲ့ဖင်းဟွိုက်အား လုပ်ခဲ့သည်နှင့်တူ၍မဖြစ်။

သူမအား အညံ့ခံလာသည်အထိ ရိုက်နှက်၍တော့မဖြစ်သေး‌ပေ။

•••••

အခန်း ၁၂၂၀။ အခြေနေအား ပြောင်းလဲရန် မျှော်လင့်ချက်မရှိ

ရှဲ့ဖင်းကန်းတစ်ယောက် မျက်ခုံးများအား တွန့်ချိုးလို့နေ၏။ သူ့ဘဝ၌ အကြီးမားဆုံး ပြဿနာတစ်ခုအား ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရသည်။

ဇနီးတစ်ယောက်အား လက်ထပ်ခြင်းသည် လူသတ်ခြင်း မီးရှို့ခြင်းထက်ပို၍ ခက်ခဲ၏။ ထို့အပြင် .. သူ့ဇနီးအား အန္တရာယ်ပေးမိမည်ကို စိုးရိမ်နေသည်။ သူမအား လက်ထပ်နိုင်ခဲ့လျှင်ပင် ရက်အနည်းငယ်ထက်ပိုပြီး အသက်ရှင်နိုင်လောက်မည်မဟုတ်။

ထိုအကြောင်းအား ပိုပြီးတွေးမိလေ၊ ပိုပြီးခေါင်းကိုက်လာရလေပင်။ သူ့မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုတို့ ပျောက်ကွယ်သွားပြီး အတော်လေး ကြောက်လန့်နေပုံရ၏။

ယွီရှန်းကမူ ထိုအကြောင်းအား များများစားစားမတွေးဖြစ်။ တော်ဝင်ဆရာကြီးတစ်ခုခုဖြစ်သွားသည်ဟု ထင်နေမိကာ အလွန်ဝမ်းနည်းနေရှာသည်။

ရှဲ့ဖင်းကန်းသည် အတော်လေးသိတတ်‌လွန်းသည်ဟု သူမ မတွေးမိဘဲ မနေနိုင်ခဲ့ချေ ။ ယခင်တစ်ချိန်က သူသည် သေခြင်းရှင်ခြင်းအား ဂရုစိုက်သူတစ်ယောက်မဟုတ်ဟုပြောဖူးသဖြင့် ဤလူသည် သူ့မိသားစုအ‌ပေါ် အေးစက်လွန်းသူဟု ထင်ခဲ့မိသည်။ သို့သော် ယခုမူ သူ့ကိုကြည့်ကြည့်ပါက လူကြမ်းတစ်ယောက်ပမာပြုမူနေသော်လည်း နူးညံ့သော နှလုံးသားရှိသည်မှာ သိသာလှ၏။

ဤကဲ့သို့ ဒုက္ခများနေချိန်တွင် ရှဲ့ဖင်းကန်းအနေဖြင့် ထိုအကြောင်းအား အတွေးများနေရန် မသင့်ပေ။

ပြန်ရောက်သည်နှင့် တော်ဝင်ဆရာကြီးအား ကုသပေးရန်အတွက် နန်းတွင်းသမားတော်ကို ချက်ချင်းဆင့်ခေါ်ခဲ့သည်။

တော်ဝင်ဆရာကြီးသည် အပြင်းအထန် ဒဏ်ရာရရှိထား၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမရထားသော အသားတစ်နေရာပင်မရှိ၊ အသိစိတ်လည်းသိပ်မရှိတော့ပေ။ သူသည် အင်မတန်အားနည်းနေ၏။ ပြင်ပဒဏ်ရာများမှာ ကုသရန်လွယ်ကူလှ‌သော််လည်း အတွင်းဒဏ်ရာများမှာမူ နန်းတွင်းသမားတော်အား ကူကယ်ရာမဲ့စေခဲ့သည်။

“တော်ဝင်ဆရာကြီးရဲ့ အင်္ဂါတွေက ပျက်စီးနေပြီ၊ အဆိပ်မိနေသလိုမျိုး၊ အခုဆို သူ့ရဲ့အင်္ဂါတွေက ပြည်တောင်တည်ချင်‌တည်နေမှာ ကျွန်တော်.. ဘာမှမတတ်နိုင်မှာစိုးတယ်….

