← Chapters

အခန်း (၁၂၂၁-၁၂၂၂)

Vol. 62 Ch. 1221-1222

အခန်း (၁၂၂၁-၁၂၂၂)

Vol. 62 Ch. 1221-1222

အခန်း ၁၂၂၁။ နောက်ဆုံး ဆန္ဒ

တော်ဝင်ဆရာကြီး၏ဘဝ၌ အကြီးမားဆုံးသောအမှားမှာ သမီးဖြစ်သူ၏ကိစ္စမဟုတ်ဘဲ တပည့်များလက်ခံခဲ့မိသည့်ပြဿနာပင်။

သူသည် တပည့်သုံးယောက်လက်ခံခဲ့သော်လည်း သင်ကြားမှုအရာတစ်စက်ကလေးမျှ မလုပ်ခဲ့ဖူးပေ။ စာအုပ်များကိုသာ ပေးခဲ့ပြီး မည်သည့်လမ်းညွှန်ပြသမှုမျိုးမှပေးခဲ့ခြင်းမရှိ။ ထို့ကြောင့်ပင် တပည့်သုံးယောက်စလုံး လမ်းမှားရောက်ကုန်ကြကာ အခြားသူများကိုသာမက သူတို့ကိုယ်သူတို့ပါ ထိခိုက်စေခဲ့သည်။ နှစ်‌ယောက်သည် သေဆုံးသွားကြပြီဖြစ်ပြီး တစ်ယောက်ကမူ… သူ၏သမီးနှင့်အတူ မကောင်မှုများ တသီတသန်းကြီး ကျူးလွန်းခဲ့ပေသည်။

သေဆုံးရန် ဆန္ဒရှိသွားခဲ့ခြင်းသည် သူ၏ အတိတ်အား နားလည်သွားခဲ့ခြင်းကြောင့်လည်းဖြစ်၏။

“ငါက အသက်ကြီးနေပြီ၊ သွားရတော့အချိန်မယ့်ရောက်ပြီ”

တော်ဝင်ဆရာကြီး၏ အကြည့်တို့သည် ရှဲ့ဖင်းကန်းအား တစ်ချက်ကြည့်လိုက်ရင်း ဟိုဟိုဒီဒီရောက်လို့နေလျက်။

တစ်အောင့်အကြာတွင်မူ အသက်ရှင်သည့်လက္ခဏာမရှိတော့ချေ။

သူ့ဘဝတွင် အမှားပေါင်းများစွာကိုပြုလုပ်ခဲ့မိ၏။

သို့သော် မှတ်ဉာဏ်ပျောက်ဆုံးပြီးနောက် အမှန်ကန်ဆုံးအရာတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

တစ်ချိန်တုန်းက သူသည် သခင်မဖုန့် ဆီ၌အဖမ်းခံခဲ့ရစဉ် ခုခံမည့်အတွေးမရှိခဲ့။ နောက်ပိုင်း၌ ရှဲ့ဖင်းကန်းသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သူမတူအောင် ရက်စက်ကြမ်းကြုတ်နေသည်အား မြင်ရသောအခါ အကြောင်း‌ပြချက်တချို့ကြောင့် သူ့အား သင်ပြစောင့်ရှောက်ချင်သော ဆန္ဒများ ပေါ်ပေါက်လာခဲ့သည်။

သူသည် ရှဲ့ဖင်းကန်းအား မည်သည့်အထူးအဆန်းပညာမျိုးကိုမှ မသင်ပေးခဲ့။ စာအုပ်များထဲတွင် တွေ့ရသောနိယာမများကိုသာ ပြောပြပေးခဲ့၏။

သို့သော်လည်း ဤကလေးသည် အလွန်ကြည့်ကောင်းလှသည်။

သူသည် ဓားပြတစ်ယောက်အဖြစ် မွေးလာခဲ့ကာ ခက်ထန်အေးစက်သော စရိုက်မျိုးရှိသော်လည်း ဦးနှောက်မရှိသူမဟုတ်။

ယခုအချိန်မှစပြီး ရှဲ့မိသားစု၌ အခြားသောအကာအကွယ်များမရှိလျှင်ပင် အဆင်ပြေလောက်သည်။

….

တော်ဝင်ဆရာကြီး သေဆုံးသွားပြီဖြစ်ကြောင်း ရှဲ့ဖင်းကန်း တွေ့လိုက်ရ၏

သူ ငိုကြွေးခြင်းမရှိခဲ့။ သူ့မျက်လုံးတို့သည် နီရဲ‌သွားခြင်းမျိုးပင် မရှိ။ ဈာပနပွဲစီစဉ်ရန်အတွက်သာ ဝမ်းနည်းကြေကွဲခြင်းဝတ်စုံအား တည်ငြိမ်စွာဖြင့်လဲဝတ်ခဲ့သည်။

ဈာပနပွဲကြီးတစ်ခု။

တော်ဝင်ဆရာကြီးသည် အသက်ခုနစ်ဆယ်‌ကျော်နေလေပြီ။ ဤအသက်အရွယ်ရောက်မှ ကွယ်လွန်သွားခြင်းဖြစ်၍ သက်တမ်းရှည်ရှည်နေခဲ့ရသည်ဟု သတ်မှတ်နိုင်ပေသည်။

သို့‌သော်လည်း တော်ဝင်ဆရာကြီးကွယ်လွန်သွားသည်နှင့် မင်းကြီးမှာ နှလုံးသားထဲ၌ တစ်စုံတစ်ရာလစ်ဟာသွားသလိုပင်။ အလွန်အမင်းစိုးရိမ်သောကရောက်လွန်းသဖြင့် နာမကျန်းဖြစ်လုနီးနီး။ ကံကောင်းစွာဖြင့် အိမ်ရှေ့စံမင်းသားသည် တောင်ပေါ်မှာပြန်ရောက်သည်နှင့် နန်းတော်ထဲချက်ချင်းသွားခဲ့သဖြင့် အနည်းငယ် တက်ကြွစေခဲ့၏။

ရှဲ့ချောင်မှာမူ သတိလစ်နေဆဲပင်။

သူမအား အိမ်ရှေ့စံမင်းသားစံအိမ်တော်သို့ ပြန်ပို့ထားပြီးချေပြီ။

မြို့တော်ထဲ၌ လူများစွာသည် အိမ်ရှေ့စံမင်းသားအိမ်တော်မှ သတင်းအားစောင့်မျှော်နေကြသော်လည်း တော်ဝင်ဆရာကြီး၏ အိမ်တော်မှသတင်းက ဦးစွာထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ရှဲ့ချောင်သည် ငါးရက်ကြာ မေ့မြောပြီးနောက်မှ မျက်လုံးများပွင့်လာခဲ့၏။

မျက်လုံးများဖွင့်ဖွင့်လိုက်ချင်း ရှဲ့ချောင် ခဏတာမှင်တက်နေမိကာ ထို့နောက်မှ ပြုံးလိုက်လေသည်။

“ မှန်းထားတာထက်တော့ အခြေနေပိုကောင်းသားပဲ၊ ရှင်တို့ရဲ့ ပုံစံကို အကြမ်းဖျင်းတော့ မြင်ရသေးတယ်၊ အို့ ဒါက အရှင့်သား ပြီးတော့ ဒါက ဆရာ၊ နောက်မှာ ရပ်နေတဲ့တစ်‌ယောက်က.. အင်း.. မုန့်ကျိဖန်၊ ဟုတ်တယ်မလား၊ မင်းဝတ်ထားတဲ့အရောင်က တောက်လွန်းနေတယ်၊ နည်းနည်းမျက်စိစူးတယ်”

ကျောက်ရွှမ်ကျင်းသည် တစ်ဖက်သို့လှည့်ကာ သူ့အား စိုက်ကြည့်လိုက်၏။

မုန့်ကျိဖန်၏ မျက်ခွံတို့တုန်လှုပ်သွားသည်။ သူဝတ်ထားသော အင်္ကျီအား ဖြူစင်အပြစ်ကင်းစွာဖြင့် ပြန်ကြည့်နေမိ၏။

မတောက်ဘူးမဟုတ်လား။ သာမန် တာအိုဝတ်စုံတစ်ထည်ပဲလေ.. မော့ချူရှန်းဝတ်ထားတာနဲ့ ပုံစံအတူတူပဲ.. ဆရာအဖိုးရော!