“တော်ဝင်ဆရာကြီးရဲ့ ခန္ဓာကိုယ်က နဂိုကတည်းက ဒဏ်ရာတွေရထားတာကိုမှ မည်းမှောင်နေတဲ့နေရာမှာ နေ့တိုင်း အပိတ်ခံထားရတာ၊ တော်တော်လေး ညစ်ပတ်တဲ့နေရာဆိုရင် ပြန်သက်သာလာဖို့အတွက် ကောင်းမှာမဟုတ်ဘူး၊ ပြောရရင် ခန္ဓာကိုယ်ကို ပိုပြီးတောင် အားနည်းလာစေသေးတယ်၊ နာကျင်တာ နည်းနည်းသက်သာသွားအောင်တော့ ဆေးတချို့ပေးလို့ရပေမဲ့၊ သူ့အသပ်ကိုတော့…”

သူတတ်နိုင်သည့်အရာ ဘာမှမရှိပေ။

ရှဲ့ဖင်းကန်းသည် တစ်နေ့တည်းတွင်ပင် တူညီသောအရာအား အကြိမ်ပေါင်းများစွာ ကြားနေရသည်။

ရှဲ့ဖင်းကန်း၏ နှလုံးသားထဲ၌ သိနေခဲ့သည်။

တော်ဝင်ဆရာကြီးသည် တန်ပြန်သက်ရောက်မှုအား ခံခဲ့ရမည်ပင်။

သူ့အား ကယ်တင်ရန် ရှဲ့ချောင်၏ ဆုံးဖြတ်ချက်သည် မှန်ကန်ပေ၏။ တော်ဝင်ဆရာကြီးသည်လည်း သိပြီး ခေါင်းညိတ်ခဲ့သည်။ သို့သော် တော်ဝင်ဆရာကြီးအား ဤကဲ့သို့မြင်ရသောအခါ ရှဲ့ဖင်းကန်း၏ နှလုံးသားထဲ၌ ဝမ်းနည်းမှုဖြစ်ရသည်ပင်။

သူ၏ဖခင်သည် ဘယ်သောအခါကမှ ယုံကြည်အားကိုး၍ရသူမဟုတ်။ သူ ငယ်စဉ်က တော်ဝင်ဆရာကြီး၏ ဘေးတွင်နေခဲ့ကာ စာဖတ်ခြင်းနှင့် ရေးခြင်းပညာရပ်တို့ကို သင်ယူဆည်းပူးခဲ့သည်။ သူသည် ဗဟုသုတများစွာ ရရှိခဲ့၏။

ဆရာတစ်‌ယောက်သာမက အဖေတစ်‌ယောက်ကဲ့သို့ပါ ဖြစ်နေသော ပုဂ္ဂိုလ်သည် ဤအခြေနေသို့ ရောက်လို့နေ၏။

တော်ဝင်ဆရာကြီးသည် တစ်ရက်အနားယူပြီးနောက် သတိရလာခဲ့သည်။ ထိုအခါမှသာ သူ၏ မျက်လုံးတို့အား အားလျော့စွာဖြင့် ဖွင့်ခဲ့၏။

“ငါ့သမီးကို ဖမ်းလိုက်ပြီလား”

မျက်လုံးဖွင့်သည်နှင့် တန်းမေးလာခဲ့သည်။

ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်ကာ

“မှုခင်းစီရင်ရေးဌာနမှာ ဖမ်းထားလိုက်ပြီ၊ ဆေးခတ်ခံထားရတာဆိုတော့ မနိုးလာသေးဘူး၊ အိမ်ရှေ့စံမင်းသားပြန်လာတော့မှပဲ သူ့ကိုကိုင်တွယ်မှာ”

တော်ဝင်ဆရာကြီး၏ အသက်ရှုသံမှာ ခက်ယဲ့ယဲ့ပင်။

“ဖမ်းမိသွားတာ ကောင်းပါတယ်”

“ငါ့မှာ ဘာမှတ်ဉာဏ်မရှိတော့ပေမဲ့… ငါ့သမီးနဲ့တပည့်ကို ကြည့်လိုက်ရင် ငါအမှားတွေအများကြီးလုပ်ခဲ့မိမှန်း သိပါတယ်.. အခု ဒီလိုဖြစ်‌လာတာလည်း မတရားတာမဟုတ်ဘူး.. ငါထွက်သွားတဲ့အခါကျ မင်းအရမ်းကြီးအောက်မေ့တမ်းတနေစရာမလိုပါဘူးကွာ”