“ဘာလို့ ဘာမှမပြောတာလဲ၊ ကျွန်မ မကန်းသေးပါဘူး၊ တော်တော်လေးကောင်းတယ်”

ရှဲ့ချောင် အလွန်ကျေနပ်နေမိသည်။

“ကလေးတွေရောဘယ်လိုနေလဲ၊ တော်ဝင်ဆရာကြီးရော”

“ကလေးတွေက အဆင်ပြေတယ် ကျန်းကျန်းမာမာပဲ၊ သူတို့မိဘတွေတောင် ဘာမှသတိမထားမိကြဘူး၊ တော်ဝင်ဆရာကြီးကတော့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကွယ်လွန်သွားပြီ ဒါပေမဲ့ သူမသေခင် နန်းတွင်းသမားတော်က ဆေးစပ်ပေးခဲ့တော့ သိပ်ပြီး မနာကျင်သွားဘူး”

ကျောက်ရွှမ်ကျင်း ဂရုတစိုက် ပြောလိုက်၏။

သူသာ ကြိုပြီးရှာမတွေ့ခဲ့သော် တော်ဝင်ဆရာကြီး၏ သေဆုံးမှုသည် အဆတစ်ထောင်ပို၍ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရလိမ့်မည်။

၎င်းနှင့် မပြီးသေး။

သူသေဆုံးသွားပြီးနောက် သူ၏ခန္ဓာကိုယ်သည် နှစ်ရက်အကြာတွင် လုံးဝဆွေးမြေ့သွားမည်ဖြစ်ကာ သွေးအဖြစ်သို့ ပြောင်းလုနီးနီးပင်။

ကံကောင်းစွာဖြင့် ရှဲ့ဖင်းကန်းသည် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားနိုင်ခဲ့ပြီး တင့်တယ်သောဈာပနအခမ်းအနားပြုလုပ်ပေးနိုင်ခဲ့သည်။

“သူတကယ်သွားပြီလား”

ရှဲ့ချောင်သည် နောင်တရစွာဖြင့်

“သူမသေခင် နောက်ဆုံး‌ဆန္ဒတွေရော ရှိသေးလား”

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်အား ဆရာကြီး၏နောက်ဆုံးဆန္ဒများကို ပြောပြခဲ့သည်။

“မင်း ဒီကိစ္စကို စိတ်ပူဆရာမလိုဘူး၊ ဆရာလဲ ရှိနေတာပဲ၊ သူကောင်းကောင်းကိုင်တွယ်နိုင်မှာပါ”

“ကျွန်မက ဝိဉာဉ်တွေကိုပို့ပေးတဲ့နေရာမှာ တော်တယ်၊ ကျွန်မမျက်လုံးတွေက အခုချိန်မှာ မတောက်ပသေးဘူးဆိုပေမဲ့ ကျွန်မရဲ့အလုပ်တွေကို နှောင့်နှေးစေမှာ မဟုတ်ဘူး”

ရှဲ့ချောင်သည် ခါတိုင်းနှင့်ကွာခြားခြင်းမရှိပေ။

သူမသည် တကယ်ကို သဘောထားကြီးသူပင်။

သူမသည် ရိုးရာပေးခြင်းမလုပ်ခင်ကတည်းက တွေးထားပြီဖြစ်၏။ ယခု ရိုးရာပေးခြင်းပြီးသွားပြီဖြစ်၍ နောင်တရစရာ ရှိနေဦးမည်လော။