တော်ဝင်ဆရာကြီးမှာ သေရွာပြန်ရောက်လာခါစ လူနှင့်တူနေပေသည်။

ရှဲ့ဖင်းကန်းသည် အံကြိတ်လျက် ခေါင်းညိတ်လိုက်၏။

“သေခြင်းရှင်ခြင်းဆိုတာ ကံကြမ္မာက ဆုံးဖြတ်တာမလို့ ကျွန်တော် လက်ခံဖို့ ဆန္ဒရှိပါတယ်”

“သူ့ကို.. ကောင်းကောင်းမွန်မွန်လေး သေခွင့်ပေးလိုက်ပါ၊ သူသေသွားပြီးရင် ငါတို့ရဲ့ ဝိဉာဉ်တွေကို လွှတ်ပေးဖို့ မော့ချူရှန်းကို တောင်းဆိုပေး၊ ငါ့တစ်သက်လုံး စုဆောင်းခဲ့တဲ့ စည်းစိမ်တွေကို.. သူနဲ့ သူ့ဆရာတူမောင်ရဲ့နာမည်နဲ့ လှူခဲ့မယ်.. ကံကောင်းခြင်းတွေရဖို့အတွက်”

သူမအား နောက်ဘဝတွင် ချမ်းသာမြင့်မြတ်သော လူတစ်ယောက်ဖြစ်လာစေရန်အတွက် မတောင်းဆိုလို။ ဒုက္ခများစွာမခံ‌ရ‌စေရန်အတွက် ကောင်းမှုတချို့လုပ်နိုင်ရန်သာ သူမျှော်လင့်သည်။ သူမ၏ နောက်ဘဝတွင် သာမန်ဘဝဖြင့်သာနေစေလို၏။

ရှဲ့ဖင်းကန်း စိတ်မကောင်းဖြစ်နေမိသည်။

ထိုတော်ဝင်ကြင်ယာတော်ဟွေ့သည် သူမအဖေရင်းအား သေစေခဲ့သည်ကိုပင် သူက သူမအတွက် ကံကြမ္မာကောင်းများ စုဆောင်းပေးချင်နေသေးသည်လော။

ဆုတောင်း!

မဖြစ်နိုင်ဘူး!

အေးတိအေးစက်မျက်နှာထားဖြင့် သူ့စိတ်ထဲ၌ဘာတွေးနေသည်ကို တော်ဝင်ဆရာကြီး ပြောနိုင်ပေသည်။

“ငါ့ဘဝမှာ မင်းကိုဘာတစ်ခုမှ မတောင်းဆိုဖူးပါဘူး၊ ဒီတစ်ခုလေးပဲ လုပ်ပေးဖို့ တောင်းဆို‌တာပါ…

“အဖေနဲ့သမီးဆိုတာ အတူတူရှိဖို့ ရေစက်ပါလာကြတဲ့သူတွေ၊ အဲဒါကြောင့်မလိုလည်း အခုလို အကျိုးဆက်တွေရှိလာတာပေါ့”

တော်ဝင်ဆရာကြီး ထပ်ပြောခဲ့သည်။

သူလျှို့ဝှက်အခန်းထဲ၌ ပိတ်မိနေချိန်တွင် အတိတ်၌ဖြစ်ပျက်ခဲ့သည့်အရာအားလုံးနီးပါးကို သိခဲ့သည်။

သူ့သမီး၏ ကောင်းကင်ဘုံမျက်လုံးအား ဖယ်ရှားရန်ကူညီပေးပြီးနောက် သူ့တွင် ကံကောင်းခြင်းများစွာ ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် သူမနှင့်ရေစက်ဖြတ်ရန် စာတစ်စာချန်ထားခဲ့ရခြင်းပင်။ စာသည် ရက်စက်လွန်းသွားခြင်း သို့မဟုတ် သူ့သမီး၏ ဘဝသည် ထိုနောက်ပိုင်း၌ ဆိုးရွားနေခဲ့ခြင်းကြောင့် ပို၍ ခေါင်းမာလာရခြင်းဖြစ်လောက်ပေသည်။

•••••

All Chapters