••••

အခန်း ၁၂၂၂။ အကြောင်း

ထိုမျှသာမက…

ရှဲ့ချောင်သည် သူမ၏မျက်လုံးများအား ပွတ်လိုက်၏။

ရှင်းလင်းပြတ်သားစွာ မမြင်ရရုံသာဖြစ်သော်လည်း ကြီးမားသောအရာဝတ္ထုများအား မြင်နိုင်သေးသည်။ မျက်အမြင်အာရုံချို့ယွင်းသွားခြင်းထက်တော့ ပိုကောင်းသေးသည်။

ထိုသို့သော မျက်လုံးမျိုးဖြင့်ဆိုလျှင် မကောင်းဆိုးဝါးဝိဥာဥ်များအား မြင်နိုင်တော့မည်မဟုတ်။ အားနည်းချက်တချို့အားနည်းရှိသေးသော်လည်း ထိုအကျည်းတန်သော မကောင်းဆိုးဝါးဝိဥာဥ်များ၏ ခြောက်လှန့်ခြင်းခံရမည်ကို စိတ်ပူနေရန်မလိုတော့။ ၎င်းသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခြေနေပင်။

“တော်ဝင်ကိုယ်လုပ်တော်ဟွေ့ရဲ့ကိစ္စကိုဖြေရှင်းဖို့ ဆရာ့ကိုပြောပြီးသွားပြီး ကျန်တဲ့အပိုင်းကို သူဖြေရှင်းပေလိမ့်မယ်၊ ဝင်လုပ်ချင်တယ်ဆိုလည်း နောက်မှ ကျမ်းစာတွေရွတ်ပေါ့၊ တခြားဘာမှ မလိုဘူး၊ အခု မင်းကတပည့်တစ်ယောက်လက်ခံပြီးသွားပြီဆိုတော့ မင်းသူ့ကို အမိန့်ပေးလို့ရတဲ့နေရာမျိုးမှာ ယဥ်ကျေးနေစရာမလိုဘူး” ကျောက်ရွှမ်ကျင်း၏ အသံမှာညင်သာလို့နေ၏။

ရှဲ့ချောင် နိုးလာနိုင်သည်ကိုပင် သူပျော်နေလေပြီ။

ဤရက်များ၌ သူသည် တစ်ချိန်လုံးစိတ်ပူနေခဲ့ရကာ သူမမျက်လုံးထပ်မပွင့်လာနိုင်တော့မည်ကို ကြောက်နေခဲ့သည်။

ထိုစကားအားရှဲ့ချောင်ကြားသောအခါ ကွဲပြားစွာ ခံစားလိုက်ရ၏။

သူမက အသက်ကြီးတဲ့အမျိုးသမီးတစ်ယောက် ဘယ်တော့မှ အပျင်းမကြီးနိုင်!

ကံဆိုးစွာဖြင့်.. ယခုအချိန်၌ သူမသည် အမြင်အာရုံတစ်ဝက်ချို့ယွင်းနေပြီဖြစ်၍ သူမ၏သနားစရာအဖြစ်အားပြရန် သူ့ကိုမျက်စိမှိတ်ပြချင်သော်လည်း ဘယ်နေရာကို ကြည့်ရမည်မှန်းမသိ။ အိမ်ရှေ့စံမင်းသားသည်လည်း သူမအား စိုးရိမ်နေကြောင်းတွေးမိချိန်တွင် သူမလည်း သဘောတူရုံကလွဲ၍ ရွေးချယ်စရာမရှိခဲ့ချေ။

“တော်ဝင်ကိုယ်လုပ်တော်ဟွေ့ကို ဘယ်လိုရှင်းလိုက်တာလဲ”

ရှဲ့ချောင် အားအင်ချည့်နဲ့စွာဖြင့် မေးလိုက်၏။

“အဆိပ်အရက်တစ်ခွက်သောက်ပြီး သေသွားတယ်၊ တော်ဝင်ဆရာကြီးက သူ့ကိုသိက္ခာရှိရှိ သေစေချင်တာလေ၊ ဒီနည်းနဲ့ဆို သူရဲ့ခန္ဓာကိုယ်ကို မပျက်မဆီးဘဲ ထားနိုင်တယ်၊ သူ့ကို မရှင်းခင် နာကြည်းချက်တွေကို ထိန်းချုပ်ဖို့ အစီအရင်တစ်ခုလုပ်ခဲ့သေးတယ်၊ အဲဒါမှ သူ ရက်စက်တဲ့မကောင်းဆိုးဝါးဝိဥာဥ်အဖြစ်ကို ပြောင်းမသွားမှာ၊ ပြဿနာတွေဖြစ်လာမှာကို တားပြီးသားလည်းဖြစ်တာပေါ့”

မော့လင်းကျစ်က တကျီကျီလုပ်လို့နေသည်။ “အဲဒီ တော်ဝင်ကိုယ်လုပ်တော်.. ကျွတ် ကျွတ် ကျွတ် သူ့မျက်နှာကို မြင်လိုက်ပ၊ ဒီမိစ္ဆာဆေးလုံးကို ထိန်းသိမ်းဖို့ အမျိုးသမီးငယ်လေးတွေ ဘယ်နှယောက်လောက်ရဲ့ သွေးတွေများ သုံးထားလဲမသိဘူး၊ အရမ်းကြောက်ဖို့ ကောင်းတာပဲ”

“နောက်ထပ်ရော” ရှဲ့ချောင်မှာ အင်မတန် သိချင်နေသည်။

“သူမသေခင်အထိ လက်ခံဖို့ဆန္ဒမရှိသေးဘူးလေ၊ ကောင်းကင်နဲ့မြေကြီးကိုကျိန်ဆဲတယ်၊ သူ့အဖေကိုရော မင်းကိုရော ကျိန်ဆဲတယ်။ တော်တော်ယုတ်မာတဲ့မိန်းမ” မော့လင်းကျစ် ခနဲ့လိုက်၏။ “ဒီအညတရဆရာက ဆက်ပြီးသည်းမခံနိုင်တော့တာလည်းပါတယ်၊ တော်ဝင်ဆရာကြီးကို ငါပထမဆုံးတွေ့တဲ့အချိန်တုန်းက အကြောင်းပြောလိုက်မှပဲ စိတ်ငြိမ်သွားတော့တာ”

ထိုအချိန်တွင် သူသည် တော်ဝင်ဆရာကြီး၏ သတိမေ့တတ်သောရောဂါနှင့်ပတ်သက်၍ အသေးစိတ်အား ပြောပြခဲ့သည်။

တော်ဝင်ဆရာကြီးသည် သူ၏မှတ်ဥာဏ်များကို ဆုံးရှုံးသွားသော်လည်း သူ့ပါးစပ်ထဲ၌ နာမည်တချို့အား ထပ်တလဲလဲ ရွတ်နေတတ်ကြောင်းကိုပါ ပြောပြခဲ့သေးသည်။ ထိုနာမည်များကိုလည်း ပြန်ပြောပြခဲ့သေး၏။

တော်ဝင်ကိုယ်လုပ်‌တော်ဟွေ့သည် အသက်အရွယ်ရလာသည်နှင့်အမျှ ပိုပို၍ ခေါင်းမာလာခဲ့သည်။ ထိုအကြောင်းကြောင့်နှင့်တော့ လွှတ်ပေးလိုက်မည်မဟုတ်။

သူမသည် ဒေါသထွက်လွန်းသဖြင့် ယွီရွှီဘုရားကျောင်းသို့သွား၍ စာအုပ်တချို့ပင် ငှားခဲ့သေးသည်။ ကောင်းကင်ဘုံမျက်လုံးအား ဖယ်ရှားသည့်တန်ကြေးအား ထိုစာအုပ်များထဲတွင် ရှင်းလင်းစွာရေးထားလေသည်!

ထိုအခါမှသာ သူမ အနည်းငယ် ယုံကြည်လာခဲ့သည်။

အနည်းငယ်မျှသာ။

ထို့နောက် သူမသည် စိတ်ကစဥ်းကလျားဖြစ်နေသည့်အလား ရယ်မောက သူမ၏ အဖေသည် တစ်ကိုယ်ကောင်းဆန်သူဖြစ်၍ သူမအား မွေးခဲ့ပြီး ထောက်ပံ့ခြင်းမပြုခဲ့ဟု ဆို၏။ သူထွက်မသွားခင်ထိပင် သူမအား အမှန်တရားအားလုံးကို မပြောပြခဲ့ပေ။

သူမသာ ယခင်ကတည်းကသိခဲ့လျှင် သူ့ကို ယခုအချိန်ထိ မုန်းချင်မှ မုန်းခဲ့မိလိမ့်မည်။

ယခုမူ သူမ အရာအားလုံးကိုသိပြီးလျှင်ပင် တစ်နှစ်ပြီးတစ်နှစ် သူ့အား မုန်းတီးမိရုံသာရှိသည်။ သူမသေသွားလျှင်တောင် သူ့ကိုခွင့်လွှတ်မည်မဟုတ်။

ထိုအချိန်တုန်းက သူမ၏ အခြေနေမှာ အင်မတန်ကြောက်လန့်ဖွယ်ရာဖြစ်ခဲ့၏။ လောကကြီးအား မြင်တွေ့ခဲ့ဖူးသော မော့လင်းကျစ်ကဲ့သို့သော တာအိုဆရာကြီးပင်လျှင် ကြောက်လွန်းသဖြင့် အသံတစ်သံ မထွက်ရဲခဲ့။

သူမအား ပို့ပေးရမည့်တာဝန်ရှိသည်ဟု ယူဆနိုင်၏။

ကံကောင်းစွာဖြင့် သူမ လျင်လျင်မြန်မြန် သေသွားခဲ့သည်။

မော့လင်းကျစ်သည် အသေးစိတ်ကျကျပြောပြခဲ့သဖြင့် ရှဲ့ချောင်ကြားရချိန်တွင် သူမလည်း စိတ်မကောင်းဖြစ်ခဲ့ရသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ဖြစ်ပျက်ခဲ့သောအရာသည် တော်ဝင်ကိုယ်လုပ်တော်ဟွေ့၏ ဘဝအား ပြောင်းလဲသွားစေခဲ့သည်။

ဖြစ်နိုင်သည်မှာ..

“ဆရာ.. အဲဒီ အမှောင်စွမ်အင်က အရှင်းမပျောက်သွားလို့ တော်ဝင်ကိုယ်လုပ်တော်ဟွေ့ရဲ့စရိုက်က လွှမ်းမိုးခံလိုက်ရပြီး အဲဒါကြောင့် အရမ်း‌ခေါင်းမာသွားရတယ်လို့..ထင်လား”

ရှဲ့ချောင် မမေးကြည့်ဘဲ မနေနိုင်ခဲ့ချေ။

မော့လင်းကျစ်သည် ခဏတာမှင်တက်နေပြီးနောက် ခေါင်းညိတ်လိုက်၏။

“ဖြစ်ရင်လည်းဖြစ်နိုင်တယ်။ အဲဒီတုန်းက တော်ဝင်ဆရာကြီးလျှောက်ပတ်သွားနေတဲ့အချိန် အကျင့်မကောင်းတဲ့သူတွေ အများကြီးရှိခဲ့တယ်။ သူက တစ်ခအတလေ အပြစ်လုပ်မိတာမျိုးတွေရှိတော့ သူ့မိသားစုကို ထိခိုက်စေမှာ ကျိန်းသေပဲ။ ကောင်းကင်ဘုံမျက်လုံးကို ဖယ်လိုက်တယ်ဆိုပေမဲ့ စောင့်ရှောက်ဖို့လုပ်နေတုန်းပဲ။ ဖြစ်နိုင်တာက ဖုန့်ထျန်းမင်ရဲ့ အခြေနေက အဲဒီအချိန်တုန်းက အကောင်းဘက်က ဟုတ်မနေတော့ ဒီအကြောင်းကို မေ့သွားတာနေမှာ”

နောက်ပိုင်းတွင် သူသည် သတိမေ့ရောဂါရသွားကာ ပိုပြီး မမှတ်နိုင်တော့သည်ပင်။

•••••

All Chapters